Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျော်စရာ ဂိမ်း ကမာ္ဘ

ဆူးMarch 5, 20111min1510121

ပျော်စရာ ကစားနည်းလေး တခု စဉ်းစားထားပါတယ်။
အက္ခရာ စာလုံးတွေ ဆက်ပြီး ဝါကျဖွဲ့တဲ့ ကစားနည်း ဖြစ်ပါတယ်။
ဥပမာ အားဖြင့် လက် ဆိုပြီး ကစားနည်းကို စဖွင့်လိုက်ပါမယ်။
အဖြေ။
လက်။
သွယ်လျ လှပသော လက်ချောင်းပိုင်ရှင်များ အတွက် လက်ချောင်းပုံ မော်ဒယ် အလိုရှိသည်။

နောက်လူ အတွက် ချောင်း ဆိုတဲ့ စာလုံး ချန်ထားခဲ့မယ်။

ချောင်း။
ချောင်းသာ မှာ သာယာလှပတဲ့ ရှုခင်းများ နဲ့ ပင်လယ်ကမ်းစပ် အလှကို ခံစားနိုင်သည်။

နောက်ထပ် စာလုံးကတော့ သာ ဖြစ်ပါတယ်။

သာ။
သာကေတ မှ ခွေးလေခွေးလွင့်များ စည်ပင်သာယာမှ အမဲလုံးပြစ် ရှင်းလင်းသည်။

နောက်ထပ် စာလုံးမှာ ဖြစ်ပါသည်။

ဒီလောက် ဆိုရင်တော့ ဂိမ်းရဲ့ သဘောတရားကို နားလည်လောက်ပြီ ထင်ပါတယ်။

ဂိမ်းမှာ ပါမယ် ဆိုရင်တော့ စည်းကမ်းချက် တွေကို လိုက်နာရပါမယ်။
၁။စာလုံးရေ ဆက်တဲ့ ဝါကျဖွဲ့တဲ့ အခါ ညစ်ညမ်းသော အဓိပ္ပါယ်ရောက်သည့် စာမျိုး မသုံးနှုန်းရပါ။
၂။ စာလုံး တလုံးကို တယောက်ထက် မက တပြိုင်တည်း ဖြေခဲ့ရင်တော့ နောက်ဆုံး ဖြစ်တဲ့ စာလုံးကို အတည်ယူပြီး ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။
၃။ စာလုံးဆက်ရာမှာ ဝါကျ တခုသာ ၁ကြိမ်တွင်သာ ဖြေခွင့်ရှိသည်။ နောက်ထပ် ဖြေဆိုသူ ရှိပါက အကြိမ် ကြိမ် ဝင် ကစားနိုင်သည်။
၄။ မိမိ ဖြေဆိုပြီး နောက်ထပ် မည်သူမှ ဖြေဆိုခြင်း မရှိပါက နောက်ဆုံး ဖြေဆို သူသည် စကားစု ဆက်တဲ့ ပြိုင်ပွဲ မှာ အနိုင်ရမှာ ဖြစ်ပါတယ်။
၅။ ရွာထဲမှ မည်သူမဆို ဝင်ပြိုင် နိုင်သည် မဖိတ်ခေါ်တဲ့ လူမှ လွဲ၍.. ((ဝင်ပါလာပါက ထို ကွန်မန်းကို ဖျက်သိမ်းမည်။))

121 comments

  • eros

    March 5, 2011 at 2:25 pm

    ဤကွန်မန်းရေးသူသည် ချစ်စရာကောင်းသည်။

  • bigbird

    March 5, 2011 at 2:38 pm

    စိတ်ဝင်စားစရာပါ…ကောင်းပါတယ်။အပျင်းပြေပေါ့။

  • manawphyulay

    March 5, 2011 at 2:40 pm

    ကေ နဲ့စမှာပေါ့ ဟုတ်လား…
    ကေတုမတီ မျိုးအောင်ကို မနော သိနေခဲ့တာ ကြာခဲ့ပါပီလေ…..

    တိုင်းသာ ရမယ်ဆို………….. မြတ်စွာဘုရားထံမှာ ဆုတွေ အများကြီး တောင်းတလိုက်မှာပေါ့။ 😛

    ဟုတ်မဟုတ် မသိ ရမ်းတုတ်လိုက်ပြီ ဆူးရေ………..

