Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာများဖြစ်တာလဲ အပိုင်း ၃

ဆူးMarch 17, 20111min36116

ညနေစောင်း သားသမီးတွေ အိမ်ရောက်တော့ ခွေးကိုက်ကြောင်း ပြောတော့ အဲဒီ နားမှာ ခွေးရူးသောင်းကျန်းနေလို့ ရွာက လူတွေ လိုက်ရှင်းနေတာ အကြောင်း စပ်စပ်မိသွားပြီး အကိုက်ခံရတာ ခွေးရူးမှန်း လည်း သိသိချင်း မြို့တက်ပြီး ခွေးရူးကာကွယ်ဆေး ထိုးဖို့ သွားရန် ပြင်ဆင်ကြပါတယ်။ မြို့တက်ပြီး မြို့က ဆေးရုံမှာ ကာကွယ်ဆေး ထိုးတယ်လို့တော့ ပြောပါတယ်။ ဆေးပတ်လည်အောင် ထိုးသလား မထိုးသလားတော့ မသိပါဘူး။ ဒါပေမဲ့ ညနေစောင်းရင် သမီးလုပ်သူကို မြင်တိုင်း ဟဲ့ မိနှင်း နင့်မျက်နှာမှာ ဘာတွေ သုတ်ထားတာလဲ မျက်လုံးမှာလည်း အကွင်းအကွင်းတွေနဲ့ နင်ငါ့ကို ခြောက်လန့်ချင်လို့လား။ မလုပ်ပါနဲ့ ငါကြောက်တယ်နော်။ သွား မလာနဲ့ သမီးလုပ်သူကို မောင်းထုတ်တတ်ပါတယ်။ သားသမီးတွေ မြင်တာနဲ့ အော်ထုတ်နေတော့ အနီးအနားက အသက်ကြီးတဲ့ လူတွေ သွားပြီး ညစောင့်ပေးပါတယ်။ တခါတရံ ရေသိပ်ငတ်တယ် ရေပေးပါ တောင်းပေမဲ့ ရေမြင်တာနဲ့ လိုက်ပြီး ကုတ်ခြစ်တာတွေ လုပ်တတ်ပါတယ်။ အနီးအနားက လူတွေက ဝိုင်းခြုပ်ပေးတာမျိုး လုပ်ထားပေမဲ့ မရပါဘူး အဲဒီ အချိန်မှာ တော်တော် ကို အားသန်ပါတယ်။ သူအတွက် မြို့ဆေးရုံက ဆေးထိုးပြီးပြီ ဆိုပြီး မပျောက်သေးတော့ ဆေးမြီးတိုမျိုးစုံတွေ ကုပေးတာလည်း လုပ်ကြတယ်။ ဒါပေမဲ့ မရပါဘူး ညဘက် ခွေးအူသံ ကြားရင် အဲဒီ ရောဂါထလာတော့ လူတွေလည်း နည်းနည်း ကြောက်လာကြတယ်။ ရွာသားတွေက အပမှီတာ များလာ ဆိုပြီး ယတြာ မျိုးစုံခြေတော့လည်း မရပါဘူး အခုထိကို အော်နေတာ ၆လလောက် ရှိပါတော့မယ်ကွယ် ဆိုပြီး မျက်နှာ မသာမယာနဲ့ ပြောတဲ့ စကား အဆုံးမှာ အတွေးတခု ရသွားတယ်။
မြို့က လူငယ် ၃ယောက် တီးတိုး တိုင်ပင်ပြီး အဲဒိ အဒေါ်ကြီးကို တွေ့လို့ရမလား မေးပြီး အဒေါ်ကြီးကို သွားတွေ့ပါတယ်။ သူတို့ ကို မြင်တော့ ထို အဒေါ်ကြီးက ရှက်သလို မျက်နှာမျိုးနဲ့ ပြုံးပြပြီး ထမင်းအိုး ဆက်တည်နေပါတယ်။ အဒေါ်ကြီး ညက အော်တာ ကြားတယ် မြိုကို လိုက်ပြီး ဆေးကုမလား ဆိုပြီး မေးခဲ့ပါတယ်။ မြို့ဆိုတာ ဝေးလွန်းပါတယ် မလိုက်တော့ပါဘူးလို့ ပြန်ဖြေပါတယ်။ မြို့သား ၃ယောက်က ဆေးခန်းလိုက်ပြကြည့်ပါလား ဆိုပြီး မြို့ကို အတင်းခေါ်ပေမဲ့ မလိုက်ပါဘူး လို့ ငြင်းနေတဲ့ အတွက် ပြန်လှည့်လာခဲ့ပြီး ထိုရွာကနေ ထွက်ခွာလာခဲ့ကြပါတယ်။ ဒီလိုနဲ့ ၁နှစ်လောက် အကြာမှာ ထိုရွာက ရွာသားတယောက်ကို တွေ့တော့ ထို အဒေါ်ကြီး သတင်းကို မေးမြန်းတဲ့ အခါ ကောင်းနေပါပြီ သူ့သားက ပိုက်ဆံ စုပြီး မြို့ပေါ် တက်ကုတာ ရွာကလူတွေလည်း ပိုက်ဆံ ဝိုင်းပေးကြတယ်လေ။ ဒီတော့ သူလည်း အဆင်ပြေသွားတယ်။ အခုတော့ ည ဘာခွေးအူအူ လိုက်မအူတော့ဘူး ကိုယ်လူတို့ရေ လို့ ပြောသွားတဲ့ စကား အဆုံးမှာ စိတ်ကျေနပ် တဲ့ ခံစားမှုကို ခံစားရပြီး ဝမ်းသာ ပီတိ ဖြစ်ခဲ့ရပါတယ်။

