Millions of dead fish

Zaw WonnaMarch 9, 20111min909
Photo: www.dailymail.co.uk/

အမေရိကနိုင်ငံ ကာလီဖိုးနီးယားပြည်နယ် Redondo Beach တွင် သန်းပေါင်းများစွာသော ဆာဒင်းငါးနှင့် အခြားငါးငယ်များ သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ကျွမ်းကျင်သူများ အဆိုအရ အဆိုပါ ငါးများသည် ပင်လယ်အော်အတွင်းသို့ လမ်းကြောင်းမှား ဝင်ရောက် လာကြပြီးနောက် အောက်ဆီဂျင် ပြတ်လပ်ကာ သေဆုံးသွားရခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

Redondo Beach ရှိ ရေပြင်တစ်ခုလုံးတွင် ငါးသေများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ရေထဲတွင် ငါးများကို သေဆုံးစေနိုင်သော အဆိပ် သို့မဟုတ် ရေနံယိုဖိတ်ခြင်းတို့ မရှိကြောင်း သိရသည်။

Ref: www.dailymail.co.uk

9 comments

  • kai

    March 10, 2011 at 12:19 am

    အဆိပ်မပါဘူးဆို… အဲဒီငါးတွေ.. ငပိလုပ်လိုက်ရင်တော့ .. ရှယ်နေမှာပဲ..။
    အဲဒီနား အေရှန်တွေနေတယ်..။
    ငပိမျက်စောင်းထိုးနေလောက်တယ်..။ 🙂

  • etone

    March 10, 2011 at 2:15 am

    အာရွှီးမှတ်လို့ လိုက်ရှာသေးတယ် … တကယ့်သတင်းပါ ။ ငါးတွေ ဒီလောက်များမှန်းထင်တောင် မထင်ရဘူး ။

  • antimoe

    March 10, 2011 at 4:28 am

    ရေထဲ၊ လေထဲက သတ္တဝါတွေ…ဒုက္ခရောက်နေပြီ…
    ကမာ္ဘကြီး…ဘာအပြောင်းအလဲတွေနဲ့..ရင်ဆိုင်ကြုံတွေ့နေရပြီလဲ…
    တို့တတွေ…ဘာတွေ…ပြင်ဆင်ထားရမှာလဲ….

  • နီလေး

    March 10, 2011 at 9:52 am

    ဘာတွေပြင်ဆင်ထားရမလဲဆိုတော့ အရင်က မဟော်သဓာလို မတိုးထမင်းမတိုးဟင်းတွေဆောင်ထားရင်တော့ တစ်ပတ်လောက်တော့ သူများထက်ပိုပြီးအသက်ရှင်နိုင်ကောင်းပါရဲ့။

  • ဆူး

    March 10, 2011 at 1:45 pm

    ငါးတွေလည်း ကပ်ဆိုက်နေပါလား။
    ငါးတွေ အများကြီးသေတာ ဘာအဆိပ်မှ မရှိဘူး ဆိုတော့ ပန့်သကူသား ဖြစ်နေပြီ။ ဘယ်သူမှ ငရဲ မကြီးဘူး။
    ဟင်းချက်နည်း အသစ် အမြန်ထွင်ပြီး စည်သွပ်ဘူးထဲ ထည့်ပြီး ဈေးကွက် တင်ဖို့ အမြန်လေလံ တင်ပြီး အပြတ် ဝယ်လိုက်မယ်။

  • ခုတော့ သိလောက်ပြီထင်ပါရဲ့.. ဂျပန်ဆူနာမီအတွက် သဘာဝက ကြိုတင်နိမိတ်ပြလိုက်တာကို
    အင်း…… Bible ထဲက သက်သေပြချက်တွေတော့ မှန်လာပြီ
    ၂၀၁၂ မှာ… အကယ်လို့များ… တစ်ကယ်လို့သာဖြစ်လာမယ်ဆိုရင်တော့ မြန်မာပြည်ပြန်ပြီး ကိုယ်ချစ်တဲ့သူကိုဖက်ထားရင်းနဲ့ နောက်ဆုံးရက်ကို ရင်ဆိုင်လိုက်ချင်သား..

  • gigihan

    March 12, 2011 at 1:34 am

    အဖေနဲ့အမေတော့ သတိမရဘူးပေါ့နော်.. မွေးကျေးဇူးတွေ ဆပ်နေတာ။

  • nigimi77

    March 12, 2011 at 3:35 am

    ညောင်ဦးကမ်းပါးပြိုလို ့ စပ္မယ်နဂိုရ်က နမ(နွားမ) ပေါင်ကျိုးတာဗျ။
    ဘာတွေပြင်ဖို ့လိုသလဲဆိုတော့…အဟမ်း…သေဖို ့ပြင်ထား။
    မင်းသားမင်းသမီးနဲ ့ ပိုက်ဆံရှိသူတွေကတော့ မသေဘူးတဲ့ (ရုပ်ရှင်ထဲမှာ)။
    ဘဘကြီးကတော့ ၂၀၁၂ လောက်ဆိုရင်တာ့ ပြည်သူတွေကို ပြန်ပေးမယ်ပြောတာပဲ။
    ကျုပ်တော့ တယောလေး တလက်ဝယ်ထားတယ်။ ဗက်ထရန်စမေလိုဗစ် ကို အားကျလို ့။

  • Gong Zhu

    March 12, 2011 at 4:55 pm

    2012 ကတစ်ကယ်လား … အဲ့ဒီ ငါးတွေကို ဘယ်သူတွေပိုင်လို့ ဘာတွေလုပ်လိုက်ကြလဲမသိဘူးနော် … 19 ရက်နေ့ လ နဲ့ ကမာ တစ်တန်းတည်းဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ … ဘယ်အချိန်မှာဖြစ်မှာလဲ … မသိလို့ပြောပေးပါဦးနော် … မမြင်ဖူးလို့ ကြည့်ချင်လို့ပါ ။။။

Leave a Reply