ရောက်တတ် ရောက်ရာ (၃)
အတူနေတာ လလေး နဲနဲ လောက်ကြာတော့ ရွှေကို်ယ်တော် အင်ဒို ကုလားက သူ ့မယားကို ကုလားငို၊ ငိုပြပါတယ်။ အင်ဒိုမှာ သူ စက်ရုံလေးထောင်ထားတယ်ပေါ့။
လုပ်ငန်းက အောင်မြင်စပြုလာပြီပေါ့။ အခု ထပ်ပြီး စက်တွေ တို းချဲ ့ရာမှာ ငွေလိုအပ်တော့ ဒီမှာ ရတဲ့ လစာတွေကို ပို ့လိုက်တာတောင်မှ လိုအပ်သေးတယ်ပေါ့။
ဒါကြောင့် အတိုးနဲ ့ ချေးငှားပေးနိုင်မလားပေါ့။ ၃ဝ တိုးနဲ ့။ ဒီလိုနဲ ့ပဲ မြန်မာ မယားလေးမှ တဆင့် တစ်စက်ရုံးလုံးကို ဝါဒဖြန် ့လိုက်တာ ဘယ်လိုဖြစ်သလဲဆိုတော့ ဆရာတွေ က နိုင်ငံခြားသားတွေပေါ့။
မဟုတ်တာ လုပ်မှာ မဟုတ်ဘူးပေါ့။ သူတို ့ရတဲ့ လစာငွေကလဲ တလကို မြန်မာငွေ ၁ဝ သိန်းနီးပါးဆိုတော့ ကောင်းကောင်းပြန်ဆပ်နိုင်တယ်ပေါ့။ စက်ရုံထဲက သူလိုငါလို ဟာတွေကို ချေးငှားရတာထက်
စာရင် ဆရာတွေကို လုပ်ပေးရင် မျက်နှာလည်းရ ဝမ်းလည်းဝ အခွင့် အရေးတွေလဲ ရမယ်ပေါ့။
သူ ့ထက်ငါ အလု အယက် ရွှေပေါင် ဘာပေါင်နဲ ့ ရှာပေးကြရော။
ဒီလိုနဲ ့ နည်းပေါင်းစုံနဲ ့ ရှာဖွေလိုက်တာ အားလုံးပေါင်းကို မြန်မာငွေ သိန်း ၄၈ သိန်းကျော် ရလိုက်တယ်လို ့ နောက်ပိုင်းထွက်လာတဲ ့ စာရင်းများ အရသိလိုက်တယ်။
အင်ဒို Technician က 3 Section က သုံးယောက် စလုံး နည်းလမ်းပေါင်းစုံနဲ ့ လှည့်ပတ် ချေးထားကြတယ်။ အပေါ်က စာရင်းက တစ်ယောက်ထဲရဲ ့စာရင်း။
ပထမ ၂ လကို အတိုးပေးတယ်။ သူခွင့်နဲ ့ပြန်ရမည့် ရက်ကို စောင့်နေတာ။ လေယာဉ် လက်မှတ်က စက်ရုံ သူဋ္ဌေးက ဝယ်ပေးတာဆိုတော့။
ပြန်ရမဲ့ ရက်နီးတော့ ကိုယ်တော်က တတ်နိုင်သမျှ အဖိုးတန် ပစ္စည်းလေးတွေ ရွေးပြီး စုဆောင်းပါတယ်။ သူဝယ်ထားတဲ့ အထဲကပေါ့။ ပြန်ခါနီး သံရုံး ကိစ္စရှိတယ်ဆိုပြီး ခွင့်နှစ်ရက်ယူပြီး အိမ်သူကလေးနဲ ့ နေ ့ည နှစ်ပါးသွား
ဇာတ်ကို ကကြတာပေါ့။
တလ။ ျနှစ်လ။ သုံးလ။ လေးလ။ ကျော်လာလည်း စာမလာ သတင်းမကြား ။ ပေးထားတဲ့ Phone နံပါတ်ကလဲ ဆက်သွယ်လို ့မရ။ ခေါ်ယူခန် ့ထားတဲ ့သူဋ္ဌေးကလဲ
သူနဲ ့ မဆိုင်တဲ့။ အင်ဒို သံရုံး အကြောင်းကြားတော့လဲ အင်းမလှုပ် အဲမလှုပ်။ ကြွေးရှင်တွေကလည်း တငိုငို တယိုယို။ မယားလေးကလည်း မိုးပြိုတဲ့ မျက်နှာနဲ ့။
