အတွေ့အကြုံမှ သင်ခန်းစာ

မမေလးMarch 20, 20111min21326

သမီးရဲ့ သူငယ်ချင်းတွေ အကြောင်းပါ … သင်ခန်းစာတွေမို့  ဖတ်စေချင်ပါတယ် …

လူငါးယောက် အကြောင်းပြောမှာ ဖြစ်ပါတယ် … ပထမတစ်ယောက်ကတော့ သမီးရဲ့ အချစ်ဆုံးသူငယ်ချင်း A လို့ ထားလိုက်ပါတော့ … ဆယ်တန်းပြီး တော့ သူမြိတ်ကို အလည်သါားတုန်းက သိတာလို့ပြောပါတယ် .. A အသက် ၁၈ နှစ်လောက် သူ့ ဘဲက ၂ရ နှစ် ပါ ။ သူ နဲ့ သူ့ဘဲနဲ့ တူတူလျှောက်သွား လျှောက်လာနဲ့ ကျောင်းလည်း မတတ်ဖြစ်ဘူး … ပြီးတော့ ကောင်လေးက သူ့အိမ်အလည်ခေါ်တယ် သူ့အစ်မတွေ ညီမတွေ အမေ တွေကလည်း ဖော်ဖော် ရွေရွေနဲ့ သမီးလေး ညီမလေး နဲ့ ချစ်ကြတယ်ပေါ့ … နောက်တော့ ပြသနာ စတော့တာပါပဲ … ကောင်မေလေးတစ်ယောက် သူ့အမေဆီဖုန်းဆက်ပါတယ် … ရှင့်သမီးက ကျွန်မ ယောကျာ်းကို မြှူဆွယ်ထားတယ်ပေါ့ … A က သူ့အမေရိုက်တာရော ဆူတာရောခံရတယ် … ကျောင်းတောင် မတတ်ခိုင်းတော့ဘူး … ကောင်လေးက ကလေး အဖေ သားလေးတစ်ယောက်ရှိတယ်လို့ ဆိုပါတယ် … A ကလည်း ငယ်သေးတော့ အချစ်စိတ်ခေါင်ခိုက်နေတာပေါ့ … အဲ့ဒီ ကလေးလေးကို မွေးစားမယ် ဆိုပြီး ဘယ်လိုမှ ဖျက်လို့ ကိုမရဘူး … ဟိုဘက်ကလည်း အမေကရော ညီမတွေကရော မိန်မကရော ဖုန်းတွေဆက်ပြီးပြောလိုက်ကြတာ ယယယ သမီးဆီတောင် ဖုန်းဆက်မေးလို့ ပါပါး မာမား ဆူတာ ခံလိုက်ရသေးတယ် … အမှန်တော့ တရားစွဲမယ်ဘာနဲ့ ငွေညှစ်တာပါ … ကောင်မလေးအဖေက ရာထူးရှိတဲ့လူဆိုတော့ တရားစွဲဆိုပြီး လုပ်လိုက်တာ … နောက်တော့ ကောင်လေးက စင်ကာပူသွားတယ်ဆိုတာပဲသိလိုက်ရတော့တယ် ။ နောက်တော့ ကရင်နှစ်သစ်ကူးမှာ ကောင်လေး တစ်ယောက်တွေ့တယ် … ဆေးကျောင်းသား ခုဆို PART2 တတ်နေမှာပေါ့ … သူ့အိမ်ကလည်း ဆေးကျောင်းကဆိုတော့ အိမ်အဝင်အထွက်ပေးလိုက်ပါတယ် … အဆင်ပြေသွားပါပြီခုတော့ …

နောက်တစ်ယောက်ကိုတော့ ဘီ လို့ မှတ်ပါတော့ … သူ့ကောင်လေးက ဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်ပါတယ် … ကောင်မလေးကို ဂရုမစိုက်ပါဘူးတဲ့ … ဒါကို ကောင်မလေးက ချစ်မိနေတာ သူမျက်နှာပျက်မှာစိုးလို့ အရိပ်တစ်ကြည့်ကြည့်နဲ့ နေနေရတာ လို့ပြောပါတယ် … သူ့အိမ်က သဘောမတူပါဘူး … ခိုးပြေးမလို့ ပိုက်ဆံစုနေကြတယ်တဲ့ … ကောင်လေးက တစ်လ ၅ သိန်းဝင်ပါတယ် …. ကောင်လေးက ရန်ဖြစ်ရင်သူ့ကို ပါးတွေ နားတွေချတယ်တဲ့ … တစ်နေ့ ကျိုက်ထီးရီုးသွားကြတာ … ၂ ည အိပ်ကို သွားတဲ့ အချိန်က စ ပြီး ရန်ဖြစ်တာ ပြန်တဲ့အထိပဲ … နောက်တော့ သူက ဖုန်းဆက်တယ် …သူ့ဘဲ နောက်ကောင်မလေးနဲ့ ရှုပ်နေတယ် ကြားလို့ ကူညီပါဦးတဲ့ … နောက်နေ့ဖုန်းဆက်လာပါတယ် … အမျိုးသမီးရေးရာ တိုင်မလို့တဲ့ သူ့မှာ မိန်မရော ကလေးရော ရှိရဲ့သားနဲ့ သူနဲ့ ခရီးတူတူထွက်တယ်ဆိုပြီးတော့ …

နောက်တစ်ယောက်ကတော် စီ ပေါ့နော် … သူကတော့ ငယ်သူငယ်ချင်းပါ … သူက တကသိုလ်ရောက်မှ ရည်းစားထားတာပါ … ထားတဲ့ရည်းစားက ကုလားတဲ့ … သူ့အိမ်က သိတော့ ကျောင်းလိုက်ပြီး ကြမ်းတာ ကျောင်းက ကန်တင်းမှာ တင် ကောင်လေးက ထွက်ပြေးတယ် ကောင်မလေးက တော့ ပါးတွေ နားတွေ ရိုက်ခံနေရတယ် ဘယ်သူမှ ဝင်မစွဲကြဘူးတဲ့ …

