ဒါမလုပ်ရရင်… ငါတစ်ခြားဘာသွားလုပ်ရမလဲ
ကျွန်တော် နေ့စဉ်ဘဝထဲက အရေးပါတဲ့ နေရာတစ်ခုကို ပြပါဆိုရင်တော့ ကျွန်တော်တို့ သူငယ်ချင်းများ စုဝေးရာ ဦးချစ်ရဲ့ ဂိမ်းဆိုင်လေးကို ညွှန်းဆိုရမှာပါပဲ… ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့ အချိန်တော်တော်များများကို အဲ့သည့်နေရာလေးမှာ ကုန်ဆုံးစေခဲ့ရလို့ပါပဲ… တစ်နေ့ကို တစ်ခေါက်လောက်မှ မလာလိုက်ရရင် နေလို့ထိုင်လို့မရဘူး လို့ ပြောတဲ့သူလဲ ရှိရဲ့၊ သူငယ်ချင်းတွေ ကို တွေ့ချင်လို့ လာပါတယ်လို့ ပြောတဲ့သူလဲ ရှိရဲ့၊ သက်သက်ဂိမ်းကစားချင်လို့ လာတဲ့သူတွေလဲ ရှိရဲ့… ဘယ်လိုပဲ ဆိုဆို ညနေ ၄နာရီ၊ ၅နာရီ ဝန်းကျင်လိုက်ဆိုတာနဲ့ ဦးချစ်ရဲ့ ဂိမ်းဆိုင်လေးက ပုံမှန် စည်ကားနေပါတယ်…
ဂိမ်းဆိုင်လေးကို လာတဲ့လူတွေထဲမှာ အများစုက တော့ ကျွန်တော်တို့လို လူငယ်လူရွယ်တွေက အများဆုံးပါ၊ လူကြီးတွေလဲ နည်းနည်းတော့ ပါပါတယ်… တစ်ခါတစ်လေ အိမ်ကအဆူအဆဲခံပြီး မသိအောင် ထွက်လာကြတဲ့ ကလေးငယ် တွေလဲ ပါပါတယ်…
နေ့စဉ်လိုလို ညနေတိုင်း၊ ညဘက်တိုင်းလိုလို ကျွန်တော်တို့ သူငယ်ချင်းတွေ ဂိမ်းကစားကြပါတယ်… တစ်ခါတစ်လေ ည ၁နာရီ၊ ၂နာရီ အထိတောင် ကစားဖြစ်ကြတယ်… တစ်ခါတစ်လေကျတော့ အဖွဲ့လိုက်စုပြီး သူများဆိုင်တွေသွားကစား ကြတယ်… ပြီးတော့ သူငယ်ချင်းတွေ စုပြီး လက်ဖက်ရည်ဆိုင်ထိုင်၊ စကားစုပြော၊ ကစားပွဲအကြောင်း ပြန်ပြီး ငြင်းခုန်ကြတာပေါ့…
intro တို့ သူငယ်ချင်းတွေတစ်ခါတစ်လေ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ရင် ဂိမ်းကစားပွဲတွေအပြင်၊ ဟိုအကြောင်း ဒီအကြောင်း လေးတွေပါ ပြောဖြစ်ကြတယ်… intro တို့အဖွဲ့ထဲမှာဆို အသက် ၄ဝနားကပ်နေတဲ့ အစ်ကိုကြီး နှစ်ယောက် တောင်ပါသေးတယ်… သူတို့လဲ နေ့စဉ် ဂိမ်းစွဲနေတဲ့ လူတွေပါ… ကိုသက်ဆိုရင် သင်္ဘောသား လူပျိုကြီးပေါ့… အပူအပင် လဲ သိတ်မရှိဘူး၊ ဂိမ်းကိုလဲ ချစ်နေတော့ ကျွန်တော်တို့ လူငယ်တွေနဲ့ အဖွဲ့ကျနေတယ်… တစ်ခါတစ်ခါ သူက ဦးဆောင်ပြီး၊ လက်ဖက်ရည်တိုက်တာတို့ ဘောလုံးပွဲ သွားကြည့်တာတို့ လုပ်တတ်ပါသေးတယ်… နောက်တစ်ယောက်ကတော့ ကိုချိုကြီး၊ သူကဘဏ်မန်နေဂျာ တစ်ယောက်ပါ… ပြောရင် ယုံချင်မှတောင် ယုံမှာ၊ သူ့အလုပ်ပြီးတာနဲ့ ညတိုင်း ကျွန်တော်တို့ ဆိုင်လေးကို မပျက်မကွက် ရောက်လာတတ်တဲ့သူပေါ့…
ကျွန်တော်တို့အားလုံး တစ်ညီတစ်ညွတ်တည်း နှစ်သက်ခုံမင်စွာကစားကြတဲ့ ကစားနည်းကတော့ Dota ပါ… ဒီဘက်ခေတ်မှာ သိတ်ကို popular ဖြစ်နေတဲ့ ကစားနည်းတစ်ခုပေါ့… အခြားကစားနည်းတွေထက် ဒီဟာကို ကစားရရင် ထမင်းမေ့ ဟင်းမေ့ဖြစ်ကုန်ကြရော…