16 comments

  • bigbird

    March 17, 2011 at 2:52 pm

    ဒုတိယပိုင်းအထိတော့စိတ်ဝင်စားဖို ့ကောင်းတယ်။တတိယပိုင်းလဲဖက်ပြီးရော.
    ဂျက်မြသောင်း သီချင်းလိုဖြစ်သွားရော..

  • ဆူး

    March 17, 2011 at 2:56 pm

    ကိုရီးယား ကားတွေကို အားကျလို့ ဆွဲတင်ပြီးမှ လွတ်ချတာလေ.. အဲလိုဘဲ.. ဟီးဟီး

    • eros

      March 18, 2011 at 1:48 pm

      လွှတ်ချတာပါ ဆူးရယ် လွတ်ချတာ မဟုတ်ပါဘူး။ လွတ်ကျတာဖြစ်နိုင်ပါတယ်

  • naungnaung

    March 17, 2011 at 3:39 pm

    အဆုံးသတ်က ဘယ်လိုကြီးလဲ?……အဖြစ်မှန် မို့လို့လား..

  • hmee

    March 17, 2011 at 6:03 pm

    ှမဆူးရယ်…တတိယပိုင်းမှာဘာဖြစ်မလဲလို. ခုတော.ဟင်း……..။

  • etone

    March 18, 2011 at 4:07 am

    ပျောက်သွားတယ်ဆို တော်သေးတာပေါ့… ။

  • weiwei

    March 18, 2011 at 4:20 am

    ဒေါ်ဆူး
    အဖျားရှူး …
    အရင်းပိုင်းကျန်သေးလို့ တော်ပါသေးတယ် 😛

  • char too lan

    March 18, 2011 at 6:05 am

    ထပ်လာအုံးမှာလား ှဇာတ်သိမ်းတွားပီရား 🙁

  • ဆူး

    March 18, 2011 at 12:53 pm

    ဒီဇတ်လမ်း က တော်ပြီ ဆက်မရေးတော့ဘူး။ တော်ကြာ ရုပ်ဝါဒီ ဆန်တဲ့ ဒို့ သဂျီး ကွန်မန်းပေးပြီး မဟုတ်တာ မတွေ ကလေးတွေ လျောက်ပြောတယ် ဆိုပြီး လာပြောနေမှာ စိုးလို့.. ဆေးရုံပို့ကောင်းတယ် လို့ ရေးလိုက်တာ.. ဆေးရုံ မပို့ဘဲ ဥုံဖွက်နဲ့ ကောင်းပေးလို့ မရဘူး။ ဒီရွာက.. သရဲကားသာ လူတွေ ကြည့်ချင်ကြည့်မယ် သရဲ ဇတ်လမ်းဆို သရဲ နဲ့ အဆုံး မသတ်ရဘူး အရူးနဲ့ အဆုံးသတ်ရလိမ့်မယ်။ မဟုတ်ရင် မြို့သား ၃ကောင် ရွာသာကြီးက လွတ်လာတယ်လို့ လာရေးလိမ့်မယ်။

  • manawphyulay

    March 18, 2011 at 1:26 pm

    တတိယပိုင်းက ဇာတ်ကလည်း ဇာတ်ရှိန်တက်နေတာ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ ဘာများဖြစ်မလဲ သို့လော သို့လောနဲ့ ခုတော့….

  • bigcat

    March 21, 2011 at 3:54 am

    အဲသာကြောင့်ပြောနေရတာပေါ့၊ ခွေးတွေကို မမွေးကြပါနဲ့လို့၊ သစ္စာရှိတယ်ရှိတယ်နဲ့ ဖြစ်လိုက်ရင် မသက်သာဘူး။ သစ္စာရှိသလိုလိုနဲ့ သခင်အားရကျွန်ပါးဝတွေ၊ ကြောင်တွေရဲ့ ခြေဖျားတောင်မမှီဘူး။ ခွေးစိတ်ရှိသူပဲ ဒီကွန်းမန့်ကို dislike လုပ်ကြ။

  • moethidasoe

    March 21, 2011 at 4:54 am

    စ ရေးတဲ့အပိုင်းကို သုံးသပ်တော့ ခွေးရူးကာကွယ်ဆေး အပြည့်မထိုးလို့ ခွေးရူး ပြန်တော့မှာ လိုလိုနဲ့ .. ခြောက်လ ကြာသွားပြီး ဆိုတော့ မဟုတ်တော့ ပြန်ဘူးလေ .. ခွေးရူးပြန်က သေဖို့ သေချာတဲ့ ရောဂါပဲ .. ဒါဆိုရင် လူလုပ်တာ (ဖန်တီးတာ .. တခုခုကို လိုချင်လို့ အရိပ်အရောင် ပြတာ) ဖြစ်နိုင်ပြန်ရော .. နောက်ဆုံး .. အားလုံးက ဝိုင်း ပေးကြတယ် ဆိုတော့ .. အဲဒီလို ကောက်ချက်ချဖို့ ပိုခိုင်မာသလားလို့ .. (တွေးမိတာလေး ဖြည့်ကြည့်တာ)

