မဖိတ်ဘဲ လာတဲ့ ဧည့်သည်
အခု အချိန် ရာသီကတော့ ပုရွက်ပြန်တွေ အရမ်းပေါပြီး တဖြုတ်ဖြုတ်နဲ့ ဟိုကျ ဒီကျ လူပေါ်ကျ ခေါင်းပေါ်ကျ တဲ့ အချိန် ဖြစ်နေပါတယ်။ ညနေစောင်း အမှောင်ရိပ်သန်းတဲ့ အချိန် အလင်းရှိတဲ့ နေရာ မှန်သမျှ လာတော့တာဘဲ။ အိမ်တွေထဲ ရောက်ရင် အတောင်တွေ ချွတ်ချပြီး လမ်းလျောက်နေတော့တာဘဲ။ မနက် မိုးလင်းရင် အကောင်တွေ ဘယ်ရောက်သွားမှန်း မသိပါဘူး သဲလွန်စ အနေနဲ့ အတောင်တွေ တံမြက်စည်းလှဲ ပြစ်ရတဲ့ အထိ အများအပြား မြင်နိုင်ပါတယ်။ သေသွားလား ရှင်သန်ပြီး တထောင့် တနေရာမှာ မျိုးဆက်တွေ ချန်ထားခဲ့လေမလား မသိပါဘူး။
အတော် စိတ်ရှုပ်တာတော့ အမှန်ဘဲ။
စာထဲမှာ ရေးတာကတော့ မြီးကောင်ပေါက် ဘုရင်မ လေးတွေ ဥနဲ့ အကောင်တွေ မျိုးမတုံးအောင် နယ်မြေသစ် ချဲ့ထွင်တယ်လို့ ရေးထားတာဘဲ။ ပုရွက်ဆိတ်ဆိုတဲ့ သတ္တဝါ တော်တော် ရှုပ်တယ်။
နောက်တချက် စိတ်ညစ်ရတာ ခြင်ပါ.. အရမ်းပေါများနေပါတယ်။ ညဘက် အွန်လိုင်း ဝင်သုံးနေတာ လာနှုတ်ဆက်တဲ့ သူငယ်ချင်းတွေက ခြင်ကိုက်တယ်တဲ့ကွယ်.. အဖြစ်ကတော်တော် ဆိုးနေတယ်။ ခြင်တွေ ပေါလိုက်တာမှ ဩတိုက်နေတာဘဲ။
ယူအက်စ် မှာနေတဲ့ သဂျီး နဲ့ အပေါင်း အဖော်များအား လက်ဆောင်ပေးချင်ပါတယ်။ လေယာဉ် စီးလုံးငှားပြီး အလကားတင်ပို့ပြီး ပေးလိုက်ချင်ပါရဲ့.. မလွယ်ဘူး။ တံခါးအကုန်ပိတ်ထားလည်း မရဘူး။ ဘယ်ကနေ ဘယ်လို ဝင်နေလည်း မသိဘူး။ စိတ်ပျက်စရာ ကောင်းလှပါ၏။ မဖိတ်ဘဲ လာတဲ့ ဧည့်သည်တွေ လွန်လွန်းအားကြီးတယ် အမြင်တော်တော် ကပ်နေပြီ။
15 comments
weiwei
February 19, 2011 at 5:50 pm
ဟုတ်တယ် ဆူးရေ … အမြင်တော်တော်ကတ်နေပြီ … ကွန်ပျုတာကို ခြင်ထောင်ထဲ ထည့်သုံးရမလို ဖြစ်နေပြီ …
ခြင်မလာအောင် ဘယ်လိုလုပ်ရမလဲလို့ သိတဲ့သူရှိရင် အကြံပေးကြပါအုန်း …
bigcat
February 19, 2011 at 5:53 pm
ဒါလေးများ… အိမ်အနီးနားဝန်းကျင်၅မိုင်ပတ်လည်လောက်မှာရှိတဲ့ ရေမြောင်း၊ အမှိုက်ပုံနဲ့ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းပစ်လိုက်။ ပိုက်ဆံမရှိရင် ဘဏ်ကချေး၊ မရရင် ဘဏ်ဒမြတိုက်။ တခုမှမလုပ်နိုင်ရင် မေတ္တာပို့ဗျို့…
ဆူး
February 20, 2011 at 1:41 pm
ခြင်တွေကို သီးသန့် အနေနဲ့ မေတ္တာပို့တဲ့ အလုပ်ကိုတော့ ထွေထွေထူးထူး မလုပ်ဖြစ်ဘူး။ ယေဘူယျ သတ္တဝါ အားလုံးကို တော့ မှန်းပြီးတော့ မေတ္တာပို့လေ့တော့ ရှိတယ်။ ခြင်မရိုက်ဘဲ နေတာ အသက် ၁၂နှစ်လောက် ကတည်းက သတိနဲ့ မသတ်မိအောင်နေတာ တခါတရံတော့ သတ်မိတာတော့ ရှိတာပေါ့။
နှစ်အားဖြင့်ဆိုရင်တော့ ခြင် မသတ်ဖြစ်တော့တာ ၁၆နှစ်လောက်တော့ ရှိမယ် ထင်တယ်။
စိတ်ဓါတ်တွေ ဆက်လက်တော့ တတ်နိုင်သလောက် ထိန်းထားပါတယ်။
eros
February 21, 2011 at 1:31 pm
မဝေရေ ခြင်ထောင်ထဲ ကွန်ပျူတာ ထည့်ပြီးသုံးမယ်ဆိုရင် ကွန်ပျူတာအောက် က စောင်၊ မွှေ့ယာ၊ ခေါင်းအုံး မရှိဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကွန်ပျူတာလေပေါက်ပိတ်ပြီး အပူချိန်တက်လာနိုင်ပါတယ်။
weiwei
February 19, 2011 at 6:32 pm
ဘာမှမလုပ်နိုင်လို့ မေတ္တာပဲ ပို့နေရပါတော့တယ် …
ဒါနဲ့ စကားမစပ် .. သတ်သတ်လွတ်စားရင်ရော ခြင်ကိုက်ပါသလား ?