ကိုသက်တို့ ကိုချိုကြီးတို့တွေက လူကြီးတွေ ဖြစ်တော့ အားလပ်ချိန်တိုင်း သူတို့ဘဝ အတွေ့အကြုံ ကို ပြန်ပြောပြတတ်တယ်… တစ်ခါက ကျွန်တော် မှတ်မိပါသေးတယ်… လူမစုံသေးလို့ သူငယ်ချင်းတွေစုပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားပြောမိကြတယ်…
“ငါတို့ တစ်နေ့တစ်နေ့ ဒီလိုပဲ ဂိမ်းဆိုင်မှာ အချိန်ကုန်နေတယ်ကွာ၊ ဒီအစား အကျိုးရှိအောင် တစ်ခုခု လုပ်ကြရင် မကောင်းဘူးလား၊” လို့ ကျွန်တော် အားလုံးကို မေးခဲ့ဘူးတယ်… အဲဒါကို ကျွန်တော်တို့ ထဲက အသက်အကြီးဆုံး ကိုချိုကြီးက
“အေး၊ ဟုတ်တယ်၊ ဒါနဲ့ ပတ်သက်လို့ ငါပြောပြချင်တာ တစ်ခု ရှိတယ်၊ ငါက ငယ်ငယ်လေးထဲက ဒီရပ်ကွက်ထဲမှာ နေလာတာ၊ ငါ့မိဘတွေကလဲ မရှိမရှားတွေ ဆိုတော့ စားဝတ်နေရေးကတော့ သိတ်မပူရဘူးပေါ့ကွာ၊ ငါ မင်းတို့ အရွယ်ကဆို ဒီလို ဂိမ်းဆိုင်တွေ မပေါ်သေးဘူးကွ၊ ညနေဆိုရင် ဟောဟိုဘက်က ကွက်လပ်မှာ ညနေတိုင်း ပိုက်ကျော်ခြင်း စုခတ်ကြတယ်၊ အဲ့သည့်ဟိုဘက်က လမ်းပေါ်မှာကျတော့ ဘောလုံးကန်တယ်ကွာ၊ ဟိုဘိလိယက်ခုံနေရာကျတော့ အရင်က ကလေးတွေ သားရေကွင်းပစ်၊ ထုတ်ဆီးတိုး၊ ဂေါ်လီရိုက်တဲ့ နေရာကွ၊ ညနေဆိုရင်ကွာ၊ မျက်စိကို နောက်နေတာပဲ၊ ကစားကြတာ၊ ငါလဲ ပါတာပေါ့ကွာ… အဲဒါ ငါ အသက် ၂ဝ ဝန်းကျင်လောက်ထိပဲကွ၊ နောက်တော့ ငါ့ စင်္ကာပူမှာ အလုပ်သွားလုပ်တယ်ကွာ.. ၆ နှစ်လောက်ကြာသွားတယ်… ပြန်လာတော့ ဒီလိုမျိုးဖြစ်ကုန်တာပဲကွ၊ ငါက ခြင်းခတ်တာ အရမ်းဝါသနာပါတယ်၊ အရင်က ကောင်းကောင်းလဲ ခတ်တတ်တယ်၊ ဒါပေမယ့်ကွာ ဒီ နက်ဝက်ဂိမ်းတွေ ပေါ်လာပြီးတဲ့ နောက်ပိုင်း တဖြည်းဖြည်းနဲ့ အရင်ကလို ခြင်းစုခတ်မယ့်သူတွေ၊ ထုတ်ဆီးတိုးကြမယ့် ကလေးငယ်တွေ၊ မရှိသလောက်ပဲကွ၊ ဘောလုံးဆိုတာလဲ လမ်းထိပ်က ဆိုက်ကားသမားတွေနဲ့ ကလေးတွေလောက်ပဲ ကန်ကြတော့တာ၊ အခုဆိုရင် ဂေါ်လီရိုက်တဲ့ကလေးတွေ၊ ဂျင်ပေါက်တဲ့ကလေးတွေဆိုတာ မရှိကြတော့ဘူး၊ မမြင်ရတော့ဘူးကွ၊ ဒါဟာ ဘာကြောင့်လဲဆိုတော့ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတဲ့သဘောပေါ့ကွာ၊ အရင်တုန်းက အင်တာနက် ဆိုတာ ငါတို့ မသိဘူး၊ ချက်တင် ဆိုတာလဲ နားမလည်ဘူး၊ ဝက်ဆိုက်ကနေ အလုပ်လုပ်တယ်ဆိုတာကတော့ ဝေးပေါ့ကွာ၊ ဂိမ်းဆိုင်တွေလဲ အရင်က တီဗီနဲ့ ကစားရတဲ့ တီဗီဂိမ်းလောက်ပဲ ရှိတယ်… ခုလိုမများဘူးပေါ့ကွာ၊ အခုများတော့ကွာ ကလေးတွေက ကျောင်းက ပြန်လာရင် အရင်လို မကစားကြတော့ဘူး၊ ကျူရှင်နဲ့ အိမ်စာနဲ့၊ ပြီးတော့ မိဘတွေ ကလဲ ကလေးတွေကို လမ်းပေါ်မှာ ထွက်ဆော့ရင် မကြိုက်ချင်ကြတော့ဘူးကွ၊ ဒီတော့ကွာ ကျောင်းနဲ့ ကျူရှင် ပဲဆိုတော့ ကလေးငယ်တွေကလဲ ကစားဖို့အချိန်တွေ နည်းလာတယ်၊ မင်းတို့လို ကျောင်းပြီးသွားတဲ့အရွယ်တွေကျတော့လဲ သင်တန်း တက်ချင်တက်၊ မတတ်ချင်ရင် အလုပ်ခွင်ဝင်၊ ဒီလိုမှ မဟုတ်ရင် အခုလိုပဲ လေနေကြတာပဲလေ၊ အဲ… လေတယ်လို့လဲ ပြောလို့မရဘူးကွ၊ တစ်ခြား လုပ်စရာမှ မရှိတာ၊ intro တို့၊ silent တို့ ကျတော့ တက်ချင်တဲ့ သင်တန်းလေးတက်လိုက် ပြီးရင် ဒီကိုပဲလာလိုက်၊ ကိုသက်တို့ ငါတို့ကျတော့လဲ အချိန်တွေက ပိုနေတာကွ အဲသည့်တော့ကွာ လွယ်လွယ်ကူကူ အပျင်းပြေနိုင်တဲ့ ဒီကိုပဲလာပြီး လေနေရတာပေါ့ကွာ၊ ပြောချင်တာက ငါတို့တွေ တခြား ရွေးစရာoption သိတ်မရှိတော့ဘူးကွ၊ ဒီလိုပဲ ငါက မြင်တယ်… ခေတ်ကိုက ပြောင်းလဲနေတာပါကွာ၊ မိန်းကလေးတွေဆို ပိုဆိုးတယ်၊ အရွယ်လေးရောက်လာရင် မင်းတို့ကမှ တော်သေးတယ်၊ သူတို့ကျတော့ ဘာသွားလုပ်မလဲ၊ အဲသည့်တော့ လွယ်လွယ်ကူကူ အိန္ဒြေရတဲ့ အင်တာနက်ဆိုင်ပဲသွားကုန်ကြတောပေါ့ကွာ၊ သူတို့ကျတော့ မင်းတို့လို ဂိမ်းဆိုင်လာလို့လဲ ဘယ်သင့်တော်ပါ့မလဲ၊ ကဲ intro မင်းမေးတဲ့ မေးခွန်းကို ငါ ပြန်မေးမယ်၊ မင်းက ကျောင်းတက်တယ်၊ သင်တန်းတက်တယ် ဆိုတာ တစ်နေကုန် မလုပ်နိုင်ပါဘူးကွာ၊ လူငယ်တစ်ယောက်အနေနဲ့ စိတ်ကို relax လုပ်မယ်ဆိုရင် ဦးချစ်ဆိုင်မလာနဲ့ကွာ၊ မင်းဘာလုပ်မလဲ ခြင်းခတ်မှာလား၊ ဘောလုံးကန်မှာလား၊ အေး၊ ကန်ချင်ရင် ဘယ်နေရာမှာ သွားကန်မလဲ၊ မင်းနဲ့ ဘယ်သူတွေ ပါမလဲ၊ မင်း ဒီ ဂိမ်းကို မဆော့ဘူးဆိုရင် ဒီရပ်ကွက်ပုံစံနဲ့ မင်းတစ်ခြား ဘယ်အားကစားနဲ့ စိတ်အပန်းဖြေမလဲ? Do you have other options?
အင်း၊ ကျွန်တော့်အတွက်ကတော့ ဒါပဲ အဆင်ပြေဆုံးဖြစ်နေတယ်၊ ကိုချိုကြီးရာ
အေး၊ ငါလဲ ဒီလိုပဲ ခုနေများ အရင်လို ခြင်းကွင်းလေးနဲ့ ခြင်းလေးခတ်လိုက်၊ ဘောလုံးလေးကန်လိုက်၊ နေရရင် ငါ ဒီကို လာဖြစ်ချင်မှ လာဖြစ်မှာကွ၊ ခုတော့ ဒါမလုပ်ရရင် တစ်ခြားဘာမှ လုပ်စရာမရှိဘူးဖြစ်နေလို့ဟေ့၊ ဒါပေမယ့်ကွာ ကလေးငယ်တွေ ထုတ်ဆီးတိုးလိုက်၊ ဂျင်ပေါက်လောက်၊ ဂေါ်လီရိုက်လိုက် မြင်ကွင်းကတော့ နောက်ထပ် မြင်လာစရာ အကြောင်းကို မရှိဘူး ငါ့ညီလေးတွေရေ့…. ဒါကြောင့်လဲ မင်းတို့အစ်ကိုကြီး ငါ ဒီလိုလေနေရတာဟေ့… သိပြီလား”
14 comments
intro
January 30, 2011 at 2:02 pm
အားပေးကြပါဗျာ… ကြိုးစားပြီး ရေးထားတာ၊ လူမုန်းခံရတဲ့ ကျွန်တော်တို့ ဘဝအကြောင်းလေးတွေပါ…
unclegyi1974
January 30, 2011 at 3:31 pm
မိုင်၁၀၀ဝ ခရီးကိုခြေလှမ်းတလှမ်းစလှမ်းပြီးစရပါတယ်
ကိုအင်ရေ
