ပြေးနိုင်မှလွတ်စေမနော်…Run for life

catcycle


ကြောင်ကြီးကလိုက်
နင်တို့ကပြေး
ကြောင်ကြီးကလိုက်
နင်တို့ကပြေး
တဖြေးဖြေးနဲ့
ဝေးဝေးလာတယ်
မဟုတ်မှလွဲရော
နင်တို့တတွေမှာ
ခြေလေးချောင်း
ရှိတယ်ထင်ပါ့…

မြန်ချင်သလောက်မြန်
ပြေးနိုင်သလောက်ပြေး
ရေမြေအဆုံး
ကမာ္ဘကုန်ကျယ်သ၍
တောသုံးတောင်
တောင်သုံးထပ်
သမုဒ္ဒရာဖြတ်
မမောတမ်း
မိအောင်လိုက်မယ်…

ယောက်ျားတို့ဇွဲ
ဖွဲနုတဆုပ်
မနိုင်ကာမှလျော့
ခြေတလှမ်းနဲ့စတဲ့
မိုင်ထောင်ချီခရီး
ရောက်လုရောက်ခင်
လက်တကမ်း
ရွံ့စရာမလို
Top Ten ဆိုတာ
တွေးရဲရေးရဲ
ပွိုင့်ပြည့်သူအောင်ပွဲ…

My Points As of March 11, 2011
• Total Kyat : 34517Kyats
• Donate Points
Top Ten
• ဆူး (70978Kyats )
• intro (70736Kyats )
• Yin Nyine Nway (69470Kyats )
• zaylay (67035Kyats )
• manawphyulay (66143Kyats )
• cobra (51745Kyats )
• khinmintatthu (45365Kyats )
• susunosuki (41205Kyats )
• fatty (40248Kyats )
• lu ta lone (35995Kyats )

6 comments

  • Shwe Tike Soe

    March 12, 2011 at 5:36 am

    အော် ပြောနိုင်သူတွေပြောကြပါ …
    ကိုယ်ပွိုင်က လူစဉ်မမှီးသေလို. ငြိမ်နေလိုက်မယ် အဟင့် 🙁

  • dream

    March 12, 2011 at 9:01 am

    ကိုကြောင်ကြီး ကပ်ကြွားတယ်ဗျို့
    အခုမှ dream က ၁၀၀ဝ တောင်မပြည့်သေးဘူး 🙁
    ဘာနဲ့ အမှီလိုက်ရင် ကောင်းမလဲ ????

  • ဆူး

    March 12, 2011 at 1:18 pm

    အဟမ်း.. ဒါဆို မြန်မြန်လိုက်လာခဲ့။ အခုတောင် ၈ဝ ရသွားပြီ။

    ကော်ပီ မကူး စဉ်းစားပြီး ရေး
    တင်ပြီးသား ပိုစ် ၂ခါ ထပ်တက်
    သူများကို ပုတ်ခတ် ဆုံးမသလိုလို
    နာမည်ကောင်း တက်ယူ
    ကိုယ်သာ လူကောင်း
    ကိုယ်သာ လူတော် ဂုဏ်ဖော် မရေး
    ကိုယ်သိတာ တွေ သူများ သိစေ။
    လွန်တာရှိရင် ဝန်တာမိ။

    လောဘကြီးကြီး နဲ့ ဝင်ရေးနေတယ် ထင်ရင်တော့ စိတ်မကောင်းပါဘူး။
    ပွိုင့်ဆိုတာ ပေးလို့ယူတာ.. လိုချင်လို့ တောင်းယူထားတာ မဟုတ်ဘူး။
    ဘာအတွက် ညာ အတွက် မှ သီးသန့် ဘယ်သူမှ ပွိုင့်တိုးပေးတာ မရှိခဲ့ဘူး။
    ရေဘုံဘိုင် ခေါင်းက ရေတစက်တစက် ကျနေတာ ခွက်ကလေးထဲ သူ့ဟာသူ ကျပြီး ရေပြည့်လာတဲ့ သဘောပါဘဲ။
    ပွိုင့် တွေ များလို့ တော့တန်း စာရင်းထဲ ဝင်သွားလို့ နာမည် မပေါ်ချင်လို့ တောင်းဆိုဘူးတယ်။ ဖျက်မပေးလို့ ရှိနေတာ။

    ဝါသနာ အရ ဝင်ရေးဖြစ်သွားတာပါ။

  • ဆူး

    March 12, 2011 at 1:21 pm

    ခရီးတခု သွားရင် ပိုက်ဆံကတော့ ကုန်တာဘဲ။
    ကုန်သွားတဲ့ ပိုက်ဆံ ရဲ့ အကြွေစွန်းတောင် မရှိတဲ့ ပိုစ်တင်ခ နဲ့ ပိုစ်တင်ပြီး သူများတွေ သိအောင် တင်ပေးတာပါ။
    ကြွားတယ်များ ထင်ကြလား မသိဘူး။
    ပညာရှင်လည်း မဟုတ်ဘူး
    ပရောဖက်ရှင်နယ်လည်း မဟုတ်ဘူး။
    ဖိုရမ်တွေမှာ ဝင်ရေးရင်းနဲ့ ခဏခဏ ဒေါင်းလို့ စိတ်ပျက်ပြီး ဒီမှာဘဲ အစဉ်တစိုက် အမြဲ ရေးဖြစ်သွားတာပါ။

  • weiwei

    March 12, 2011 at 6:55 pm

    တို့ကတော့ ပြေးလဲ မပြေးဘူး .. လိုက်လဲ မလိုက်ဘူး … မောလို့ … 😛

  • meelay

    March 13, 2011 at 3:32 am

    သူကြီးရယ် … ဦးကြောင်ကြီး သနားပါတယ် … ဦးကြောင်ကြီး နာမည်ပါအောင် Top (15) ထိ လုပ်ပေးလိုက်ပါလား … ခမျာ Top (10) ထဲပါအောင် စာတွေရေးလေ ဝေးလေ ဖြစ်နေလို့ပါ ….. 🙂

Leave a Reply