To/From Mandalay Gazette – Write. Get Published. Get Paid.

Reasons to join Mandalay Gazette …
- Join a supportive community of writers
- Publish your work immediately
- Earn on your articles
- Compete for increased earnings in Marketplace
Rules for Writers << Must Read!
ပွိုင့်ပေးစံနစ် (Jan 22 2011)
- ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်ပြန်နှုတ်ပါမယ်။
- ၁ဝရက်အတွင်း အခြားမန်င်ဘာတဦးဦးထံမှ ကောမန့်တခုမှ မရရှိထားသော စာကို ပွိုင့်ပြန်နှုတ်ပါမယ်။
- စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို သတိပြုကြစေလိုပါတယ်။ အလွန်အမင်းတိုသော စာမူများ မတင်သင့်ပါ။
- အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၅၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီးမှ ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
- ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင်၊ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် ပွိုင့် ၅၀၀ဝ ပေါင်းပေးပါမယ်။
- မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
- မြန်မာပြည် ပြင်ပနေ မန်င်ဘာများ ပွိုင့်ကိုငွေသားအဖြစ်ပြောင်းလဲထုတ်ယူခွင့်မရှိ။
- ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
- ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
- ရရှိထားတဲ့ ပွိုင့်တွေကို မည်သူ့ကိုမှ လွှဲပြောင်းခြင်း မပြုလုပ်ရ။
- စည်းကမ်းများ၊ပွိုင့်များဟာ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အချိန်မရွေးပြောင်းလဲပါမယ်။ မန္တလေးဂေဇက်ရဲ့ ငွေကြေးရံပုံငွေအပေါ်တည်မှီနေလို့ဖြစ်ပါတယ်။
- မန်ဘာများဟာ ၆လဆက်တိုက် ပွိုင့်အပြောင်းအလဲမရှိပဲဖြစ်နေရင် မန်င်ဘာအဖြစ်က ရပ်စဲမှာဖြစ်ပါတယ်။ ပွိုင့်များလည်း ဆုံးရှုံးမှာဖြစ်ပါတယ်။
- အကြောင်းတစုံတရာကြောင့် ဝက်ဘ်ဆိုက်ဟာ ပိတ်သိမ်းတော့မယ်ဆိုရင် Top Ten မှာပါတဲ့သူများကိုသာ ရရှိပြီးပွိုင့်များအား ငွေသားအဖြစ် ထုတ်ပေးပြီးပေးလျှော်မှာဖြစ်ပါတယ်။
New Member များဖတ်ကြည့်ကြရန်
- စည်းကမ်းများ https://myanmargazette.net/rules-for-writers
- အရင်စာများ(၁) https://myanmargazette.net/26482/editors-notes-announcements-letters-to-the-editor
- အရင်စာများ(၂) https://myanmargazette.net/45/business-economy
အယ်ဒီတာ့မှတ်စုတို
- မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ
- ကောမန့်များကိုသေချာဖတ်ပါ၊ ဆွေးနွေးပြန်ရေးပါ။
600 comments
ဆူး
June 5, 2011 at 2:20 pm
သဂျီးရေ.. ဖော်ဝပ်မေးတွေ ကူးတင်တဲ့ ကိစ္စ တချီ ထ နေပြန်ပြီ။
ရွာသားတွေလည်း ပြောရတာ မောနေပြီ။
စည်းကမ်း ကို တင်းတင်း ကျပ်ကျပ် လုပ်သင့်နေပြီ။
ပိုစ်တွေ ထပ်နေတာ.. ကော်ပီတွေ တင်တာ ဖော်ဝပ်မေးတွေ တင်တာ အဲဒါတွေကို သန့်ရှင်းရေး လုပ်သင့်ပြီ ထင်တယ်။
ကိုယ်ပိုင်ရေး စာမူ ဖြစ်တဲ့ ဘာသာရေး ကျတော့ အနောက် ရောက်ပြီး သူများ ရေးတာ လွယ်လွယ် ကူးတဲ့ လူကျတော့ အရှေ့စာမျက်နှာမှာ တက်နေတာ ကောင်းသေးရဲ့လား ကောင်းကြသေးရဲ့လား.. လို့ပဲ ပြောချင်ပါတော့တယ်။
kai
June 6, 2011 at 8:02 am
စည်းကမ်း ကျပ်မယ်နော.