သူတို့ ရဲ့ အိမ်ကတော့ အရမ်းတင်းကြပ်လွန်းတယ် … အပြင်လည်း လျှောက်မလည်ခိုင်းဘူး … အရမ်းတင်းကြပ်လွန်းတော့ ခိုးလုပ်ကြရင်း ပိုပြီး ပျက်စီးနိုင်ပါတယ် … မိဘတွေကလည်း အကြံဉာဏ်ပေးပြီး အလိုက်အထိုက်လေး လုပ်ပေးသင့်တာပေါ့နော် …

နောက်တစ်ယောက်ကတော့ Dental တတ်နေတာပါ … ဒုတိယနှစ် သူ့ကောင်မလေးက ၉ တန်း … ကောင်လေး အဖေက နဲ့ အမေကကွဲပြီး နှစ်ယောက်လုံးက နိုုင်ငံခြားမှာ … သူကတော့ အဖိုးတွေနဲ့နေတယ် … ကောင်မလေးက ညည ဆို လာလာအိပ်တယ် … မနက်ဆို အိမ်နေဝတ်စုံနဲ့ ဈေးမှာ တွေ့တယ် ပြီးရင် တက်စီ နဲ့  ပြန်တယ်တဲ့ … နောက်တော့ ပျောက်သွားတယ် မတွေ့တော့ဘူး … ညဈေးနားမှာတွေ့လိုက်တာတော့ ကောင်မလေူးက ဗိုက်ကြီးနဲ့ပါ ။ ကျောင်းထွက်လိုက်ရပါတယ် ကလေးမွေးဖို့ပေါ့  … ကောင်လေးကလည်း ကျောင်းနားထားလိုက်ရတယ် … ကလေးလေးတွေပဲရှိသေးတယ်နော် … တော်တော်ဆိုးတယ် … အဲ့လောက် အိမ်က လွတ်လွန်းတော့လည်း မကောင်းဘူးနော် …

နောက်တစ်ယောက်ကတော့ ၉ တန်း ကောင်လေးနဲ့ ကောင်မလေးနဲ့ ပါ ။ ကောင်လေးက စာပေးတာ ကောင်မလေးက ငြင်းတာ ခဏ ခဏ ပေးတာနဲ့ ကောင်မလေးက ရွဲ့ပြီး နင့်ကို ဘယ်လို ကြိုက်တာ ဘယ်လို ချစ်တာဆိုပြီး စာပြန်လိုက်တာ အတန်းပိုင်ဆရာမသိသွားတယ် … ကောင်လေးက စီ ခန်းက ကောင်မလေးက အေ ခန်းက အေခန်း အတန်းပိုင်နဲ့ စီခန်းအတန်းပိုင်နဲ့က မတည့်ကြဘူး အဲ့ဒါနဲ့ စီခန်းအတန်းပိုင်ဆရာမက အတန်းထဲမှာ အဲ့ဒီစာကို ဖတ်ပြလိုက်တာ ရှက်လို့ အိမ်ကိုလည်းတိုင်မယ်ဆိုတော့ အိမ်မပြန်ရဲတော့ဘူး ဆိုတော့ ကောင်လေးက ငါနဲ့လိုက်ခဲ့ဆို ခိုးပြေးတာ ၂ ည ။ ဝတ်စရာ မရှိလို့ သူ့သူငယ်ချင်းစီမှာ လာငှားတယ် … ခုတော့ အောက်လမ်းမှာ ကူးခွေတွေ ရောင်းနေပါတယ် … အမြဲတမ်းရန်ဖြစ်တယ် … ၉ တန်းနဲ့ ယူလိုက်ကြတာဆိုတော့ ….

