Who? What? Where? When? Why? How?

kaiSeptember 11, 20084min6927206

  • Who? Who was involved?
  • What? What happened (what’s the story)?
  • Where? Where did it take place?
  • When? When did it take place?
  • Why? Why did it happen?
  • How? How did it happen?

မြန်မာပြည်က ဘလော့ဂ် ရေးသူတွေ ကိုယ့်ဘလော့ဂ်နဲ့ ဖိုရမ်စတာတွေမှာ တင်သလို ဒီမှာ စာတပုဒ်လာတင်ရင် ပွိုင့် (၄၀၀) ရမှာဖြစ်ပါတယ်။
(အခြားနိုင်ငံနေသူများအတွက် ပွိုင့်အား ငွေသားအဖြစ် လဲလှယ်လွဲပေးမည်မဟုတ်ပါ၊အခုအစီအစဉ်ဟာ မြန်မာပြည်တွင်းနေသူများအတွက်သာဖြစ်ပါတယ်။ )
စာတပုဒ်ဟာ စာလုံးရေ အနည်းဆုံး (၃၀၀၀)* ရှိရမှာဖြစ်ပါတယ်။စာလုံးရေကလည်း အလိုအလျှောက်တွက်ပါလိမ့်မယ်။ (စာရိုက်နေတဲ့နေရာရဲ့ ဘယ်ဖက်အောက်ကိုကြည့်ပါ)
ကိုယ်ရမဲ့ ပွိုင့်တွေက ဝက်ဘ်ဆိုက်ပထမစာမျက်နှာရဲ့ ဘယ်ဖက်ဒုတိယကော်လံမှာ ပေါ်နေပါလိမ့်မယ်။
ဝင်ငွေရဖို့အတွက် ပထမဆုံးဒီဝက်ဘ်ဆိုက်မှာ Register လုပ်ရမှာဖြစ်ပြီး သာမန် Blogspots.com, WordPress.com မှာစာတွေတင်သလို တင်သွားကြရမှာပါ။ Register လုပ်ခြင်းအတွက် သီးသန့် ပွိုင့် (၅၅၅)ထပ်ရဦးမှာဖြစ်ပါတယ်။

ဒီတော့ ပထမဆုံး မှတ်ပုံတင်ပြီး ရေးနေကျအတိုင်း ကိုယ့်ဘလော့ဂ်မှာ ချက်ချင်းမရေးသေးပဲ ဒီမှာ အရင်လာရေးတင်ရင် ပွိုင့်(၈၅၅)ရမှာပါ။
မှတ်ပုံတင်ထားတဲ့ သူအနေနဲ ့Comment တွေလိုက်ရေးပြီး ပွိုင့်တွေရနိုင်ပါသေးတယ်၊ Commentတခုအတွက် ပွိုင့်(၅၀) ရပါမယ်။ကျပ် ၅ဝ ဆိုပါတော့။
အဓိပါယ်မရှိတဲ့ ဟုတ်ကဲ့တို ့။ ကျေးဇူးပါတို့၊ ထောက်ခံပါတယ်တို့တော့ တင်လို့မရပါ။တင်ထားပါရင် အချိန်မရွေးစိစစ်ပြီး ပြန်နှုတ်ပစ်မှာဖြစ်ပါတယ်။ ရေးတဲ့အခါမှာ ကိုယ်ရဲ့ သဘောထားကို ပေါ်လွင်အောင်ရေးပေးရမှာဖြစ်ပါတယ်။

နေ့စဉ် မိမိအကောင့်ကို Loginတခါလုပ်ရင် (၁၀)ပွိုင့်ရမှာလည်းဖြစ်ပါတယ်။

တခြား လိုက်နာရမယ့် အသေးစိတ်တွေကို အောက်မှာချရေးပေးသွားပါမယ်။

အခု ပွိုင့်တွေဟာ ဒီဝက်ဘ်ဆိုက် စဖွင့်လှစ်တဲ့ ကာလ တခုအတွက်သာဖြစ်ပြိး အချိန်မရွေး ပြောင်းသွားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ငွေပမာဏတခုအပေါ်မူတည်ပြီး မှတ်ပုံတင်လာသူအရည်အတွက်နဲ့ ချိန်ဆရမှာမို ့ပါ။ ဒါပေမဲ့ စာရေးကောင်းသူတွေအတွက်တော့ တိုးလို ့သာ တက်လာစရာအကြောင်းရှိပါတယ်၊ မြန်မာပြည်တွင်းနေထိုင်သူတွေ အင်တာနက်တခွင် လိုက်သွားစီးမြောနေပြီး ဘလော့ဂ်တွေ အချိန်ကုန်ခံရေး၊ Facebook မှာ စာတွေတင်နေတာထက်စာရင် အကျိုးရှိပြီး ငွေကြေးရနိုင်တဲ့ စံနစ်တခု အကောင်အထည်ဖေါ်ကြည့်တာဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် သတင်းနဲ့စာပေ၊ ရသ၊ တွေရဲ့ အရည်အသွေး၊ တာဝန်ယူရဲမှု တို ့တိုးတက်လာကြစေဖို ့လည်းရည်ရွယ်ပါတယ်။
သတင်းတွေမှာ ဓါတ်ပုံထည့်ပေးရင်တော့ အတိုင်းထက်အလွန် ဖြစ်ပြီး ပုံနှိပ်စာမျက်နှာမှာ ရွေးချယ်ခံရဖို ့ရာခိုင်နှုန်းများပါလိမ့်မယ်။
ဒါပေမဲ့ အခုလို လာရောက်စာရေးမဲ့သူများအနေနဲ့ သတင်းသမားတယောက်နဲ့၊ ရသစာပေးရေးသူတယောက်(စာရေးဆရာ) တို့ရဲ့ အခြေခံအခွင့်အရေး၊ ရပိုင်ခွင့်နဲ့ စာနယ်ဇင်းသဘောတရားတွေ ကြေညက်နားလည်ပြီး ဖြစ်စေချင်ပါတယ်။
သူတပါးရဲ့ စာမူကို ကူးယူတင်တာမျိုး ၊သူတပါးဓါတ်ပုံကို ယူသုံးတာမျိုး၊ တခြားတနေရာမှာ ဖေါ်ပြပြီးသားကို ပြန်တင်တာမျိုး စသဖြင့် မလုပ်ကြဖို ့ပါ။
အင်္ဂလိပ်လို တိုက်ရိုက်ကူးတင်တာမျိုးကိုလည်း တားမြစ်ပါတယ်။ ကိုးကားတယ်ဆိုယင် ကိုးကားတဲ့ သတင်းလင့်ခ်တော့ အပြည့်အစုံအောက်ဆုံးမှတ်ချက်မှာ ဖေါ်ပြပေးစေလိုပါတယ်။

မလွဲမရှောင်သာ သူများစာကိုကူးတင်ဖြစ်တယ်ဆိုရင်လည်း အောက်မှာ “မှတ်ချက်။   ။ ..” ဆိုပြီး ရေးပေးစေချင်ပါတယ်။ မူပိုင်ခွင့်တွေကို လေးစားကြစေချင်ပါတယ်။
တကယ်လို့ မူရင်းပိုင်ရှင်က မိမိစာ၊သတင်း၊ ဓါတ်ပုံ ကူးယူထားပါကြောင်းတိုင်ကြားလာရင် ရရှိပြီးတဲ့ ပွိုင့်များ ပြန်နှုတ်ခံရမှာဖြစ်ပါတယ်။
သတင်းရယူလာတဲ့ အခြေအမြစ်က ကိုယ်ပိုင်မဟုတ်ရင် ဘယ်နေရာကရတယ်ဆိုတာ (ခွင့်ပြုချက်ရယူပြီး)ရေးထားပေးစေချင်ပါတယ်။ ဓါတ်ပုံတင်တာမှာ ကိုယ်တိုင်ရိုက်တာမဟုတ်ရင် ဓါတ်ပုံဆရာ အမည်ရေးပေးရမှာဖြစ်ပါတယ်။ အဲဒါတွေအပေါ်တည်မှီပြီး သုံးသတ်တာတွေ။ ဆွေးနွေးငြင်းခုံတာတွေလုပ်နိုင်ပါတယ်။ ကွန်မန်င့် နေရာမှာ ရေးပြီးဆွေးနွေး၊ ငြင်းခုန် လုပ်ကြစေချင်ပါတယ်။ ကွန်မင်န့်အတွက်လည်း သီးသန့် ပွိုင့်တွေပေးထားပါတယ်။ ပွိုင့်ယူပြိး ရေးနေတာမှာ ပုဂိုလ်ရေးထိခိုက်မှုကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုပါ။ သူတပါးကို တိုက်ခိုက်ဖို ့အတွက် မိမိက ငွေရတာမျိုးက အဓီပါယ်လည်းမရှိပါ။ သတိပေးခံရမှာဖြစ်ပြီး ၃ကြိမ်သတိပေးခံရပြီးရင် မန်င်ဘာ( စာရေးဆရာ) အဖြစ်က ဖျက်သိမ်းခံရပါမယ်။
Categories ဆိုင်ရာ တွေမှာ ရွေးချယ်တင်စေလိုပါတယ်။ တခုထက်ပိုပြီး ချက်ခ်မတ် လုပ်လို ့ရပါတယ်။ ဒါမှ ဖတ်သူပိုများပြီး စိတ်ဝင်စားမှုစကေးလ်သိနိုင်မှာမို ့ပါ။
တဂ် (Tag)ကိုလည်း လိုရာစာသားကို ဖြည့်ပေးစေလိုပါတယ်။ ဒါမှ တခြား ရာဟူးတို ့ဂိုဂယ်တို့(Search Engine)ကနေ သိနိုင်ရှာနိုင်မှာမို ့ပါ။
Star Rating စံနစ်ရှိတာမို ့အဲဒီစံနစ်မှာ အမှတ်များများရသူတွေကို ဆုပေးစံနစ် ထားဖို့ရှိပါတယ်။ ဆုကြေးငွေ ထိုက်ထိုက်တန်တန်ဖြစ်မှာပါ။ ဆုကြေးငွေဟာ အဲဒီ (Stars)ကြယ်တွေအပါအဝင် ဖတ်သူအရေအတွက်(Counts)ပေါ်မူတည်ပြီး အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

