BuddhismCreative WritingCulturesDrama, Essays..HistoryJobs & CareersKnow-How, DIYSociety & LifestyleThink Tank
တကိုယ်ကောင်းဆန်သော နိုင်ငံ(သား)များ နှင့် (အမိအို)မြန်မာပြည် (၁)
သင့် မျက်လုံးအား သေချာစွာဖွင့်လျက် သင့် ပတ်ဝန်းကျင်အား သေချာစွာ လေ့လာကြည့်ပါ။
တရားဝင် ရုံး၊ အလုပ်များ လုပ်ကိုင်ကြသည့် တင်္နလာနေ ့မှ စနေ ့နေ ့ တိုင်း၏ နံနက် ၉ နာရီမှ ညနေ ၆နာရီ
အချိန်အတွင်း သေချာပေါက် သင် မငြင်းနိုင်သည့် အချက်သည် အမျိုးသား အများစုသည် လမ်းပေါ်တွင်ရှိနေပြီး
အမျိုးသမီး အများစုသည် ရုံး၊ စက်ရုံ အပြင် အခြားသော အလုပ်အကိုင်ပေါင်း များစွာတွင် ရှိနေခြင်း ဖြစ်သည်။
အဘယ့်ကြောင့် ထိုကဲ့သို ့ အခြေအနေမျိုးရှိနေခြင်း ဆိုသည်အား အခြေပြုပြီး အာဘောင်အာရင်းသန်သန်ဖြင့်
နိုင်ငံ၏ အနာဂါတ် အရေး ၊ ရေးချင်ရာ ရေးကြည့်မည် ဖြစ်သည်။ စာဖတ်သူ မိတ်ဆွေများ ယူလိုက ယူနိုင်သလို
ပယ်လိုကလည်း ပယ်နိုင်သည်။
ကနောင် မင်းသားကြီး မြန်မာနိုင်ငံအား ခေတ်မှီ နိုင်ငံ တည်ထောင်ရန် အတွက် စက်မှုထွန်းကားသော အနောက်နိုင်ငံများသို ့
ဉာဏ်ရည် ထက်မျက်သော သူများအား ရွေးချယ်ပြီး ပညာသင်ခိုင်းစေကာ တိုင်းပြည်သို ့ပြန်လာစေပြီး စက်မှုလုပ်ငန်းများကို တည်ထောင်
ခဲ့သည်ဟု လေ့လာခဲ့ဖူးသည်။ ထို အနက် ရေမြုတ်ဗုံး စမ်းသပ်စဉ် ကာလတွင် ဘုရင်ကိုးကွယ်သော ဆရာတော်မှ သတ္တဝါတွေ သေကျေပျက်စီး
သည်ဟူသော အကြောင်းကြောင့် ဘုရင့် အမိန် ့ဖြင့် စမ်းသပ်လုပ်ငန်း အားလုံး ရပ်တန် ့စေခဲ့သည်။
အဆိုပါ ဆရာတော်အား သုံးသပ်ကြည့်လျင် လွန်စွာမှ မျက်စိ စပါး တစ်ထောက်သာ ကြည့်ရှုခဲ့သည်။ သတ္တဝါ သည် အဓိက လော ။
လူသားဖြစ်အင် သည် အဓိက လော။ သတ္တဝါ အဓိက ဝါဒီဖြစ်သော ဆရာတော်သည် လူသားတို ့မကြာမီဖြစ်လာတော့မည့် ဘေးဒုက္ခ အား
မြင်နိုင်စွမ်း မရှိခဲ့ပေ။ ဆရာတော် စိတ်ကောက်ပြီး (စိတ်ဆိုးပြီး) ဆွမ်းမစားပဲ ထပြန်ခဲ့သော အကျိုးဆက်အား လူအပေါင်းမှ ခံစားခဲ့ရသည်။
ထို ဆရာတော်သည် မွေးဖွားစဉ်မှ စပြီး ပျံလွန်သည် အထိ အသီးအရွက်သာလျင် စားသုံးပြီး အသက်ရှင်ခဲ့မည် မထင်။