Category မရွေးပဲ.. တင်နေတဲ့ပို့စ်တွေ.. copy/paste အောက်က .. စာတွေကို ပွိုင့်မပေးတော့ပါကြောင်းနဲ့.. အလျှင်းသင့်သလို ဖျက်မည်ဖြစ်ပါကြောင်း..။
ဆာဗာသန့်ရှင်းရေးလုပ်တော့မည်ဖြစ်ပါသဖြင့်.. ရွာသားများ.. မိမိတို့ရဲ့Draft ဖြစ်နေတဲ့.. ပို့စ်များကို ပြန်တင်စေလိုပါတယ်..။
ဒါမှမဟုတ်ရင်.. ပို့စ်တခု.. ၈ဝ ပွိုင့်ပြန်နှုတ်ရပါလိမ့်မယ်..။
ဆူး
June 6, 2011 at 2:08 pm
copy/paste ကို ပွိုင့် မပေးလို့ တင်ကြည့်လို့ ပွိုင့်မရရင် Category ပြောင်းတင်မှာပေါ့.. ဟိုလိုလို ဒီလိုလို နဲ့. သဂျီးတော့ မယုံမရှိနဲ့. ပြေးမကြည့်နဲ့ တွေးကြည့်တာနဲ့ သိတယ်။
nature
June 7, 2011 at 2:21 am
မိမိတို့ရဲ့Draft ဖြစ်နေတဲ့.. ပို့စ်များကို တင်ချင်ပါသော်လည်း စာများပျောက်ဆုံးနေပါသည်။ သဂျီးတွေ့လျှင် ပြန်ထည့်ပေးစေလိုပါသည်။ တချို့ကိုလည်း ဖျက်ချင်ပါတယ်။ မဖျက်တတ်ပါ။
ဆူး
June 7, 2011 at 2:12 pm
ဒီမှာ မရေးပဲ ဖေ့ဘုတ်က နုတ် မှာ ဝင်ရေးပြီး သိမ်းထားပါလား.. ပြီးတော့မှ.. ကူးပြီး တင်လိုက်.. တင်မယ်ဆို ၂ခု လုံး တခါတည်း တင်ပြီးသားဖြစ်တာပေါ့။
nature
June 5, 2011 at 2:50 pm
သူကြီး ရှားလော့ဟုမ်းက ဘယ် categories အောက်ကထည့်ရမလဲ။
MaMa
June 6, 2011 at 2:36 am
ရေးလက်စလေး draft ထဲမှာ သိမ်းထားပြီး ပြန်ပြီး edit လုပ်မလို့ ဖွင့်ကြည့်လိုက်တော့ ရေးထားတာတွေပျောက်နေတယ်။ သဂျီးရေ ကယ်ပါဦး။
;(
eros
June 6, 2011 at 2:38 am
သူကြီးရေ အလုံးလိုက် အရင်းလိုက် ကူးနေတာတွေ လဲ အေးဆေးပဲဆိုရင် ကျွန်တော်လဲ အကုန် သတင်းဂျာနယ်တွေ ဖတ်ပြီး တနေ့ထဲ အပုဒ် ၁၀ဝ လောက်ကူးတင်လိုက်တော့မယ်။ ခေါင်းခြောက်ခံ မစဉ်းစားတော့ဘူး။ လက်ညောင်းခံ စာမရိုက်တော့ဘူး။ အချိန်သိပ်မကုန်ဘူး။ ok? (ရွဲ့ပြောနေခြင်းဖြစ်သည်။)
သူကြီး က copy post များကို တကယ် အရေးမယူပါက အမှန်တကယ်ပင် အပုဒ် ၁၀ဝ ခန့် ကူးတင်သွားမည်ဖြစ်သည်။
(မှတ်ချက်။ ။ အမှန်တကယ် ပြောဆိုနေခြင်းဖြစ်ပြီး၊ လုပ်ဆောင်ရန် ရည်ရွယ် ဆုံးဖြတ်ထားကြောင်း သိစေအပ်ပါသည်။)
eros
June 6, 2011 at 4:31 am
ပြည်ပအားကိုးပုဆိန်ရိုး Axe Haft
http://myanmargazette.net/50730/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ပိုစ့်ကို အောက်ပါ ကွန်မန့်ပေးရာ မတက်ပဲ moderate ဖြစ်နေပါသည်။
RFA က သတင်း မှားတယ်ဆိုတာ အောက်က လင့်တွေမှာ သွားကြည့်နိုင်ပါတယ်။ တခါတရံမှာ ကျွန်တော်တို့ တတွေဟာ ၁ ဖက်ထဲကို ချည်းပဲ ကြည့်ပြောနေလို့ မရဘူးထင်ပါတယ်။
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=311:2011-06-03-04-35-25&catid=34:politic&Itemid=55
http://www.news-eleven.com/index.php?option=com_content&view=article&id=8767:2011-06-05-08-20-37&catid=42:2009-11-10-07-36-59&Itemid=112
http://www.thevoicemyanmar.com/index.php?option=com_content&view=article&id=311:2011-06-03-04-35-25&catid=34:politic&Itemid=55
weiwei
June 6, 2011 at 5:06 am
အခုတလော ကော်ပီပို့စ်တွေ အတော်လေးဖောင်းပွနေတာ တွေ့ရတယ် …
ရွာသားတစ်ယောက်ကို တစ်နေ့တင်နိုင်မည့် အများဆုံးပို့စ်အရေအတွက်ကို သတ်မှတ်ပေးသင့်တယ်လို့ ထင်ပါတယ် … သူကြီးက တစ်ခါတစ်လေ ပြောဖူးပေမယ့် အခုနောက်လူတွေက မဖတ်မိဘူးလို့ ထင်ပါတယ် … စည်းကမ်းထဲမှာ အတိအလင်းပြဌာန်းပေးသင့်တယ် … ကိုယ်ပိုင်အတွေးနဲ့ သေချာအောင် အချိန်ယူပြီး ရေးထားတာတွေက ခဏလေးနဲ့ အနောက်ဘက်ကိုရောက်ကုန်တော့ ပို့စ်တင်ရမှာကို မတက်မကြွဖြစ်လာတယ် …
weiwei
June 6, 2011 at 5:10 am
eros လေသံကို အတုခိုးပြီးပြောရရင်တော့ …
ကျွန်မဆီမှာ စာအုပ်တွေအများကြီးရှိတယ် … ကွန်ပျူတာစာစီပေးမယ့်တပည့်တွေလဲအများကြီးရှိတယ် … စာရိုက်ခိုင်းပြီး တစ်နေ့ ပို့စ် ၁၀ဝ လောက် တင်လိုက်ရမလား ? 😛 🙂
kai
June 6, 2011 at 8:54 am
အခြားရေးသားနေသူများကိုလည်း … အခွင့်အရေးပေးသင့်ပါတယ်..။
ဒါကြောင့်…
12. မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
အဲဒီလို စည်းကမ်းအသစ်ထုတ်လိုက်ပါတယ်..။
weiwei
June 6, 2011 at 9:09 am
အလွန်သင့်မြတ်လှကြောင်းပါ သူကြီးမင်း …
etone
June 7, 2011 at 4:20 am
ဒါဆို ဒီနေ့မတင်ဘူး နောက်နေ ့မှ နှစ်ရက်ပေါင်း လေးပုဒ်တင်မယ်ဆိုတာမျိုးတွေ တပတ်မှာ ဆယ့်လေးပုဒ်တင်မယ်ဆိုတာမျိုးတွေပြောလာလျှင်ရော … သဂျီး 😛 😛
weiwei
June 7, 2011 at 4:54 am
အားတဲ့နေ့မှာမှ စုပြီးတင်ချင်ရင်တော့ schedule ကနေ တစ်နေ့ ၂ ပုဒ် auto publish ဖြစ်အောင် လုပ်ထားလို့ရပါတယ် …. ကိုယ်ကြိုက်တဲ့နေ့မှာမှ သူ့အလိုလို ပို့စ်တင်ပြီးသား ဖြစ်နေပါလိမ့်မယ် …. ကျွန်မလဲ တစ်ခါတစ်လေ အဲဒီလို နည်းနဲ့တင်ဖူးပါတယ် … သတင်းမဟုတ်ရင် ဘာမှ လောစရာမလိုဘူး မဟုတ်လား …
etone
June 7, 2011 at 5:08 am
နည်းနည်းရစ်ကြည့်တာပါ မဝေရဲ့… တကယ်တမ်း တနေ့ နှစ်ပုဒ်ဆိုတာတောင် တင်စရာက မရှိသေးဘူးလေ ..ဒါကြောင့် ပါ … ။ 🙂
ဆူး
June 6, 2011 at 1:56 pm
တနေ့ ၂ခု သတ်မှတ်တာ ကောင်းပါတယ်။
တကယ့်ကို အတွေး အခေါ်နဲ့ တင်တဲ့ လူတွေက စာ၃ကြောင်းလောက် ဖြစ်လည်း အဖိုးတန်ချင် တန်ပါတယ်။
စာတွေ များပြီး ကူးချတာတော့ မကောင်းဘူး။
၂ခု ဆိုတာတော့ နည်းမလားလို့.. တခါ တရံ အာရုံရရင် ၅ခု လောက် ရေးဖြစ်သွားလို့..
