Oneclick plugin Installer

zoxnetApril 28, 20101min701
1

အခု ကျွန်တော် WordPress plugin တစ်ခုကို လက်တို့ချင်ပါတယ်။ သိပြီးတဲ့သူတွေက မသိသေးတဲ့ သူတွေထက်တော့ များလိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဒီ plugin လေးက သုံးရတာ အရမ်းအဆင်ပြေလို့ မသိသေးသူတွေ အတွက် ဝေမျှပေးလိုက်ပါတယ်။ နံမည်ကတော့ one click plugin လို့ ခေါ်ပါတယ် ခင်ဗျာ။ သူ့ရဲ့ အကျိုးပြုပုံ ကတော့ ကျွန်တော်တို့ရဲ့ WordPress တွေမှာ Theme အသစ်တင် တာတို့၊ Plugin အသစ်တင်တာတို့ ပြုလုပ်တဲ့ အခါမှာ မိမိတို့ ရဲ့ Root Directory အထိသွားစရာ မလိုပဲ WordPress – Dashboard ထဲမှာတင် အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲ.. စိတ်ဝင်စားတယ် ဆိုရင်တော့ အဲဒီ Plugin ကို ရယူဖို့အတွက် WordPress – Dashboard ထဲက Plugins အောက်ကနေ Add New ကို ကလစ်လုပ်ပါ။ အဲဒီကမှ တဆင့် Search plugin ကနေ One click plugin ဆိုတာလေးကို ရိုက်ထည့်လိုက်ပါ။ WordPress ကနေ ရှာပေးပြီး Search box အောက်မှာ အဲဒီ plugin အပါအဝင် တခြား plugin တွေပါ ပြပေးပါလိမ့်မယ်။ အဲဒီအခါ oneclick plugin ကို install လုပ်လိုက်ပါ။ ပြီးရင် Plugins- Installed – Activate လုပ်ပါ။ Oneclick Plugin .. Activated ဖြစ်သွားတာနဲ့ WordPress- Dashboard အောက်က Appearance နဲ့ Plugins အောက်မှာ Install a Theme နဲ့ Install a Plugin ဆိုတာလေးတွေ ပိုလာတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ Theme ဒါမှမဟုတ် Plugin တစ်ခုခုကို တစ်နေရာရာ ကနေ Download ချပြီး စက်ထဲမှာ သိမ်းထားမိတယ်ဆိုပါစို့။ အဲဒါတွေကို မိမိ WordPress မှာ ဒါရိုက်တင်နိုင်ဖို့အတွက် Install a Theme ဒါမှမဟုတ် Install a Plugin ကို နှိပ်လိုက်ပြီး Browse ကနေတဆင့် ဖိုင်လမ်းကြောင်း ရွေးကာ မိမိ WordPress ဆီ ဒါရိုက် upload တင်နိုင်ပြီ ဖြစ်ပါတယ်။ Root Directory ဆီသွားရတဲ့ ဒုက္ခနဲ့ FTP တွေကို ကွန်မကောင်းတဲ့ ကြားက ခက်ခက်ခဲခဲ သုံးရတဲ့ ဒုက္ခတွေ ကင်းဝေးသွားနိုင်ပြီ ဖြစ်ပါတယ်။ အဆင်ပြေကြပါစေ။

One comment

  • susunosuki

    April 28, 2010 at 6:14 am

    ခုလိုနည်းပညာကိုဖြန့်ဝေလို့ ကျေးဇူးတင်ပါတယ်
    ကျွန်တော်စမ်းကြည့်ဦးမယ်

Leave a Reply