အလုပ်အကိုင် အခွင့်အလမ်း ဘာကြောင့် အားနည်းနေရသလဲ
ဒါကတော့ မနောတို့ဆီမှာ နောက်ပိုင်းဖြစ်လာတဲ့ သဘောလေးပါ။ အလုပ်အကိုင် အခွင့်အလမ်း နည်းတယ် ဆိုတဲ့နေရာမှာ တန်အောင် မပေးနိုင်တာ၊ တန်အောင် မရတာဆိုတဲ့ အချက်တွေလည်း ပါမယ်ထင်ပါတယ်။ အလုပ်ရှင်အနေနဲ့ ပေးနိုင်တဲ့ ပမာဏကလည်း နည်းသလို အလုပ်လုပ်မယ့် သူအတွက် ပြန်ရမယ့် Reward ကလည်း နည်းနေပါတယ်။ ဒါကြောင့် ပြည်တွင်းအလုပ်ဆို စိတ်မဝင်စားကြတော့ပဲ နိုင်ငံခြားထွက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ နိုင်ငံခြားမှာ ဘယ်လိုလုပ်မယ်၊ ဘာတွေတတ်မှ ဖြစ်မယ်ဆိုတာတွေ သိတဲ့သူတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ပေမယ့် မသိသူတွေ အတွက်ကြတော့ ဘယ်လို ပြင်ဆင်ရမှန်း မသိတော့ပဲ၊ ဟိုဟာကောင်းနိုးနိုး၊ ဒီဟာကောင်းနိုးနိုး အများတကာ အကြံပေးတဲ့အတိုင်း လိုက်လုပ်ကြပါတယ်။ ကိုယ့် Talent က ဘယ်နေရာမှန်း မသိပေမယ့် အဆင်ပြေတဲ့နေရာကို ဝင်တိုးကြရပါတယ်။ အဲဒီလို ဟိုနေရာ ဝင်တိုးလိုက်၊ ဒီနေရာ ဝင်တိုးလိုက်နဲ့ ယောင်သွားကြတဲ့ သူတွေလည်း မနည်းပါဘူး။ သူများတွေ AutoCAD ဆို လိုက် AutoCAD၊ သူများတွေ Graphic ဆို လိုက် Graphic ၊ အဲဒီလိုနဲ့ အခြေခံ အဆင့်က မတက်တော့ပါဘူး။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက သင်တန်းတွေ တက်နိုင်ကြပေမယ့် ပိုက်ဆံမတတ်နိုင်သူတွေကတော့ ကိုယ်ဘယ်လိုမှ မမျှော်မှန်းခဲ့တဲ့ လမ်းတွေကို ရွေးရပါတော့တယ်။ မနောတို့လို နိုင်ငံခြားကို မကူးနိုင်သေးတဲ့သူတွေကတော့ ရရာနေရာကနေ လောက်င မလောက်င ဝင်လုပ်နေရသေးတာပေါ့။ မလုပ်လို့လည်း မဖြစ်ဘူးလေ ဝမ်းစာက ရှိသေးတာကိုး။
အလုပ်အကိုင် အခွင့်အလမ်း အားနည်းခြင်း ဆိုတဲ့ အချက်ကတော့ နိုင်ငံတိုးတက်မှု အပေါ်မှာ တိုက်ရိုက် မှီခိုနေပါတယ်။ နိုင်ငံ တိုးတက်မှု ကောင်းလေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လေပါပဲ။ ခုလို Information Age မှာ နိုင်ငံတိုးတက်လာတယ်ဆိုရင် သတင်းအချက်အလက် နည်းပညာလည်း ကျွဲကူးရေပါ တိုးတက်လာတာပါပဲ။ အဲဒီလို တိုးတက်ပြီဆိုတာနဲ့ သတင်းအချက်အလက် နည်းပညာဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ပွင့်လာမှာပါ။ ဒီ အခြေအနေ ရောက်ရင်တော့ ငါ့အကိုကြီးက System Analyst၊ လစာ ဘယ်လောက်ရတယ်။ ငါ့ ဦးလေးက Game Developer၊ လစာက ရေလည် လန်းတယ်။ ငါ့ အမကတော့ Graphic Designer၊ လစာကတော့ မမေးနဲ့ ဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင် လူငယ်တွေအနေနဲ့ ကလေး ဘဝကတည်းက အားကျစရာ၊ အတုယူစရာတွေ ဖြစ်ပြီး ဘယ်လို လျှောက်လှမ်း ရမယ်ဆိုတဲ့ Guide Lines တွေလည်း ရလာမှာ ဖြစ်ပါတယ်။ ခု အခြေအနေမှာတော့ မမှီတဲ့ ပန်း တုံးခုလှမ်း ဆိုသလို နိုင်ငံခြားက စံနှုန်းတွေအတိုင်း လိုက်နေကြရပါတယ်။ လူစွမ်းကောင်းတွေကတော့ မိုးပျံပြီး မမှီတဲ့ပန်းကို ခူးနိုင်ပေမယ့် လူစွမ်းကောင်း မဟုတ်သူ တွေကတော့ ပန်းခြောက်လေးတွေ ကောက်ပြန် ဆိုသလို အလုပ်ဖြစ်တယ် ဆိုရုံလောက် သွားနေကြရပါတယ်။ ကဲ ဒီတော့ ရှေ့ဆက် ဘာလုပ်မလဲဆိုတာ ခေါင်းထဲ စဉ်းစားနေရုံနဲ့ မဖြစ်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါတော့တယ်။ မိတ်ဆွေကော ဘယ်လိုမြင်လဲ။
18 comments
nigimi77
February 4, 2011 at 11:59 am
Information Age ဆိုတာက Direct ရောက်နိုင်တာမဟုတ်ပါ။ အခြေခံ ကြားခံ အဆင့်တွေရှိပါတယ်။ နည်းပညာပိုင်းကို စိတ်ဝင်စားမှု အပိုင်းသာရှိနေတာ အားထုတ်မှု အပိုင်းကတော့ မနောပြောသလို ဘယ်သူကဘာဟေ့ဆို လိုက်ဘာကြတာ။ အကုန်လုံးကို မဆိုလိုပါ။ မြင်ဖူးသမျှကို လက်လှမ်းမီသလောက်ကိုပြောတာ။
System Analyst တို ့ Game Developer တို ့ Graphic Designer တို ့ ဆိုတဲ့ အလုပ်အကိုင်တွေက နာမည်လှတယ်။ ကျုပ် အမြင် ဒီနိုင်ငံရဲ ့နည်းပညာ အပေါ် စိတ်ဝင်စားမှုနဲ ့ ခြေလှမ်းက တမျိုးကြီးပဲလို ့မြင်တယ်။ ဝမရှိပဲ ဝိလုပ်နေသလိုပဲ။
အခြေခံ ကြားခံ အဆင့်တွေ ဘာမှ မရှိပဲ Information Age ဆိုတာက မြေသားခိုင်မာမှုကို မစစ်ဆေးပဲ အထပ်မြင့်တိုက်ကို ဆောက်နေတာနဲ ့တူပါတယ်။
the mandalay gazette
February 4, 2011 at 2:52 pm
ကျမအမြင်တော့ အလုပ်အကိုင်အခွင့်အလမ်းက မရှိဘူးတော့မဟုတ်ဘူး။ ဂျာနယ်တွေမှာ အလုပ်ခေါ်တာတွေ အများကြီးတွေ့နေပါတယ်။ အလုပ်ရှာသူတွေက အလုပ်ရှာခက်သလို အလုပ်ရှင်တွေဘက်ကလည်း တကယ့်လူတော်ရှာဖို့ခက်နေတယ်။ မြင်ရတာပြောတာနော်။ လိုချင်တာနဲ့ ပေးနိုင်တာ အံမဝင်ဘူးဖြစ်နေကြတော့ လွဲနေကြပြီး အခွင့်အလမ်းတွေ နည်းသွားရတာလိ်ု့မြင်တယ်။ တစ်ချိူ့ကြတော့လည်း အခွင့်အလမ်းတွေရှိနေပေမဲ့ မရှာနို်င်တော့ လွဲသွားရတာပေါ့။ သင်တန်းတွေတက်ထားနိုင်တာကောင်းပါတယ်။ ဒါပေမဲ့ လက်မှတ်တွေရပြီး တကယ်မတတ်သေးသူတွေလည်းရှိတော့ ကိုယ့်အရည်အချင်းကို သေချာဖော်ပြခွင့်ရမယ် ပြောပြ တင်ပြနိုင်မယ်ဆိုရင် သင့်တော်တဲ့အလုပ်တစ်ခုကတော့ စောင့်နေမှာပါ။ အချိန်နဲ့ သည်းခံမှုတော့လိုတာပေါ့နော်။ reward ပေးတာနည်းတာကတော့ ကိုယ့်စီးပွားကော တိုင်းပြည်စီးပွားပါတက်လာရင် ပိုဖြစ်လာမယ်ထင်တယ်။