  • ဆူး

    March 5, 2011 at 2:46 pm

    သကေတ ဆိုတဲ့ စကားစု မှာ တ နဲ့ ဆုံးသွားလို့..
    မနော ဖြေတဲ့ အဖြေမှာ တတိုင်းသာရ ဆိုတဲ့ စကားစု ကျန်ခဲ့မယ်
    နောက်လူ စမဲ့ စာလုံးက ရ ဖြစ်ပါတယ်။ ရ နဲ့ စတဲ့ စကားစုကို ဆက်ရမှာဖြစ်ပါတယ်။

  • Oo Oo

    March 5, 2011 at 2:55 pm

    ဒီကစားနည်းကိုဆိုက်တခုထဲမှာကစားဖူးတယ်..
    “ရ”ကိုဆက်မယ်..
    တရနာ စိန်ကျောက်..ဇယ်တောက်တန်းကစားကြမယ်..
    (နာ)ကိုဆက်ရေးပါ..

  • naywoonni

    March 5, 2011 at 3:05 pm

    နာမည်ကျော်ကြား လူကြိုက်များတဲ့ ရုပ်ရှင် တို့သည်ထင်သလောက်မကောင်းတတ်ကြပါ။
    ဟုတ်ပြီလား?

  • ဆူး

    March 5, 2011 at 3:08 pm

    (နာ)
    နာနာဘာဝ
    နာနာဘာဝ ဆိုသော မမြင်အပ်တဲ့ အရာများကို လူအများစု ထိတ်လန့် ကြောက်ရွံ့တတ်သည်။

    နောက်လူ အတွက် (၀)

  • bigbird

    March 5, 2011 at 3:09 pm

    ကြားရကြားရ နားဝမှာ မသက်သာ

  • Oo Oo

    March 5, 2011 at 3:12 pm

    ကြားကြားသမျှ .. အမျှဝေ၏နတ်လူသာဓုခေါ်စေသော်
    (မျှ)..ကိုဆက်ပါ

  • ဆူး

    March 5, 2011 at 3:17 pm

    မျှတမှု
    လူသား အားလုံး မျှတမှု ဆိုတဲ့ စိတ်ရှိမှ အားလုံး အတွက် ကောင်းနိုင်မယ်

    (မှု) ဆက်ပါ။

  • May Myo

    March 5, 2011 at 3:19 pm

    ကြားလေသွေးလို့ ဝေးမှာစိုးပါတယ်။

  • ဆူး

    March 5, 2011 at 3:22 pm

    မမေမျိုး ရေးတဲ့ စကားစု နောက်လူ အတွက်
    (သွေး) ကို ဆက်ပါ။

  • တိုင်းပြည်တွက်စွန် ့စားအမောင်ပြည်ချစ်စစ်သား

    March 5, 2011 at 3:40 pm

    သွေးထွက်နည်းမှ ချွေးထွက်နည်းမည်
    ဒါ ကျုပ်တို ့တပ်မတော်ရဲ့အဘိဒန်
    (တပ်)
    တပ်မတော်အင်အားရှိမှ တိုင်းပည်အင်အားရှိမည်
    (တစ်)
    တစ်နှသ်သုံးလေးတစ်နှစ်သုံးလေးပြည ်သူ့စစ်သားပြည်သူ့စစ်သား

    • intro

      March 7, 2011 at 12:43 pm

      ချွေးထွက်နည်းမှ သွေးထွက်နည်းမည် လုပ်စမ်းပါ ငါ့ကောင်ရာ… မင်းက စစ်သားလဲ ဆိုသေး၊ ဒါလေးလောက်တော့ မမှားသင့်ဘူးပေါ…

  • Oo Oo

    March 5, 2011 at 4:04 pm

    သွေးမြေကျ
    ခဲ့ပြီ
    (ကျ)ကိုဆက်ပါ

  • ဆူး

    March 5, 2011 at 4:13 pm

    ကျကျန် ပစ္စည်း တာဝန်မယူပါ။
    (ကျန်) ကို ဆက်ပါ။

  • ကိုငြိမ်းချမ်း

    March 5, 2011 at 5:27 pm

    ကျန် ရှိ စစ်သား ငရဲ လား
    😀

  • bigcat

    March 5, 2011 at 6:41 pm

    သားသုံးသား အမုန်းမပွားနဲ့၊ အရှုံးသမား မဖြစ်ရအောင် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ကြ။
    အောင် ကိုဆက်ပါ။

