အကြောင်းမလှသူတို့နှင့် … စကားလက်ဆုံကြခဲ့ခြင်း ..( ၃ )

fattyDecember 1, 20101min2108

နဲနဲကျန်နေသေးတော့ဆက်ပြီးရေးပါရစေအုံး ….။
ကြည်ပြာတို့မိသားစုမှာ မောင်နှစ်မ ရ ယောက်တောင်ရှိသတဲ့ဗျား ……။
အဲဒီကိစ္စနဲ့ပါတ်သက်ပြီး ကျနော်မေးကြည့်တော့ … သူကလဲ တက္ကသိုလ်ကျောင်းသူကိုး .. ပြီးတော့အပြင်မှာ ကလည်း သင်တန်းတွေအချို့တက်နေတာဆိုတော့
အတွေးအခေါ် မညံ့တာတွေ့ရပါတယ်။ … ကျမအထင်တော့လေတဲ့ … ကျမတို့မိသားစုမှာ အဖေနဲ့အမေမှာပေါ့ မိသားစု plan ဆိုတာမျိုး မရှိခဲ့လို့ပေါ့တဲ့ ..။

အဖေက ကုန်ထမ်းသမား .. အမေကလည်းဗျံကျ ဈေးသည် .. သူတို့ခေတ်တုန်းကလည်း အခုလို NGO တွေ ဘာတွေရဲ့ ပညာပေးမှုတွေ မရှိခဲ့တော့ ငါတို့မိသားစု
မှာ ကလေးဘယ်နှစ်ယောက်ဆိုရင်တော်ပြီ …ဆိုတဲ့ အတွေးမျိုး ဘယ်ကလာရှိလိမ့်မလဲ တဲ့ .. ရီရီမောမောပြောပါတယ် ..။

အခုဒီဘက်ပိုင်းမှာေတော့ သူ့မိဘမျိုးဟာ စာဖတ်လေ့မရှိပေမဲ့ … တချို့ အဖွဲ့အစည်းတွေရဲ့ လက်ကမ်းစာစောင်လေးတွေ ရရှိတဲ့အခါ အပြင်းပြေ သဘောနဲ့
ဖတ်ဖြစ်တဲ့အကြောင်း … ကာတွန်းရုပ်လေးတွေနဲ့ စာလေး နှစ်ကြောင်း သုံးကြောင်းရေးထားတော့ ဖတ်ရတာလည်းလွယ်ကူ .. ပညာပေးချင်တဲ့ အကြောင်း
ထိထိမိမိရေးပြထားတော့ .. ဈေးသူဈေးသားတွေ နေ့စား အလုပ်သမားတွေကအစ လက်ထဲရောက်လာရင် ဖတ်ဖြစ်ကြကြောင်းလဲ ပြောပါသေးတယ် ..။

အဓိက ကတော့ နေ့စား အလုပ်ကြမ်းသမားတွေဟာ တနေကုန်တနေခန်း ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရတော့ ညပိုင်းရောက်ရင် အရက်သောက်ဖြစ်ကြပါတယ် ..။
အရက်အရှိန်ရယ် .. သူတို့အတွက်တခြားဖြော်ဖြေမှု မရှိတာရယ်ကြောင့် …ဘာဘဲရှိလဲဆိုရင် ကန်တော့ပါရဲ့ လိင်ဆက်ဆံမှု ကိုသာပြုလုပ်ကြပါတယ်တဲ့ဗျား …။
မိန်းမဖြစ်သူတွေကလဲ ယောကျာင်္းအပြင်မှာမူးပြီး ရန်တွေဘာတွေဖြစ်နေမှာတဲ့စာရင် ပြီးရော ဆိုပါတော့ …။ ဒါနဲ့ဘဲ ကလေးတွေက ယောက်ပြီးတယောက်မွေး
ဖြစ်ကုန်တာပေါ့ … နောက်တော့ ကလေးတွေ ဗလပွနဲ့မိသားစု စားရိတ်က ထောင်းလာပါရော …။

အဲဒီအချက်လေးကလည်း စဉ်းစားစရာပါ …။
စက်ရုံက အလုပ်သမလေးတွေအကြောင်း တချက်ကြည့်ရအောင် … ကျနော်တို့ဆီမှာ အလုပ်သမတဦးကို ၂၀၀၀ဝ ..၃၀၀၀ဝ ..လောက်ရကြပါတယ်။
တချို့လဲ ၄ သောင်းလောက်ရရင်ရကြမှာပေါ့ …. ဘာကွာလဲဆိုတော့ ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် စားရတာဗျ။ စားစားရိတ်မပါ အဲဒီလခ ဆိုပါတော့ ..နော ။
သူတို့လူတန်းစားမျိုးမှာလဲ ခုနကပြောခဲ့သလိုပါဘဲ မိသားစုများတာပေါ့ ..။

