Who? What? Where? When? Why? How?
- Who? Who was involved?
- What? What happened (what’s the story)?
- Where? Where did it take place?
- When? When did it take place?
- Why? Why did it happen?
- How? How did it happen?
မြန်မာပြည်က ဘလော့ဂ် ရေးသူတွေ ကိုယ့်ဘလော့ဂ်နဲ့ ဖိုရမ်စတာတွေမှာ တင်သလို ဒီမှာ စာတပုဒ်လာတင်ရင် ပွိုင့် (၄၀၀) ရမှာဖြစ်ပါတယ်။
(အခြားနိုင်ငံနေသူများအတွက် ပွိုင့်အား ငွေသားအဖြစ် လဲလှယ်လွဲပေးမည်မဟုတ်ပါ၊အခုအစီအစဉ်ဟာ မြန်မာပြည်တွင်းနေသူများအတွက်သာဖြစ်ပါတယ်။ )
စာတပုဒ်ဟာ စာလုံးရေ အနည်းဆုံး (၃၀၀၀)* ရှိရမှာဖြစ်ပါတယ်။စာလုံးရေကလည်း အလိုအလျှောက်တွက်ပါလိမ့်မယ်။ (စာရိုက်နေတဲ့နေရာရဲ့ ဘယ်ဖက်အောက်ကိုကြည့်ပါ)
ကိုယ်ရမဲ့ ပွိုင့်တွေက ဝက်ဘ်ဆိုက်ပထမစာမျက်နှာရဲ့ ဘယ်ဖက်ဒုတိယကော်လံမှာ ပေါ်နေပါလိမ့်မယ်။
ဝင်ငွေရဖို့အတွက် ပထမဆုံးဒီဝက်ဘ်ဆိုက်မှာ Register လုပ်ရမှာဖြစ်ပြီး သာမန် Blogspots.com, WordPress.com မှာစာတွေတင်သလို တင်သွားကြရမှာပါ။ Register လုပ်ခြင်းအတွက် သီးသန့် ပွိုင့် (၅၅၅)ထပ်ရဦးမှာဖြစ်ပါတယ်။
ဒီတော့ ပထမဆုံး မှတ်ပုံတင်ပြီး ရေးနေကျအတိုင်း ကိုယ့်ဘလော့ဂ်မှာ ချက်ချင်းမရေးသေးပဲ ဒီမှာ အရင်လာရေးတင်ရင် ပွိုင့်(၈၅၅)ရမှာပါ။
မှတ်ပုံတင်ထားတဲ့ သူအနေနဲ ့Comment တွေလိုက်ရေးပြီး ပွိုင့်တွေရနိုင်ပါသေးတယ်၊ Commentတခုအတွက် ပွိုင့်(၅၀) ရပါမယ်။ကျပ် ၅ဝ ဆိုပါတော့။
အဓိပါယ်မရှိတဲ့ ဟုတ်ကဲ့တို ့။ ကျေးဇူးပါတို့၊ ထောက်ခံပါတယ်တို့တော့ တင်လို့မရပါ။တင်ထားပါရင် အချိန်မရွေးစိစစ်ပြီး ပြန်နှုတ်ပစ်မှာဖြစ်ပါတယ်။ ရေးတဲ့အခါမှာ ကိုယ်ရဲ့ သဘောထားကို ပေါ်လွင်အောင်ရေးပေးရမှာဖြစ်ပါတယ်။
နေ့စဉ် မိမိအကောင့်ကို Loginတခါလုပ်ရင် (၁၀)ပွိုင့်ရမှာလည်းဖြစ်ပါတယ်။
တခြား လိုက်နာရမယ့် အသေးစိတ်တွေကို အောက်မှာချရေးပေးသွားပါမယ်။
အခု ပွိုင့်တွေဟာ ဒီဝက်ဘ်ဆိုက် စဖွင့်လှစ်တဲ့ ကာလ တခုအတွက်သာဖြစ်ပြိး အချိန်မရွေး ပြောင်းသွားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ငွေပမာဏတခုအပေါ်မူတည်ပြီး မှတ်ပုံတင်လာသူအရည်အတွက်နဲ့ ချိန်ဆရမှာမို ့ပါ။ ဒါပေမဲ့ စာရေးကောင်းသူတွေအတွက်တော့ တိုးလို ့သာ တက်လာစရာအကြောင်းရှိပါတယ်၊ မြန်မာပြည်တွင်းနေထိုင်သူတွေ အင်တာနက်တခွင် လိုက်သွားစီးမြောနေပြီး ဘလော့ဂ်တွေ အချိန်ကုန်ခံရေး၊ Facebook မှာ စာတွေတင်နေတာထက်စာရင် အကျိုးရှိပြီး ငွေကြေးရနိုင်တဲ့ စံနစ်တခု အကောင်အထည်ဖေါ်ကြည့်တာဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် သတင်းနဲ့စာပေ၊ ရသ၊ တွေရဲ့ အရည်အသွေး၊ တာဝန်ယူရဲမှု တို ့တိုးတက်လာကြစေဖို ့လည်းရည်ရွယ်ပါတယ်။
သတင်းတွေမှာ ဓါတ်ပုံထည့်ပေးရင်တော့ အတိုင်းထက်အလွန် ဖြစ်ပြီး ပုံနှိပ်စာမျက်နှာမှာ ရွေးချယ်ခံရဖို ့ရာခိုင်နှုန်းများပါလိမ့်မယ်။
ဒါပေမဲ့ အခုလို လာရောက်စာရေးမဲ့သူများအနေနဲ့ သတင်းသမားတယောက်နဲ့၊ ရသစာပေးရေးသူတယောက်(စာရေးဆရာ) တို့ရဲ့ အခြေခံအခွင့်အရေး၊ ရပိုင်ခွင့်နဲ့ စာနယ်ဇင်းသဘောတရားတွေ ကြေညက်နားလည်ပြီး ဖြစ်စေချင်ပါတယ်။
သူတပါးရဲ့ စာမူကို ကူးယူတင်တာမျိုး ၊သူတပါးဓါတ်ပုံကို ယူသုံးတာမျိုး၊ တခြားတနေရာမှာ ဖေါ်ပြပြီးသားကို ပြန်တင်တာမျိုး စသဖြင့် မလုပ်ကြဖို ့ပါ။
အင်္ဂလိပ်လို တိုက်ရိုက်ကူးတင်တာမျိုးကိုလည်း တားမြစ်ပါတယ်။ ကိုးကားတယ်ဆိုယင် ကိုးကားတဲ့ သတင်းလင့်ခ်တော့ အပြည့်အစုံအောက်ဆုံးမှတ်ချက်မှာ ဖေါ်ပြပေးစေလိုပါတယ်။
မလွဲမရှောင်သာ သူများစာကိုကူးတင်ဖြစ်တယ်ဆိုရင်လည်း အောက်မှာ “မှတ်ချက်။ ။ ..” ဆိုပြီး ရေးပေးစေချင်ပါတယ်။ မူပိုင်ခွင့်တွေကို လေးစားကြစေချင်ပါတယ်။
တကယ်လို့ မူရင်းပိုင်ရှင်က မိမိစာ၊သတင်း၊ ဓါတ်ပုံ ကူးယူထားပါကြောင်းတိုင်ကြားလာရင် ရရှိပြီးတဲ့ ပွိုင့်များ ပြန်နှုတ်ခံရမှာဖြစ်ပါတယ်။
သတင်းရယူလာတဲ့ အခြေအမြစ်က ကိုယ်ပိုင်မဟုတ်ရင် ဘယ်နေရာကရတယ်ဆိုတာ (ခွင့်ပြုချက်ရယူပြီး)ရေးထားပေးစေချင်ပါတယ်။ ဓါတ်ပုံတင်တာမှာ ကိုယ်တိုင်ရိုက်တာမဟုတ်ရင် ဓါတ်ပုံဆရာ အမည်ရေးပေးရမှာဖြစ်ပါတယ်။ အဲဒါတွေအပေါ်တည်မှီပြီး သုံးသတ်တာတွေ။ ဆွေးနွေးငြင်းခုံတာတွေလုပ်နိုင်ပါတယ်။ ကွန်မန်င့် နေရာမှာ ရေးပြီးဆွေးနွေး၊ ငြင်းခုန် လုပ်ကြစေချင်ပါတယ်။ ကွန်မင်န့်အတွက်လည်း သီးသန့် ပွိုင့်တွေပေးထားပါတယ်။ ပွိုင့်ယူပြိး ရေးနေတာမှာ ပုဂိုလ်ရေးထိခိုက်မှုကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုပါ။ သူတပါးကို တိုက်ခိုက်ဖို ့အတွက် မိမိက ငွေရတာမျိုးက အဓီပါယ်လည်းမရှိပါ။ သတိပေးခံရမှာဖြစ်ပြီး ၃ကြိမ်သတိပေးခံရပြီးရင် မန်င်ဘာ( စာရေးဆရာ) အဖြစ်က ဖျက်သိမ်းခံရပါမယ်။
Categories ဆိုင်ရာ တွေမှာ ရွေးချယ်တင်စေလိုပါတယ်။ တခုထက်ပိုပြီး ချက်ခ်မတ် လုပ်လို ့ရပါတယ်။ ဒါမှ ဖတ်သူပိုများပြီး စိတ်ဝင်စားမှုစကေးလ်သိနိုင်မှာမို ့ပါ။
တဂ် (Tag)ကိုလည်း လိုရာစာသားကို ဖြည့်ပေးစေလိုပါတယ်။ ဒါမှ တခြား ရာဟူးတို ့ဂိုဂယ်တို့(Search Engine)ကနေ သိနိုင်ရှာနိုင်မှာမို ့ပါ။
Star Rating စံနစ်ရှိတာမို ့အဲဒီစံနစ်မှာ အမှတ်များများရသူတွေကို ဆုပေးစံနစ် ထားဖို့ရှိပါတယ်။ ဆုကြေးငွေ ထိုက်ထိုက်တန်တန်ဖြစ်မှာပါ။ ဆုကြေးငွေဟာ အဲဒီ (Stars)ကြယ်တွေအပါအဝင် ဖတ်သူအရေအတွက်(Counts)ပေါ်မူတည်ပြီး အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
အခု စံနစ်တွေရဲ့ ကုန်ကျမှုတွေကို အမေရိကန်ပြည်ထောင်စု အခြေစိုက် လစဉ်ထုတ်သတင်းစာဖြစ်တဲ့ မန္တလေးဂေဇက်က ကျခံတာပါ။
လွတ်လပ်တဲ့ လူထုသတင်းစာဖြစ်ပြီး နိုင်ငံရေးအတွက်မဟုတ်ပဲ လူအများစုနဲ့ အမိမြန်မာပြည်ပြင်ပနေ မြန်မာကွန်မြူနတီအတွက် ပုံနှိပ်ထုတ်ဝေဖြန့်ချိနေတဲ့ သတင်းစာပါ။
အခုဆို ထုတ်ဝေခဲ့တာ လေးနှစ်ထဲရောက်နေပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအစိုးရအသိအမှတ်ပြု သတင်းမီဒီယာတခုဖြစ်ပါတယ်။ ဖယ်ဒရယ်အစိုးရကိုယ်တိုင် ကြော်ငြာခပေးပြီး ကြော်ငြာနဲ့သတင်းတွေ ပုံနှိပ်သတင်းစာမှာ လာထည့်နေတာ တွေ့ကြမှာပါ။
