Who? What? Where? When? Why? How?
- Who? Who was involved?
- What? What happened (what’s the story)?
- Where? Where did it take place?
- When? When did it take place?
- Why? Why did it happen?
- How? How did it happen?
မြန်မာပြည်က ဘလော့ဂ် ရေးသူတွေ ကိုယ့်ဘလော့ဂ်နဲ့ ဖိုရမ်စတာတွေမှာ တင်သလို ဒီမှာ စာတပုဒ်လာတင်ရင် ပွိုင့် (၄၀၀) ရမှာဖြစ်ပါတယ်။
(အခြားနိုင်ငံနေသူများအတွက် ပွိုင့်အား ငွေသားအဖြစ် လဲလှယ်လွဲပေးမည်မဟုတ်ပါ၊အခုအစီအစဉ်ဟာ မြန်မာပြည်တွင်းနေသူများအတွက်သာဖြစ်ပါတယ်။ )
စာတပုဒ်ဟာ စာလုံးရေ အနည်းဆုံး (၃၀၀၀)* ရှိရမှာဖြစ်ပါတယ်။စာလုံးရေကလည်း အလိုအလျှောက်တွက်ပါလိမ့်မယ်။ (စာရိုက်နေတဲ့နေရာရဲ့ ဘယ်ဖက်အောက်ကိုကြည့်ပါ)
ကိုယ်ရမဲ့ ပွိုင့်တွေက ဝက်ဘ်ဆိုက်ပထမစာမျက်နှာရဲ့ ဘယ်ဖက်ဒုတိယကော်လံမှာ ပေါ်နေပါလိမ့်မယ်။
ဝင်ငွေရဖို့အတွက် ပထမဆုံးဒီဝက်ဘ်ဆိုက်မှာ Register လုပ်ရမှာဖြစ်ပြီး သာမန် Blogspots.com, WordPress.com မှာစာတွေတင်သလို တင်သွားကြရမှာပါ။ Register လုပ်ခြင်းအတွက် သီးသန့် ပွိုင့် (၅၅၅)ထပ်ရဦးမှာဖြစ်ပါတယ်။
ဒီတော့ ပထမဆုံး မှတ်ပုံတင်ပြီး ရေးနေကျအတိုင်း ကိုယ့်ဘလော့ဂ်မှာ ချက်ချင်းမရေးသေးပဲ ဒီမှာ အရင်လာရေးတင်ရင် ပွိုင့်(၈၅၅)ရမှာပါ။
မှတ်ပုံတင်ထားတဲ့ သူအနေနဲ ့Comment တွေလိုက်ရေးပြီး ပွိုင့်တွေရနိုင်ပါသေးတယ်၊ Commentတခုအတွက် ပွိုင့်(၅၀) ရပါမယ်။ကျပ် ၅ဝ ဆိုပါတော့။
အဓိပါယ်မရှိတဲ့ ဟုတ်ကဲ့တို ့။ ကျေးဇူးပါတို့၊ ထောက်ခံပါတယ်တို့တော့ တင်လို့မရပါ။တင်ထားပါရင် အချိန်မရွေးစိစစ်ပြီး ပြန်နှုတ်ပစ်မှာဖြစ်ပါတယ်။ ရေးတဲ့အခါမှာ ကိုယ်ရဲ့ သဘောထားကို ပေါ်လွင်အောင်ရေးပေးရမှာဖြစ်ပါတယ်။
နေ့စဉ် မိမိအကောင့်ကို Loginတခါလုပ်ရင် (၁၀)ပွိုင့်ရမှာလည်းဖြစ်ပါတယ်။
တခြား လိုက်နာရမယ့် အသေးစိတ်တွေကို အောက်မှာချရေးပေးသွားပါမယ်။
အခု ပွိုင့်တွေဟာ ဒီဝက်ဘ်ဆိုက် စဖွင့်လှစ်တဲ့ ကာလ တခုအတွက်သာဖြစ်ပြိး အချိန်မရွေး ပြောင်းသွားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ငွေပမာဏတခုအပေါ်မူတည်ပြီး မှတ်ပုံတင်လာသူအရည်အတွက်နဲ့ ချိန်ဆရမှာမို ့ပါ။ ဒါပေမဲ့ စာရေးကောင်းသူတွေအတွက်တော့ တိုးလို ့သာ တက်လာစရာအကြောင်းရှိပါတယ်၊ မြန်မာပြည်တွင်းနေထိုင်သူတွေ အင်တာနက်တခွင် လိုက်သွားစီးမြောနေပြီး ဘလော့ဂ်တွေ အချိန်ကုန်ခံရေး၊ Facebook မှာ စာတွေတင်နေတာထက်စာရင် အကျိုးရှိပြီး ငွေကြေးရနိုင်တဲ့ စံနစ်တခု အကောင်အထည်ဖေါ်ကြည့်တာဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် သတင်းနဲ့စာပေ၊ ရသ၊ တွေရဲ့ အရည်အသွေး၊ တာဝန်ယူရဲမှု တို ့တိုးတက်လာကြစေဖို ့လည်းရည်ရွယ်ပါတယ်။
သတင်းတွေမှာ ဓါတ်ပုံထည့်ပေးရင်တော့ အတိုင်းထက်အလွန် ဖြစ်ပြီး ပုံနှိပ်စာမျက်နှာမှာ ရွေးချယ်ခံရဖို ့ရာခိုင်နှုန်းများပါလိမ့်မယ်။
ဒါပေမဲ့ အခုလို လာရောက်စာရေးမဲ့သူများအနေနဲ့ သတင်းသမားတယောက်နဲ့၊ ရသစာပေးရေးသူတယောက်(စာရေးဆရာ) တို့ရဲ့ အခြေခံအခွင့်အရေး၊ ရပိုင်ခွင့်နဲ့ စာနယ်ဇင်းသဘောတရားတွေ ကြေညက်နားလည်ပြီး ဖြစ်စေချင်ပါတယ်။
သူတပါးရဲ့ စာမူကို ကူးယူတင်တာမျိုး ၊သူတပါးဓါတ်ပုံကို ယူသုံးတာမျိုး၊ တခြားတနေရာမှာ ဖေါ်ပြပြီးသားကို ပြန်တင်တာမျိုး စသဖြင့် မလုပ်ကြဖို ့ပါ။
အင်္ဂလိပ်လို တိုက်ရိုက်ကူးတင်တာမျိုးကိုလည်း တားမြစ်ပါတယ်။ ကိုးကားတယ်ဆိုယင် ကိုးကားတဲ့ သတင်းလင့်ခ်တော့ အပြည့်အစုံအောက်ဆုံးမှတ်ချက်မှာ ဖေါ်ပြပေးစေလိုပါတယ်။
မလွဲမရှောင်သာ သူများစာကိုကူးတင်ဖြစ်တယ်ဆိုရင်လည်း အောက်မှာ “မှတ်ချက်။ ။ ..” ဆိုပြီး ရေးပေးစေချင်ပါတယ်။ မူပိုင်ခွင့်တွေကို လေးစားကြစေချင်ပါတယ်။
တကယ်လို့ မူရင်းပိုင်ရှင်က မိမိစာ၊သတင်း၊ ဓါတ်ပုံ ကူးယူထားပါကြောင်းတိုင်ကြားလာရင် ရရှိပြီးတဲ့ ပွိုင့်များ ပြန်နှုတ်ခံရမှာဖြစ်ပါတယ်။
သတင်းရယူလာတဲ့ အခြေအမြစ်က ကိုယ်ပိုင်မဟုတ်ရင် ဘယ်နေရာကရတယ်ဆိုတာ (ခွင့်ပြုချက်ရယူပြီး)ရေးထားပေးစေချင်ပါတယ်။ ဓါတ်ပုံတင်တာမှာ ကိုယ်တိုင်ရိုက်တာမဟုတ်ရင် ဓါတ်ပုံဆရာ အမည်ရေးပေးရမှာဖြစ်ပါတယ်။ အဲဒါတွေအပေါ်တည်မှီပြီး သုံးသတ်တာတွေ။ ဆွေးနွေးငြင်းခုံတာတွေလုပ်နိုင်ပါတယ်။ ကွန်မန်င့် နေရာမှာ ရေးပြီးဆွေးနွေး၊ ငြင်းခုန် လုပ်ကြစေချင်ပါတယ်။ ကွန်မင်န့်အတွက်လည်း သီးသန့် ပွိုင့်တွေပေးထားပါတယ်။ ပွိုင့်ယူပြိး ရေးနေတာမှာ ပုဂိုလ်ရေးထိခိုက်မှုကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုပါ။ သူတပါးကို တိုက်ခိုက်ဖို ့အတွက် မိမိက ငွေရတာမျိုးက အဓီပါယ်လည်းမရှိပါ။ သတိပေးခံရမှာဖြစ်ပြီး ၃ကြိမ်သတိပေးခံရပြီးရင် မန်င်ဘာ( စာရေးဆရာ) အဖြစ်က ဖျက်သိမ်းခံရပါမယ်။
Categories ဆိုင်ရာ တွေမှာ ရွေးချယ်တင်စေလိုပါတယ်။ တခုထက်ပိုပြီး ချက်ခ်မတ် လုပ်လို ့ရပါတယ်။ ဒါမှ ဖတ်သူပိုများပြီး စိတ်ဝင်စားမှုစကေးလ်သိနိုင်မှာမို ့ပါ။
တဂ် (Tag)ကိုလည်း လိုရာစာသားကို ဖြည့်ပေးစေလိုပါတယ်။ ဒါမှ တခြား ရာဟူးတို ့ဂိုဂယ်တို့(Search Engine)ကနေ သိနိုင်ရှာနိုင်မှာမို ့ပါ။
Star Rating စံနစ်ရှိတာမို ့အဲဒီစံနစ်မှာ အမှတ်များများရသူတွေကို ဆုပေးစံနစ် ထားဖို့ရှိပါတယ်။ ဆုကြေးငွေ ထိုက်ထိုက်တန်တန်ဖြစ်မှာပါ။ ဆုကြေးငွေဟာ အဲဒီ (Stars)ကြယ်တွေအပါအဝင် ဖတ်သူအရေအတွက်(Counts)ပေါ်မူတည်ပြီး အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
အခု စံနစ်တွေရဲ့ ကုန်ကျမှုတွေကို အမေရိကန်ပြည်ထောင်စု အခြေစိုက် လစဉ်ထုတ်သတင်းစာဖြစ်တဲ့ မန္တလေးဂေဇက်က ကျခံတာပါ။
လွတ်လပ်တဲ့ လူထုသတင်းစာဖြစ်ပြီး နိုင်ငံရေးအတွက်မဟုတ်ပဲ လူအများစုနဲ့ အမိမြန်မာပြည်ပြင်ပနေ မြန်မာကွန်မြူနတီအတွက် ပုံနှိပ်ထုတ်ဝေဖြန့်ချိနေတဲ့ သတင်းစာပါ။