KoNyeinChan
February 20, 2011 at 2:23 am
အန်တီဆူးရေ… အပေါ်ဆုံးက ထိုတိရစ္ဆာန်ဟာ ပုရွက်ပျံ မဟုတ်ဘူးနဲ ့ထင်တယ်နော။ ပလူပျံ ဖြစ်ပါလိမ့်မယ်။ ပုရွက်ပျံ က အကောင်ပိုသေးပါတယ် ၊ အကျင်္ီ င်္ထဲဝင်ပြီး အကိုက်ခံရလို ့ကတော့ အနီရောင်ဖုတွေ ထွက်တတ်ပါတယ်။ အဆိပ်ရှိတဲ့သတ္တဝါပါ။ ပလူပျံ ကတော့ လူကို မကိုက်တတ်ပါဘူး။
ဆူး
February 20, 2011 at 1:22 pm
ပလူပျံ ဆိုတော့လည်း ပလူပျံပေါ့.. စိတ်အနှောက်အယှက် ပေးတာတော့ အမှန်ဘဲ။
kai
February 20, 2011 at 9:54 am
အဘိဓမ္မာမှာတော့ .. ရုပ်ရော..နာမ်ရော..ဖြစ်တဲ့နေရာပျက်တယ်တဲ့..။ နေရာရွေ ့လို့မရဖူးတဲ့..။
ဆိုတော့ ..မေတ္တာဆိုတာကို ..ဘယ်လိုနည်းနဲ့ ပို ့လွှတ်ထည့်လိုက်သလည်း… တဖက်သားက လက်ခံလိုက်သလဲ.. အဘိဓမ္မာအရ ရှင်းပြနိုင်သူများရှိရင်ကောင်းမယ်..။
ကွန်ပျူတာ ဝါယာလက်စ်နက်ဝပ်မှာတော့ … ဒီဖက်ကပို ့လွတ်တဲ့စစ်ဂနယ်ဟာ ..ဟိုဖက်က လက်ခံတာရှိမှာ..ရောက်ပါတယ်..။
လူဆိုရင်တော့ .. ဒေါသဖြစ်ဖြစ်..ဆဲတာဆိုတာဖြစ်ဖြစ်..မေတ္တာဖြစ်ဖြစ်.. ဟိုဖက်ကလူ..ဒါမှမဟုတ်သတ္တဝါက .လက်မခံပဲ .. ရောက်စရာမရှိဖူးဆိုရမှာပါပဲ..။
မူးနေတဲ့ဆင်ကြီး ဒူးထောက်ကျသွားချင်ရင်… တည့်တည့်စိုက်ကြည့်ပြီး .. မျက်လုံးချင်းဆုံရာကနေ .. တခုခုထည့့်ပေးနိုင်မလား..။ နားကနေ ထည့်ပေးနိုင်မလား..။ စသဖြင့် .. ခန္တာကိုယ်ရဲ့ ..ဒွာရပေါက်တွေကနေ .. ထည့်ပေးနိုင်ရမယ်ထင်ပါတယ်..။
ဆိုတော့ ..