အခု စံနစ်တွေရဲ့ ကုန်ကျမှုတွေကို အမေရိကန်ပြည်ထောင်စု အခြေစိုက် လစဉ်ထုတ်သတင်းစာဖြစ်တဲ့ မန္တလေးဂေဇက်က ကျခံတာပါ။
လွတ်လပ်တဲ့ လူထုသတင်းစာဖြစ်ပြီး နိုင်ငံရေးအတွက်မဟုတ်ပဲ လူအများစုနဲ့ အမိမြန်မာပြည်ပြင်ပနေ မြန်မာကွန်မြူနတီအတွက် ပုံနှိပ်ထုတ်ဝေဖြန့်ချိနေတဲ့ သတင်းစာပါ။
အခုဆို ထုတ်ဝေခဲ့တာ လေးနှစ်ထဲရောက်နေပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအစိုးရအသိအမှတ်ပြု သတင်းမီဒီယာတခုဖြစ်ပါတယ်။ ဖယ်ဒရယ်အစိုးရကိုယ်တိုင် ကြော်ငြာခပေးပြီး ကြော်ငြာနဲ့သတင်းတွေ ပုံနှိပ်သတင်းစာမှာ လာထည့်နေတာ တွေ့ကြမှာပါ။

သတင်းဆောင်းပါးရေးဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆိုင်ရာ အင်္ဂလိပ်လိုရေးထားတဲ့ နေ့စဉ်၊ လစဉ်သတင်းတွေကို လေ့လာပြီး (သတင်းရယူရာ အခြေအမြစ်) နဲ့တကွ ခြုံငုံစဉ်းစား ချရေးတာမျိုးကို ခွင့်ပြုပါတယ်။ သတင်းဆောင်းပါးကို (အထူးသဖြင့်)အလိုရှိပါတယ်။
ဥပမာ။  ။ မြန်မာပြည်က ကလေးလူငယ်များ ဆေးလိပ်သောက်ခြင်းအကြောင်းမျိုးကို ကလေးတွေအင်တာဗျူးနဲ့တကွ ဓါတ်ပုံနဲ့ဖေါ်ပြပေးမယ်ဆိုရင် သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရမှာဖြစ်ပြီး ပွိုင့် ၂~၃သောင်း၊ ဒေါ်လာ ၂၀​~၃ဝ ရမှာဖြစ်ပါတယ်။

သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရရင် စာရေးသူဟာ ကိုယ့်ရဲ့ ပေါ့ဖိုလီယို(လက်တွေ့လုပ်ဆောင်မှု ကိုယ်ရေးမှတ်တန်း)မှာ တရားဝင် ထည့်ရေးလို့ရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကျောင်း(တက္ကသိုလ်တွေ)၊ အန်ဂျီအိုတွေနဲ့ ယူအက်စ်အစိုးရကခေါ်တဲ့ ပညာတော်သင်တို ့၊ အစည်းအဝေးတို ့၊ဆင်မနာတို့မှာ တင်တဲ့အခါ ထိထိရောက်ရောက် ကိုးကားအသုံးပြုနိုင်ပါလိမ့်မယ်။ အဲဒီအတွက် ထောက်ခံချက်လည်း မန္တလေးဂေဇက်က တရားဝင်ထုတ်ပေးပါမယ်။ စာနယ်ဇင်းသမားတွေကို အမေရိကန်ပြည်ထောင်စုက နှစ်စဉ် ခေါ်ယူလေ့ရှိပါတယ်။

ရသစာပေဖြစ်တဲ့ ဝတ္ထု၊ကဗျာ၊ပျို့လင်္ကာ တွေလည်း ရေးနိုင်ပါတယ်။ ဆိုင်ရာ Category မှာတင်နိုင်ကြပါတယ်။ သတင်းစာမှာတော့ ထည့်သွင်းဖေါ်ပြခံရဖို့ အခွင့်အလန်းတော့ နည်းမှာပါ။ လစဉ်ပုံနှိပ်သတင်းစာဟာ သတင်းကိုသာ ဦးစားပေးထားပါတယ်။

အခုလောလောဆယ်တိုက်တွန်းချင်တာက  ပွိုင့်တွေလိုချင်ရင် မြန်မြန်သာ Register လုပ်ထားလိုက်ကြပါလို ့ပါပဲ..။ ဘာဖြစ်လာမလဲ နောင်တနှစ်လောက် ရေးရင်းနဲ့ စောင့်ကြည့်ကြပါ။

ဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့စာတွေထဲက အယ်ဒီတာအဖွဲ ့ရဲ့ရွေးချယ်စာကို လစဉ်ထုတ် မန္တလေးဂေဇက်ရဲ့ သတင်း၊ဆောင်းပါး၊ စာမူအဖြစ်အသုံးပြုမယ်ဆိုရင်တော့ ပွိုင့်၅၀၀ဝ ကနေ ပွိုင့် ၃၀၀၀ဝ အထိ( စာအမျိုးအစားပေါ်မူတည်ပြီး) စာမူခရမှာဖြစ်ပါတယ်။
ပွိုင့်တွေကို ကျပ်ငွေနဲ့ တန်းတူသတ်မှတ်ထားပြီး ကျပ်ငွေအဖြစ်ထုတ်ယူနိုင်ပါတယ်။ တဦးတည်းမှ စုထားငွေအနည်းဆုံး ကျပ်ငွေ ၁သိန်း(ပွိုင့် ၁သိန်း) ဖြစ်ရင် ရန်ကုန်မြို ့ ပေးပို့စေချင်တဲ့ လိပ်စာဆီ ယူအက်စ်ကနေ တိုက်ရိုက် တနည်းနည်းနဲ့ (တောင်းဆိုလာရင်)ပို ့ပေးမှာဖြစ်ပါတယ်။ ပွိုင့်တွေဟာ လွှဲပြောင်းခွင့်မရှိပါ။ တဦးကတခြားတဥိးကို လွှဲပေးခွင့်လည်း မရှိပါ။ စုပေါင်းထုတ်ယူခွင့်လည်းမရှိပါ။ (ပွိုင့် ၁သိန်း)ဟာ ဒေါ်လာ ၁ရာလောက်နဲ့ ညီမျှတဲ့ ငွေဖြစ်မှာပါ။ စောင့်ပြီး ၂၀ဝ -၃၀ဝ မှထုတ်ယူလည်းရပါတယ်။ ပွိုင့်၁သိန်းမပြည့်သေးပဲ ထုတ်ယူခွင့်မရှိပါ။ အနည်းဆုံး ပွိုင့် ၁သိန်းပြည့်မှသာ ငွေကြေးအဖြစ် လည်း စတင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
ပေါက်ဈေးကို ငွေလွှဲခိုင်းတဲ့ နေ့ရဲ့ ပေါက်ဈေးနဲ့ တွက်ပေးမှာပါ။ အဲဒီငွေက အမေရိကန်ပြည်ထောင်စုက ဟွန်ဒီလွဲပေးမဲ့သူရဲ့ ပေးဈေးဖြစ်ပါမယ်။ သာမန်အားဖြင့် ရန်ကုန်ပေါက်ဈေးနဲ့ အနည်းငယ်ကွာတတ်ပါတယ်။
တခြားမြို ့တွေကနေ လွဲငွေလိုချင်ရင်တော့ ရန်ကုန်က အသိကတဆင့်သာ ယူကြစေချင်ပါတယ်။ ရန်ကုန်ကိုပဲ ငွေလွဲပေးပို ့နိုင်တာကြောင့်ပါ။ ငွေလွဲခက ငွေယူသူဖက်က ကျခံပေးရမှာဖြစ်ပါတယ်။ သာမန်အားဖြင့်ဒေါ်လာ ၁၀ဝ ကို ၃ဒေါ်လာလောက် ယူကြပါတယ်။

