အမြင်ဒီဇိုင်းပညာရပ်

manawphyulayMarch 5, 20111min760

အမြင်ဒီဇိုင်းပညာရပ်ဆိုတဲ့ Visual Art & Design ကိုတော့ အခြေခံအားဖြင့် သိနားလည်ထားဖို့လိုပါတယ်။

အမြင်ဒီဇိုင်းပညာဟာလည်း အနုပညာက ရှေးဆုံးကလို့ ဆိုလို့ရပါတယ်။ အင်း ဒါကြောင့် အနုပညာ ပါရမီရှင်များအဖို့တော့ အမြင်ဒီဇိုင်းဆိုင်ရာ အမြင် ခံစားနိုင်မှု၊ နားလည်သဘောပေါက်မှု၊ ဖန်တီးနိုင်စွမ်းဆိုတဲ့ အရာတွေဟာ မွေးကတည်းက ပါလာကြတာမို့ ဒီပညာရပ်ကို သိမထားပဲ ဖန်တီးနိုင်ကြပါတယ်။ ထူးခြားတဲ့ အနုပညာပါရမီရှင်များကို ချွင်းချက်ထားပြီး

ဒီဇိုင်းပညာရပ်ကို တကယ်ဝါသနာပါ လိုက်စားလိုသူတွေအတွက် အမြင်ဒီဇိုင်းပညာရပ်ရဲ့ အခြေခံတွေကို မသိလို့ မဖြစ်နိုင်ပါဘူး။
ဒီပညာရပ်မှာ အရေးအကြီးဆုံးထားပြီး ပထမဆုံးအနေနဲ့ သိနားလည်ဖို့ လိုအပ်တာကတော့ ခံစားနားလည်မှု၊ ဝေဖန်အကဲဖြတ်နိုင်မှု စွမ်းရည် Appreciation ပါပဲ။ ဒီဇိုင်းတစ်ခုကို မြင်တဲ့အခါ ဒီဇိုင်းရဲ့အလှအပကို ခံစားနားလည်နိုင်မှု
စွမ်းရည်ရှိမှသာ ကိုယ်ကိုယ်တိုင် ဒီဇိုင်းဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပါရမီကို လိုက်လို့ တစ်ဦးနဲ့တစ်ဦး ခံစားနိုင်ရည် မတူကြတာကို လေ့လာတွေ့ရှိရပါတယ်။ နောက်ပြီး ဒီဇိုင်းနဲ့ ပတ်သက်လို့ Sensitivity ကောင်းဖို့လည်း လိုအပ်ပါတယ်။

Sensitivity ကောင်းတယ်ဆိုတာ ဆက်ပြီး လေ့ကျင့်နေမှသာ အချိန်အခါလိုက် ပြောင်းလဲလာနေတဲ့ Space, Time, Motion စတဲ့ အနုပညာကို ထိရုံနဲ့ သိနေမှာ ဖြစ်ပါတယ်။
ကျွန်မ လေ့လာမိသလောက်ပေါ့လေ… အဲဒီတော့ အမြင်ဒီဇိုင်းရဲ့ အခြေခံဖြစ်တဲ့

၁။ ဒီဇိုင်းဆိုင်ရာ ခံစားနိုင်မှု (Sensitivity)
၂။ ဒီဇိုင်းအကဲဖြတ်နည်း (Appreciation)
၃။ ဒီဇိုင်းဆိုင်ရာ အတွေးအခေါ် (Design Thoughts)
၄။ ဒီဇိုင်းအခြေခံမှုများ (Design Principles)

ဆိုတဲ့ အချက်လေးချက်ကို အနည်းဆုံး သိအောင် လုပ်ရမယ်လို့ ကျွန်မ လေ့လာသုံးသပ်မိပါတယ်။ ဒီဇိုင်းဆိုတာဟာလည်း ပြောတော့သာ လွယ်တာ လေ့လာမယ်ဆိုရင် တော်တော်လေးကို နက်ရှိုင်းလှပါတယ်။ ကျွန်မတို့လို မသိနားမလည်တဲ့သူတွေအတွက် ကိုယ်တိုင်လေ့လာရုံနဲ့ မရပါဘူး။ အိုင်တီနယ်ပယ်မှာရှိတဲ့ မိတ်ဆွေအပေါင်းအသင်း ဆရာသမားများက ပညာများ ဖြန့်ဝေမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဖြစ်မိမှာပါ။ ငပိဖုတ်တာတောင် ဆရာမပြရင် နည်းမကျဆိုသလိုပေါ့။ အရင်ရောက်နေတဲ့သူတွေက သွားမယ့်လမ်းကြောင်းပေါ်ကို ခေါ်ဆောင်မှသာ လမ်းမှန်ကို ဖြောင့်ဖြောင့်ကြီး ရောက်မယ်လို့ ကျွန်မ မျှော်လင့်မိပါတော့တယ်။