အခုဆို ထုတ်ဝေခဲ့တာ လေးနှစ်ထဲရောက်နေပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအစိုးရအသိအမှတ်ပြု သတင်းမီဒီယာတခုဖြစ်ပါတယ်။ ဖယ်ဒရယ်အစိုးရကိုယ်တိုင် ကြော်ငြာခပေးပြီး ကြော်ငြာနဲ့သတင်းတွေ ပုံနှိပ်သတင်းစာမှာ လာထည့်နေတာ တွေ့ကြမှာပါ။
သတင်းဆောင်းပါးရေးဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆိုင်ရာ အင်္ဂလိပ်လိုရေးထားတဲ့ နေ့စဉ်၊ လစဉ်သတင်းတွေကို လေ့လာပြီး (သတင်းရယူရာ အခြေအမြစ်) နဲ့တကွ ခြုံငုံစဉ်းစား ချရေးတာမျိုးကို ခွင့်ပြုပါတယ်။ သတင်းဆောင်းပါးကို (အထူးသဖြင့်)အလိုရှိပါတယ်။
ဥပမာ။ ။ မြန်မာပြည်က ကလေးလူငယ်များ ဆေးလိပ်သောက်ခြင်းအကြောင်းမျိုးကို ကလေးတွေအင်တာဗျူးနဲ့တကွ ဓါတ်ပုံနဲ့ဖေါ်ပြပေးမယ်ဆိုရင် သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရမှာဖြစ်ပြီး ပွိုင့် ၂~၃သောင်း၊ ဒေါ်လာ ၂၀~၃ဝ ရမှာဖြစ်ပါတယ်။
သတင်းစာမှာပုံနှိပ်ဖေါ်ပြခံရရင် စာရေးသူဟာ ကိုယ့်ရဲ့ ပေါ့ဖိုလီယို(လက်တွေ့လုပ်ဆောင်မှု ကိုယ်ရေးမှတ်တန်း)မှာ တရားဝင် ထည့်ရေးလို့ရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကျောင်း(တက္ကသိုလ်တွေ)၊ အန်ဂျီအိုတွေနဲ့ ယူအက်စ်အစိုးရကခေါ်တဲ့ ပညာတော်သင်တို ့၊ အစည်းအဝေးတို ့၊ဆင်မနာတို့မှာ တင်တဲ့အခါ ထိထိရောက်ရောက် ကိုးကားအသုံးပြုနိုင်ပါလိမ့်မယ်။ အဲဒီအတွက် ထောက်ခံချက်လည်း မန္တလေးဂေဇက်က တရားဝင်ထုတ်ပေးပါမယ်။ စာနယ်ဇင်းသမားတွေကို အမေရိကန်ပြည်ထောင်စုက နှစ်စဉ် ခေါ်ယူလေ့ရှိပါတယ်။
ရသစာပေဖြစ်တဲ့ ဝတ္ထု၊ကဗျာ၊ပျို့လင်္ကာ တွေလည်း ရေးနိုင်ပါတယ်။ ဆိုင်ရာ Category မှာတင်နိုင်ကြပါတယ်။ သတင်းစာမှာတော့ ထည့်သွင်းဖေါ်ပြခံရဖို့ အခွင့်အလန်းတော့ နည်းမှာပါ။ လစဉ်ပုံနှိပ်သတင်းစာဟာ သတင်းကိုသာ ဦးစားပေးထားပါတယ်။
အခုလောလောဆယ်တိုက်တွန်းချင်တာက ပွိုင့်တွေလိုချင်ရင် မြန်မြန်သာ Register လုပ်ထားလိုက်ကြပါလို ့ပါပဲ..။ ဘာဖြစ်လာမလဲ နောင်တနှစ်လောက် ရေးရင်းနဲ့ စောင့်ကြည့်ကြပါ။
ဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့စာတွေထဲက အယ်ဒီတာအဖွဲ ့ရဲ့ရွေးချယ်စာကို လစဉ်ထုတ် မန္တလေးဂေဇက်ရဲ့ သတင်း၊ဆောင်းပါး၊ စာမူအဖြစ်အသုံးပြုမယ်ဆိုရင်တော့ ပွိုင့်၅၀၀ဝ ကနေ ပွိုင့် ၃၀၀၀ဝ အထိ( စာအမျိုးအစားပေါ်မူတည်ပြီး) စာမူခရမှာဖြစ်ပါတယ်။
ပွိုင့်တွေကို ကျပ်ငွေနဲ့ တန်းတူသတ်မှတ်ထားပြီး ကျပ်ငွေအဖြစ်ထုတ်ယူနိုင်ပါတယ်။ တဦးတည်းမှ စုထားငွေအနည်းဆုံး ကျပ်ငွေ ၁သိန်း(ပွိုင့် ၁သိန်း) ဖြစ်ရင် ရန်ကုန်မြို ့ ပေးပို့စေချင်တဲ့ လိပ်စာဆီ ယူအက်စ်ကနေ တိုက်ရိုက် တနည်းနည်းနဲ့ (တောင်းဆိုလာရင်)ပို ့ပေးမှာဖြစ်ပါတယ်။ ပွိုင့်တွေဟာ လွှဲပြောင်းခွင့်မရှိပါ။ တဦးကတခြားတဥိးကို လွှဲပေးခွင့်လည်း မရှိပါ။ စုပေါင်းထုတ်ယူခွင့်လည်းမရှိပါ။ (ပွိုင့် ၁သိန်း)ဟာ ဒေါ်လာ ၁ရာလောက်နဲ့ ညီမျှတဲ့ ငွေဖြစ်မှာပါ။ စောင့်ပြီး ၂၀ဝ -၃၀ဝ မှထုတ်ယူလည်းရပါတယ်။ ပွိုင့်၁သိန်းမပြည့်သေးပဲ ထုတ်ယူခွင့်မရှိပါ။ အနည်းဆုံး ပွိုင့် ၁သိန်းပြည့်မှသာ ငွေကြေးအဖြစ် လည်း စတင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
ပေါက်ဈေးကို ငွေလွှဲခိုင်းတဲ့ နေ့ရဲ့ ပေါက်ဈေးနဲ့ တွက်ပေးမှာပါ။ အဲဒီငွေက အမေရိကန်ပြည်ထောင်စုက ဟွန်ဒီလွဲပေးမဲ့သူရဲ့ ပေးဈေးဖြစ်ပါမယ်။ သာမန်အားဖြင့် ရန်ကုန်ပေါက်ဈေးနဲ့ အနည်းငယ်ကွာတတ်ပါတယ်။
တခြားမြို ့တွေကနေ လွဲငွေလိုချင်ရင်တော့ ရန်ကုန်က အသိကတဆင့်သာ ယူကြစေချင်ပါတယ်။ ရန်ကုန်ကိုပဲ ငွေလွဲပေးပို ့နိုင်တာကြောင့်ပါ။ ငွေလွဲခက ငွေယူသူဖက်က ကျခံပေးရမှာဖြစ်ပါတယ်။ သာမန်အားဖြင့်ဒေါ်လာ ၁၀ဝ ကို ၃ဒေါ်လာလောက် ယူကြပါတယ်။
ဒါမှ မဟုတ် ပို့ဆောင်ခ စရိတ်တွေ ထည့်နှုတ်ပြီး အမေရိကန်ပြည်ထောင်စုက သေးငယ်ပေါ့ပါးတဲ့ အိုင်တီနဲ့ ပါတ်သက်တဲ့ပစ္စည်းတချို ့မှာယူနိုင်ပါတယ်။
သာမန်အားဖြင့် အမေရိကန်ပြည်ထောင်စုကနေ ရန်ကုန်အထိ တလကို တခါလောက် ပစ္စည်းသယ်ပေးနေသူတွေရှိပြီး တပေါင်ကို ရ ဒေါ်လာ+ယူပါတယ်။ ကတ်စတန်ဂျူတီခကို (ရန်ကုန်လေဆိပ်မှာ) တောင်းခံခံရရင် ပစ္စည်းလက်ခံမဲ့သူက ကျခံပေးရမှာဖြစ်ပါတယ်။
( www.frys.com www.bestbuy.com ) တွေမှာ ကိုယ်လိုချင်တဲ့ ပစ္စည်း(ဝယ်ယူလိုတဲ့ပစ္စည်း)ကို အီးမေးလ်ကနေ အမည်အတိအကျရေးပြီး ပို ့ပေးစေလိုပါတယ်။ အမြတ်ခွန်တွေ၊ ပို ့ခတွေအားလုံး မှာသူဖက်က ပေးရမှာဖြစ်ပါတယ်။ မထင်ရှားတဲ့ နာမယ်မကြီးတဲ့ အခြားဝက်ဆိုက်တွေက ဝယ်ပေးမည်မဟုတ်ပါ။ ခရက်ဒစ်ကဒ်နဲ့ ဝယ်ပေးမှာဖြစ်တာကြောင့် လုံခြုံရေးစိတ်မချရလို ့ဖြစ်ပါတယ်။ အိုင်ပေါ့တို ့။ လက်ကိုင်ဖုံးတို ့၊လက်ပ်တော့တို ့ဝယ်ပေးလို့ရပါတယ်။
ဒါမှ မဟုတ် ဒေါ်လာအနေနဲ့ အလိုရှိရာနိုင်ငံမှာ (ဘဏ်အကောင့်ပေးရင်)ထုတ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် PayPal အကောင့်ရှိရင် လွှဲပေးမှာဖြစ်ပါတယ်။ ငွေလွဲခကို ငွေယူသူဖက်က ကျခံရပါမယ်။
ဒိုမိန်းဖိုး ၊ Hosting ဖိုး၊ Rapidshare ဖိုး။ ကျောင်းဖေါင်ဖိုး စတာတွေကို အဲဒီရတဲ့ ငွေကတဆင့် ပေးရှင်းခိုင်းရင်လည်း မိမိဝင်ငွေကနှုတ်ယူပြီး မန္တလေးဂေဇက်ကပေးချေပေးမှာဖြစ်ပါတယ်။
ကာစီနို။ ဘောလုံး စတဲ့လောင်းကစားဝက်ဘ်ဆိုက်များအတွက်တော့ ငွေရှင်းပေးမှာမဟုတ်ပါ။
အသေးစိတ်ကို သီးသန့် အီးမေးလ်ပို့ ညှိနှိုင်းမှာဖြစ်ပါတယ်။ ကိုယ့်ငွေတွေအတွက် စိတ်ချရသော နိုင်ငံခြားငွေ သိမ်းဆည်းရာနေရာအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ မိမိကိုယ်တိုင် မြန်မာပြည်အပြင်ထွက်လာဖြစ်ရင် အချိန်မရွေးထုတ်ယူလို ့ရပါတယ်။
မန္တလေးဂေဇက်အကြောင်း နည်းနည်းလေးတော့ ထပ်ပြောထားပါမယ်။