နောက်ထပ် ခွင့်နဲ ့ပြန်မဲ ့အင်ဒို ကုလားကို ကြွေးရှင်တွေက စာတိုစာစလေး တွေရေးပြီး …” ဆရာရယ်…ကယ်ပါယူပါပေါ့။ ကျမ တို ့ ဘဝပျက်ရပါတော့မယ်ပေါ့..။ တတ်နိုင်သလောက်လေး ပြန်ပို ့ပေးပါပေါ့။…..။ အဲဒီ စာကြုံထည့်ပေးလိုက်တဲ့ ကုလားပါ ပြန်မလာတော့ဘူး။
ကောင်မလေးလဲ အထုပ်ကလေးဆွဲပြီး အမေနဲ ့ရွာကိုလွမ်းတယ်ပေါ့။ ပြန်ဖို ့ပြင်ဆင်တော့တယ်။ ကြွေးရှင်တွေလဲ ဘာမှ မတတ်နိုင်။ ကောင်မလေးက Office မှာ လုပ်တာ။
ဖြူဖြူသန် ့သန် ့လေး။ အသက်က ၂၂ ။ ကယ်တင်ချင်တဲ့ ကိုကို ကာလသားများကလဲ ကုလားရဲ ့ စားကျွင်းစားကျန် ဖြစ်နေတဲ့ အပြင် သပွတ်အူ အမှုတွဲကို တာဝန် မယူရဲတော့ တော်ကောက်မည့် သူရဲကောင်းကလဲ မရှိ။
နောက်ပိုင်း သတင်းကြားတာ အဲဒီပြေးသွားတဲ့ ကုလားက မြန်မာပြည်ကို ပြန်ရောက်လာပြီး ဘယ်စက်ရုံမှာ တွေ ့လိုက်တယ် ညာစက်ရုံမှာ တွေ ့လိုက်တယ်ဆိုတဲ့ အသံတွေကြားရတယ်။ တွေ ့လိုက်တဲ့ သူတွေက ကြွေးရှင် စာရင်းမှာ မပါတာက တစ်ကြောင်း၊ နဂိုကတဲက နိုင်ငံခြားသားဆိုရင် မိမိ စားရိတ်နဲ ့ ဆီပုလင်းလေး ခါးမှာချိတ်ထားတတ်တဲ့ ဒို ့ မျိုးချစ်မြန်မာ တွေဆိုတော့ တိတိကျကျ စုံစမ်းလို ့ကလဲ မရနဲ ့ ဒီလိုပဲ ဇာတ်မြောဖြစ်သွားရော။
16 comments
kai
February 26, 2011 at 11:00 am
အင်း…
ဥရောပရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးတွေအကြောင်း…ကြားဖူးတယ်..။
၄-၅နှစ်လောက်ဆို .. လည်ဝယ်သွားပြီး .. အဲဒီက သူယောက်ျားဘိုတွေဂျွမ်းပြန်နေတာလည်း .မြင်ဖူးတယ်..။
ဆိုတော့..
တချို ့များ ..ယောကျင်္ား၂ယောက် တပြိုင်တည်း ယူထားသေးခင်ဗျ..။
ကလေးမွေးပြီး လစ်လစ်သွားလို ့… ဒုက္ခရောက်နေတဲ့.. ဘိုတွေလည်း မြင်ဖူးတယ်..။
မြန်မာအမျိုးသမီးတွေ..စွမ်းချင်တဲ့အခါများပြောပါတယ်..။
shwe
February 26, 2011 at 12:06 pm
ကိုခိုင်ပြောတာမျိုးကြားဘူးတယ် .US က ကျမသူငယ်ချင်း တယောက်ပြောလို့ . တချို့ မြန်မာအမျိုးသမီးတွေ က US လဲရောက်ရော ခန စားဝတ်နေရေးပြေလည်ဘို့က တယောက် .