သတင်းဆောင်းပါးရေးဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆိုင်ရာ အင်္ဂလိပ်လိုရေးထားတဲ့ နေ့စဉ်၊ လစဉ်သတင်းတွေကို လေ့လာပြီး (သတင်းရယူရာ အခြေအမြစ်) နဲ့တကွ ခြုံငုံစဉ်းစား ချရေးတာမျိုးကို ခွင့်ပြုပါတယ်။ သတင်းဆောင်းပါးကို (အထူးသဖြင့်)အလိုရှိပါတယ်။
ဥပမာ။ ။ မြန်မာပြည်က ကလေးလူငယ်များ ဆေးလိပ်သောက်ခြင်းအကြောင်းမျိုးကို ကလေးတွေအင်တာဗျူးနဲ့တကွ ဓါတ်ပုံနဲ့ဖေါ်ပြပေးမယ်ဆိုရင် သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရမှာဖြစ်ပြီး ပွိုင့် ၂~၃သောင်း၊ ဒေါ်လာ ၂၀~၃ဝ ရမှာဖြစ်ပါတယ်။
သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရရင် စာရေးသူဟာ ကိုယ့်ရဲ့ ပေါ့ဖိုလီယို(လက်တွေ့လုပ်ဆောင်မှု ကိုယ်ရေးမှတ်တန်း)မှာ တရားဝင် ထည့်ရေးလို့ရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကျောင်း(တက္ကသိုလ်တွေ)၊ အန်ဂျီအိုတွေနဲ့ ယူအက်စ်အစိုးရကခေါ်တဲ့ ပညာတော်သင်တို ့၊ အစည်းအဝေးတို ့၊ဆင်မနာတို့မှာ တင်တဲ့အခါ ထိထိရောက်ရောက် ကိုးကားအသုံးပြုနိုင်ပါလိမ့်မယ်။ အဲဒီအတွက် ထောက်ခံချက်လည်း မန္တလေးဂေဇက်က တရားဝင်ထုတ်ပေးပါမယ်။ စာနယ်ဇင်းသမားတွေကို အမေရိကန်ပြည်ထောင်စုက နှစ်စဉ် ခေါ်ယူလေ့ရှိပါတယ်။
ရသစာပေဖြစ်တဲ့ ဝတ္ထု၊ကဗျာ၊ပျို့လင်္ကာ တွေလည်း ရေးနိုင်ပါတယ်။ ဆိုင်ရာ Category မှာတင်နိုင်ကြပါတယ်။ သတင်းစာမှာတော့ ထည့်သွင်းဖေါ်ပြခံရဖို့ အခွင့်အလန်းတော့ နည်းမှာပါ။ လစဉ်ပုံနှိပ်သတင်းစာဟာ သတင်းကိုသာ ဦးစားပေးထားပါတယ်။
အခုလောလောဆယ်တိုက်တွန်းချင်တာက ပွိုင့်တွေလိုချင်ရင် မြန်မြန်သာ Register လုပ်ထားလိုက်ကြပါလို ့ပါပဲ..။ ဘာဖြစ်လာမလဲ နောင်တနှစ်လောက် ရေးရင်းနဲ့ စောင့်ကြည့်ကြပါ။
ဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့စာတွေထဲက အယ်ဒီတာအဖွဲ ့ရဲ့ရွေးချယ်စာကို လစဉ်ထုတ် မန္တလေးဂေဇက်ရဲ့ သတင်း၊ဆောင်းပါး၊ စာမူအဖြစ်အသုံးပြုမယ်ဆိုရင်တော့ ပွိုင့်၅၀၀ဝ ကနေ ပွိုင့် ၃၀၀၀ဝ အထိ( စာအမျိုးအစားပေါ်မူတည်ပြီး) စာမူခရမှာဖြစ်ပါတယ်။
ပွိုင့်တွေကို ကျပ်ငွေနဲ့ တန်းတူသတ်မှတ်ထားပြီး ကျပ်ငွေအဖြစ်ထုတ်ယူနိုင်ပါတယ်။ တဦးတည်းမှ စုထားငွေအနည်းဆုံး ကျပ်ငွေ ၁သိန်း(ပွိုင့် ၁သိန်း) ဖြစ်ရင် ရန်ကုန်မြို ့ ပေးပို့စေချင်တဲ့ လိပ်စာဆီ ယူအက်စ်ကနေ တိုက်ရိုက် တနည်းနည်းနဲ့ (တောင်းဆိုလာရင်)ပို ့ပေးမှာဖြစ်ပါတယ်။ ပွိုင့်တွေဟာ လွှဲပြောင်းခွင့်မရှိပါ။ တဦးကတခြားတဥိးကို လွှဲပေးခွင့်လည်း မရှိပါ။ စုပေါင်းထုတ်ယူခွင့်လည်းမရှိပါ။ (ပွိုင့် ၁သိန်း)ဟာ ဒေါ်လာ ၁ရာလောက်နဲ့ ညီမျှတဲ့ ငွေဖြစ်မှာပါ။ စောင့်ပြီး ၂၀ဝ -၃၀ဝ မှထုတ်ယူလည်းရပါတယ်။ ပွိုင့်၁သိန်းမပြည့်သေးပဲ ထုတ်ယူခွင့်မရှိပါ။ အနည်းဆုံး ပွိုင့် ၁သိန်းပြည့်မှသာ ငွေကြေးအဖြစ် လည်း စတင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
ပေါက်ဈေးကို ငွေလွှဲခိုင်းတဲ့ နေ့ရဲ့ ပေါက်ဈေးနဲ့ တွက်ပေးမှာပါ။ အဲဒီငွေက အမေရိကန်ပြည်ထောင်စုက ဟွန်ဒီလွဲပေးမဲ့သူရဲ့ ပေးဈေးဖြစ်ပါမယ်။ သာမန်အားဖြင့် ရန်ကုန်ပေါက်ဈေးနဲ့ အနည်းငယ်ကွာတတ်ပါတယ်။
တခြားမြို ့တွေကနေ လွဲငွေလိုချင်ရင်တော့ ရန်ကုန်က အသိကတဆင့်သာ ယူကြစေချင်ပါတယ်။ ရန်ကုန်ကိုပဲ ငွေလွဲပေးပို ့နိုင်တာကြောင့်ပါ။ ငွေလွဲခက ငွေယူသူဖက်က ကျခံပေးရမှာဖြစ်ပါတယ်။ သာမန်အားဖြင့်ဒေါ်လာ ၁၀ဝ ကို ၃ဒေါ်လာလောက် ယူကြပါတယ်။
ဒါမှ မဟုတ် ပို့ဆောင်ခ စရိတ်တွေ ထည့်နှုတ်ပြီး အမေရိကန်ပြည်ထောင်စုက သေးငယ်ပေါ့ပါးတဲ့ အိုင်တီနဲ့ ပါတ်သက်တဲ့ပစ္စည်းတချို ့မှာယူနိုင်ပါတယ်။
သာမန်အားဖြင့် အမေရိကန်ပြည်ထောင်စုကနေ ရန်ကုန်အထိ တလကို တခါလောက် ပစ္စည်းသယ်ပေးနေသူတွေရှိပြီး တပေါင်ကို ရ ဒေါ်လာ+ယူပါတယ်။ ကတ်စတန်ဂျူတီခကို (ရန်ကုန်လေဆိပ်မှာ) တောင်းခံခံရရင် ပစ္စည်းလက်ခံမဲ့သူက ကျခံပေးရမှာဖြစ်ပါတယ်။
( www.frys.com www.bestbuy.com ) တွေမှာ ကိုယ်လိုချင်တဲ့ ပစ္စည်း(ဝယ်ယူလိုတဲ့ပစ္စည်း)ကို အီးမေးလ်ကနေ အမည်အတိအကျရေးပြီး ပို ့ပေးစေလိုပါတယ်။ အမြတ်ခွန်တွေ၊ ပို ့ခတွေအားလုံး မှာသူဖက်က ပေးရမှာဖြစ်ပါတယ်။ မထင်ရှားတဲ့ နာမယ်မကြီးတဲ့ အခြားဝက်ဆိုက်တွေက ဝယ်ပေးမည်မဟုတ်ပါ။ ခရက်ဒစ်ကဒ်နဲ့ ဝယ်ပေးမှာဖြစ်တာကြောင့် လုံခြုံရေးစိတ်မချရလို ့ဖြစ်ပါတယ်။ အိုင်ပေါ့တို ့။ လက်ကိုင်ဖုံးတို ့၊လက်ပ်တော့တို ့ဝယ်ပေးလို့ရပါတယ်။
ဒါမှ မဟုတ် ဒေါ်လာအနေနဲ့ အလိုရှိရာနိုင်ငံမှာ (ဘဏ်အကောင့်ပေးရင်)ထုတ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် PayPal အကောင့်ရှိရင် လွှဲပေးမှာဖြစ်ပါတယ်။ ငွေလွဲခကို ငွေယူသူဖက်က ကျခံရပါမယ်။
ဒိုမိန်းဖိုး ၊ Hosting ဖိုး၊ Rapidshare ဖိုး။ ကျောင်းဖေါင်ဖိုး စတာတွေကို အဲဒီရတဲ့ ငွေကတဆင့် ပေးရှင်းခိုင်းရင်လည်း မိမိဝင်ငွေကနှုတ်ယူပြီး မန္တလေးဂေဇက်ကပေးချေပေးမှာဖြစ်ပါတယ်။
ကာစီနို။ ဘောလုံး စတဲ့လောင်းကစားဝက်ဘ်ဆိုက်များအတွက်တော့ ငွေရှင်းပေးမှာမဟုတ်ပါ။
အသေးစိတ်ကို သီးသန့် အီးမေးလ်ပို့ ညှိနှိုင်းမှာဖြစ်ပါတယ်။ ကိုယ့်ငွေတွေအတွက် စိတ်ချရသော နိုင်ငံခြားငွေ သိမ်းဆည်းရာနေရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ မိမိကိုယ်တိုင် မြန်မာပြည်အပြင်ထွက်လာဖြစ်ရင် အချိန်မရွေးထုတ်ယူလို ့ရပါတယ်။
မန္တလေးဂေဇက်အကြောင်း နည်းနည်းလေးတော့ ထပ်ပြောထားပါမယ်။
အမေရိကန်ပြည်ထောင်စု ၊လော့စ်အိန်ဂျလိစ်အခြေစိုက် လစဉ်ထုတ် ပုံနှိပ်သတင်းစာ ဖြစ်ပြီး သတင်းလောကနဲ့ မီဒီယာလောကမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ သက်တန်း ၄နှစ်ရောက်နေပြီဖြစ်တဲ့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့သတင်းစာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖယ်ဒရယ်ဗျူရိုတွေအပါအဝင် သန်းခေါင်စာရင်းဌာနတို ့ရဲ့ တရားဝင် ကြော်ငြာများလည်း ထည့်ပြီး ဆက်စပ်ဆောင်ရွက်နေတဲ့ သတင်းစာဖြစ်ပါတယ်။
ဘယ်အဖွဲ ့အစည်း၊ အသင်းအဖွဲ ့၊ အစိုးရ၊ ပါတီ၊ လူပုဂ္ဂိုလ်တို့ရဲ့ ထောက်ပံ့ငွေနဲ့မှ မတည်လုပ်ကိုင်နေတဲ့ သတင်းစာမဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင်ကြော်ငြာနဲ့ရပ်တည်တဲ့ အခမဲ့ ဖြန့်ဝေသော သတင်းစာဖြစ်ပါတယ်။ စောင်ရေ လစဉ် ၁သောင်း၂ထောင် ထုတ်ဝေပါတယ်။