ဒါမှ မဟုတ် ပို့ဆောင်ခ စရိတ်တွေ ထည့်နှုတ်ပြီး အမေရိကန်ပြည်ထောင်စုက သေးငယ်ပေါ့ပါးတဲ့ အိုင်တီနဲ့ ပါတ်သက်တဲ့ပစ္စည်းတချို ့မှာယူနိုင်ပါတယ်။
သာမန်အားဖြင့် အမေရိကန်ပြည်ထောင်စုကနေ ရန်ကုန်အထိ တလကို တခါလောက် ပစ္စည်းသယ်ပေးနေသူတွေရှိပြီး တပေါင်ကို ရ ဒေါ်လာ+ယူပါတယ်။ ကတ်စတန်ဂျူတီခကို (ရန်ကုန်လေဆိပ်မှာ) တောင်းခံခံရရင် ပစ္စည်းလက်ခံမဲ့သူက ကျခံပေးရမှာဖြစ်ပါတယ်။
( www.frys.com www.bestbuy.com ) တွေမှာ ကိုယ်လိုချင်တဲ့ ပစ္စည်း(ဝယ်ယူလိုတဲ့ပစ္စည်း)ကို အီးမေးလ်ကနေ  အမည်အတိအကျရေးပြီး ပို ့ပေးစေလိုပါတယ်။ အမြတ်ခွန်တွေ၊ ပို ့ခတွေအားလုံး မှာသူဖက်က ပေးရမှာဖြစ်ပါတယ်။ မထင်ရှားတဲ့ နာမယ်မကြီးတဲ့ အခြားဝက်ဆိုက်တွေက ဝယ်ပေးမည်မဟုတ်ပါ။ ခရက်ဒစ်ကဒ်နဲ့ ဝယ်ပေးမှာဖြစ်တာကြောင့် လုံခြုံရေးစိတ်မချရလို ့ဖြစ်ပါတယ်။ အိုင်ပေါ့တို ့။ လက်ကိုင်ဖုံးတို ့၊လက်ပ်တော့တို ့ဝယ်ပေးလို့ရပါတယ်။

ဒါမှ မဟုတ် ဒေါ်လာအနေနဲ့ အလိုရှိရာနိုင်ငံမှာ (ဘဏ်အကောင့်ပေးရင်)ထုတ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် PayPal အကောင့်ရှိရင် လွှဲပေးမှာဖြစ်ပါတယ်။ ငွေလွဲခကို ငွေယူသူဖက်က ကျခံရပါမယ်။
ဒိုမိန်းဖိုး ၊ Hosting ဖိုး၊ Rapidshare ဖိုး။ ကျောင်းဖေါင်ဖိုး စတာတွေကို အဲဒီရတဲ့ ငွေကတဆင့် ပေးရှင်းခိုင်းရင်လည်း မိမိဝင်ငွေကနှုတ်ယူပြီး မန္တလေးဂေဇက်ကပေးချေပေးမှာဖြစ်ပါတယ်။
ကာစီနို။ ဘောလုံး စတဲ့လောင်းကစားဝက်ဘ်ဆိုက်များအတွက်တော့ ငွေရှင်းပေးမှာမဟုတ်ပါ။
အသေးစိတ်ကို သီးသန့် အီးမေးလ်ပို့ ညှိနှိုင်းမှာဖြစ်ပါတယ်။ ကိုယ့်ငွေတွေအတွက် စိတ်ချရသော နိုင်ငံခြားငွေ သိမ်းဆည်းရာနေရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ မိမိကိုယ်တိုင် မြန်မာပြည်အပြင်ထွက်လာဖြစ်ရင် အချိန်မရွေးထုတ်ယူလို ့ရပါတယ်။

မန္တလေးဂေဇက်အကြောင်း နည်းနည်းလေးတော့ ထပ်ပြောထားပါမယ်။
အမေရိကန်ပြည်ထောင်စု ၊လော့စ်အိန်ဂျလိစ်အခြေစိုက် လစဉ်ထုတ် ပုံနှိပ်သတင်းစာ ဖြစ်ပြီး သတင်းလောကနဲ့ မီဒီယာလောကမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ သက်တန်း ၄နှစ်ရောက်နေပြီဖြစ်တဲ့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့သတင်းစာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖယ်ဒရယ်ဗျူရိုတွေအပါအဝင် သန်းခေါင်စာရင်းဌာနတို ့ရဲ့ တရားဝင် ကြော်ငြာများလည်း ထည့်ပြီး ဆက်စပ်ဆောင်ရွက်နေတဲ့ သတင်းစာဖြစ်ပါတယ်။
ဘယ်အဖွဲ ့အစည်း၊ အသင်းအဖွဲ ့၊ အစိုးရ၊ ပါတီ၊ လူပုဂ္ဂိုလ်တို့ရဲ့ ထောက်ပံ့ငွေနဲ့မှ မတည်လုပ်ကိုင်နေတဲ့ သတင်းစာမဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင်ကြော်ငြာနဲ့ရပ်တည်တဲ့ အခမဲ့ ဖြန့်ဝေသော သတင်းစာဖြစ်ပါတယ်။ စောင်ရေ လစဉ် ၁သောင်း၂ထောင် ထုတ်ဝေပါတယ်။
သတင်းစာရဲ့ ကျင့်ဝတ်၊ မီဒီယာစည်းကမ်းများနဲ့ အမေရိကန်ပြည်ထောင်စုရဲ့  ဥပဒေများကို လေးလေးစားစားလိုက်နာပြီး ထုတ်ဝေနေတာဖြစ်ကြောင်း အသိပေးလိုပါတယ်။ ပိုသိချင်ရင်တော့ ဂိုဂယ်(Google)လိုက်ရင်ပါတယ်။ မူပိုင်ခွင့်ကို အလေးထားပြီး တဦးနဲ့တဦး ပုဂ္ဂိုလ်ရေးဦးတည်တိုက်ခိုက်တဲ့ စာတွေကိုလည်း( မူအရ )ဆန့်ကျင်ပါတယ်။

*ဒီဝက်ဘ်ဆိုက်မှာ ရှိနေတဲ့ လိပ်စာတွေ။ အီးမေလ်းတွေ ကိုယ်ရေးအချက်အလက်တွေကို မည်သည့်နေရာ၊ မည်သူ့ကိုမှ လွဲပြောင်းပေးအပ်မှာမဟုတ်ပါ။
လူတဦးချင်းစီရဲ့ အခွင့်အရေးနဲ့ ပရိုက်ဗေစီကို လေးစားစွာလိုက်နာပါတယ်။ မီဒီယာကျင့်ဝတ်နဲ့အညီ လျှို့ဝှက်ပါတယ်။

*အယ်ဒီတာအဖွဲ ့ဟာ တင်ထားတဲ့စာတွေကို လိုအပ်ရင်ဖြတ်တောက်စိစစ်မျာဖြစ်ပြီး မန်င်ဘာ(စာရေးဆရာ)အဖြစ်ကလည်း မည်သူကိုမဆိုအချိန်မရွေးရပ်စဲနိုင်ခွင့်ရှိပါတယ်။

( ဒီဇင်ဘာ ၄ ရက် ၂၀၀၉ )မှာ ထပ်ပြီး ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။) မရှင်းတာရှိရင် Comment ကနေ မေးနိုင်ပါတယ်။ အားလုံးသိရအောင် ဖြေပေးပါမယ်။

*(မတ်လ ၃ဝ ၂၀၁၀) မှာ ထပ်ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။

* (ဂျွန်လ ၁၅ ၂၀၁၀) ထပ်ဖြည့်ပြင်- စာလုံးရေ အနည်းဆုံး ၃၀၀ဝ ရှိရပါမယ် ဆိုတာကို အနီရောင်ပြောင်းလိုက်ပါတယ်။ ဒီနေ့ကစပြီးမပြည့်တဲ့သူတွေကို ပွိုင့်ပြန်နှုတ်ပါမယ်။ ချွင်းချက်အနေနဲ့ ပုံပါသူတွေကိုတော့ ပွိုင့်မနှုတ်ပါ။

**(ဂျူလိုင် ၁၉ ၂၀၁၀)ဖြည်စွက်

တင်တဲ့ပို့စ်များအတွက် ငွေပေးစံနစ်ကို အဆင့် ၃ဆင့် သတ်မှတ်လိုက်ပါတယ်။
ပထမအဆင့်က “မတူသောအတွေးနှင့်ကိုယ်ပိုင်စာ ချရေးသူ”များဖြစ်ပြီး အဲဒီစာမူမျိုးတင်သူတွေကို ပို့စ်တခုအတွက် ပွိုင့်၅၀၀ ပေးပါမယ်။ ကိုယ်တိုင်လိုက်ရထားတဲ့သတင်း၊ ဆောင်းပါး၊ စာမူ၊ ဝတ္တု၊ ဓါတ်ပုံ၊ ဆောင်းပါး၊အားလုံးအကြုံးဝင်ပါတယ်။ အယ်ဒီတာမှ စာမူကိုစိစစ်ရွေးချယ်ပြီးနောက်မှ ပွိုင့်ကို ပုံမှန် ၂၀ဝ အလိုအလျှောက်ရတာကနေ ပွိုင့်၅၀ဝပြည့်အောင်တိုးပေးသွားမှာဖြစ်ပါတယ်။

ဒုတိယအဆင့်က မူလ Source ကို ခရက်ဒစ်ပေးပြီး ဖော်ပြပေးတဲ့စာမူ၊ နောက်…မူလ Source တော့မသိဘူး ဒါပေမယ့် ကြိုက်လွန်းလို ့အီးမေးလ်ကရလို ့ လက်ဆင့်ကမ်းလိုက်တဲ့စာ ဆိုပြီး ရိုးရိုးသားသား ဝန်ခံတဲ့စာမူေတွအတွက်ဖြစ်ပါတယ်။ အဲဒီပို့စ်ကို ပွိုင့် ၂၀ဝ ပေးပါမယ်။ အထူးသတိပြုစေလိုတာကတော့မြန်မာပြည်ပြင်ပ(မြန်မာ)မီဒီယာဌာနတွေက စာမူတွေ၊ သတင်းဆောင်းပါးတွေတင်ခွင့်မရှိတော့ပါဘူး။ အဲဒီစာတွေကို ဆိုင်ရာသတင်းဌာနဝက်ဘ်ဆိုက်သွားပြီး အလွယ်တကူဖတ်နိုင်ကြလို့ဖြစ်ပါတယ်။ အဲဒီလိုသတင်းတွေချည်း မှတ်ချက်တို-ကောက်နှုတ်ထားတဲ့ ဝက်ဘ်ဆိုက်တခု လည်းမကြာခင်လုပ်ဖို့ရှိပါတယ်။ Twitter လိုမျိုးဝက်ဘ်ဆိုက်ပါ။ နောင်ကို အဲဒီမှာ တင်နိုင်ကြပါလိမ့်မယ်။