အမေရိကန်ပြည်ထောင်စု ၊လော့စ်အိန်ဂျလိစ်အခြေစိုက် လစဉ်ထုတ် ပုံနှိပ်သတင်းစာ ဖြစ်ပြီး သတင်းလောကနဲ့ မီဒီယာလောကမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ သက်တန်း ၄နှစ်ရောက်နေပြီဖြစ်တဲ့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့သတင်းစာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဖယ်ဒရယ်ဗျူရိုတွေအပါအဝင် သန်းခေါင်စာရင်းဌာနတို ့ရဲ့ တရားဝင် ကြော်ငြာများလည်း ထည့်ပြီး ဆက်စပ်ဆောင်ရွက်နေတဲ့ သတင်းစာဖြစ်ပါတယ်။
ဘယ်အဖွဲ ့အစည်း၊ အသင်းအဖွဲ ့၊ အစိုးရ၊ ပါတီ၊ လူပုဂ္ဂိုလ်တို့ရဲ့ ထောက်ပံ့ငွေနဲ့မှ မတည်လုပ်ကိုင်နေတဲ့ သတင်းစာမဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင်ကြော်ငြာနဲ့ရပ်တည်တဲ့ အခမဲ့ ဖြန့်ဝေသော သတင်းစာဖြစ်ပါတယ်။ စောင်ရေ လစဉ် ၁သောင်း၂ထောင် ထုတ်ဝေပါတယ်။
သတင်းစာရဲ့ ကျင့်ဝတ်၊ မီဒီယာစည်းကမ်းများနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေများကို လေးလေးစားစားလိုက်နာပြီး ထုတ်ဝေနေတာဖြစ်ကြောင်း အသိပေးလိုပါတယ်။ ပိုသိချင်ရင်တော့ ဂိုဂယ်(Google)လိုက်ရင်ပါတယ်။ မူပိုင်ခွင့်ကို အလေးထားပြီး တဦးနဲ့တဦး ပုဂ္ဂိုလ်ရေးဦးတည်တိုက်ခိုက်တဲ့ စာတွေကိုလည်း( မူအရ )ဆန့်ကျင်ပါတယ်။
*ဒီဝက်ဘ်ဆိုက်မှာ ရှိနေတဲ့ လိပ်စာတွေ။ အီးမေလ်းတွေ ကိုယ်ရေးအချက်အလက်တွေကို မည်သည့်နေရာ၊ မည်သူ့ကိုမှ လွဲပြောင်းပေးအပ်မှာမဟုတ်ပါ။
လူတဦးချင်းစီရဲ့ အခွင့်အရေးနဲ့ ပရိုက်ဗေစီကို လေးစားစွာလိုက်နာပါတယ်။ မီဒီယာကျင့်ဝတ်နဲ့အညီ လျှို့ဝှက်ပါတယ်။
*အယ်ဒီတာအဖွဲ ့ဟာ တင်ထားတဲ့စာတွေကို လိုအပ်ရင်ဖြတ်တောက်စိစစ်မျာဖြစ်ပြီး မန်င်ဘာ(စာရေးဆရာ)အဖြစ်ကလည်း မည်သူကိုမဆိုအချိန်မရွေးရပ်စဲနိုင်ခွင့်ရှိပါတယ်။
( ဒီဇင်ဘာ ၄ ရက် ၂၀၀၉ )မှာ ထပ်ပြီး ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။) မရှင်းတာရှိရင် Comment ကနေ မေးနိုင်ပါတယ်။ အားလုံးသိရအောင် ဖြေပေးပါမယ်။
*(မတ်လ ၃ဝ ၂၀၁၀) မှာ ထပ်ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
* (ဂျွန်လ ၁၅ ၂၀၁၀) ထပ်ဖြည့်ပြင်- စာလုံးရေ အနည်းဆုံး ၃၀၀ဝ ရှိရပါမယ် ဆိုတာကို အနီရောင်ပြောင်းလိုက်ပါတယ်။ ဒီနေ့ကစပြီးမပြည့်တဲ့သူတွေကို ပွိုင့်ပြန်နှုတ်ပါမယ်။ ချွင်းချက်အနေနဲ့ ပုံပါသူတွေကိုတော့ ပွိုင့်မနှုတ်ပါ။
**(ဂျူလိုင် ၁၉ ၂၀၁၀)ဖြည်စွက်
တင်တဲ့ပို့စ်များအတွက် ငွေပေးစံနစ်ကို အဆင့် ၃ဆင့် သတ်မှတ်လိုက်ပါတယ်။
ပထမအဆင့်က “မတူသောအတွေးနှင့်ကိုယ်ပိုင်စာ ချရေးသူ”များဖြစ်ပြီး အဲဒီစာမူမျိုးတင်သူတွေကို ပို့စ်တခုအတွက် ပွိုင့်၅၀၀ ပေးပါမယ်။ ကိုယ်တိုင်လိုက်ရထားတဲ့သတင်း၊ ဆောင်းပါး၊ စာမူ၊ ဝတ္တု၊ ဓါတ်ပုံ၊ ဆောင်းပါး၊အားလုံးအကြုံးဝင်ပါတယ်။ အယ်ဒီတာမှ စာမူကိုစိစစ်ရွေးချယ်ပြီးနောက်မှ ပွိုင့်ကို ပုံမှန် ၂၀ဝ အလိုအလျှောက်ရတာကနေ ပွိုင့်၅၀ဝပြည့်အောင်တိုးပေးသွားမှာဖြစ်ပါတယ်။
ဒုတိယအဆင့်က မူလ Source ကို ခရက်ဒစ်ပေးပြီး ဖော်ပြပေးတဲ့စာမူ၊ နောက်…မူလ Source တော့မသိဘူး ဒါပေမယ့် ကြိုက်လွန်းလို ့အီးမေးလ်ကရလို ့ လက်ဆင့်ကမ်းလိုက်တဲ့စာ ဆိုပြီး ရိုးရိုးသားသား ဝန်ခံတဲ့စာမူေတွအတွက်ဖြစ်ပါတယ်။ အဲဒီပို့စ်ကို ပွိုင့် ၂၀ဝ ပေးပါမယ်။ အထူးသတိပြုစေလိုတာကတော့မြန်မာပြည်ပြင်ပ(မြန်မာ)မီဒီယာဌာနတွေက စာမူတွေ၊ သတင်းဆောင်းပါးတွေတင်ခွင့်မရှိတော့ပါဘူး။ အဲဒီစာတွေကို ဆိုင်ရာသတင်းဌာနဝက်ဘ်ဆိုက်သွားပြီး အလွယ်တကူဖတ်နိုင်ကြလို့ဖြစ်ပါတယ်။ အဲဒီလိုသတင်းတွေချည်း မှတ်ချက်တို-ကောက်နှုတ်ထားတဲ့ ဝက်ဘ်ဆိုက်တခု လည်းမကြာခင်လုပ်ဖို့ရှိပါတယ်။ Twitter လိုမျိုးဝက်ဘ်ဆိုက်ပါ။ နောင်ကို အဲဒီမှာ တင်နိုင်ကြပါလိမ့်မယ်။
တတိယအဆင့်ကတော့ ကိုယ်တိုင်ရေးလည်းမဟုတ်၊ ယူတဲ့နေရာကိုလည်းမဖေါ်ပြပဲ ရိုးသားမှုမရှိပဲ တင်တဲ့စာမျိုးပါ။ အဲဒါကို သက်သေအထောက်အထားနဲ ့တကွ တွေ ့ရှိခဲ့ရင် ရရှိထားတဲ့ ပွိုင့်တွေ ပြန်နှုတ်မှာဖြစ်ပါတယ်။
အထက်ပါ အဆင့်များအပြင် အထူးသတ်မှတ်ထားတဲ့ မန်င်ဘာများရှိနေပြီး အဲဒီသူတွေကတော့ အပေါ်မှပွိုင့်များနှင့်မဆိုင်ပဲ ရေးတင်နိုင်ပါတယ်။
သတင်းတွေတင်ရာမှာ စာမူတွေရေးရာမှာ စာဖတ်သူတွေရဲ့ မှတ်ချက်က အင်မတန်အရေးကြီးတာကို သိကြမှာပါ။ အဲဒါကြောင့် စာဖတ်သူတွေအနေနဲ့ စာဖတ်ပြီးရင် အမှတ်ပေးစံနစ်နဲ့ အမှတ်ပေးသွားတာမျိုုး မဖြစ်မနေလုပ်ကြစေချင်ပါတယ်။ ဒါမှလည်း စာတင်သူတွေ အားရှိမှာဖြစ်ပြီး တတ်နိုင်ကြပါရင် မှတ်ချက်( Comment)ရေးကြစေလိုပါတယ်။ အဲဒါကြောင့် မှတ်ချက်(Comment)တခုရေးရင် ပေးထားတဲ့ပွိုင့်ကို ၅ဝ ကနေ ၆ဝ ကိုတိုးပေးလိုက်ပါကြောင်းလည်း အသိပေးပါရစေ။
၂ဝရက်ဇူလိုင် ၂၀၁ဝ မှစပြီး အပေါ်ကအမှတ်ပေးစံနစ်သစ်က အကျိုးသက်ရောက်မှာဖြစ်ပါတယ်။
**(ဩဂုတ် ၂၆ ၂၀၁၀)ဖြည်စွက်
မန္တလေးဂေဇက်ဝက်ဆိုက်ကို တည်ထောင်ထားတာဟာ အကျိုးအမြတ်အတွက်မဟုတ်ပဲ မြန်မာပြည်တွင်းနေတဲ့သူတွေ တန်ဖိုးရှိတဲ့ စာရေးအလေ့အကျင့်ရစေရန်နဲ့ ပြည်ပနေသူမြန်မာများနဲ့ အတွေ့အကြုံဗဟုသုတ ပေါင်းကူးဖလှယ်ကြနိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ယနေ့အထိ မင်န်ဘာအများစုဟာ အခြားနေရာများကစာတွေ၊ သတင်းတွေကို မျှဝေ၊ ကူးတင်နေသူတွေဖြစ်ကြတာကို တွေ့ရပါတယ်။
အဲဒါကြောင့် သက်မှတ်ထားတဲ့စည်းကမ်းနဲ့အညီသာ တင်ထားတဲ့ပို့စ်တွေကို ပွိုင့်ဖြတ်ချရရင် ကျန်မှာ မဟုတ်တာကိုလည်း သတိထားမိကြပါလိမ့်မယ်။
ဒါကြောင့် ရှိတဲ့ပွိုင့်တွေကို ဖြတ်ချမဲ့အစား အဆင်ပြေအောင် နောင်ပေးမဲ့ ပွိုင့်ပေးစံနစ်ကို အောက်ပါအတိုင်းပြင်ဆင်လိုက်ပါတယ်။
Number of points for each comment: 10 ( ကော်မန့်တခုအတွက် ၁ဝ ပွိုင့်)
Number of points for each post: 100 (ပို့စ်တခုအတွက် ၁၀ဝ ပွိုင့်)
Number of points new members get for registering: 400 ( မန်င်ဘာအသစ်အဖြစ် မှတ်ပုံတင်ခြင်းအတွက် ၄၀ဝ ပွိုင့်)