သတင်းစာရဲ့ ကျင့်ဝတ်၊ မီဒီယာစည်းကမ်းများနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေများကို လေးလေးစားစားလိုက်နာပြီး ထုတ်ဝေနေတာဖြစ်ကြောင်း အသိပေးလိုပါတယ်။ ပိုသိချင်ရင်တော့ ဂိုဂယ်(Google)လိုက်ရင်ပါတယ်။ မူပိုင်ခွင့်ကို အလေးထားပြီး တဦးနဲ့တဦး ပုဂ္ဂိုလ်ရေးဦးတည်တိုက်ခိုက်တဲ့ စာတွေကိုလည်း( မူအရ )ဆန့်ကျင်ပါတယ်။
*ဒီဝက်ဘ်ဆိုက်မှာ ရှိနေတဲ့ လိပ်စာတွေ။ အီးမေလ်းတွေ ကိုယ်ရေးအချက်အလက်တွေကို မည်သည့်နေရာ၊ မည်သူ့ကိုမှ လွဲပြောင်းပေးအပ်မှာမဟုတ်ပါ။
လူတဦးချင်းစီရဲ့ အခွင့်အရေးနဲ့ ပရိုက်ဗေစီကို လေးစားစွာလိုက်နာပါတယ်။ မီဒီယာကျင့်ဝတ်နဲ့အညီ လျှို့ဝှက်ပါတယ်။
*အယ်ဒီတာအဖွဲ ့ဟာ တင်ထားတဲ့စာတွေကို လိုအပ်ရင်ဖြတ်တောက်စိစစ်မျာဖြစ်ပြီး မန်င်ဘာ(စာရေးဆရာ)အဖြစ်ကလည်း မည်သူကိုမဆိုအချိန်မရွေးရပ်စဲနိုင်ခွင့်ရှိပါတယ်။
( ဒီဇင်ဘာ ၄ ရက် ၂၀၀၉ )မှာ ထပ်ပြီး ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။) မရှင်းတာရှိရင် Comment ကနေ မေးနိုင်ပါတယ်။ အားလုံးသိရအောင် ဖြေပေးပါမယ်။
*(မတ်လ ၃ဝ ၂၀၁၀) မှာ ထပ်ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
* (ဂျွန်လ ၁၅ ၂၀၁၀) ထပ်ဖြည့်ပြင်- စာလုံးရေ အနည်းဆုံး ၃၀၀ဝ ရှိရပါမယ် ဆိုတာကို အနီရောင်ပြောင်းလိုက်ပါတယ်။ ဒီနေ့ကစပြီးမပြည့်တဲ့သူတွေကို ပွိုင့်ပြန်နှုတ်ပါမယ်။ ချွင်းချက်အနေနဲ့ ပုံပါသူတွေကိုတော့ ပွိုင့်မနှုတ်ပါ။
**(ဂျူလိုင် ၁၉ ၂၀၁၀)ဖြည်စွက်
တင်တဲ့ပို့စ်များအတွက် ငွေပေးစံနစ်ကို အဆင့် ၃ဆင့် သတ်မှတ်လိုက်ပါတယ်။
ပထမအဆင့်က “မတူသောအတွေးနှင့်ကိုယ်ပိုင်စာ ချရေးသူ”များဖြစ်ပြီး အဲဒီစာမူမျိုးတင်သူတွေကို ပို့စ်တခုအတွက် ပွိုင့်၅၀၀ ပေးပါမယ်။ ကိုယ်တိုင်လိုက်ရထားတဲ့သတင်း၊ ဆောင်းပါး၊ စာမူ၊ ဝတ္တု၊ ဓါတ်ပုံ၊ ဆောင်းပါး၊အားလုံးအကြုံးဝင်ပါတယ်။ အယ်ဒီတာမှ စာမူကိုစိစစ်ရွေးချယ်ပြီးနောက်မှ ပွိုင့်ကို ပုံမှန် ၂၀ဝ အလိုအလျှောက်ရတာကနေ ပွိုင့်၅၀ဝပြည့်အောင်တိုးပေးသွားမှာဖြစ်ပါတယ်။
ဒုတိယအဆင့်က မူလ Source ကို ခရက်ဒစ်ပေးပြီး ဖော်ပြပေးတဲ့စာမူ၊ နောက်…မူလ Source တော့မသိဘူး ဒါပေမယ့် ကြိုက်လွန်းလို ့အီးမေးလ်ကရလို ့ လက်ဆင့်ကမ်းလိုက်တဲ့စာ ဆိုပြီး ရိုးရိုးသားသား ဝန်ခံတဲ့စာမူေတွအတွက်ဖြစ်ပါတယ်။ အဲဒီပို့စ်ကို ပွိုင့် ၂၀ဝ ပေးပါမယ်။ အထူးသတိပြုစေလိုတာကတော့မြန်မာပြည်ပြင်ပ(မြန်မာ)မီဒီယာဌာနတွေက စာမူတွေ၊ သတင်းဆောင်းပါးတွေတင်ခွင့်မရှိတော့ပါဘူး။ အဲဒီစာတွေကို ဆိုင်ရာသတင်းဌာနဝက်ဘ်ဆိုက်သွားပြီး အလွယ်တကူဖတ်နိုင်ကြလို့ဖြစ်ပါတယ်။ အဲဒီလိုသတင်းတွေချည်း မှတ်ချက်တို-ကောက်နှုတ်ထားတဲ့ ဝက်ဘ်ဆိုက်တခု လည်းမကြာခင်လုပ်ဖို့ရှိပါတယ်။ Twitter လိုမျိုးဝက်ဘ်ဆိုက်ပါ။ နောင်ကို အဲဒီမှာ တင်နိုင်ကြပါလိမ့်မယ်။
တတိယအဆင့်ကတော့ ကိုယ်တိုင်ရေးလည်းမဟုတ်၊ ယူတဲ့နေရာကိုလည်းမဖေါ်ပြပဲ ရိုးသားမှုမရှိပဲ တင်တဲ့စာမျိုးပါ။ အဲဒါကို သက်သေအထောက်အထားနဲ ့တကွ တွေ ့ရှိခဲ့ရင် ရရှိထားတဲ့ ပွိုင့်တွေ ပြန်နှုတ်မှာဖြစ်ပါတယ်။
အထက်ပါ အဆင့်များအပြင် အထူးသတ်မှတ်ထားတဲ့ မန်င်ဘာများရှိနေပြီး အဲဒီသူတွေကတော့ အပေါ်မှပွိုင့်များနှင့်မဆိုင်ပဲ ရေးတင်နိုင်ပါတယ်။
သတင်းတွေတင်ရာမှာ စာမူတွေရေးရာမှာ စာဖတ်သူတွေရဲ့ မှတ်ချက်က အင်မတန်အရေးကြီးတာကို သိကြမှာပါ။ အဲဒါကြောင့် စာဖတ်သူတွေအနေနဲ့ စာဖတ်ပြီးရင် အမှတ်ပေးစံနစ်နဲ့ အမှတ်ပေးသွားတာမျိုုး မဖြစ်မနေလုပ်ကြစေချင်ပါတယ်။ ဒါမှလည်း စာတင်သူတွေ အားရှိမှာဖြစ်ပြီး တတ်နိုင်ကြပါရင် မှတ်ချက်( Comment)ရေးကြစေလိုပါတယ်။ အဲဒါကြောင့် မှတ်ချက်(Comment)တခုရေးရင် ပေးထားတဲ့ပွိုင့်ကို ၅ဝ ကနေ ၆ဝ ကိုတိုးပေးလိုက်ပါကြောင်းလည်း အသိပေးပါရစေ။
၂ဝရက်ဇူလိုင် ၂၀၁ဝ မှစပြီး အပေါ်ကအမှတ်ပေးစံနစ်သစ်က အကျိုးသက်ရောက်မှာဖြစ်ပါတယ်။
**(ဩဂုတ် ၂၆ ၂၀၁၀)ဖြည်စွက်
မန္တလေးဂေဇက်ဝက်ဆိုက်ကို တည်ထောင်ထားတာဟာ အကျိုးအမြတ်အတွက်မဟုတ်ပဲ မြန်မာပြည်တွင်းနေတဲ့သူတွေ တန်ဖိုးရှိတဲ့ စာရေးအလေ့အကျင့်ရစေရန်နဲ့ ပြည်ပနေသူမြန်မာများနဲ့ အတွေ့အကြုံဗဟုသုတ ပေါင်းကူးဖလှယ်ကြနိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ယနေ့အထိ မင်န်ဘာအများစုဟာ အခြားနေရာများကစာတွေ၊ သတင်းတွေကို မျှဝေ၊ ကူးတင်နေသူတွေဖြစ်ကြတာကို တွေ့ရပါတယ်။
အဲဒါကြောင့် သက်မှတ်ထားတဲ့စည်းကမ်းနဲ့အညီသာ တင်ထားတဲ့ပို့စ်တွေကို ပွိုင့်ဖြတ်ချရရင် ကျန်မှာ မဟုတ်တာကိုလည်း သတိထားမိကြပါလိမ့်မယ်။
ဒါကြောင့် ရှိတဲ့ပွိုင့်တွေကို ဖြတ်ချမဲ့အစား အဆင်ပြေအောင် နောင်ပေးမဲ့ ပွိုင့်ပေးစံနစ်ကို အောက်ပါအတိုင်းပြင်ဆင်လိုက်ပါတယ်။
Number of points for each comment: 10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post: 100 (ပို့စ်တခုအတွက် ၁၀ဝ ပွိုင့်)
Number of points new members get for registering: 400 ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 4ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၄ဝ ပွိုင့်)
- စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို အထူးသတိပြုကြစေလိုပါတယ်။
- အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၁၀၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီး ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
- ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင် တပုဒ်် ပွိုင့် ၁၀၀ဝ ပေးပါမယ်။ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် နောက်ထပ် ပွိုင့် ၁၀၀ဝ ပေါင်းပေးပါမယ်။
- မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
- ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
- ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
- နိုင်ငံတွေအလိုက် ဆိုင်ရာဒေသက မြန်မာလှုပ်ရှားမှုသတင်း အများဖတ်နိုင်အောင် တင်ပေးမဲ့ မြန်မာပြည်ပြင်ပနေသူမင်န်ဘာတွေအတွက်ဖြစ်ပါတယ်။ အဲဒီသူတွေဟာ ကိုယ့်အယူအဆအတွေးအခေါ်မပါတဲ့ ဓါတ်ပုံပါသတင်း( News) တမျိုးတည်းသာတင်ခွင့်ရှိမှာဖြစ်ပြီး တင်တဲ့သတင်းအတွက် တခု ပွိုင့် ၁၂၀ဝ ပေးမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ကရမဲ့ အဲဒီပွိုင့်တွေကို စုဆောင်းထားပြီး တနှစ်တခါ မြန်မာပြည်တွင်းက (ဘာသာရေးနဲ့မသက်ဆိုင်တဲ့ )အသင်းအဖွဲ ့(သို့)နေရာတနေရာ ဒါမှမဟုတ် ပညာတော်သင်ဆု..ဒါမှမဟုတ်..တခုခု…ကို (အများဆန္ဒကောက်ခံပြီး) အားလုံးကိုယ်စား ငွေသားအနေနဲ့ လှူဒါန်းပေးမှာဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာများအနေနဲ့ မိမိတို့လုပ်အားက ရတဲ့ သတင်းကို လှူဒါန်းတာလို့ မှတ်ယူစေလိုပါတယ်။ အဲဒီအလှူမှာပါလိုသူများဟာ စာရင်းကြိုပေးစေလိုပါတယ်။ - စည်းကမ်းများမှာ ပွိုင့်နဲ့ပါတ်သက်တဲ့ ကိစ္စတွေပဲ အပြောင်းအလဲရှိသွားတာဖြစ်ပြိး ကျန်စည်းကမ်းများမှာ ယခင်ထုတ်ထားတဲ့အတိုင်းအတူုတူပင်ဖြစ်ပါတယ်
- မန္တလေးဂေဇက်မှာပုံနှိပ်ဖေါ်ပြထားတဲ့ စာမူရှင်များဟာ အထူးမန်ဘာများဖြစ်ပြီး ပွိုင့်ပေးစံနစ်များမှာ ထိုသူများနှင့်မသက်ဆိုင်ပါ။
- ယခု ပွိုင့်စံနစ်ဟာ ဒီနေ့ဩဂုတ်လ ၂၆ ရက်နေ့ကစပြိး အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ မရှင်းလင်းသည်များကို ကော်မန့်ကတဆင့်မေးမြန်းနိုင်ပါကြောင်းနဲ့ အကြံဉာဏ်များကို ကြိုဆိုပါကြောင်း..။
==
အောက်က စာကတော့ အယ်ဒီတာက ( ဩဂုတ်လ ၁၉ရက်နေ့က)ကရေးထားတာကို ဒီနေရာမှာ မန္တလေးဂေဇက်ရဲ့ အာဘော်အနေနဲ့ ထပ်မံဖေါ်ပြထားတာပါ။
Editor
August 19, 2010 at 5:52 pm
မန္တလေးဂေဇက်ဟာ အမေရိကန်ပြည်ထောင်စုမှာ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာဖြစ်ပါတယ်။ ယူအက်စ်အခြေစိုက်တာပါ။
ယုအက်စ်မှာမြန်မာပြည်ကလာပြီး အခြေချတဲ့ မြန်မာ (ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ..) တသိန်းခွဲလောက်ရှိမယ်မှန်းပါတယ်။
ဘာသာပေါင်းစုံကိုးကွယ်ကြတယ်။ ခရစ်ယန်က ဗုဒ္ဓဘာသာကိုးကွယ်သူထက် မများရင်သာနေမယ် မလျှော့လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာမွေးတဲ့ကလေး( ပထမမြန်မာ-အမေရိကန်ဂျန်နရေးရှင်း) က ခရစ်ယန်ပြောင်းကြတာများလို့ပါ။( ဘာဖြစ်လည်း။ ဘာကြောင့်လည်း တနေ့တော့ စာရေးနိုင်မယ်ထင်ပါတယ်) ။
နောက် မွတ်စလင်တွေပေါ့။ ကျုပ်တို့လော့စ်အိန်ဂျလိစ်မှာတင် မြန်မာ-မွတ်စလင် ထောင်ချီနေကြပါတယ်။ အားလုံးက မြန်မာစိတ်နဲ့ အတူယှဉ်တွဲနေထိုင်ကြတာပါ။ အစ်နေ့ဆို ဗုဒ္ဓဘာသာဝင်မြန်မာတွေ သွားစားကြသောက်ကြနဲ့။ ခရစ်ယန်တွေရဲ့ ခရစ်စမတ်အပါအဝင် ပွဲတော်နေ့လည်း မြန်မာတွေ ဘာသာတရားအစွဲနဲ့မဟုတ်ပဲ တရုံးရုံးဆိုပါတော့။ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ဘာသာစုံမြန်မာတွေလာကြ၊ စားကြသောက်ကြလှူကြနဲ့ ပျော်စရာပါ။
ပြီးခဲ့တဲ့ ၁ဝစုနှစ် ၂ခုမှာတင် မြန်မာတွေ သန်းချီပြီး မြန်မာပြည်ပြင်ပကိုထွက်ခဲ့ကြတယ်။
မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဒူဘိုင်း၊ ဘရူနိုင်း စတဲ့နိုင်ငံတွေကိုလည်း မြန်မာသောင်းသိန်းချီအလုပ်လုပ် အခြေချနေကြတာပါ။ ခရစ်ယန်နိုင်ငံတွေဖြစ်တဲ့ဥရောပမှာလည်း မြန်မာတွေ သောင်းသိန်းချီ နေနေကြပပြီ။
ပြောချင်တာက..။
မန္တလေးဂေဇက် စာဖတ်သူတွေဟာ မြန်မာတွေဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ရောက်နေတဲ့ ဘာသာစုံ၊ အသားအရောင်စုံမြန်မာတွေကို ကိုယ်စားပြုပါတယ်။
အရောင်စုံကိုယ်စားပြုတာနဲ့အညီ..ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် စတဲ့ခွဲခြားမှုမှန်သမျှ ပြင်းထန်စွာ ရှုံ့ချပါတယ်။
ဒါဟာ မန္တလေးဂေဇက်ရဲ့ ပေါ်လစီလည်းဖြစ်ပါတယ်။ မန်ဘာများတိတိကျကျ လိုက်နာစေလိုပါတယ်။ အသိစိတ်နဲ့ လိုက်နာစေလိုပါတယ်။ တခြားနိုင်ငံတွေမှာ နေထိုင်နေတဲ့ လူနည်းစု မြန်မာတွေကို ကိုယ်ချင်းစာစိတ်ထားကြစေလိုပါတယ်။ လူမျိုးရေး၊ဘာသာရေးခွဲခြားမှုအရ မြန်မာပြည်တွင်းမှာ တခုခုဖြစ်ရင် မြန်မာပြည်ပနေ (လူနည်းစု)မြန်မာလူမျိုး ညီအကိုမောင်နှမတွေ ဘယ်လိုဆက်နေထိုင်ကြရမလည်း စဉ်းစားကြည့်ကြစေလိုပါတယ်။ အရှေ ့အလယ်ပိုင်းနို်င်ငံတွေမှာ စွန့်စွန့်စားစားအလုပ်လုပ်နေကြတဲ့ မြန်မာတွေကို ငှဲ့ကြစေချင်ပါတယ်။
ထပ်ပြောရရင်..
ဒီဝက်ဘ်ဆိုက်ကို ယူအက်စ်နဲ့ ဥရောပက လာဖတ်နေသူတော်တော်များများဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ပါဘူး။
ဒါကြောင့် ဗုဒ္ဓဘာသာ စာတွေ၊ ဘုရားစာတွေ၊ ဓမ္မတွေ ဒီမှာလာမတင်ကြစေချင်ပါဘူး။ ဓမ္မာခန္ဓပေါင်း ၈၄၀၀ဝရှိပါတယ်။ ပိဋကတ်၃ပုံရှိပါတယ်။
အဲဒီစာတွေကူးတင်နေတာကို ပွိုင့်ပေးရင် ဒေါ်လာသောင်းသိန်းပေးလည်း မလောက်ပါဘူး။ ဒီဝက်ဆိုက်ဟာ တင်တဲ့စာတွေကို ပွိုင့်ပေးနေတာကို သတိပြုကြစေလိုပါတယ်။
ဘာသာရေးစာတွေဖတ်ဖို ့ဘာသာရေးဝက်ဘ်ဆိုက်တွေ ထောင်ချီရှိပါတယ်။ ဆွေးနွေးနေတဲ့ဖိုရမ်တွေရှိပါတယ်။ အဲဒီသွားကြစေလိုပါတယ်။
ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ့်အယူအဆ၊ ကိုယ်တွေ့လာတဲ့သတင်းရေးရင်း အချက်အလက်လှမ်းယူကိုးကားတာမျိုး ခွင့်ပြုနိုင်ပေမဲ့ တိုက်ရိုက်ကူးတင်နေတာဟာ ဖတ်သူတွေအတွက်လည်း အကျိုးမများစေပါဘူး။
အဓိက ဆောင်ပုဒ်ဖြစ်တဲ့ “မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ” ကိုလိုက်နာကြစေလိုပါတယ်၊
မတူသော ဆိုတာမှာ … ပုံမှန်မဟုတ်တဲ့၊ သစ်လွင်ထိုးဖေါက်တဲ့ စွန့်ဦးစွန့်စားတဲ့…
အတွေး ဆိုတာမှာ… မိမိခေါင်းထဲ၊ဦးနှောက်ထဲ ပေါ်လာသမျှတွေကို…
ကိုယ်ပိုင်စာ ခေါ်တဲ့..သူတပါးအတွေး၊အမြင်တွေ ကုူးယူဖေါ်ပြတာမျိုးမဟုတ်တဲ့ စာကိုချရေးကြစေလိုပါတယ်။
အဲဒါဆို..ဝက်ဘ်ဆိုက်ဟာ စာဖတ်လာသူတွေအတွက် အနှစ်သာရရှိ၊ တန်ဖိုးရှိမှာဖြစ်ပြီး…ရေးသူတွေကိုလည်း ပေးနေတဲ့ပွိုင့်ကို တိုးပေးသွားနိုင်ပါလိမ့်မယ်။
206 comments
Suu
June 1, 2010 at 2:37 pm
Yes, I do. I do agree to your terms of Service.
All the information I want to know are just described above comments.
Thank you for that.
But there’s something that I want to know. That is ” If I post about the real stories which will not news article, shall I get the same points as follows ဥပမာ။ ။ မြန်မာပြည်က ကလေးလူငယ်များ ဆေးလိပ်သောက်ခြင်းအကြောင်းမျိုးကို ကလေးတွေအင်တာဗျူးနဲ့တကွ ဓါတ်ပုံနဲ့ဖေါ်ပြပေးမယ်ဆိုရင် သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရမှာဖြစ်ပြီး ပွိုင့် ၂~၃သောင်း၊ ဒေါ်လာ ၂၀~၃ဝ ရမှာဖြစ်ပါတယ်။ ?”
Thank you indeed.