  • ဆူး

    March 21, 2011 at 1:06 pm

    အဲဒီ ခွေးရူးကိုက်တဲ့ ဇတ်လမ်းကို ဆူး ရဲ့ တပည့်မ သူတို့ ရွာမှာ ဖြစ်နေကျ ဇတ်လမ်း တခုလိုမျိုး ပြောပြောပြတယ်။ အခုရေးတာ သူ့အိမ်ဘေးက အမျိုးသမီး ဖြစ်တာလို့ ပြောတယ်။ ဆေးစာအုပ်တွေမှာ ရှာဖတ်ရင် ခွေးရူးကိုက်ရင် ဆေးထိုးနောက်ကျရင် ခွေးရူးပြန်ပြီး သေတာဘဲ… အဲဒီ ရွာမှာ သူပြောပုံ အရဆိုရင် ၃ယောက်လောက် ရှိတယ်။ အတင်းရုန်းကန်ပြီး တွေ့သမျှ ကုတ်ခြစ်ပြီး ရေကြောက်တဲ့ ရောဂါမျိုး.. ဖြစ်ပြီး တော့လည်း သူတို့ ဘာနည်းတွေ နဲ့ ကုလည်းတော့ မသိဘူး.. အံဩစရာ ကောင်းလောက်အောင်ကို ပြန်ကောင်းသွားတယ်။ အဲဒီ ကောင်မလေးကလည်း သူလည်း ခွေးကိုက်ခံရလို့.. ဆေးမထိုးဘဲ အချိုမှုန့်သိပ်ပြီး နေလိုက်တာ.. ပြီးတော့ ဆေးမြီးတိုတွေ နဲ့ လိမ့်ကုတာဘဲ ဒါပေမဲ့.. အဲလိုမျိုးရောဂါထတာပေါ့.. ၁နှစ်လောက်နေတော့ ကောင်းသွားပြန်တယ်။ သူပြောတဲ့ နည်းတွေကတော့ ရေရေရာရာ မရှိဘူး ဗေဒင်မေးတာကော ယတြချေတာကော ဆေးမြီးတို တခြားနည်းတွေ အများကြီးဘဲ ကုရင်းနဲ့ အကောင်းပြန်ဖြစ်တယ်လို့ ပြောတယ်။
    ဘာရယ်တော့ မဟုတ်ဘူး ဒီက ဆရာတွေ ဘာများ ဝေဖန်မလဲသိချင်လို့ ရေးလိုက်တာ။

    • kai

      March 21, 2011 at 9:17 pm

      ဝေဖန်နိုင်တယ်ဆိုလို့..

      ခွေးရူးပြန်ရောဂါထပြီးမှ .. စံနစ်တကျဆေးမသုံးပဲ.. ပျောက်အောင်ကုလို့ရတယ်ဆိုရင်တော့ .. ဘုရားစူးဆေးပဲ..။
      ကမ္ဘာတောင် ကျော်သွားနိုင်တယ်..။

      ဆိုတော့… နေရာဌာနကလည်း မြန်မာပြည်ဖြစ်ပြန်..။ ပြောသူတွေကလည်း ကောလဟာလလိုလက်ဆင့်ကမ်းပြောတာတွေဆိုတော့…( စိတ်တော့မရှိနဲ့).. ပေါက်တတ်ကရ လို့ပဲ မှတ်ပါတယ်..။

      ခွေးရူးပိုးဆိုတာက .. ဦးနှောက်ရဲ့အာရုံခံနဗ်တွေကို ဖျက်ဆီးပစ်တာလို့..ကြားဖူးတယ်.။
      ဗိုင်းရပ်က ဖျက်ဆီးလိုက်ပြီးရင်.. ပြန်ကောင်းရင်တောင်.. ဦးနှောက်တော့ ပျက်ကျန်မှာပဲ..။
      နောက်တခုက.. အဲဒီခွေးရူးပြန်နေသူက ..ကုတ်ခြစ်..ကိုက်လိုက်ရင်လည်း… (ဗိုင်းရပ်စ်ဖြစ်တာမို ့) ဘေးလူရောဂါကူးနိုင်ပါတယ်.။
      သတိထားသင့်ပါတယ်နော…။

  • ဆူး

    March 22, 2011 at 1:32 pm

    ရိုင်းပြ ဆဲဆိုပြီး သူတပါး ကို နိပ်ကွပ်လို့တဲ့ စိတ်နဲ့ ရေးတဲ့ စာတွေကိုသာ လက်မခံတာပါ။ အပြုသဘော ဆောင်တဲ့ ဆွေးနွေးချက်ကို လက်ခံပါတယ်။
    နောက်များ ကြုံရင် အဲဒီ ရွာကို ကိုယ်တိုင်သွားပြီး လေ့လာရေး ဆင်းပြီး သူတို့ ဘာလုပ်လဲ မေးမြန်းစုံစမ်းပြီး လေ့လာခဲ့ပါတယ်။