  • nigimi77

    March 5, 2011 at 7:30 pm

    အောင်မြင်မှုအား ရယူရာတွင် ဆူးညှောင့် ခလုတ် ရှိစမြဲဖြစ်သည်။

    ဆူး အား ဆက်ချင်လျင်ဆက် ဖျက်ချင်လျင် ဖျက်ပါ။

    • kai

      March 6, 2011 at 12:53 am

      ဆူးမမအား မမူးပဲ ပြူးပြဲမပြောလျှင် အဆင်ပြေမည်
      ပြေကိုဆက်ပါ။ 🙂

  • nigimi77

    March 5, 2011 at 7:41 pm

    ဖျက်ခြင်း ဝင်တိုး ဆင်မိုက်မျိုး ချင့်ချိန် မတိုင်းရာ။
    ငြိုးထားရန်ပျိုး ထိုစိတ်ဆိုး တိုးတက်ဘယ်သောခါ။
    စိတ်ညစ် မာန်ဆိုး ဘဒ္ဒာ မျိုး အတ္တ ကိုယ်စိတ်မခွာ။
    အတ္တ ကိုဆက်ပါ။

  • bigcat

    March 6, 2011 at 1:31 am

    ပြေတီဦးကို ဆူး မရသောကြောင့် အရူးမတပိုင်း ဖြစ်နေပြီ။
    (ပိုင်း) ကိုဆက်ပါ။

  • ယောလေး

    March 6, 2011 at 2:02 am

    ပိုင်းခြားတတ်တဲ့ အသိဉာဏ်လိုတယ်……(ခြား)
    ဆက်ကြည့်တာပါ..ကွန်မန့်ဖျက်ချင်လဲ ဖျက်ပေါ့….

  • kopauk mandalay

    March 6, 2011 at 2:04 am

    ပိုင်းဖြတ်ကာ မျှဝေဘို့ခက်တာကြောင့်
    ရလေသမျှကို ငါ့ သာအကုန်ယူလိုက်မယ်
    ကြားကြားသမျှ ကို မုဒိတာပွားရအောင်
    ဇာတ်ဆရာရေ မောလာရင်သောက်ဖို့ အယ်လပိုင်း ဆောင်
    ယောင်တောင်တောင် တစခန်းရပ်လို့ ရတနာပုံ ဆိုင်းအဖွင့်နဲ ပို့လိုက်စမ်း…………..ပလို့ဂျိ
    (ဂျိ)နဲ့ဆက်ပါ

  • kopauk mandalay

    March 6, 2011 at 2:15 am

    တစ်ပြိုင်နက်တင်မိတယ်ထင်တယ် ယောလေးထက်ကျနော်နောက်ကျသွားတော့
    ခြားနဲ့ပြန်ဆက်ပေးပါမယ်။

    ခြားနားမတူတဲ့ အမြင်တွေနဲ့ ပြောချင်ရင်လဲပြောကြ။
    ခြားရဟတ်လို လည်နေတဲ့ ဘဝဆိုတဲ့ သံသရာကြီးကို ရပ်အောင် ကြိုးစားချင်သူကလဲ ကြိုးစားကြ။
    ခြားနားခြင်းဆိုတဲ့ကွဲပြားမူ့ကို မခံစားနိုင်တဲ့ အခါ ပေါက်ကွဲလို့ပြချင်ရင်လဲပြကြ.။
    ဒါမှမဟုတ် ဘာမှမလုပ်တော့ဘူးဆိုပြီး ငုတ်တုတ်ထိုင်လို့ ဘုပြောချင်တယ်ဆိုရင်လဲပြောချင်ပြော
    ကိုယ့်သလောကိုဆောင်တဲ့လောကကြီးပါဗျာ။
    (ဗျာ)နဲ့ဆက်ပါနော်

  • ကိုငယ်

    March 6, 2011 at 4:41 am

    ဗျာများသူ သည် အလုပ်တွင်အမှားမျာတတ်သည်။
    (သူ)နှင့်ဆက်ပါရန်

  • kai

    March 6, 2011 at 7:08 am

    “ဗျာ” လို့ထူးလိုက်ပါ။
    မောင်မောင်ခေါ်လို့မှ ဗျာမထူးရင်
    အရူးသိုင်းနဲ့မီးဝိုင်းက
    အကြီးတပိုင်းကုန်အောင်သောက်ပြီး
    ကျောပြင် ဗျောတင်လိုက်မယ်
    သဘောရှိ ကရောဟိ..
    (ဟိ)နဲ့ဆက်ပါ။