ဂိမ်းမှာလည်းကောင်းတာတွေရှိပါတယ် မှတ်ဉာဏ်
စူးစိုက်ရတယ် ဆုံးဖြတ်ချက်မှန်ကန်ရတယ်
လုပ်ဆောင်ချက်ကဆုံးဖြတ်ချက်နဲ့တထပ်တည်း
ကျနေရမယ် စဖြင့်ပေါ့လေ
ဒါပေသိတန်ဆေးလွန်ဘေးဆိုသလိုဂိမ်းကစား
တဲ့ကလေးတွေကဂိမ်းကိုဘိန်းစွဲသလိုစွဲပြီး
ကျောင်းပညာရေးပျက်အောင်ကစားနေကြတာက
မဟုတ်သေးဖူးလို့ထင်တာပါပဲဗျာ
ဟိုးတုန်းကကစားနည်းတွေကဥပမာဗျာ
စိမ်ပြေးတမ်းကစားတာ ထုပ်စီးတိုးတာ
ဘောလုံးကန်တာ စသဖြင့်ကစားနည်းတွေက
လစ်မစ်ရှိတယ် မောရင်ရပ်သွားမယ်
ကျမ္မာရေးနဲ့လည်းညီတယ်လို့ထင်ပါတယ်
ဒါကြောင့်ကိုယ်လက်လှုပ်ရှားကစားနည်းလေး
တွေကိုလည်းလူကြီးတွေကစပြီးပြန်လည်လုပ်
ဆောင်ပေးသင့်တယ်လို့ထင်မြင်ပါကြောင်း
bigcat
January 30, 2011 at 4:41 pm
ကလပ်သွား ကကြဗျာ။ ဒါမှမဟုတ် စွမ်းအားရှင် အဖွဲ့ဝင်လုပ်ပြီး တုတ်ရိုက်ကျင့်။ 😀
နီလေး
January 31, 2011 at 7:03 am
စာတွေဖတ်ပေါ့
etone
January 31, 2011 at 8:46 am
ဒိုတာခုတ်တာ ယောကျာင်္းလေးတင်မကပါဘူး etone ရဲ့ညီမဝမ်းကွဲလေး ဆယ်တန်းကျောင်းသူတောင် အသည်းအမဲဆော့ပါတယ်…။ ကိုယ်က တော့ ခေတ်နောက်ကျနေပြီလားမသိဘူး ဒိုတာ ခုတ်တယ်ဆိုရင် ဘာမှန်းမသိဘူး… နောက်မှ မမကလည်း ပိန်းလိုက်တာ အပြောခံပြီး မေးတော့မှ …. ဒီလို ဂိမ်းကစားနည်းမှန်းသိတာ ..။
မင်းကတော်သေးတာပေါ့.. တခြားပေါက်ကရနေရာတွေမရောက်တတ်တာပဲ ။
အာဖျံ ကွီး
January 31, 2011 at 9:38 am
သယ်ရင်း intro ရာ …
လာကွာ …. ကွီးတို. သာရေးနာရေးအဖွဲ. ဘိုးဘွားရိပ်သာတွေမှာ ကုသိုလ်ဖြစ် သန်.ရှင်းရေး၊ အိမ်သာတွေလိုက်ဆေး၊ မိဘမဲ့ဂေဟာတွေမှာ သွားလှုူတဲ့အခါကျရင် မင်းတို.ကိုခေါ်မရ်ကွာ ..
အိုကေလား သယ်ရင်း … အဓိက အဲဒီ ကိုချိုကြီးကို ဖြစ်အောင်ခေါ်ခဲ့ကွာ …. ဟီးးး
Yin Nyine Nway
January 31, 2011 at 10:23 am
ခုတ်ကြည့်ပါအုန်း အိတုန်ရ
တော်ကြာစွဲသွားလို့ မန္တလေးဂစက်ဒက် ကိုတောင်ကြည့်ဖြစ်တော့မှာမဟုတ်ဘူးနော်…
intro
January 31, 2011 at 11:40 am
အိုကေပါ… ကွီးလေးရေ… သွားဖြစ်ရင် ခေါ်ပါ… မအိတုန်ကိုလဲ ကစားဖို့ မဆွယ်ဘူးနော်… ကိုယ့်အကြောင်း ကိုယ်သိနေလို့…
မျက်မှန်
January 31, 2011 at 11:49 am
ဒီနေရာမှာ ဆရာ ကိုတာရဲ့ ပြတင်းပေါက် မှကြည့်သူ၏ စိတ်ကူးများ စာအုပ်စာအုပ်ထဲက စာအုပ်နှင့် တီဗွီ ဆိုတာလေးမှာ သုံးသပ်ထားတာ တစ်ချို့ ကောက်နှုတ်ချင်ပါတယ်။ Topic ပါ အကြောင်းအရာနဲ့ တိုက်ရိုက်မသက်ဆိုင်သော်ငြား နောက်ထပ် တွေးစရာလေး တစ်ခုအနေနဲ့ပေါ့ ခင်ဗျာ။
