မြို့သူရူး
တောသူ ၊ မြို့သူ ခွဲမတူရအောင်
ခပ်ပေါပေါ ဆေးတွေဆိုး ၊ ဆံပင်ကို အမျိုးမျိုးလုပ်ပြန်တယ်။
တီဗွီက မြင်မြင်သမျှ ကိုရီးယားမတွေကို သရေကျပြီး ရှိုးထုတ်တော့
ချောကလက်မှိုတတ်ဖြစ်နေခဲ့တာ ကိုယ်ကိုယ်တိုင်တောင် မသိဘူးပေါ့ ။
Brand ပေါင်းစုံ လူအမြင်ကောင်အောင်
အင်ထုပြီးလည်း ဝတ်ခဲ့တယ် ။
ဟိတ်ကြီး ဟန်ကြီး လူအထင်ကြီးအောင်
အကောင်ကြီးနဲ့လည်း တွဲပြပြန်တယ် ။
အကောင်သာကြီးပြီး အချောင်တီးချင်တဲ့ ငနဲနဲ့ တွေ့တော့
အာလူးတွေပဲ စားခဲ့ရတာပေါ့ ။
အားလူးစိုက်ခင်း မြေနေရာရှင်းနေတုန်း
FOC တွေနဲ့ချည်း တိုးပြန်လို့ ခေတ်တစ်ခါ ပြန်ကောင်းပြီဟေ့ ဆိုပြီး
လက်သီးလက်မောင်းတန်းကာ ကြွေးကျော်နေတုန်း
အရှေ့အလည်ပိုင်း ပြသနာ တက်လို့ ရွာကို ပြန်ခဲ့ရပါတော့တယ် ။
ဒန် တန့် တန် …
ဒန် တန့် တန် …
ဒန် တန့် တန် … ။ ။
ဘီတူကိုမှ မီရည်ရွယ်ပါ … 😛
အာချောင်တဲ့ လူတွေ ရှိနေလို့ ပြသနာက လာလာပတ်နေတတ်လွန်းလို့ ကြိုရှောင်ထားတာ … 😀
4 comments
shweminthar
March 15, 2011 at 5:49 am
အရှေ့အလည်ပိုင်းဆို တာ ဘယ်နိုင်ငံ လဲ ခင်ဗျ။
etone
March 15, 2011 at 6:17 am
တော်တောင် ကိုးလ ၊ ဆယ်လ နေခဲ့ပြီး မေ့နေရေ့ာသလား ရွှေမင်းသားရေ ။
meelay
March 15, 2011 at 6:31 am
ဘယ်အရာမဆို တော်ရုံပဲ ကောင်းပါတယ် ….
bigcat
March 17, 2011 at 2:50 am
မြို့လားတောလားတော့မသိဘူး။ ပုံထဲကအတိုင်းဆို စပွန်ဆာပေးဖို့အဆင်သင့်ပဲဗျို့….