ထင်တလုံး Air

pity the fool
ထင်တလုံး

ဟိတ်ကောင်ငတုံး
ကိုယ့်ကိုယ်ကို
ထင်တလုံး…
တကယ်တမ်း
လူမသုံး
မင်းဟာအရှုံး…

သူများကို -ျီးထုပ်
မင်းကြတော့ – ီးစုပ်
ထင်နေတယ်အဟုတ်…
လူတွေအဖက်မလုပ်
ခါးတာတမာပြုတ်
အားမပါစာယုတ်…

ပြောလည်းမမှတ်
ပေါဆဲတမတ်
ဟောဟဲငကြွက်…
မဖတ်တတ်ရင်ခက်
မတ်တပ်ရှင်လျက်
တပ်ပျက်ချဉ်ဖတ်…

မလျော်ကန်စိတ်
တော်တန်တိတ်
အကြော်ပန်းကန်ဖိတ်သတဲ့…
အများတကာ
တံတွေးခွက်နဲ့
နင်ပက်လက်မမျောခင်
ယခုပင်ချက်ခြင်း
မရှေးမနှောင်း
ဗိန်းဗောင်းဗိန်းဗောင်း
ရွာထဲကညောင်း….

One comment

  • nigimi77

    March 13, 2011 at 9:50 am

    ဟောဗျ။ ဟောဒီမှာလဲ တခု။ ကိုကြောင်ကြီး ဘာတွေ ပေါက်ကွဲနေတာလဲ။
    လုပ်ပါဦး။ လိုအပ်ရင် ကျုပ်ကိုလဲ စစ်ကူခေါ်နော်။ အရက်နာကျနေလို ့ အခုမှရွာထဲ ဝင်လာတာ။ စစ်တွဖြစ်နေသလားလို ့။

Leave a Reply