အခုတော့ အဲလောက် မတက်ကြွတော့တာ အမှန်ပဲ။
ရွာထဲမှာက အီးမေးတွေ ကောက်တင်လည်း ငါတို့ မသိသေးဘူးဆိုပြီး ထောက်ခံသူနဲ့ ဆိုတော့.. ထပ်နေပြီ ပြောတဲ့လူက ဘယ်ကောင်းမလဲ.. တင်းတင်းကျပ်ကျပ် လုပ်မှ ဖြစ်တော့မယ်။
parlayar46
June 6, 2011 at 5:26 pm
သူကြီးရေ
ကျုပ် ဒီနေ့ ပိုစ့်တင်ဘို့ word file ထဲက ကူးထည့်တာ စာသားတွေက ဖောင့်အကြီးကြီးတွေဖြစ်ကုန်လို့ draft မှာနဲ့ပဲသိမ်းထားတယ်။ အရင်နေ့တွေက ဒီလိုမဖြစ်ပါဘူး။ အဲဒါလေး ဘယ်လိုဆက်လုပ်ရမလဲ။ လုပ်ပါဦး ။
kai
June 6, 2011 at 6:53 pm
draft ပြန်ဖွင့်ပြီး.. Edit လုပ်ရင်.. Font Size ရွေးပြင်လို့ရပါတယ်..။
အဲဒီမှာ.. စာတွေအားလုံး Select All ( Ctrl+a) လုပ်ပြီး.. Format မှာparagraph font size ပြောင်းလိုက်ပါ..။
bigcat
June 10, 2011 at 3:51 am
ဗျိုးသဂျီး၊ ကျနော် ပင်ပင်ပန်းပန်း သုတေသနပြုထားတဲ့ စာတမ်းတခု တင်ချင်လို့ ဘယ်လိုလုပ်ရမလဲ အကြံညဏ်ပေးပါအုံး။ ၁၁မျက်နှာပြီး table, chart, graph တွေပါတယ်။ Word ထဲကနေ သဂျီးဆိုက်မှာ တိုက်ရိုက်တင်လိုက်ရင် အနေအထားတွေပျက်၊ ဂရပ်တွေ မပေါ်ဘူး။ Scribd ထဲမှာ ပီဒီအက်ဖ် အနေနဲ့ သိမ်းပြီးတင်မယ်လုပ်တော့လည်း ဇယားထဲက အချက်အလက်၊ ခေါင်းစဉ်စာသားတွေ ထပ်ကုန်တယ်။ ဘယ်လိုလုပ်ရ မလဲ အမိန့်ရှိပါအုံး……
fatty
June 10, 2011 at 4:56 am
ကောင်မလေးတွေအကြောင်း အပျိုကြိးများအကြောင်းမဟုတ်ရင် တင်မနေတဲ့ သူဂျီးကပြောလို့
flower
June 13, 2011 at 4:41 am
သူကြီးရေ…………….
အခုမှာအသစ်လေးပါ………
စာရေးပြီးတင်တာ…………
ဘယ်လိုတင်ရပါလဲ…………………………..
သတင်းတွေတင်တိုင်းမတတ်ဘူးဖြစ်နေတယ်…………..
ပြန်ပြောပေးပါနော်……………step by step လေ…………..
ကျေးဇူးတင်ပါတယ်……………..
bigcat
June 13, 2011 at 5:03 am
ပင်ယံထက်က
ပန်းသစ်တပွင့်
လှမ်းခြွေဖို့အသင့်မှာ
အလို…..
ဗိုလ်ချုပ်အော်ဆန်းပုံကြီးနဲ့ပါလား
အလေးပြုပါတယ် ဗိုလ်ချုပ်
စိတ်ဖောက်ပြန်ခဲ့မိတာ
ခွင့်လွှတ်ပါခင်ဗျာ…..