တတိယအဆင့်ကတော့ ကိုယ်တိုင်ရေးလည်းမဟုတ်၊ ယူတဲ့နေရာကိုလည်းမဖေါ်ပြပဲ ရိုးသားမှုမရှိပဲ တင်တဲ့စာမျိုးပါ။ အဲဒါကို သက်သေအထောက်အထားနဲ ့တကွ တွေ ့ရှိခဲ့ရင်  ရရှိထားတဲ့ ပွိုင့်တွေ ပြန်နှုတ်မှာဖြစ်ပါတယ်။

အထက်ပါ အဆင့်များအပြင် အထူးသတ်မှတ်ထားတဲ့ မန်င်ဘာများရှိနေပြီး အဲဒီသူတွေကတော့ အပေါ်မှပွိုင့်များနှင့်မဆိုင်ပဲ ရေးတင်နိုင်ပါတယ်။

သတင်းတွေတင်ရာမှာ စာမူတွေရေးရာမှာ စာဖတ်သူတွေရဲ့ မှတ်ချက်က အင်မတန်အရေးကြီးတာကို သိကြမှာပါ။ အဲဒါကြောင့် စာဖတ်သူတွေအနေနဲ့ စာဖတ်ပြီးရင် အမှတ်ပေးစံနစ်နဲ့ အမှတ်ပေးသွားတာမျိုုး မဖြစ်မနေလုပ်ကြစေချင်ပါတယ်။ ဒါမှလည်း စာတင်သူတွေ အားရှိမှာဖြစ်ပြီး တတ်နိုင်ကြပါရင် မှတ်ချက်( Comment)ရေးကြစေလိုပါတယ်။ အဲဒါကြောင့် မှတ်ချက်(Comment)တခုရေးရင် ပေးထားတဲ့ပွိုင့်ကို ၅ဝ ကနေ ၆ဝ ကိုတိုးပေးလိုက်ပါကြောင်းလည်း အသိပေးပါရစေ။

၂ဝရက်ဇူလိုင် ၂၀၁ဝ မှစပြီး အပေါ်ကအမှတ်ပေးစံနစ်သစ်က အကျိုးသက်ရောက်မှာဖြစ်ပါတယ်။

**(ဩဂုတ် ၂၆ ၂၀၁၀)ဖြည်စွက်

မန္တလေးဂေဇက်ဝက်ဆိုက်ကို တည်ထောင်ထားတာဟာ အကျိုးအမြတ်အတွက်မဟုတ်ပဲ မြန်မာပြည်တွင်းနေတဲ့သူတွေ တန်ဖိုးရှိတဲ့ စာရေးအလေ့အကျင့်ရစေရန်နဲ့ ပြည်ပနေသူမြန်မာများနဲ့ အတွေ့အကြုံဗဟုသုတ ပေါင်းကူးဖလှယ်ကြနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ယနေ့အထိ မင်န်ဘာအများစုဟာ အခြားနေရာများကစာတွေ၊ သတင်းတွေကို မျှဝေ၊ ကူးတင်နေသူတွေဖြစ်ကြတာကို တွေ့ရပါတယ်။
အဲဒါကြောင့် သက်မှတ်ထားတဲ့စည်းကမ်းနဲ့အညီသာ တင်ထားတဲ့ပို့စ်တွေကို ပွိုင့်ဖြတ်ချရရင် ကျန်မှာ မဟုတ်တာကိုလည်း သတိထားမိကြပါလိမ့်မယ်။
ဒါကြောင့် ရှိတဲ့ပွိုင့်တွေကို ဖြတ်ချမဲ့အစား အဆင်ပြေအောင် နောင်ပေးမဲ့ ပွိုင့်ပေးစံနစ်ကို အောက်ပါအတိုင်းပြင်ဆင်လိုက်ပါတယ်။

Number of points for each comment:        10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post:     100 (ပို့စ်တခုအတွက် ၁၀ဝ ပွိုင့်)
Number of points new members get for registering:  400  ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 4ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၄ဝ ပွိုင့်)

  • စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို အထူးသတိပြုကြစေလိုပါတယ်။
  • အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၁၀၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီး ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
  • ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင် တပုဒ်် ပွိုင့် ၁၀၀ဝ ပေးပါမယ်။ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် နောက်ထပ် ပွိုင့် ၁၀၀ဝ ပေါင်းပေးပါမယ်။
  • မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး  ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
  • ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
  • ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
  • နိုင်ငံတွေအလိုက် ဆိုင်ရာဒေသက မြန်မာလှုပ်ရှားမှုသတင်း အများဖတ်နိုင်အောင် တင်ပေးမဲ့ မြန်မာပြည်ပြင်ပနေသူမင်န်ဘာတွေအတွက်ဖြစ်ပါတယ်။ အဲဒီသူတွေဟာ ကိုယ့်အယူအဆအတွေးအခေါ်မပါတဲ့ ဓါတ်ပုံပါသတင်း( News) တမျိုးတည်းသာတင်ခွင့်ရှိမှာဖြစ်ပြီး တင်တဲ့သတင်းအတွက် တခု ပွိုင့် ၁၂၀ဝ ပေးမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ကရမဲ့ အဲဒီပွိုင့်တွေကို စုဆောင်းထားပြီး တနှစ်တခါ မြန်မာပြည်တွင်းက (ဘာသာရေးနဲ့မသက်ဆိုင်တဲ့ )အသင်းအဖွဲ ့(သို့)နေရာတနေရာ ဒါမှမဟုတ် ပညာတော်သင်ဆု..ဒါမှမဟုတ်..တခုခု…ကို (အများဆန္ဒကောက်ခံပြီး) အားလုံးကိုယ်စား ငွေသားအနေနဲ့ လှူဒါန်းပေးမှာဖြစ်ပါတယ်။
    ပြည်ပရောက်မြန်မာများအနေနဲ့ မိမိတို့လုပ်အားက ရတဲ့ သတင်းကို လှူဒါန်းတာလို့ မှတ်ယူစေလိုပါတယ်။ အဲဒီအလှူမှာပါလိုသူများဟာ စာရင်းကြိုပေးစေလိုပါတယ်။
  • စည်းကမ်းများမှာ ပွိုင့်နဲ့ပါတ်သက်တဲ့ ကိစ္စတွေပဲ အပြောင်းအလဲရှိသွားတာဖြစ်ပြိး ကျန်စည်းကမ်းများမှာ ယခင်ထုတ်ထားတဲ့အတိုင်းအတူုတူပင်ဖြစ်ပါတယ်
  • မန္တလေးဂေဇက်မှာပုံနှိပ်ဖေါ်ပြထားတဲ့ စာမူရှင်များဟာ အထူးမန်ဘာများဖြစ်ပြီး ပွိုင့်ပေးစံနစ်များမှာ ထိုသူများနှင့်မသက်ဆိုင်ပါ။
  • ယခု ပွိုင့်စံနစ်ဟာ ဒီနေ့ဩဂုတ်လ ၂၆ ရက်နေ့ကစပြိး အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ မရှင်းလင်းသည်များကို ကော်မန့်ကတဆင့်မေးမြန်းနိုင်ပါကြောင်းနဲ့ အကြံဉာဏ်များကို ကြိုဆိုပါကြောင်း..။

==

အောက်က စာကတော့ အယ်ဒီတာက ( ဩဂုတ်လ ၁၉ရက်နေ့က)ကရေးထားတာကို ဒီနေရာမှာ မန္တလေးဂေဇက်ရဲ့ အာဘော်အနေနဲ့ ထပ်မံဖေါ်ပြထားတာပါ။

Editor
August 19, 2010 at 5:52 pm

မန္တလေးဂေဇက်ဟာ အမေရိကန်ပြည်ထောင်စုမှာ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာဖြစ်ပါတယ်။ ယူအက်စ်အခြေစိုက်တာပါ။
ယုအက်စ်မှာမြန်မာပြည်ကလာပြီး အခြေချတဲ့ မြန်မာ (ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ..) တသိန်းခွဲလောက်ရှိမယ်မှန်းပါတယ်။
ဘာသာပေါင်းစုံကိုးကွယ်ကြတယ်။ ခရစ်ယန်က ဗုဒ္ဓဘာသာကိုးကွယ်သူထက် မများရင်သာနေမယ် မလျှော့လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာမွေးတဲ့ကလေး( ပထမမြန်မာ-အမေရိကန်ဂျန်နရေးရှင်း) က ခရစ်ယန်ပြောင်းကြတာများလို့ပါ။( ဘာဖြစ်လည်း။ ဘာကြောင့်လည်း တနေ့တော့ စာရေးနိုင်မယ်ထင်ပါတယ်) ။
နောက် မွတ်စလင်တွေပေါ့။ ကျုပ်တို့လော့စ်အိန်ဂျလိစ်မှာတင် မြန်မာ-မွတ်စလင် ထောင်ချီနေကြပါတယ်။ အားလုံးက မြန်မာစိတ်နဲ့ အတူယှဉ်တွဲနေထိုင်ကြတာပါ။ အစ်နေ့ဆို ဗုဒ္ဓဘာသာဝင်မြန်မာတွေ သွားစားကြသောက်ကြနဲ့။ ခရစ်ယန်တွေရဲ့ ခရစ်စမတ်အပါအဝင် ပွဲတော်နေ့လည်း မြန်မာတွေ ဘာသာတရားအစွဲနဲ့မဟုတ်ပဲ တရုံးရုံးဆိုပါတော့။ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ဘာသာစုံမြန်မာတွေလာကြ၊ စားကြသောက်ကြလှူကြနဲ့ ပျော်စရာပါ။