26 comments

  • bigcat

    March 21, 2011 at 4:37 am

    သူလေးနာမည်ကိုတော့ A လို့အလွယ်မှတ်လိုက်။ ကိုကြောင်ရဲ့ ရည်းစားများထဲက တယောက်ပေါ့။ လှမှလှ ချောမှချော ဘဘများ အကြိုက်ပေါ့.. ကိုကြောင်ကိုလည်းသိပ်ချစ်။ ဒါပေမဲ့ မမြင်နိုင်တဲ့ ကံတရားကြောင့် လမ်းခွဲခဲ့ရတယ်။ အသဲကွဲတိုးရစ်ဖြစ်ပြီး ရေရေလည်လည် ခံစားလိုက်ရတာပေါ့။ အခုတော့ သူလေးက ရုပ်ရှင်နယ်ထဲမှာ သရုပ်ဆောင်ကြေး သိန်းရာနဲချီပေါက်တဲ့ ရွှေမင်းသမီးလေး ဖြစ်နေပါပြီ။
    နောက်တယောက်က အချစ်ဟောင်းA အပြီးသုံးယောက်မြောက် ကိုကြောင်ကြီး တွဲခဲ့သူပေါ့။ Bလို့ အလွယ်မှတ်လိုက်။ သူ့ကြောင့်တည်ငြိမ်နေတဲ့ ကိုကြောင့်ရင်တွေ ပြန်လည်လှုပ်ခါ ခဲ့ရတယ်။ ရုပ်ကလည်း ချော အသံကလည်းကောင်း ဂွတ်ရှယ်လေးပါပဲ။ သူ့နဲ့လည်း ပြောမပြနိုင်တဲ့ အကြောင်းကြောင့် ခွဲခါခဲ့ရတယ်။ ခဲနှစ်ခါမှန်ဘူးတဲ့ စာသူငယ်လို မိန်းမလှလေးတွေမြင်တိုင်း ရင်ထဲမှာ ကျင်ကနဲ ခံစားရခဲ့တယ်။ အခုတော့ သူ့ဘဝ ဂီတနယ်ထဲမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေပါပြီ။
    Bအပြီး နောက်ထပ်မြာလေး သုံးယောက်လောက်ကို ဆေးပေးမီးယူ တွဲအပြီး ခြောက်သွေ့နေတဲ့ နှလုံးသားကနာ္တရရင်ခွင်ကို စိမ်းလန်းစိုပြေအောင် လုပ်ခဲ့ပြန်သူက နာမည်အတိုခေါက် Cတဲ့။ နတ်သမီး ရှုံးအောင်လှတဲ့အပြင် ဆွေစဉ်ခုနှစ်ဆက် ကျိကျိတက် ချမ်းသာတဲ့ မင်းမျိုးမင်းနွယ် မဟာဆီ အသိုင်းအဝန်းက ပေါက်ဖွားလာခဲ့သူ။ ကိုကြောင်ကို ချစ်လိုက်တာလည်း တုန်လို့။ ကိုကြောင်ကြီးကို ခြေထောက်ဖက်တောင်းပန်နေတဲ့ကြားက ကံကုန်လို့ ထားခဲ့ရပြန်တယ်။ အခုတော့ ဘီလျံနာ သူဌေးမ လုပ်ငန်းရှင်ကြီး ဖြစ်နေပြီ။ ယောက်ျားမယူသေးဘဲနဲ့ ကိုကြောင်ကြီးကို မျှော်လင့်နေတုန်းပဲတဲ့။
    Cအပြီး သေနေတဲ့ နှလုံးသားကို အသက်သွင်းပေးလိုက်တဲ့ မှော်ဆရာမလေး ဆေးတက္ကသိုလ် အလှဘုရင်မဘွဲ့ရ D ဆိုတာပေါ်လာပြန်လို့ ကိုကြောင့်ခမျာ ငြို့ချက်မိနေတဲ့ သားကောင်လို မလွန်ဆန်နိုင်ပဲ အချစ်ကြော့ကွင်းထဲကို ဆင်းရပြန်တယ်။ အလှဘုရင်မတပါးလို မြင်သူငေးလောက်သလို ပညာရေးမှာလည်း ထူးချွန်တယ်။ ကိုကြောင်သူ့ကိုပစ်သွားတာ ပညာရေးအားနည်းလို့ပါဆိုပြီး ခွဲစိတ်ပါရဂူဘွဲ့ကို အင်္ဂလန်မှာ သွားယူလိုက်တယ်။ ဘယ်လောက်တောင် တော်သလဲဆို သူမပြန်ခင်မှာ တောင်းပန်လွန်းလို့ အင်္ဂလန်ဘုရင်မကြီးကနေ ဟိုးဆွေနီးမျိုးစပ် ဆွေတော်မျိုတော်ပေါင်း တသိန်းတိတိကို ဆေးတယောက်တချက်စီ ထိုးပေးခဲ့ရတယ်။ နောက်ဆုံးချားလ်စ်မင်းသားက ကားတင်ပြေးမယ်လုပ်လို့ ကိုကြောင်မှ ကိုကြောင်ဆိုပြီး အင်္ဂလန်ကနေ လက်လွတ်ထွက်ပြေးတဲ့အထိပဲ။
    နောက်ထပ်လည်း ဒီလိုဇာတ်လမ်းမျိုးတွေ အများကြီးရှိသေးတယ်။ နာမည်တွေကိုတော့ A to Z လို့သာ အလွယ်မှတ်လိုက်တော့။ အားလုံးကို ကိုကြောင်ကြီးက မဖြစ်လို့ ရင်နာနာနဲ့ ထားခဲ့ရတယ်။ တချို့လည်း ကိုကြောင်ကြီးကို ခွင့်မလွတ်နိုင်တာနဲ့ ဘာမဆိုင်ညာမဆိုင် မြန်မာပြည်ကို စိတ်နာပြီး ကိုရီးယားမှာ နာမည်သစ်နဲ့ ရုပ်ရှင်မင်းသမီး လုပ်နေကြသတဲ့။ ချစ်ခန်း ကြိုက်ခန်း လွမ်းဆွေးခန်းတွေကတော့ ကိုကြောင်ကြီး လက်ထပ်သင်ပေးခဲ့လို့ အံ့မခန်းဆိုပဲ။ အားလုံးပဲ မီဂါစတား ဖြစ်ကြပါတယ်။
    သူတို့တွေ အချင်းချင်း အဝေမတဲ့မှာကြောက်လို့ပဲ ကိုကြောင်ကြီးခင်မျာ နာမည်ဝှက်နဲ့ ရွာထဲမှာ ကျင်လည်ကျက်စားနေရတာကို နားလည်ပေးကြပါ။ ကိုကြောင့်ဘဝနဲ့ကိုယ်ကြောင် ရှိပါစေတော့။ ချစ်မိသူသာ
    အဆုံးမှာ
    ရှုံးတာမို့
    သံသရာမှာ
    မချစ်တတ်သူ
    ဖြစ်ရပါလို၏….

    • char too lan

      March 23, 2011 at 10:28 am

      <>
      ကျနော်ထင်တယ် အဲ့ဒါ လေဒီဂါးဂါး များလားတိဝူး 😉

  • search123

    March 21, 2011 at 5:31 am

    အတန်းပိုင်ဆရာမ အနေနဲ့စာကို အတန်းထဲမှာ ဖတ်မပြသင့်ဘူးလို့ထင်ပါတယ်။
    သူသာတိုးတိုးတိတ်တိတ် ခေါ်ပြီး၊ဆုံးမခဲ့ရင် ဒီလို အခြေအနေ ဖြစ်ချင်မှ ဖြစ်သွားလိ်မ့်မယ်။
    ရည်းစားထားတဲ့ သူတွေကို ဆုံးမတဲ့နေရာမှာ ဒီလို နည်းလမ်းက ကောင်းကျိုးထက်၊ဆိုးကျိုးကိုပိုပြီးပေးနိုင်တဲ့ အနေအထားလို့ ထင်မိပါတယ်။

