ဒီဇင်ဘာအတွက် ရ ရက်သားသမီးဟောစာတမ်း

kaiDecember 15, 20091min640

တနင်္ဂနွေသားသမီး
ကျန်းမာရေး။   ။ကျန်းမာရေးသင့်တင့်ကောင်းမွန်နေတတ်သော်လည်း မျက်စိဆိုင်ရာရောဂါ၊ အသည်းနှင့် အစာအိမ်ရောဂါများ ဆက်လက် ဂရုစိုက်ပေးရန်လိုလိမ့်ဦးမည်။ အဆင် မသင့်လျှင် အသေးစားခွဲစိတ်ကုသခံရမှု ရှိလာနိုင်ပါသည်။
ပညာရေး။   ။ပညာရေးဇာတာ နိမ့်နေဆဲပင် ဖြစ်လိမ့်မည်။ အခက်အခဲ အနှောင့်အယှက်များ၊ ကြုံတွေ့ရတတ်မည်။ စိတ်လွတ်ကိုယ်လွတ်နေထိုင်ခြင်းမျိုး ရှောင်ကြဉ်ပြီး ကြိုးစား ကျက်မှတ်ပေးပါ။ ၁၉ ရက်ကျော်လျှင် ဇာတာမြင့်တက်လာကိန်း ရှိပါသည်။
စီးပွားရေး။   ။ဝင်ငွေအမြတ်အစွန်း ရပေါက်ရလမ်းများ ပေါ်ပေါက်ရရှိတတ်လိမ့်မည်။ ၁၉ ရက်နောက်ပိုင်းတွင် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရကိန်းရှိသည်။ မိမိ၏ အတွေးအထင်နှင့် ဆုံးဖြတ်ချက်များပါ အမှန်များလာတတ်လိမ့်မည်။ အိမ်မြေယာဉ်ဆိုင်ရာကိစ္စများ ၂၂ ရက်ကျော်မှ ဆောင်ရွက်သင့်ပါသည်။
အိမ်ထောင်ရေး။   ။အချစ်ရေးကိစ္စများ ၁၉ ရက်ကျော်မှ ဆောင်ရွက်ပါ။ တဖြည်းဖြည်း အဆင်ပြေလာကိန်း ရှိနေပါသည်။ အိမ်ထောင်ပြုလိုသူများ ၂၂ ရက်ကျော်မှ ပြုလျှင် ပို၍ အဆင်ချောတတ်လိမ့်မည်။ သားကြီးသမီးကြီး ရှိသူများ သားသမီးအကျိုး ခံစားရပါလိမ့်မည်။
အဆောင်ယတြာ –  သတ္တိရှိရှိနှင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်ပါ။
တနင်္လာသားသမီး
ကျန်းမာရေး။   ။၂၁ ရက်နောက်ပိုင်းတွင် အစားအသောက် စုံလွန်း၍ ရောဂါထူပြောလာတတ် လိမ့်မည်။ အစာအဆိပ်သင့်မှု ရှိနိုင်သည်ကို သတိရှိရန်လိုလိမ့်မည်။ အချဉ် အစပ် အပူများ တတ်နိုင်သမျှ လျှော့စားသင့်ပါသည်။
ပညာရေး။   ။ပညာရေးကိစ္စများ အဆင်ပြေမှု နည်းပါးနေတတ်လိမ့်မည်။ ဆရာ သမားကောင်းတို့၏ စကားကို မြေဝယ်မကျ နားထောင် လိုက်နာ ကျင့်သုံး သင့်သောကာလ ဖြစ်ပါသည်။ စိတ်လိုက်မာန်ပါ လျှောက်မလုပ်သင့်ပါ။
စီးပွားရေး။   ။ကိုယ်ပိုင်အလုပ် လုပ်သူများသာ အဆင်ပြေအောင်မြင်တတ်ပြီး ကုမ္ပဏီအလုပ်၊ ဝန်ထမ်းအလုပ် လုပ်နေသူများ ထင်တိုင်းမပေါက် ဖြစ်နေတတ်လိမ့်မည်။ ၁၉ ရက်ကျော်လျှင် အလုပ်အကိုင် အပြောင်းအလဲ၊ အပြောင်းအရွှေ့ စသည် ဖြစ်ပေါ်လာနိုင်ပါသည်။