Number of points for “daily” login: 4ဝ ( နေ့စဉ် ဝင်ရောက်ဖတ်ရှု ့ခြင်းအတွက် တရက် ၄ဝ ပွိုင့်)
- စာမူတခုအတွက်အနည်းဆုံးရေးရမဲ့ စာလုံးအရေအတွက်ကိုလည်း ၃၀၀ဝ ကနေ ၁၅၀ဝ ကိုလျှော့ချလိုက်ပါတယ်။ စာလုံးရေကို အထူးသတိပြုကြစေလိုပါတယ်။
- အယ်ဒီတာအဖွဲ ့က ကြိုက်နှစ်သက်လို့ ရွေးချယ်တဲ့စာမူတွေကိုတော့ စာမူတပုဒ် ပွိုင့် ၁၀၀ဝ အထိတိုးမြှင့်ပေးဖို့ပြင်ဆင်လိုက်ပါတယ်။ မင်န်ဘာများ ကော်မန့်အရေးများတာရယ်။ ဖတ်ရှုသူများတာရယ်၊ ကိုယ်တိုင်ရေးဖြစ်တာရယ်အပေါ်မူတည်ဆုံးဖြတ်ပြီး ပွိုင့်ကိုတိုးမြှင့်ပေးပါမယ်။
- ကိုယ်တိုင်ရယူထားကြောင်းဝန်ခံချက်ပါတဲ့ (ဓါတ်ပုံပါ)သတင်းကို သတင်းရေးဟန်နဲ့ပြည်စုံတယ်ဆိုရင် တပုဒ်် ပွိုင့် ၁၀၀ဝ ပေးပါမယ်။ ပုံနှိပ်ဖေါ်ပြဖို့ ရွေးချယ်တယ်ဆိုရင် နောက်ထပ် ပွိုင့် ၁၀၀ဝ ပေါင်းပေးပါမယ်။
- မြန်မာပြည်တွင်းက မင်န်ဘာတိုင်းဟာ အရင်စည်းကမ်းအတိုင်း ပွိုင့်၁သိန်းပြည့်မှ ငွေသားအဖြစ်စတင်ထုတ်ယူနိုင်ပြီး ၁သိန်းကျော်တာနဲ့ ပွိုင့်များ ဆက်လက်စုဆောင်းထားခွင့်မရှိပဲ ငွေသားအဖြစ်ထုတ်ယူရမှာဖြစ်ပါတယ်။ (ငွေလွှဲဖို့အတွက် အသေးစိတ်ကို pm, email နဲ့ညှိနှိုင်းပါမယ်)
- ပုံနှိပ်ဖေါ်ပြဖို့ရွေးချယ်တဲ့စာမူများရှိရင်လည်း အဆိုပါစာမူအတွက် စာမူခသီးသန့်ချီးမြှင့်မှာဖြစ်ပြီး တပုဒ်အတွက် ဒေါ်လာ ၂၀+ဖြစ်ပါတယ်။
- ထူးခြားတဲ့သတင်းဆောင်းပါးဖြစ်ပါက တပုဒ်အတွက် ဒေါ်လာ ၂၀+ ချီးမြှင့်ဖြစ်ပါတယ်။
- နိုင်ငံတွေအလိုက် ဆိုင်ရာဒေသက မြန်မာလှုပ်ရှားမှုသတင်း အများဖတ်နိုင်အောင် တင်ပေးမဲ့ မြန်မာပြည်ပြင်ပနေသူမင်န်ဘာတွေအတွက်ဖြစ်ပါတယ်။ အဲဒီသူတွေဟာ ကိုယ့်အယူအဆအတွေးအခေါ်မပါတဲ့ ဓါတ်ပုံပါသတင်း( News) တမျိုးတည်းသာတင်ခွင့်ရှိမှာဖြစ်ပြီး တင်တဲ့သတင်းအတွက် တခု ပွိုင့် ၁၂၀ဝ ပေးမှာဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ကရမဲ့ အဲဒီပွိုင့်တွေကို စုဆောင်းထားပြီး တနှစ်တခါ မြန်မာပြည်တွင်းက (ဘာသာရေးနဲ့မသက်ဆိုင်တဲ့ )အသင်းအဖွဲ ့(သို့)နေရာတနေရာ ဒါမှမဟုတ် ပညာတော်သင်ဆု..ဒါမှမဟုတ်..တခုခု…ကို (အများဆန္ဒကောက်ခံပြီး) အားလုံးကိုယ်စား ငွေသားအနေနဲ့ လှူဒါန်းပေးမှာဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာများအနေနဲ့ မိမိတို့လုပ်အားက ရတဲ့ သတင်းကို လှူဒါန်းတာလို့ မှတ်ယူစေလိုပါတယ်။ အဲဒီအလှူမှာပါလိုသူများဟာ စာရင်းကြိုပေးစေလိုပါတယ်။ - စည်းကမ်းများမှာ ပွိုင့်နဲ့ပါတ်သက်တဲ့ ကိစ္စတွေပဲ အပြောင်းအလဲရှိသွားတာဖြစ်ပြိး ကျန်စည်းကမ်းများမှာ ယခင်ထုတ်ထားတဲ့အတိုင်းအတူုတူပင်ဖြစ်ပါတယ်
- မန္တလေးဂေဇက်မှာပုံနှိပ်ဖေါ်ပြထားတဲ့ စာမူရှင်များဟာ အထူးမန်ဘာများဖြစ်ပြီး ပွိုင့်ပေးစံနစ်များမှာ ထိုသူများနှင့်မသက်ဆိုင်ပါ။
- ယခု ပွိုင့်စံနစ်ဟာ ဒီနေ့ဩဂုတ်လ ၂၆ ရက်နေ့ကစပြိး အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ မရှင်းလင်းသည်များကို ကော်မန့်ကတဆင့်မေးမြန်းနိုင်ပါကြောင်းနဲ့ အကြံဉာဏ်များကို ကြိုဆိုပါကြောင်း..။
==
အောက်က စာကတော့ အယ်ဒီတာက ( ဩဂုတ်လ ၁၉ရက်နေ့က)ကရေးထားတာကို ဒီနေရာမှာ မန္တလေးဂေဇက်ရဲ့ အာဘော်အနေနဲ့ ထပ်မံဖေါ်ပြထားတာပါ။
Editor
August 19, 2010 at 5:52 pm
မန္တလေးဂေဇက်ဟာ အမေရိကန်ပြည်ထောင်စုမှာ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းစာဖြစ်ပါတယ်။ ယူအက်စ်အခြေစိုက်တာပါ။
ယုအက်စ်မှာမြန်မာပြည်ကလာပြီး အခြေချတဲ့ မြန်မာ (ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ..) တသိန်းခွဲလောက်ရှိမယ်မှန်းပါတယ်။
ဘာသာပေါင်းစုံကိုးကွယ်ကြတယ်။ ခရစ်ယန်က ဗုဒ္ဓဘာသာကိုးကွယ်သူထက် မများရင်သာနေမယ် မလျှော့လောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာမွေးတဲ့ကလေး( ပထမမြန်မာ-အမေရိကန်ဂျန်နရေးရှင်း) က ခရစ်ယန်ပြောင်းကြတာများလို့ပါ။( ဘာဖြစ်လည်း။ ဘာကြောင့်လည်း တနေ့တော့ စာရေးနိုင်မယ်ထင်ပါတယ်) ။
နောက် မွတ်စလင်တွေပေါ့။ ကျုပ်တို့လော့စ်အိန်ဂျလိစ်မှာတင် မြန်မာ-မွတ်စလင် ထောင်ချီနေကြပါတယ်။ အားလုံးက မြန်မာစိတ်နဲ့ အတူယှဉ်တွဲနေထိုင်ကြတာပါ။ အစ်နေ့ဆို ဗုဒ္ဓဘာသာဝင်မြန်မာတွေ သွားစားကြသောက်ကြနဲ့။ ခရစ်ယန်တွေရဲ့ ခရစ်စမတ်အပါအဝင် ပွဲတော်နေ့လည်း မြန်မာတွေ ဘာသာတရားအစွဲနဲ့မဟုတ်ပဲ တရုံးရုံးဆိုပါတော့။ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ဘာသာစုံမြန်မာတွေလာကြ၊ စားကြသောက်ကြလှူကြနဲ့ ပျော်စရာပါ။
ပြီးခဲ့တဲ့ ၁ဝစုနှစ် ၂ခုမှာတင် မြန်မာတွေ သန်းချီပြီး မြန်မာပြည်ပြင်ပကိုထွက်ခဲ့ကြတယ်။
မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဒူဘိုင်း၊ ဘရူနိုင်း စတဲ့နိုင်ငံတွေကိုလည်း မြန်မာသောင်းသိန်းချီအလုပ်လုပ် အခြေချနေကြတာပါ။ ခရစ်ယန်နိုင်ငံတွေဖြစ်တဲ့ဥရောပမှာလည်း မြန်မာတွေ သောင်းသိန်းချီ နေနေကြပပြီ။
ပြောချင်တာက..။
မန္တလေးဂေဇက် စာဖတ်သူတွေဟာ မြန်မာတွေဖြစ်ပါတယ်။ ကမ္ဘာအနှံ ့ရောက်နေတဲ့ ဘာသာစုံ၊ အသားအရောင်စုံမြန်မာတွေကို ကိုယ်စားပြုပါတယ်။
အရောင်စုံကိုယ်စားပြုတာနဲ့အညီ..ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် စတဲ့ခွဲခြားမှုမှန်သမျှ ပြင်းထန်စွာ ရှုံ့ချပါတယ်။
ဒါဟာ မန္တလေးဂေဇက်ရဲ့ ပေါ်လစီလည်းဖြစ်ပါတယ်။ မန်ဘာများတိတိကျကျ လိုက်နာစေလိုပါတယ်။ အသိစိတ်နဲ့ လိုက်နာစေလိုပါတယ်။ တခြားနိုင်ငံတွေမှာ နေထိုင်နေတဲ့ လူနည်းစု မြန်မာတွေကို ကိုယ်ချင်းစာစိတ်ထားကြစေလိုပါတယ်။ လူမျိုးရေး၊ဘာသာရေးခွဲခြားမှုအရ မြန်မာပြည်တွင်းမှာ တခုခုဖြစ်ရင် မြန်မာပြည်ပနေ (လူနည်းစု)မြန်မာလူမျိုး ညီအကိုမောင်နှမတွေ ဘယ်လိုဆက်နေထိုင်ကြရမလည်း စဉ်းစားကြည့်ကြစေလိုပါတယ်။ အရှေ ့အလယ်ပိုင်းနို်င်ငံတွေမှာ စွန့်စွန့်စားစားအလုပ်လုပ်နေကြတဲ့ မြန်မာတွေကို ငှဲ့ကြစေချင်ပါတယ်။
ထပ်ပြောရရင်..