Suu
editor
June 1, 2010 at 10:01 pm
သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရမှာဖြစ်ပြီး ….ဆိုတာက..အယ်ဒီတာအဖွဲ ့ကရွေးချယ်ဖေါ်ပြရင်ဖြစ်ပါတယ်။
အရွေးမခံရဘူးဆိုရင်တော့..ပုံမှန်ပွိုင့်ဝင်ငွေပဲရမှာဖြစ်ပါတယ်။
အခုလောလောဆယ်တော့..အဲဒီလိုတော့ပစ်ချပေးထားတဲ့ ခေါင်းစဉ် (မြန်မာပြည်က ကလေးလူငယ်များ ဆေးလိပ်သောက်ခြင်းအကြောင်းမျိုးကို ကလေးတွေအင်တာဗျူးနဲ့တကွ ဓါတ်ပုံနဲ့…)ဆိုရင် ရွေးချယ်ခံရဖို ့အခွင့်များပါတယ်။
A4စာမျက်နှာ ၂မျက်နှာလောက် စာနဲ့ ဓါတ်ပုံအထောက်အထားအနည်းဆုံး(၄)ပုံ ပါရမှာ ဖြစ်ပါတယ်။
ကြိုးစားကြည့်စေချင်ပါတယ်..လို့..။
yannaingech
June 2, 2010 at 6:41 am
Admin ခင်ဗျာ။ တစ်ခါတစ်ရံ (ရံဖန်ရံခါ) Post တစ်ခုတည်းဟာ နှစ်ကြိမ်၊ သုံးကြိမ် ဆက်တိုက် အစဉ်လိုက်ရောက်နေတာ တွေ့ရပါတယ်။ Connection ကြောင့် ဖြစ်တဲ့ Error တွေဖြစ်နိုင်ပေမယ့် အဲဒီ Error လေးတွေကိုလည်း ထိန်းချုပ်ဖို့ စဉ်းစားပေးပါဦး။
nyiminsatt
June 3, 2010 at 6:53 pm
i am in over sea. I don’t interest in point and money. But , i really appreciate. The only thing i know , this website give me a lot of knowledge and information. thanks..:)
wailynnoo
June 4, 2010 at 8:27 am
အခုလို blog လေးတစ်ခုဖန်တီးပေးတဲ့အတွက် Mandalay Gazette ကိုကျေးဇူးတင်ပါတယ်။
နည်းပညာဆိုင်ရာ ယခုလို blog လေးတစ်ခုကိုသီးသန့်ဖန်တီးပေးရင် ပိုကောင်းမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ blogger အများစုက နည်းပညာအကြောင်းရေးကြပါတယ်။ ပြီးတော့ ရသ ဆောင်းပါးလေးတွေလဲအရေးများကြပါတယ်။ သတင်းကိုအရေးနည်းကြပါတယ်။ ကျွန်တော် web development နဲ့ပတ်သတ်တဲ့ tutorial လေးတွေတင်ထားပါတယ်။ အဲဒါရောတင်လို့ point ပေးလားဆိုတာသိချင်ပါတယ်။ သတင်းနဲ့ပတ်သတ်လို့လဲရသလောက် ကြိုးစားရေးပါမယ်။
editor
June 4, 2010 at 8:39 pm
ပွိုင့်က စာလုံး ၃၀၀ဝ ထက်မနည်းတဲ့ဘယ်စာမဆိုပေးတယ်လို့ သတ်မှတ်ထားပါတယ်။
category ခွဲပေးထားရင် နောက်လူတွေ ဖတ်ရလွယ်ပါတယ်။
သတင်းစာရဲ့ဝက်ဆိုက်ဖြစ်တာမို ့သတင်း ဦးစားပေးတာပါ။
web development နဲ့ပတ်သတ်တဲ့ tutorial လေးတွေလည်း ကောင်းပါတယ်ခင်ဗျား..။
wailynnoo
June 5, 2010 at 10:32 am
တချို့ တခြား online သတင်းဆိုဒ်တွေကနေ တိုက်ရိုက် ကူးယူတင်ပြထားတာတွေလဲတွေ့ပါတယ်။ အဲဒါတွေကရော point ရပါသလား? ကိုယ်တင်ထားတာ point တကယ်ရမရကို ဘယ်လိုသိနိုင်ပါသလဲ? ကိုယ့် cubepoint မှာပြထားတာအတည်ဘဲလား? စစ်ဆေးမှုဘယ်လိုလုပ်ပါသလဲ?
wailynnoo
June 5, 2010 at 2:18 pm
မေးဖို့ တစ်ခုကျန်သွားလို့ စာလုံးရေ (3000) ပြည့်မှ ပွိုင့်ကရမှာလား? post အများစုကစာလုံးရေ (3000) မပြည့်ကြပါ။ ကျွန်တော်တင်တဲ့ထဲမှာလည်းတစ်ခုမှမပြည့်ပါ။
wailynnoo
June 5, 2010 at 2:46 pm
နောက်တစ်ခုရှိသေးတယ် တချို့တခြား online သတင်းဂျာနယ်တွေကနေကူးယူဖော်ပြတာ တွေ့ရပါတယ်။ သတင်းကတော့ သတင်းကောင်းလေးတွေပါ။ အဲဒါရော ပွိုင့်ရပါသလား? အင်္ဂလိပ်လိုဆိုဒ်က သတင်းတွေကူးယူဖော်ပြတာရော လက်ခံပါသလား?
wailynnoo
June 6, 2010 at 8:48 am
ကျွန်တော်မေးထားတာလေးဖြေပေးစေချင်ပါတယ်။
kai
June 19, 2010 at 11:30 pm
မြန်မာပြည်တွင်းက လူတော်တော်များများက အဲဒီဝက်ဘ်ဆိုက်တွေဝင်ကြည့်လို့ခက်တာမို့ အတိုင်းအတာတခုထိ ခွင့်ပြုထားတာဖြစ်ပါတယ်။
ဒါပေမဲ့ နောက်တပါတ်(June 20)ကစလို့ ပွိုင့်မပေးတော့ပါဘူး။ ပြန်နှုတ်ပါမယ်။
အင်္ဂလိပ်ဆိုဒ်သတင်းတွေကိုတော့ ဘာသာပြန်ပြီမူရင်းကို ခရက်ဒစ်ပေးရင် လက်ခံပါမယ်။
၃၀၀ဝ က ဖျက်ဖို ့တော့ သတိပေးထားပါတယ်။ ဖျက်မဲ့အယ်ဒီတာက အခုထိမဖျက်သေးတော့ ရှိနေတာပါ။
သူပြောသလောက်အခုထိ တခုမှ ပွိုင့်မလျှာ့ထားပါဘူးတဲ့။ နောက်တပါတ်တော့ စမယ်ပြောပါတယ်။
ဒီတော့ …
အခုထိရှိပြီးသားသူတွေတော့ နှုတ်ပစ်မယ်မဟုတ်ပါ။ နောက်တပါတ်ကစပြီး တင်တဲ့သူတွေကိုနှုတ်မှာပါတဲ့။
ဒါပေမဲ့ တင်တဲ့ပိုစ့်ဟာ တရက်အတွင်း ကြည့်သူ(Hits) ၅ဝအထက်ရှိနေရင် ချွင်းချက်အနေနဲ့ မနှုတ်ပဲထားပါမယ်တဲ့။
cubepoint မှာပြထားတာအတည်ဘဲဖြစ်ပါတယ်။ နှုတ်ရင် လျှော့သွားမှာပါ။
စစ်ဆေးမှု မရှိပါ။ ကွန်ပျူတာက ပို့စ်တင်တိုင်း ပွိုင့် ၃၀ဝ ထည့်ပေါင်းပေးနေတာဖြစ်ပါတယ်။
ကွန်ပျူတာမှာ စာလုံးအရေအတွက်နဲ့ ချိန်ဆမထားပါ။ ဘယ်ပို ့စ်မဆို ၃၀ဝ ပေးနေတာဖြစ်ပါတယ်။
ကိုယ့်ပွိုင့်ကိုယ် မှတ်ထားပြီး ပို့စ်တင်ကြည့်ရင်တွေ့ရမှာပါ။
zayarsan
June 6, 2010 at 10:39 am
so great news.
i will be contribute.
thantzinmaroo
June 6, 2010 at 1:10 pm
ထူးခြားတဲ့ website ပါပဲ။ သဘောကျမိပါတယ်။
ကိုယ်ရေးချင်တဲ့ အကြောင်းအရာကို အပွင့်လင်းဆုံးရေးလို့ ရသလား သိချင်ပါတယ်။
ဘယ်လိုကန့်သတ်ချက်တွေ ရှိသေးလား သိချင်ပါတယ်။
faizal
June 7, 2010 at 5:25 am
ို myanmar IT community မှာရှိနေတဲ့user တွေအတွက်တကယ်ကိုအကျိုးရှိတဲ့လုပ်ရပ်တစ်ခုပါ။ ဒီ idea ကိုအကာင်အထည်ဖေါ်တဲ့, mdy gazzete admin ကိုတကယ်ပဲ apriciate လုပ်ပါတယ်။အောင်မြင်ကြပါစေ။
wailynnoo
June 8, 2010 at 9:41 am
စာလုံးရေ (3000) ကိစ္စ ဘယ်သူမှလည်းပြန်မဖြေကြပါ။ point တက်အောင်တော့ ရေးနေတာဘဲ တကယ်ဟုတ်မဟုတ်လည်း မသိ Editor တို့ပြန်ဖြေကြပါခင်ဗျား?
dondon
June 10, 2010 at 11:59 am
အရမ်းကောင်းတဲ့ဆိုက်တစ်ခုပါ။ကြည့်မိတာ ၃လလောက်ရှိပါပီ
ဗဟုသုတရပီးပျော်စရာကောင်းလို ့ အခုတော့ခဏခဏကြည့်ဖြစ်ပါတယ်။
တည်ထောင်တဲ့သူများ နှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကိုကျေးဇူးအထူး
တင်ပါတယ်။
www
June 13, 2010 at 2:06 pm
ဘာသာပြန်ဆောင်းပါးတွေ ရေးလို့ရ၊ မရ သိချင်ပါတယ်။
kai
June 19, 2010 at 11:11 pm
ရပါတယ်၊ ကျေးဇူးတင်စွာနဲ့လက်ခံပါတယ်။
သူများပြန်ပြီးသားကိုပြန်မတင်စေလိုပါဘူး။
ဘာသာပြန်မူရင်းတွေကို Ref:လုပ်ပေးထားစေလိုပါတယ်။ URL link ပြပေးစေလိုပါတယ်။
ဆိုင်ရာ Category တွေမှာ တင်ပေးစေလိုပါတယ်။
soemoe
June 14, 2010 at 2:11 am
ကျွန်တော်လည်းစာရေးတာကိုဝါသနာပါတယ်
စာရေးနိုင်အောင် ကြိုးစားတော့မယ်
စာကောင်းပေကောင်းမဖြစ်တောင် တစ်ခြားသူ ဗဟုသုတ ရစေမဲ့ စာပေါ့ဗျာ..
