လူတွေဘာကြောင့် စည်းကမ်းပျက်လာကြသလဲ
ခု အချိန်မှာ ကျွန်တော်ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ တစ်တွေ ဘာလို့
မတိုးတက်တာလဲ? တိုးတက်သင့်သလောက်မတိုးတက်တာလဲ ဆိုတာကို ကျွန်တော်တွေးမိသလို
တွေးတတ်သလိုလေး ပြောချင်တာပါ။
တိုးတက်ခြင်း=စည်းကမ်း ပါ
စည်းကမ်း ဆိုတဲ့နေရာမှာ ကိုယ့်နဲ့မဆိုင်တဲ့ ကိုယ်ရသင့်ရထိုက်တာမဟုတ်တဲ့ အရာကို
အချောင်လိုချင်နေကြတာ စာရိတ္တ မဏ္ဍိုင်လဲပြိုနေကြတာလေ။ အဲဒိလိုပြောလိုက်တော့
သိပ်များကြီးကျယ်သွားမလားမသိဘူး။
ဟိုတစ်ရက်တော့ “ကျွန်တော်တို့ဘာကြောင့် မတိုးတက်သလဲ” ဆိုတာကို တစ်ချို့က
ဘာသာရေးနဲ့ ရိုးရာ ထုံးတမ်းစဉ်လာကို ဖက်တွယ်ထားကြလို့တဲ့ ပြောကြတယ်။
ကျွန်တော်ကတော့ အဲဒိလိုမမြင်ပါဘူး။
ဘာသာရေးနဲ့ ရိုးရာအစဉ်အလာတွေကို ဖက်တွယ်ထားကြသူတွေဟာ မရှိမဟုတ် ရှိနေပါတယ်။
လူလတ်တန်းစားလို့ ခေါ်တဲ့ ပညာတတ်ချင်ယောင်ဆောင်နေတဲ့ ဘူဇွာစိတ်ဝင်နေတဲ့
အုပ်စုသေးသေးလေးနဲ့ သိပ်ပြီးချမ်းသာကြွယ်ဝနေတဲ့ ရေပေါ်ဆီ လူတန်းစား တွေပါ။
သူတို့ကလည်း ဟန်ပြကောင်းရုံ လူတွင်ကျယ်လုပ်နိုင်ရုံ လောက်ပဲ နွေခေါင်ခေါင်မှာ
သားမွေးအကျီ င်္ ဝတ်ပြီး ပဲများရုံလောက်ပါ။ ဘယ်သူမှ
ရိုးရာအစဉ်အလာကိုမကိုးကွယ်ထားပါဘူး။ အပေါ်ယံလွှာ ကိုခွာချလိုက်ရင် ဘာမှမရှိပါဘူး။
သူတို့ခေါင်းထဲမှာ ဘယ်သူကိုနွှာလိုက်ရမလဲ? ငါ့လာကျောရင်အကြောင်းသိစေရမယ်
ဒါမျိုးတွေနဲ့ ဒီနေ့ဘာဂဏန်း မြူးမလဲ ဘယ်အသင်းက ဘယ်ကြေးပေါက်မလဲ ဆိုတာလောက်ပဲ
တွေးကြတာပါ။ တိုင်းပြည် လူဦးရေ ရဲ့ သုံးချိုးတစ်ချိုးလောက်ပဲ ရှိမှာပါ။
ကျန်တဲ့ သူတွေကကော ……..