ပြေလည်သွားတော့ ပွဲတက်ဖို့ကနောက် တယောက် နဲ့တဲ့ . တခါတလ အယင်တယောက် က ချိမ်းချောက်လို့ ပြသနာ ဖြစ်ကြရရောတဲံ ့.။ မြန်မာအမျိုးသမီးချင်းဆိုတော.လည်း ဘာပြောရမှန်းတောင်မသိတော့ပါဘူး ။ အနည်းအကျင်းပဲဖြစ်မယ်တော့ထင်ပါတယ် .
hello! everybody
February 26, 2011 at 4:00 pm
nigimi ရေ မြန်မာပြည်မှာတင်ဖြစ်နေကြတာမဟုတ်တော့ပါဘူး၊ တနေ့ကိုရီးယားကိုရောက်တော့ကိုရီးယားသူငယ်ချင်းကသူလည်း ကိုရီးယားကိုခဏပြန်ရောက်နေတဲ့အကြောင်း၊ မင်းကိုမိတ်ဆက်ပေးစရာလူတယောက်ရှိလို့တွေ့ရအောင်ဆိုလို့တွေ့ကြတယ်၊ တွေ့တော့ဘေးကအမျိုးသမီးကိုလက်ညှိုးထိုးပြီး ဒါသူ့မိန်းမမြန်မာမလေး ဖြစ်တဲ့အကြောင်းအင်္ဂလိပ်လိုပြောပြီးမိတ်ဆက်ပေးတယ်၊ ဒါနဲ့ကောင်မလေးနဲ့စကားပြောဖြစ်တယ်၊ သူဟာစက်ရုံကအရာရှိဖြစ်ကြောင်း၊ဘွဲ့ရတယောက်ဖြစ်ကြောင်း၊ အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောတတ်ကြောင်း၊ ကိုရီးယားစကားတော့မပြောတတ်ကြောင်း၊boss ကအရမ်းအရမ်းကိုသဘောကောင်းကြောင်း တွေကိုပြောပြတယ်၊ ဒါနဲ့ဟိုကောင့်ဘက်လှည့်ပြီး မင်းကဘယ်တုံးက boss ဖြစ်သွားတာလည်း၊မင်းမိန်းမနဲ့ကလေးရှိရဲ့နဲ့ ဒီကောင်မလေးကိုဘာလို့ခေါ်လာရတာလည်းမေးတော့ သူတို့ကငါ့ကို boss လို့ဘဲခေါ်ကြောင်း၊ မိန်းမရှိတာသူလည်းသိကြောင်း၊ လိုက်ချင်တယ်ဆိုလို့ခေါ်လာတာဖြစ်ကြောင်း၊အရန်းအပြုအစုကောင်းကြောင်း၊ မီရာရီ(ဖာတန်း)သွားရင်တခါကို ၅၀၀၀ဝ အထက်ကုန်တာမင်းလည်းအသိဖြစ်ကြောင်း စသည်ဖြင့်ရှင်းပြပါတယ်၊ အဲဒီတော့ nigimi ရေ ကျနော်လည်းဘယ်သူ့ကိုစိတ်ဆိုးရမယ်မှန်းမသိဖြစ်ပြီး…. soju(အရက်) တခွက်မော့ပြီး အလုပ်ရှိတဲ့တရုတ်ပြည်ကိုဘဲပြန်လာခဲ့ရပါတော့တယ်။
Foreign Resident
February 26, 2011 at 9:05 pm
My opinion only,
It generally consists of poorness & lack of knowledge ( justification ).
Then, lack of knowledge ( justification ) comes from lack of Education, improper family life/background & etc.
But, all of those generally come from poorness.
Even there are somethings personals to consider (eg; destiny, love),
but trust me,
the poorness is the root causes of 90% of problems.
Then, if you want to blame,
just blame to the situation which make our men & women poor.
If you cannot change this situation,
it means you cannot change the root cause of the problem,
then, it will happen again & again & again………
never ending story & vicious circle.
But, I really appreciate for writing this article,
as those articles are some type of feeding knowledge (justification) &
Somethings is better than nothing.
