Various (1)
(1) သနားလိုက်တာ။ သနားလိုက်ပါ့။ သနားလိုက်တာခင်ဗျာ့။ သနားလိုက်ပါ့ရှင့်။ သနားပါ့တယ်ဗျို ့။
သနားသနား။
မေတ္တာ မေတ္တာ။
စေတနာ စေတနာ။
ဂရုနာ ဂရုနာ။
မုဒိတာ မုဒိတာ။
အကြင်နာ အကြင်နာ။
လုံးချာလည် လုံးချာလည်။
ခေတ်သစ်မှာ ခေတ်သစ်မှာ။
ဆန်းသစ်တာ ဆန်းသစ်တာ။
မရှိပါ မရှိပါ။
နိဗာန နိဗာန။
ဂွတ်လေထ ကောင်းလေစွ။
(2) စာကလေး လွှတ်လို ့လူကျွတ်။
သူ ဂွတ်ဖို ့ အယူ တဖက်ညွတ်။
ရံဖန်ရံခါတော့ အသားလွတ်ပေါ့။
မဂ်ဖိုလ်ဉာဏ် ဈန် ပေါက်မပေါက်တော့ ငါမသိ။
ငါသိတာ နင့် သားသမီး နင့် မြီး(မြေး) နဲ ့ နင့် မြစ်ကတော့
ဒုက္ခတောမှာ မဆုံး သံသရာ ရုန်းကန်စွာနဲ ့ပေါ့။
(3) သတ်သူက သတ် ။
ရောင်းသူက ရောင်း ။
ဘယ်သူ ကောင်း ကောင်း မကောင်း ကောင်း။
ဒီ ဝက်သားပေါင်းက စားလို ့ရောင်းတာ သူ ့အသက် မသတ်ရာ ဆိုတဲ့
မင်းလို(နင်လို) ကောင်မျိုးတွေ ကြောင့်ပေါ့ ။
(4) ဟိုနေ ့က ဟိုကောင်မနဲ ့ ဟိုကောင်က ဟိုလိုအေ့ ဆိုတဲ့
အတင်းအဖျင်း စုံမက် အဲဒီ မိန်းမမြတ်က
ပြန်ဦးမယ်ဟေ့ ကောင်မတို ့ရေ ဒီနေ ့က ကိုးနဝင်း ဝင်မဲ့ (မည့်) ပထမ ရက်ဟဲ့။
(5) ဟို အသားက ညှီ ဒီ အသားက မသတီတဲ့
အနှီ မိန်းမမြတ်ကလဲ ပိန်လှီလှီ ဆတ်သားခြောက်ကို ကြည့်ရင်း
ထွီ…လို ့ မြည်သံပေး ထွေးချလိုက်တာက သွားကြားမှာ မတရား ညပ်နေတဲ့
အမဲသားနှပ် ဟဲ့။
(6) ယုံချင်ယုံ မယုံချင်နေ ငါစုံမက်တာက ပုတီး တဖက်နဲ ့ ချဲတွက်နေတဲ့ ဟို မိန်းမမြတ် ဟဲ့။
(7) တယ်ခက်တဲ့ လူ ့ဘဝ အနုအလှ ကိုမှ စုံမက်တဲ့ ဟိုနားက မိန်းမရွတွေ
သေချာနားထောင် ငါ့ပေါင် ငါ လှန်မထောင်းချင်ပေမဲ့ တသက်တာ အတွက်
ဂွင်ညက်ချင်ရင် ဖါခံမစားနဲ ့ မန်နေဂျာ ဆိုတဲ့ ကောင်ရဲ ့အထက်မှာ
ဘဝင် ခပ်ဆတ်ဆတ် ဖင် အပြတ်သတ် ဟီးလို ့ တော်ကောက်ခံရတဲ့
ရင် သားမြတ်ကြီးကို အားကျဟဲ့။