ဒီဝက်ဘ်ဆိုက်ကို ယူအက်စ်နဲ့ ဥရောပက လာဖတ်နေသူတော်တော်များများဟာ ဗုဒ္ဓဘာသာဝင်တွေချည်း မဟုတ်ပါဘူး။
ဒါကြောင့် ဗုဒ္ဓဘာသာ စာတွေ၊ ဘုရားစာတွေ၊ ဓမ္မတွေ ဒီမှာလာမတင်ကြစေချင်ပါဘူး။ ဓမ္မာခန္ဓပေါင်း ၈၄၀၀ဝရှိပါတယ်။ ပိဋကတ်၃ပုံရှိပါတယ်။
အဲဒီစာတွေကူးတင်နေတာကို ပွိုင့်ပေးရင် ဒေါ်လာသောင်းသိန်းပေးလည်း မလောက်ပါဘူး။ ဒီဝက်ဆိုက်ဟာ တင်တဲ့စာတွေကို ပွိုင့်ပေးနေတာကို သတိပြုကြစေလိုပါတယ်။
ဘာသာရေးစာတွေဖတ်ဖို ့ဘာသာရေးဝက်ဘ်ဆိုက်တွေ ထောင်ချီရှိပါတယ်။ ဆွေးနွေးနေတဲ့ဖိုရမ်တွေရှိပါတယ်။ အဲဒီသွားကြစေလိုပါတယ်။
ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ့်အယူအဆ၊ ကိုယ်တွေ့လာတဲ့သတင်းရေးရင်း အချက်အလက်လှမ်းယူကိုးကားတာမျိုး ခွင့်ပြုနိုင်ပေမဲ့ တိုက်ရိုက်ကူးတင်နေတာဟာ ဖတ်သူတွေအတွက်လည်း အကျိုးမများစေပါဘူး။
အဓိက ဆောင်ပုဒ်ဖြစ်တဲ့ “မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ” ကိုလိုက်နာကြစေလိုပါတယ်၊
မတူသော ဆိုတာမှာ … ပုံမှန်မဟုတ်တဲ့၊ သစ်လွင်ထိုးဖေါက်တဲ့ စွန့်ဦးစွန့်စားတဲ့…
အတွေး ဆိုတာမှာ… မိမိခေါင်းထဲ၊ဦးနှောက်ထဲ ပေါ်လာသမျှတွေကို…
ကိုယ်ပိုင်စာ ခေါ်တဲ့..သူတပါးအတွေး၊အမြင်တွေ ကုူးယူဖေါ်ပြတာမျိုးမဟုတ်တဲ့ စာကိုချရေးကြစေလိုပါတယ်။
အဲဒါဆို..ဝက်ဘ်ဆိုက်ဟာ စာဖတ်လာသူတွေအတွက် အနှစ်သာရရှိ၊ တန်ဖိုးရှိမှာဖြစ်ပြီး…ရေးသူတွေကိုလည်း ပေးနေတဲ့ပွိုင့်ကို တိုးပေးသွားနိုင်ပါလိမ့်မယ်။
206 comments
thihayarzar
July 27, 2010 at 5:08 am
ပုံတွေအများကြီးတင်ပြီးရင် ဘယ်လိုလုပ်ရမလဲလို့ပြောပြပေးပါ။ ကျေးဇူးတင်ပါသည်။ ဘာမှမသိသေးလို့ပါ
kai
July 28, 2010 at 8:23 am
http://myanmargazette.net/mediashelf/main.php?g2_itemId=3093
က ကိုယ်ပိုင်အယ်လ်ဘမ် ဖြစ်သွားတာမို ့..ကြည့်ချင်သူတွေ အဲဒီမှာ သွားကြည့်ဖို့ လင်ခ့်ပေးလိုက်ရုံပါပဲ။
True Faith
July 27, 2010 at 12:37 pm
မန္တလေးဂေဇက်ကို အကြံပေးချင်တာလေးတွေ ရှိပါတယ်။ ပထမတခုက “အခုလက်ရှိ ဂေဇက်ကို လူပေါင်းဘယ်နှစ်ယောက်နှင့် အသင်းဝင် ဘယ်နှစ်ဦး ဝင်ရောက်ဖတ်ရှုနေသည်။” ဆိုတာလေး ဆိုဒ်ပေါ်မှာ ထည့်ပေးထားရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် ဂေဇက်မှာ မန်ဘာတွေ ဘယ်လောက်ရှိသလဲ။ ပရိသတ် ဘယ်လောက်များသလဲဆိုတာ အလွယ်တကူသိနိုင်တာပေါ့။
နောက်တခုက စာဖတ်သူတွေဆီက Vote ယူတဲ့ စနစ်ပေါ့။ ဥပမာ – ၂၀၁ဝ ရွေးကောက်ပွဲဟာ တိုင်းပြည်ကို တစုံတခု ပြောင်းလဲနိုင်မယ်ထင်သလား။ မထင်ဘူးလား။ စသဖြင့် Eleven Media Group ဆိုဒ်မှာ လုပ်ထားတဲ့ ပုံစံမျိုးလေးပေါ့။ ဒါဆိုရင် ပြည်သူတွေရဲ့ ဆန္ဒတွေ၊ သဘောထားတွေကို စစ်တမ်းတရပ်သဖွယ် ကောက်ယူပြီးသား ဖြစ်သွားမှာမို့ သိပ်ကို အကျိုးရှိမယ်ထင်ပါတယ်။
kai
July 28, 2010 at 8:17 am
အကြံကောင်းမို့ ကျေးဇူးတင်ပါတယ်။ ပြောကြည့်၊တိုင်ပင်ကြည့်ပါမယ်ခင်ဗျား။
မြန်မာပြည်က ဝင်သူတွေ အရမ်းလေးပင်နေမှာ စိုးလို့ပါ။
အဲဒါ အရင်တလောက လုပ်ထားတာ တွေ့လိုက်မိပါသေးတယ်။ နောက်တော့ ပျောက်သွားတာပါခင်ဗျား။
kopauk mandalay
July 27, 2010 at 3:25 pm
to
Kai
ကျနော်ညီလေးတို့အတွက်ရေးပေးနေတဲ့ (နားစည်ကိုထွင်း ဆောင်းပါး)ကိုညီလေးပြောတဲ့ (သတင်းအချက်အလက်နှင့်အတိတ်စိမ်း)အတွက်
ဘောင်ဝင်အောင်ရေးပြီးသွားပါပြီ။ နက်ဖြန်ဆိုရင်လုံးဝအချောသတ်ပြီးသွားပါပြီ။
ဘယ်လိ်ပ်စာတတ်ပြီး ဘယ်လိုပို့ပေးရမယ်ဆိုတာကိုပြောပြပေးစေချင်ပါတယ်။
နောက်ပြီး ညီလေးတို့ဆီမှာ အသုံးပြုပြီရင် နောက်ထပ် ဂျာနယ်သို့မဟုတ်တစ်နေရာရာကို ပို့ခွင့်ရှိမရှိလဲသိချင်ပါတယ်။
ကိုပေါက်(မန်းတလေး)
kai
July 28, 2010 at 8:10 am
editor(at)myanmargazette.net ကို တိုက်ရိုက်ပို့စေလိုပါတယ်ခင်ဗျား။
ပုံနှိပ်ဖေါ်ပြပြီးရင် အကြောင်းကြားပါ့မယ်။ အဲဒီနောက်… ပြည်တွင်းက ဘယ်နေရာမှာမဆို ကိုပေါက်ဆန္ဒရှိရင် ဆက်သုံးလို့ရပါတယ်။ အင်တာနက်ပေါ်မှာတင်မယ်ဆိုရင်တော့ မန္တလေးဂေဇက်မှာ ပုံနှိပ်ဖေါ်ပြပြီးဆိုတာကို မှတ်ချက်နဲ့ ရေးပေးစေလိုပါတယ်။ ကြာရင် ဟိုကကူး၊ဒီကကူးနဲ့ ဘယ်ကဘယ်လို ဘယ်ကစာမှန်း မသိကြမှာမို့ပါ။
mr.darkblood
July 30, 2010 at 4:27 am
ဒီဆိုဒ်ကို သတင်းစာတိုက်က ကျွန်တော့်ညီတစ်ယောက်ပေးလို့ သိခဲ့ရတာပါ။
ကျွန်တော် အင်မတန် အသိနောက်ကျခဲ့ရတယ်လို့ ထင်မိပါတယ်။
အခုလို ကရိကထများတဲ့အမှုကို ကမကထနဲ့ စီစဉ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း အလေးအနက်ပြောကြားလိုပါတယ်။
ခင်ဗျားတို့လုပ်ဆောင်နေတဲ့ ရည်ရွယ်ချက် အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
ကျေးဇူးတင်လျက်
Freelancewriter
Mr.DarkBlood
manawphyulay
August 2, 2010 at 4:47 am
ထပ်တိုးတဲ့အစီအစဉ်လေးလည်း တော်တော်ကောင်းမွန်ပါတယ်ရှင်။ အနုပညာ အတတ်ပညာရှင်များ ပိုမိုတိုးတက်လာနိုင်ပြီလို့ မနော မြင်ယောင်နေမိပါတော့တယ်။
True Faith
August 2, 2010 at 10:06 am
ပြောစရာလေးတခု တွေ့လို့ ပြောပါရစေ အယ်ဒီတာခင်ဗျား။ အတို့အထောင် လုပ်တယ်လို့လည်း မထင်စေချင်ပါ။ ဇူလိုင်လ ၁၉ ရက်နေ့က ထပ်မံဖြည့်စွက်ထားတဲ့ စည်းကမ်းချက်တွေထဲမှာ ပြည်ပမီဒီယာက ကူးတင်တာကို ခွင့်မပြုတော့ဘူးလို့ ပါရှိပေမယ့် ယနေ့တိုင် ပြည်ပမီဒီယာက သတင်းတွေ တွေ့နေရပါသေးတယ်။ စည်းကမ်းကို တိတိကျကျလေး အကောင်အထည် ဖော်စေချင်ပါတယ်။ မန္တလေး ဂေဇက် အဓွန့်ရှည် တည်တံ့ပါစေ။
nitrospeed
August 7, 2010 at 5:38 pm
အယ်ဒီတာ ကြီးခင်ဗျာ…………..
http://myanmargazette.net
website ကို Hacking အလုပ်မခံရအောင် security ကိုတိုးမြင့်ပေးပါ……….
member များ user name နဲ့ password ကို security တိုးမြင့်ပေးပါ………..