မီဒီယာတွေက လူတွေအမြဲ တစ်ခုခု ခံစားချင်အောင် လုပ်သည်။ ယားကျိကျိ ဖြစ်အောင် လုပ်သည်။ လူ့ဘဝ က အမြဲတမ်း ပြဇာတ်ဆန်နေသည် မဟုတ်သော်လည်း ဇာတ်ဆန်အောင် လုပ်သည်။ မီဒီယာတွေက သာမြင်ညောင်ည အပေါစား၊ ခပ်ညံ့ညံ့၊ ထူးဆန်းထွေလာများ၊ အစွန်းရောက် ပြကွက်များနှင့် အချိန်ကို ဖြည့်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် အကောင်းအမွန်များ၊ မြင့်မြတ်ခြင်းများနှင့် လူတို့၏ ၂၄ နာရီများကို အပြည့် မဖြည့်နိုင်သောကြောင့်တည်း။
လူ၏ အတွေ့ အကြုံကို လက်ဆင့်ကမ်းသော နည်းများရှိရာ ပထမမှာ အပြော၊ ၎င်းနောက် အရေး ဖြစ်လေသည်။အရေးသည် အတွေ့အကြုံ ဟူသော ကိစ္စရပ်ကို ကြီးကျယ်စွာ ပြောင်းလဲ သွားစေသည်။
အရေး (ဝါ) စာအုပ်သည် အတွေ့အကြုံကို ကျယ်ပြန့်အောင် လုပ်နိုင်သည်။အတ္ထုပတ္တိ စာပေသည် ပဂ္ဂိုလ်တစ်ဦး၏ အတွေ့အကြုံကို ဖတ်သူ ဝေနေယျများ ရအောင် မျှပေးသည်။ ကျယ်ပြန့်အောင် လုပ်သည်။ ပြည်သူချစ်သော အနုပညာသည်များထဲက မြို့မငြိမ်းကို တွေ့ဖူးပါသလား။ တိုက်ရိုက်အတွေ့အကြုံတော့ မဟုတ်ဘူးပေါ့။ တိုက်ရိုက်အတွေ့အကြုံ (Direct Experience) မဟုတ်သောကြောင့် စာအုပ်ထဲက မြို့မငြိမ်းဟာ အမှန်မဟုတ်ဘူးလား။ သေသူနှင့် တိုက်ရိုက်မတွေ့ရသော်လည်း ယင်း၏ သေတမ်းစာသည် အစစ် အမှန် ဖြစ်သည်။ စာအုပ်နှင့် တီဗွီက အတွေ့အကြုံ ကို ကျယ်ပြန့်အောင် လုပ်ကြပုံချင်းတူသော်လည်း ကွာခြားချက် တစ်ခု ကြီးကြီးမားမား ရှိနေသည်။ စာအုပ်နှင့် တီဗွီ သတင်းအချက်အလက် (တီဗွီ ဆိုရာတွင် အင်တာနက် စသည်များပါဝင်သည်) ကွာခြားချက်မှာ ” အချိန် ” ဖြစ်သည်။ တီဗွီက သတင်းအချက်အလက်မှာ အချိန်မရသော အတွေ့အကြုံ အစိတ်အမွှာ များသာဖြစ်သည်။ လက်ငင်းဖြစ်မှု (Recentness) ဟူသော ဂုဏ်သတ္တိရှိသည်။ လက်ငင်းဖြစ်သော အချက် အလက်များကို သတင်းဌာန များက ဂြိုလ်တုမှ တစ်ဆင့် သင့်ဆီကို ပစ်ထည့်လိုက်သည်။ ယင်းတို့ သည် အကယ်စင်စစ် ပညာဗဟုသုတ မဟုတ်။ ပညာ ဗဟုသုတ ဟူသည် စီစစ်ရသည်။ ဖွဲ့စည်းရသည်။ တည်ဆောက်ရသည်။ မမှန်သည်များကို စကာချရသည်။ ဂြိုလ်တုမှ အမြဲတမ်း ပစ်ပေါက်နေသည်များမှာ မှန်၊ မမှန် မစီစစ်ရသေးသော အချက်အလက်များသာ ဖြစ်သည်။ ထို့ကြောင့် သတင်းတွေလျှံ၊ သတင်းတွေ ပေါက်ကွဲ၊ သင်သည် သတင်းထဲတွင် မြုပ်သွားသည်။ သတင်းတွေက ပညာဗဟုသုတကို ချောင်ထဲသို့ ပို့ပစ်သည်။ စာအုပ်တွေကတော့ စီစစ်ပြီးပြီ။ဆက်စပ်ပြီးပြီ။ ဖွဲ့စည်းပြီးပြီ။ တည်ဆောက်ပြီးပြီ။ လက်ငင်းဖြစ်မှု ဂုဏ်သတ္တိ အစား တာရှည်ခံခြင်း ဟူသော ပို၍ကောင်းသော ဂုဏ်ဒြပ်နှင့် အစားထိုးလိုက်ပြီးပြီ။ ဒေတာနေရာ၌ ပညာ၊ ဗြုတ်စဗျင်းတောင်းများအစား အဓိပ္ပါယ်ရှိ ဗဟုသုတများ အစားထိုးလိုက်ပြီ။သတင်းက အချိန်၏ စမ်းသပ်မှုမခံ၊ မနေ့ကသတင်းစာ ယနေ့ ဘယ်သူဖတ်ချင်သလဲ။ လွန်ခဲ့သောနှစ်ရက်က တီဗွီသတင်းကို ယနေ့ ဘယ်သူကြည့်ချင်မလဲ။ စာအုပ်က အချိန်၏စမ်းသပ်မှုကို ကြံ့ကြံ့ခံသည်။ တီဗွီ၏ ဆေးမှာ (ဝါ) သတင်းပေါက်ကွဲမှုဘေး၏ ဆေးမှာ စာအုပ်ဖြစ်သည်။