ဘာပဲဖြစ်ဖြစ် အားမလျှော့ပါနဲ့ ။ ဆက်ကျိူးစားနေပါ။ ကိုယ့်နိုင်ငံ အတွင်းမှာလည်း အခွင့်အရေးတွေရှိပါတယ်။ ကိုယ့်ကျိူးစားမှုနဲ့ အားထုတ်မှုက ကိုယ့်ကံကောင်းတွေကို ခေါ်ဆောင်လာမှာပါ လို့ အားပေးချင်ပါတယ်။
naywoonni
February 4, 2011 at 3:09 pm
အဲဒါတော့ ဒီလိုရှိပါတယ် nigimi77 ရယ်…. ဒီဟာက တော့ ဟိုလိုပေါ့။ ဟုတ်တယ်ဗျ.. အောက်ခြေမခိုင်ပဲ ဆောက်နေတဲ့ အိမ်လိုပဲ ကျွန်တော်လည်း စောင့်ကြည့်နေတာ ပြောဖူးတယ်။ အောက်ခြေခိုင်ဖို့ ငါးနှစ် ဆယ်နှစ်လုပ်ရဦးမယ်။ နို့မို့ကတော့ မအောင်မြင်နိုင်သေးဘူး။ အောက်ခြေခိုင်ဖို့ဆိုတာ ခြတက်နေတာတွေ အပျက်တွေ ပြင်ဖို့ပါလိုတာ။ ဒီ မျိုးဆက်မှာတော့ အသီးအပွင့် စားသုံးဖို့ မမျှော်လင့်နဲ့ဦး။
ဆူး
February 4, 2011 at 3:24 pm
အလုပ်ရှာတဲ့ လူဘက်က အလုပ်ရှားသလို အလုပ်ခေါ်တဲ့ လူဘက်ကလည်း လူကောင်း ကို လိုချင်ပါတယ်။ စစပေးပေးချင်း လစာ နည်းတာ ဘာညာ နဲ့ ဂျီးများကြတယ်။ လစာ နည်းတာ ကို သည်းခံ လုပ်နိုင်ရင် အချိန်တခုက နေရာတခုပေးပြီး ကြိုးစားမှုပေါ်မူတည်ပြီး တိုးသွားနိုင်ပါတယ်။ အလုပ်ပေါ် စေတနာ နည်းသူတွေ တော်တော် များများ တွေ့ရပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ လူတွေက လုပ်ခ ပိုရသော်လည်း ရတာနဲ့ တန်အောင် မခိုမကပ်ဘဲ လုပ်ရတာမျိုး အဲဒီ အချက်တွေကြောင့် ဖြစ်မယ် ထင်ပါတယ်။ ဒီမှာက လစာနည်းတယ် သာ အော်နေကြတာ အလုပ် အပေါ် စေတနာ နည်းတာတွေ အများကြီး တွေ့ရပါတယ်။
သူများ အလုပ်ကို လုပ်နေပေမဲ့ ကိုယ့်အလုပ်လို သဘောထားပြီး စေတနာ ထားလုပ်ရင် နောင်တချိန် ကိုယ်တိုင် သူဌေး ဖြစ်လာမလား ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ပေါ့ပျက်ပျက် ဘဝကို ဖြတ်သန်းပြီး အချောင်နေရင်တော့ အလုပ်ရှင်လည်း သဘောမကျသလို ကိုယ်တိုင်လည်း အလုပ်သမား ဘဝက နေ တိုးတက်လာမယ် မထင်ပါဘူး။ မြန်မာပြည်မှာ ဆင်းရဲသားတွေကနေ လူချမ်းသာ သူဌေးကြိးတွေ အများကြိးပါ။ ကိုယ်တိုင် ကြိုးစား အားထုတ်မှုတွေရဲ့ ရလဒ်တွေ ကိုင်ဆောင်ပြီး အောင်မြင်နေသူတွေ အများကြိး ရှိပါတယ်။ ကံသည် အလုပ်ဖြစ်ပါသည်။
kai
February 4, 2011 at 10:48 pm
ဆူးမမကြည့်ရတာ.. အလုပ်ရှင်ဖက်က တအားပြောတာပဲ..။
ဘူဇွာပေါက်စဖြစ်ရမယ်..။
ပစ္စည်းမဲ့ဒေါသနဲ့ ပညာတတ်ဉာဉ်ထည့်ပြိး ..စိတ်ရှိလက်ရှိ… ဖေါက်ကွဲလိုက်ရင်တော့လား..
