နှစ်သစ်ရဲ့ ကိုယ်ပိုင်အမြင်

manawphyulayMarch 3, 20111min19310

စာရေးတိုင်းလည်း
စာရေးဆရာတစ်ယောက် မဟုတ်ဘူး။
ကဗျာရေးတိုင်းလည်း
ကဗျာဆရာတစ်ယောက် မဟုတ်ဘူး။
ပန်းချီဆွဲတိုင်းလည်း
ပန်းချီဆရာတစ်ယောက် မဟုတ်ဘူး။
ဆောင်းပါးရေးတိုင်းလည်း
ဝေဖန်ရေးသမားတစ်ယောက် မဟုတ်ဘူး။
နိုင်ငံအကြောင်းရေးတိုင်းလည်း
နိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူး။
လွမ်းတိုင်းလည်း
အလွမ်းသမားတစ်ယောက် မဟုတ်ဘူး။
ဘလောဂ့်ရေးတိုင်းလည်း
ဘလောဂ့်ဂါတစ်ယောက် မဟုတ်ဘူး။
ကဲ မိတ်ဆွေတို့ကော
ဘယ်လိုထင်မြင်မိပါသလဲ…
အကြံပြုတာကို လက်ခံပါတယ်ရှင်…

10 comments

  • eros

    March 3, 2011 at 1:45 pm

    ဒါကတော့ဖြစ်နိုင်ပါတယ်။ ပါရမီရယ် ဗီဇရယ် ပေါင်းလိုက်မယ်ဆိုရင် တော့ တကယ့် ပန်းချီဆရာ ၊ ကဗျာဆရာဖြစ်နိုင်တာပေါ့။ ဒါပေမယ့် လွမ်းတိုင်းလည်း အလွမ်းသမား မဟုတ်ဘူးဆိုတာနားမလည်ဘူး။ ရှင်းပြပါဦး။ ထပ်ဖြည့်လိုက်မယ်။ ရေနွေးကြမ်းသောက်တိုင်းလည်း ရေနွေးကြမ်းသမားမဟုတ်ဘူး။ တကယ့်ရေနွေးကြမ်းသမား အကြောင်းသိချင်ရင် ဆရာကြီး မင်းင်္သီခ ရဲ့ မီးအိမ်လက်ဆွဲခရီးသည် စာအုပ်ဖတ်ပါဗျိုး။

  • ယောလေး

    March 3, 2011 at 4:16 pm

    အင်းပေါ့ဗျာ…..စာဖတ်တိုင်းလဲ စာဖတ်သူ တစ်ယောက်မဟုတ်ဘူးပေါ့..

  • nigimi77

    March 3, 2011 at 7:00 pm

    ကျွန်တော့် အမြင်။ မနောဆိုတိုင်းလဲ မနောဟာ ကျွန်တော် သိတဲ့
    မနော မဟုတ်ဘူး (မဟုတ်တော့ဘူး)။

    ဒါ (+) ဖြစ်သွားတယ်လို ့လဲ ယူဆနိုင်တယ်။ ဒါ (-) ဖြစ်သွားတယ်လို ့လဲ ယူဆနိုင်တယ်။

  • naywoonni

    March 4, 2011 at 9:12 am

    အင်း ထပ်ဖြည့်ပေးလိုက်ဦးမယ်….. အရက်သောက်တိုင်းလည်း အရက်သမားမဟုတ်ဘူး ။ ပို့တစ်ခုမှာတွေ့ဖူးတယ်လေ.. သူ့ခမြာ ချက်ချင်းသတ်ပြီး ချက်ကျွေးတဲ့ဆိုင်ရောက်လို့ အန်ချင်စိတ်ပျောက်အောင် ဝီစကီ တွေ ချည့်ပဲ သောက်သောက်နေရတယ်ဆိုတာ …….။ ဟီးးးး ဖော်ကောင်လုပ်လိုက်ဦးမယ်။ 😛

    • eros

      March 4, 2011 at 1:42 pm

      ကိုနေဝန်းနီရဲ့ သူကအဲဒီပို့စ်မှာ ကတည်းက ပြောထားပြီးပြီ။ သူအရက်သမား မဟုတ်ပါဘူးတဲ့။ တခါတလေပါတဲ့။ ဝီစကီ ကိုတော့ ငါကြိုက်လို့ကွာဆိုပြီး ကျော်ဟိန်းလေသံနဲ့ ပြောသွားပါတယ်။

  • kopauk mandalay

    March 4, 2011 at 10:34 am

    အရင့်သီးဆုံးစကားလုံးနဲ့ပြောလိုက်ရမယ်ဆိုရင်တော့
    လူပါလို့ လာပြောတိုင်းလဲ လူမဟုတ်ဘူးပေါ့ဗျာ။

  • ogre

    March 5, 2011 at 11:36 am

    မဟုတ်ဘူးဆိုတိုင်ရမ်းမဟုတ်နေနဲ့……
    တစ်ခါတစ်လေမဟုတ်တာတွေကပဲ..ဟုတ်ဟုတ်နေတတ်တယ်နော်….

  • manawphyulay

    March 5, 2011 at 12:20 pm

    လူဖြစ်ပြီး လူမပီသတဲ့သူတွေကို လူလို့ သတ်မှတ်လို့ရလို့လား လေးပေါက်ရာ………………

    မဟုတ်တာ ဟုတ်တာ ဖြစ်နေတတ်တယ်ဆိုရင်တော့ မဟုတ်ဟုတ် ကနေ ဟုတ် ဟုတ် ဖြစ်သွားတာပေါ့ 😛 ဟုတ်ဖူးလား

    • eros

      March 5, 2011 at 12:38 pm

      မ မနောရေ နေကောင်းသွားပြီလား။

  • manawphyulay

    March 5, 2011 at 1:07 pm

    မကောင်းသေးဘူးမောင်လေးရေ ဆေးခန်းပြနေသေးတယ်………. ဆရာဝန်က လိုအပ်တာတွေရိုက်ခိုင်းလို့ ရိုက်နေရတယ်။ သိပ်တော့မသက်သာသေးဘူး။ ရွာထဲကို သတိရလို့…..

Leave a Reply