စည်းကမ်းကိုလဲ တိကျစွာလုပ်ဆောင်ပေးပါ……………
researcher
August 14, 2010 at 1:30 am
ဇူလိုင်(၁၉)ရက်နေ့ အမှတ်ပေးစနစ်အရ ရှင်းပြထားတာတွေကောင်းပါတယ်။ တစ်ခုပဲ မရှင်းတာလေး သိချင်ပါတယ်။ စာတစ်ပုဒ်အတွက် ပေးမယ်ဆိုတဲ့ အမှတ်တွေ (၂၀ဝ ၊ ၅၀၀) တွေဟာ စာတစ်ပုဒ်မှာ စာလုံးရေ(၃၀၀၀)အနည်းဆုံးရှိမှ ပေးမှာလား။ မပြည့်ရင်ရော အမှတ်ပေးမှာလား။ အဲဒါလေး မရှင်းလို့။ စာလုံးရေ(၃၀၀၀)ပြည့်ဖို့က မလွယ်ဘူးလေ။ တော်တော်ရှည်ရှည်ရေးမှပြည့်မှာ။ အဲဒါကြောင့် မေးကြည့်တာနော်။
Pyaung Gye
August 17, 2010 at 10:45 am
နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ ပို့စ်တွေတင်ထားတယ် (အမှန်အကန်သတင်း) ဆိုပါစို့
ဘာ့ကြောင့် အခြားပို့စ်တွေက မြန်မြန်ဝင်လာတာလဲ
တင်ထားတဲ့ ပို့စ်ကို မမြင်စေလို လို့လား
ခဏခဏကြုံ ဘူးလို့ပါ
kai
August 17, 2010 at 6:01 pm
ဟုတ်မှာပေါ့။ တော်ကြာ မြန်မာပြည်က ဘန်းလိုက်မှ အကုန်ကျော်ခွနေရမယ်ဖြစ်လို့ တချို ့မန်ဘာတွေ တာဝန်သိသိလုပ်နေပေးတာဖြစ်မှာပေါ့။
ကျေးဇူးတောင်တင်ရဦးမယ်။
yarxar
August 17, 2010 at 3:45 pm
စာလုုံးရေ ၃၀၀ဝ ပြည့်မှ ပေးမယ်ဆိုတာကတော့ နည်းနည်းများ များနေသလားလို့ပါ.. ဥပမာ short story တွေဟာ စလုံးရေ ၃၀၀ဝ ပြည့်အောင်ရေးရင် ဘယ်လို့မှ အနှစ်သာရ ရှိရှိ ကျစ်ကျစ်လျစ်လျစ်မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်…
kai
August 17, 2010 at 6:03 pm
ကြည့်ရတာ ၂၀၀ဝ ကိုလျှော့ပေးရမယ်နဲ့တူတယ်..။ မှတ်ထားလိုက်ပါ့မယ်။
တကယ် ကိုယ်ပိုင်စာတွေရေးကြမယ်ဆို (မကူးတင်ကြဘူးဆို)၂၀၀ဝ လျှော့ပေးဖို့ ထောက်ခံပါတယ်။
yarxar
August 17, 2010 at 3:47 pm
ပြီးတော့နောက်တခုက ပွိူင့်ဘယ်လောက်ရတာလဲ ပြပေးတာတော့ကြိုက်ပါတတယ်.. ဒါပေမဲ့ ပိုစ်ကနေ ဘယ်လောက်ရပြီ… comment ကနေဘယ်လောက်ရပြီ.. total ဘယ်လောက်ရပြီဆိုတာမျိုးလေး ပြပေးနိုင်ရင် ပိုကောင်းမလားလို့ဗျာ…
kai
August 17, 2010 at 6:05 pm
မျက်စိများ မှောက်နေသလား..။ အဲဒီအောက်နားလေးတင် (သင်?ပွိုင့်ရပြီလဲ…) ရေးထားတယ်လေ။ ကလစ်လေးဘာလေးလုပ်ကြည့်ပါဦး..။
လင်းငယ်
August 20, 2010 at 10:48 am
စာမူက အနည်းဆုံး စာလုံးရေ သုံးထောင်ရှိရမယ်လို့ ရေးထားတယ်။ ဒါဆိုရင် အရင်ရေးထားတဲ့ စာမူတွေကို နူတ်မဲ့အစား နောက်ထပ်မတင်အောင် လုပ်ပေးပါလား။
ပြီးတော့ အထူး member ဆိုတာ ဘာကို ဆိုလိုတာပါလဲ?
kai
August 20, 2010 at 6:29 pm
အရင်ရေးထားတဲ့စာမူတွေ နှုတ်ထားပုံမရပါဘူး။ အဲဒါသာနှုတ်မယ်ဆို ပိုစ့်တောင် သိပ်ကျန်မယ်မထင်ဘူး။
အထူးမန်ဘာက အယ်ဒီတာအဖွဲ ့က တောင်းဆိုရွေးချယ်ထားတဲ့ သူတွေဖြစ်ပါတယ်။
သူတို့က contributor တွေဖြစ်ပြီး မတူတဲ့မန်င်ဘာအဆင့်ဖြစ်ပါတယ်ခင်ဗျား။
bigcat
August 20, 2010 at 9:23 pm
အထူးမင်ဘာဆိုတာ အင်္ဂလိပ်လိုတော့ ဗွီအိုင်ပီပေါ့ဗျာ။ တပ်ချုပ်ကြီးရဲ့ အမျိုးတွေပါတယ်လို ့ကြားပါတယ်။ ဟုတ်မဟုတ်ကို ပြန်လည်ဖြေကြားနေသူကို တိုက်ရိုက်မေးရင် ကောင်းပါလိမ့်မယ်။ သူတောင်တပ်ချုပ်ကြီးနဲ့ တခုခုတော်စပ်သလားမသိ။ ၂၀၁ဝ ရွေးကောက်ပွဲမှာ သွားဝင်ပြိုင်မယ်လို့လည်းကြားပါတယ်။
researcher
August 26, 2010 at 4:14 pm
member အဖြစ်ကနေ နုတ်ထွက်ချင်ရင် ဘယ်လိုလုပ်ရပါသလဲ Admin ခင်ဗျာ။
administrator
August 26, 2010 at 5:26 pm
Send email to Admin when you decided to leave the website. Points rollback is not possible. Please double think before leave.
intro
August 27, 2010 at 8:52 am
Comment တစ်ခုကို 10 Point ပဲ ပေးတော့မယ် ဆိုတော့၊ Comment ပေးတဲ့သူတွေကို သိတ်အလေး မထားသလိုများဖြစ်နေမလားလို့ပါ။
kai
August 27, 2010 at 9:16 am
ဒီမှာ ဒီနေ့အထိ မန်ဘာ ၁၇၀ဝကျော်ရှိနေပါတယ်။ နာရီနဲ့အမျှ မန်ဘာအသစ်တွေတိုးနေတာပါ။
အဲဒီထဲက နေ့စဉ်ရေးနေတဲ့ ကောမန့်တွေ၊ ပို့စ်တွေကြောင့်ကုန်ကျစရိပ်ထည့်တွက်ရလို့ပါ။ မန်ဘာတယောက် တရက်မှာကောမန့်တခုရေးတာနဲ့ သူ့အတွက် ပွိုင့် ၅၀(၄၀+၁၀) ရနေပါတယ်။ ဆိုတော့ မန်ဘာ ၁၇၀ဝ သာတရက်ထဲကော်မန့်တခုစီသာရေးလိုက်ရင် မန္တလေးဂေဇက်လည်း ဒေဝါလီခံပေတော့ပါပဲ..။
ဒီဝက်ဘ်ဆိုက်ရဲ့ အသုံးစားရိတ်က တော်တော်လေးများလာတာမို ့အကုန်လုံးပြန်ညှိနေရတယ်ဆိုပါတော့။ ဆာဗာကို ပြောင်းဖို့ကလည်း တလ ရာချီကုန်မဲ့သဘောဖြစ်နေပါတယ်တဲ့။
ကောမန့်ပေးတဲ့သူက ပို့စ်တင်တဲ့သူ အတွက်အရေးကြီးပါတယ်။ ပို့စ်တင်သူ(စာမူ)ကို နှစ်စဉ် Award တခုခုပေးဖို့ရည်ရွယ်ထားတာမှာ အဲဒီကောမန့်အရေအတွက်နဲ့ဆုံးဖြတ်ဖို့လည်း မှန်းထားပါတယ်။ ဒီတော့ ပို့စ်တင်သူတွေဟာ ကိုယ့်ကို ကောမန့်ပေးလာတဲ့သူတွေကို အလေးထားမှာပါ။
winne
August 31, 2010 at 7:07 am
အဆင်ပြေသလိုသာ လုပ် ပွိုင့်ရလည်း ကိစ္စမရှိဘူး မရလည်း ကိစ္စမရှိဘူး ၁သိန်းပြည့်အောင် ရေးဖို့လည်း မလွယ်ဘူး ၁သိန်းမပြည့်ရင်လည်း ရမှာ မဟုတ်ဘူးဆိုတော့ ရတာ မရတာတော့ သိပ်မစိတ်မဝင်စားတော့ဘူး ကွန်မန့်လေးတွေ ပေးပြီး စိတ်ထဲက ခံစားချက်တွေ ပြောရတာကို နှစ်သက်ပါသည်။ ဒါနဲ့ ဒီမှာ ဖော်ဝပ်မေးကရတဲ့ အသံဖိုင်လေး တခု တင်ချင်လို့ အဲဒါ ဘယ်လိုတင်မလဲဟင် တင်လို့တော့ မရဘူး ဖြစ်နေတယ်
char too lan
September 1, 2010 at 5:23 am
member တစ်ယောက်ဖြစ်ချင်ပါတယ်
ဘယ်နေရာက ဘယ်လိုဝင်ရပါလဲခင်ဗျာ…
mandalay ကိုနေ့စဉ်မပြတ်အားပေးနေပါတယ်
တခြား site ကစာတွေ သတင်းတွေကိုလဲဒီမှာပြန်တွေ ့နေရနော် !!!!