  • PEACEMAKER

    March 21, 2011 at 5:34 am

    ညီမလေးကုန်းကျူက အသက်ငယ်သေးပုံရတယ်။ သာမန်မိန်းကလေးတွေလို မိန်းမလည်း တော်တော်ဆန်ပုံရတယ်။ ဖတ်စေချင်လို့ အချိန်အများကြီးအကုန်ခံပြီး စာအရှည်ကြီးရေးတင်ပေးတာ ကျေးဇူးနော်။ ဖတ်လို့လည်း ကောင်းပါတယ်။ ခေါင်းစဉ်လေးက လှတော့လှသား အတွေ့အကြုံမှသင်ခန်းစာဆိုပဲ။ ဒါပေမဲ့ စိတ်မဆိုးရင် ပြောချင်တယ်။ ညီမလေးရေးတဲ့စာကို ဖတ်ပြီးသေချာသုံးသပ်လိုက်တော့ သူများကိုယ်ရေးကိုယ်တာအကြောင်းကို အဓိကရေးထားတာပဲ။ အရပ်ထဲ အချိန်တွေပိုနေတဲ့မိန်းမတွေဆုံတဲ့အခါ ဝိုင်းဖွဲ့ပြီး ဟိုလူ့အကြောင်းဒီလူ့အကြောင်းပြောသလိုမျိုးပေါ့။

  • fatty

    March 21, 2011 at 12:57 pm

    စာရေးသူရဲ့တင်ပြချင်တဲ့စေတနာပေါ်လွင်ပါတယ်ခင်ဗျား…။
    တင်ပြပုံလေးနဲနဲရိုးနေတာဘဲရှိပါတယ် …။

  • Gong Zhu

    March 21, 2011 at 5:26 pm

    PEACEMAKER … ဗဟုသုတ ဆိုတာ အပြင်လောကမှာပဲရှိတာလေ … ကိုယ်တစ်ယောက်တည်းရဲ့ သင်ခန်းစာအပြင် သူများတွေလည်းဒီလို ရှိတယ် ဆိုပြီး ရှောင်နိုင်ရမှာပေါ့ … ကိုယ်တွေ့ဖြစ်မှ သင်ခန်းစာတွေရှိတာမဟုတ်ပါဘူး … သူများတွေ့ကြုံတာတွေကို မြင်တွေ့ရင်းနဲ့ မှတ်သားထားလိုက်ပါ … ဒါမှ ကိုယ်က ဘေးကိုရှောင်နိုင်မယ် … နောက်မှ ကိုယ်ကိုတိုင် ခံလိုက်ရရင် ဘယ်လိုလုပ်မှာလဲ … ကိုယ်က တွေ့ကြုံဖုူးတယ်ဆိုလည်း မတွေ့ကြုံဖူးတဲ့ လူတွေရှိရင် ရှိမှာပေါ့ … အတင်းပြောတယ် ဆိုရအောင်လည်း အတင်းပြောတယ်ဆိုတာ ပုတ်ခတ်တာ ၊ သူတစ်ပါးကိုထိခိုက်စေတာ … ခုက လူနာမည်လည်း မရေးသလို အိမ်လိပ်စာလည်းမပါဘူး … ဘယ်သူ့ကိုထိခိုက်သွားစေလို့လဲ … စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးနော် … မဆိုင်လို့ပြောပြတာ …

    ကိုကြောင်ကြီး … အဟုတ်မှတ်လို့ အားလုံးကို ဖတ်ထည့်လိုက်တာ လူကို လှောင်တာလား ပြောင်တာလား … ဟွန်း …

  • ဆူး

    March 21, 2011 at 5:52 pm

    ABC တို့ အကြောင်း တခုစီ စာစီပြီး ရေးလိုက်ရင် ဇတ်လမ်း တွေ တခုစီတောင် ရအုန်းမယ်။ လူစိတ်ဝင်စားအောင် ဖော်ပြနိုင်မှု နည်းနေသေးလို့ပါ။ ရေးသာရေး.. ရေးရင်းနဲ့ စာရေးကောင်းလာလိမ့်မယ်။

  • manawphyulay

    March 22, 2011 at 3:59 am

    အင်း တချို့က ငယ်ပေမယ့် အသိတရားကပ်ထားတော့ မမှားသင့်တာ မမှားကြပါဘူး။ ခုလို သင်ခန်းစာလေးတွေ ဖတ်ရတော့ ငယ်တဲ့သူတွေ ဆင်ခြင်သင့်တဲ့ အရာတွေ အများကြီးကို တွေ့ရပါတယ်။ ကျေးဇူးတင်ပါတယ်ညီမလေး

  • etone

    March 22, 2011 at 9:22 am

    သူများ မနေ့က ရေးထားတာ ဘယ်သူလာဖျက်သွားလဲကွ ဟွန်း…..

  • photwenty

    March 22, 2011 at 9:35 am

    ဦးကြောင်ကြီးသို.