ပြီးခဲ့တဲ့ ၁ဝစုနှစ် ၂ခုမှာတင် မြန်မာတွေ သန်းချီပြီး မြန်မာပြည်ပြင်ပကိုထွက်ခဲ့ကြတယ်။
မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဒူဘိုင်း၊ ဘရူနိုင်း စတဲ့နိုင်ငံတွေကိုလည်း မြန်မာသောင်းသိန်းချီအလုပ်လုပ် အခြေချနေကြတာပါ။ ခရစ်ယန်နိုင်ငံတွေဖြစ်တဲ့ဥရောပမှာလည်း မြန်မာတွေ သောင်းသိန်းချီ နေနေကြပပြီ။

ပြောချင်တာက..။
မန္တလေးဂေဇက် စာဖတ်သူတွေဟာ မြန်မာတွေဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ရောက်နေတဲ့ ဘာသာစုံ၊ အသားအရောင်စုံမြန်မာတွေကို ကိုယ်စားပြုပါတယ်။
အရောင်စုံကိုယ်စားပြုတာနဲ့အညီ..ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် စတဲ့ခွဲခြားမှုမှန်သမျှ ပြင်းထန်စွာ ရှုံ့ချပါတယ်။
ဒါဟာ မန္တလေးဂေဇက်ရဲ့ ပေါ်လစီလည်းဖြစ်ပါတယ်။ မန်ဘာများတိတိကျကျ လိုက်နာစေလိုပါတယ်။ အသိစိတ်နဲ့ လိုက်နာစေလိုပါတယ်။ တခြားနိုင်ငံတွေမှာ နေထိုင်နေတဲ့ လူနည်းစု မြန်မာတွေကို ကိုယ်ချင်းစာစိတ်ထားကြစေလိုပါတယ်။ လူမျိုးရေး၊ဘာသာရေးခွဲခြားမှုအရ မြန်မာပြည်တွင်းမှာ တခုခုဖြစ်ရင် မြန်မာပြည်ပနေ (လူနည်းစု)မြန်မာလူမျိုး ညီအကိုမောင်နှမတွေ ဘယ်လိုဆက်နေထိုင်ကြရမလည်း စဉ်းစားကြည့်ကြစေလိုပါတယ်။ အရှေ ့အလယ်ပိုင်းနို်င်ငံတွေမှာ စွန့်စွန့်စားစားအလုပ်လုပ်နေကြတဲ့ မြန်မာတွေကို ငှဲ့ကြစေချင်ပါတယ်။

ထပ်ပြောရရင်..
ဒီဝက်ဘ်ဆိုက်ကို ယူအက်စ်နဲ့ ဥရောပက လာဖတ်နေသူတော်တော်များများဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ပါဘူး။
ဒါကြောင့် ဗုဒ္ဓဘာသာ စာတွေ၊ ဘုရားစာတွေ၊ ဓမ္မတွေ ဒီမှာလာမတင်ကြစေချင်ပါဘူး။ ဓမ္မာခန္ဓပေါင်း ၈၄၀၀ဝရှိပါတယ်။ ပိဋကတ်၃ပုံရှိပါတယ်။
အဲဒီစာတွေကူးတင်နေတာကို ပွိုင့်ပေးရင် ဒေါ်လာသောင်းသိန်းပေးလည်း မလောက်ပါဘူး။ ဒီဝက်ဆိုက်ဟာ တင်တဲ့စာတွေကို ပွိုင့်ပေးနေတာကို သတိပြုကြစေလိုပါတယ်။
ဘာသာရေးစာတွေဖတ်ဖို ့ဘာသာရေးဝက်ဘ်ဆိုက်တွေ ထောင်ချီရှိပါတယ်။ ဆွေးနွေးနေတဲ့ဖိုရမ်တွေရှိပါတယ်။ အဲဒီသွားကြစေလိုပါတယ်။
ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ့်အယူအဆ၊ ကိုယ်တွေ့လာတဲ့သတင်းရေးရင်း အချက်အလက်လှမ်းယူကိုးကားတာမျိုး ခွင့်ပြုနိုင်ပေမဲ့ တိုက်ရိုက်ကူးတင်နေတာဟာ ဖတ်သူတွေအတွက်လည်း အကျိုးမများစေပါဘူး။

အဓိက ဆောင်ပုဒ်ဖြစ်တဲ့ “မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ” ကိုလိုက်နာကြစေလိုပါတယ်၊
မတူသော ဆိုတာမှာ … ပုံမှန်မဟုတ်တဲ့၊ သစ်လွင်ထိုးဖေါက်တဲ့ စွန့်ဦးစွန့်စားတဲ့…
အတွေး ဆိုတာမှာ… မိမိခေါင်းထဲ၊ဦးနှောက်ထဲ ပေါ်လာသမျှတွေကို…
ကိုယ်ပိုင်စာ ခေါ်တဲ့..သူတပါးအတွေး၊အမြင်တွေ ကုူးယူဖေါ်ပြတာမျိုးမဟုတ်တဲ့ စာကိုချရေးကြစေလိုပါတယ်။
အဲဒါဆို..ဝက်ဘ်ဆိုက်ဟာ စာဖတ်လာသူတွေအတွက် အနှစ်သာရရှိ၊ တန်ဖိုးရှိမှာဖြစ်ပြီး…ရေးသူတွေကိုလည်း ပေးနေတဲ့ပွိုင့်ကို တိုးပေးသွားနိုင်ပါလိမ့်မယ်။

206 comments

  • ုkay thwe oo

    November 4, 2009 at 7:22 pm

    ကျွန်မအလွန်စိတ်ဝင်စားသဖြင့် မှတ်ပုံတင်ကြည့်ရာ အခက်အခဲတွေ ့နေရပါသည်။
    လျှို ့ဝှက်နံပါတ်ပျောက်ဆုံးသွားပါသည်။
    ကျွန်မ၏ မေးသို ့လည်း မှတ်ပုံတင်ထားသော စာဝင်မလာပါ။

  • nangnyi

    November 5, 2009 at 12:14 am

    ဒီမှာ စာတပုဒ်လာတင်ရင် ပွိုင့် (၁၀၀၀) ရမှာဖြစ်ပါတယ်။
    အဲ့ဒိ ဒီမှာဆိုတာ ဒီဝဘ်ဆိုက်ရဲ့ ဘယ်နေရာကို ဆိုလိုတာပါလဲ.. ဘယ်ခေါင်းစဉ်အောက်မှာ သွားရေးရမှာပါလဲ..

    • administrator

      November 5, 2009 at 12:39 am

      Register လုပ်ပြီး Login လုပ်လိုက်ရင် ညာဖက် In & Out menu အောက်မှာ Site Admin ဆိုတာတွေ့ပါလိမ့်မယ်။ အဲဒီကနေဝင်ပြီး ကို်ယ်ရေးမဲ့စာနဲ့ကိုက်ညီတဲ့ Category အောက်မှာ Check Mark ရွေးချယ်ရေးရမှာဖြစ်ပါတယ်။ ဥပမာ။ ။ သတင်းဆိုရင် News ကို Check လုပ်ပြီး ရေးပါ။

    • inz@ghi

      October 17, 2013 at 9:36 pm

      ဘယ်နန်းညီလဲဗျ.

      ဒတ်ဆြာ ကရောင်းသူ မနန်းညီလားးးး

      မင်ဂါပါနော

  • taylay

    November 5, 2009 at 12:18 am

    စာတွေရေးချင်ရင်ဘယ်နေရာမှာဝင်ရေးရမှာလည်းခင်ဗျ………….