အိမ်ထောင်ရေး။   ။အချစ်ရေးကိစ္စများ မဆောင်ရွက်သင့်သေးသောလပိုင်း ဖြစ်သည်။ မျှော်လင့် သလို ဖြစ်မလာတတ်ဘဲ အငြင်းပယ်ခံရကိန်း ရှိနေပါသည်။ အိမ်ထောင် ပြုလိုသူများ ၁၆ ရက်မတိုင်မီ ပြုသင့်ပါသည်။ သားသမီးများ ကျန်းမာရေး ဂရုစိုက်ပေးရန် လိုလိမ့်မည်။
အဆောင်ယတြာ။   ။သက်ကြီးဝါကြီးများထံမှ အကြံÓဏ် ရယူဆောင်ရွက်ပါ။
အင်္ဂါသားသမီး
ကျန်းမာရေး။   ။၂၂ ရက်နေ့အထိ ကျန်းမာရေး ချူချာနေတတ်လိမ့်မည်။ နောက်ပိုင်းတွင် အနည်းငယ် တိုးတက်ကောင်းမွန်လာတတ်လိမ့်မည်။ အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲတတ်မည်။ ဒဏ်ကြေဆေး ဆောင်ထားပါ။
ပညာရေး။   ။၁၉ ရက်နောက်ပိုင်းတွင် ပညာရေး သိသိသာသာတိုးတက်ကောင်းမွန်လာကိန်း ရှိသည်။ ဆရာသမားများထံမှ ကူညီပံ့ပိုးမှုများ ရတတ်လိမ့်မည်။ စိတ်ဓာတ် အင်အား တက်လိုက် ကျလိုက် ဖြစ်နေလိမ့်မည်။ ထိန်းပေးသင့်ပါသည်။
စီးပွားရေး။   ။အပြိုင်အဆိုင်များ၊ အခက်အခဲများကြားမှ ဝင်ငွေအမြတ်အစွန်းများ ရလာတတ် လိမ့်မည်။ ၁၉ ရက်ကျော်လျှင် စီးပွားရေးအခွင့်အလမ်းကောင်းများ ပေါ်ပေါက် ရရှိတတ်လိမ့်မည်။ ကုမ္မဏီဆိုင်ရာကိစ္စများ ၂၁ ရက်ကျော်မှ အဆင်ပြေ အောင်မြင်တတ်လိမ့်မည်။
အိမ်ထောင်ရေး။   ။၁၆ ရက်ကျော်မှ အချစ်ရေး အဆင်ပြေကိန်းရှိသည်။ ၁၉ ရက်ကျော်လျှင် ကူညီပံ့ပိုးမည့်သူများ ရှိလာတတ်လိမ့်မည်။ အိမ်ထောင်ရေးကိစ္စများ ၂၁ ရက်နောက်ပိုင်းတွင်မှ ဆောင်ရွက်သင့်ပါသည်။ ဒုတိယလဝက်တွင် သားသမီးများ ကျန်းမာရေး၊ ပညာရေး တိုးတက်ကောင်းမွန်လာပါလိမ့်မည်။
အဆောင်ယတြာ။   ။ဆရာသမားများနှင့် ဖခင်ထံမှ အကြံÓဏ် ရယူဆောင်ရွက်ပါ။
ဗုဒ္ဓဟူးသားသမီး
ကျန်းမာရေး။   ။လ ဆန်းဆန်းခြင်း ကျန်းမာရေး တိုးတက်ကောင်းမွန်လာတတ်လိမ့်မည်။ နှာစေး ချောင်းဆိုး အနည်းငယ် ကျန်နေတတ်လိမ့်မည်။ မတော်တဆမှု အနည်းငယ် ရှိနိုင်သော်လည်း အန္တရာယ်မှ လွတ်မြောက်တတ်လိမ့်မည်။
ပညာရေး။   ။ပညာရေး ကြိုးစားအားထုတ်ရမှုကြောင့် ပင်ပန်းနွမ်းနယ်မှု ရှိနေတတ်လိမ့်မည်။ ပင်ပန်းသည်ထက် အနည်းငယ်လျော့နည်းသော အကျိုးကျေးဇူးကိုသာ ခံစားရကိန်းရှိသည်။ စိတ်ဓာတ် ကြံ့ခိုင်မှု ရှိရန် လိုလိမ့်မည်။