Thanks.
kai
February 26, 2011 at 10:15 pm
အရင်ကတော့… ကျုပ်လည်း ဆင်းရဲတာကအဓိကအကြောင်းလို့ တွေးမိနေခဲ့တယ်..။ ဆင်းရဲတာဆိုရင်… အရင် ၁ဝနှစ်လောက်က ကမ္ဘောဒီယား၊လာအို..စတဲ့ နိုင်ငံအခြေအနေတွေ..။ အာဖရိကတိုက်က ..လူမွဲတွေဘဝတွေ.. ယှဉ်စရာတွေ အများကြီးပဲ..။
ဒီနှစ်ပိုင်းတွေမှာ .. လူတချို ့နဲ့စကားတွေပြောဖြစ်..မြန်မာပြည်အကြောင်းတွေ ..ဝေဖန်ဖြစ်တဲ့အခါ ..အမြင်တမျိုးပြောင်းကြည့်ခဲ့တယ်..။
နောက်ပြီး ..အပေါ်က.. စာတန်းရဲ့အဖြစ်မျိုးတကယ်ဖြစ်နေရင်..ပတ်ဝန်းကျင်က မြန်မာတွေတုံ ့ပြန်ပုံ၊ လုပ်ဖေါ်ကိုင်ဖက်တွေ ပြန်လှန်ဆက်ဆံပုံတွေကို သေသေချာချာ လေ့လာဖူးတယ်…။
ဆိုတော့…
ငွေကြောင့်တခုထဲမဟုတ်နိုင်ဖူးလို့ တွေးမိတာပါပဲ..။
မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့အကျင့်တွေကသာ .. အဓိကဇတ်ဆောင်လို့ မြင်မိတယ်..။
မြန်မာတွေဟာ .. ရာစုနှစ်တခုမက ကျန်ရစ်ခဲ့တဲ့ အတွေးအခေါ်နွံထဲ နစ်နေတယ် ထင်မိတယ်..။
ဒါတွေပြန်ဆန်းစစ်ပြီး .. ခေတ်နဲ့ အံဝင်ကိုက်ညီအောင်မလုပ်နိုင်သရွေ ့ … ။ ကမ္ဘာ့လူသားတွေနဲ ့တန်းတူ အခြေခံ ပညာရေးအဆင့် မရနိုင်သရွေ ့..။
(စကားကြီးကျယ်ပြောထည့်ရရင်) …မြန်မာပြည်.. ကမ္ဘာ့အလယ်ဝံ့ကြွားလာဖို့.. မလွယ်ရေးချ…မလွယ်သေး…။ 🙁
( ကိုယ်ပိုင်အတွေးတွေသာ ဖြစ်ပါတယ်နော..။ မှန်မမှန်.. သမိုင်းကပြောလိမ့်မယ်…)
ရှူံးနိမ့်မှုများနဲ့.. လူ
February 26, 2011 at 10:35 pm
ကျွန်တော့်အမြင်နဲ့ ဝင်သုံးသပ်ကြည့်ရမယ်ဆိုရင်ဖြင့် ဆင်းရဲခြင်းဟာ အကြောင်းတရားတစ်ခုဖြစ်သော်လည်းပဲ ဒီအကြောင်းပြချက်ကြောင့်တော့ ကိုယ့်ကိုယ်ကို ရောင်းကုန်တစ်ခုလိုအသုံးချတာ၊ အလွယ်ငွေရလမ်းကို လိုက်လျှောက်နေတာကို လုံးဝရှုံ့ချပါတယ်.. ဘာလို့လဲဆိုတော့ ဥပမာတစ်ခုပေးရရင် ကျွန်တော်နေခဲ့တဲ့နိုင်ငံတွေမှာ အတော်များများမြင်ရတဲ့ ဖိလစ်ပိုင်မတွေလို ဖြစ်နေတာပေါ့… ယိုးဒယားက ဒါနဲ့လုပ်စားတယ်ဆိုပြီး ကဘာသိတယ်(စာလုံးဆင့်မရလို့ပါ)၊ ဖိလစ်ပိုင်ကကျတော့ ကြိုက်တဲ့လူမျိုးတိုင်း ဖိလစ်ပိုင်မတွေ ယူလို့ရတယ်လို့ နာမည်ကြီးပါတယ်.. ဒါကြောင့် ဖိလစ်ပိုင်ဆိုရင် ဘာနဲ့စပ်လဲမေးနေရတာ လူတိုင်းပါပဲ..