(8) (အစဉ်) ကြွားတတ်ပြီး (အရင်) ဖားတတ်ပြီး ဖင်၊ သားမြတ်ကြီးတဲ့ (ငါထက်)
(နင်) အယားတတ်ပြီး ဖါခံ မညီးမငြူ ကြည်ဖြူနေတဲ့ ဘဝထက်
ငါ့ ကလေး ပူဆာ မနေသာ အဆိုပါ အမျိုးကောင်းသားလို ့မြင်
မယားရှိ လင်တွေ အတွက်
တယောက်ဆို တယောက် တပေါက်ဆို တပေါက် အလိုဖြည့်ပေးတာ
ငါ မိန်းမမြတ်ဟဲ့။
(9) နောက်ဆုံးမှာ သတိချပ် အသိတက်စရာက
ကဝိမြတ်တွေတောင် အယောင်ယောင် အမှားမှားနဲ ့
ဝိပါတ်ကြမ္မာ လို ့ ဒီ့ထက် ရှာစရာမရှိဘို ့ စည်းကျပ် ကဗျာတွေထဲက
အသင် မိန်းမ ရုပ်ဆင်းလှ ဆိုတာဟာလဲ နင်လို မာတုဂါမတွေပဲဟဲ့ ။
(10) ဝက်မလည်း အမေ၊ ဇရတ်မလည်း အမေ၊ ကြွက်မလည်း အမေ၊
လမ်းလျှောက်တဲ့ လူလုပ် ကြက်မ (လူကြက်မ) လည်း အမေ၊ နင့်ကို လူမ အဖြစ်သတ်မှတ်
သားမြတ်တွေရှိနေသမျှ ငါလိုနင်လို လူအပေါင်းကို တနေ ့နေ ့ တချိန်ချိန်မှာ
အဖိုးတန် နို ့ရည်ကို အောင်းပေးမဲ့ မိခင်လောင်းတွေ ဆိုတာကို နားလည်တတ်ရင်
နင့် ရင်ဘတ်က သားမြတ်နှစ်ဖက်ကို အားနာ၊ ဘယ်တော့မှ ခါးမပါစေရဘူးလို ့
ကြုံးဝါးခဲ့ဖူးတယ် ဆိုရင်တောင်မှ နင့် အဖေနဲ ့ နင့် အမေ မက်မပြေစွာ
လက်တော်နဲ ့ ချက်တော်ကို ရစ်လို ့ နင်က ထူးထွေသည့်အံ့ရာသော်
လူဖြစ်ဖို ့ အခါတော် ဆိုက်ရောက်ခဲ့တယ်ဆိုရင်တောင်မှ၊
လူ ့သဘာဝကို ဖျက်ဆီး အပျိုကြီးဖြစ်ဖို ့ အားခဲထားတယ် ဆိုရင်တောင်မှ၊
တစ်ရာ(၁၀၀) မှာ တစ်ယောက် လျှာမှာ မြက် မပေါက်ခဲ့ရင်တောင်မှ၊
တသက်မှာ တခါ မက်စရာ အကောင် လင်တော်လောင်းကို ဆုတောင်းရင်း ပေးဆပ်၊
ဟို အကောင်ကတော့ ဂွေးတက်အောင် ဆော်ပြီး ထားသွားသမို ့၊
ငါ အပျိုကြီး….လို ့ ကြွေးကျော်ချင်ရင်တော့၊
နင်တော့ မသိ ငါတော့ ခက်ပါဘိ အာပြိုဂျီးနှယ်လို ့ မြည်တမ်းရင်း
ဒီလမ်း အတွင်းသို ့ဝင် ဒီရွာတွင် စတည်းချမယ်(မည်) ကြံခိုက်၊
ဒီလူတစ်သိုက်က ….အော်…ဘယ်သူများလဲလို ့….