  • taylay

    November 5, 2009 at 1:00 am

    စာရေးလို.ရသွားပါပြီ ကျေးဇူးတင်ပါတယ်ခင်ဗျာ……….အခြားသူတွေရေးထားတာတွေကိုဘယ်နေရာကနေသွားကြည့်ရမှာပါလဲခင်ဗျာ…….. မိမိရေးထားတာတွေကိုရော ဘယ်နေရာမှာသွားကြည့်ရမှာလည်း အခုပို.စ်တင်ထားတာကိုဘယ်နားကကြည့်ရမှာလည်း ကျေးဇူးပြုပြီးဖြေပေးပါဦးခင်ဗျာ

    • Team X

      September 9, 2010 at 8:51 am

      ဟုတ်ကဲ့ တေလေ(taylay) ခင်ဗျာ။ post တင်လို့ရသွားပြီဆိုယင် အဲဒီပို့စ်တင်တဲ့ admin panel ရဲ့ အပေါ်ဆုံးမှာ The Mandalay Gazette | Organizing for My…..ဆိုတဲ့ wordpress icon နှင့်အတူတွေရှိမယ်ထင်ပါတယ်။ အဲဒီ စာကြောင်းကို ကလင့်ခေါက်လိုက်ယင် home page ကို ရောက်သွားမှာ ဖြစ်ပြီး မီမီပို့စ်နှင့်တကွ တစ်ခြား မင်ဘာများတင်ထားသော ပို့စ်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်ပါလိမ့်မယ်။

  • wailin

    December 25, 2009 at 6:35 pm

    admin; ခင်ဗျာ
    register လုပ်လို့မရဘူးဖြစ်နေလို့ ကူညီပါအုံးဗျာ
    မှတ်ပုံတင်ပြီးတော့ login မှာပြန်ဝင်ရင် error ဖြစ်နေတယ်ခင်ဗျာ
    ဘယ်လိုလုပ်ရမယ်ဆိုတာ အကြောင်းပြန်ပေးစေလိုပါတယ်

    • administrator

      December 26, 2009 at 2:36 am

      နာမယ် ၂ခုတွေ့ပါတယ်။ wailinaung82 နဲ့ wailin ပါ။
      ပြန်ဝင်ကြည့်ပါဦး

  • kai

    February 17, 2010 at 4:53 pm

    အီလက်ထရောနစ်အက် ဘာဘာညာညာကြောက်ရတာတွေကြောင့် မြန်မာပြည်တွင်းကနေ ရေးရမှာအခက်အခဲရှိသူများအတွက်….
    ၁။ ကိုယ်ပိုင် ဂျီမေးလ်အကောင့်တခုကနေ အဆင်ပြေတဲ့နာမယ်ဝှက်တခုနဲ့ တင်နိုင်ပါတယ်။
    ၂။ အယ်ဒီတာ ( )ကို အီးမေးလ်နဲ့ပို ့ပြီး (ကိုယ်တိုင်မတင်ပဲ)တဆင့်တင်ခိုင်းနိုင်ပါတယ်။
    ၃။ ငွေကို မြန်မာပြည်ဖက်တိုက်ရိုက်လွှဲမယူပဲ ဖေါင်ဖိုး၊ ကျောင်းဝင်ကြေး၊ ဒိုမိန်းဖိုး၊ စသဖြင့် ပေးသွင်းခိုင်းနိုင်ပါတယ်။
    ၄။ မိမိရဲ့ ပရိုက်ဗေစီအရ ဒီဝက်ဘ်ဆိုက်ကို ဘာကိုယ်ရေးအချက်အလက်မှ မပေးပဲ လွတ်လပ်စွာနေနိုင်၊ရေးနိုင်ပါတယ်။

  • wunna

    March 29, 2010 at 8:01 am

    စာတပုဒ်ဟာ စာလုံးရေ အနည်းဆုံး (၅၀၀၀) ရှိရမှာဖြစ်ပါတယ်။ ဆိုတာမှာ ..

    ဥပမာ.. မော်တော်ကား ဆိုရင် ၃ လုံးလို့ ရေတွက်ပါသလား၊ ၁ လုံးဟု ရေတွက်ပါသလား…

  • kai

    March 29, 2010 at 8:20 am

    ကျုပ်စာရိုက်ကြည့်တော့ မော်တော်ကား ကို ၁၁ လုံးတွက်တယ်ဗျ။ စာရိုက်တဲ့ နေရာရဲ့ ဘယ်ဖက်အောက်မှာ(Word count:) ဆိုပြီး စာလုံးရေတွက်ပေးနေပါတယ်။
    ဇော်ဂျီမြန်မာစာက ယူနီကုဒ်အစစ်မဟုတ်တော့ အခုတွက်နည်းက ယူနီကုဒ်အခြေခံတာမိ ့နည်းနည်းခွဲနိုင်ပါတယ်။
    ဒါပေမဲ့ တော်တော်မှန်ပါတယ်လို့ဆိုပါရစေ။

  • zayarwin

    April 1, 2010 at 3:27 pm

    တအားကောင်းပါတယ် ခဗျာ အဲဒီလိုလုပ်ပေးတဲ့အတွက် ကျွန်တော်တို တွေအတွက်အင်တာနက်သုံးနေရင်း ပိုက်ဆံရတဲ့ ဆိုက်ကလေး ကို သဘောအရမ်းကျပါတယ် ခဗျာ

  • wannatun

    April 5, 2010 at 1:19 pm

    ဒါအမှန်တကယ်ဖြစ်ကြောင်း တစ်ယောက်ယောက်က recommend ပေးရင်ပိုကောင်းလိမ့်မယ်ဗျ ပိုယုံကြည်ချက်ရသွားတာပေါ့…
    ခုတော့စမ်းတဝါးဝါးပါ.. ဘာပဲဖြစ်ဖြစ်.. အားလုံးရဲ့ စိတ်ဝင်စားမူ ကိုတော့ယူသွားနိုင်တာပေါ့..
    ကျနော်တော့ ပိုက်ဆံတွေကို သိပ်စိတ်မဝင်စားပါဘူး.. ဒီနေ့မှပဲ ဒိ website ကိုဝင်ဖြစ်တာ.. ခါတိုင်းက ဂျာနယ်တွေလိုက်ဖတ်နေတာ..
    မဆိုးဘူးဗျ.. ဒီမှာ သတင်းတွေတော်တော်စုံတယ်.. ဂျာနယ်အားလုံးနီးပါးက..ကောင်းတဲ့ topic တွေစုထားသလိုပဲ..ကျေးဇူးဗျား.. တည်ထောင်သူတွေ ကျမ်းမာပါစေ…

  • nayphonehlan

    April 5, 2010 at 10:25 pm

    ကိုခိုင်
    ကျွန်တော်တို့ပြည်ပမှာနေ တဲ့သူတွေကို ပါစာမူခပေးစေချင်ပါတယ်။သဘောကငွေရရှိရေးအဓိက
    မဟုတ်ဘူးနော်ပြည်တွင်း မိဘမဲ့ကလေးတွေအတွက်ဝိုင်းကူတဲ့သဘော ပါဘဲ…။ဥပမာ……
    စာမူခပွိုင့်ပေးပေးပါ ဒါပေမဲ့ကျွန်တော်တို့အစား ရလာတဲ့ငွေသားကို ကလေးတွေအတွက်ဘဲထည့်ပေးပေါ့..
    ကျွန်တော်ရဲ့ဆန္ဒပါ……ဖြစ် နှိူင်မဖြစ်နှိူင်ဆိုတာ က Mandalay Gazette သဘောနော်……..။

  • kai

    April 6, 2010 at 10:26 am

    ုဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ..ဒီလတွေတော့ …မဖြစ်နိုင်သေးပါဘူးဗျာ…။
    ဒီကလူအတွက်ဆို…စာမူခကစုငွေက တော်တော်နည်းနေမှာမို ့ပါ။
    စကားမစပ်..ဒီလ သတင်းစာသတင်းမှာ ရန်ကုန်သံလျှင်ကို ၁သောင်းကျော်လှူမဲ့သတင်းပါတယ်။ အောက်မှာဖတ်ကြည့်ပါဦး။

    Last Mar 21, 2010, (5) Burmese individuals participated in Los Angeles marathon and raised about $11,000. Entire donated fund will be forwarded to a fund set up for building elementary schools for orphans and homeless elderly in Thanlyn. It is an ongoing project founded by Burmese-Americans. BURMESE RELIEF FOUNDATION has been established since 1988.

  • nayphonehlan

    April 8, 2010 at 12:59 am

    ကျေးဇူးတင် ပါတယ် ကြားရတဲ့သတင်းလေးကို..။ကလေးတွေအ တွက် အကောင်းဆုံးတွေရရှိ လာတဲ့ အတွက် ဂုဏ်ယူပါတယ်ဗျာ..။
    mandalay gazette မှာရေးနေတဲ့ သတင်း သမားတွေနဲ့ ပြည် ပမှာရှိနေတဲ့ ဝါသနာရှိ တဲ့လူတွေ ကို ဖိတ်ခေါ်ရင် လဲရ မယ် လို့အကြံပြုခြင် ပါ တယ်…။

  • talker

    April 11, 2010 at 7:53 pm

    ပြည်ပကလူတွေအတွက် ရငွေနည်းတယ် ဆိုပေမယ့်လည်း ကြိုးစားအားထုတ်မှုခြင်း အတူတူ အခွင့်အရေး တန်းတူပေးသင့်ပါတယ်။

  • susunosuki

    April 14, 2010 at 4:12 pm

    ကျွန်တော်တို့အတွက် အကျိုးရှိပါတယ်
    အလကားနေရင်းအချိန်ဖြုံးနေမယ့်အစား ဝင်ငွေရနိုင်ပါတယ်
    မြန်မာ့ရေးရာ သတင်းတွေလည်း စုံစုံ လင်လင် သိနိုင်တာလည်းပါတာပေါ့ခင်ဗျာ။
    ရေးဖို့လည်းစိတ်ဝင်စားပါတယ် ခင်ဗျာ။

  • nyi

    April 17, 2010 at 7:25 am

    ကျွန်တော်ရေးဖို့စိတ် ဝင်စားပါတယ်
    အနည်းဆုံးတော့ စာတွေဖတ်ရင်း ဗဟုသုတ ရနိုင်တာမို့
    ခုလို ဖတ်ရတာကိုပဲ ကျေးဇူးတင်နေပါပြီ

  • nayphonehlan

    April 18, 2010 at 5:28 am

    အယ်ဒီတာရေ
    တောင်းဆိုသူတွေများလာပြီနော်အလှည့်ပေးဖို့ကျိုးစားပေးပါ
    ဒီလိုအခွင့်ရေးတွေ ပေးမယ်ဆိုရင် စာမူတွေ အရမ်းရပြီးစာဖတ်သူတွေအတွက် အကျိုးရှိစေတဲ့အပြင်
    ကလောင်အသစ်တွေကိုမွေး ထုတ်ပေးရာလည်းဖြစ်လာပါမယ်…..