kai
June 13, 2011 at 7:30 am
ဘာသာရေးအရ.. အပြန်အလှန်မန်းတာ… ရေးတာတွေနည်းနည်းပြင်းထန်လာတဲ့..”သံတွဲမြို့မှ အစလာမ်ဘာသာဝင်တွေရဲ့ဒုက်ခ
“ခေါင်းစဉ်နဲ့ post တခုကို ပိတ်ထားလိုက်ပါတယ်..။
6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။ စည်းကမ်းနဲ့ငြိစွန်းတယ်ယူဆလို့ဖြစ်ပါတယ်…။
မူရင်းစာရေးသူက..အခုဆုံးဖြတ်ချက်ကို မကျေနပ်ရင်.. complaint. လုပ်နိုင်ပါတယ်..။
nozomi
June 13, 2011 at 11:44 pm
သူကြီးမင်း အရင်က တွေ့ဘူးတဲ့ member ဆိုတာလေး မတွေ့တော့ဘူးဗျ
မပါတော့တာလား ကျွန်တော်ပဲ မျက်စေ့မှောက်တာလား မသိ
မန်ဘာဆိုတာလေး ရှိတော့ မမန်းကျပေမဲ့ ရွာသူရွာသားတွေ ဘယ်သူရှိတယ်ဆိုတာ သိရတာပေါ့
captainamerica
June 14, 2011 at 6:20 pm
ကောင်း၏ သဂျီးရေ စပြီးမန်းကတည်းကကို ဘာသာကို ကိုးကွယ်ရာကိုစပြီးဖောင်းတယ်။သူတို.လည်းသူတို.ဘာသာကိုယုံကြည်သလိုကျွန်တော်တို.ကိုယ်ဘာသာကို
ကာကွယ်စောင့်ရှောက်ရမယ်လို.ခံယူထားပါတယ်။မခံနိုင်လို.ဝင်ပြောမိတော့ရှုပ်ကုန်ကြရော။ပိတ်လိုက်တာ
ပဲကောင်းတယ်။နို.မို.သူကလည်းသူ.ခံယူချက်နဲ.သူကိုယ်တွေကလည်းကိုယ့်ခံယူချက်နဲ.ကိုယ်ဆိုတော့ဆိုတောက်လျှောက်တွေအကြီးအကျယ်ကိုငြိကုန်နိုင်ဒယ်။
meelay
June 15, 2011 at 4:07 am
သဂျီး – အခု Log in ဝင်ရင် ပွိုင့်မပေးတော့ဘူးလား …
bigcat
June 16, 2011 at 1:01 am
သဂျီးရေ ကျနော့်ရဲ့ http://myanmargazette.net/51300/uncategorized-other/copypaste/attachment/myanmar-kings/comment-page-1#comment-82919 ပို့စ်ကို ဖျက်ပေး၊ ဒါမှမဟုတ် draft ထဲကိုပြန်ထည့်ပေးပါလား။ site admin အောက်ကနေ တင်ပြီးသာပို့စ်တွေအောက်မှာ ပြန်ရှာတာမရဘူး ။ပြီးခဲ့တဲ့အပတ်က တင်ဖို့ကြိုးစားပြီးမရလို့ လက်လျှော့လိုက်တာ ဘယ်လိုလုပ် ရွာထဲဝင်သွားလဲမသိဘူး။ ဖြစ်နိုင်ရင် ကျနော်ပြန်ပြင်လို့ ရအောင်တခုခုလုပ်ပေးပါလား။
kai
June 16, 2011 at 9:39 am
ဆူးမမ မည်သို့မည်ပုံလုပ်လိုက်သည်မသိ.. အဲဒီပို့စ်ကို ဖျက်လို့မရဖြစ်နေပါကြောင်း…။
မူရင်း pdf ဖိုင်ကို.. ဖျက်ပြီး..လဲလိုက်ရင်ရမယ်ထင်တယ်..။
ဆူး
June 16, 2011 at 11:08 am
ဟီးဟီး..
ဆူး မန်းလိုက်တာ.. ပိုစ်မှာ မဟုတ်ဘူး.. ဘလော့မှာ မန်းလိုက်တာ..
မန်းတဲ့ ဟာက ဘယ်မှာ ဖြစ်ဖြစ် ရွာမှာ တက်တယ်။ မူရင်း pdf ဖိုင်ကို.. ဖျက်ရင် အဲဒီ ဘလော့ ပျက်သွားနိုင်ပါတယ်။
mnoe
June 16, 2011 at 8:51 am
comments off ကို ဘယ်လိုဖြုတ်ရလဲဟင်။
MaMa
June 16, 2011 at 10:49 am
သဂျီးလည်း ရွာတော်ရှင် ပြုစားတာ ခံနေရတယ်။
Comment off ဖြုတ်ဖို့ ကိုယ့်ပိုစ့်ကို edit this page လုပ်ပြီး Post ရဲ့ အောက်နားမှာ Discussion comment allow
ဆူး
June 16, 2011 at 11:42 am
သဂျီးရေ.. ဒီတလော firefox နဲ့ ဆို ခဏခဏ ရွာဂျမ်းဖြစ်တယ်။
ရွာဂျမ်းဖြစ်ပြီး ဝင်မရ ဖြစ်နေတာ တခြား လူတွေကို မေးရင် အဆင်ပြေတယ် ဆိုရင် IE နဲ့ ပြောင်းဖွင့်ရင် ရနေပြန်တယ်။ ပြသနာ တခုခုတော့ ရှိလိမ့်မယ် ထင်တယ်။ သဂျီး နည်းနည်း စစ်ပါအုန်း။
ဆူး
June 16, 2011 at 3:15 pm
http://myanmargazette.net/52085/creative-writing
လင့် ကို ဝင် ဖတ်ကြည့်လိုက်ကြပါအုန်း။
ရွာထဲက ရွာသားတွေ အချင်းချင်း ရင်းနှီးတဲ့ သဘောနဲ့ သာစေ နာစေ မဟုတ်ပဲ နောက်ပြောင်တာနဲ့ လုံးဝ မတူပါဘူး။ နာမည်တွေသာ ယူသုံးနေတာ ယောကျား လား မိန်းမ လား မှန်းတောင် မှန်အောင် တောင် မသိဘူး
((( ။ဘော်ဒါအရင်း ခေါက်ခေါက်ကြီးတွေကို အမှတ်တရဖြစ်အောင် မင်းသား မင်းသမီး လူကြမ်း ဇာတ်ပို့ အဖြစ်သုံး ထားပါသည်။ )))
အဲဒီ စာဖတ်လိုက်ရင် မိတ်ဟောင်းဆွေဟောင်းများ ဖြစ်နေမလား တွေးနေမိအောင် ညာဖြီး ရေးထားသေးတယ်။
ကြီးမှန်း မသိ ငယ်မှန်း မသိ တရွာလုံးက လူတွေ ကို မိုက်ရိုင်း စော်ကားနေတယ်။
windtalker
