ပြည်သူ့ရင်ပြင်က ကစားကွင်းဖွင့်ပါပြီ

မမေလးMarch 7, 20111min17311

တစ်နေ့က ပြည်သူ့ရင်ပြင်က ကစားကွင်းကို သွားလည်ခဲ့ပါတယ် ။ ဝင်ကြေးက တစ်ယောက်ကို သုံးရာကျပ်ပါ ။ Happy World နဲ့ ကပ်လျက်ပေါ့နော် … ကစားနည်းက ငါးမျိုးပဲရှိပါတယ် … ဘာကစား ကစား တစ်မျိုးကို တစ်ယောက် တစ်ထောင်ကျပ်ပါ … ရေလွှာမိချောင်း သာကေတ ရှုခင်းသာက ရေလွှာမိချောင်းနဲ့ တစ်ပုံစံတည်းပါပဲ … အဲ့ဒီနေ့ကဆိုရင် အဲ့ဒါလေဒ စီးဖို့ကို လူတွေတန်းစီရတာ မိနစ် ၂ဝ ၊ ၂၅ မိနစ်လောက်ကြာပါတယ် … အဲ့ဒီမှာ အကောင်းဆုံးကတော့ ဆိုင်ကယ်စီးတာအကောင်းဆုံးလို့ထင်ပါတယ် … ဖွင့်သည့်အကြောင်းကို တစ်နေ့ကမှ သိရတာမို့လို့ပါ …. သိပြီး တင်ပြီးသည်ဆိုရင်လည်း ခွင့်လွှတ်ပါရှင် …

11 comments

  • ဆူး

    March 7, 2011 at 4:05 pm

    နေ့တိုင်း အဲဒီ နားက ဖြတ်နေတာတောင် ဖွင့်မှန်း မသိသေးပါဘူး။
    ဘယ်သူမှ သတင်း မတင်ရသေးလို့.. 😉

  • ယောလေး

    March 7, 2011 at 4:16 pm

    ပြည်သူ့ရင်ပြင်မှာတော့ ရေကူးကန်ပဲ သိတယ်…..
    ရေကူးကန်တော့ အရင်က ခဏခဏရောက်ခဲ့တယ်…
    အခုတော့ မရောက်ဖြစ်တာကြာပြီ

  • Yin Nyine Nway

    March 7, 2011 at 4:44 pm

    ရိုလာကိုစတာ စီးလို့ရပီလား

  • cherrykoko

    March 7, 2011 at 4:58 pm

    ခရီးထွက်နေလို့ အနီးအနားမှာနေတာကို ဖွင့်သွားတာမသိလိုက်တာပါ.ကျေးဇူးတင်ပါတယ်..

  • gyinkalay

    March 8, 2011 at 4:46 pm

    ကျေးဇူးတင်ပါတယ်…သွားကစားလို်က်အုံးမယ်…

  • char too lan

    March 9, 2011 at 6:37 am

    အဲ့ဒီမှာ လူစုပီးဂေါ်လီရိုက်ကြမယ် ပန်းပင်တွေ ရှု ့ခင်းတွေကော လှရဲ ့လား ခည??

  • Gong Zhu

    March 9, 2011 at 4:40 pm

    ဟုတ်တယ် မမဆူး သမီးလည်း မသိဘူး … ဘယ်ကမှ သတင်းမရဘူး … ပြည်လမ်းမပေါ်မှာ ပွိုင့်မိနေတုန်း လှမ်းကြည့်လိုက်တော့ သူများတွေ ကစားနေကြတာတွေ့တော့မှ သိလိုက်တာ …

    ပြည်သူ့ရင်ပြင်မှာ ရေကူးကန်ရှိတာ သမီးတောင် မသိဘူး ယောလေး 🙂

    ကိုချာတူးလန် သမီးက ကစားစရာတွေပဲ မက်နေတော့ ရှုခင်းတွေကို သေသေချာချာ မသိလိုက်ဘူး ဟီးဟီး

  • etone

    March 10, 2011 at 4:39 am

    ကလေးတွေ စီးနေတာ တွေ့ကတည်းက ဖွင့်မှန်းတော့ သိပါတယ် ။ ရောက်တော့ မရောက်ဖြစ်ဘူး ။ အီးတုံးက အဲ့ဒါတွေ မစီးရဲပါဘူး …. သူတို့ဘယ်လိုပဲ ခိုင်အောင် လုပ်ထားတယ်ပြောပြော စိတ်ထဲ မခိုင်သလို သံသယဖြစ်နေတာနဲ့ မစီးရဲဘူး ။ ပြုတ်ကျလို့ သေရင်တော်သေးတယ် မသေပဲဒုက္ခိတဖြစ်နေမှာ စိုးလို့ အမြဲ စိတ်ပူပြီး မစီးဖြစ်တာ ။ ရေလွှာလျှောစီး တစ်ခါပဲ အမြင့်ကြီးက စီးဖူးတယ် အောက်ကို ဒလိမ့်ကောက်ကွေး ကျပြီး ရေမွန်းတာ နောက်နေ့ဖျားရောပဲ .. ။ အဲ့ဒီလိုကို ဗန္ဓုလသွေးပါတယ် အဟဲ 😀

  • Gong Zhu

    March 13, 2011 at 3:36 pm

    ဒါကလည်း သူ့ကံနဲ့သူ အတိ်တ်ဘဝက မကောင်းခဲ့လို့ ဒုက္ခိတ ဖြစ်တာလေ … မမအီးတုံးက ဒီလောက်စိတ်ကောင်းရှိတာ လည်စရာ ဝဋ်မှမရှိတာ … ဘာမှမဖြစ်ဘူး … အာမခံတယ် … အသက်ကြီးမှ သွားဆော့ရင် မကောင်းဘူးနော် … 😛

    • etone

      March 14, 2011 at 8:20 am

      အ ဲGong Zhu … မြှောက်တော့မြှောက်နေပြန်ပြီ ။ အဲ့ဒီမှာ ရှယ်ယာဝင်ထားသေးလား 😀 😀

  • Gong Zhu

    March 14, 2011 at 8:26 am

    အဲ့လိုပါပဲ လူတွေကလည်း အမှန်ပြောရင် ကြိုက်မှမကြိုက်တတ်တာ … အမှန်တွေမပြောတော့ပါဘူး … မမအီးတုံးရယ် နော် … 😛

Leave a Reply