ဒီတော့ကာ… ခုလိုအခြေအနေမျိုးမှာ အစိုးရကြောင့် ပြည်သူတွေဆင်းရဲတွင်းနက်နေရတာ မှန်ပါတယ်၊ နောက်တစ်ချက်စဉ်းစားမယ်ဆိုရင် ခုခေတ်မိန်းကလေးတွေမှာ ဝံသာနုစိတ်ဓါတ်မရှိတော့တာလို့ မြင်ပါတယ်.. “မြန်မာ” (ဗမာမဟုတ်ပါ) လူမျိုးဆိုပြီး တည်ရှိနေခြင်းဟာ မြန်မာအမျိုးကောင်းသားတို့က မြန်မာနိုင်ငံကို သူတစ်ပါးကျူးကျော်မှုတွေကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ခြင်းကြောင့်ဖြစ်သလို မြန်မာအမျိုးကောင်းသမီးတို့ကလဲ မိမိအမျိုးအနွယ်ကိုစောင့်ရှောက်ပြီး မြန်မာလူမျိုးစစ်စစ်တွေကို မွေးထုတ်ပေးခဲ့လို့ဖြစ်ပါတယ်.. ဒီနေရာမှာ တစ်ချို့ကထောက်ပြပါလိမ့်မယ် “မျက်ကန်းမျိုးချစ်” လို့။ ကျွန်တော်ကိုယ်တိုင်ကလဲ တိုင်းရင်းသားတစ်ယောက်ပါပဲ.. ဒါပေမယ့် မြန်မာဆိုတာ နိုင်ငံတစ်ကာမှာ လက်မထောင်ပြနေချင်တယ်.. အထူးသဖြင့်တော့ မြန်မာမိန်းကလေးတွေနဲ့ ပါတ်သက်လာရင်ပေါ့။ “မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မယ်” ဆိုတာ မြန်မာမိန်းကလေးတွေ အထူးသဖြင့် သိနားလည်စေချင်တယ်..
စ လုံးရောက် မြန်မာမလေးတွေအတွက် စလုံးမှာ ဂုဏ်ယူခဲ့ရပေမယ့်…..
UAE ရောက် မြန်မာမိန်းကလေးတော်တော်များများအတွက်တော့ မျက်နှာငယ်နေရတာ အမှန်ပါပဲ..
ကျွန်တော် မြန်မာလူမျိုးတစ်ယောက်ဖြစ်ရခြင်းကို ဂုဏ်ယူနေချင်ပါတယ်
မြန်မာမလေးတွေ မျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက်ချင်စိတ်လေးရှိရင် သိပ်ကောင်းမှာပါ
Foreign Resident
February 27, 2011 at 5:59 am
” စ လုံးရောက် မြန်မာမလေးတွေအတွက် စလုံးမှာ ဂုဏ်ယူခဲ့ရပေမယ့်…. ”
What a surprise saying???
Is there anything you proud for Myanmar girls ???
interesting !!! because recently Myanmar girls are
nearly most notorious girls in Singapore.
Please see the following posts, there are so much more …..
http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:28232
http://myanmarinsingapore.com/profiles/blogs/chit-san-maung-who-took
” ကျွန်တော် မြန်မာလူမျိုးတစ်ယောက်ဖြစ်ရခြင်းကို ဂုဏ်ယူနေချင်ပါတယ် ”
Unlikely or rare chance, Please see the following Article.
http://www.aung.info/?p=822
http://www.aung.info/?p=1235
” ဂုဏ်သရေရှိသည့် လူ့အဖွဲ့အစည်းများအတွင်း ဝင်ဆန့်ခြင်း မရှိလှသည့် အကြောင်းမှာ ရှေးဦးစွာ လိမ်ညာပြောဆိုတတ်သည့် အကျင့် ရှိခြင်းကြောင့်ဖြစ်သည် “
Foreign Resident
February 27, 2011 at 6:24 am
Dear ” ရှူံးနိမ့်မှုများနဲ့.. လူ “,
” စ လုံးရောက် မြန်မာမလေးတွေအတွက် စလုံးမှာ ဂုဏ်ယူခဲ့ရပေမယ့်…. ”
What a surprise !!!
Because, recently, Myanmar girls are notorious in Singapore.
