Happy Myanmar New Year (နှစ်သစ်ဆုတောင်း)

mnoeApril 17, 20111min112

အားလုံး မင်္ဂလာပါရှင် …

မင်္ဂလာရှိသော ဒီမြန်မာနှစ်သစ်ကူးမှစ၍ Mandalay Gazette အဖွဲ့သားများမှစပြီး မြန်မာသူ မြန်မာသား အားလုံး၊ ကမာ္ဘသူ ကမာ္ဘသားအားလုံး၊ ဘေးအန္တရာယ်တွေကင်းဝေးကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ကောင်းကျိူးလိုအင်ဆန္ဒလေးများ ပြည့်ဝကြပါစေလို။့

ဒီနေ့ ဘုရားမှာ တိုးဝှေ့ ရိုက်ခဲ့တဲ့  ပုံလေးတစ်ချိူ့ ဝေမျှလိုက်ပါတယ်။ မနက် ၆နာရီမှာကို ဘုရားဖူးတွေ တိုးမပေါက်ဖြစ်နေခဲ

6 comments

  • shwepyithu

    April 17, 2011 at 12:10 pm

    ဓာတ်ပုံလေးတွေ တင်ပေးဖို့ ကြိုးစားပေမဲ့ IO Error ပဲဖြစ်နေလို့ ရသလောက်ပဲ တင်ပေးလိုက်ပါတယ်။ ပို့စ်ကလဲရေးနေကြမဟုတ်တော့ သိ်ပ်မလုပ်တတ်ဘူး။ ဖတ်ရအဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွှတ်ပေးကြပါနော်။ နတ်ကလဲနှေး မီးကလဲပျက်နဲ့ မို့ စိတ်လျှော့လိုက်ပါပြီ။ အချိန်ပေးလာဖတ်တာ ကျေးဇူးပါနော်။ အားလုံးကျန်းမာ ရွှင်လန်းကြပါစေ။

    • zoe

      April 17, 2011 at 3:41 pm

      shwepyithu လည်း နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ ပါ စေ ။

  • ဆူး

    April 17, 2011 at 12:31 pm

    မနက်က သတင်းမှာ ကြားလိုက်တယ် ကမာ္ဘအေးဘုရားမှာ ငါးသားပေါက် လွတ်ငါးလေးတွေ ရောင်းနေတယ်တဲ့.. တနှစ်ကို ပျမ်းမျှ ငါး အကောင် ၃သိန်းလောက် ရောင်းရတယ်လို့ သတင်းထဲမှာ ကြေညာသွားတယ်။
    ငယ်ငယ်ကတော့ ဘုရားတွေကို ဒီအချိန်သွားပေမဲ့ အသက်ကြီးလာတော့ ဘုရား ကို လူရှင်းတဲ့အချိန်ဘဲ သွားချင်တော့တယ်။
    ဘုရားလူကျပ်တဲ့နေ့ဆိုရင် ဘုရားမသွားဘဲ အိမ်ကဘဲ အာရုံပြုတာ များတယ်။
    အခုလို တင်ပေးတော့ ပုံတွေ ကြည့်ရတာပေါ့။
    ကျေးဇူးတင်ပါတယ်။

    • eros

      April 17, 2011 at 2:51 pm

      ဇရာကထောက်လာတော့ ဘွားဆူး လူမတိုးနိုင်တော့ဘူး။ ကျွန်တော်ကတော့ အခုတင်ဘုရားကပြန်လာတာ ဓာတ်ပုံတွေရိုက်ခဲ့တယ်။

  • ဆူး

    April 17, 2011 at 3:26 pm

    ဟုတ်ပါပြီ ဦးလေး ရယ်..
    ဘုရား သွားတဲ့ နေ့ အကြောင်း ပိုစ်တင်မှဘဲ..

  • MaMa

    April 18, 2011 at 3:14 am

    လူတိုင်း ငွေမကုန်ပဲ ပြုနိုင်တဲ့ ဇီဝိတဒါနလေးတစ်ခု နှစ်သစ်ကူးလက်ဆောင် ပေးချင်ပါတယ်။ ခြင်ကိုက်ခံရရင် မသတ်ပစ်ပဲ ပုတ်ထုတ် မောင်းထုတ်တာလည်း ဇီဝိတဒါနပဲလို့ သူငယ်ချင်းတစ်ယောက်စီက ကြားခဲ့ရပါတယ်။

Comments are closed.