အခုတော့ သိပြီ
သူ ့ကို ကျွန်တော်….ဆိုတဲ့ ငှက်ကြီး သီချင်းကို လက်ဖြစ် ဂစ်တာ အဟောင်းလေးနဲ ့
ဆိုငြီး ကြည့်ချင်တယ်။
3 comments
ရှူံးနိမ့်မှုများနဲ့.. လူ
March 11, 2011 at 12:02 am
ကောင်းပါ၏။
အတွေးအခေါ်ရော၊ အရေးအသားရော ကြိုက်တယ်။ အဲလိုရေးတတ်ချင်တယ်။
ogre
March 11, 2011 at 1:11 am
ဂွတ်ထ…ဂွတ်ထ..ကောင်းလေစွ
မိုက်ကယ်ဂျော်နီအောင်ပု
March 11, 2011 at 2:36 am
ယဉ်ကျေးမှုပျောက်တဲ့ မြန်မာပြည်
Paint: E Feliciano
(ဧရာဝတီ ဘလော့ဂ်ကို “ကိုထူး” က ပေးပို့တဲ့ ဆောင်းပါးပါ။)
ရှင်းပါသည်။ ယဉ်ကျေးသော အမှုကို ယဉ်ကျေးမှု ဟုခေါ်သည်။ ရိုင်းစိုင်းသော အမှုကို ယဉ်ကျေးမှုလို့ မခေါ်နိုင်ပါ။ ထို့အတူ ယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှုကိုလည်း ရောထွေး မစဉ်းစားသင့်ပါ။ ဝတ်စားဆင်ယင်မှုဆိုတာ ခေတ်အလိုက် အချိန်အခါ အလိုက် ပြောင်းလဲခဲ့တာမဟုတ်ပါလား။
ကျောက်ခေတ်က အဝတ်ဗလာ သို့မဟုတ် နံငယ်ပိုင်းဝတ်စုံကို ရိုင်းလှချည်ရဲ့လို့ ခုခေတ် လူတွေ ပြောလို့မရသလို ပုဂံခေတ်က ခါးတောက်ကျိုက်နှင့် အပေါ်ပိုင်းဗလာ ဝတ်စုံကိုလည်း မယဉ်ကျေးပါလို့ မဆိုနိုင်ပါဘူး။ စစ်ကြိုခေတ်က ဟံသာအေးဇာနိုင်လွန်ပါး ဘရာစီယာအထင်းသား၊ အခုခေတ် သူငယ်မတွေ တိုတာ ဟိုက်တာ ပါးတာ လောက်တော့ ရယ်တာပေါ ့။ တောင်ရှည်ပုဆိုး နေရာမှာ ဘောင်းဘီတွေ အစားဝင်လို့ အခုဆို ကွာတားတွေ ဘောက်ဆာ ရှော့တွေ ဖြစ်ကုန်ကြပြီ။ ထိုင်မသိမ်းထမီ နေရာကနေ ဂါဝန် စကပ်တွေ ပေါင်လည် ပေါင်ပြတ်တွေအထိ ပြောင်းလဲလာခဲ့ပြီ။
ခေတ်အလိုက် အချိန်အခါအလိုက် ဝတ်စားဆင်ယင်မှုတွေဟာ ရှည်လိုက် တိုလိုက် စကဖြစ်လိုက် ကျပ်လိုက် ကျယ်လိုက် ဖုံးလိုက်ဖော်လိုက် အမျိုးမျိုး မရိုးရအောင် သူ့သဘော သူဆောင်ပြီး ဖြစ်လိုက် ပျက်လိုက် ရှိခဲ့တာပါ။ ထမီတထည် လျှော်ရတဲ့ရေ ၊ ဆပ်ပြာ၊ အချိန်တွေက စကတ် သုံးထည်လောက်လျှော်ရတာနဲ့ ညီမျှမယ်။ ဘောင်းဘီတထည် သက်တမ်းဟာ ပုဆိုးသုံးထည်သက်တမ်းနဲ ့ညီမယ်။ ပေါ်အောင်ဝတ်တာထက် တော်အောင်ဝတ်ကြရတဲ့ သဘောပါပဲ။
ဘုရားပေါ်ဘောင်းဘီ၊ စကတ်နဲ ့ တက်ရောက်ဖူးမျှော်တာ ယဉ်ကျေးမှုနဲ ့ မဆိုင်ပါ။ တိုက်ပုံ၊ ခေါင်းပေါင်းနဲ့ ရှိမှန်းမသိ မရှိမှန်းမသိ အတင်းကာရော အလှူငွေ ကောက်တာ ရိုင်းစိုင်းမှုပါ။ စင်ပေါ်ကို စကတ်၊ ဘောင်းဘီနဲ ့ သီချင်းတက်ဆိုတာ မယဉ်ကျေးတာ မဟုတ်။ တိုက်ပုံပုဆိုးနဲ ့စင်ပေါ်ကနေ လူထုကို နားထောင်ချင်မှန်းမသိ နားမထောင်ချင်မှန်းမသိ အတင်းဆင့်ခေါ် အသံကုန် ဟစ်နေတာ ရိုင်းစို်င်းမှုပါ။