ဂလုံ၊ ဂွမ်.. 🙂
(ပုဂံဆေးပေးမလို့ပါ..)
bigcat
February 5, 2011 at 7:16 am
မှန်ပါတယ်။ ဘူဇွာကို ပြောင်းပြန်ပြန်လိုက်ရင် ဘွာဆူ၊ ပိုမိုလေးနက်အောင် ဝစ်စနှစ်လုံးပေါက် ဖြည့်လိုက်တော့ ဘွားဆူး။
nyimalay
February 5, 2011 at 4:50 am
မဆူးပြောသလို အလုပ်မှာစေတနာထားလုပ်ရမယ် ဆိုတာမှန်ပါတယ်….. ဒါပေမယ့် တချို့အလုပ်တွေက စေတနာထားဖို့မကောင်းတာတွေလည်းရှိပါတယ်…. ဘာလို့လည်းဆိုရင် ဝန်ထမ်းချင်းအတူတူ လစာအရမ်းကွားပေးထားတယ်…. လုပ်ကိုင်ရတဲ့နေရာမှာလည်း အလုပ်ရှုပ်ပုံခြင်းမတူတဲ့အခါမှာ လူတွေရဲ့စိတ်ထဲမှာ စေတနာထားချင်စိတ်ကုန်သွားနိုင်တယ် ဆိုတာကို နားလည်သင့်တယ်လို့ထင်ပါတယ်….အဆင့်အတန်း ခွဲခြားထားမယ်…. အခွင့်အလမ်း ခွဲခြားထားမယ်ဆိုရင် ခံစားရတဲ့ သူတွေရဲ့ စိတ်မှာ ဒဏ်ရာရသွားမယ်…. ရလာတဲ့ခံစားမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလာနိုင်တော့ဘူး ….. လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိမှ အောင်မြင်မယ်လို့ပိစိကွေးကတော့ ခံယူထားတယ်…. ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတော့ဘူးဆိုရင် ဘယ်လိုမှဆက်လုပ်ဖို့ကမဖြစ်တော့ဘူးလေ….. ဒီတော့ အဲ့ဒီလိုခွဲခြားမှုမျိုးဘယ်သူ့ကိုမှ မခံစားစေချင်တာတော့အမှန်ပဲ…. ပိစိကွေးသာသူဌေးဖြစ်ရင် လုပ်ချင်တာတွေအများကြီးရယ်…. ခုတော့ မလုပ်နိုင်သေးဘူးပေါ့ ကိုယ်တောင် အလုပ်ရှိပေမယ့် မိဘဆီက လက်ဖြန့်နေရတုန်းဆိုတော့လေ………. 🙂
ကြုံတွေ့နေရတာတွေကို မြင်ရတော့ စိတ်ထဲမှာ ကို်ယ်ပါခံစားရတယ်…… ပိစိကွေးကတော့ လူတိုင်းကိုကိုယ်ချင်းစာပြီးမှ ခိုင်းတယ် … ပြောတယ်… သူ့နေရာမှာငါဆိုရင်ဆိုတဲ့စိတ်ကို အမြဲစိတ်ထဲထည့်ထားတယ်…. လူတိုင်းသာဒီလိုဖြစ်မယ်ဆိုရင် ဘယ်သူတွေဘယ်လိုမကောင်းကောင်း ကိုယ့်ပါတ်ဝန်းကျင်ကလူတွေတော့ကောင်းသွားနိုင်တယ်လို့ ထင်ပါတယ်……
eros
February 5, 2011 at 11:23 am
