သူငယ်ချင်းများသို့…

ဘဝခရီးကြမ်း

ငါတစ်ယောက်တည်း

လျှောက်လှမ်းချိန်

အတိတ်က သူငယ်ချင်းဘဝ

ပြန်တမ်းတမိတယ်…။

အသာအနာမပါဘဲ

ဖြူစင်စွာ ခင်မင်ခဲ့တာ၊

ခံစားချက်တွေ ရင်ဖွင့်လို့

ပွင့်လင်းစွာ တိုင်ပင်ခဲ့တာ၊

ဘယ်အခါဆုံဆုံ

မကုန်နိုင်တဲ့ စကားတွေနဲ့

ကြုံသမျှကို ပြောပြခဲ့တာ၊

(အခုတော့…)

ဒါတွေအားလုံးကို

ငါတို့ ဆုံးရှုံးခဲ့ပြီနော်…။

ပတ်ဝန်းကျင်ရဲ့ဒဏ်

ငါတို့ရဲ့ကံတွေက

ကွဲကွာခြင်းဆိုတဲ့ လမ်းကို

ပို့ပေးလိုက်တယ်လေ…။

သူငယ်ချင်းတို့ရယ်…

ကျောင်းပိတ်ချိန်တောင်

ပြန်မဆုံနိုင်အောင်

ငါတို့ရဲ့ရေစက်က

ကုန်ဆုံးသွားခဲ့ပြီလား…။

အတူတူထိုင်ခဲ့တဲ့ Cupid ဆိုင်

အားတိုင်းသွားခဲ့တဲ့ ဒေးဒရဲတံတား

ပျော်ရွှင်စွာလှမ်းခဲ့တဲ့ ပေါ်တော်မူလမ်း

အလွမ်းပြေ ငါသွားရင်း

နင်တို့တွေကို တမ်းတမိတယ်…။

ငါ့ဆုတောင်းသာ ပြည့်မယ်ဆိုရင်

အရင်ကဘဝ

ခဏဖြစ်ဖြစ် ပြန်ရပါစေလို့

လေးနက်စွာ ဆုတောင်းရင်း…။ ။

8 comments

  • aemoshu

    February 4, 2011 at 10:16 am

    အဲ့ဒါလောကဒဏ်ဆိုတာဖြစ်မယ်နဲ့တူတယ်။ ဒါပေမယ့်ဆန်ဒသိပ်ပြင်းထန်လွန်းရင် တခါတလေ မှာအောင်မြင်တတ်ပါတယ်။

  • ဆူး

    February 4, 2011 at 2:25 pm

    အရမ်းလွမ်းနေတယ် ထင်တယ်။
    အတိတ်ဆိုတာ ပြန်မရနိုင်တာ ထုံးစံပါဘဲ။
    အချိန်ဆိုတဲ့ အရာကြီးက လူတွေကို အသက်တွေ ကြီးစေသလို အတွေးအခေါ်တွေ အသိပညာတွေ အတတ်ပညာတွေ မတူညီအောင် ပြောင်းလဲစေတယ်။
    လူတွေကလည်း ကလေးဘဝနဲ့ ရပ်ပြီး ဘယ်သူမှ တသက်လုံး မနေချင်ကြဘူး။
    လောကဆိုတဲ့ အရာက လိုက်မဆုံးအောင် အမြဲ ရှေ့က ပြေးနေကြတာပါဘဲ။
    အားမလျော့နဲ့ အားတင်းထားပါ။

  • naywoonni

    February 4, 2011 at 2:31 pm

    အတိတ်ဆိုတာကို ပြန်တမ်းတနေတာထက် အခုလက်ရှိတဲ့ကောင်းတဲ့ သာလွန်မြင့်မြတ်တဲ့ နေရာတစ်နေရာ ရဖို့ စိတ်ကူးပြီး ကြီုးစားနေတာက ပိုပြိး သင့်တော်လိမ့်မယ်လို့ထင်ပါတယ်။

  • mzm

    August 12, 2011 at 11:57 am

    ဘဝနဲ့ဆန္ဒတစ်ထပ်ထဲကျဖို့ဆိုတာ အစိုးရထီထိုးရတာနဲ့ဘာမှမခြားပါဘူး
    မိုးများပင်ထန်သော်လည်းကန်တိုင်းကပေါက်ချင်မှပေါက်တာလေ အရှိကိုအရှိတိုင်းလက်ခံတာအကောင်းပါ။

  • manawphyulay

    August 12, 2011 at 1:00 pm

    ခဏတာတွေ့
    ဘဝတစ်ကွေ့ဝယ်
    မမေ့တတ်တဲ့ သူငယ်ချင်းကိုမြင့်
    မင်းရဲ့ဘဝမှာ
    သတိတရ ရှိမှာလား…….

  • manawphyulay

    August 12, 2011 at 1:02 pm

    ခဏတာတွေ့
    ဘဝတစ်ကွေ့ဝယ်
    မမေ့တတ်တဲ့ သူငယ်ချင်းကိုဖြင့်
    မင်းရဲ့ဘဝမှာ
    သတိတရ ရှိမှာလား…….

  • Mee2

    August 12, 2011 at 1:33 pm

    အချိန်ရှိတိုင်းသတိရတတ်တာ ဇာတိမွေးရပ်မြေက မိဘတွေ သူငယ်ချင်းတွေ တက်ခဲ့ဖူးတဲ့စာသင်ကျောင်းကြီးရယ်။အားလုံးဟာ တရွေ ့ရွေ ့နဲ ့အိုမင်းခြင်းကို ရင်ဆိုင်နေကြရတာပေါ့။ငါလဲ တရက်ထက်တရက် အသက်တွေကြီးလာပီ ။ဘာတခုမှ အသုံးကျအောင်ငါလုပ်မပေးနိုင်သေးပါလား။လူသားတွေအတွက် ငါ့မိသားစု သူငယ်ချင်းတွေအတွက် အုတ်တချပ်သဲတပွင့်ဖြစ်ချင်လိုက်တာ။တရက်တရက် ငါ့အပူလုံးထဲကငါ ရုန်းမထွက်နိုင်သေးပါလားနော်

  • etone

    August 12, 2011 at 2:35 pm

    တို ့ကတော့ သူငယ်ချင်းနဲ့ ပတ်သတ်တဲ့ ဖီလင် သိပ်မရှိဘူး … ။ ကျောင်းလည်းပျင်းခဲ့တာကို း … 😛

Leave a Reply