ဘောင်းဘီဝတ် (ယခု ချိတ်ထမီဝတ်) တွေလာရင် ကြီးကြီးငယ်ငယ် လက်အုပ်ကလေးချီ ပြားပြားဝပ် နှုတ်ခွန်းဆက်တာ ယဉ်ကျေးမှု မဟုတ်ပါ။ ကြောက်လို့ သို့မဟုတ် မျက်နှာကောင်းရချင်လို့ လုပ်တဲ့၊ ရိုင်းစိုင်းမှုကို ဖုံးကွယ်တဲ့ နအဖခေတ်ပေါ် ယဉ်ကျေးမှု အတုအယောင် ဖားနည်းတမျိုးပါ။
ဝတ်စားဆင်ယင်မှုေတွေ ဘယ်လိုဘဲ ပြောင်းပြောင်း၊ မပြောင်းမလဲ ရှိနေသင့်တာက ယဉ်ကျေးမှုပါ။ မြန်မာ့ယဉ်ကျေးမှုပါ။ တောင်ရှည်၊ ချိတ်ထမီ၊ တိုက်ပုံ၊ ခေါင်းပေါင်းနဲ ့ လျှောက်ဆဲနေလို့ကတော့ ယဉ်ကျေးပါတယ်လို ့ပြောလို့ရပါမလား။ လည်ဟိုက်၊ ပေါင်တို၊ ဂါဝန်စကပ်ကလေး ဝတ်ထားသော်လည်း ယဉ်ယဉ်ကျေးကျေး ပြောဆို ပြုမူနေထိုင်သူကိုလည်း ယဉ်ကျေးမှု မရှိဘူးရယ်လို ့မပြောနိုင်ပါဘူး။
မြန်မာ့ယဉ်ကျေးမှု ဆိုတာရှင်းပါသည်။ မြန်မာပြည်သူတွေရဲ့ ယဉ်ကျေးမှုပါ။ ယဉ်ကျေးကြတယ်။ မရိုင်းကြဘူး၊ ရဟန်းသံဃာများ ကြွလာရင် လက်အုပ်ကလေးချီ ရှိခိုးလို့။ သံဃာတော်တို ့ရဲ့အရိပ်တောင်မှ နင်းမိရင် အပြစ်ဖြစ်မှာစိုးလို့ အရိပ်လွတ်အောာင် အသာလေးရှောင်၊ လမ်းပေးလို့။ လူငယ်များ လူကြီးသူမ များရှေ့ဖြတ်ရင် ခါးကလေးကိုကိုင်း၊ ခေါင်းကလေးကို ငုံ့လို့။ သားသမီးတွေကလည်း မိဘတွေအပေါ် အနနော္တ အနန္တငါးပါး တဂိုဏ်းထဲထား၊ အလွန်မှ ရိုသေလေးစားလို့။ တပည့်တွေကလည်း ဆရာ ဆရာမများကို မိဘများနည်းတူ ရိုသေလေးစားလို့။
လူငယ် လူကြီးမရွေး သက်ကြီးရွယ်အို ဒုက္ခိတများ လမ်းတွေ့ရင် ဖေးမကူညီလို့၊ ဘတ်စ်ကားပေါ်မှာ သက်ကြီးရွယ်အို၊ မသန်မစွမ်းသူ၊ ကိုယ်ဝန်ဆောင်သူနဲ ကလေးမအေ အမျိုးသမီးတွေကို အလုအယက် နေရာပေးလို့၊ မတော်တဆ ထိမိ ခိုက်မိ တိုးမိ တိုက်မိရင် ကန်တော့ ကန်တော့ ဆိုပြီး ပြာပြာသလဲ တောင်းပန်လို့။ တောင်းပန်ခံရသူကလည်း ကျေကျေနပ်နပ် ခွင့်လွတ်လို့၊ ကားဆရာ စပယ်ယာတွေကလည်း ခရီးသည်တွေကိုု ဦးဦးဒေါ်ဒေါ် ကိုကိုမမ သိမ်သိမ်မွေ့မွေ့ ပြောဆိုဆက်ဆံကြလို့။