ပြောရရင် လစာကိစ္စပဲ။ လစာနည်းတော့ motivation နည်းလာတယ်။ ဝန်ထမ်းတွေ အလုပ်သမားတွေ ရဲ့ ရင်ထဲမှာက ပင်ပင်ပန်းပန်းလုပ်လိုက်ရတာ လစာကြတော့နည်းနည်းလေးပဲ။ လူတိုင်းကတော့ ကိုယ်လုပ်တဲ့ အလုပ် က အလုပ်ရှင်တွေအတွက် ဘယ်လောက် အကျိုးအမြတ်ရှိလဲ အနည်းအများသိတာပဲ။ ဝန်ထမ်းတွေလစာကို ၁သောင်း၊၂သောင်းလောက် တိုးပေးဖို့ ကျရင် ပြန်ပြောပုံက အဲဒီလိုဆိုရင် ဒေဝါလီအခုချက်ချင်းခံလိုက်ရတော့မလို။ အဲသူတို့ကျတော့ ကားကိုထည်လဲစီး၊ နိုင်ငံခြား shopping ထွက်၊ dinner တက်၊ KTV, Massage သွားနဲ့။ ကြာတော့ဝန်ထမ်း၊အလုပ်သမားက ပင်ပင်ပန်းပန်းစေတနာ ထည့်လုပ်လဲဒါကဒါပဲဆိုပြီး အလုပ်ဖြစ်ရုံလောက်လေး လုပ်။ ချာလပတ်လည်နေတာပဲပေါ့။ ကိုယ့်ဝန်ထမ်းက ကိုယ်ပေးတဲ့ လစာနဲ့ လောက်ငှလား၊ မလောက်ငှလား မစဉ်းစား၊ ခိုင်းလို့ ရသလို နွားလိုခိုင်းတာပဲ။ အပိုဆုအပြစ်ပြောတယ် ကိုယ်အလုပ် မဟုတ်တဲ့မအတိုင်းလုပ်တယ်၊ စေတနာမပါဘူးပေါ့ဗျာ။ ပြည်ပရောက် နေတဲ့ ရွှေတွေဘာလို့ အလုပ်ကြိုးစားလဲ တွေးဖို့သင့်တယ်။
manawphyulay
February 5, 2011 at 11:38 am
ဒီကော့မန့်တွေဖတ်ကြည့်တော့ မနောအတွက် ဘယ်သူတွေက ဘယ်လိုနေရာမှာ ရောက်နေတယ်ဆိုတာ ခွဲခြားသိရှိနေသလို ခံစားရမိပါတယ်။ လုပ်ငန်းပိုင်ရှင်တွေ၊ ဝန်ထမ်းတွေ နောက် စီးပွားရေးသမားတွေ အင်း ကိုယ်ရောက်နေတဲ့နေရာကနေ ပြောဆိုနေကြတာဆိုတော့ အတော်ဝမ်းသာမိပါတယ်။ လုပ်ငန်းရှင်ကလည်း လုပ်ငန်းရှင်အလျောက် ဝန်ထမ်းတွေရဲ့ ခံစားချက်ကို နည်းနည်းနားလည်ပေးလိုက်ရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်နော်……
eros
February 5, 2011 at 12:32 pm
နောက်တခုဖွလိုက်ဦးမယ်။ မြန်မာများ သက်ဦးဆံပိုင်စနစ် သိပ်ကြိုက်တာဗျ။ ဝန်ထမ်းကဝန်ထမ်းပဲ။ ရာထူးတိုးဖို့မရှိဘူး။ ဘာလို့လဲဆိုတော့ ရာထူးကြီးတွေက မိသားစုဝင်နဲ့ ဆွေမျိုးတွေကယူထားလို့လေ။ တတ်လို့ ယူထားတာဆိုရင်ဟုတ်သေးတယ်။ ဘာမှလည်းဟုတ်တိပတ်တိမတက်ဘဲနဲ့ အောက်ကသူ့ထက်တတ်တဲ့သူကိုဆရာလုပ်နေတာ၊ နောက်သူလုပ်တာက တလွဲတွေပဲ။ပြီးရင် အလုပ်နဲ့မဆိုင်တာတွေ၊ အိမ်အလုပ်တွေခိုင်းတာ၊ ဘယ့်နှယ်ဗျာ ကျွန်ကျနေတာပဲ။