    (((((Bအပြီး နောက်ထပ်မြာလေး သုံးယောက်လောက်ကို ဆေးပေးမီးယူ တွဲအပြီး ခြောက်သွေ့နေတဲ့ နှလုံးသားကနာ္တရရင်ခွင်ကို စိမ်းလန်းစိုပြေအောင် လုပ်ခဲ့ပြန်သူက နာမည်အတိုခေါက် Cတဲ့။ နတ်သမီး ရှုံးအောင်လှတဲ့အပြင် ဆွေစဉ်ခုနှစ်ဆက် ကျိကျိတက် ချမ်းသာတဲ့ မင်းမျိုးမင်းနွယ် မဟာဆီ အသိုင်းအဝန်းက ပေါက်ဖွားလာခဲ့သူ။ ကိုကြောင်ကို ချစ်လိုက်တာလည်း တုန်လို့။ ကိုကြောင်ကြီးကို ခြေထောက်ဖက်တောင်းပန်နေတဲ့ကြားက ကံကုန်လို့ ထားခဲ့ရပြန်တယ်။ )))))

    ကံကုန်လို.ဆိုတာ ဦးကြောင်ကြီးလား ဘူတုန်း ရှင်းပြပေးပါ:P

  • လင်းဝေကျော်

    March 22, 2011 at 11:26 am

    ကုန်းကျုရေ ဖတ်ပြီးမောသွားတာပဲကွယ်။
    စိတ်ထဲတကယ်ကိုမကောင်းဖြစ်မိပါတယ်။
    မိန်းကလေးတွေ ဆင်ခြင်စေချင်တယ်။
    သူတို့ မိဘတွေ အစ်ကို အစ်မတွေ ကို ကိုယ်ချင်းစာမိပါတယ်။
    မရူးကြဖို့ ဒီလိုစာလေးတွေ ပုံစံကောင်းကောင်းနဲ့ များများလေး ရေးစေချင်ပါတယ်။

  • Gong Zhu

    March 23, 2011 at 8:49 am

    မမဆူး ကျေးဇူးပါ .. ရေးတာကများလာတော့ ပျင်းလာတယ် မမရ … နောက်ဆို အိုကေသွားမှာပါ … လက်တွဲခေါ်နော် … မမ အီးတုံး ဘာရေးထားတာတုန်း သမီးမဖျက်တတ်ဘူးနော် … နောက်တစ်ခုရှိသေးတယ် … သမီးသူငယ်ချင်းရဲ့သူငယ်ချင်း ငယ်ငယ်လေးနဲ့အိမ်ထောင်ကျတယ် ။ ကောင်မလေးကို ရိုက်လိုက်တာဆိုတာအရမ်းပဲတဲ့ ။ အစ်မတွေကရော ယောက်ခမကရောတဲ့ ။ နောက် ကောင်မလေးက ဗိုက်ကြီးလာတယ် ။ သူ့ယောကျာ်းက ကလေးမလိုချင်ဘူး ဘာလို့ယူတာလဲ ခုဖျက်ချဆိုပြီး ရိုက်တယ်တဲ့ ။ သူ့ယောကျာ်းက သံဈေးမှာ ဘာရောင်းတယ်ဆိုလားပဲ … ကောင်မလေးကတော့ မိခင်စိတ်နဲ့ ဖျက်မချဘူးတဲ့ ဗိုက်က ၆ လ ရ လ လောက်လည်းရှိတော့ သူ့ယောကျာ်းက ဖျက်ချခို်င်းတာ ဖျက်မချလို့ဆိုပြီး ပျက်ကျအောင် ဆောင့်တွန်းလိုက် လှုပ်ရမ်းလိုက်နဲ့ ။ နောက်တော့ ကေသီပန်နဲ့ အရက်နဲ့ရောနတိုက်လိုက်တယ်ဆိုလားပဲ .. ကလေးက ပျက်ကျတာ လူလေးတောင်ဖြစ်နေပြီတဲ့ ကောင်မလေးဆို ငိုလိုက်တာအရမ်းပဲ … ခုတော့ ကွာရှင်းလိုက်ပြီလို့ပြောပါတယ် … ကြောက်စရာကြီးနော် …

  • kopauk mandalay

    March 23, 2011 at 3:57 pm

    ချစ်မိသူသာ
    အဆုံးမှာ
    ရှုံးတာမို့
    သံသရာမှာ
    မချစ်တတ်သူ
    ဖြစ်ရအောင်
    ချစ်တတ်တဲ့နှလုံးကို အဆုံးစီရင်လိုက်ပါကိုကြောင်ကြီးရေ။
    ဒီလောက် ရီးစားများတဲ့ကောင်အမျိုးမတော်တော့ဘူးကွာ.

    • bigcat

      March 24, 2011 at 2:27 am

      နောက်တာပါဂျာ
      မုသားမပါ
      လင်္ကာမချော
      စာဆိုရှိတာမို့
      ကြောင်ကြီးဖောတာ
      နားလည်ပေးပါ
      တယောက်ဆိုတယောက်
      ပိတောက်ဆိုပိတောက်
      ချစ်ရပါတဲ့
      ရွှေမန်းမြို့က
      ဦးလေးပေါက်…

  • kopauk mandalay

    March 23, 2011 at 4:04 pm

    Gong Zhu လေးရေ
    ဆက်သာရေးပါ။
    သူများလဲစိတ်ဝင်စားအောင် ရေးမယ်။
    ကိုယ်ပြောချင်တဲ့အကြောင်းအရာကို လဲရောက်အောင်ပေါ်လွင်အောင်ရေးမယ်။
    နောက် ကာယကံရှင်ကိုယ်တိုင်ဖတ်မိရင်တောင် ငါနဲ့ တူသလိုလိုဘဲလို့ ထင်အောင်”ဆက်တင်တွေ”ချိန်းပေးမယ်ဆိုရင်
    ပိုဖတ်ကောင်းလာမယ်ထင်ပါတယ်။
    အေတွေဘီတွေလုပ်နေမယ်အစာ းနာမယ်လှလှလေးတွေပေး(အလွယ်လေးရွာထဲက အကိုအမတွေကို မင်းသားမင်းသမီးနေရာပို့ပြီးဇာတ်ကောင်လုပ်လိုက်ရတယ်ဘယ်သူမှစိတ်မဆိုးဘူး။စိတ်ဆိုးရင် သူကြီးနဲ့တိုင်လိုက်)။
    ဒါဆိုဖတ်ရတာ ပိုလန်းလာမယ်။
    ဆက်ပြီးရေးချင်တာတွေသာရေး။
    အားပေးမယ်။
    ငါတို့လစမ်းရေးရင်း နဲ့ရေးရဲလာတာ(ရေးတတ်တယ်လို့မပြောဘူးနော်။)
    အားမလျှော့နဲ့ အားမငယ်နဲ့ မတွေဝေနဲ့ ဆက်လုပ် …………………………………Gong Zhu လေးရေ