ခြင်ကိုလည်း မေတ္တာများများ ပို့ပေးလိုက်ပေါ့နော…။
သွေးများများ စုတ်ရလို့. .ခြင်က သာဓုခေါ်ဦးမှာ…ခေါ်ဦးမှာ…။
အဆစ် .. ငှက်ဖျားနဲ့သွေးလွန်တုတ်ကွေးစတဲ့ ဗိုင်းရပ်စ်တွေပါ..ခြင်ကနေ… ဗါလင်တိုင်းဒေး..ချစ်လက်ဆောင်..ပေးဦးမှာ…ပေးဦးမှာ…။
ထပ်ပို ့…ထပ်ချစ်တာမို ့.. မေတ္တာတွေဝေပြီး ..ကြွက်တို့..ယင်တို့..စတဲ့မိတ်ဆွေတွေပါ..ခေါ်ပေးဦးမှာ..ခေါ်ပေးဦးမှာ…။ 🙂
ဆူး
February 20, 2011 at 1:27 pm
သဂျီးရေ.. သူတပါး သိလို့ ဖြစ်ဖြစ် မသိလို့ ဖြစ်ဖြစ် မေတ္တာပို့မယ် ဆိုရင် ဒွာရ တွေကို မှန်းပြီး ပို့တာ မဟုတ်ဘူး။ ပို့ချင်တဲ့ လူရဲ့ နှလုံးကို မှန်းပြီး ပို့ရပါတယ်။
ဆင်ကြီး မျက်လုံးဆုံ အောင်ကြည့်ပြီး မျက်လုံးကို ပို့တာ မဟုတ်ဘူး။ ဆင်ရဲ့ နှလုံးကို မှန်းပြီး မေတ္တာပို့တာပါ။
kopauk mandalay
February 20, 2011 at 12:38 pm
အကောင်းဆုံးနည်းကတော့ ကိုယ့်အနားမှာ ကိုယ်ကို ခြင်ယင် ပလူကောင်
ဘေးမှ ဝေးအောင်ယပ်ခပ်ပေးမယ်သူတစ်ယောက်ကို ခေါ်ထားလိုက်ပါ။
ကောင်း………..မှ……….ကောင်း…………………………………..
manawphyulay
February 20, 2011 at 1:25 pm
အိမ်မှာ ညနေစောင်းရင် ပလူရန်က ကင်းဝေးအောင် သစ်ကိုင်းကြီးကြီး ချိုးပြီး မီးချောင်းမှာ ချိတ်ဆွဲထားပါတယ်။ နောက် အောက်ကနေ ရေဇလားခပ်ကြီးကြီးကို ရေထည့်ပြီးခံထားတဲ့အတွက် မကြာခင် ပလူရန်က ကင်းဝေးသွားပါတော့တယ်။
ဆူး
February 20, 2011 at 1:47 pm
ရေဇလုံကြီး ထားလိုက်တော့ ရေထဲ ကျသေကုန်မှာပေါ့ မနောရဲ့..
အိမ်မှာတော့ မီးပိတ်ပြီးတော့ နေလိုက်တယ်။ အကုန် ထွက်သွားမှ.. တံခါးပိတ်ပြီး မီးဖွင့်တယ်။
eros
February 20, 2011 at 1:28 pm
ဟုတ်ပ အခုတလော ပလူပျံတွေများနေတယ်။
padonmar
February 21, 2011 at 1:00 pm
တတ်သလောက်မှတ်သလောက် ဖြေကြည့်ပါရစေ၊မှန်မမှန်တော့ အရှင်အိန္ဒကကို မေးရမှာပဲ၊
မေတ္တာ ဆိုတာ အဒေါသစေတသိက်ပါ။အကြမ်းအားဖြင့် ကုသိုလ်စိတ်မှာ ယှဉ်ပါတယ်။
စိတ်အစဉ် အတန်းမှာ ကုသိုလ်ဖောစိတ် ရ ကြိမ်ဖြစ်တဲ့အခါ သူ့ရဲ့ ကမ္မ သတ္တိတွေ ကျန်ခဲ့ပါတယ်၊
အဲဒီသတ္တိ ကြောင့် မေတ္တာစိတ်ဖြစ်တဲ့သူမှာ အေးချမ်းတဲ့ စိတ္တဇ ရုပ်တွေ ဖြစ်သလို မေတ္တာ အထားခံရတဲ့သူမှာလည်း
ငြိမ်းချမ်းလာပါတယ်၊ရုပ် တွေ နာမ်တွေ ရောက်သွားတာမဟုတ်ပါဘူး၊
မြသန်းစံ ရေးတဲ့ဆောင်းပါး တစ်ပုဒ် မှာ တရားထိုင်ရင်း ခြင်ကိုက်တဲ့အခါ ငါ့မှာ ဒီခြင် ကိုက်လို့ သေမသွားပါဘူး။ ခြင်လေးကတော့ တစ်နပ်စာ ဝမ်းဝ သွားမယ် ။ငါ သည်းခံ မယ်လို့ စိတ်ကို ထားလိုက် တဲ့အခါ အဲဒီခြင်ကိုက်တဲ့နေရာ မှာ ယားတာနာတာတွေ မခံစားရတော့ပါ တဲ့။
အဲဒီစာဖတ်ပြီး ကိုယ်တိုင်လဲ စမ်းသပ်ကြည့်ဖူးပါတယ်၊တကယ်စိတ်ကို အဲဒီလို မေတ္တာထားပေးနိုင်တဲ့ အခါ တကယ် မယားမနာပါ။အြျမဲလဲ မေတ္တာ အပြည့်မထားနိုင်တော့ ထာဝရတော ့မလုံခြုံပါ၊
ငှက်ဖျားက ခုထိတော့ မဖြစ်သေးဘူး။နောင်တော့ မပြောတတ်ပါ၊
ဆူး
February 21, 2011 at 1:33 pm
အန်တီ ပဒုမ္မာ ပြောသလိုဘဲ ကျင့်ကြံနိုင်အောင် ကြိုးစားပါမယ်။