ကျနော်လဲ နောက်ဆို ကိုယ်တိုင်သတင်းရေးနိုင်အောင်ကြိုးစားပါ့မယ်……………………
bigcat
September 2, 2010 at 3:00 am
ကို ကေအေအိုင်ခင်ဗျား
အရင်က မန္တလေး ဂေဇက်သတင်းစာကို ပီဒီအက်ဖ် ဖိုင်အနေနဲ့ တင်ထားတာ တွေ့မိပါတယ်. အခု ၂၀၁ဝ ကစပြီး မတွေ့တော့ပါ။ မဖတ်ရသည်မှာ နှစ်စကထဲကဖြစ်ပါတယ်။ ဘယ်မှာတင်ထားလဲ သိချင်ပါတယ်။
ဆိုက်ဒ်လေးအောက် ပြောင်းသွာတာ ဒီနေ့သတိထားမိပါတယ်။ အဟောင်းလောက် အဆင်မပြေပါ။ အရင်ဟာက ကိုယ့်မှာ ပွိုင့်ဘယ်လောက်တက်နေ သလဲဆိုတာ ချက်ချင်းမြင်ရတယ်။ (ပြည်ပနေသူများ အတွက် ငွေသားထုတ်ခွင့်မရှိဆိုတာ သိပေမဲ့ သိချင်လို့ပါ။)
ပြီးတော့ကိုယ်ပို့စ်ကို ဘယ်နှစ်ယောက် ဖတ်ထားလဲဆိုတာလည်း တန်းတွေ့ရတယ်။ အခုတော့ သိချင်ရင် ကိုယ်ရေးထားတာကို ဝင်ကြည့်မှ သိရမဲ့သဘောဖြစ်နေပါတယ်။
မန်းလေးတျု့ပ်မှာ အသံဖိုင်တခုတင်ချင်လို့် မန်းဂေဇက်က နာမယ်အတိုင်း အကောင့် အသစ်ဖွင့်လိုက်တာ အခုထိ အီးမေးလ် မရသေးပါခင်ဗျား၊ ဖြစ်နိုင်ရင် တချက်လောက် ကြည့်ပေးစေလိုပါတယ်။
နောက်ဆုံးအနေနဲ့ လေးအောက်မပြောင်းခင်က မိုဇီလာ ဖိုင်းယားဖောက် နဲ့တက်ရတာ အရမ်းအဆင် ပြေပါတယ်။ အခုတော့ ဘယ်လိုဖြစ်သလဲမသိ တချို့စာလုံးတွေက ဖတ်လို့မရလို့ အိုင်အီးသုံတာ စာရိုက်ရင် ဆတ်တောက်ဆတ်တောက်နဲ့ အဆင်မပြေပါ။ ဘာကြောင့်လည်းဆိုတာ သိရင်ပြောပြပေးပါလား။
ကျေးဇူးတင်ပါတယ်
kai
September 2, 2010 at 3:07 am
နည်းနည်းအချိန်ပေးပါဦး။
ပြန်ကြည့်ပါမယ်ခင်ဗျ။ တခြားမင်ဘာတွေလည်း အဆင်မပြေတာတွေ ရေးကြပါဦး။
ဆာဗာမပြောင်းခင်…စမ်းနေတာဖြစ်ပါတယ်။
winne
September 2, 2010 at 3:36 am
ဒီနေ့ ပုံစံပြောင်းသွားတာ အမြင်လည်း တော်တော် ဆန်းသွားတယ် အရင်ကထက်ပိုသဘောကျတာကတော့ ယူဇာပုံဘဲ အရင်ပုံထက် အခုပုံက ပိုကြည့်ကောင်းလာတယ်။ ကျန်တာကတော့ လိုအပ်တာ ရှိရင် ထပ်ပြီး ကြောင်းကြားပေးမယ် တခြား ဆိုက်တွေလို ဘယ်သူအွန်လိုင်းမှာ ရှိလဲဆိုတာပါ သိနိုင်နေပြီဆိုတော့ ကောင်းပါတယ် ဒါနဲ့ ဒီမှာကော မန်ဘာဝင်တွေရဲ့ လိပ်စာတွေ စိတ်ချရမှုကကော ဘယ်လိုလဲဟင် အဲဒါလေးတော့ သိချင်တယ်
Yannaingthu
September 2, 2010 at 3:44 am
ကျနော် နာမည် ရန်နိုင်သူပါ
bigcat
September 2, 2010 at 5:31 am
ကိုယ် အွန်လိုင်းပေါ်မှာ ရှိနေတာ ဖျောက်ထားချင်ရင် ဘာလုပ်ရမလဲ၊
char too lan
September 2, 2010 at 5:46 am
ပြင်ထားတာရှင်းနေတာပဲ
တကယ်မိုက်တယ်ကွာ
photo လေးတွေကလဲချစ်စရာတောင်ကောင်းသွားသေးတယ်
good တယ်ဗျို ့
ဆူး
September 2, 2010 at 1:17 pm
ဖိုရမ်မှာ တော့ပစ် တင်တာ မြန်မာ စာမပေါ်ဘူးနော် အဲဒါလေး ဝင်ပြောတာပါ
kai
September 5, 2010 at 8:51 am
ရသွားပါပြီ
bigcat
September 2, 2010 at 11:08 pm
ဆရာရေ
ဖတ်သူဘယ်နှစ်ဦး ရှိပြီလဲဆိုတာ မှတ်ချက်ပေးသူ အရေအတွက်လို တင်လို့မရဘူးလား။
ဖေဖေါ်ဝါရီလ သတင်းစာ ကို ဒေါင်းမရပါ။ content decoding has failed လို့ ဝင်းဒိုးတခုပေါ်လာပါတယ်။
မန ္တလေးတျုမှာ အသံဖိုင်တင်ဖို့ မင်ဘာဝင်ထားတာ အခုထိ အီးမေးလ် မရသေးပါ။ ဆရာဆီကို ပို့ပေးလို့တင်ပေးနိုင်ရင် မေးလ်လိပ်စာကလေး သိပါရစေ။
ဆရာက ဆရာပါ ဆရာရယ် ဆရာလောက် ဆရာတဲ့သူတောင် ဆရာလို မဆရာပါဘူး ဆရာရယ်…..
kai
September 2, 2010 at 11:35 pm
ဟင်း…လူသားတွေအကုန် (မည်သူမဆို)ဘုရားဖြစ်ခွင့်ရှိပါတယ်။ တန်းတူတယ် ယူဆတာမို ့ပါ…။
နောင် ဆရာလို့…မခေါ်ပါနဲ့နော်…နော်..။
—
– ဖတ်သူဘယ်နှစ်ဦး ရှိပြီလဲဆိုတာ မှတ်ချက်ပေးသူ အရေအတွက်တင်ထားပါပြီ။ တော့ပစ်ခေါင်းစဉ်စာတန်း အောက်နားလေး..ညာဖက်မှာရှိပါတယ်။
home page မှာတော့မရသေးပါဘူး။
– နောက်ဆုံးသတင်းစာ 2010 -July-August ဒေါင်းလိုက်ပါလားခင်ဗျ။
http://myanmargazette.net/wp-content/plugins/download-monitor/download.php?id=9
ရှေ့ကဟာတွေ ဖြည်းဖြည်းချင်းပြန်တင်ပါ့မယ်။ အဲဒီဟာတွေက ဖိုင်ဆိုက်အရမ်းကြီးလို့ပါ။
– မန ္တလေးတျုလည်း ပြန်ကြည့်ပါမယ်။ အခုတော့ ကိုယ့်အလုပ်ထဲကနေ အားတဲ့အချိန်လေး ဝင်လုပ်ပေးနေတာမို ့ပါ။
နော…နော..
zawana
September 3, 2010 at 3:55 am
အသစ်ပြင်လိုက်တဲ့ Template Design က ပိုကောင်းပြီး ပိုရှင်းတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဆိုက်ဒ်က အရမ်းကို လေးလာတာ သတိထားမိတယ်။ ခါတိုင်းလည်း လေးတာမှန်ပေမဲ့ မနေ့ကစလို့ စိတ်မရှည်စရာ ကောင်းလောက်အောင် တော်တော် လေးလာတာကို သတိထားမိပါတယ်။ နည်းပညာပိုင်းတော့ ကျနော်လည်း နားမလည်ပါဘူး။
ကျနော့် အင်တာနက် မြန်နှုန်းက — Download speed — 1600 kbps
Upload speed — 300 kbps လောက်ရှိပါတယ်။
winkyawaung
September 3, 2010 at 4:05 am
ယခု ဆိုဒ်အသစ်ပြောင်းနေတုံးမှာ ပို့စ်အသစ်တွေကို တင်လို့မရသေးဘူးလားခင်ဗျာ..။ New Post ရှာတာ မတွေ့ဘူးဖြစ်နေပါတယ်။
zawana
September 3, 2010 at 4:46 am
ညာဖက်က Site Admin ဆိုတာလေးကို နှိပ်ပြီး ပို့စ် အသစ် တင်နိုင်ပါတယ် ခင်ဗျား …..
bigcat
September 3, 2010 at 5:35 am
အရင်က ဆိုက်ဒ်မှာ ကြည့်နေသူ ဘယ်နှစ်ယောက်ဆိုတာကို ပင်မစာမျက်နှာမှာ တွေ့ရတယ်၊ အခုမရတော့ဘူးနော်။ တခါတလေကြတော့ ကိုယ်တယောက်ထဲများ ဖြစ်နေမလား ဆိုပြီးတွေးတွေး ကြောက်မိလို့ပါ။ ကွန်ပြူတာ ဗိုင်းရပ်စ်ဆိုတာရှိရင် ကွန်ပြူတာ သရဲဆိုတာလည်း ရှိနိုင်လို့ပါ။
kai
September 3, 2010 at 4:56 pm
ကွန်ပျူတာလည်း လူတွေနဲ့တူလာပြီပေါ့။
နောက်ဆိုကွန်ပျူတာမိန်းမတွေ။ ယောက်ျားတွေပါလားတော့မယ်ထင်တယ်။
ဒိလိုပါ..။
– ပရိုက်ဗေစီကို ဦးစားပေးမယ်စဉ်းစားတာက တချက်..။ ( တချို ့အွန်လိုင်းမှာပေါ်နေတာ ကိုယ်ဖျောက်ချင်ကြတာကိုး)
– သိသိသာသာ လေးပင်သွားတာကတချက်( သာမန်အချိန် ၂-၃ယောက်လောက်ပေမဲ့..မြန်မာပြည်ကတက်ကြတဲ့အချိန်ဆို ၁၅+လောက်အထိဖြစ်တာမို ့ပါ)
ko ko
September 3, 2010 at 3:15 pm
မြန်မာip Address မဟုတ်ရင် မပေးဘူးဆိုတော့ တရုတ်နယ်စပ်ကလူတွေက တရုတ်လိုင်းဘဲ သုံးနေကျတာကောဘယ်လိုလဲ ….