စီးပွားရေး။   ။ကိုယ်ပိုင်လုပ်ငန်းများ အောင်မြင်မှု ရလာကိန်းရှိသော်လည်း လကုန်ပိုင်းတွင် အဆင် မချောမှုများ ကြုံတွေ့ရတတ်လိမ့်မည်။ ကုမ္ပဏီလုပ်ငန်းသမားများ အခက်အခဲအမျိုးမျိုး ဖြေရှင်းရတတ်လိမ့်မည်။ အပင်ပန်းခံနိုင်ရည် ရှိမှသာ အကျိုးစီးပွား ဖြစ်ထွန်းပါလိမ့်မည်။
အိမ်ထောင်ရေး။   ။အချစ်ရေး အဆင်ပြေလိုက် မပြေလိုက် ဖြစ်နေတတ်လိမ့်မည်။ စိတ်ရှည် သည်းခံမှု ရှိရန်လိုလိမ့်မည်။ အိမ်ထောင်ပြုလိုသူများ ၁၉ ရက်မတိုင်မီ ပြုသင့် ပါသည်။ သားသမီးများ ကျန်းမာရေး ဆက်လက်ဂရုစိုက်ပေးရန် လိုဦးမည်။
အဆောင်ယတြာ။   ။ခေါင်းအေးအေး စိတ်ရှင်းရှင်းထားပြီးမှ လုပ်စရာရှိသည်ကို လုပ်ပါ။

ကြာသပတေးသားသမီး
ကျန်းမာရေး။   ။၁၉ ရက်နောက်ပိုင်းတွင် ကိုယ်ခံစွမ်းအား မြင့်တက်ကောင်းမွန်လာတတ် လိမ့်မည်။ သွားနှင့်ခံတွင်းရောဂါ ဆက်လက်ဂရုစိုက်ပေးရန် လိုဦးမည်။ ပင်ပန်းနွမ်းနယ်မှုဝေဒနာလည်း ခံစားနေရလိမ့်ဦးမည်။
ပညာရေး။   ။ပညာရေးဇာတာ နိမ့်နေဆဲကာလပင် ဖြစ်လိမ့်မည်။  ၂၂ ရက်ကျော်လျှင် မထင်မှတ်သော အခွင့်အရေးတစ်ခု ပေါ်ပေါက်လာတတ်လိမ့်မည်။ သတင်းကောင်း ကြားသိရကိန်းလည်း ရှိသည်။
စီးပွားရေး။   ။နိုင်ငံရပ်ခြားနှင့် စီးပွားဆက်သွယ်ဆောင်ရွက်ရမှုများရှိလျှင် အကျိုးပေး ကောင်းလာတတ်လိမ့်မည်။ ကြွေးမြီရရန်ပေးရန်ကိစ္စများ ၂၁ ရက်နောက်ပိုင်း ရှင်းလင်းနိုင်လိမ့်မည်။ အလုပ်ပင်ပန်းမှု တွဲပါနေတတ်သော်လည်း ပင်ပန်းရကျိုး ကောင်းစွာနပ်တတ်လိမ့်မည်။
အိမ်ထောင်ရေး။   ။၂၂ ရက်ကျော်မှ ချစ်ရေးဆိုရန် အခွင့်အရေး ရတတ်လိမ့်မည်။ သို့သော် ရလဒ်ကောင်းရန် မသေချာလှပါ။ အိမ်ထောင်ပြုလိုလျှင် ၂ရ ရက်မတိုင်မီပြုပါ။ ပို၍ အဆင်ပြေတတ်လိမ့်မည်။ သားသမီးများ၏ ကျန်းမာရေးအတွက် ငွေကြေး သုံးစွဲကုန်ကျရတတ်လိမ့်မည်။
အဆောင်ယတြာ။   ။ဝီရိယစွမ်းအား မြှင့်တင်ဆောင်ရွက်ပါ။
သောကြာသားသမီး
ကျန်းမာရေး။   ။အစားအသောက် စုံလွန်းနေ၍ ၁၉ ရက်ကျော်လျှင် အစာအိမ် ဝမ်းဗိုက်ပိုင်း ဒုက္ခပေးတတ်လိမ့်မည်။ အဆင်မသင့်လျှင် ခွဲစိတ်ကုသခံရသည်အထိ ဖြစ်လာ တတ်လိမ့်မည်။ မာ၍ ကြေခဲသောအစာများ၊ အကြော်အလှော်များ လျှော့စားပါ။