ဈေးရောင်းသူတွေကလည်း ဈေးဝယ်သူအပေါ် မဝယ်ခင်ကတည်းက ပြုံးပြကြိုဆို နေရာပေးလို့ ဝယ်သူကို သေသေချာချာ ရှင်းပြပြောဆိုလို့။ မဝယ်ရင်လည်း အပြုံးမပျက် နောက်ကြုံရင် ဝယ်ဖို့အကြောင်း ပြောလို့။ ဆေးရုံမှာ ဆရာဝန် ဆရာမတွေကလည်း လူနာတွေကို မိမိဆွေမျိုးသားရင်းပမာ ချိုချိုသာသာ ပြောဆိုယုယလို ့။ အလုပ်ရုံတွေမှာလည်း အလုပ်ရှင် အလုပ်သမား ထက်အောက်ပြန်လှန် ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံ ကြလို့။ ပြဿနာတွေကို ပြေပြေလည်လည် ဖြေရှင်းကြလို့။ ရုံးဝန်ထမ်းတွေလည်း ထက်အောက် ယဉ်ယဉ်ကျေးကျေး ပြေပြေလည်လည် ဆက်ဆံကြလို ့။ ပြည်သူတွေကို အချိန်ကုန် လူပန်းမဖြစ်အောင် အလျင်အမြန် ဆောင်ရွက်ပေးကြလို့။ ပြည်သူ ့ရဲသားကြီးတွေကလည်း ပြည်သူတွေကို ဆဲဆိုရိုက်နှက် ခြမ်းခြောက် ငွေတောင်း အလျင်းမပြုကြဘဲ ကြင်ကြင်နာနာ အကူအညီပေးကြလို့။ ပြည်သူ့ တပ်မတော်သားတွေကလည်း ပြည်သူတွေအပေါ် မေတ္တာ စေတနာအပြည့်နဲ ့ကူညီ ကာကွယ် စောင့်ရှောက်ပေးကြလို့။
ဒီလို ယဉ်ကျေးမှုဆိုတာတွေဟာ မြန်မာပြည်မှာ တချိန်က တကယ်ရှိခဲ့ဖူးပါတယ်။ မယုံမရှိကြပါနဲ့။ ဘုရားစူးရှိခဲ့ပါတယ်။ မြန်မာတွေ တယ်ယဉ်ကျေးကြပါကလား၊ တယ်သိမ်မွေ့ကြပါကလားဆိုပြီး တကမာ္ဘလုံးက လေးစားခဲ့ကြပါတယ်။ ယဉ်ကျေးမှုရှိတဲ့ လူမျိုးအဖြစ် ကမာ္ဘ့အလယ် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါရှိခဲ့ဖူးပါတယ်။
ခုတော့ အားလုံးပျောက်ကွယ် သွားခဲ့ပါပြီ။
ယဉ်ကျေးတဲ့လူတွေက လူရိုင်းစိုင်းတွေ ဖြစ်သွားခဲ့ပြီ။
လောဘ ဒေါသ မောဟ လွှမ်းခြုံတဲ့ အရိုင်းလောကကို မွေးဖွားစေခဲ့ပြီ။
အားလုံးသိတဲ့ အတို်င်းပါပဲ။ မိဘပြည်သူများ ဘတ်စ်ကားပေါ်မှာ၊ ရထားပေါ်မှာ၊ ရုံးမှာ၊ ရဲစခန်းမှာ၊ ဆေးရုံမှာ၊ ဈေးမှာ၊ ဘယ်နေရာမှာ ယဉ်ကျေးပျူငှာ ဆက်ဆံခံရတဲ့ နေရာများ ရှိပါသေးသလား။ မိဘပြည်သူဆိုတာ အသာထား မိမိကိုးကွယ်ရာ ဘာသာ သာသနာ ကျောင်းကန် ဘုရားတွေကိုတောင် သူပုန်စခန်းလို ဝင်စီး၊ သံဃာတော်တွေကို သေနတ်နဲ ့ပစ် ဒုတ်နဲ ့ရိုက်တဲ့ အဆင့်အထိ ကမ်းကုန်အောင် ရိုင်းစိုင်းခဲ့ပြီပဲ။
တခါက နိုင်ငံ့ဥသျှောင် နံပါတ်တစ် ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နေဝင်း တိုင်းပြည်ကို မဆဲရုံတမည် ချွေခဲ့တဲ့ မိန့်ခွန်းမှာ “သည်တခါ ရုတ်ရုတ်ရုတ်ရုတ် လုပ်ရဲလုပ်ကြည့်။ သေနတ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး၊ ပစ်ရင်မှန်အောင် တည့်တည့်ပစ်တယ်” တဲ့ (တကယ်လည်းပစ်ခဲ့ပါတယ်)။
ကမာ္ဘသိ နိုင်ငံသိ မကောင်းတတ်လို ့ဒီလောက်ယဉ်ယဉ်ကျေးကျေး ပြောခဲ့တာပါ။ ထုံးစံအတိုင်းဆိုရင် ရှေ့က မအေ နှမတွေနဲ့များ အစချီမလား မသိပါ။