  • padonmar

    March 22, 2011 at 6:22 pm

    Rabies ခေါ်ခွေးရူးရောဂါရဲ့ လက္ခဏာတွေမှာ ရေကြောက်မယ်၊ယားမယ်၊သွားရေကျမယ်၊ထိတ်လန့်မယ်။ရေတို့အစာတို့ မမျိုနိူင်ဘူး၊အသားတွေနာမယ်၊နောက်ဆုံးသတိလစ်မယ်၊အသက်ရှူကျပ်ပြီး သေတတ်တယ်၊ရောဂါလက္ခဏာပြပြီးမှ ရှင်သူမရှိ။
    ခွေးလိုအူတာ လုံးဝ မဟုတ်ပါ၊
    သဂျီးပြောသလိုပြောရရင်wikipedia မှာကြည့်ပါ၊
    http://en.wikipedia.org/wiki/Rabies
    ကြည့်ရတာဆူးရဲ့ ရွာက အဒေါ်ကြီးရောရွာသူတွေပါ ကြားဖူးနားဝနဲ့
    ခွေးရူးပြန်ရင် ခွေးလိုအကုန်လိုက်လုပ်တယ်ထင်ပြီး ဟန်ဆောင်တာပါ၊
    etone ရေးတဲ့ စက်ရုံက အလုပ်သမလေးတွေလိုပဲ Hysteria ခေါ်တဲ့ စိတ်အလိုမကျရောဂါတွေပါပဲ၊
    အဲဒီ Hysteria ရောဂါသည်တွေဟာ စိတ်ရှုပ်ဖို့လည်းကောင်းသလို သူတို့ခမျာတကယ်ခံစားနေရတော့ သနားဖို့လည်းကောင်းပါတယ်။
    များသောအားဖြင့် မူးတယ်မောတယ်အသက်ရှူကျပ်တယ် တွေပြောကြတော့ မိဘဆွေမျိုးတွေမှာ နှလုံးရောဂါ ဆိုးဆိုးဝါးဝါး ထင်ပြီး ဆေးရုံဆေးခန်းပြေးလာရတော့တာပဲ၊အဲဒီလီုရောဂါသည် တအားပေါပါတယ်၊
    နယ်မှာတုံးက ကလေးမလေး တစ်ယောက် တအွတ်အွတ်နဲ့ မနားတမ်းကြိုု့တွေထိုးပြီး ဆေးခန်းရောက်လာပါတယ်၊မိဘတွေ အပြင်ထွက် ခိုင်းပြီးDiazepam ထိုးပေးရင်းမေးတော့ ရည်းစားနဲ့ ခွဲထားလို့လို့ဖြေပါတယ်၊
    ဒါနဲ့ မိဘတွေ သပ်သပ်ခေါ်ပြီးရှင်းပြ စိတ်ချမ်းသာမှ ဒီရောဂါပျောက်မှာလို့ အောင်သွယ်ပါလုပ်လိုက်ရတယ်၊ တပတ်လောက်ကောင်းနေပြီး နောက်တစ်ခါ ထပ်ဖြစ်တော့ ဆေးရုံပေါ်ရောက်သွားတယ်၊မေးကြည့်တော့ သူ့ရည်းစားက ကုလားမို့ သဘောမတူနိုင်ဘူးပြောလို့တဲ့၊ကိုယ်လည်း မရှင်းတတ်တော့ဘူး၊ဆေးရုံကတော့CPZ Chlopromazine ခေါ်တဲ့စိတ်ငြိမ်ဆေးတွေ လနဲ့ချီသောက်ခိုင်းလိုက်တယ်၊

Leave a Reply