ဆုံးဖြတ်ပေးကြပါဦး …
လွန်ခဲ့တဲ့နှစ်များစွာကပေါ့ (အခုတော့ မဟုတ်ပါဘူး)
မိန်းမကြီးတစ်ယောက်မှာ ကလေး (8) ယောက်ရှိပါတယ် ။ အဲ့သည့်ကလေး (8) ယောက်မှာ (3) ယောက်ကနားမကြားပါဘူး ၊ ဆွံ့အနေပါတယ် ။
(2) ယောက်က မျက်စိမမြင်ရပါဘူး ။ (1) ယောက်က သွက်ချာပါဒလိုက်နေပါတယ် ။ အဲသည့် မိန်းမကြီးကိုယ်တိုင်မှာလဲ ကာလသားရောဂါဖြစ်နေပါတယ် ။
အခုအဲသည့် မိန်းမကြီးမှာ ကိုယ်0န်ရှိလာပါပြီ ။ ဆုံးဖြတ်ပေးကြပါဦး အဲ့သည့်မိန်းမကြီးရဲ့ ကိုယ်0န်ကို ဘယ်လိုလုပ်သင့်သလဲဆိုတာကိုပေါ့ ။ တကယ်လို့ ကလေးမွေးခဲ့ရင်
ဘယ်လိုဖြစ်လာမလဲ ၊ မမွေးခဲ့ရင်ရော ဘယ်လိုဆိုတာကိုပေါ့ ။
အဖြေကိုတော့ နောက်မှဖော်ပြပေးတော့မယ်နော် ။ အပြင်မှာတော့ အဲ့သည့်မိန်းမကြီးက ကလေးကိုမွေးခဲ့ပါတယ်တဲ့ ။ ကလေးလေးက ………… ဖြစ်လာတယ် (နာမယ်ကြီးတယ်နော် ) သည်မေးခွန်းက တခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် အပေါ်ယံကြည့်ပြီး မဆုံးဖြတ်စေချင်တဲ့မေးခွန်းလေး (1) ခုပါ ..
7 comments
ဆူး
November 8, 2010 at 3:36 am
အဲဒီ အဒေါ်ကြီး မွေးတဲ့ ကလေးကို သိတယ်..
သူများတွေ ဖြေရအောင် အဖြေမပေးတော့ဘူး။
Gong Zhu
November 8, 2010 at 4:25 am
လူလေးဖြစ်လာတာလား …
oo
November 8, 2010 at 4:27 am
တင်ပြီးသားချည်းလေ… မေးခွန်း ၂ (ဝန်စတန်ချာချီ) နဲ ့ မေးခွန်း ၃ (ဟစ်တလာ) လေးပါထည့်ပါလား။ 😀
nyeinwailwin
November 8, 2010 at 8:22 am
ဟုတ်ကဲ့ တင်ပြီးသားမှန်းမသိလို့ပါ ..နောက်ဆို ဂရုစိုက်ပြီးသေချာလေ့လာပြီးမှ တင်ပါမယ့် အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ် ..
saunghnin@gmail.com
November 8, 2010 at 5:04 am
ဘာလေးဖြစ်လာလဲ……….ဟင်
nyeinwailwin
November 8, 2010 at 8:24 am
သူက ဂီတပညာကျော် “ဘီသိုဗင်” ပါ …
PaukPhaw
November 8, 2010 at 12:01 pm
ဒါဆိုရင်တော့
မောင်လေးအဖြေ မှန်ပါတယ်ကွယ်