ကျွန်တော် ပြောချင်တာက အဲဒိကျန်တဲ့သူတွေအကြောင်းပါ။ သူတို့က ဘာမှမတွေးတော ကြတဲ့
အခြေခံ လူတန်းစားတွေပါ။ သူတို့ဟာ များသောအားဖြင့် ရိုးသားကြတယ်။
ပျော်ပျော်နေတတ်တယ်။ ဘာသာရေး ကိုင်းရှိုင်းကြတယ်။ အရင်ကပါ ခုမဟုတ်တော့ပါဘူး။
တော်တော်များများက မဟုတ်တော့ပါဘူး။ အချိန်ရဲ့ ပြောင်းလဲမှု
လူနေမှုအခြေအနေကိုလိုက်ပြီး ပတ်ဝန်းကျင်ရဲ့ အရောင်ကိုလိုက်ပြီး ပြောင်းလဲ
ဖောက်ပြန်နေကြကုပါပြီ။ အပေါ်ယံ မသိသာပေမဲ့ အနီးကပ်ကြည့်တဲ့အခါမှာ သူတို့တွေလည်း
စည်းကမ်းပျက်လာကုန်ပါပြီ။ အဲဒိလူတွေနဲ့ပတ်သက်ပြီး ကျွန်တော်ပြောချင်တာပါ။
သူတို့တွေဟာ ဘေးတိုက်အမြင်နဲ့ ပြောရရင် အခြေခံလူတန်းစားတွေပါ။ သူတို့တွေဟာ
စားဝတ်နေရေးနဲ့ သူတို့ရဲ့ လိုအင်တွေကို လုပ်အားနဲ့လဲလှယ်နေရသူတွေပါ။
အဆောက်အဥိးတစ်ခုမှာ အခြေခံအုတ်မြစ်က အရေးကြီးသလို
စနစ်တစ်ခုတည်ဆောက်ပြောင်းလဲရာမှာလဲ အဲဒိအခြေခံလူတန်းစား ကအရေးပါပါတယ်။
အဆောက်အဦး တစ်ခုမှာ အုတ်မြစ်သေချာမှ ခိုင်ခန့်မှ ပစ္စည်း ပစ္စယ မခိုမကပ်
အသုံးပြုနိုင်ပါမှ အပေါ်က ဘယ်နှစ်ထပ်တင်တင် ဘယ်လိုအလှဆင်ဆင်
ကြာရှည်ခိုင်ခန့်မှာပါ။ အဲဒိလိုပဲ စနစ်တစ်ခုတည်ဆောက်ရာမှာလည်း အခြေခံ
လူတန်းစားက စည်းကမ်းဖို့ စာရိတ္တ ကြံ့ခိုင်ဖို့လိုအပ်ပါတယ်။
မကြံ့ခိုင်သေးရင်လည်း ကြံ့ခိုင်လာအောင် စည်းကမ်းကျနစွာ နေတတ်အောင်
လေံကျင့်ပေးဖို့ လိုအပ်ပါတယ်။ ခုတော့ ဒီမိုကရေစီ ဆိုတာ ဘာမှန်းမသိသူတွေနဲ့
ဒီမိုကရေစီ စနစ်ထူထောင်နေတယ်လို့ ကျွန်တော်မြင်နေပါတယ်လို့ပြောရင်
အဆဲခံရမလားမသိဘူး။
အခြေခံလူတန်းစား အတွက် ဘာတွေပြင်ဆင်ထားပေးပြီလဲ။ ဘာတွေလုပ်ပေးဖို့
ရည်ရွယ်ထားသလဲ ။ ခင်ဗျားကော ကျွန်တော်ကော ကိုယ့်ကိုယ်ကို
ပြန်မေးကြည့်ကြစမ်းပါဦး။
သူတို့တွေဟာ စားဝတ်နေရေး အဆင်ပြေဖို့က လွဲပြီးဘာမှ စဉ်းစားသူများမဟုတ်ကြပါဘူး။
ပြိးတော့သူတို့မိသားစုဝင်တွေရဲ့ လိုအင်ဆန္ဒတွေနဲ့ ပြည့်နှက်နေတဲ့ သူတိုတွေကို
ဘာမှလုပ်မပေးပဲနဲ့တော့ ဒီအတိုင်းထားပြီး အပေါ်ယံ စနစ်တစ်ခုပြောင်းရင် အုတ်မြစ်
မခိုင်ဘဲ အထပ်တွေ အများကြီးတင်ဆောက်ထားတဲ့အဆောက်အဦးလို မကြာခင် လဲပြိုမှာပဲ။
အဲဒါကို ခင်ဗျားလက်ခံမလား?