zamte
June 17, 2010 at 6:47 am
ဒီလထဲမှာ မန္တလေးဂေဇက်ကို အိနိ္ဒယနိုင်ငံ နယူးဒေလီကနေ ဖွင့်ရတာ အဆင်မပြေပါ။ error ဖြစ်နေတာ များနေပါတယ်။ ပို့စ်တင်လို့လည်း မရပါ။ ၁၃ ရက်နေ့က ကျနော် ပို့စ် ၂ ခုတင်သည်။ နောက်နေ့ပြန်ကြည့်တော့ တခုမှ မတွေ့တော့။ ဒီနေ့ ပို့စ် တခုတင်သည်။ error ဖြစ်သွားသည်။ သူများတွေပို့စ်လို မဟုတ်ပဲ ဓာတ်ပုံမပေါ် ၊ စာသားမပေါ်ဖြစ်နေသည်။ ခေါင်းစဉ်လေးသာ ပေါ်နေသည်။ ဘာကြောင့်လဲတော့ ကျနော်လည်း မသိပါ။ အက်ဒမင်ကို အကြောင်းကြားခြင်း ဖြစ်ပါသည်။
kai
June 19, 2010 at 11:18 pm
ဘယ်လိုတင်သလဲမသိပါ။ အကြောင်းတခုခုကြောင့် Zamte တင်တဲ့ပို့စ်တွေဟာ ဆာဗာကိုထိခိုက်စေပါတယ်။ ဆာဗာ errorတက်လာတာ Zamte ပို ့စ်ကြောင့်လို ့တွေ့ရပါတယ်။
အဲဒါကြောင့်..ဖျက်ဖျက်လိုက်ရတာပါ။
– စာကိုတနေရာမှာရေးပြီး တခါတည်း copy/paste လုပ်တင်ကြည့်စေလိုပါတယ်။
– ပို့စ်တင်ပြီးမှ ထပ်ထပ်မပြင်စေလိုပါဘူး။
– tag, custom fields တွေမှာ စာတွေမဖြည့်ပါနဲ့။
– Category တခုပဲရွေးကြည့်ပါ။
– ခေါင်းစီးကို တိုတိုပဲရေးကြည့်ပါ။ quote, comma မထည့်ပါနဲ့။
အဲဒီလိုစမ်းသပ်ကြည့်ပါဦးခင်ဗျား။
zamte
June 21, 2010 at 6:24 am
အိုကေပါ။ ကျနော် ပြန်ပြီး ကြိုးစားကြည့်ပါဦးမယ်။ ခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
kai
June 21, 2010 at 8:26 am
ဖြစ်နေတုန်းပဲဗျ..။ သဇင်နီ တင်ထားတာတွေ့ရပြီးအဲဒီမှာ အယ်ရာတက်နေလို့ဖြုတ်လိုက်တော့..ဆာဗာပြန်ကောင်းသွားပါတယ်။
စာလေးလေးငါးကြောင်းလောက်ပဲ ရိုက်ပြီးတင်ကြည့်ပါလား။
တကယ်လို့..အဲဒါတောင်အယ်ရာရှိတယ်ဆိုရင်.. ရဲ့ယူဆာအကောင့်မှာပြသနာရှိနေတာဖြစ်နိုင်ပါတယ်။
nay phonehlan
June 24, 2010 at 1:22 am
အခု အရမ်း ပို ပြီး ရှင်း သွား ပြီ ဖတ် ရ တဲ့ သူ တွေ ဝမ်း သာ ဖွယ်
သတင်း စာ ထွက် ပြီလား ကို ခိုင်…..
kai
June 24, 2010 at 8:14 pm
သတင်းစာထွက်ပါပြီ။ တလက်စထဲ မနေ့က ဆာဗာအယ်ရာတက်နေလို့ မဝင်လိုက်နိုင်သူတွေကိုတောင်းပန်ချင်ပါတယ်။
ဗားရှင်းအသစ်တင်ဖို ့..ဘက်ကပ်လုပ်နေရလို့လို့ ဆိုပါတယ်။
maungshwe
June 27, 2010 at 9:25 am
Category ကိုဘယ်လိုခွဲပို့လဲဟင်။
osprey
June 29, 2010 at 7:55 am
ကျန်တော် ဖူံးအကြောင်း (၅ သိန်းတန် ) ကို မြန်မာနို်င်ငံက (အထူးသဖြင့် ရန်ကုန်က) လူတွေ ရစေချင်လို့ ပို့တင်လိုက်ပါတယ် ၊ဒါပေမယ့် တင်လို့မရပါ ။ အီးမေး နဲ့ ပို့ ဖို့ကို ဘယ်လိပ်စာကိုပို့ရမလဲ ခင်ဗျာ။ နောက်ကျသွားရင် လိုနေတဲ့လူတွေ မရသွားမှာ စီုးလို့ပါ။ ရန်ကုန်မှာက အခုလို မည်သူမဆို ဖူံး ရဖို့ဆိုတာ မလွယ်လို့ပါ။
saund
July 2, 2010 at 6:02 am
အဖွဲ ့ဝင်များနဲ ့တိုင်ပင်ပြီးရင် saundoo@gmail.com ကို အကြောင်းပြန်ပေးစေချင်ပါတယ်
>>>>>>>>>>>>>>>>>>>>
kai June 19, 2010 at 11:40 pm · Reply
အခုတွေးခေါ်စဉ်စားချက်က တော်တော်ကောင်းပါတယ်။
ကျန်တဲ့ ရုံးအဖွဲ့သားတွေနဲ့ သေသေချာချာ ဆွေးနွေးကြည့်ပါဦးမယ်။ နာရေးကူညီမှုအသင်းအနေနဲ့ပုံမှန်ဝင်ငွေရှိသွားမှာဖြစ်လို့ပါ။
အကြံညဏ်လေးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။
mgbakyaing
July 2, 2010 at 1:04 pm
ပိုင်ဆိုင်စာမူကိုဥိီစားပေးမှာလား
တခြားနေရာ ဂျာနယ်တွေကနေပြန်ကူးတင်တာရောတွေ့နေသလိုပဲ
မမ်ဘာတစ်ယောက် တရက်ကို ပို့စ်ဘယ်နှစ်ခုတင်ခွင့်ပေးသလဲ
နောက်ပြီး တင်ပေးသင့်တဲ့ ပို့စ် မတင်သင့်တဲ့ပို့စ် ရွေးချယ်သလား
ဖြစ်သလိုရေးတင်တာကအစ အားလုံးတင်ပေးရင် ပို့စ်ဖောင်းပွပြီး စာဖတ်တဲ့သူတွေကို စိတ်ပျက်စေနိုင်တယ်လို့ထင်မိတယ်
maungshwe
July 3, 2010 at 4:46 am
HELP!!!
I cant c anything written in Burmese on this web.
maungshwe
July 3, 2010 at 5:06 am
HELP!!!
I cant c anything written in Burmese on this Web.
Tell me what i can do,please.(In English)
Thz
editor
July 11, 2010 at 9:03 am
If you are not able to read the Burmese/Myanmar content properly on this website, please DOWNLOAD Zawgyi-One font and install it on your computer.
http://myanmargazette.net/?page_id=360
zamte
July 5, 2010 at 6:58 am
ကျနော်တင်ထားတဲ့ ဦးနေဝင်း၏ ဇနီးဟောင်းတယောက်အကြောင်း တစေ့တစောင်းဆိုတဲ့ပို့စ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကအထိ Most Read စာရင်း ဒုတိယနေရာမှာ တွေ့လိုက်ရပါတယ်။ ဒီနေ့တော့ မရှိတော့ပါ။ ဘာကြောင့်လဲဆိုတာလေး သိပါရစေ။ ခုလို မေးရတာဟာ ကိုယ်တင်တဲ့ ပို့စ်မတွေ့လို့ သိချင်တာလည်းပါသလို Most Read ရဲ့ စနစ်ကိုလည်း သိချင်လို့ပါ။ ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်
zamte
July 5, 2010 at 7:34 am
အင်ဒမင်က ကွန်မန့်ကနေ မေးလာတဲ့ မန်ဘာတယောက်ကို ဖြေထားတဲ့ အထဲမှာ မရှင်းတာရှိလို့ ထပ်မေးလိုက်ပါတယ်။ ဖြေထားတဲ့အထဲမှာ “မြန်မာပြည်တွင်းက လူတော်တော်များများက အဲဒီဝက်ဘ်ဆိုက်တွေဝင်ကြည့်လို့ခက်တာမို့ အတိုင်းအတာတခုထိ ခွင့်ပြုထားတာဖြစ်ပါတယ်။
ဒါပေမဲ့ နောက်တပါတ် (June 20) ကစလို့ ပွိုင့်မပေးတော့ပါဘူး။ ပြန်နှုတ်ပါမယ်။” လို့ ပါပါတယ်။ ဆိုလိုတဲ့သဘောက အွန်လိုင်း သတင်းဌာနတွေကနေ ကူးယူတင်ပြလို့တော့ ရတယ်။ ပွိုင့်တော့ မပေးတော့ဘူး။ ပြန်နှုတ်မယ်လို့ ဆိုလိုတာလား ခင်ဗျ။ သေချာအောင် ကွန်ဖန်းလုပ်တာပါ။ ဖြေပေးပါဦး ခင်ဗျ။
editor
July 11, 2010 at 8:55 am
ဟုတ်ပါတယ်။ တိုက်ရိုက်ကူးတင်တာကို ဝက်ဘ်ဆိုက်ရဲ့မူအားဖြင့်သဘောမတူပါဘူး။ ဟိုဖက်က သတင်းလိုက်ထား၊၊ရေးထားရတဲ့သူကို စာနာလို့ဖြစ်ပါတယ်။ နောက် မန္တလေးဂေဇက်ဝက်ဘ်ဆိုက်ဟာ အမေရိကအခြေစိုက်ဖြစ်တာမို ့မူပိုင်ခွင့်အလေးထားလို့လည်းဖြစ်ပါတယ်။
ပြန်ကူးတင်သူဟာ သူများစာ၊သတင်း၊နဲ့ ကိုယ်ကအကျိုးအမြတ်တခုခုရယူတဲ့သဘောဖြစ်နေတာမို့ အဲဒါဟာ တရားမျှတခြင်းလည်းမရှိပါဘူး။ ဆုကြေးငွေပေးမယ်ဆိုရင်လည်း ဘယ်သူ့ကိုဘယ်လိုပေးရမလဲ ပြသနာရှိလာပါတယ်။
အဲဒါကြောင့် ပြန်ကူးတင်နေသူတွေကို ပေးထားတဲ့ပွိုင့်တွေပြန်နှုတ်ဖို ့မူအားဖြင့် ပြထား၊ ပြောထားပါတယ်။ အဲဒီအတွက် တခြားအယ်ဒီတာတယောက်က အချိန်ရှိရင်ရှိသလို ပြုတ်တာ၊တပ်တာတွေလုပ်နေပါတယ်ခင်ဗျား။
ဒါပေမဲ့အလွန်ထူးခြားတဲ့သတင်းတွေ၊ ဆောင်းပါးတွေကတော့ မြန်မာပြည်တွင်းကသူတွေဟာ အဲဒီသတင်းဌာနတွေကိုတိုက်ရိုက်မကြည့်နိုင်တာမို ့ပြည်တွင်းကသူတွေဖတ်နိုင်စေဖို့ အတိုင်းအတာတခုအထိခွင့်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီအခြေအနေကြားထဲ ချိန်ဆလုပ်နေတာပါခင်ဗျား။
winne
July 10, 2010 at 11:36 am
မေးချင်ပါတယ်။ ဒီဆိုက်ကြီးကို ကြည့်တဲ့လူတွေ များရင် bagan ကနေ ဘန်းရင် ဘယ်လို လုပ်မလဲဟင်.. ပြည်တွင်း လက်အောက်ခံ မဟုတ်တော့ ထိန်းချုပ်မှုမဲ့တဲ့ အတွက်.. ဘန်းတာတွေ ဖြစ်တတ်တဲ့ အတွက် စိတ်ပူမိပါတယ်။ နည်းပညာ ရှိရင် ဘန်းခဲ့ရင် ကြည့်လို့ရဖို့ နည်းစနစ်တွေလည်း ပြောပြစေချင်ပါတယ်
editor
July 11, 2010 at 9:01 am
အဲဒါတော့ ဘာမှမတတ်နိုင်ပါဘူး။ မန္တလေးဂေဇက်ဟာ လွတ်လပ်စွာရေးသားတာကို အလွန်တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ဆိုင်ရာနိုင်ငံတွေရဲ့ ဥပဒေ၊မူတွေကိုလည်း လေးစားပါတယ်။ င်္ဒတော့ ဘန်းတာတွေမဖြစ်စေချင်ရင် ဘန်းမဲ့စာတွေ အလိုက်တသိနဲ့ (မန်င်ဘာတွေက) မတင်ကြဖို့ပါပဲ။
Pa Pa
July 10, 2010 at 2:45 pm
ကျွနုပ် ကွန်မန့်တွေသတင်းတွေလိုက်ဖတ်နေတာ ဒီဆိုဒ်မှာ အတော်ကြာနေပြီဒါကတချက်၊……..အပါဝင်top tenထဲကလူတွေအားလုံးကပြည်တွင်း ထဲကလို့ဆိုလိုပါသလား?