  • etone

    April 24, 2010 at 2:22 am

    စိတ်ဝင်စားဖို့ကောင်းတဲ့ websiteလေးပဲနော် ။ ခရီးထွက်ရင်းကြုံခဲ့ရတဲ့ အဆင်မပြေတာလေးတွေကို ဆောင်းပါးရေးထားတာရှိတယ် မကြာခင်တော့ upload လုပ်မှာပေါ့ ။ ဒါမှ ကျွန်မလိုခရီးသွားတာဝါသနာပါတဲ့လူတွေ ဒီလိုအဆင်မပြေတာလေးတွေ ကြိုရှောင်လို့ရအောင်ပါ ။ Thanks ပါ admin ရေ ။

  • etone

    April 30, 2010 at 7:12 am

    Admin ရေ …
    ကျွန်မစာတပုဒ်တင်ထားတာ ဘာလို့ အဆင်မပြေတာလဲမသိဘူး ။ draft ထဲမှာပဲရောက်နေသလိုပဲ ။ points မှာ ဝင်စစ်ကြည့်တော့ စာတင်ထားတာအတွက်ဘာမှမတွေ့ရဘူး ။ အဲ့ဒါက ဘယ်လိုဖြစ်တာလဲ ပြောပြပေးပါဦနော် ။

    • kai

      April 30, 2010 at 7:25 am

      Login အရင်လုပ်ထားပါသလား။ Draft ထဲမှာလည်းlu ta lone စာတပုဒ်ကလွဲလို့ တခြားမတွေ့ပါခင်ဗျား။ ပြန်ကြိုးစားကြည့်ပါဦး။

      • etone

        May 3, 2010 at 2:25 am

        Log in လည်းလုပ်ထားပါတယ် ။ ဘာလို့မတွေ့လဲတော့မသိဘူးနော် ။
        ကျွန်မရေးထားတဲ့အကြောင်းအရာက ရန်ကုန်-ပုသိမ် က ားလမ်းဘေးက ခရီးသွားကားတွေနားတတ်တဲ့သမုဒ္ဒယဆိုတဲ့ဆိုင်ရဲ့ အကြောင်းပါ ။ ပြန်ရှာကြည့်ပေးပါဦး အခုထက်ထိတော့ ကျွန်မdraft ထဲမှာတွေ့နေတုန်းပဲ ။ ပုံလည်း 2ပုံပါတယ် ။

  • balarkg

    April 30, 2010 at 8:26 am

    ကျွန်တော်လည်းစိတ်ဝင်စားလို့ ပါ..
    ရေးရမယ့် စာမူက သတင်းဦးစားပေးလား ခင်ဗျာ..
    ပြီးတော့ စာမူခပေးတာနဲ့ ပတ်သက်လို့.. မရှင်းလို့
    နည်းနည်းလောက်ရှင်းပြပေးပါလား…
    ကျေးဇူးတင်ပါတယ် ခင်ဗျာ

    • kai

      April 30, 2010 at 8:45 am

      သတင်းဦးစားပေးဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ ဖေါ်ပြထားတဲ့ Categories များအတိုင်း လွတ်လပ်စွာရေးနိုင်ပါတယ်။
      ဓါတ်ပုံတင်ပြီးအဲဒီဓါတ်ပုံအကြောင်း သတင်းရေးနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။
      ဥပမာ။ ။ ချဉ်ပေါင်ရွက်တွေကို အထမ်းနဲ့ထမ်းလာတဲ့သူပုံဓါတ်ပုံရိုက်တင်ပြီး ချဉ်ပေါင်ရွက် တစည်း ကျပ်ငွေမည်မျှနဲ့ရောင်းကြောင်း၊ ချဉ်ပေါင်ပေါ်ချိန်ဖြစ်ကြောင်း။ ချဉ်ပေါင်အသီးအပွင့်များလည်းပါနေကြောင်း၊ ရွေဘိုချဉ်ပေါင်လည်းထွက်ကြောင်း စသဖြင့် ရေးနိုင်ပါတယ်။ ယူအက်စ်အပါအဝင် နိုင်ငံခြားကလူတွေစိတ်ဝင်စားကြမှာပါ။ ယူအက်စ်မှာ ချဉ်ပေါင် ၄-၅စည်းလောက်ကို ၄-၅ဒေါ်လာ ပေးတာတောင် အင်မတန်အဝယ်ခက်တာကိုး..။ နိုင်ငံခြားနေသူတွေမြန်မာပြည်အလွမ်းပြေစေတဲ့ မည်သည့်အကြောင်းအရာမဆို ရေးတင်နိုင်ပါတယ်။

      စာမူခက ရတဲ့ပွိုင့်ပါပဲ။ ပွိုင့်အရေအတွက်ဟာ ကျပ်ငွေဖြစ်ပါတယ်။ ကျပ်ငွေ ၁သိန်းပြည့်မှ တခါလွှဲပို ့ပေးမှာဖြစ်ပါတယ်ခင်ဗျား။
      (မြန်မာပြည်တွင်းနေသူများကိုသာ စာမူခပေးမှာဖြစ်ပါကြောင်း)

  • aungmyintsoe

    May 3, 2010 at 4:23 pm

    ကောင်းပါတယ်ဗျာ..

  • yannaingech

    May 4, 2010 at 9:27 am

    မေ ၃ ရက်နေ့မှာ စာတစ်ပုဒ်ရေးဖြစ်ပါတယ်ခင်ဗျာ။ ခုထိ draft ထဲမှာပဲရှိနေပါသေးတယ်။ Home page မှာ ရောက်ဖို့က Admin အဖွဲ့က စိစစ်ပြီးမှရောက်တာလား။ ကျွန်တော်လုပ်တဲ့ကိုင်တဲ့နေရာမှာပဲ တစ်ခုခုလိုသွားတာလား..ခင်ဗျာ။

    • kai

      May 8, 2010 at 9:02 am

      စိစစ်တာမရှိပါခင်ဗျား။ publish လုပ်လိုက်ရင် Home Page ရောက်ပြီးလူတိုင်းဖတ်လို ့ရပါတယ်။ အိုင်တီခေတ်ကြီးထဲမှာ ဆိုတာကို အခု publish လုပ်ပေးလိုက်ပါတယ်။
      စာရေးသူကိုယ်တိုင် လုပ်နိုင်ပါတယ်ခင်ဗျား

  • kuozhi

    May 5, 2010 at 7:31 am

    ပုံတင်ဖို့ အခက်အခဲ ဖြစ်နေလို့ပါ..add image လို့တော့ တွေ့တယ် click ပေမယ့် ဘာမှမထူးခြားဘူး

    • kai

      May 8, 2010 at 9:09 am

      popup ကို ပိတ်ထားလို့ ဖြစ်နိုင်ပါတယ်။ add image ကိုကလစ်လုပ်ရင် popup window ပေါ်လာပြီး ပုံတင်ဖို ့ browse ကနေ ကိုယ်ကွန်ပျူတာက ပုံတင်ယုံပါပဲ။
      popup ကို ဖွင့်လိုက်ပါခင်ဗျား
      http://www.corenetworkz.com/2010/04/enable-disable-pop-up-blocker-in.html
      1. Go to the Tools menu and click on “Options”
      2. Click on “Content”
      3. To disable all popups:
      * Uncheck the “Block pop-up windows” box.
      4. To disable popups on just one site:
      * Click on “Exceptions”
      * Enter the URL of the site for which you would like to allow popups
      * Close the window
      5. Click “Ok”

      Tips:

      1. If you grant popups for a site and want to remove them later:
      * Follow the steps above to Step 4
      * Click on the url to block in the list of sites
      * Click on “Remove Site”
      * Close the window

  • poeaung6

    May 5, 2010 at 4:04 pm

    ကောင်းပါတယ်ခင်ဗျာ မြန်မာနိုင်ငံစာပေးလောက တိုးတက်လာဖို့အခွင့်အလမ်းကောင်းတစ်ခုပါ ။ အခုလိုစီစဉ်ပေးသော Admin နှင့်အဖွဲ့ကျန်းမာ၊ချမ်းသာကြပါစေ။ ရွက်ပုန်းသီးစာပေးသမားမှသည် အောင်မြင်ကျော်ကြားသော စာပေပညာရှင်များဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ……။

  • trust

    May 8, 2010 at 4:50 am

    Good တယ်ဗျာ
    ပစ္စည်းတွေလည်းမှာလို့ရတယ် ဆိုရင်တော့ ကြိုးစားပြီး သတင်းကောင်း သတင်းမှန် ရှာဖွေရမှာပေါ့နော်

  • naykhanaing

    May 14, 2010 at 1:24 pm

    ကောင်းပါတယ်အဲလိုလုပ်ပေးတဲ့အတွက်ရွက်ပုန်းသီးစာပေပညာရှင်တွေအတွက်တော့ကောင်းသွားပါတယ်။ကျွန်တော်လဲတတ်နိုင်သလောက်သတင်းပဲဖြစ်ဖြစ်ဆောင်းပါးပဲဖြစ်ဖြစ်ရေးပို့ပေးပါမယ်
    ဒီအစီအစဉ်ကိုလုပ်ပေးတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်

  • naykhanaing

    May 14, 2010 at 3:28 pm

    ဆောင်းပါးတွေ၊စစ်တမ်းလိုမျိုးတွေပို့ပေးလို့ရမလားသိချင်ပါတယ်။HIV/AIDS လိုစစ်တမ်းမျိုးတွေလိုပေါ့ပို့ပေးလို့ရရင်ပို့ပေးချင်ပါတယ်။post တွေလဲတင်နေမှာပါအဲဒါလေးတစ်ချက်လောက်ပြောပြပေးပါအုံးဗျာ…..