ထိုကဲ့သို ့ စားသောက်နေထိုင်ခဲ့သော သူရှိခဲ့လျင်ပင် အသီးအရွက် တို ့သည်လည်း သက်ရှိဖြစ်ကြောင်း သက်သေပေါင်း မြောက်မြားစွာ ရှိပေသည်။
“‘ဒီ အပင်က သေတာမြန်လိုက်တာ” ဆိုသော စကားစု၊ ရှင်သန်လျက်ရှိသော ထိကရုံးပင် နှင့် ရှင်သန် ကြီးထွား အပွင့် ပွင့် အသီးသီး အရွက်ကြွေ၊ အပင်သေ၊
မျိုးစေ့နှင့် မျိုးပွား စသည့် အပင်ပေါင်း များစွာ အားလုံးတို ့သည်လည်း ဇီဝ အသက်ဓါတ်ရှိပေသည်။ ရှမ်းကြိုက်တော့နွားချော ဆိုသလို မိမိအလိုရှိလျင်
ဂျပိုးက လိပ်ဖြစ်နိုင်သော လူ ့သဘောတွင် သန်ရာသန်ရာ အယူအဆအတိုင်း အသားမစား၊ အသီးအရွက်စားဆိုသော ဟိန္ဒူ ယောဂ ကျင့်စဉ်၏ အစိတ်အပိုင်း တစ်ခု
ဖြစ်ဟန်တူသော ဇွတ်သွင်း ဘာသာရေး အယူဝါဒစွဲ လူတန်းစား တစ်ရပ် ခိုင်မာစွာ အမြစ်တွယ်ကြီးထွားလာနေသည်မှာ၊ ခရစ် နှစ် 2011 ယနေ ့ခေတ် လူငယ်များ အထိတိုင်
ဖြစ်သည်။ ဥပမာ နွားသားလို ့ဆိုကြပါဆို ့။ အဆိုပါနွားသား အပါအဝင် ခြေလေးချောင်းအား မစားခြင်း၊ ရှောင်ကျဉ်ခြင်း၊ ရာသက်ပန်လှုခြင်း၊ အစရှိသော ဆုံးဖြတ်ချက်များ၏ ခေါင်းစဉ်ရှိရမည်ဖြစ်သည်။ (၁) သနားလို ့မစားတာ က လူဦးရေ သန်း ၆ဝ မှာ တစ်ရာခိုင်နှုံး၊ (၂) မကြိုက်လို ့မစားတာက ငါး ရာခိုင်နှုံး၊ (၃) ကုသိုလ် ရချင်လို ့ အလုပ်အကိုင်နှင့် မျှော်လင့်ထားတာတွေ အစဉ်ပြေအောင်လို ့ မစားတာက ၉၄ % လို ့ စွပ်စွဲကြည့်ပါမည်။
4 comments
ogre
March 16, 2011 at 10:19 am
နီဂီမီ..ရေ..ခင်ဗျားနာမည်ခေါ်ရတာ..နားလည်နေတော့အူယားတယ်
ကျုပ်ကတော့မကြိုက်လိုမစားတာဗျို့
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
March 16, 2011 at 3:21 pm
လယ်တီဆရာတော်၏ နွားမေတ္တာစာ
သူတို့ဘေး၊ သူတို့ဘိုး၊ သူတို့တိုင်မရိုး၊ တစ်မျိုးလုံး၊ တစ်ဆွေလုံး၊ သူတို့တိုင်မဆုံး၊ တို့တစ်တွေပခုံးမှာ၊ မီးဟုန်းဟုန်းထမတတ်၊ တို့လုံ့လ၊ တို့စွမ်းအင်၊ တို့အပင်ပန်းခံနိုင်လို့၊ ဆန်စပါး၊ ပြောင်းနှမ်း၊ ဘူးခရမ်းပဲ အမျိုးမျိုး၊ မြေပြင်လုံးမောက်ဖြိုးအောင်၊ တိုးတက်သည့်ဘဏ္ဍာနှင့် လိုရာတိုင်းပြည့်စုံ၊ ကုံလုံကြအသီးသီး၊ ကျောင်းကြီးဆောက် ဘုရားတည်၊ တစ် တိုင်းလုံးကြွယ်သူလို၊ ဘယ်သူက အရင်းဟု၊ စဉ်းစားဖွယ်မရှိ၊ ထင်အလင်းသိပါ လျက်၊ သတိပင်မပေါ်၊ မိတ်မတော်စိမ်းကား၊ စိတ်အချော်တိမ်းပါး၍၊ တို့အသားတို့အသည်း၊ တို့အဆီရွှဲရွှဲကို၊ ထမင်းပွဲအလယ်၊ အနင့်သားတည်ပြီးလျှင်၊ ရယ်ကာပြုံးကာ၊ လင်မယားတစ်တွေ၊ မြုံ့ကြသည့်မြေမှာ၊ မျိုနိုင်ပေ့ သူတို့ကိုယ်၊ မျိုရက်ပေ့ သူတို့ခံတွင်း၊ တို့လုပ်တဲ့ထမင်းနဲ့၊ တို့ဟင်းလျာအသား၊ စားကြတဲ့အဖြစ်နည်း၊ တို့အသည်းနာလိုက်တာကွယ်၊ ဟင်း … တို့အသည်းနာလိုက်တာကွယ်။
အဲဒီမေတ္တာစာကို ရွတ်ပြတဲ့အခါ နားဆင်ရတဲ့သူတွေ မျက်ရည်ပေါက်ပေါက် ကျခဲ့ရပြီး မြို့လုံးကျွတ် အမဲသားလှူခဲ့ကြပါတယ်တဲ့။ အမိအဘများ ပြောလို့ သိရတာပါ။ ကိုနိဂမိကို ဆန့်ကျင်ပြီးပြောတာမဟုတ်ပါ။ ကိုနိဂမိ အတွေးအခေါ်တွေ သိပ်ကောင်းတယ်။ တကယ်ပါ။
ဟိုရေမြုပ်ဗုံးကိစ္စနဲ့ပတ်သက်ရင်လည်း ဘုန်းကြီးကို ဒေါသအရမ်းထွက်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘာသာရေးနဲ့ အဲဒီလက်တွေ့ကျတဲ့ ဦးနှောက်အပိုင်းမှာ ညပ်မိပြီး ဒုက္ခရောက်ရတာပါပဲ။ အသားစားရမယ်ဆိုတာ လက်ခံတယ်။ တစ်ခုခုတိုက်ဆိုင်မိတာနဲ့ အသားစားရမှာကို ပါးစပ်မရဲဘူး။ တိရစာ္ဆန်လေးတွေကို သနားတယ်။ မြန်မာပြည်မှာ အမဲသားမစားကြတာကတော့ လယ်တီဆရာတော်ရဲ့ မေတ္တာရပ်ခံချက်ကြောင့်က ရာနှုန်းပိုများမယ် ထင်မိကြောင်းပါ။
ရှူံးနိမ့်မှုများနဲ့.. လူ
March 16, 2011 at 11:02 pm
ကိုရှူံးနိမ့်သူတစ်ဦးကို ရှူံးနိမ့်မှုများနဲ့.. လူ ကျွန်တော်က ဝိုင်းထောက်ခံပေးရင် ရယ်စရာများဖြစ်နေမလားမသိနော် 😀
အမှန်တော့ ကျွန်တော်တို့ မြန်မာတွေ စီးပွားရေး၊ လူမှုရေးတွေမှာ တိုင်းတစ်ပါးက အခြေချနေထိုင်သူများနောက် ရောက်ခဲ့ရတာလဲ မြန်မာ့ယဉ်ကျေးမှုကြောင့်လို့ မြင်မိပါတယ်။ မြန်မာပြည်မှာ ရုပ်ဝါဒီသမားဆို တော်တော်လေးအပြစ်ပြောချင်ကြပါတယ်။ ခုချိန်တိုင်အောင် မပြောင်းလဲသေးပါဘူး။ အောင်မြင်နေတဲ့သူတွေ၊ အောင်မြင်နေတဲ့ နိုင်ငံတွေကိုကြည့်ပြီး အားကျနေကြတာတော့ ရာခိုင်နှူန်းတော်တော်များများပါ။ ခပ်ဝေးဝေးကိုမကြည့်ဘဲ ကိုယ့်မြေ၊ ကိုယ့်ရေမှာပဲ ပြန်ကြည့်လိုက်မယ်ဆိုရင် မြို့ကြီးတော်တော်များများရဲ့ အချက်အချာနေရာတော်တော်များများကို ပြည်ပမှ လာရောက်အခြေချ နေထိုင်သူတွေသာ သိမ်းပိုက်ထားတာကို မြင်မိတော့ ဒို့များ ရှေးဘိုးဘီဘင်တွေများ သေဆုံးခြင်းကနေ ရှင်ပြန်ထမြောက်လာပြီး မြန်မာပြည်ကို မြင်ကြမယ်ဆိုရင် ရင်ထုမနာ ဖြစ်ကြမှာ အသေအချာပါပဲ။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မြန်မာတွေ ဂုဏ်ယူနေကြတဲ့ အချက်တွေကြောင့်ပါ။ ဥပမာဆိုရင် မြန်မာတွေဟာ ယဉ်ကျေးတဲ့လူမျိုးတွေ၊ သနားငဲ့ညှာတတ်တဲ့လူမျိုး၊ စိတ်နှလုံး နူးညံ့သိမ်မွေ့တဲ့လူမျိုး၊ ဖော်ရွေတတ်တဲ့လူမျိုး၊ အစရှိသဖြင့် ဂုဏ်မယူသင့်တာကို ဂုဏ်ယူနေကြတယ်လို့ မြင်မိပါတယ်။
ဒီနေရာမှာ တစ်ချက်ချင်း ထောက်ပြပါ့မယ်။
ယဉ်ကျေးတဲ့လူမျိုးဖြစ်တဲ့အတွက် တိုင်းတစ်ပါးသားတွေ ကိုယ့်နှမ၊ သားချင်းတွေကို စော်ကားနေတာကို ယဉ်ယဉ်ကျေးကျေး တုန့်ပြန်ခဲ့တဲ့အတွက် မျိုးမစစ်တွေ ထွက်လာခဲ့ဖူးပါတယ်
သနားငဲ့ညှာတတ်တဲ့ လူမျိုးဖြစ်တဲ့အတွက် ဪ.. သူတို့ခမျာ သူတို့နိုင်ငံတွေမှာ ငတ်မွတ်ခေါင်းပါးလို့ ဒို့ဆီမှာ အလုပ်လာလုပ်နေရတာပဲဆိုပြီး ကူညီစောင်မ၊ ပေးကမ်းခဲ့တဲ့အတွက် ခုနေမှာ မြန်မာတွေ သူတို့အလုပ်တွေမှာ မျက်နှာငယ်လေးတွေနဲ့ အလုပ်တစ်နေရာလောက်ပေးပါဆိုပြီး ကိုယ့်မြေ၊ ကိုယ့်ရေမှာ ခယနေရတယ်။
စိတ်နှလုံးနူးညံ့သိမ်မွေ့တဲ့အတွက် လူတစ်ဖက်သားက ကြမ်းကြမ်းတမ်းတမ်းဆက်ဆံလာရင် အလျှော့ပေးလိုက်ကြလို့…………
ဖော်ရွေတတ်တဲ့ လူမျိုးဖြစ်တဲ့အတွက် ဘယ်ကနေလာလာ အမြဲ Welcome ပါဖြစ်နေတော့ ခုချိန်မှာ မြန်မာနိုင်ငံဆိုတာ ဗိုလ်ချုပ်ပြောတဲ့ -ာနိုင်ငံလိုမျိုး အားလုံးပြန်သွားရင် ရှူနာရှိုက်ကုန်းနဲ့ မျက်နှာမပြရဲလောက်အောင် ကျန်ခဲ့တော့မှာပါပဲ။
ကျွန်တော်မကျေနပ်တဲ့ မြန်မာလူမျိုးရဲ့ အားနည်းချက်တွေကို ကိုယ်ပိုင်အမြင်နဲ့ ထောက်ပြလိုက်တာပါ။ နိုင်ငံရေးကို စိတ်မဝင်စားဘူး။ ကိုယ့်ပြည်သူတွေအရေးပဲ ကိုယ်စိတ်ဝင်စားလို့ ဝင်ပြီး လူအမုန်းခံ ရေးနေတာကိုတော့ ခွင့်လွှတ်စေချင်ပါတယ်။
bigcat
March 17, 2011 at 2:11 am