June 16, 2011 at 3:35 pm
သူကြီး ခင်ဗျား ။ ကျွန်တော် သင်္ကြန်ပြီး မှ မန်ဘာဖြစ်ပါသည် ။ ထိုရှေ ့ပိုင်းမှ ပို ့စ်များ ကို ဖတ်မည် ဆိုလျှင် တစ်မျက်နှာချင်း ပြန်လှန်နေရပါသည် ။ ယခင် ပို ့စ် များ ကို ဖတ်ချင်သည့် အခါ လွန်စွာ အချိန်ယူရပါသည် ( ကွန်နက်ရှင် ကလည်း မကောင်းပါခင်ဗျား ) မှတ်မှတ်ရရ sky lions company မှ ဘုန်းကြီး တစ်ပါး show တစ်ခု တွင် ဗယုတ်ကျ နေသည့် အကြောင်း တင်ထားသည့် ပို ့စ် စာမျက်နှာ ၏ အေ ့ရှ ပိုင်း စာမျက်နှာများ ကို ဖတ်လိုပါသည် ။ ကူညီပေးပါဦး ခင်ဗျာ ။
kai
June 16, 2011 at 6:25 pm
http://myanmargazette.net/38382/economic-news-international-news-news-industry-people-in-the-news-us-news-news
အဲဒါလားတော့မသိ..။ နောက်ထပ်ဆိုင်တဲ့ ပို့စ်တွေရှိသေးသလားတော့မသိ..။
windtalker
June 16, 2011 at 6:52 pm
ကျေးဇူးတင်ပါတယ် ခင်ဗျား ။ ချစ်သွားပြီ ကိုခိုင် ။ ဟီဟိ ( စတာနော် ၊ ဟိုဟာမျိုးလည်း မမှတ်ရဘူးနော် ချစ်လို ့နော် )
weiwei
June 17, 2011 at 4:30 am
အယ်ဒီတာရှင့်
ပွိုင့်ပေးစနစ်မှာ error ဖြစ်နေပါတယ် … ပွိုင့်တွေ ပိုပေးနေပါတယ် …
သေချာပြန်စစ်ဆေးပါအုန်း …
bigcat
June 17, 2011 at 4:38 am
လူမိုက်………..
mnoe
June 17, 2011 at 6:10 am
ဟုတ်တယ် ပို့စ်တစ်ခုတည်းကို update ပြန်လုပ်တာကို ထပ်ပေးနေသလိုပဲ။ ကိုယ်ပဲမှားလားတော့မသိ။ ပွိုင့်အောက်မှာ ဒီနာမည်တစ်ခုတည်းနဲ့ ပ်ို့စ်တွေ အများကြီးဖြစ်နေတယ်။
kai
June 17, 2011 at 8:44 am
အခုလိုပြောပြပေးတာ..ကျေးဇူးပါဗျာ..။
နည်းပညာပိုင်းဆိုင်ရာ…အမှားအယွင်းမို့… ပိုရထားတဲ့ပွိုင့်တွေပြန်နှုတ်ပါမယ်..။
အဲဒါ…( ဖြစ်နိုင်ရင်တော့…) ပွိုင့် ၄သောင်းအထက်ရထားသူတွေ… ဘယ်လောက်ပိုသွားသလည်း.. ဒီအောက်မှာပဲ..ရေးတင်ပေးပါဦး..။
weiwei
June 17, 2011 at 2:43 pm
ဒီမနက်မှ ပို့စ်တင်ရင်း update ခဏခဏလုပ်ရင်းကနေ သတိထားမိသွားတာပါ … ကျွန်မက လူမိုက်မို့လို့ သူကြီးကိုပြောပြတာပေါ့နော် … 😛
kai
June 17, 2011 at 5:01 pm
ရွာတရွာမှာ…ရွာကာထားတဲ့ ခြံစည်းရိုးပေါက်ပြဲနေတာ သူကြီးကိုအကြောင်းကြားပြောပြတဲ့ရွာသားကို လူမိုက်ခေါ်ရင်.. အဲဒီရွာပျက်ဖို့သာရှိတော့မယ်ပေါ့…။
အဲဒီအပေါက်က..တောရိုင်းတိရိစ္ဆာန်တွေဝင်လာနိုင်တယ်..။ ရွာထဲကကလေးတွေထွက်သွားနိုင်တယ်.. စသဖြင့်.. အကျိုးဆက်တွေအများကြီးဖြစ်နိုင်ပါတယ်..။
ဆိုတော့..
စည်းကမ်းဆိုတာထက်…အလွတ်ပြောတာတခု ထပ်တိုးပါမယ်..။
ဆာဗာဟာ.. ရန်သူမျိုးငါးပါးအပါအဝင်.. အကြောင်းတခုခုကြောင့် ပျက်စီး..သို့မဟုတ်..အချက်အလက်တွေဆုံးရုံးခဲ့ရင်.. နောက်ဆုံးရှိထားတဲ့.. အချက်အလက်(Backup Data)တွေသာ ပြန်ရမယ်ဖြစ်ပါတယ်..လို့ပါ..။
—
လောလောဆယ်တော့.. အကြောင်းကြားတဲ့.. ဝေမမရဲ့..ပွိုင့်ကလွဲလို့… ကျန်သူများရဲ့ ပိုနေတဲ့ပွိုင့်တွေအကုန်ပြန်နှုတ်မယ်ဖြစ်ပါကြောင်း…။
mnoe
June 17, 2011 at 5:46 pm
4 သောင်းတော့မပြည့်ပါဘူး ဒါပေမဲ့ mnoe ရဲ့ မျက်မမြင်လေးရဲ့ချစ်ပုံပြင်မှာလည်း 7 ခါတောင် ပွိုင့်ပေးထားပါတယ်။ နတ်မကောင်းလို့ update ထပ်ထပ်လုပ်ရင်း ပွိုင့်တွေ ထပ်သွားလားမသိဘူး။ ပြန်နှုတ်လိုက်ပါနော်။ ကျေးဇူးတင်ပါတယ်။
windtalker
June 17, 2011 at 6:35 am
17.06.2011 ဒီနေ ့ဗျာ new post ကို ရွေးပြီး စာထိုင်ရေးနေတာ နာရီဝက် ကျော်သွားတယ် ဗျာ ။ နောက်ဆုံး ခေါင်းစဉ် တပ် ပြီး publish လုပ် မယ် လုပ်တော့ login ပြန်လုပ်ရတယ် ။ သူကြီး ရေ အရင်လို မဟုတ်တော့ဘူးဗျို ့။
ဆူး
June 17, 2011 at 3:11 pm
သဂျီးရေ.. ပြန်စစ်လို့ ရတယ်.. မကျေနပ်ရင် အကုန် သိမ်းလို့ ရတယ်။ တခါမှ ပွိုင့်နေရာ မှန်မှန် တက်သလား မတက်သလားတောင် မစစ်မိဘူး။
ကြိုက်သလို လုပ်ပါ။ ပြသနာ မရှိဘူး။
ဆူး
June 17, 2011 at 4:50 pm
သဂျီး..