အစကတော့ ရိုးသားစွာနေလာကြသူတွေ ဘာကြောင့် စာရိတ္တ ယိုယွင်းလာသလဲ ကျွန်တော်ပြော
ကြည့်မယ်။ လိုအပ်ရင်ထောက်ပေး။ ဈေးကွက်စိးပွးရေးကို လက်ညိုးထိုးရမှာပဲ။ အရင်က
မြင်ဖူးရုံ ကြားဖူးရုံ
ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာတွေ့ဖူး သိဖူးတဲ့ နည်းပညာတွေ ကုန်ပစ္စည်းအသစ်အဆန်းတွေ
အစားအသောက်တွေ ဇိမ်းခံပစ္စည်းတွေ ဟာ ဈေးကွက်ထဲကိုလှိမ့် ဝင်လာတာကစရမှာပဲ။
အရင်က မှောင်ခိုမှာရှိနေတဲ့ပစ္စည်းတွေက အခု လွယ်လွယ်ကူကူဝယ်လို့ရလာပြီ။
ပိုက်ဆံရှိရင်ပေါ့။ ဒီတော့တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတို့တွေမှာ
စားကြည့်ချင်တယ်။ ဝတ်ကြည့်ချင်လာတယ်။ ပူဆာလာတာရှိမယ်။ အဲဒိလိုအင်တွေကို
ဘယ်လိုဖြေရှင်းမလဲ။ သူတို့ကိုကိုယ် လည်းအားမလိုအားမရဖြစ်လာကြပြီ။ ဒီမှာ
စောင့်ထိန်းရမဲ့ စောင့်ထိန်းနေကျ အကျင့်တွေ စာရိတ္တတွေ ချိုးဖျက်လာတော့တာပဲ။
လောင်းကစားတွေလုပ်မယ်။ အချင်းချင်း လိမ်လည်မှုတွေရှိလာမယ်။ ငွေတွေ အာမခံ
အမျိုးမျိုးပေး ပြီးချေးလာပြိး ပြန်မဆပ်တော့ဘူး။ ရှိတဲ့မြေတွေရောင်းပစ်ပြိး
လောင်းကစား အလုပ်ကိုဇောက်ချလုပ်ပစ်တာမျိုးတွေ။ တစ်ယောက်က
အဆင်ပြေသွားရင်အဲဒိအလုပ်ကို နောက်က လူတွေကလိုက်လုပ် ဖို့ ဝန်မလေး ကြတော့ဘူး။
နောက်ဆုံးတော့လည်း ဒုံရင်းပါပဲ။ ရှိပြိးသားလေးတွေကုန်သွားတာပဲ အဖတ်တင်တယ်။
ကျေးရွာတွေကဆိုရင်လည်း တိုင်းတစ်ပါးကိုထွက်ဖို့ အပြိုင်အဆိုင်။
ရှိသမျှပေါင်နှံပြိးပို့ကြတာပဲ။ အဆင်ပြေသွားတာရှိသလို
ပွစြားလိမ်နဲ့တွေ့ပြီးဒုက္ခရောက်ကုန်တာလည်းရှိတာပဲ။ နှစ်စေ့ လို့ ပြန်လာရမလားဆို
မလာနဲ့ဦး ဒီမှာရာသီဥတု ကဘယ်လို ဘယ်ကဲ့သို့နဲ့ ဟိုမှာဘယ်လိုနေရတယ် မသိ
မစဉ်းစားတော့ဘူး ။ ဒီလိုနဲ့ သူတို့အမြင်မှာ သု့းနိုင်စွဲနိုင်
စား။နိုင်သောက်နိုင် တဲ့လူတန်းစားကိုအမြင်စောင်းလာတော့တာပဲ။ ဒါဟာ သူတို့ရဲ့
ပေါက့်ွဲမှုပဲ။ နောက်ဒီလူတန်းစားဘာလုပ်လို့ဒိလိုနေနိုင်သလဲကြည့်တတ်လာပြီ။
ဖြတ်လမ်းက ကြီးပွားဖို့အားထုတ်လာပြီ။ အဲဒိအချိန်မှာ တစ်ချိန်တုန်းက
လိုက်နာခဲ့တဲ့ အစဉ်အလာတွေ ဘာသာရေးအယူအဆတွေဘေးဖယ်လိုက်ပါပြီ။