manawphyulay
February 5, 2011 at 12:51 pm
ရာထူးတိုးဖို့ နေနေသာသာ လစာဆိုတာ ဝေလာဝေးပဲ တစ်နှစ်လာလည်း ဒီလစာ၊ နောက်နှစ်လလည်း ဒီလစာ ကုန်ဈေးနှုန်းသာ တက်ရင်တက်မယ် လစာကတော့ တက်ဖို့မရှိဘူး။ စိတ်မကူးနဲ့ မလုပ်ချင်ထွက်။ အလုပ်ပျက်ရင် လာထား လစာဖြတ်မယ် ဒါပဲ။
eros
February 5, 2011 at 1:09 pm
အဲဒီတော့ ဘယ်စေတနာပါနိုင်တော့မလဲ။ လက်ရဲဇက်ရဲရှိရင် အလွဲသုံးစားမှုတွေ ဖြစ်လာနိုင်တယ်။ အခု weekly eleven မှာပါတဲ့ သတင်းတွေဖတ်ကြည့် လူလတ်တန်းစားနည်းလာလို့ supermarket တွေလုပ်စားလို့ မကောင်းတော့ဘူးတဲ့။ ကိုယ့်ရှုးကိုယ်ပတ်တော့မယ်။ ကုန်ဈေးနှုန်းကတက် လစာကမတက် လူတွေကမသုံးနိုင်နဲ့ ငွေလည်ပတ်စီးဆင်းမှုမကောင်းတော့ဘူးပေါ့။ စီးပွားရေးမှာ domestic consume ကလည်းအရေးပါတယ်။
eros
February 5, 2011 at 1:23 pm
http://www.news-eleven.com/index.php?option=com_content&view=article&id=7016:2011-02-02-08-07-04&catid=82:2009-11-13-06-14-24&Itemid=157
kopauk mandalay
February 5, 2011 at 4:30 pm
ကျွန်တော်ရဲ့အလုပ်နဲ့ပါတ်သက်တဲ့စိတ်က ရှင်းရှင်းလေးပါ။
ကိုယ်ဘက်ကလဲ စေတနာထားလို့ ကောင်းကောင်းလုပ်ပေးမယ်။
အဲလိုလုပ်ပေးတာကို မသိတတ်နဲ့အလုပ်ရှင်မျုးိနဲ့ ကြုံတယ်ဆိုရင်တော့
တော်ကီတွေပွားမနေတော့ပါဘူး အဲဒီနေရာကိုစွန့်ခွာမယ်။
ပေကပ်ပြီးတော့ လဲမနေဘူး။
အဲဒီအလုပ်ထဲမှာလဲ လျှောက်ပွားမနေတော့ဘူး။
နောက် ကိုယ့်နို်င်ငံမှာဘဲနေပြီး သူများခိုင်းတာခံချင်ခံမယ်
သူများနိုင်ငံမှာတော့ သွားအခိုင်းမခံတော့ဘူး။
သူများနိုင်ငံထွက်ဘို့ လိုတဲ့ပိုက်ဆံနဲ့ဆိုရင် ဒီနိုင်ငံမှာတစ်နိုင်တော့လုပ်စားလို့ရလောက်တယ်။
အလုပ်သိပ်မရွေးဘူးဆိုရင်ပေါ့။
ဒါကျနော်အမြင်ဆိုတော့ သူများနဲ့တူချင်မှလဲတူမှာပေါ့နော်။
မှန်တယ်လို့တော့လဲ တစ်ဘက်သတ်မပြောလိုပါဘူး။
bigcat