11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။
12. မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
အဲဒီ အချက်တွေ နဲ့ မကိုက်ရင် ဘယ်လို လုပ်ပါသလဲ.. ရီးတီးယားတား မလုပ်နဲ့နော်.. အတည်မေးတာ.. ဟိုလိုလို ဒီလိုလို မဖြေနဲ့ ဟိုလိုလို ဒီလိုလို မလုပ်နဲ့ အပြောနဲ့ အလုပ် ညီအောင်လုပ်..
၂ခု ထက် ပို တင်တဲ့ ပိုစ်တွေကို ဖျက်သင့်တယ်။
စည်းကမ်းဆိုတာ ထုတ်ပြီး အလှကြည့်ဖို့ မှန်ဘောင် သွင်းထားတဲ့ အရာမျိုးမဟုတ်ဘူး လိုက်နာဖို့.. မလိုက်နာတဲ့ လူတွေကို အရေးယူဖို့ ထုတ်ထားတာ။ အရေးမယူဘူး ဆိုရင် အဲဒီ စည်းကမ်း ရေးမနေနဲ့ ဖျက်ပလိုက်.. တကယ်လို့ တခုခု ထူးထူးခြားခြား မလုပ်ဘူးဆိုရင်တော့ ဂူဂဲမှာ ပုံတွေ ပေါတယ်နော်.. တနေ့ ထဲ အများကြီးတင်ပြီး ဆာဗာကျပ်သွားအောင် ပိုစ်တွေ ဩတိုက်အောင် တင်လိုက်ရမလား။
ဒီဆာဗာကို ဟတ်လိုက်ရမလား။
kai
June 17, 2011 at 5:09 pm
သိပ်တော့..တွန်းမနေနဲ့..
ဆူးမမကိုပဲ.မော်ဒရိတ်တာ ..ခန့်လိုက်မယ်..။ ဖြုတ်ထုတ်ရှင်း လုပ်ပေးမလား..။ 🙂
ဆူး
June 17, 2011 at 5:17 pm
ဖြုတ်ထုတ် ရှင်း လုပ်ပေး ဆိုလည်း အခမဲ့တော့ ကူညီ ပေးနိုင်ပါတယ်။
သို့သော် ဆိုဒ်မှာ စာဝင်မရေးတဲ့ လူ တယောက်ယောက်ကို သဂျီး ရှာပြီး ခန့်တာ ပိုကောင်းလိမ့်မယ်။ ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းတွေ မဖြစ်ရလေအောင် ပြောပြတာပါ။
တွန်းတာ မဟုတ်ဘူး အများက စည်းကမ်း လိုက်နာပြီး တယောက်က စည်းကမ်း မလိုက်နာ ခဲ့ရင် မလိုက်နာတဲ့ လူကို အရေးယူသင့်တယ်။
လမ်းမမှာ ပွ နေတဲ့ အမှိုက် မသိမ်းပဲ ထားကြည့် မကြာခင် သူပစ် ကိုယ်ပစ်နဲ့ အမှိုက် တစကနေ အမှိုက်ပုံ ဖြစ်လာလိမ့်မယ်။
မီးဆိုတာ မလောင်ခင်က ကြိုတားတဲ့ သဘောပါပဲ။
ဒါကြောင့် မီးကြွင်းမီးကျန် မထားပါနဲ့ ရပ်ကွပ်မှာ လှည့်အော်တာ။
ဆိုင်ရာက ဘာမှ မပြောတော့ ရွာထဲက လူတွေကိုတောင် လှည့်ပြီး မိုက်ရိုင်းနေတာ မြင်နေရတယ်။
manawphyulay
June 21, 2011 at 8:23 am
ဆာဗာတော့ မဟတ်လိုက်ပါနဲ့ ညီမလေးရာ… နေ့တိုင်း ဖတ်ချင်တဲ့သတင်းလေးတွေ မိုးလင်းတာနဲ့ ဖွင့်နေကျ မန်းဂေဇက်လေးကို မမြင်ရမှာဆိုလို့ပါနော်…. 😛
ဆူး
June 21, 2011 at 8:40 am
မနောရေ.. အတည့်ပဲ ပြောတော့မယ်.. ချီးခြောက် ရေနူးတာ ဝါသနာ ပါရင် အိမ်ပြန်ပြီး အိပ်ခန်းထဲမှာ မအိပ်ခင် နူးပြီး ထိုင်ကြည့်ပါ။ အနံ ထွက်ရင် ဘေးလူတွေ မရှိမိအောင် အဝ ရှူလိုက်ပါ။
အရေးကြုံရင် တိတ်နေပြီး ကိစ္စပြီးမှ ပွဲ မဆူဆူအောင် လုပ်တဲ့ လုပ်ရပ်မျိုး အကြိမ်ကြိမ် ဖြစ်နေပြီ။
ငယ်ရွယ်တဲ့ ဆယ်ကျော်သက် မဟုတ်တဲ့ အတွက် မနောရဲ့ လုပ်ခဲ့တဲ့ ကိစ္စ တိုင်း မသိလို့ မှားတယ် လို့ လွယ်လွယ် ငြင်းရမဲ့ အရွယ်မဟုတ်တာ ကိုယ့်ဟာကိုလည်း သိမှာပေါ့။
ဒီမှာ စာဖတ်နေတာ အသစ်တွေ ဘယ်လောက် များများ အဟောင်းတွေ ရှိနေသ၍ အချင်းချင်း သိနေကြမှာပဲ။
Ko Ko Aung
June 18, 2011 at 2:32 pm
ရေးသူအမည်ကိုကြည့်ပြီး ရှောင်နေကြသူများ –
esz88 ရဲ့ Wallpaper ပိုစ့်ကို ဝင်ကြည့်ပေးကြပါ။
ကျွန်တော်ကိုယ်တိုင်လဲ ရေးသူအမည်ကိုကြည့်ပြီး ရှောင်နေတာ ၊ scroll လုပ်ရင်းနဲ့ မတော်တဆဝင်ကြည့်လိုက်မိလို့ပါ။
