မသိစိတ်နဲ့ရေးတဲ့ကဗျာ Poem
နုစဉ် ငယ်စဉ်
တက်ကြွစဉ်
အရမ်းဖွဲ့ချင်တဲ့
စာတပိုဒ်ရှိခဲ့။
ကဗျာမပီ
စာမပီ
စကထဲကိုက
ကြည်ရွှင်မှုမဲ့။
ဖြစ်လိမ့်နိုးနိုး
ဆထက်တိုး
လိုက်ကန်းဆိုးမဲ့
ရေးသီဖွဲ့။
တရေးနိုးထတွေး
သန်းကောင်သလွဲဆွေး
စိတ်တခုထဲနဲ့
အသက်ဆက်တယ်။
ဗြုန်းဆိုပျံထွက်
မဖမ်းတတ်လို့
မှောင်ရိပ်ထဲမှာ
ငိုမိတယ်။
သိလို့လန့်နိုး
အိမ်မက်ဆိုးလည်း
အချိန်အကြာကြီး
လွမ်းသေးတယ်။
ခံစားချက်လှိုင်း
လွမ်းချက်တိုင်းသာ
ဖွဲ့တတ်ခဲ့ရင်
ကဗျာဆရာ ဖြစ်လိမ့်မယ်။
လဲသူလဲ ကွဲသူကကွဲ
ကျိုးသူကျိုး ပဲ့သူပဲ့နဲ့
အမှတ်မရှိသူများ
ဆက်လျှောက်ဆဲ။
အချိန်ဆိုတာ
အကောင်းဆုံးဆေးတဲ့
တငွေ့ငွေ့နဲ့တော့
လောင်မြိုက်ဆဲ။
ငါ့အဖို့တော့
လိုက်လေလေ ဝေးလေမို့
ကဗျာဆိုတာ
မိုးပေါ်က လမင်း။
နာလွန်းလို့ ရပ်လိုက်ပေမဲ့
တွေးနေဆဲ ရေးနေဆဲ
မသိစိတ်ထဲမှာ
အိမ်မက်ထဲမှာ
နှလုံးသားထဲမှာ။
5 comments
ဆူး
December 18, 2010 at 6:59 am
ကဗျာထက်.. အပေါ်ဆုံးမှာ ကြောင်က ဘာလုပ်နေလာတဲဟင်.. အသဲကွဲ ကြောင်ကြီး လို့ ရေးထားတယ်။ ကြောင် က အတွေးများပြီး ဘိုထိုင်အိမ်သာ နဲ့ ကုတင်နဲ့ မှားပြီး ထိုင်နေသလိုဘဲ။
weiwei
December 18, 2010 at 9:04 am
အခုမှပဲ အသဲကွဲတဲ့ကြောင်ကို မြင်ဖူးတော့တယ် … 🙂
အရင်တုန်းကတော့ အသဲကွဲတဲ့ခွေး မြင်ဖူးတယ် …
manawphyulay
December 18, 2010 at 10:29 am
နာလွန်းလို့ ရပ်လိုက်ပေမဲ့
တွေးနေဆဲ ရေးနေဆဲ
မသိစိတ်ထဲမှာ
အိမ်မက်ထဲမှာ
နှလုံးသားထဲမှာ။
မန်းဂေဇက်ထဲမှာ………
ကဗျာလောကထဲမှာ……….
နေရာတိုင်းမှာ………….
PaukPhaw
December 18, 2010 at 2:29 pm
ကြောင်ပုံစံ ကြည့်ပြီး ကျနော်တော့ အသဲကွဲချင်စိတ်မရှိတော့ဘူး..
တခွီခွီပဲ ရီချင်မိတယ်ဗျာ
တော်တော်နောက်တဲ့ ကြောင်ဗျာ..
:O
kopauk mandalay
December 18, 2010 at 3:56 pm
(ကဗျာမပီ
စာမပီ)
ဒီစာလုံးကို ခွင့်မတောင်းဘဲယူသုံးတဲ့ ကိုကိုကြောင်ကို အဆိုတော် စံလင်းက ဂီတရုံးတော်မှာ လာပြီးတရားရင်ဆိုင်ပါတဲ့။
အဲဒီစကားလုံးက သူ့သီချင်းခေါင်းစဉ်ဖြစ်နေလို့ပါတဲ့။
ကဲ အခုဘယ်လို လုပ်မလဲ ။