  • meelay

    March 6, 2011 at 7:18 am

    ဟိ၊ ထိ၊ ကလိကွက်၊ ညိချက်ကနာ
    (နာ) နဲ့ ဆက်ပါ ….. 😀

  • bigbird

    March 6, 2011 at 8:13 am

    နာမည်ကဆိုး
    အသားကမဲ
    တို ့မှူးမှူးကြီးပါပဲ။ (ဆိုး) နဲ ့ဆက်ပါ။

  • weiwei

    March 6, 2011 at 9:08 am

    ဆိုးသွမ်းသည့် ရွာသားများအား သူကြီးမှ နှစ်လုံးပြူးထုတ်၍ ခြိမ်းခြောက်လိုက်သည်။

    (သွမ်း) နဲ့ ဆက်ပါ ..

    • kai

      March 7, 2011 at 1:39 am

      သွမ်းဆိုးပေညစ် ကိုကာလသားငရစ်တို့
      ခေါ်တောဂေါရင်ဂျီ အကြည့်ပစ် မလွတ်တန်းလစ်ကြတဲ့…
      ပျိုပျိုမေတို့ လှုပ်လီလှုပ်လဲ့…တအိအိ တအဲ့အဲ့ယွန်းလေရာ
      ပွဲရွှေညောင်ရေသွန်း…
      (သွန်း) ဟုပြင်ပြီး ဆက်ပေးလိုက်ပါသည်။

  • manawphyulay

    March 6, 2011 at 10:42 am

    ဒီလိုသာ ဆက်နေရင် ပြီးမှာမဟုတ်တော့ဘူး…..

  • ဆူး

    March 6, 2011 at 3:16 pm

    သွမ်းလုပ်ပူဇော် ရန် ဘုရားဆင်းတု ပုံစံများအား လေ့လာနေသည်။
    (ဇော်) ကို ဆက်ပါ

    • bigcat

      March 6, 2011 at 9:09 pm

      သွမ်း ဆိုတဲ့စာလုံးက ရယ်သွမ်း ဆိုးသွမ်းတာကို ညွှန်းတာဗျ။ အမှန်က သွန်း ဖြစ်ရမှာမဟုတ်ဘူး။ အန်တီဆူး ဘော်ချက်မယ်တော့ မကြံနဲ့နော်။ ငွေ ၁ဝနဲ့ နာမည်ပျက်နေအုံးမယ်။

  • htet

    March 6, 2011 at 5:02 pm

    ဇော်ဂျီ ဆေးကြိမ်လုံးနဲ့တို့ပြီး သူရောင်မယ်တွေကို အသက်သွင်းတယ်တဲ့ …

    (ဂျီ) ကို ဆက်ပါ …

  • Shwe Tike Soe

    March 7, 2011 at 3:42 am

    ဂျီ ကျတိုင်းသာ မင်းကိုချော့ရ ရင် မောင်မောပြီပေါ့အချစ်ရယ်

  • char too lan

    March 7, 2011 at 4:16 am

    ဪ……ဂျီကိုဆက်မလို့ဝင်လိုက်တာ ရွှေတိုက်စိုး လက်ဦးသွားပီ 🙁
    ကြော နာကဘာဆက်ရေးရမှာလဲ ?????

  • MaMa

    March 7, 2011 at 1:05 pm

    ရွှေတိုက်စိုး ရေ ဂျီကျနေတဲ့ ချာတူးကို ပြန်မြူးအောင် ချော့လိုက်ပါအုံး။ (အုံး) ကိုဆက်ရေးပါ။

  • padonmar

    March 7, 2011 at 2:38 pm

    အုံးစက်ပါ ဘုန်းလင်္ကျာ(လက်ယာ)
    (ယာ)ဆက်ပေးပါ

  • Gong Zhu

    March 7, 2011 at 2:53 pm

    ယာတောထဲမှာ စပါးပင်တွေ ရွှေရောင်ဝင်းဝင်း …

  • ဆူး

    March 8, 2011 at 2:02 pm

    ဝင်းဝါ ဆိုပြေ နုအသားအရေ။
    (ဝါ) ကိုဆက်ပါ။

  • MaMa

    March 8, 2011 at 4:02 pm

    ဝါရွှေနွယ်သွေးကို ထာဝစဉ် ဆင်မြန်းတတ်တဲ့ ဝါဝါမလေး ချစ်သူရယ်။ (သွေး)ကို ဆက်ပါ။

Leave a Reply