    • etone

      March 24, 2011 at 10:23 am

      အောင်မလေး ကိုပေါက်ရေ … အဲဒီလို ရေးလို့ ခံရပြီးပြီ ။
      အသားလွတ်လာပြီး သူ့ဇာတ်လမ်းပါ လာလုပ်နေလို့ ငိုဟယ်၊ရီဟယ်တွေ ဖြစ်လိုက်သေးတယ်… တကယ်စိတ်ပျက်တယ်… သူ့အတွင်းရေး သူပဲ သိမှာပေါ့ ..ဒါကို တိုင်လာပတ်နေတယ် …. ။ တော်တော်လေး ဂြိုလ်မွှေလိုက်တာပဲ… အီးတုံးရေးတဲ့ ပို့စ်တစ်ခုမှာပေါ့… အပျော်ကစားနေကြတာလားကို ဖတ်မိပြီး သူ့ပြောတယ် ဖြစ်ကုန်ရော… ။ အပျော်ကစားနေကြတာလားနဲ့ ပတ်သတ်ပြီး ဆိုတဲ့ပို့စ် တစ်ခါထပ်တင်ထားတယ်… ပြသနာကိုမှတ်တမ်းတင်ထားတာ ..:D

  • kopauk mandalay

    March 23, 2011 at 4:10 pm

    အစက မန်းထားတာ အားမရတာနဲ့ ကဗျာတပုဒ်ရေးလိုက်တော့
    ဒါလေးကပေးလိုက်တာ အမှတ်တစ်ရာ ရသွားပြီ။

  • unclegyi1974

    March 23, 2011 at 4:51 pm

    ဟိုးတုန်းက ၃နှစ် ၃မိုးရီစားထားကြတယ်
    လေ့လာကြတယ်ဆိုတာဒီလိုတွေမဖြစ်အောင်လို့ပါ
    အခုကအင်တာနက်ခေတ်ဆိုတော့
    ၃နှစ် ၃မိုးဆိုတာကြာပါတယ်
    ဒါပေမဲ့ ၆လ ၁နှစ်တော့သူ့အကြောင်းကိုယ့်
    အကြောင်းသိအောင်လေ့လာသင့်တယ်လို့ထင်
    ပါတယ် ဒါဆိုဒီလိုတွေဖြစ်တာအတော်နည်းသွား
    မယ်ထင်ပါတယ်
    ဘ လုံးဝစဉ်းစားလို့မရတာတခုရွာထဲကအမျိုး
    ကောင်းသမီးလေးတွေကိုမေးချင်ပါတယ်
    သိတဲ့သူဖြေပေးပါကွယ်
    အခုခေတ်မိန်းကလေးတွေဘာဖြစ်လို့
    ကိုယ်တသက်လုံးလက်တွဲမယ့်လူကိုဘာမှမသိပဲ
    ကြိုက်လိုက်ကြတာ ကိုယ့်ဘဝပါပေးလိုက်ကြတာ
    သိချင်ပါတယ်
    ဒီလူမှကိုယ့်ကိုမယူရင်တသက်လုံးအပျိုကြီးဖြစ်သွား
    တော့မှာလား
    ဒီလိုတွေဖြစ်တာထက်စာရင်တသက်လုံးအပျိုကြီး
    ဖြစ်လည်းဖြစ်ပစေကပိုကောင်းတယ်လို့မတွေးကြ
    ဖူးလား
    သိတဲ့သူဖြေပါကွယ်

  • PEACEMAKER

    March 24, 2011 at 6:34 am

    ညီမလေးရေးတဲ့အကြောင်းအရာတွေက ဟိုးအရင်ခေတ်တွေတည်းက ရှိခဲ့တဲ့ မရိုးနိုင်တဲ့ဇတ်လမ်းတွေပါ။ အဲဒါတွေဖတ်လိုက်ရလို့ ဖတ်တဲ့သူက ထူးထူးခြားခြား ဘာမှ ရမသွားပါဘူး။ စာရေးကျင့်နေတာဆို ဆူးတို့လို(သူ့ကို တို့ကော်မန့်ပေးတာ မှတ်ထားတုန်းပဲလားမသိ) ခရီးသွားကိုယ်တွေ့အတွေ့အကြုံတွေ ရေးပါလား။ ဖတ်ရတဲ့သူအဖို့ အကျိုးတစ်ကယ်ပဲများပါတယ်။

    အင်္ဂလိပ်လိုGossip မြန်မာလိုတော့ အတင်းပေါ့နော်။ တို့နားလည်သလောက်ပြောရရင် အတင်းဆိုတာ သူတစ်ပါးရဲ့ကိုယ်ရေးကိုယ်တာ အတွင်းရေး(ကိုယ်နဲ့လုံးဝမသက်ဆိုင်တာ)တွေ၊ ကောလာဟာလ(ဟုတ်မဟုတ်သေချာမသိပဲ ဒါမှမဟုတ် ဟုတ်တာကနည်းနည်း ချဲ ့တာကများများ)တွေ ပြောဆိုရေးသားတာပဲ။ အဲ သူတစ်ပါးကို ပုတ်ခတ်ပြောဆိုရေးသားတာ ၊ သူတစ်ပါးကို ထိခိုက်စေတာဆိုရင်တော့ Scandal သွားပုပ်လေလွင့်ပြောတာ အတင်းအဖျင်းပြောတာဖြစ်သွားပြီ။