ကနောင်မင်းသားကြီး ရေမြှုပ်ဗုံးစမ်းသပ်ဖောက်ခွဲတာကို ဆရာတော်တားမြစ်လို့ အကြံအစည်ပျက်ပြီး သူ့ကျွန်ဘဝရောက်ရတယ်ဆိုတာ အမျိုးသားစိတ်ဓာတ်နှိုးကြားရေးအတွက် နိုင်ငံရေးစကားလုံး အနေနဲ့ သုံးတာဆိုရင် ကန့်ကွက်စရာမရှိပါ။ သို့ပေမဲ့ ဒါကိုအချက်အလက်တခုအနေနဲ့ ဗုဒ္ဒဘာသာ ဆိုဆုံးမမှုကို အပြစ်တင်မယ်ဆိုရင်တော့ ကန့်ကွက်ပါရစေ။ ကိုနိဂိမိတို့ သဂျီးတို့ ကိုအောင်ပုတို့ရဲ့ တိုးတက်တဲ့ အမြင်နဲ့ တိုင်းပြည်နဲ့လူမျိုးကြီးပွားစေချင်တဲ့ စေတနာကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ပြောလို့ရလို့ ပြောပါရစေ…
အင်္ဂလိပ်က အစောပိုင်းကာလတွေမှာ မြန်မာနိုင်ငံကို ကုန်သွယ်မှုနဲ့ ကြိုးရှည်ရှည် လှန်းထားခဲ့ချိန်ဟာ သူတို့ပြည်တွင်းရေး ရှုပ်ထွေးချိန်တွေ၊ ပြင်သစ်နဲ့ စစ်ခင်းနေရချိန်တွေပါ။ မြန်မာ-အင်္ဂလိပ်စစ်ပွဲ တခုနဲ့တခုအကြား ရပ်နားချိန်တွေပြန်ကြည့်ရင်လည်း အိန္ဒိယမှာမငြိမ်မသက်ဖြစ်တဲ့အချိန်မျိုး၊ အခြားတနေရာရာမှာ ပိုကြီးတဲ့စစ်ပွဲခင်းနေချိန်မျိုးတွေပါ။
ကနောင်မင်းသား ရေမြှုပ်ဗုံးထွင်ဖို့ကြိုးစားတော့ အင်္ဂလိပ်က မြန်မာပြည်တဝက်ကို သိမ်းပြီးသွားပါပြီ။ မြန်မာတို့အတွက် ပင်လယ်ထွက်ပေါက်မရှိတော့ပါ။ မြန်မာဘုရင်များ ပြင်သစ်နဲ့ပေါင်းပြီး ကာပြန်ဖို့ ကြိုးစားနေတာလည်း အကုန်သိပါတယ်။ ဆိုလိုချင်တာ အဲဒီအချိန်ကြမှ ပြင်ဖို့အမှီလိုက်ဖို့ အရမ်းနောက်ကျသွားပါပြီ။ သိမ်းမဲ့သူက သိမ်းမှာပါပဲ။ နဲနဲကြန့်ကြာတာနဲ့ မကြန့်ကြာတာပဲ ကွာပါမယ်။ တဖက်ကလှည့်တွေးရင် အကယ်၍များ မြန်မာတွေ မီးကုန်ရမ်းကုန် ခုခံနိုင်ခဲ့လို့ အင်္ဂလိပ်ပြည်သိမ်းတပ်က ဒေါသထွက်ပြီး မြင်မြင်ရာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မီးရှို့ခုတ်ထစ်သတ်ဖြတ်လိုက်နိုင်ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမှာ နောက်အကျဆုံး ကုန်းဘောင်ခေတ်အစ အလောင်းဘုရား လက်ထက်လောက်ကထဲကပါ။ နည်းပညာခြင်းကွာလွန်းပေမဲ့ နှစ်လေးငါးဆယ်လောက်အတွင်းမှာ ခံစစ်လုံအောင် ပြင်ထားနိုင်ပါသေးတယ်။ အင်္ဂလိပ်က ပေးဆပ်ရမှာ သိပ်ကြီးမားလွန်းရင် တနည်းတဖုံစဉ်းစားမှာပါ။
