စေတနာရယ်၊ ကံရယ်၊ ကမ္မသတ္တိရယ်..
ဒီနေ့ အမှတ်မထင် ယူဖတ်လိုက်တဲ့ စာအုပ်လေးထဲက သိလိုက်ရတဲ့ ကံ သတ္တိလေး အကြောင်း ဖောက်သည်ချချင်တယ်။ ကံပြုတဲ့နေရာမှာ အရေးကြီးဆုံးကတော့ စေတနာပါပဲ။ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာကို ခွဲပြထားပါတယ်။ ပြုလုပ်ဆဲ အမှုတွေဟာ စေတနာ ဖြစ်ပြီး ပြုပြီးသွားတာက ကံ လို့ဖော်ပြထားတယ်လေ။
ကောင်းမှု ပြုလုပ်ဆဲပဲဖြစ်ဖြစ်၊ မကောင်းမှု ပြုဆဲပဲဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်နေပါတယ်နော်။ အဲဒီ စေတနာ လေးတွေကလည်း အကြာကြီး တည်မနေပဲ ဖြစ်ပြီးတာနဲ့ တန်းပျက်နေ ပါတယ်။ တနည်းပြောရင် ချုပ်ချုပ်သွားတယ်လို့ ဆိုပါတယ်နော်။ အဲလို ချုပ်ချုပ်သွားပေမယ့် ဘာလေးကျန်ခဲ့သလဲ ဆိုရင် ကမ္မသတ္တိလေးတွေ ကျန်ခဲ့ပါတယ်။ စေတနာလေးတွေချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်နေလိုက် ၊ တခါ စေတနာလေးတွေ ထပ်ချုပ်သွားလိုက် ကမ္မသတ္တိ လေးတွေ ကျန်နေလိုက်ဆိုတော့ ကြာလာတော့ ဒီကမ္မသတိ္တလေးတွေ က များလာပြီး အကျိုးပြန်ပေးပါတယ်နော်။
အဲဒီမှာ ရှင်းပြထားတာ တော်တော်လေးကောင်းတယ်။ ဘာနဲ့ ဥပမာပေးထားသလဲ ဆိုရင် သရက်သီးမှည့်ကို စားလိုက်တာနဲ့ ရှင်းပြထားပါတယ်။ သရက်သီးမှည့်ကို စားပြီးသွားတဲ့အခါမှာ သရက် စေ့လေး ကျန်ခဲ့တယ်နော်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇ သတ္တိလေးတွေရှိနေပါတယ်။ အပင်ပေါက်ဖို့ အခြေအနေတွေဖြစ်တဲ့ မြေကြီးနဲ့ထိတွေ့ခွင့် ဆိုတာရယ်၊ မိုးရေနဲ့ ထိတွေ့ခွင့်ရယ် ဆိုတဲ့ အ ကြောင်း တရားတွေ ဆုံသွားရင်တော့ ဒီသရက်စေ့က အပင်လေး ထဖြစ်လာမှာပါနော်။ အဲလို အခြေအနေ ၊ အကြောင်း မဆုံနိုင် သေးရင် တော့ သူ့ခမျာ အပင်ပေါက်နိုင်တဲ့ သတ္တိ လေး ရှိနေပေမယ့် ပေါက်ခွင့် မရနိုင်သေးပါဘူးနော်။
အဲဒီ သဘောမျိုးပါပဲ။ သရက်သီးမှည့်ကို စားဆဲအခိုက်မှာ ဖြစ်နေတာက စေတနာပါ။ စားပြီးသရက်သီးစေ့လေး ကျန်ခဲ့တာက တော့ ကမ္မသတ္တိ ပါပဲနော် ။ အဲဒီ ကမ္မသတိ္တဟာလည်း ချက်ခြင်းကြီး အကျိုးပေးခွင့် ရချင်မှရမယ်နော် ။ သူဖြစ်ခွင့်ရဖို့ အကြောင်းတွေဆုံရင် တော့ အကျိုးတွေပေးပြီပေါ့နော်။ ကောင်းတဲ့ ကမ္မသတိ္တက အကျိုးပေး ဖို့ကျတော့ နှလုံးသွင်းလေး မှန်နေတဲ့အခါမျိုး၊ ဆရာကောင်း(သို့) မိတ်ကောင်း ဆွေကောင်းနဲ့ တွေ့ကြုံရတဲ့အခါမျိုး တနည်းပြောရရင် ကောင်းမှုလုပ်ဖို့ သတိပေးမယ့် ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ကြုံလာတဲ့အခါမှာ သူ့ရဲ့ ကောင်းတဲ့ ကမ္မသတိ္တတွေက ထပြီး အကျိုးတွေပေးပြီပေါ့။
အဲလိုပဲ မကောင်းတဲ့ ကမ္မသတိ္တ အကျိုးပေးဖို့ ကျပြန်တော့ လည်း အကုသိုလ် နှလုံးသွင်းမိနေတဲ့ အခါမျိုး ၊ မိတ်ဆွေယုတ်တွေနဲ့ တွေ့ဆုံရတဲ့ အခါမျိုးမှာ သူကထပြီး အကျိုးပေးပါလိမ့်မယ်နော်။
အဲဒီတော့ ကိုယ်လုပ်ထားတဲ့ ကမ္မသတိ္တတွေက ဘယ်လိုအချိန်မှ ထပေးမှာလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ နောင်ဆယ်နှစ်ကြာမှ အကျိုး ပေးမှာလား ၊ နောင်ဆယ်ဘဝနေမှ အကျိုးပေးမှာလားဆိုတာ ပြောလို့ မရပေမယ့် သူက အကျိုးမပေးရမချင်းတော့ ကိုယ့်နောက်ကနေ အရိပ် လို လိုက်နေပါလိမ့်မယ်နော်။ သေချာတာကတော့ ပေးကို ပေးမှာပဲဆို တာပါပဲ။
ဒီတော့ ဒို့တွေအနေနဲ့ ဘာပဲလုပ်လုပ် သတိနဲ့လုပ်ဖို့က အရေး ကြီး နေပါတယ်နော်။ စေတနာကြောင့် ကံတွေမြောက်သွားပြီးရင်က တော့ သူ့ရဲ့ကမ္မသတိ္တက သေချာပေါက် ကိုယ့်ကို အကျိုးပြန်ပေးလိမ့် မယ်လို့ သိလိုက်ရတယ်ဆိုရင်ပဲ ဒို့တွေအတွက် မကောင်းတဲ့ကံတွေပြု တော့မယ်ဆိုတိုင်း မပြုခင် သေချာ စဉ်းစားဖို့အကျင့်လေး တစ်ခု လုပ် ပေးသွားမှဖြစ်မယ်ဆိုတာ သတိလေးလည်း ပေးရင်း အကျင့်လေး လည်း မွေးရင်း တော်ကြစို့နော်။
ကျနော်ဖတ်လိုက်ရတဲ့ စာအုပ်ကတော့ ရဝေနွယ်(အင်းမ)ရေးတဲ့ စာအုပ်လေးပါနော်။