    စိတ်ဆိုးအောင်လုပ်တာမဟုတ်ပါဘူး။ ငယ်သေးတဲ့ညီမလေးအရွယ်မို့ စာရေးတာလည်း ဝါသနာပါသူလေးမို့ တို့ကို တို့ယောက်ျားသတိပေးခဲ့သလိုမျိုး ညီမလေးကို လက်တို့လက်တာပါ။ တို့ပြောခဲ့တာလေးကို နားထောင်ကြည့်ပါဦး။ “ကိုကြီးသိလား ညီမလေးသူငယ်ချင်းမရီနာလေ သူအသက်၁ရနှစ်နဲ့ ယောကျာ်းယူတာသိလား။ ကိုယ်ဝန်ရှိသွားလို့။ သူ့ကောင်လေးက မယူချင်ဘူးသိလား။ အဲ့အကောင် ိုမိုက်ရိုင်းတယ်နော်။ မရီနာကလည်း မိုက်လိုက်တာ။ ကျောင်းပြီးအောင်စောင့်တာမဟုတ်ဘူး။ သူ့အမေနဲ့အဖေကလည်း ကလေးတွေအများကြီးမွေးထားတယ်ဆိုတော့ စားအိုးကြီးတာပေါ့နော်။ ဒါနဲ့ သူ့မောင်တစ်ယောက်က အခြောက်သိလား။ မရီနာက ပညာမစုံလို့ ဒူဘိုင်းသွားအလုပ်လုပ်ရတာ။ သူ့ယောက်ျားက နောက်မိန်းမယူသွားတယ်သိလား။ ကြောက်စရာကြီးနော်။ ××××××××သိလား ××××××××သိလား×××××××××သိလား”

    တို့ယောက်ျား နားထောင်ပေးပါတယ်။ ဒါပေမဲ့ ဘာပြောတယ်သိလား။ “မိန်းမ မင်းငါ့ကို သူများကိုယ်ရေးကိုယ်တာတွေပြောပြနေတာထက် မင်းဒီနေ့ဘာတွေလုပ်ခဲ့လဲဆိုတာကိုပဲ ငါစိတ်ဝင်စားတယ်။ မင်းနေ့လယ်က ဘာဟင်းနဲ့စားလဲ။ စားလို့ကောင်းလား။ အသီးအရွက်ကော စားတယ်နော်။ မင်းမိဘအိမ်ကိုကော ဖုန်းဆက်ရဲ့လား။ လက်ထဲပိုက်ဆံဘယ်လောက်ရှိသေးလဲ။ အားနေရင် လူပိန်းကြိုက်Internet Gossip Siteတွေချည်းပဲ ဖတ်နေမဲ့အစား World Geographyတို့ Foreign Languageတို့ ဘာတို့ကို လေ့လာပါလား။ အိမ်ထဲလုပ်စရာရှိတာလည်း လုပ်ပေ့ါကွာ။ ဒါပေမဲ့ အထဲမှာချည်း ကုပ်မနေနဲ့။ အပြင်ထွက်ပြီး Museumလိုမျိုးနေရာတွေဆီ သွားပါလား။ ဒါမှမဟုတ် Gymကစားပေါ့။ သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ် မပြတ်စေနဲ့။ တစ်ခါတစ်လေ နေ့လယ်စာအတူတူစားဖို့ မင်းကစပြီး ချိန်းတာမျိုးလုပ်ပါ။×××××××××”

    ဒါနဲ့ပဲ မိတ်ဆွေတွေနဲ့ဆုံတဲ့အခါ စကားဝိုင်းထဲမှာ အရင်ကလို ဝင်မဆွေးနွေးနိုင်တာမျိုးတွေ၊ မသိလို့ နှုတ်ပိတ်နေရတာမျိုးတွေ မရှိသလောက်နည်းသွားတယ်။

  • Gong Zhu

    March 24, 2011 at 8:25 am

    မနက်ဆို မနန်းမို့ဆီမှာ Yoga ဆော့တယ် . နေ့လည်ဆို Eng , Chinese တတ်တယ် . ညနေဆို Summit မှာ Gym ဆော့တယ် . အားယားနေတာမဟုတ်ပါဘူး . ကိုယ်ကသိလို့ ဘာမှအကျိုးမထူးလည်း တစ်ခြားလူတွေအတွက် ရှိရင်ရှိနိုင်ပါတယ် . အားလုံးအတွက် အကျိုးမထူးဘူးဆိုလည်း တစ်မျိုးပေါ့ … အစ်မဆို အခု မရီနာဆိုတဲ့ နာမည်ပါသေးတယ် ။ သမီးရေးတာ ဘာနာမည်မှမပါဘူး … ချဲ့ထားတာလည်းမပါဘူး … ပုတ်ခပ်တာလည်း တစ်လုံးမှမပါဘူး … အစ်မက ယောကျာ်းရပြီးလို့လေ … ယောကျာ်းမရသေးသူတွေ အတွက်တော့ ဒီလိုတွေရှိပါလားဆိုပြီး ပိုဂရုစိုက်နိုင်တာပေါ့ … တစ်ယောက်နဲ့တစ်ယောက်ကတော့မတူဘူးပေါ့ … မကြိုက်ဘူးဆိုလည်း မရေးရုံပဲပေါ့ ကိစ်စ မရှိပါဘူး … အကြံပေးတဲ့အတွက် အစ်မကိုကျေးဇူးတင်ပါတယ် …