တနေ့က အမှိုက်ကောက်တဲ့သူနဲ့တွေ့လို့မေးကြည့်ဖြစ်သေးတယ် .. မိသားစုက ၄ ယောက်တဲ့ ညမနက် ဆန်နို့ဆီဘူး ၁ဝ လုံးချက်ရတယ်တဲ့ဗျို့..။
ဟာ ကျနော့အိမ်မှာ သုံးယောက်ရှိတယ် တနေ့မှ ဆန် ၂ဘူး ဘဲချက်ရတယ်ဆိုတော့ … ဆရာကလဲတဲ့ .. ကျနော်တို့ကဗိုက်ဆာရင် ဆရာတိုလို
ဟိုဟာလေးဝယ်စားလိုက် ဒီဟာလေးဝယ်စားလိုက် လုပ်တာမှုတ်ဘူးတဲ့ ထမင်းတမျိုးဘဲစားတာဗျ .. မနက်စာ ထမင်းကြမ်း ပဲပြုတ်နဲနဲ နေ့လည်စာ ထမင်းနဲ့ငပိရည်
နေ့ခင်းဆာရင် ထမင်းခဲ … ဆိုတော့ ..။ ဒီကနေ့ သူတို့စားတဲ့ဆန်ကြမ်းဈေး က တပြည် ၇၀ဝ လောက်ကနေ အခု ၁၀၀ဝ ဖြစ်နေပါပြီ။
အဲဒီတော့နပ်မှန်အောင် မစားနိုင်ကြဘူးဆိုတာ .. တကယ့်လက်တွေ့ပါ ……….။

သူတိုတင်လားဆိုတော့ …. ဆေးကျောင်းသူတွေဘက် ကြည့်ရအောင် … ၆နှစ် ပညာသင်ခဲ့ရတယ် ..။ ကုန်လိုက်တဲ့ပိုက်ဆံ ….။ ကျက်လိုက်ရတဲ့စာ ခေါင်းထဲကကိုမီးခိုး
ထွက်မတတ်ဘဲ ..။ မပြီးသေးဘူး .. ကျူရှင်စားရိတ် ..။ လူနဲ့သူနဲ့တူအောင် အသိုင်အဝိုင်းဝင်ဆန့်အောင် ဝတ်ရတဲ့စားရိတ် ……..။ canteen မှာ သူကျွေး ကိုယ်ကျွေး
စားရိတ် …။ ဝယ်လိုက်ရတဲ့စာအုပ်တွေ …။ ပြီးတော့မှ ဟောက်စ် ဆင်းရတယ် …။ ဟောက်စ်ဆင်းတုန်းမှာ အလုပ်ချိန်အတိုင်းဘဲလေ … day night တလှည့်စီပေါ့။
အစိုးရကတော့ကြည့်ပါတယ်။ တလကို ၁၂၀ဝ ကျပ်ပေးတယ် ။ စားလောက်သောက်လောက် အောင် ထောက်ပံ့တာတော့မဖြစ်နိုင်ဘူး …။ ဘာစားရိတ်အနေနဲ့ပေးတာလဲ
တော့မသိဘူးလေ ..။ မပြည့်မစုံနဲ့ ဆေးကျောင်းတက်ရတဲ့သူတွေ ဘာလုပ်ကြမလဲ …။ ပြီးတော့ posting စောင့် ၂ နှစ်လောက် ..။ posting ကြပြီတဲ့ဆိုတော့
နယ်ဘဲပေါ့ … လခက ၁၀၀၀၀ဝ …။ မကြည်ပြာရဲ့ အဖြစ်နဲ့နှိုင်းယှဉ်ကြည့် ရအောင်ပါ ……..။

ဒီကြားထဲ … ဆရာဝန်တွေကသူတို့ဆေးကျောင်းပြီးတော့ … ခေတ်အလိုက် အင်္ဂလိပ်စာဆက်တက်ရသေးတယ် ..။ တယောက်ကတော့ပြောပါတယ် ….
အင်္ဂလိပ်စာ တခုထဲတက်လို့မလုံလောက်တော့ဘူးတဲ့ …နောက်ဆို ရပ်ကွက်ထဲမှာ ၁ဝ အိမ်မှုးဆီဧည့်စာရင်းတိုင်ဖို့ တရုပ်လို ကြ်ုတင်လေ့လာထားပါတဲ့ .. ကောင်းရော ..။

8 comments

  • weiwei

    December 1, 2010 at 12:05 pm

    ဖတ်လိုက်ပြီး ရင်ထဲမှာ မောပြီး ကျန်ခဲ့ပါတယ် … ဟူးးးးးးးးးးးး …………

  • သီဟ

    December 1, 2010 at 12:26 pm

    ဒါလေးဖတ်ပြီးမှပ
    ဲငါနေနေရတဲ့ဘဝကတော်တော်အဆင့်မြင်သေးတာပဲလို့မြင်မိတယ်ဗျာ
    ကျေးဇူးနော်..နောက်ဒါမျိုးလေးတွေဖတ်ချင်သေးတယ်ဗျာ

    “နောက်ဆို ရပ်ကွက်ထဲမှာ ၁ဝ အိမ်မှုးဆီဧည့်စာရင်းတိုင်ဖို့ တရုတ်လို ကြိုတင်လေ့လာထားပါတဲ့“
    အဲ့စကားတော့ကြွေတယ်ဗျာ ဟိဟိ

  • intro

    December 1, 2010 at 2:17 pm

    ကိုဖက် ပိုစ့်ကို ဖတ်ပြီးမှ မိဘကျေးဇူးဆိုတာ ပိုပြီးတော့တောင် နားလည်လာသလို ခံစားရတယ် ဗျာ..