လက်ရှိလုပ်နေရတဲ့အလုပ်တွေကို စိတ်မဝင်စားကြတော့ဘူး။ နောက်က မိသားစုဝင်တွေကကော
ဘယ်လိုတွေဖြစ်ကုန်ပြီလဲ? တစ်နေ့တာလုပ်ခ နဲ့ တစ်နေ့စာ ဘယ်လိုတွေ
စခန်းသွားနေကြလဲ။ သူတို့ကဘာကြောင့် စာရိတ္တ ပျက်ပြားရသလဲ။
တစ်ခုချင်းပြောပြပါ့မယ်။
ပထမဆုံး ကျွန်တော်တွေ့တာကတော့…………
ကုန်ဈေးနှုန်းတွေ မတည်ငြိမ်ပဲ တက်လာတဲ့အခါ
ဟိုးအပေါ်ဆုံးက ကုန်သည်ကြီးတွေက တိုင်းပြည်ရဲ့ ရာသီဥတုကို ကြည့်ပြီး
ဈေးကစားပါတယ်။ 2008 တုန်းကလည်း အခြေခံ ဥပဒ မဲပေးတာကိုအကြောင်းပြုပြီး
နောက်2010 မှာရွေးကောက်ပွဲကိုအကြောင်းပြုပြီး ခု လွှတ်တော်ကိုအကြောင်းပြုပြီး
ဈေးကစားတာ ကြမ်းနေပါပြီ။ အခြေခံစားကုန်တွေဟာ လက်လီ
ပြန်ရောင်းသူတွေတောင်လိုက်မမီအောင်ဖြစ်နေပါပြီ။
ရှေ့ကရောင်းလိုက်နောက်ကတက်လာလိုက်နဲ့။ ပဲလှော်တစ်ပိဿာ 3000 လောက်
ဘယ်သူစားဖို့စိတ်ကူးရဲသလဲ? 2600 လောက်ကနေဖြစ်သွားတာပါ ရက်ပိုင်းအတွင်း ။
ဆန်ဈေး 1200လောက်ကနေ1400ဖြစ်သွားတဲ့အခါ ကုလားပဲခြမ်း
1600လောက်ကနေ1900ဖြစ်သွားတဲ့အခါ သူတို့တွေရဲ့ နေ့စဉ်လုပ်အားခ
တွေဟာလိုက်တက်မလာပါဘူး။ ယခင်အတိုင်းပဲကျန်ရစ်နေခဲ့တာပါ။ အဲဒိတော့
တစ်မိသားစုလုံးဝင်ငွေတစ်နေ့ကို 4500-5000 လောက်ကနေ 6000လောက်မှလောက်ငှနိုင်မဲ့
မိသားစုမှာ လိုငွေကိုဘယ်ကနေ ရှာဖွေပြီးဖြေရှင်းမလဲ။ မလိုအပ်တာတွေ လျော့ရင်းနဲ့
ရေသောက်နေရမဲ့အပေါက်က အကြာခင်ရောက်လာတော့မှာ ။ ကြွေးတင်ခံမလား။ ကြွေးဆိုတာလည်း
ဆုံးပါများလို့ ပေးဆပ်ဖို့အင်အားရှိသူကိုသာ ပေးတော့တာ။
ဈေးထဲမှာဈေးဝယ်နေကြတဲ့သူတွေကိုလိုက်ကြည့် သိသာတယ်။ ကုန်ပစ္စည်းတစ်ခု ငါးဆယ်
တစ်ရာတက်သွားတဲ့အခါ ဝယ်ဖို့နှောင့်နှေးသွားပြီ။ လက်ထဲကပိုက်ဆံကို ဖြန့်လိုက် ပြန်ဆုတ်လိုက် ပစ္စည်းကို ကိုင်လိုက် ချလိုက်နဲ့ ချိုမိုင်မိုင် ကနေတုန်း အချောင်လိုက်ချင်တဲ့ သူတွေက သူံးလေးယောက် ဝိုင်းအုံလိုက်ပြီး ဈေးသည်ရဲ့ အလစ်အငိုက်ကို အခွင့်ကောင်းယူပြိး အလစ်သုတ်တော့တာပဲ။ အဲဒိတော့ ဈေးသည် အတော်များများက သူတို့တွေကို စိတ်ရှည်လက်ရှည် ဈေးမရောင်ပေးချင်ကြဘူး။ သူတို့တွေ ဝယ်ဖို့ မဝယ်ဖို့ တွေဝေနေတာနဲ့ နောက်က အလစ်သုတ်မဲ့သူတွေ အသုတ်ခံလိုက်ရတာကိုး။ ဒါလိုမျိုး အလစ်သုတ်တဲ့ အဖွဲ့တွေကလည်း လိုက်ချောင်းနေကြတာရှိသေးတယ်။