မျက်မှန်
January 31, 2011 at 11:54 am
ဆရာကိုတာရဲ့ ပြတင်းပေါက်မှ ကြည့်သူ၏ စိတ်ကူးများ စာအုပ်ထဲမှာတော့ ဒီလိုဆိုထားပါတယ်။ Topic ပါ အကြောင်းအရာနဲ့ တိုက်ရိုက် သက်ဆိုင်မှု မရှိပေမယ့် နောက်ထပ် တွေးစရာလေး တစ်ခုအနေနဲ့ပေါ့ ခင်ဗျာ။
“လူ၏ အတွေ့ အကြုံကို လက်ဆင့်ကမ်းသော နည်းများရှိရာ ပထမမှာ အပြော၊ ၎င်းနောက် အရေး ဖြစ်လေသည်။အရေးသည် အတွေ့အကြုံ ဟူသော ကိစ္စရပ်ကို ကြီးကျယ်စွာ ပြောင်းလဲ သွားစေသည်။
အရေး (ဝါ) စာအုပ်သည် အတွေ့အကြုံကို ကျယ်ပြန့်အောင် လုပ်နိုင်သည်။အတ္ထုပတ္တိ စာပေသည် ပဂ္ဂိုလ်တစ်ဦး၏ အတွေ့အကြုံကို ဖတ်သူ ဝေနေယျများ ရအောင် မျှပေးသည်။ ကျယ်ပြန့်အောင် လုပ်သည်။ ပြည်သူချစ်သော အနုပညာသည်များထဲက မြို့မငြိမ်းကို တွေ့ဖူးပါသလား။ တိုက်ရိုက်အတွေ့အကြုံတော့ မဟုတ်ဘူးပေါ့။ တိုက်ရိုက်အတွေ့အကြုံ (Direct Experience) မဟုတ်သောကြောင့် စာအုပ်ထဲက မြို့မငြိမ်းဟာ အမှန်မဟုတ်ဘူးလား။ သေသူနှင့် တိုက်ရိုက်မတွေ့ရသော်လည်း ယင်း၏ သေတမ်းစာသည် အစစ် အမှန် ဖြစ်သည်။ စာအုပ်နှင့် တီဗွီက အတွေ့အကြုံ ကို ကျယ်ပြန့်အောင် လုပ်ကြပုံချင်းတူသော်လည်း ကွာခြားချက် တစ်ခု ကြီးကြီးမားမား ရှိနေသည်။ စာအုပ်နှင့် တီဗွီ သတင်းအချက်အလက် (တီဗွီ ဆိုရာတွင် အင်တာနက် စသည်များပါဝင်သည်) ကွာခြားချက်မှာ ” အချိန် ” ဖြစ်သည်။ တီဗွီက သတင်းအချက်အလက်မှာ အချိန်မရသော အတွေ့အကြုံ အစိတ်အမွှာ များသာဖြစ်သည်။ လက်ငင်းဖြစ်မှု (Recentness) ဟူသော ဂုဏ်သတ္တိရှိသည်။ လက်ငင်းဖြစ်သော အချက် အလက်များကို သတင်းဌာန များက ဂြိုလ်တုမှ တစ်ဆင့် သင့်ဆီကို ပစ်ထည့်လိုက်သည်။ ယင်းတို့ သည် အကယ်စင်စစ် ပညာဗဟုသုတ မဟုတ်။ ပညာ ဗဟုသုတ ဟူသည် စီစစ်ရသည်။ ဖွဲ့စည်းရသည်။ တည်ဆောက်ရသည်။ မမှန်သည်များကို စကာချရသည်။ ဂြိုလ်တုမှ အမြဲတမ်း ပစ်ပေါက်နေသည်များမှာ မှန်၊ မမှန် မစီစစ်ရသေးသော အချက်အလက်များသာ ဖြစ်သည်။ ထို့ကြောင့် သတင်းတွေလျှံ၊ သတင်းတွေ ပေါက်ကွဲ၊ သင်သည် သတင်းထဲတွင် မြုပ်သွားသည်။ သတင်းတွေက ပညာဗဟုသုတကို ချောင်ထဲသို့ ပို့ပစ်သည်။ စာအုပ်တွေကတော့ စီစစ်ပြီးပြီ။ဆက်စပ်ပြီးပြီ။ ဖွဲ့စည်းပြီးပြီ။ တည်ဆောက်ပြီးပြီ။ လက်ငင်းဖြစ်မှု ဂုဏ်သတ္တိ အစား တာရှည်ခံခြင်း ဟူသော ပို၍ကောင်းသော ဂုဏ်ဒြပ်နှင့် အစားထိုးလိုက်ပြီးပြီ။ ဒေတာနေရာ၌ ပညာ၊ ဗြုတ်စဗျင်းတောင်းများအစား အဓိပ္ပါယ်ရှိ ဗဟုသုတများ အစားထိုးလိုက်ပြီ။သတင်းက အချိန်၏ စမ်းသပ်မှုမခံ၊ မနေ့ကသတင်းစာ ယနေ့ ဘယ်သူဖတ်ချင်သလဲ။ လွန်ခဲ့သောနှစ်ရက်က တီဗွီသတင်းကို ယနေ့ ဘယ်သူကြည့်ချင်မလဲ။ စာအုပ်က အချိန်၏စမ်းသပ်မှုကို ကြံ့ကြံ့ခံသည်။ တီဗွီ၏ ဆေးမှာ (ဝါ) သတင်းပေါက်ကွဲမှုဘေး၏ ဆေးမှာ စာအုပ်ဖြစ်သည်။”
manawphyulay
January 31, 2011 at 1:32 pm
ဒါမလုပ်ရင် ဘာလုပ်မလဲတဲ့……….. ဒါဆို အင်ထိုက အချိန်တွေ အတော်ပိုနေတယ်လို့ ဆိုလိုတာလား…….. တကယ်လို့ ဂိမ်းဝါသနာပါတယ်ဆိုရင်လည်း ဖြစ်ဖြစ်မြောက်မြောက် ထိထိရောက်ရောက် ဂိမ်းဂမ်မာတွေ ဖြစ်အောင်လုပ်ပေါ့။ အိမ်ကလည်း အပြောအဆိုခံရသေး ဝေလေလေ ဖြစ်နေရင် ကိုယ့်အတွက် ဘာအကျိုးရှိမှာလဲ။ ပိုက်ဆံလည်းကုန်သေး မျက်စိလည်း ညောင်းသေး၊ အပြောအဆိုလည်း ခံရသေး တကယ်မလွယ်ပါဘူး။ ဒီလိုကြားထဲက အောင်မြင်အောင်လုပ်မယ်ဆို ပိုပြီးတန်တာပေါ့။ လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် လုပ်ချင်တဲ့အလုပ်တွေတစ်ပုံကြီးရှိပါတယ်။ မနောကတော့ အချိန်တွေ ရရင် ဝယ်ချင်မိတယ်။ ဘာလို့လဲဆိုတော့ မျက်စိနှစ်လုံးဖွင့်တာနဲ့ ရ နာရီ ၉ နာရီ တက်နေတဲ့ဒီပလိုမာကို ပြေးရပါတယ်။ အဲဒီကမှ ပုံမှန်လုပ်နေတဲ့အလုပ်ကို သွားရပါတယ်။ နောက် ညနေ ၅ ခွဲ ခြောက်လောက်အလုပ်ဆင်းတော့ အချိန်ပိုင်းလုပ်တဲ့အလုပ်ဆီကို သွားရပါတယ်။ အိမ်ပြန်ရောက်တော့ ၉ ခွဲ ၁ဝ နာရိထိုးတော့ ရေမိုးချိုးလုပ်စရာရှိတာလုပ် စာကြည့် အိပ်ပါတယ်။ ဒီတော့ စာဖတ်ချိန်နည်းနေလို့ အရင်ကတော့ ရထားစီးပါတယ်။ ခုတော့ ဒီလိုနဲ့ သံသရာလည်နေပါတယ်။ ဒီအလုပ်မလုပ်ရင် ဘာလုပ်မလဲဆိုတာ သေချာဘာလုပ်ချင်လဲပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ အဆင်ပြေတဲ့အချိန်ကို အချိန်လုပြီး တစ်ပတ်တစ်ခါဘုရားမှာ တံမြက်စည်းသွားလှဲ သန့်ရှင်းရေးလုပ်ဖြစ်ပါတယ်။ နောက် မိဘမဲ့ကျောင်းတွေကို ပရဟိတလည်း တစ်ခါတစ်ရံလုပ်ဖြစ်ပါတယ် ကိုအင်ထိုရှင့်…… နေရာမှန်မှာ အချိန်ကုန် တန်ဖိုးရှိပါစေလို့ မနော ပြောလိုက်ပါရစေနော်။
char too lan
February 1, 2011 at 5:30 am
ဪ…..အပျိုကြီးမနောရယ် ……ကြားရတာနဲ့တောင် တနားလာပီ… 😉
ကိုintro ရေ ……..စမ်းတဝါးဝါးနဲ့ လမ်းမှားမသွားရအောင် ကွီးကွီးပြောသလို ဘုရား၊ ဘိုးဘွားရိပ်သာတွေ နဲ့ မိဘမဲ့ဂေဟာတွေမှာ အမြန်ဆုံး ဆုံကြရအောင်ဗျာ………..