ပညာရေး။   ။၁၉ ရက်နောက်ပိုင်းတွင် ပညာရေး အဆင်မပြေမှု ပိုများလာတတ်သည်ကို သတိထားပါ။ ကြိုးစားအားထုတ်မှု ရှိလိုက် မရှိလိုက် ဖြစ်နေသည်ကို ဆင်ခြင် ထိန်းချုပ် ပြုပြင်ပေးရန် လိုလိမ့်မည်။
စီးပွားရေး။   ။အကျိုးဆောင် ကိုယ်စားလှယ်လုပ်ငန်း၊ ဆက်သွယ်ရေး ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများ အကျိုးပေး ကောင်းကိန်းရှိသည်။ နေရာဌာန အပြောင်းအရွှေ့ ရှိလာနိုင်သည်။ ကုမ္ပဏီဆိုင်ရာလုပ်ငန်းများ အောင်မြင်မှု ရလိုက် မရလိုက် ဖြစ်နေတတ်လိမ့်မည်။ စူးစူးစိုက်စိုက် လုပ်ကိုင်ပေးရန် လိုပါမည်။
အိမ်ထောင်ရေး။   ။အပြောမတတ်၍ အချစ်ရေး ငြင်းပယ်ခံရမှု ရှိတတ်သည်ကို သတိထားပါ။ လိုရင်းတိုရှင်း ပြောသည်က ပိုကောင်းကိန်းရှိသည်။ အိမ်ထောင်ပြုလိုသူများ ၂၂ ရက်မတိုင်မီ ပြုသင့်ပါသည်။ သားသမီးများ မတော်တဆ ထိခိုက်ပွန်းပဲ့မှု ရှိတတ်လိမ့်မည်။ စိုးရိမ်စရာ မရှိလှပါ။
အဆောင်ယတြာ။   ။ညီအစ်ကို မောင်နှမများနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပါ။

စနေသားသမီး
ကျန်းမာရေး။   ။ကျန်းမာရေး အနည်းငယ် ချူချာလာတတ်သော်လည်း သွားလာလှုပ်ရှား လုပ်ကိုင်နိုင်စွမ်း ရှိနေပါလိမ့်မည်။ မတော်တဆ ထိခိုက်မှု အန္တရာယ် ကြိုတင် ကာကွယ်ပေးရန် သတိရှိပါ။ အသေးအဖွဲများသာ ဖြစ်နိုင်ခြေရှိပါသည်။
ပညာရေး။   ။ပညာရေးဇာတာ ကောင်းနေလိမ့်ဦးမည်။ ၂ရ ရက်နောက်ပိုင်းတွင် အဆင် မချောမှု အနည်းငယ် ရှိနိုင်ပါသည်။ အပျော်အပါး များနေ၍ ဖြစ်တတ်လိမ့်မည်။  အပျင်းကြီးစိတ်ကိုလည်း တိုက်ထုတ်ပစ်ရန် လိုလိမ့်မည်။
စီးပွားရေး- အပြိုင်အဆိုင်များ၊ အခက်အခဲများကြားမှ ဝင်ငွေအမြတ်အစွန်းများ ဝင်လာ တတ်လိမ့်မည်။ ဇွဲသတ္တိရှိရှိ ယှဉ်ပြိုင်ဆောင်ရွက်ပေးရန် လိုမည်။ လိုလျှင် ကြံဆပါ။ နည်းလမ်းကောင်းများ ရလာတတ်လိမ့်မည်။ မိမိ၏ အတွေးအထင် အဆုံးအဖြတ်များ အမှန်များလာကိန်းရှိသည်။
အိမ်ထောင်ရေး- ချစ်ရေးဆိုရန်ရှိသူများ ၁၉ ရက်နှင့် ၂ရ ရက်ကြားတွင် ဆိုသင့်ပါသည်။ လူမစွမ်း နတ်မ ဆိုသည့်ကိန်း ကြုံရတတ်လိမ့်မည်။ အိမ်ထောင်ပြုလိုသူများအတွက် တစ်လလုံးလိုလို အဆင်ပြေကိန်းရှိသည်။ ၁၉ ရက်နောက်ပိုင်းတွင် သားသမီး အကျိုး ခံစားရတတ်လိမ့်မည်။
အဆောင်ယတြာ။   ။ကျန်းမာရေးကောင်းနေမှ အောင်မြင်မှုရမည်ကို အမြဲနှလုံးသွင်းဆင်ခြင်ပါ။