    • kai

      May 14, 2010 at 4:13 pm

      ဆောင်းပါးရော၊ စစ်တမ်းရော တင်လို့ရပါတယ်။ စစ်တမ်းတွေတင်တာမှာ နေရာမဆန် ့ရင် pdf ဖိုင်ထပ်လုပ်ပြီး Uploadတင်ပေးလိုက်လို့လဲ ရပါတယ်။ ပိုတောင်ကောင်းပါသေးတယ်ခင်ဗျား။

  • heinhtet

    May 14, 2010 at 6:51 pm

    အရမ်းကောင်းတဲ့ ဆိုဒ်ကလေးတစ်ခုပါ….လာရောက်ဖတ်ရှုတဲ့သူတွေအတွက် နောက်ဆုံးသတင်းအချက်အလက် အစုံအလင်ကိုဖတ်ရှုရမှာဖြစ်လို့ အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ ဒီဆိုဒ်ကိုဖွင့်တာနဲ့တင် သတင်းအစုံအလင်ကို ဖတ်ရှုရမှာဖြစ်တဲ့အပြင် ဗဟုသုတစာပေ၊ ဆောင်းပါး၊ ကဗျာတွေပါ ဖတ်ရှုလို့ရတဲ့အတွက် အကျိုးရှိစေတဲ့ ဆိုဒ်လေးပါ… စာရေးသူများအတွက်လည်း အကျိုးရှိစေတဲ့အတွက် အတော့်အတော်ကို ကောင်းမွန်ပါတယ်ခင်ဗျာ….ကျွန်တော်လည်း တတ်စွမ်းသလောက် ရေးသားပေးပါဦးမယ်…..

  • saund

    May 18, 2010 at 3:27 am

    စာမူပို ့ချင်ပါတယ်။ ပြည်ပမှာ နေပေမဲ့ ပြည်တွင်း က ကိုကျော်သူတို ့အဖွဲ ့ကို ရသင့်တဲ့ စာမူခ လျူဒါန်းလို တဲ့ အတွက် စာမူခပေးစေလိုပါတယ်။ ကျမ ရသင့်တဲ့ စာမူခကို ကိုကျော်သူတို ့အဖွဲ ့ဆီကို မန်းတလေးရတနာပုံသတင်းတိုက်မှ တိုက်ရိုက် ပို ့ပေးနိုင် ရင် အလွန်ကောင်းမှာပါ။

    • kai

      June 19, 2010 at 11:40 pm

      အခုတွေးခေါ်စဉ်စားချက်က တော်တော်ကောင်းပါတယ်။
      ကျန်တဲ့ ရုံးအဖွဲ့သားတွေနဲ့ သေသေချာချာ ဆွေးနွေးကြည့်ပါဦးမယ်။ နာရေးကူညီမှုအသင်းအနေနဲ့ပုံမှန်ဝင်ငွေရှိသွားမှာဖြစ်လို့ပါ။
      အကြံညဏ်လေးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

  • Burma

    May 20, 2010 at 11:58 am

    ဒါနဲ့ စာမူခ တွေက တစ်ကယ်ပေးတာလားဗျ မသိလို့ပါ ဉာဏ်မမှီလို့

  • moethiha

    May 21, 2010 at 4:18 am

    ဟုတ်ကဲ့ခင်ဗျာ registry လုပ်ပြီးပါပြီ။ကိုယ်ကစာမူတွေ
    ဖြန့်ဝေပေးပြီးတော့အလကားအဖြစ်ခံရတာကများပါတယ်။ကိုယ်တိုင်ရေးတဲ့ ဘလော့ကိုသူများကပေါ်တင်ကူးချတာကိုတွေ့ပေမယ့်လဲမပြောနိုင်တဲ့အဖြစ်တွေပေ့ါဗျာ။ဒီဆိုဒ်ရှိတဲ့အတွက်အကျိုးရှိတဲ့သတင်းတွေကိုသာမက
    စာမူခလဲထိုက်ထိုက်တန်တန်ပေးလို့ဆိုဒ်ထောင်တဲ့သူတွေကိုအရမ်းကျေးဇူးတင်ပါတယ်ဗျာ။

  • nyanay

    May 21, 2010 at 5:29 am

    သိပ်ကောင်းတဲ့ site ပါ….တည်ထောင်သူတွေကိုကျေးဇူးတင်ပါတယ် ဒီ site နဲ့ပတ်သတ်တာတွေအားလုံးကိုမလေ့လာရသေးပါဘူး ဒါပေမဲ့ လေ့လာထားရသလောက်တင် အားရကျေနပ်ဖွယ် ကောင်းနေပါတယ် ဘာပဲဖြစ်ဖြစ် စာရေးချင်တဲ့ပိုးလေးရှိနေတဲ့ကျွန်တော် တို့လိုလူတွေအတွက်တော့ နတ်တို့ဖန်တဲ့ကြာရေကန်ပေါ့ ဗျာ…ကျေးဇူးပါ..။ ။

  • agkyawthant

    May 21, 2010 at 11:25 am

    စိတ်ဝင်စားတယ်ဗျာ
    ဒါပေမယ့် ဘယ်နေရာမှာ ရေးရမလဲ ပြောပြပေးစေချင်ပါတယ်
    ဘယ် font ကိုအသုံးပြုရမလဲ ပြောပြပေးစေချင်ပါတယ်
    ကျေးဇူးတင်ပါတယ်။
    AG Kyaw Thant

    • kai

      June 19, 2010 at 11:44 pm

      Member အဖြစ် မှတ်ပုံတင်( register)ပြီးရင် ဘယ်ဖက်အပေါ်ထောင့်က Site Adminဆိုတာကို ကလစ်လုပ်ပါ။
      အဲဒါဆို ပို့စ်တင်လို့ရတဲ့နေရာ Dashboard ရောက်ပါမယ်။ ညာဖက်အပေါ်ထောင့်မှာ ( New Post)ဆိုပြီးတွေ့မှာပါ။
      Font က Zawgyi-One ဇော်ဂျီဖြစ်ပါတယ်။

  • soeminhtwe

    May 22, 2010 at 2:39 am

    စာရေးပြီးရင် ဘယ်လိုပို့ပေးရတာလဲ သိချင်ပါတယ်ဗျာ။
    နောက်ပြီးတော့ အခုမှစဝင်ဖူးတာ ဆိုတော့ ဘာမှန်းကို သိပ်နားမလည်သေးပါဘူး။
    အချိန်ရရင် ကျွန်တော့်ကို နားလည်အောင် ရှင်းပြပေးစေချင်ပါတယ်။
    ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့် မေးလ်ထဲကို ပို့ပေးစေချင်ပါတယ်။
    ကျေးဇူးတင်ပါတယ်ခင်ဗျား………..

  • TruthSeeker

    May 23, 2010 at 2:28 pm

    What a nice site !
    I really don’t know that you website contributes like that to the reporters.
    I just registered because I’m bloody interested in your news and articles.
    Thank you founders. I’ll try my best to send precious news for you.
    I promise that I’ll avoid plagiarism :D.
    Apart from news, articles and others from your categories, what other things can we send ? (What about research papers and advertisements?)
    And I’d like to ask you a question that how will you know that a reporter is in Myanmar or not ?
    Thank you again.

  • wunna

    May 25, 2010 at 4:52 am

    စာရိုက်တင်တဲ့သူက မြန်မာပြည်ကနေဟုတ်မဟုတ်ဆိုတာက သူရိုက်တင်လိုက်တဲ့စာ ဘယ် ip address က ထွက်လာတယ်ဆိုတာကို ကြည့်ရင် ရနိုင်ပါသည်။

  • maungshwe

    May 25, 2010 at 10:24 am

    I m not very good at typing in Burmese but I m a Myanmar
    Can I type in English????
    I m from Myanmar but there is my friend in US .
    So can i ask him to take my money???

    Thanks for this website and I really like this web.

    • kai

      June 19, 2010 at 11:48 pm

      အင်္ဂလိပ်လိုတင်လည်းရပါတယ်။
      စာရေးသူပိုင်တဲ့ငွေဟာ စာရေးသူငွေသာဖြစ်တာမို ့ပို ့ခိုင်းတဲ့နေရာပို ့ပေးပါမယ်။
      ဒါပေမဲ့ ငွေလွှဲခ၊ ပေးယူအလုပ်တွေများရင်များသလောက် အပိုကျသင့်ငွေတွေ စာရေးသူဖက်ကကျခံရမှာဖြစ်ပါတယ်။

  • လင်းဝေကျော်

    May 26, 2010 at 8:18 am

    User Name ကို ပြန်ပြောင်းချင်ပါတယ် Nick Name အတိုင်းပဲထားချင်တယ်

  • moethiha

    May 27, 2010 at 5:30 am

    လုပ်ပါဦးဗျို့။comment ပေးမရတော့လို့

  • thihayarzar

    May 30, 2010 at 4:18 am

    ကျွန်တော်ထင်ထားတဲ့ post မှာ ဓာက်ပုံထည့်ချင်လို့ပါ။ ဘယ်လိုလုပ်ရမလဲ။

Leave a Reply