kai
September 3, 2010 at 5:00 pm
ဒီဝက်ဘ်ဆိုက်ရဲ့ ပွိုင့်ပေးစံနစ်က မန်ဘာတွေကို ယုံကြည်စိတ်ချမှုနဲ့တည်ဆောက်ထားတာပါ။
တိုတိုပြောရရင်တော့…မန်ဘာတွေကို ယုံကြည်ပါတယ်။ အဲဒီတော့…
ကျနော်၊ ကျမသည်..မြန်မာပြည်တွင်းမှာနေသူဖြစ်သည်..ဆိုပြီး ငွေလှမ်းတောင်းယုံပါပဲ..။
ဟုတ်ပါပြီနော..။
lu ta lone
September 4, 2010 at 4:54 am
Admin ခင်ဗျား…
ကျွန်တော်ပဲ အမှတ်မှားတာလား…
စနစ်ကပဲ တွက်တာလွဲနေတာလား…
ကြည့်ပေးပါ…
ကျွန်တော်တင်တဲ့ ပို့စ်အတွက် ပွိုင့်က ၁၀ဝ ပဲ ရတော့သလားပဲ…
ပြီးတော့ စိတ်ဝင်စားပြီး လူကြိုက်များလောက်တဲ့ ပို့စ်တွေ အတွက် ပွိုင့်တိုးပေးဖို့ အစီအစဉ်မရှိဘူးလား သိပါရစေ…
ကိုယ်ပိုင်ဖန်တီးထားတဲ့ လူတွေလည်း ကောင်းကောင်း စိတ်ဝင်စားတဲ့ Catagory တခုကို ဖန်တီးပေးရင်ရော ပွိုင့်ဘယ်လိုပေးမလဲ သိပါရစေ…
kai
September 5, 2010 at 8:57 am
မမှားပါဘူးခင်ဗျ။ အဲဒီအတိုင်းပြင်ထားတာဖြစ်ပါတယ်။
ကိုယ်ပိုင်ဖန်တီးထားတာတွေ ပွိုင့်ပိုပေးတဲ့အစီအစဉ်လုပ်ချင်ပေမဲ့ ကျုပ်လည်း ပရိုဂရမ်မဆွဲတတ်တော့ ဘယ်လိုလုပ်ရမလည်းမသိဘူးဖြစ်နေပါတယ်။ ပြန်မေးပါဦးမယ်။
လူတလုံးပိုစ့်တွေတချီု ့က ကိုယ်ပိုင်စာတွေဖြစ်ရင် သီးခြားကြည့်တိုးပေးပါမယ်။
bigcat
September 4, 2010 at 4:54 pm
တင်ထားတဲ့ ကွန်မန့်တွေကို နေ့အလိုက် အကုန်လုံး ဖတ်လို့ရရင် သိပ်ကောင်းမှာပဲ။
kai
September 5, 2010 at 9:00 am
Side Admin ထဲမှာတော့ ကွန်မန့်အကုန် တန်းစီဖတ်လို့ရပါတယ်။
winkyawaung
September 5, 2010 at 1:57 am
ပြည်တွင်းမှ စာပေစီစစ်ရေးက မသုံးတဲ့ အများပြည်သူလူထုအတွက် အဖြစ်မှန်သတင်းများကို ရေးဖို့နေရာတစ်ခု ရလာပါတယ်။ အထူးဝမ်းသာစရာပါဗျာ..။
ဆူး
September 5, 2010 at 4:06 am
ဝမ်းသာတာ နောက်ထား ဘယ်တော့ ဘန်းခံရမလဲ စိတ်ပူနေရမယ် သိပ်တော့ စည်းလွတ်အောင် မလုပ်ကြပါနဲ့။
thihayarzar
September 5, 2010 at 6:03 am
ကျွန်တော်တင်ထားတဲ့ ၂၀၀၃ ကျောက်ဆည်အရေးအခင်းကို သမိုင်းအထောက်အထားတွေအရ ဘယ်လိုဖော်ပြရမလဲ … ကျွန်တော်တင်ထားတဲ့ သတင်းကအမှန်ပါဆိုတာကို ဘယ်လိုထောက်ခံချက်တွေလိုသေးလား …. ဖြစ်လာမယ့် ပြသာနာဆိုတာက ဘယ်လိုမျိုးလဲ ….. ဘယ်လိုတာဝန်ယူရမလဲ ပြောပြပေးပါ … ကျွန်တော်သတင်းဟာ အားလုံးသိမှဖြစ်မှာပါ … နောက်ဆက်လက်ရေးမယ့် စာဟာဝမ်းနည်းစရာကောင်းလွန်းလို့ပါ …. တင်ဖြစ်အောင်ကို တင်ချင်ပါတယ် … ရင်ထဲမှာဘယ်လိုမှ မခံစားနိုင်လို့ပါ …
kai
September 6, 2010 at 6:26 am
“လူမျိုးရေး။ အသားအရောင်၊ ဘာသာရေး ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ”
အဲဒီစည်းကမ်းအတိုင်းပါပဲ။ တကယ်လို့ အဲဒီစည်းကမ်းထဲက တခုနဲ့မှမငြိစွန်းနေပါဘူးလို့ စာမူတင်သူကိုယ်တိုင်…ကိုယ့်ကိုယ်ကိုယ်ယုံကြည်ရင် တင်ပါ။ ကိုယ့်ကိုယ်တိုင်ကိုတော့ မလှည့်စားကြည့်ပါနဲ့။
leokoko
September 5, 2010 at 3:05 pm
မန်ဘာတစ်ယောက်လည်းဖြစ်ပြီးသွားပြီ…
မှတ်ပုံလည်းတင်ထားပြီးပြီဆိုတော့
ရေးဖို့ပဲကျန်တော့တယ်…
ငယ်ငယ်ကဆို စာရေးရမှာ သိပ်ကြောက်တာဗျ..
စာစီစာကုံးအချိန်ဆို ကျောင်းပြေးနေကြလေ..ဟဲဟဲ
အရွယ်လေးလည်းရောက်လာရော စာရေးချင်စိတ်တွေပေါက်လာပြန်ရော..
ရည်းစားစာတို့ ကဗျာတို စာတိုတွေပေါ့..
အဲဒီတုန်းကဆို ရေးလို့ကောင်းမှကောင်း
လစဉ်မုန့်ဖိုးကို ကြည့်လိုက်ရင်
ဒိုင်ယာရီစာအုပ်ဖိုးက အများဆုံးကုန်တာလေ..ဟဲ..ဟဲ
သစ်ရွက်လေးတွေ ကြွေသွားတာတို့…
ငှက်ကလေးတွေပြန်သွားတာတို့
လေပြေလေးတွေ တိုက်ခတ်သွားတာတို့
ပန်းကလေးတွေပွင့်တာတို့က အစပေါ့…
အဲဒါတွေက ကျနော့ရဲ့ စာဖွဲ့မကုန်တဲ့ ကုန်ကြမ်းတွေပေါ့ဗျာ
အဲ…အခု အသက်(၃၀) ကျော်သွားတော့
စာရေးရတာကို ကြောက်လာပြန်ရောဗျာ
နယ်မှာနေတဲ့ မိဘဆီကိုတောင် သာကြောင်းမာကြောင်းစာရေးရမှာကို
ပျင်းနေတယ်…
အင်း…အခုလည်း ပျင်းတော့ပျင်းသလိုလိုပါပဲ..
ဒါပေမဲ့ မန်ဘာတစ်ယောက်အနေနဲ့တော့ ရေးနေရအုံးမှာပဲ..
ဟုတ်တယ်နော်..
thihayarzar
September 6, 2010 at 2:19 am
ကျွန်တော်တင်ထားတဲ့ ကျောက်ဆည်မြို့ဆင်အကနှင့်ရွှေသာလျောင်းတောင် ဆိုတဲ့ပို့က တင်ထားတာကို ဘာလို့မတက်တာလဲ … ပြောပြပေးပါ …
kai
September 6, 2010 at 6:28 am
တက်နေတာတွေ့ပါတယ်။
မန်း ရိပ်
September 6, 2010 at 4:32 am
ရတနာပုံနေပြည်တော်သတင်းစာမှာ ဖော်ပြကြောင်း ဘယ်လိုသိရှိနိုင်ပါလဲ
kai
September 6, 2010 at 6:31 am
ဖေါ်ပြရင်ဖေါ်ပြကြောင်း ပြောမှာပေါ့ဗျာ။ ဒုက်ခပါလား။
အဲဒီသတင်းစာက စောင်ရေ ၁သောင်း၂ထောင်ပုံနှိပ်ထုတ်နေတာ..။ လူသိန်းနဲ့ချီဖတ်နေတာ..။ ယူအက်စ်မှာနေတဲ့သူလှမ်းမေးလဲသိနိုင်တာပဲနော…။
thihayarzar
September 7, 2010 at 5:11 am
ုkai ကျွန်တော်မတွေ့ဘူးဖြစ်နေတယ်ဗျာ … တက်နေတယ်ဆိုရင် ပွိုင့်တက်ရမှာပေါ့ .. ပွိုင့်လည်းမတက်ဘူး….စာလည်းမတွေ့ရဘူး ….
kai
September 7, 2010 at 6:45 am
http://myanmargazette.net/entertainment/23586
လင်းဝေကျော်
September 8, 2010 at 9:56 am
ပြောင်းလိုက်တဲ့ site format က ကောင်းပါတယ်။
ဘာဖြစ်လို့ site format အဟောင်းကိုပြန်ပြောင်းလိုက်တာတုန်း
kai
September 8, 2010 at 10:02 am
မြန်မာပြည်တွင်းက မန်ဘာတော်တော်များများ ဝင်မရဘူး(ဝင်ရအရမ်းခက်တယ်)ပြောနေကြလို့ပါ။
အသစ်က ဆာဗာကို ၂ဆလောက် ပိုလေးသွားတယ်လို့ ဆာဗာ(ဟို့စတင်း)ကလည်းပြောပါတယ်။
ပြန်စဉ်းစားကြရဦးမယ်…။ မတည်မငြိမ်ဖြစ်နေတာအတွက်..ခွင့်လွတ်ကြပါခင်ဗျား။
fatty
September 8, 2010 at 10:36 am
site အသစ်ကနေ ပိုစ် တင်တာ ၂ရက် ရှိပါပြီ မရပါ ။ ဆိုင်ပြောင်းပြီး mandalay gazette ကိုဖွင့်ကြည့်တော့ site ပုံစံ အဟောင်းဖြစ်နေ ပြန်ပါတယ်။
အဟောင်း ကလဲ အခုထိတော့ တင်လို့မရသေးပါ။ ဘာကြောင့်ပါလဲခင်ဗျား …