  • naywoonni

    December 1, 2010 at 2:43 pm

    ကျွန်တော်တို့ဆီမှာတော့ အဲဒိ ယဉ်ကျေးမှု မရှိသေး တာပဲ တော်သေးတယ်ဆိုရမှာပေါ့
    ဒါပေမဲ့ မြန်ဆန်လှတဲ့ ခေတ်ကြီးမှာ ဘယ်ချောင်ကနေ ပေါ်လာမလဲ မပြောနိုင်သေးဘူး

  • unclegyi1974

    December 1, 2010 at 4:10 pm

    မြန်မာပြည်ကရာသီဥတုပူပါတယ်
    ခြင်ကကိုက်ပါတယ်
    ဒါကြောင့်ကလေးတွေမွေးပါတယ်

  • ဆူး

    December 2, 2010 at 2:42 am

    သိက္ခာတော့ အကျမခံဘူးဟေ့.. ဆေးကျောင်းတက်ပြီး ဆေးတို့ပတ်နဲ့ လျှာပွတ်ဆေး ထုတ်ရောင်းမယ်။ သူများခြေထောက်တော့ မနိပ်ပေးဘူး.. ကိုယ်ထုတ်တဲ့ဟာ သူများ ငယ်ထိပ်နဲ့ လျှာပေါ် အသုံးတည့်တာဘဲ ထုတ်ရောင်းမယ်။ ဝယ်ကြအုန်းမလား.. တထုတ် ၅၀.. ၃ထုတ် ၁၀၀။ ဒီထက်တော့ မလျော့နိုင်ဘူးနော်။ ပင်လယ်ကြီး ကျယ်သလောက် ရေတွေ အများကြီး ရှိတယ်။ ခွက်စုပ်နဲ့ ခပ်လည်း ခွက်စုပ်နဲ့ ခပ်သလောက်ဘဲ.. ခွက်ညစ်နဲ့ ခပ်လည်း ညစ်တဲ့ ရေဘဲ ရမယ်။ မခပ်ဘဲ နေရင် မရဘဲနေမယ်။ ခွက်စုပ်နဲ့ ခပ်ရလို့ ရေနည်းနည်းလေး ရလည်း နည်းနည်းလေးနဲ့ ကျေနပ်မယ်.. ခွက်ကောင်းပေမဲ့ ညစ်ပတ်နေရင်တော့.. မခပ်တော့ဘူး။ ဘဝဆိုတာ ကိုယ်ပိုင် ရွေးချယ်တဲ့ အခွင့်အလန်း ဖော်ထုတ်ပိုင်ခွင့် ရှိတယ်။

  • နီလေး

    December 2, 2010 at 3:13 am

    ကိုသီဟပြောသလိုပဲ “နောက်ဆို ရပ်ကွက်ထဲမှာ ၁ဝ အိမ်မှုးဆီဧည့်စာရင်းတိုင်ဖို့ တရုတ်လို ကြိုတင်လေ့လာထားပါတဲ့“ စာသားမိတယ်ဗျို့

  • etone

    December 2, 2010 at 7:25 am

    ကျမညီမလေးတစ်ယောက်ဆိုရင် ဆရာဝန်ဘွဲ့ရပြီးတာတောင် အခြေနေမကောင်းလို့ ဆေးမကုစားပါဘူးတဲ့… ဂုဏ်ရှိအောင် ဘွဲ့ယူတယ်ဆိုလားပဲ … ကြားရတာကတော့အထူးအဆန်းရယ်… အခုတော့လည်း တင့်တောင့်တင့်တယ် ထားနိုင်တဲ့ ကုမ္ပဏီပိုင်ရှင်သားနဲ့ ဖူးစာဖက်လို့ လက်ထပ်သွားပါပြီ။ သူ့မိဘကတော့ နှမျောတာပေါ့ ..နာမကျန်းဖြစ်နေတာတောင် မိဘက တခြားဆေးခန်းသွားနေရတုန်းလေ ။ သူကတော့သူ့ဘဝသူ ကျေနပ်လို့ … ။ ဆေးကျောင်းတက်တုန်းကလည်း မိဘက မျက်နှာမငယ်ရအောင် ကားဆိုလည်း ခဏခဏပြောင်းပဲရတယ် ။ အဝတ်အစားလည်း ပေါ်သမျှဝယ်ပေးရတယ် ။ အခုတော့လည်း တစ်ဘဝလုံးစာ sponsor ရှာလို့ မိဘခြေစုံကန်ထွက်သွားလေရဲ့ ။

Leave a Reply