်၊မြန်မာပြည်ကရေးတဲ့လူဘဲပွိုင့်ရတယ် ခံစားပိုင်ခွင်ရှိတယ် ဆိုတော့ဘာကြောင့်လဲ၊ခွဲခြားမှူ့ဖြစ်နေသလားလို့
editor
July 11, 2010 at 8:24 am
Top Ten ကအကုန် မြန်မာပြည်ကမဟုတ်ပါ။ မြန်မာပြည်ကဟုတ်မဟုတ် အက်ဒ်မင်က IP Address ကြည့်ပြီးသိနိုင်ပါတယ်။ ပွိုင့်ကရေးတဲ့သူအားလုံးကိုပေးပြီး မြန်မာပြည်ကရေးတဲ့သူကိုပဲ ပွိုင့်ကနေ ငွေအဖြစ်ပြောင်းပေးတာဖြစ်ပါတယ်။ မြန်မာပြည်ပြင်ပနေသူတွေအတွက်ကတော့ ငွေပေးဖို့အစီအစဉ်မရှိသေးပါကြောင်း..။
zawana
July 12, 2010 at 11:47 pm
Editor ခင်ဗျား… အခု ကျနော်က ပြည်ပကနေ ပို့စ်တွေတင်နေတဲ့ မြန်မာနိုင်ငံသား စစ်စစ်ပါ။ မြန်မာနိုင်ငံ ပြန်ရောက်ရင်လည်း ပို့စ်တွေ ဆက်တင်သွားမှာပါ။ အဲလိုမျိုးဆိုရင် ပွိုင့်တွေနဲ့ ပတ်သက်ပြီး အကျိုးခံစားခွင့်က ဘယ်လိုဖြစ်မှာပါလဲ ခင်ဗျာ ? ပြည်ပမှာရေးခဲ့တဲ့ ပို့စ်တွေရဲ့ ရသင့်တဲ့ ပွိုင့်တွေကို မြန်မာနိုင်ငံရောက်ရင်လည်း ဆက်လက်ပြီး တပေါင်းတည်း ရရှိမှာလား၊?
kai
July 15, 2010 at 10:03 am
ပြည်ပမှာရေးခဲ့တဲ့ ပို့စ်တွေရဲ့ ရသင့်တဲ့ ပွိုင့်တွေလွဲပြောင်းခွင့်မရှိပါခင်ဗျား..။
မြန်မာပြည်ပြန်ရောက်ရင် နောက် အကောင့်တခုထပ်ဖွင့်ပြီးမှ တင်စေလိုပါတယ်။ ဝက်ဘ်ဆိုက်မှာ လူတွေများတော့ တဦးချင်းစီအတွက်သီးသန့်ခွဲမလုပ်နိုင်တာမို ့ နိုင်ငံခြားကပြန်ပြီး မြန်မာပြည်ဖက်ကတင်နေလည်း မြန်မာပြည်တွင်းကမဟုတ်ဖူးလို့ ထင်နေမှာစိုးလို့ပါ။
winne
July 11, 2010 at 5:49 am
နောက် သိချင်တာ ရှိသေးလို့ မေးလိုက်အုန်းမယ်။ အခု top ten တွေမှာတောင် ၆သောင်း ကျော် တွေဘဲ ရှိနေသေးတယ်။ အဲဒီကနေ ပိုက်ဆံ ထုတ်ထားဘူးတဲ့ သူတွေ ရှိဘူးလားဟင်။ သိချင်လို့ အဲဒါလေးဖြေပေးပါ။
editor
July 11, 2010 at 8:26 am
၁သိန်းပြည့်တဲ့သူတွေ ငွေထုတ်သွားကြလို့ပါ။ အဲဒါဆို ပွိုင့်က အစကပြန်စပါတယ်။
winne
July 11, 2010 at 7:20 am
ခေါင်းစဉ်ဘယ်လို ခွဲရမလဲဟင် တခုတော့ တင်ထားလိုက်ပြီ။ သတင်းဆိုတဲ့ နေရာမှာ ဝင်နေတဲ့ အတွက် ခေါင်းစဉ်ခွဲပြီးထားချင်တယ် ပြီးတော့ ဝတ္တုတို သဘောမျိုး ရေးချင်တယ် အဲဒါမျိုးကော ရေးလို့ရလား ဘယ်လို ခေါင်းစဉ်မျိုးမှာ ရေးသင့်လဲ ပြန်ဖြေပေးပါအုန်းနော်
editor
July 11, 2010 at 8:44 am
စာတင်တဲ့အခါ(New Post)မှာ တင်တဲ့အကွက်ရဲ့ညာဖက်ဘေးအလယ်လောက်မှာ Categories ခေါင်းစဉ်တွေခွဲပြီးဖေါ်ပြထားတာရှိပါတယ်။ အဲဒီမှာဆိုင်ရာခေါင်းစဉ်ကို Check Markလုပ်ပေးရမှာဖြစ်ပါတယ်။ ဝတ္တုတိုတင်တယ်ဆို Creative Writing > Short Story ဆိုတာမျိုးကို Check Mark လုပ်ပေးပါ။ ခေါင်းစဉ်ခွဲခြင်းအားဖြင် ကိုယ့်စာကို အချိန်ကြာသွားလည်း လူတွေ(စာဖတ်သူတွေ) ဆိုင်ရာခေါင်းစဉ်အလိုက် အလွယ်တကူပြန်ရှာဖတ်နိုင်မှာမို ့ဖြစ်ပါတယ်။ တတ်နိုင်ရင် Post Tags ဆိုတဲ့နေရာမှာလည်း (,)ကော်မာခံပြီးကိုယ့်စာရဲ့အရေးကြီးတဲ့စာလုံး၃-၄လုံး (ဒါမှမဟုတ်) ခေါင်းစီးစာသားကို (,)ကော်မာခံပြီး ထည့်သွင်းဖြည့်ကြစေချင်ပါတယ်။ ဒါမှ စာဖတ်သူတွေကသိချင်တာကို Search မှာကိုယ်ရေးထားတဲ့စာနဲ့ကိုက်ညီရင် ရှာတွေ့လွယ်တာမို ့ဖြစ်ပါတယ်။
စာဖတ်သူအရေအတွက်(ဘယ်လောက်ဖတ်ထားသလဲ Hit Count )ဟာနောင်နှစ်စဉ်လုပ်မဲ့ မန္တလေးဂေဇက်ဆုပေးဖို့အစီအစဉ်မှာ ထည့်သွင်းစဉ်းစားမှာမို ့ကိုယ်တင်တဲ့စာကို လူဖတ်များအောင် စာရေးသူတွေကိုယ်တိုင်ကြိုးစားကြစေချင်ပါတယ်။
စာဖတ်သူများဖက်ကလည်း ကိုယ်ကြိုက်တဲ့စာမူ၊သတင်း၊ဆောင်းပါးတွေကို စာမူ(Post)အောက်ကကြယ်အရေအတွက်စံနစ်နဲ့အမှတ်ပေးစံနစ်အရ တတ်နိုင်သလောက်(ရိုးရိုးသားသား)အမှတ်ပေးသွားစေလိုပါတယ်။ ဒါမှ ဆုပေးစံနစ်မှာ အထောက်အကူရမှာမို ့ဖြစ်ပါတယ်။
Pa Pa
July 11, 2010 at 7:50 pm
ဖေါ်ပြထားတဲ့ တော့ပ်တန်း တွေရဲ့ ရလာပွိုင့်ငွေသားတွေ ကိုဘာကြောက့်ဖေါ်ပြရသလဲဆိုတာရယ် ကျွနုပ်ရေးလို့ရလာ ပိုွ့င်သားတွေ ကိုပါ ဒီလိုဖေါ်ပြခံရမှာလား ဆို တာဖြေပေးစေချင်ပါတယ်…နောက်တစ်သိန်းပြည့် လို့ထုတ်ယူသွားတဲ့ လူတွေ ဟာ ဘယ်သူတွေဆိုတာရောဖေါ်ပြပေးစေလိုပါ တယ်..။ ကျေးဇူး အထူးတင်ရှိပါ သည်..။နောက်တော့ပ်တန်းတွေဟာ ပြည်ပမှာရှိနေကျတယ် လို့ဖတ်ရတယ် ဒါဆိုပွို့င်သားတွေကိုဖေါ်ပြချင်းဟာ
ဘာကိုဆိုလို သက်ရောက်စေသလဲဆိုတာကိုဖြေကြားပေးပါ မိတ်ဆွေ…..။
editor
July 12, 2010 at 8:46 am
Top Ten ကအကုန် မြန်မာပြည်ကမဟုတ်ပါ။
ဆိုတာကို အဓိပါယ်ကောက်လွဲသွားတယ်ထင်ပါတယ်။
ဆိုလိုတာက Top Ten ကပြထားတဲ့လူတွေအားလုံးမြန်မာပြည်ကမဟုတ်ပဲ ပြည်ပကရေးနေတဲ့သူတွေလည်းရောပါနေတယ်ဆိုလိုတာပါ။
ဒါပေမဲ့ မြန်မာပြည်ကလူပိုများပါတယ်။
– ကိုယ့်ပွိုင့်အရေအတွက်ဘယ်လောက်ရှိနေပြီလဲဆိုတာကို ဝက်ဘ်ပေ့ဂျ်ရဲ့ ဘယ်ဖက်အပေါ်ထောင့်မှာပေါ်နေတာဖြစ်ပါတယ်။ တကယ်လို့ Top Ten ထဲပါလာလောက်အောင်ပွိုင့်များရင် Top Ten မှာပါလာမှာဖြစ်ပါတယ်။
– ငွေပေးငွေယူနဲ့ပါတ်သက်ပြီး မည်သူ့ကိုမှထုတ်ပြန်ပေးမှာမဟုတ်ပါ။
– ပြည်ပရောက်နေသူများကိုပါ ပွိုင့်သားပြနေခြင်းဟာ ဒီဝက်ဘ်ဆိုက်ရဲ့ ပရိုဂရမ်အရ ပြနေခြင်းသာဖြစ်ပြီး (အခုထိ) မည်သို့မျှ စီစဉ်ထားခြင်းမရှိပါ။
marnat
July 12, 2010 at 5:23 am
interviewဆိုရင်ဓါတ်ပုံပါတင်ရလား
editor
July 12, 2010 at 8:48 am
သတင်းရော။ အင်တာဗျူးရော …ဓါတ်ပုံပါတင်ရင် သတင်းစာမှာပါ ပုံနှိပ်ဖေါ်ပြခံရဖို့ အခွင့်အလမ်းပိုရှိပါတယ်။
ပုံနှိပ်ဖေါ်ပြခံရရင် စာမူခ သီးသန့်ရမှာဖြစ်ပါကြောင်း
kopauk mandalay
July 12, 2010 at 12:14 pm
ုkai ရေ
ညီတို့ပြောတဲ့အတိုင်းရေးပေးမယ်လို့စာပို့ထားပါတယ်။
လောလောဆယ် ရေးလက်စကို အဆုံးထိပြီးအောင်အရင်ရေးလိုက်ပါမယ်။
ပြီးမှ ညီတို့လိုချင်တဲ့ ပုံစံရောက်အောင်တည်းဖြတ်ပြီးရင်
တစ်ခါတည်းခါတိုင်းလိုတင်လိုက်ရမလား ညီတို့ကို
ဆက်သွယ်ရမှာလား။