Please see the following articles.
http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:28232
http://myanmarinsingapore.com/profiles/blogs/chit-san-maung-who-took
” ကျွန်တော် မြန်မာလူမျိုးတစ်ယောက်ဖြစ်ရခြင်းကို ဂုဏ်ယူနေချင်ပါတယ် ”
Recently it is unlikely, it will take time.
Please see the following articles.
http://www.aung.info/?p=822
http://www.aung.info/?p=1235
kai
February 27, 2011 at 10:21 am
aung.info ကစာတွေ ရွာသားတွေသွားဖတ်သင့်တယ်..။
နောက်ပြီး မန္တလေးဂေဇက်(ရွာ)က ..ကာလသားတယောက်ရဲ့ စာလည်း ပြန်ဖတ်ကြည့်သင့်ပါတယ.်.
http://myanmargazette.net/33217/arts-humanities/burmese-myanmar-asian-culture-mythology-folklore
ရွာထဲစာဖတ်ရင် စာဖတ်နည်းလေးပါ..နည်းနည်း ပြောပါရစေနော..။
မန်းထားတာတွေပါ… စုံစေ့အောင်သေချာဖတ်ပါလို့..။
(တကယ်တော့ .. ဒီအိုင်တီခေတ်ရဲ့ ..အင်တာနက်က သတင်းနဲ့စာတွေဖတ်နည်းအမှန်ကလည်း ဒီအတိုင်းပါပဲ.။ နယူးယောက်တိုင်မ်း ၊ ဝါရှင်တန်ပို့စ်၊ လန်ဒန်တိုင်းမ်တွေက အင်တာနက် သတင်းတွေဆောင်းပါးတွေဖတ်ရင်လည်း ..အောက်က မန်းထားတဲ့စာတွေ (Comment တွေ)အကုန် ဖတ်သင့်ပါတယ်..။)
shwe
February 27, 2011 at 6:42 am
Lack of knowledge က ဆင်းရဲလို့ဆိုတာ ထက်ပိုမယ်ထင်တယ် .အခုပြသနာမျိုးက နိုင်ငံတိုင်းမှာ ရှိပါတယ် .
ဒါပေမဲ့ မရှိခိုးနိုး ဆိုတဲ့မြန်မာစကားပုံလို့ပဲ မြန်မာတွေတခုခုမှားရင် ဘွားဘွားကြီးပေါ်တော့တာပဲ .။
ကိုရီးယားဆိုလို. ၂၀၀၀-၂၀၀၂ ကျမ ကိုရီးယားမှာ သင်တန်းလေးတခုတက်တော. သင်တန်းမှာရှိတဲ့ ကိုရီးယားလူမျိုးတွေပြောလို့ အထက်တန်းကျောင်းသူလေးတွေ ကိုရီးယာလုပ်ငန်းရှင်တွေဲနဲ့ မယားအသစ်လေးတွေအဖြစ်ခံကြတာ . တြားဘူးတယ်.
ရှူံးနိမ့်မှုများနဲ့.. လူ
February 27, 2011 at 2:01 pm
ဒီနေရာမှာ တစ်ခုလောက် ပြန်ဆွေးနွေးချင်ပါတယ်.. စလုံးရောက်မြန်မာမလေးတွေအတွက် ကျွန်တော်ဂုဏ်ယူခဲ့ရတယ်ဆိုတာ သူများပြောစကားတွေနဲ့ ပြန်ပြောပြတာမဟုတ်ပါဘူး။ ကိုယ်တိုင် နေထိုင်၊ ကြုံတွေ့၊ သိရှိခဲ့တာတွေအတွက်ပါ..