ပြောကြစတမ်းဆို မြန်မာတနိုင်ငံထဲမှမဟုတ် မျက်နှာဖြူများမှလွဲပြီး ကျန်တိုင်းနိုင်ငံများအားလုံး (ဂျပန်နိုင်ငံတခုသာချွင်းချက်) နယ်ချဲ့အုပ်စိုးခြင်းခံရပါတယ်။ ထောက်ပြစေချင်တာ ဘာသာတရားကြောင့် မတိုးတက်ဆိုတာထက် ဘာသာရေးနဲ့ နိုင်ငံရေး၊ နိုင်ငံရေးနဲ့အုပ်ချုပ်ရေး၊ အုပ်ချုပ်ရေးနဲ့လွပ်လပ်ရေး ခွဲခြားမှုမရှိ၊ ခွဲဖို့အားမထုတ်၊ မတတ်နိုင်ခဲ့ကြလို့ ယနေ့အချိန်ထိ ဒုက္ခပင်လယ်ဝေနေရပါတယ်။
မျက်နှာဖြူတွေတိုးတက်စေတဲ့ အချက်တွေက သူတို့နိုင်ငံတွေမှာ လူမျိုးကွဲပြားမှုနည်းတယ်။ ပိုအဓိကကျတာက ဘာသာရေးအရ တစည်းတလုံးထဲဖြစ်တယ်။ ပြီးတော့ ဗာတီကန်ဘုရားကျောင်းနဲ့ ဘုရင်တွေ စစ်ဖြစ် အရင်းအနှီးကြီးကြီးမားမားပေးပြီးတော ဘုရားကျောင်းအာဏာကို ကန့်သတ်လို်က်ပါတယ်။ အကျိုးဆက်အနေနဲ့ သိပ္ပံပညာတိုးတက်လာတယ်၊ ခေတ်အတွေးအမြင်တွေ ထွန်းကားလာတယ်၊ ဥပဒေအသစ်တွေ ပေါ်ပေါက်လာတယ်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချမ်းသာလာပြီး ကမာ္ဘကိုအုပ်ချုပ်သွားတာပါ။
သူတို့နဲ့ပြောင်းပြန် မြန်မာ့သမိုင်းမှာ ဘုန်းကြီးတွေက ဘုရင်တွေကို တိုင်းပြည်ရေးရာတွေမှာ ဩဇာလွှမ်းတယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ဘုရင်တွေကသာ သာသနာကို အသုံးချတာများပါတယ်။ဘုရင်မကြိုက်လို့ နယ်ဝေးအပို့ခံရတာ၊ ထွက်ပြေးရတာ သမိုင်းမှာ တွေ့နိုင်ပါတယ်။ ပြောချင်တာ အုပ်ချုပ်သူရော အုပ်ချုပ်ခံတွေပါ ဘာသာတရားကို တန်ဖိုးထားတယ်ဆိုပေမဲ့ အဆုံးအမကို တကယ်တင်းပြည့်ကျပ်ပြည် မလိုက်နာကြပါဘူး တောရွာတွေမှာ ဘုန်းကြီးကျောင်းပေါသလို ထန်းတောလည်းမရှားပါဘူး။ တရားထိုင်၊ ဥပုဒ်စောင့်သူများသလို အင်းအိုင်လက်ဖွဲ့ ဖိုထိုးသူတွေလည်း ထုနဲဒေးပါ။
အပြစ်တင်သင့်တာ ပြုပြင်ပြောင်းလဲရေးကို နားမလည်၊ စိတ်မဝင်စားတဲ့ မြန်မာဘုရင်အဆက်ဆက်နဲ့ မှူးကြီးမတ်ရာများကိုပါ။ ငြိမ်သက်မှု၊ တည်ငြိမ်မှုရှိတာကို စံထားတဲ့ ဘာသာတရားကို အပြစ်မြင်ခြင်းထက် ပြောင်းလဲရမှာကို မပြောင်းရဲ၊ မပြောင်းတတ်၊ မပြောင်းနိုင်တဲ့ အုပ်ချုပ်သူ ပထမနဲ့ အုပ်ချုပ်ခံများကို ဒုတိယထားပြီး ဝေဖန်သင့်ကြောင်း အကြံပြုလိုက်ပါရစေ။