February 5, 2011 at 4:45 pm
ကျုပ်တို့ကတော့ အလုပ်သမားမိုလို့ အဖိနှိပ်ခံတွေဖက်ကပဲနာတယ်၊ eros ပြောသလို သူဌေးတွေကြတော့ သုံးဖြုန်းပျော်ပါးနေပြီး အလုပ်သမားတွေကတော့ နင်းပြာဘဝက တက်တာနဲတယ်။ သူတော့ပြောလေ့ရှိတာဘာတဲ့.. ရေမြင့်ရင်ကြာတင်မှာပေါ့တော့။ သူတို့ပြောတဲ့ကန်က သမုဒ္ဒရာလောက်ကျယ်လို့ ဘယ်တော့မှမပြည့်နို်င်ဘူး။ တချို့ကြတော့ လှူပြတန်းပြပါလိမ့်မယ်၊ သူတို့လှူတန်းနိုင်အောင် လုပ်ပေးရတဲ့ အလုပ်သမား၊ မိသားစုဝင်တွေကြတော့ လှူရကောင်းမှန်းမသိဘူး။ အော်မြင်ချမ်းသာသွားတဲ့ လုပ်ငန်းရှင်များ သုံးဖြုန်းပျော်ပါးကြသလို တဖက်ကလည်း အလုပ်သမားဝန်ထမ်းမိသားစုများရဲ့ ပညာရေး ကျန်းမာရေး လူမှုစီးပွားရေးတွေကို စနစ်တကျ စောင့်ရှောက်ပေးဖို့သင့်တယ်။ မြန်မာပြည်မှာ ဘီလျံနာသူဌေးတွေ ရာနဲ့ချီနေပြီ၊ သူတို့က စံပြမဦးဆောင်ရင် ဘယ်တော့မှဖြစ်မလားဘူး။ သူဌေးတချို့တွေ့ဖူးတယ်၊ အလုပ်သမားဝန်ထမ်းတွေဆီက လစာတချို့ဖြတ်ပြီး ပင်စင်ရံပုံငွေ လုပ်ပေးသလိုနဲ့ အလုပ်မထွက်အောင် စရံငွေသဘောမျိုး ကိုင်ထားတယ်။ အလုပ်ထွက်မယ်ဆိုရင် သူဌေးဖက်က အနိုင်ပေါ့။ တော်ပြီ ဆက်မပြောတော့ဘူး၊ တော်ကြာနေ ကိုယ်သူဌေးဖြစ်မှ ကိုယ်ရှုးကိုယ်ပြန်ပက်နေအုံးမယ်။
nyimalay
February 6, 2011 at 11:38 am
ဦးကြောင်ကြီးသူဌေးဖြစ်ရင် ပိစိကွေးကို စက္ကထရီ ခန့်နော်….. 😛
ခုကတည်းကကြိုလျှောက်ထားပါတယ်………….. 🙂
manawphyulay
February 6, 2011 at 11:59 am
ဦးကြောင်ကြီး သူဌေးဖြစ်တဲ့အခါ သူဌေးဆိုတဲ့ စိတ်က အလိုလိုဝင်သွားမှာ ဖြစ်တဲ့အတွက် ဘူစွာလူတန်းစားတွေရဲ့ အတွေးအမြင်ကို မြင်လာဆိုတော့ ကွေးကွေးရေ လုပ်ဖို့ မလုပ်ဖို့ ခုကတည်းက စဉ်းစားသင့်တယ်နော်…..:P
nyimalay
February 6, 2011 at 1:55 pm
မမ မနောပြောပြ စဉ်းစားမိတော့တယ်……..
ဦးကြောင်ကြီး အလုပ်ခန့်မယ်ဆိုရင် အလုပ်ရှင်ကို အရင်အင်တာဗျူးရမယ်…. 🙂
ပြီးမှ ပိစိကွေးစိတ်တိုင်းကျမှ အလုပ်လုပ်မယ်မလုပ်ဘူး အကြောင်းပြန်မယ်… 😛