etone
June 21, 2011 at 8:48 am
esz88 က မိုက်ရိုင်းလို့ဝလို့ … နောက်နာမည်ပြောင်းပြီး z@ ဆိုတဲ့ နာမည်နဲ့ ရိုင်းစိုင်းပါဦးမယ် ဆိုတဲ့ အကြောင်း သတိပေးလိုက်ပါတယ်… ။
padonmar
June 18, 2011 at 3:18 pm
ဝေဝေရဲ့ ရိုးသားမှုကို ဂုဏ်ပြုပါတယ်။ဒီလိုစိတ်ဓါတ်လေးတွေ ပြန့်ပွားနိုင်ပါစေ။
ကိုပေါက်(မန္တလေး)
June 18, 2011 at 4:11 pm
ဆူးရေ
သူကြီး ကဘယ်လိုမှားမှား သုံးခါခွင့်လွှတ်လို့ တရားဝင်ကြေညာထားတယ်လေ။
သူကြီး ကလက်ဝှေ့ ဒိုင်ကနေ လိုင်းပြောင်းလာတာနေမှာ။
လက်ဝှေ့မှာလဲ အမှတ်စဉ်သုံးခါတိတိ အရေခံရမှာ ဒိုင်က အရှုံးပေးတာလေကွယ်။
ဆူး
June 18, 2011 at 4:35 pm
ကိုပေါက် မန်း ဆိုလိုတဲ့ သဘောက
အဝါကတ် လိမ္မော်ကတ် ပြီးမှ အနီကတ် ဖြစ်တဲ့ သဘောပေါ့။
စကားပုံ တခုရှိတယ် လူကြမ်းရင် နတ်ကြမ်းတောင် မခံနိုင်ဘူးတဲ့။
နေရာတိုင်းကြမ်းတမ်းစွာ ကိုင်တွယ်ဖို့ မလိုအပ်ပေမဲ့ သိပ်နုလွန်းရင် သူများ အနိုင်ယူသမျှ ခံနေရတာပဲ အဖတ်တင်မယ်။
တိကျ ပြတ်သားတာနဲ့ ပျော့ညံညံ ကိုင်တယ်တာနဲ့ လုံးဝ မတူဘူးလို့ ယုံကြည်တယ်။
ကြမ်းတမ်းဖို့ မလိုပေမဲ့ ပြတ်သားဖို့တော့ လိုတယ် ထင်တာပဲ။
ဆူး
June 18, 2011 at 4:41 pm
စကားမစပ် အိန္ဒိယ မှာ အာသောက မင်းကြီး ဗုဒ္ဗဘာသာ စဖြစ်တဲ့ အချိန်မှာ ဘာသာရေး ပြန်ပွားဖို့ နဲ့ တည်တံ့ခိုင်မြဲစေဖို့ အထိန်းအမှတ် ကျောက်တိုင်ကြီးတွေ စိုက်ထူထားခဲ့တယ်။
အဲဒီမှာ ခြင်္သေ့ရုပ် ဆင်ရုပ် စသဖြင့် အရုပ်တွေ အမျိုးမျိုးနဲ့ ကိုယ်စားပြု အမျိုးမျိုး လုပ်ခဲ့တယ်။
ခြင်္သေ့ရုပ် ဆိုတာ ရဲရင့်ခြင်း (သာသနာ ပြုတဲ့ အခါ အယူဝါဒ မတူသူတွေရဲ့ နိပ်စက်ညှင်းပန်းခြင်း သို့မဟုတ် အန္တရာယ်ကျရောက်အောင် ပြုလုပ်ခြင်း စတဲ့ ဘေးတွေကို မကြောက်မရွံ့ တဲ့ သဘော)ကို ရည်ညွန်းသလို တောထဲမှာလည်း ခြင်္သေ့များ ဟိန်းဟောက်လိုက်ရင် တတောလုံး ဖိန့်ဖိန့်တုံ အားလုံး ဝပ်သွားစေနိုင်လောက်တဲ့ အသံဩဇာ (အာဏာစက်) ရှိတာမျိုး ကို ရည်ညွန်းတယ်။
အခုတော့ ရွာသားသစ် က သဂျီးကို သဂျီးမှန်း မသိ ဟိန်းဟောက်တာ ခံနေရသလို ဖြစ်နေတယ်။
ဒေါင်းဆိုတာ မင်္ဂလာ ရှိတဲ့ အကောင်လို့ ရှေးမြန်မာတွေက သတ်မှတ်ကြတယ်။
ဒေါင်းမှာ ကွဲပြားတာက ခွပ်ဒေါင်း ရှိတယ် ကဒေါင်း ရှိတယ် ဒါပေမဲ့ ကိုင်းကြီးကြီးမှာ နားတဲ့ ဒေါင်းဆိုရင်တော့ မကောင်းဘူး။
သဂျီး မာန်တင်းပြီး လုပ်ပိုင်ခွင့်ထဲက လုပ်သင့်တာ လုပ်ပါလို့ပဲ ပြောချင်ပါတယ်။
သဂျီးကို ကြပ်တာ မဟုတ်ဘူးနော် အချိန်အတိုင်းအတာ တခုအရ စာရေးရင် ခင်မင်နေတဲ့ ဦးလေး တယောက်လို သဘောထားပြီး စိတ်ထဲ ရှိတာ ပွင့်ပွင့်လင်းလင်း ပြောတာပါ။
bigcat
June 20, 2011 at 12:47 am
သဂျီးရေ.. ရွာသားအသစ်တွေက ငြိမ်ငြိမ်မနေဘူး၊ အော်ဟစ်ပြီးဝင်လာကြတယ်။ သူတို့က မင်္ဂလာပါ ဆိုရင် ကျနော်တို့ကလည်း မာကလာပင် လုပ်ရပြန်ရော။ ဒီတော့ အသစ်ဝင်လာတိုင်း ရွာစောင့်နတ်ကနေ တန်ခိုးနဲ့ အလိုလို မှတ်ချက်ပေး ကြိုဆိုသမှုပြုရင် မကောင်းလား။ ရွာခံတွေက အပေါင်းလက္ခဏာပေးကြိုဆိုမယ်၊ ပေးလို့မရသူတွေကလည်း ဆန္ဒရှိရင် ထပ်ဆင့်မှတ်ချက်လေးတွေနဲ့ ကြိုဆိုကြပေါ့…..