(3)မျက်နှာဆိုတာ စာလုံးရေးခန့်မှန်းခြေဘယ်လောက်ရှိသလဲ
ခေါင်းစဉ်အသစ်ပြောင်းပေးရမှာလားကို ပြောပေးစေလိုပါတယ်။
အကိုက အခုကစပြီး တည်းဖြတ်ပြင်ဆင်ထားမှာမို့လို့ပါ။
ခုလိုကမ်းလှမ်းတာကျေးဇူးပါ။
ခင်သော kopauk mandalay
kai
July 12, 2010 at 8:41 pm
စာမရပါခင်ဗျား။
စာကို editor(at)myanmargazette.net ကိုတိုက်ရိုက်ပို့ပေးစေလိုပါတယ်။
editor
July 20, 2010 at 7:22 am
**(ဂျူလိုင် ၁၉ ၂၀၁၀)ဖြည်စွက်
တင်တဲ့ပို့စ်များအတွက် ငွေပေးစံနစ်ကို အဆင့် ၃ဆင့် သတ်မှတ်လိုက်ပါတယ်။
ပထမအဆင့်က “မတူသောအတွေးနှင့်ကိုယ်ပိုင်စာ ချရေးသူ”များဖြစ်ပြီး အဲဒီစာမူမျိုးတင်သူတွေကို ပို့စ်တခုအတွက် ပွိုင့်၅၀ဝ ပေးပါမယ်။ ကိုယ်တိုင်လိုက်ရထားတဲ့သတင်း၊ ဆောင်းပါး၊ စာမူ၊ ဝတ္တု၊ ဓါတ်ပုံ၊ ဆောင်းပါး၊အားလုံးအကြုံးဝင်ပါတယ်။ အယ်ဒီတာမှ စာမူကိုစိစစ်ပြီးနောက် ပွိုင့်ကို ပုံမှန် ၂၀ဝ အလိုအလျှောက်ရတာကနေ ပွိုင့်၅၀ဝပြည့်အောင်တိုးပေးသွားမှာဖြစ်ပါတယ်။
ဒုတိယအဆင့်က မူလ Source ကို ခရက်ဒစ်ပေးပြီး ဖော်ပြပေးတဲ့စာမူ၊ နောက်…မူလ Source တော့မသိဘူး ဒါပေမယ့် ကြိုက်လွန်းလို ့အီးမေးလ်ကရလို ့ လက်ဆင့်ကမ်းလိုက်တဲ့စာ ဆိုပြီး ရိုးရိုးသားသား ဝန်ခံတဲ့စာမူတွေအတွက်ဖြစ်ပါတယ်။ အဲဒီပို့စ်ကို ပွိုင့် ၂၀ဝ ပေးပါမယ်။ အထူးသတိပြုစေလိုတာကတော့မြန်မာပြည်ပြင်ပ(မြန်မာ)မီဒီယာဌာနတွေက စာမူတွေ၊ သတင်းဆောင်းပါးတွေတင်ခွင့်မရှိတော့ပါဘူး။ အဲဒီစာတွေကို ဆိုင်ရာသတင်းဌာနဝက်ဘ်ဆိုက်သွားပြီး အလွယ်တကူဖတ်နိုင်ကြလို့ဖြစ်ပါတယ်။ အဲဒီလိုသတင်းတွေချည်း မှတ်ချက်တို-ကောက်နှုတ်ထားတဲ့ ဝက်ဘ်ဆိုက်တခု မကြာခင်လုပ်ဖို့ရှိပါတယ်။ Twitter လိုမျိုးဝက်ဘ်ဆိုက်ပါ။ နောင်ကို အဲဒီမှာ တင်နိုင်ကြပါလိမ့်မယ်။
တတိယအဆင့်ကတော့ ကိုယ်တိုင်ရေးလည်းမဟုတ်၊ ယူတဲ့နေရာကိုလည်းမဖေါ်ပြပဲ ရိုးသားမှုမရှိပဲ တင်တဲ့စာမျိုးပါ။ အဲဒါကို သက်သေအထောက်အထားနဲ ့တကွ တွေ ့ရှိခဲ့ရင် ရရှိထားတဲ့ ပွိုင့်တွေ ပြန်နှုတ်မှာဖြစ်ပါတယ်။
အထက်ပါ အဆင့်များအပြင် အထူးသတ်မှတ်ထားတဲ့ မန်င်ဘာများရှိနေပြီး အဲဒီသူတွေကတော့ အပေါ်မှပွိုင့်များနှင့်မဆိုင်ပဲ ရေးတင်နိုင်ပါတယ်။
သတင်းတွေတင်ရာမှာ စာမူတွေရေးရာမှာ စာဖတ်သူတွေရဲ့ မှတ်ချက်က အင်မတန်အရေးကြီးတာကို သိကြမှာပါ။ အဲဒါကြောင့် စာဖတ်သူတွေအနေနဲ့ စာဖတ်ပြီးရင် အမှတ်ပေးစံနစ်နဲ့ အမှတ်ပေးသွားတာမျိုုး မဖြစ်မနေလုပ်ကြစေချင်ပါတယ်။ ဒါမှလည်း စာတင်သူတွေ အားရှိမှာဖြစ်ပြီး တတ်နိုင်ကြပါရင် မှတ်ချက်( Comment)ရေးကြစေလိုပါတယ်။ အဲဒါကြောင့် မှတ်ချက်(Comment)တခုရေးရင် ပေးထားတဲ့ပွိုင့်ကို ၅ဝ ကနေ ၆ဝ ကိုတိုးပေးလိုက်ပါကြောင်းလည်း အသိပေးပါရစေ။
အရင်မူလကတည်းက ရှိနေပေမဲ့ မင်န်ဘာတွေသတိမထားမိတဲ့ ပွိုင့်စံနစ်တခုလည်း ပြောထားပါရစေ။
မင်န်ဘာတွေဟာ ကိုယ့်အကောင့်ထဲကို တရက်အတွင်းမှာ Login တခါလုပ်ရင် ၁ဝပွိုင့်ထည့်ပေါင်းပေးပါတယ်။
၂ဝရက်ဇူလိုင် ၂၀၁ဝ မှစပြီး အပေါ်ကအမှတ်ပေးစံနစ်သစ်က အကျိုးသက်ရောက်မှာဖြစ်ပါတယ်။
onlinezz
July 20, 2010 at 8:56 am
မသိလို ့မေးပါရစေ။ပြည်တွင်း ( သို ့) ပြည်ပက တင်တယ်ဆိုတာ IP adress နဲ ့ကြည့်တာလား။တကယ်လို ့ Ghostery နဲ ့ Blocking လုပ်ထားရင်ရော သိနိုင်ပါသလား Admin.
Yin Nyine Nway
July 20, 2010 at 11:49 am
ဓါတ်ပုံတွေ တင်ချင်တယ်ဗျို့
ဘယ်လိုတင်ရမလဲပြောပြပါ
moehein87
July 21, 2010 at 3:54 am
မိဘမဲ့ကလေးတွေနဲ့ပတ်သတ်တဲ့သတင်းနဲ့ဓါတ်ပုံတွေဆိုရင်ရော….အင်တာဗျူးတာထည့်ပေးဖို့လိုလားဆိုတာသိချင်ပါတယ်….။ Website ကိုအခုမှစပြီး သတိထားမိတာပါ…။ မြန်မာပြည်နဲ့ပတ်သတ်တဲ့သတင်းတွေနဲ့ တခြားဗဟုသုတတွေအများကြီးရတဲ့အတွက် ဝမ်းသာမိပါတယ်…။ ကျေးဇူးလဲတင်မိပါတယ်…ဗျာ…။
လင်းဝေကျော်
July 22, 2010 at 5:11 am
ဂျူလိုင်၁၉ဖြည့်စွက်ချက်ကို ကြိုက်ပါတယ်။
စာတွေ သန့်နေအောင် စာစစ်စာတည်းများလည်း အလုပ်လေး လုပ်ပေးပါ။
မဟုတ်တာတွေ ကူးတာတွေက အဟောင်းတွေ ပြန်တင်တာများနေတော့ ဖတ်မကောင်းလှပါ။
အရင် က ကူးတင်ထားတာတွေ ကို ပြန်မဖြုတ်ဘူး ဆိုတော့ အသိနောက်ကျလေးခြင်း လို့ တစ်ချို့တွေးမိမှာပါပဲ။
သတင်းစာ ထွက်ရင် ဘယ်မှာ ဖတ်လို့ ရမှာလဲ သိချင်ပါတယ်။
လင်းဝေကျော်
July 22, 2010 at 6:44 am
ထပ်ပြောချင်သေးလို့
မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါဆိုလို့ အစတော့ တွေးမိတာတွေ ရေးပြီးတင်တော့
အခြားသူများက ကူးပြီးတင်နေတော့ တော်တော် စိတ်ပေါက်လို့ ဘာမှတောင် မရေးတော့ဘူးလို့ ပစ်ထားလိုက်သေးတာ။
မနေ့ကမှ ရေးချင်တာလေးရေးတင်လိုက်သေးတယ်။ ဒီမနက် ဝင်ဖတ်တော့ မေးလ်တွေက ပို့ထားတာတွေကို ကူးတင်နေကြတာ
ဟာသကော ဟိုဟိုဒီဒီကော စုံနေတာပဲလေ။
အခု ပြန်သန့်ဖို့လုပ်နေတယ် ဆိုတော့ ကြိုဆိုပါတယ်။
မြန်မြန်လုပ်ပါ။ တကယ် ကိုယ်ပိုင် အတွေးများနဲ့ရေးသော စာကောင်းများအတွက် နေရာလေးတစ်ခုဖြစ်စေချင်လို့ပါ။
အယ်ဒီတာ ဆိုတာ စာလေးတော့ တည်းပေးဦးမှပေါ့။
ဆိုဒ် အဘန်းမခံရအောင်လည်း တုန်းလေးဘာလေး ညှိပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။
ဒါဘူလေးလဲတို့ ဘာတို့ကော ကိုယ်ပိုင်အတွေးနဲ့ စာများထဲ ဝင်သလား။
အညှီအဟောက် အတင်းဆိုရင် Hits များမှာပါ။ အဲဒါကိုကော ဘယ်လိုစဉ်းစားသတုန်း။
နာမည်အခန့် နဲ့ အညီ စာ အသန့်များ တင်နိုင်ပါစေ။
စာတည်းမယ့် သူကို လည်း အလုပ်တကယ်လုပ်နိုင်သူသာ ထားပါလေ။
thihayarzar
July 25, 2010 at 9:11 am
ဓာက်ပုံတွေကြည့်ပဲအများကြီးတင်ချင်လို့ပါ။ ဘယ်ကနေဘယ်လိုတင်ရမလဲ။ ဖြေကြားပေးပါ။
kai
July 25, 2010 at 9:30 am
http://myanmargazette.net/mediashelf/
အပေါ်ကလင့်ခ်ကိုသွားပြီး Register လုပ်ပါ။ ပြီးရင်အလိုရှိသလောက် ဓါတ်ပုံတွေတင်နိုင်ပါပြီ။