    • bigcat

      March 25, 2011 at 12:59 am

      ကုန်းကျူလေးက ဆန်းမစ်မှာ gym ဆော့တယ်ဆိုတော့ ကိုကြောင်ကြီးနဲ့ အတူတူပဲပေါ့။ ကိုကြောင်လည်း မနက်ဆိုရင် ဂျင်တပက်သောက်တယ်၊ နေ့လည်မှာ လမ်းထဲကခလေးတွေနဲ့ ဂျင်ပေါက်တယ်၊ ညနေကျတော့ ဆန်းမစ်မှာဂျင်ဆော့ပြီး ညကျရင်ကာဆီနိုမှာ ဂျင်ကစားတယ်။ ဆန်းမစ်မှာ ကိုကြောင်ကြီးကိုတွေ့ရင် ခေါ်နိုင်ပါတယ်။ ပလေကပ်ပုဆိုးဝတ်၊ ပလာတာစားပြီး ပလာယာလက်ထဲမှာကိုင်ရင်း ပလာဒိုကားနဲ့ ဂျင်လာဆော့လေ့ရှိတဲ့ ဗလတောင့်တောင့် ရုပ်ချောချော အကိုလေးတယောက်လို့ပြောရင် ကုန်းကျူလေး သိလောက်ပါပြီ။ (မျက်စိမမှုန်ရင်ပေါ့လေ)။ ကိုကြောင်လည်း ကုန်းကျူပုံကို သီလရှင်ဝတ်နဲ့ မြင်ဖူးပေမဲ့ ဆန်းမစ်ဂျင်မှာ ကိုကြောင်နဲ့သိတဲ့ ကောင်မလေးတွေများလွန်းလို့ တဦးထဲရွေးနှုတ်ဆက်ဖို့ မသင့်တော်ဘူးလေ။
      ကိုကြောင်က
      ဟိုကောင်လို
      မိန်းမမြင်တိုင်း
      ခွန်ခွန်ဆိုပြီး
      ငမ်းငမ်းတက်
      ဖြစ်နေတဲ့
      စစ်သားမျိုး
      ဟုတ်ဖူးလေ…..

  • PEACEMAKER

    March 24, 2011 at 9:46 am

    ညီမလေးအကြောင်းသိရတဲ့အတွက် ကျေးဇူးပါ။ အဲဒါတွေဖတ်ရတာ ပိုပြီးဆွဲဆောင်မှုရှိတယ်။ ယောဂအကြောင်း သေချာမသိလို့ အဲဒီအတွေ့အကြုံလေးများ ဝေမျှရင် သိပ်ကောင်းမှာပဲ။တရုတ်စာလေ့လာနေတယ်ဆိုတော့ တရုတ်လူမျိုးတွေရဲ့သဘာဝ၊ ယဉ်ကျေးမှုစတာတွေလည်း သိချင်ပါသေးတယ်။ တီဗွီက တရုတ်ဇတ်လမ်းတွဲတွေလာနေပေမဲ့ တစ်ကယ့်တရုတ်ပုံရိပ်အစစ်ကို သိချင်တာ။ P.S မရီနာဆိုတာ နာမည်ရင်း မဟုတ်ပါဘူး။

  • PEACEMAKER

    March 24, 2011 at 10:28 am

    P.S သူများဝေဖန်လို့ ညီမလေးရေးချင်တဲ့အကြောင်းတွေ မရေးတော့ဘူးလို့ အဲလိုစိတ်မထားပါနဲ့။ အစ်မက ဘာမှမ မဟုတ်တာ။ ကိုယ်ရေးချင်တာ ရေးသင့်တယ်၊ သင့်တော်တယ်လို့ထင်ရင် ရေးရဲတာကောင်းပါတယ်။ သူများကြောင့် ကိုယ့်စိတ်အလွယ်တကူ ယိမ်းယိုင်သွားတာမျိုး မဖြစ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တိုးဖို့ပါပဲ။ ရေးပြီးသွားရင်တော့ အဝေဖန်ခံနိုင်ရမှာပေါ့နော်။

  • PEACEMAKER

    March 24, 2011 at 10:30 am

    P.S သူများဝေဖန်လို့ ညီမလေးရေးချင်တဲ့အကြောင်းတွေ မရေးတော့ဘူးလို့ အဲလိုစိတ်မထားပါနဲ့။ အစ်မက ဘာမှမ မဟုတ်တာ။ ကိုယ်ရေးချင်တာ ရေးသင့်တယ်၊ သင့်တော်တယ်လို့ထင်ရင် ရေးရဲတာကောင်းပါတယ်။ သူများကြောင့် ကိုယ့်စိတ်အလွယ်တကူ ယိမ်းယိုင်သွားတာမျိုးမဖြစ်ပဲ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် တိုးဖို့ပါပဲ။ ရေးပြီးသွားရင်တော့ အဝေဖန်ခံနိုင်ရမှာပေါ့နော်။

  • Gong Zhu

    March 25, 2011 at 6:59 am

    ညနေကျလို့အားရင် ယောဂကျင့်စဉ်အကြောင်း အစ်မကိုပြောပြပါ့မယ် … အစ်မက အခြေခံရှိလား … ကိုကြောင်ကြီး … အဲ့လို ပုံရိပ်မျိုးတွေ့ဖူးတယ် .. အသားမဲမဲ ဗိုက်ရွှဲရွှဲရွှဲ နဲ့မလား … 😛

  • PEACEMAKER

    March 25, 2011 at 7:15 am

    ကိုယ်တိုင်ကျင့်ဖူးတဲ့အခြေခံတော့ မရှိသေးဘူး။ ကြားဖူးနားဝအခြေခံတော့ရှိတယ်။ Gymမှာ အဲဒီပရိုဂရမ်ရှိပေမဲ့ ညနေပိုင်းလဲဖြစ် Singleလည်းမဟုတ်တော့ ရုံးဆင်းချိန် အိမ်မှာရှိရလို့လေ။ ပို့စ်တင်ပါလား ညီမလေး။ အမှန်က ယောဂအကြောင်းသီးသန့်ဖတ်ချင်ရင် ဝက်ဆိုဒ်မှာရှာကြည့်ရင် ရတာပဲ။ အဲဒါထက် ကိုယ်တွေ့အတွေ့အကြုံတွေကို ဗဟုသုတနဲ့တွဲပြီး ဖတ်ချင်နေတာ။ ဦးကြောင်ကြီးတို့လို ဟာသလေးတွေ စွက်ထားရင် အကြိုက်ပေါ့။

Leave a Reply