အတိုထွာ ဖန်တီးမှူအနုပညာ

etoneMarch 14, 20111min1696


တကယ့်ကို လက်ရာမြောက်တဲ့ ဆိုက်ကားလေးရဲ့ သေးငယ်ပုံကို လက်ဖဝါးပေါ်တင်ပြထားတာပါ ။

xxxx

xxxxxxxxxxx


—-
အနုစိတ်ခက်ခက်ခဲခဲ လုပ်ရတဲ့ ကိစ္စမျိုးဆိုလျှင် အပ်ပေါက်ထိုးတာတောင် မလုပ်ချင်ခဲ့တာပါ ။ ဒါကြောင့်လည်း သေသေသပ်သပ်နဲ့ သေးသေးကွေးကွေးလေးတွေကို စုစည်းပြီး စိတ်ထဲဖြစ်လာတဲ့ပုံစံလေးတွေ လုပ်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့တဲ့အခါ အမိရမှတ်တမ်းတင်ထားလိုက်တာပါ ။ သူ အသုံးပြုတဲ့ပ စ္စည်းတွေက ဘာမှ ထွေထွေထူးထူးတွေ မပါပါဘူး ။ ဒီဇိုင်းလေးတွေကတော့ သူ့စိတ်ကူးထဲပေါ်လာတဲ့ အရာဝထ္ထု ပုံကို လုပ်တာပါတဲ့… ။ လူတွေ အသုံးပြုနေတဲ့ အရာတွေကို အနုစိတ်ပြီး လုပ်ထားတာ တော်တော် စိတ်ရှည်နိုင်တဲ့လူမျိုးမို့ပါ… ။ ကျမသာဆို … စိတ်မရှည်တာနဲ့ တစ်စီကျိုးပဲ့ကုန်မှာပါပဲ။ မြင်ရတာ သဘောကျလို့ ရွာသူ၊ ရွာသားတွေလည်း ကြည့်ရအောင် ဓါတ်ပုံရိုက်လာပါတယ် …။ ပထမဆုံးလက်ရာကတော့ သွပ်နန်းကြိုးနဲ့ ပန်းလေးတွေ ကွေးပြီးလုပ်ခဲ့တာပါပဲ … ။ သူများတွေ လက်ဆောင်တောင်းတာနဲ့ ပေးလိုက်ရတာကြောင့် ဓါတ်ပုံမရိုက်ခဲ့ရပါဘူး ။ တဆင့်တဆင့် တိုးတက်ဖန်တီးရာကနေ.. ခုံလေးတွေ လုပ်ပါတယ်တဲ့.. နောက်ပိုပြ ီး အဏုစိတ်လှတဲ့ အခုလို စက်ဘီးလေးတွေ ဆိုက်ကားလေးတွေ လုပ်ပါတယ်တဲ့… ။ ဆေးသုတ်တာ အဆင်ပြေစေဖို့ … လက်သည်းနီဗူးလေးတွေကို သုံးပါတယ်လို့လည်း ပြောပါတယ် ။ စက်ဘီးလေးတွေ၊ ဆိုက်ကားလေးတွေရဲ့ ဘီးတွေက လည်လို့ရပြီး ချိတ်ဆက်ထားတဲ့နေရာလေးတွေက တကယ့်အစစ်လိုပဲ လှုပ်ရှားနိုင်ပါတယ်ဆိုတာ ကိုယ်တွေ့မြင်ခဲ့ရပါတယ် ။ ဘီးလုံးလေးတွေကတော့ အရုပ်က ဖြုတ်တာမျိုးမဟုတ်ပဲ ကိုယ်တိုင် ဟမ်းမိတ်လေးတွေ ဖန်တီးထားတာပါ ။ ပစ္စည်းပစ္စယ အတိုထွာလေးတွေကို ကောက်ကွေးပြီး နန်းကြိုးလေးတွေ ဖွဲ့ပြီး တူအောင် လုပ်ထားတာပါ … ။ တဆင့်တဆင့် ပိုအဏုစိပ်ပြီး ဖန်တီးလာမှူတွေကြောင့် နောက်ဘာများ ဟမ်းမိတ်အနေနဲ့ ထပ်ထုတ်မလဲ ခန့်မှန်းပြောဆိုနေကြပါတယ် ။

6 comments

  • etone

    March 15, 2011 at 4:05 am

    ပုံတွေက အပြည့်ရိုက်ထားတာပါ ။
    တင်လိုက်တော့ တပိုင်းတွေဖြစ်နေတယ် ။ တကယ်စိတ်ပိန်တယ် ။

  • Gong Zhu

    March 16, 2011 at 9:05 am

    မြန်မာပြည်ကလုပ်တာလား …

    • etone

      March 16, 2011 at 10:15 am

      ဟုတ်ပါတယ် မြန်မာပြည်ကလုပ်တာပါ ။

  • ဆူး

    March 16, 2011 at 9:13 am

    လက်မှု ပညာ တော်တဲ့ လူတွေ ဒီမှာ ရှိနေတာ သိအောင်တော့ လုပ်သင့်တယ်။
    ခဏ ခဏ ဘယ်နိုင်ငံ လူတွေ ဘာညာ ဆိုပြီး ဖတ်နေရတာ ဒီက လူတွေလည်း လုပ်နိုင်တယ် ဆိုတာ ပြသင့်တယ်။

  • meengelay

    March 16, 2011 at 9:18 am

    မှန်တယ် မြန်မာနိုင်ငံက လူတစ်ချို့လဲ ခုလိုမျိုးတီထွင်တတ်ပါတယ်။ အနုပညာရှင် သျှားညိုကိုယ်တိုင်ဖန်တီးထားတဲ့ အဆောက်အဦးပုံစံငယ်လေးတွေကိုလဲ တင်ပြပေးစေချင်ပါတယ် အမှန်တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပါ …

  • etone

    March 16, 2011 at 10:26 am

    ရွက်ပုန်းသီးပေါ့ … ။
    သူ့ဝါသနာအရ လုပ်ရင်း သူများတွေကို လက်ဆောင်ပေးတယ် ။ ရောင်းစားတာတော့ မတွေ့ရသေးဘူး ။ တော်တော်လည်း လက်ဝင်ပြီး ခက်ခဲလို့ ပို့စ်တင်ပေးလိုက်တာပါ ..။

Leave a Reply