10 comments
nigimi77
January 19, 2011 at 8:12 am
ကိုနေ ဆက်ရေးပါဦး။
s
January 19, 2011 at 10:12 am
ပြောင်းလဲလာတဲ့ စနစ်ပေါ့ဗျာ
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
January 19, 2011 at 6:58 pm
ဦးနီရေ၊ အနှစ်၂ဝ လေဗျာ။
manawphyulay
January 20, 2011 at 3:15 am
လူတွေစည်းကမ်းပျက်တာ ဘယ်သူတွေကြောင့်လဲ။ အားလုံးသိနေကြတဲ့အတိုင်းပါပဲ အကိုနီရယ်။ ဘဝဆိုတာ လူတိုင်းရုန်းကန်နေရတာ။ အောက်တန်းစား၊ လက်လုပ်လက်စားတွေဆို ပြောစရာမရှိတော့ဘူးပေါ့။
bigcat
January 20, 2011 at 5:10 am
ကိုနေက ကိုရွှေ့ကို စောင်းပြောလိုက်တာလား။
ရိုးရာအစဉ်အလာတွေ မထိန်းတော့တာနဲ့ပတ်သက်လို့ လူတွေက အကုန်လုံးတော့ ပယ်လိုက်တာ မဟုတ်ပါဘူး။ နဂိုရှိတဲ့ အကောင်းတဝက်ကိုပစ်ပယ်လိုက်ပြီး ကျန်မကောင်းတဝက်နဲ့ အသစ်အဆိုးတဝက်နဲ့ ရောလိုက်ကြတာလေ။ ပြောရရင်လည်း စစ်တပ်ဖက်ကို ရောက်သွားမှာမို့ အဲဒါနင်ကြောင့်…
naywoonni
January 20, 2011 at 2:21 pm
ဘယ်သူ့မှ စောင်းမပြောပါ မြင်သလိုပဲပြောတာပါ …..မတူသောအတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ ဆိုတဲ့မူနဲ့ညီအောင် ကိုယ်ပိုင်အမြင်ကိုပဲရေးပြတာပါ ……
Sky ko ko
November 9, 2011 at 2:50 pm
Sky ကတော့ ပြောတော့ဘူး…
ကိုယ့်ကိုကိုယ်ပဲ စည်းကမ်းကောင်းအောင်နေတော့မယ်
Shanma TUmdy
November 9, 2011 at 8:09 pm
စိတ်ဓာတ် .. စည်းကမ်း .. ပညာ တဲ့နော်.
စိတ်ဓာတ်ကအရင်လာတာနော်..
king
November 9, 2011 at 10:15 pm
ဟစ်တလာ ပြောခဲ့တဲ့ စကားတစ်ခွန်းရှိခဲ့တယ်ဗျ …
“တိုင်းသူပြည်သားတွေ စဉ်းစားတွေးခေါ်မှုမရှိတာဟာ အုပ်ချုပ်သူတွေ အုပ်ချုပ်ဖို့ လွယ်စေတဲ့ အချက်ပဲ”
အဲဒီတော့ အဲဒီတော့ ……………….. 😛
ကိုပေါက်(မန္တလေး)
November 9, 2011 at 10:26 pm
ကိုနေ
လူတွေစည်းကမ်းပျက်လာတယ်ဆိုတာက စည်းကမ်းကိုထုတ်တဲ့သူကိုယ်တိုင်စည်းဖောက်တာကြောင့်ပါဘဲ။