။ ဒါကြောင့် ကျွန်တော်ပြောတဲ့စကားတစ်ခုအတွက် ကျွန်တော်တာဝန်ယူပါတယ်။ ခုတိုင်အောင် ဆက်လက်ဂုဏ်ယူနေဆဲပါ။ Orchard Road က ဖိလစ်ပိုင်ကုန်တိုက်၊ နောက် အင်ဒိုကုန်တိုက်၊ India + Bangala ကုန်တိုက်တွေသွားကြည့်ပါ၊ ဘယ်လောက်တောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြလဲလို့? မြန်မာတွေ ကျင်လည်ရာ Panisula Plaza ကို အခွင့်အခါသင့်လို့ရောက်ဖြစ်ရင် လေ့လာကြည့်ပါ၊ ဘယ်နိုင်ငံခြားသားတွေနဲ့ မြန်မာမလေးတွေ တရုန်းရုန်း မြင်နေရပါလဲဆိုတာ။
Foreign Resident ခင်ဗျာ.. ကိုခိုင်ပြောသလို မန့်ထားတာတွေကို သေချာစုံအောင်ဖတ်ကြည့်ရုံနဲ့တင် ကျွန်တော်ပြောခဲ့တာ မှန်/မမှန် အတော်အသင့်ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်မြန်မာလိုရေးထားသော စာလုံးများ၏ ရည်ရွယ်လိုရင်းကို နားလည်သဘောပေါက်အောင် ဖတ်စေလိုပါတယ်။ ကျွန်တော်က ဒီ MG လေးမှာ ကိုယ့်အတွေးအမြင်များကိုချပြရင်း တစ်ပါးသောသူများ၏ ပြန်လှန်ထင်မြင်ချက်များကို လေးစားစွာ ဖတ်ရှူလေ့လာနေခြင်းဖြစ်ပါတယ်။ စကားနိုင်လုနေခြင်းမဟုတ်ပါ.. အကြောင်းပြချက်၊ အထောက်အထားခိုင်ခိုင်လုံလုံဖြင့် ပြန်လည်ထောက်ပြ ဝေဖန်ဆွေးနွေးပြမယ်ဆိုရင်တော့ဖြင့် ကျွန်တော်အပါအဝင် ရွာသူရွာသားများလဲ အသိအမြင်ဗဟုသုတ တိုးလာဖွယ်အရေး တွေးမြင်မိပါကြောင်း…
unclegyi1974
February 27, 2011 at 3:30 pm
လင်ယူမယားယူအကြောင်းကိုအထူးမပြောလိုပါဖူး
ငွေချေူးတာကိုအတ်ိုးကြီးပေးပြီးဘာမှမရှိပဲ
လောဘကြောင့်ချေးပေးလိုက်တဲ့လူတွေကိုပဲ
အံ့ဩပါတယ် လိမ်လို့အကောင်းဆုံးကလောဘ
ဖုံးလွှမ်းနေတုန်းအကောင်းဆုံးဆိုတဲ့စကားက
ဘယ်တော့မှမရိုးပါဖူး
PEACEMAKER
February 28, 2011 at 9:56 am
ဒီတော့ပစ်နဲ့ဆိုင်လား မဆိုင်လားတော့ မသိဘူး။ ပြောချင်တာလေးရှိလို့ ရေးလိုက်ပါတယ်။ မြန်မာမလေးတွေ နိုင်ငံကြီးသားလူမျိုးခြားကို ကြိုက်လားမကြိုက်လားတော့ မသိဘူး။ တစ်ခါက မြန်မာမလေးတစ်ယောက် (လှလှပပပြောရရင် နဖူးစာရွာလည်တယ်ပေါ့။ အပနာပပြောရင်တော့ ……ခံရတယ်ပေါ့။) နိုင်ငံခြားသားနဲ့ တရားဝင် လက်ထပ်ပါလေရော (ဒီနေရာမှာ တရားဝင်လို့ သုံးရတာ မြန်မာမလေးတွေ မင်္ဂလာဆောင်တာနဲ့ လက်ထပ်တာကို နားမလည်ကြလို့ပါ။) ပတ်ဝန်းကျင်က အမျိုးမျိုးပြောကြတာပေါ့လေ။ အဆိုးဆုံးက သူငယ်ချင်းတွေပါလို့ဆိုတဲ့ မိန်းကလေးအချင်းချင်းပေါ့။ တို့ကတော့ နိုင်ငံခြားသားဆို အထင်မကြီးဘူးတို့ မကြိုက်ဘူးတို့ ဘာတို့ ပြောကြပါလေရော။ ခက်တာက အတွင်းသိတွေဖြစ်နေတော့… ဘာလို့လဲဆိုတော့ သူတို့တွေဟာ နိုင်ငံတစ်နိုင်ငံကို အတူတူ ပညာသင်ခဲ့ကြလို့လေ။ နိုင်ငံခြားသားကို အထင်မကြီးပါဘူးလို့ပြောတဲ့ အဲဒီမိန်းကလေးတွေထဲက တစ်ယောက်က နိုင်ငံခြားသားဆရာရဲ့ ပေါင်ပေါ်မှာ တက်ထိုင်ခဲ့တာမို့လို့လေ။
bigcat
March 1, 2011 at 3:51 am
အတွင်းသိရဲ့အတွင်းသိကထပ်ပြောတာ အဲဒီတုန်းက ထိုင်ခုံကတလုံးထဲရှိလို့ပါတဲ့။ မြန်မာ့ယဉ်ကျေးမှုအရ ဆရာကိုရိုသေသမှုနဲ့ ထိုင်ခွင့်ပေးရမယ်လေ။ ကောင်မလေးကလည်း မတ်တပ်မရပ်နိုင်တော့ အဆင်ပြေသလို လုပ်လိုက်ရတာပါ။ အခြေအနေနဲ့ အချိန်အခါကိုသာ အပြစ်တင်ပေတော့။ 😀
etone
March 1, 2011 at 9:42 am
နိုင်ငံခြားသားလည်း ဘာကောင်မို့လဲ … ဂြိုလ်ပါလို့လား ။
တချို့ မိန်းမတွေ နိုင်ငံခြားသား ဟေ့ဆိုတာနဲ့ အထင်ကြီး လွန်းကြပါတယ်… ။ ဟိုနိုင်ငံမှာတော့ သူက ဖွတ်ကျားဖြစ်ချင်ဖြစ်မယ် …ဒီမှာ ဟိတ်ကြီး ဟန်ကြီးလုပ်ပြီး သူဌေးဂိုက်လာဖမ်းနေတာ …။ ဒါကို ယုံစားနေတဲ့ ကောင်မလေးတွေကလည်း ရှိသေးတယ် … ။ စက်ရုံထဲမှာ ဆို အင်ဒိုကောင်တွေကို ကောင်မလေးတွေခေါ်တာ အိုပါးတဲ့ … ကြားရတာ နားကြားပြင်းကပ်တယ် … ။
PEACEMAKER
September 12, 2011 at 9:15 am
သူ့နိုင်ငံမှာဖွတ်ကျားအဆင့်ရှိတဲ့သူက ကိုယ့်နိုင်ငံမှာ ကိုယ့်ကိုလာတွင်ကျယ်လို့ရတယ်ဆိုရင် ကိုယ်ကဖွတ်ကျားအဆင့်ထက် နိမ့်နေလို့ပဲဖြစ်မယ်။ တို့မြန်မာအကျင့်က နိုင်ငံခြားသားဆိုရင် စွတ်ဆက်အထင်ကြီးတတ်တယ်။ အဲလိုပဲ ဘုမသိဘမသိ သိမ်းကျုံးလည်း အထင်သေးတတ်တယ်။ လူဖြူဆိုရင် လူဖြူတိုင်းပိုက်ဆံချမ်းသာတယ်ထင်ပြီး ပလူးချင်တဲ့သူတွေရှိသလို၊ မီဒီယာကြောင့် ကုလားဖြူ မျောက်ဖြူတွေဆိုပြီး အသားလွတ်မုန်းတီးတာမျိုးတွေ..အသားမဲရင် ရုပ်ဆိုးတယ် ဆင်းရဲတယ် ညစ်ပတ်တယ် အဆင့်နိမ့်တယ်သတ်မှတ်ချင်တာမျိုးတွေ…ကပ်ပလီဆိုရင် နီဂရိုးလို့ပြောပြီး နှိမ့်ချချင်၊ အသားရောင်ခွဲခြားချင်သေးတဲ့စိတ်တွေရှိနေသေးတာတွေ…အဲဒီစိတ်တွေ မရှိသင့်တော့ပါဘူး။ လူမျိုးကွဲချင်ကွဲ တူချင်တူ၊ အသားအရောင်ဘာဖြစ်ဖြစ် ဖြူဖြူ မဲမဲ ဝါဝါ ညိုညို အဲဒါတွေအရေးမပါဘူး။ အဓိကက အပေါ်ယံအရေပြားမဟုတ်ဘူး။ ဘရိန်းနဲ့ဟာ့ဒ်ပဲ။