မအေနှမ တစ်တစ်ခွခွ ဒေါသတကြီးဆဲဆို၊ ကိုယ်ထိလက်ရောက် စော်ကား ပါးရိုက် နားရိုက်၊ ခြေထောက်နဲ ့ကန် လက်သီးနဲ့ထိုး ဆိုတာတွေဟာ မြန်မာပြည်စစ်တပ် ထိပ်တန်း ခေါင်းဆောင်ကြီးများရဲ့ ယဉ်ကျေးမှုပါပဲ။ ခေါင်းဆောင်ကြီးများကို အားကျအတုယူလို ့ အောက်ခြေ ဝန်ထမ်းအားလုံး ရပ်ကွက်လူကြီး လမ်းလူကြီး ဆယ်အိမ်ခေါင်း ဘတ်စ်ကား စပါယ်ယာ အရောင်းဈေးသည် ဆိုက်ကားသမားပါမကျန် ရိုင်းစိုင်းကြပြီဘဲ။
သည်လောက် ရိုင်းစိုင်းတဲ့ ခေါင်းဆောင်ကောင်းတွေ ရှိတဲ့နိုင်ငံ ဒီကမာ္ဘ ဘယ်မှာ ရှာလို့ရပါမလဲ (အခုတော့ လစ်ဗျား ဖြစ်နိုင်ပါတယ်)။ အနှီခေါင်းဆောင်ကြီးနောက် ကောက်တက်လာတဲ့ ဗိုလ်သန်းရွှေ လက်ထက်မှာတော့ ဆရာကောင်းတပည့် ပီသစွာ မဲမဲမြင်ရာ အကုန်ဆဲ၊ အကုန်ဖမ်း၊ အကုန်ပစ်တော့တာပါပဲ။ ကမာ္ဘ့ယဉ်ကျေးတဲ့ နိုင်ငံတွေကလည်း အနှီလူရိုင်း လူရမ်းကားတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင် အလည်တောင် အလာမခံတော့ပါဘူး။
၁၉၆၂ ကနေ ယခုလက်ရှိ အချိန်အထိ ၄၉ နှစ်ဟာ မြန်မာပြည်ကြီး ယဉ်ကျေးမှုပျက်သုဉ်း အမှောင်ဖုံးတဲ့ခေတ်၊ မင်းဆိုးမင်းညစ် အုပ်စိုးတဲ့ခေတ်၊ တိုင်းပြည် ချောက်ထဲကျ ရေစုန်မျော အဖတ်ဆယ်မရ စုံးစုံးမြုတ်တဲ့ခေတ်။ ဒီလိုခေတ်ကြီးမှာမှ လူလာဖြစ်ရတဲ့ ကျနော်တို့ဘဝ။ (မယုံရင် ဘန်ကောက်၊ စင်ကာပူ၊ မလေးရှား တခါလောက် သွားလည်ကြည့်ပါ။ ယဉ်ကျေးတဲ့ နိုင်ငံတွေ ဘယ်လို ဘယ်လောက် တိုးတက်သလဲဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်ရပါလိမ့်မယ်)။
၁၉၉ဝ ဝန်းကျင် မိခင် ဆုံးပါးမသွားခင်က ပြောခဲ့ဖူးတယ်။
“ငါ့သား တမင်းမကောင်း တမင်းပြောင်းလို့ နောက်မင်းသည့်ထက် ကောင်းမယ် ထင်ပြီး နောက်မင်း မမျှော်နဲ့၊ နောက်မင်း ဒီထက်ဆိုးလိမ့်မယ်” တဲ့။
၂၀၀ဝ ပြည့်လောက်မှာ “မှန်လိုက်တာ အမေရယ်လို့” ပြောမိတယ်။
၂၀၁ဝ မှာလည်း “မှန်လိုက်တာ အမေရယ်လို့” ပြောမိတယ်။
၂၀၂ဝ မှာရော “မှန်လိုက်တာ အမေရယ်လို့” ပြောနေရဦးမှာလား။
“ဒီတခါတော့ အမေမှားပြီဗျို့” လို့ ဘယ်တော့ပြောနိုင်မှာလဲ။
ယဉ်ကျေးတဲ့ မင်းကောင်းမင်းမြတ် တပါးလောက်တက်လာပြီး ယဉ်ကျေးတဲ့နိုင်ငံကြီး ပြန်ဖြစ်အောင် ထူထောင်သွားတာ မသေခင် မြင်သွားချင်ပါသေးတယ်။
အခုတော့ လူရိုင်းတွေကြား အမှားမရှိရလေအောင် ယဉ်ကျေးမှုပျောက်နေတဲ့ မြန်မာပြည်မှာ ကျနော် ယဉ်ယဉ်ကျေးကျေးလေး နေထိုင်နေပါတယ်။
http://www.irrawaddyblog.com/2011/03/blog-post_6463.html