MaMa
June 20, 2011 at 2:21 am
မင်္ဂလာပါနဲ့ မာလကာပင်ကြားထဲမှာ သဂျီးလည်း ဖွတ်ကလိဒင်္ဂါးတွေ အများကြီးထွက်ရတာ အားနာစရာတောင် ကောင်းနေပြီ။ ကိုကြောင်ကြီးကို ထောက်ခံပါတယ်။
weiwei
June 20, 2011 at 3:13 am
ဘယ်သူဘယ်ဝါ ကျားလားမလားတောင် မပြောပဲ မိတ်ဆက်တယ်ဆိုတာတော့ အဓိပါယ်မရှိဘူးလို့ ထင်တာပဲ …
etone
June 20, 2011 at 3:40 am
ကြိုဆိုပါတယ် ဘာညာမပြောလျှင်လည်း ဒီရွာက အပေါက်ဆိုးလှချည်လား ဖြစ်ဦးမယ် … ။ ဒီတော့လည်း သဂျီးပေးရတာ ကိုယ်ပေးရတာမှတ်လို့ … ပြောပလေ့စေ ။ 😛 😛
windtalker
June 20, 2011 at 5:38 am
သူကြီး ရေ ရွာထဲ ဝင်ခွင့်ပြု ချိန်ကို ထိန်းချုပ် လိုက်ပြီလား ဗျ ။ ရွာထဲ မှာ တစ်နာရီလောက် စာလိုက်ဖတ်ပြီး ကွန်မင့် ပေးမယ် လုပ်ရင် ပြန်ပြီး login လုပ် နေရတယ် ခင်ဗျ
ဆူး
June 20, 2011 at 7:33 am
ရွာသား အပေါင်းတို့ရေ..
စိတ်မပျက်ကြပါနဲ့.. ဒါက ဒီလို ရှိတယ် ဟိုဟာက ဟိုလို ရှိပါတယ်။
သဂျီးရဲ့ စေတနာ မေတ္တာတွေပါ..
အင်ဗိုက်တခု ၈ဝ နဲ့ လုပ်ဖို့ မှာကြားထားပါတယ်။
ထို့နောက်မှာတော့ မန်ဘာ အသစ်များ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။
သဂျီးရဲ့ လုပ်ရပ် အောင်မြင်တယ် ဆိုတာ ရွာသား အသစ်များ သက်သေ ထူနေကြတာ ဖြစ်ပါတယ်။
ဆူး
June 20, 2011 at 3:42 pm
ညာဘက်က Rank ဆိုတာလေးက ဘယ်လိုမျိုးခွဲထားလဲ မသိဘူး နည်းနည်း ပြောပြပါလား။
ဆူး
June 20, 2011 at 3:44 pm
အခုမှ သတိထားမိတယ်.. ဟိုနေ့က အထိတောင် ကြယ် တလုံးပဲ ရှိသေးတယ် အခု ၂လုံး ဖြစ်သွားပြီ။
ကိုယ့်ဟာကိုပဲ ဝမ်းမြောက်ကြောင်း တက်ရေးသွားသည်။
MaMa
June 21, 2011 at 3:01 am
ဆူးရေ- ကြယ်နှစ်လုံးတက်ကြောင်း သိရပါသဖြင့် ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ (တစ်သိန်းပြည့်လို့ မုန့်ဝယ်ကျွေးရင် မပါမှာစိုးလို့)
သဂျီးက မော်ဒရိတ်တာ ရာထူး အပ်နှင်းတာ ထင်တယ်။
weiwei
June 21, 2011 at 3:36 am
ဆူးရေ …. ကြယ်နှစ်လုံးအတွက် အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့အပ်ပါတယ် … ဒူဝေဝေ ……….
ဆူး
June 21, 2011 at 5:09 am
မော်ဒရိတ်တာ မယူထားပါဘူး။
ကွန်မန်းတွေ နဲ့ လေပေါလွန်းလို့ ကြယ်နှစ်လုံး ဖြစ်သွားတာပါ။
nature
June 21, 2011 at 11:58 am
ဆူးရေ တစ်သိန်းပြည့်ခါနီးလို့ ကြယ်၂ပွင့်ဖြစ်သွားတာ ထင်တယ်။
ဆူး
June 21, 2011 at 1:55 pm
မဟုတ်ပါဘူးကွယ်.. ကွန်မန်း အရေ အတွက်နဲ့ တိုက်ရိုက်အချိုးကျမယ် ထင်တယ်။ ကြယ် ၄လုံးက ကွန်မန်း ၁သောင်းကို အခြေခံ တွက်တာ ဖြစ်ပါလိမ့်မယ်