intro
February 1, 2011 at 11:25 am
ကျေးဇူးပါပဲဗျာ… အခုလို အကြံပေးကြတာ… အစ်မ မနောတို့ကျတော့ အချိန်ကို တော်တော်လေးကို အကျိုးရှိအောင် အသုံးချ နေတာပဲနော်… အားကျတယ်ဗျာ… ကျွန်တော်လဲ အရင်က အစ်မလိုပဲ တစ်နေကုန်နီးပါး ကျောင်းရယ် သင်တန်းရယ်နဲ့ လုံးပန်းဖူးပါတယ်… အခုလဲ year 3 မတတ်ခင်လေးမို့ အားနေတာပါ… ပြီးရင်တော့ ပုံမှန်ဘဝကို ဖြတ်သန်းရပါဦးမယ်… ကျွန်တော်ဆိုလိုချင်တာက ကျွန်တော့်မှာ အချိန်တွေအများကြီးပိုနေတယ်… ဘာလုပ်ရမလဲ လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး… ဒီဘက်ခေတ်ရဲ့ အခြေအနေလေးတွေကို တွေးစရာလေးတွေ ပေးတာပါ… အရင်ကဆို ကလေးငယ်တွေက ညနေကျောင်းဆင်းတာနဲ့ အိမ်ကိုပြန် လွယ်အိတ်ကလေးချပြီး အမျိုးမျိုး ကစားကြတယ်… ခုခေတ်ကျတော့ ကလေးတွေက ကျူရှင်ဆိုတာကြီးနဲ့ပဲ အချိန်ကုန်နေရတယ် (အားလုံးတော့ မဟုတ်ပါဘူး၊ အများစုပါ) … ကစားချိန် ဆိုတာ မရှိသလောက်ပဲ… ပြီးတော့ မိဘတွေ ကိုယ်တိုင်ကလဲ သားသမီးတွေ လမ်းမပေါ်မှာ ဆော့ရင် မကြိုက်ချင်ကြဘူး၊ စာလုပ်ဆိုတာပဲ ကြားနေရလို့ပါ… ပြီးကျတော့ ကျွန်တော်တို့လိုလူငယ်တွေအတွက်ကျတော့လဲ ဘောလုံးကွင်းတွေ၊ ခြင်းကွင်းတွေ ဆိုတာ အရမ်းကို နည်းသွားပါတယ်… ဆိုလိုချင်တာက ကစားခုန်စားအတွက် အရင်လို လွယ်လွယ်ကူကူ မလုပ်နိုင်တော့တာကို ပြောချင်တာပါ… ကျွန်တော်တို့လို လူငယ်တွေအနေနဲ့ ကျောင်းက ပြန်လာရင်ပဲ ဖြစ်ဖြစ်၊ အလုပ်ခွင်က ပြန်လာရင်ပဲ ဖြစ်ဖြစ် နာရီဝက်တစ်နာရီလောက် သွေးပူလေ့ကျင့်ခန်းလိုပေါ့ ချွေးထွက်မယ့် ကစားနည်းတစ်ခုလောက် ကစားသင့်ပါတယ်… ဒါမှလဲ ကျန်းမာရေးအတွက် အထောက်အကူ ပြုမှာပါ… အရင်တုန်းက ဒီလို အခွင့်အရေးတွေက ရခဲ့ပေမယ့် အခုနောက်ပိုင်းတော့ သိတ်မရကြတော့ သလိုပဲ… ခေတ်ကိုက တက်လမ်းနဲ့ ပိုက်ဆံအတွက်ပဲ အာရုံစိုက်ပြီး စိတ်ပျော်ရွှင်မှုလေး အတွက်တောင် မနည်း အချိန်ပေးနေရတဲ့ ခေတ်ရောက်နေပြီဆိုတော့လဲ၊ အဲသည့် လောကကြီးမှာပဲ နေသားကျအောင် ကြိုးစားရမှာပေါ့ဗျာ….
kopauk mandalay
February 1, 2011 at 4:56 pm
ညီလေး အင်ထရို ရေ
ကျွန်တော့်အမြင်ကတော့ ဘယ်အရာမဆို ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် အလွန်အကျွံမဖြစ်ဘို့ဘဲလိုပါတယ်။
လမ်းပေါ်မှာလျှောက်ပြီးသွားနေမယ့်အစား ဂိမ်းဆိုင်မှာ ဆော့တာကလည်း ကျန်တာတွေထက်စာရင် အန္တရာယ်ကင်းပါတယ်။
တစ်နေကုန်တစ်နေခန်း ထမင်းတောင်ပြန်မစားဘဲ ဂိမ်းဆိုင်က ခေါက်ဆွဲမှာစားပြီးကစားတယ်ဆိုရင်လဲမှားပါတယ် လို့ဘဲဝေဖန်ရမှာဘဲ။
တစ်နေကုန် ကိုယ်လုပ်သင့်တယ့် အလုပ်ကို ကြုးိကြိုးစားနဲ့လုပ်မယ်။
(စာဘဲသင်သင် ပိုက်ဆံရတဲ့အလုပ်ဘဲလုပ်လုပ်ပေါ့။)
အလုပ်ပြီးတဲ့အချိန်ရောက်ရင် ကိုယ်ဝါသနာပါတဲ့အလုပ်ကို တစ်နေကုန်ပင်ပန်းသမျှအတွက်အပန်းဖြေမယ်၊
(ရုပ်ရှင်ကြည့်ကြည့် ၊သီချင်းနားထောင်ထောင်၊ချက်တင်ဘဲထို်င်ထို်င်၊ဂိမ်းဘဲဆော့ဆော့ ၊သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ပြီး တော်ကီတွေဘဲပွားပွား)နားမယ်လေကွာ။
လူဆိုတာ အမြဲတန်းဘဲ အလုပ် အလုပ် အလုပ်နဲ့ဂါထာတွေရွတ်မနေနိုင်သလို မနေလဲမနေသင့်ပါဘူး။
လုပ်ချိန်လုပ် နားချိန်နား လေချိန်လေ အချုိုးညီနေဘို့ဘဲလိုတယ်။
ကျွန်တော်မနက်ကစာ အလုပ်လုပ်တယ် ။
ညအလုပ်ပြိးရင် အင်တာနက်ဆိုင်ထိုင်မယ်။
စာရေးမယ်(ဒါကျွန်တော့်အတွက်အပန်းဖြေတာဘဲ လူရောစိတ်ရောပေါ့)
လောကကြီးမှာ ကိုယ်ဝါသနာ ပါတာ လေးကိုလုပ်ခွင့်ရခြင်း လုပ်နေရခြင်းကလဲ စိတ်ချမ်းမြေ့ခြင်းတစ်မျိုးပါဘဲ။
ဒါကတော့ကိုပေါက်အမြင်ပါ။(မှားချင်လဲမှားနိုင်ပါတယ်)