ကံတရားလှည့်စားချက်ကြောင့် ထီပေါက်သူခုနှစ်ဦး $319 M

Leon Peck, Kristin Baldwin, Mike Barth, Yolanda Vega, Tracy Sussman, John Kutey, Gabrielle Mahar, John Hilton

(အဲဒါ ကံလို့ခေါ်တယ် သဂျီးရေ၊ ကံ ကံ… ကံပါဗျ) စနေန့ မနက်အစောပိုင်း တယ်လီဖုန်းသံဟာ နယူးယောက်ပြည်နယ် အိမ်ယာပြန်လည်ထူထောင်ရေး ဌာန အိုင်တီဝန်ထမ်းများအတွက် များသောအားဖြင့် အလုပ်ကိစ္စ တခုခုပေါ်တဲ့ အဓိပ္ပါယ်ဖြစ်သည်။ John Kutey (၅၄နှစ်က) ထင်တာ ‘ကောင်းတယ်၊ ဆာဗာကွန်ပြူတာတော့ ဒေါင်းနေပြီ’။ မဟုတ်ပါဘူး၊ သူနဲ့ အိုင်တီဝန်ထမ်း ၆ယောက် ပြည်နယ်အစုံမှာဖွင့်သော မီဂါမီလျံထီရဲ့ ဆဌမဆုကြေး အများဆုံး ဒေါ်လာ၃၁၉သန်း ထီပေါက်ခြင်း ဖြစ်သည်။
‘အခုချိန်အထိ မယုံနိုင်သေးဘူး။ ငါတို့ဟာ သာမန်လူတန်းစားတွေပါ။ လူတိုင်း စိတ်ပျက်သွားကြမယ် မထင်ဘူး’ လို့ John Hilton က (၅ရနှစ်) ပြောသည်။ ၎င်းတို့တဦးလျင် အခွန်နှုတ်ပြီး ဒေါ်လာ ၁၉.၁သန်းစီ ရသည်။ လုပ်ဖော်ကိုင်ဖက် အချို့အတွက်တော့ နာ၍မဆုံးနိုင်အောင် ဖြစ်သည်။ ထီဆုကြေး ဒေါ်လာသန်းတရာ ရောက်ကထဲက တဦးနှစ်ဒေါ်လာစုပြီး အိုင်တီအမှုထမ်း တဒါဇင်လောက် စုပေါင်းစပ်ပေါင်း ထီစထိုးခဲ့ကြသည်။ နာမည်များ မှတ်ထားပြီး ယခုအကြိမ်တွင် ငါးဦးမထိုးပဲနေလို့လို့ စာရင်းထဲ သူတို့အမည် ဖျက်ထားသည်။
စနစ်ကာ ချိုချဉ်ဘား စားချင်တဲ့ဆန္ဒနဲ့ အရင်လိုတဲ့ ဝယ်သူတို့က ထီထိုးသူများ လိုနေတဲ့ ကံတရားကို ဖြည့်ဆည်းပေးဟန်ုတူသည်။ Mike Barth ၆၃နှစ်ကို သူငယ်ချင်းများက ရုံးဘေးရှိ သတင်းစာဆိုင်မှာ ထီသွား ဝယ်ခိုင်းသည်။ ဆိုင်ထဲတွင် Mike ချိုချဉ်ဘားကို လှမ်းနေစဉ် အခြားသူတဦး ကြားဖြတ် ထီဝင်ထိုးသွားသည်။ သူ့ရှေ့က ဖြတ်ဝင်သွားသူသည် ထီတကယ်ပေါက်ရမဲ့သူ ဖြစ်နိုင်တယ်၊ ပေါက်ရမဲ့သူ ပေါက်တာပဲ၊ ဘယ်သူမှ မသိနိုင်လို့ ပြောသည်။
သောကြာနေ့ညတွင် Gabrielle Mahar (၂၉နှစ်)သည် သူနှင့်အိုင်တီအဖွဲ့သားများ ထီပေါက်ကြောင်းကို ညဉ့်နက်ပိုင်းသတင်းတွင် တီဗွီဖန်သားပြင်၌ ပေါ်လာသော ဂဏန်းများကြည့်ပြီး သိလိုက်သည်။ ထီလက်မှတ် မိတ္တူကို အကြိမ်ကြိမ်စစ်ရင်း ထီပေါက်တာကို မယုံနိုင်ဖြစ်သည်။ အမေကို ဖုံးဆက်ပြောပြီး ထီအတူပေါက်သူ အထက်အရာရှိ၏ တယ်လီဖုန်းတွင် ထီပေါက်ကြောင်း သတင်းစကားထားသည်။ Kristin Baldwin (၄၂နှစ်) ညသန်းကောင် အချိန်လောက်တွင် တယ်လီဖုန်းမှပေးသော သတင်းစကားကို နားထောင်အပြီး တကိုယ်လုံး အေးစက်ထုံခဲသွားသည်။ တကယ်မယုံနိုင်အောင်ပဲ။ လုံးလုံးမျှော်လင့်မထားဘူး။ အလွန်အံ့ဩဖို့ကောင်းတယ်၊ ပြီးတော့ ရှေ့ဆက်လုပ်စရာတွေ အများကြီးရှိကြောင်း ပြောသည်။
ကျန်ထီပေါက်သူ အများကတော့ စနေနေ့မနက်ပိုင်း ဖုန်းသံမြည်လာတဲ့အခါ အလုပ်နဲ့ဆိုင်တဲ့ ပြသနာ ပေါ်ပြီ ထင်ကြသည်။ Tracy Sussman (၄၁နှစ်)က ဘာဖြစ်ပြန်ပြီလည်း စဉ်းစားရင်း ဖုန်းကိုင်သည်။ Leon Peck (၆၂နှစ်)သည် ဖုန်းလာချိန် နံနက် ၆:၄၅ တွင် အိပ်ယာထဲမှာ ရှိသေးသည်။ ဘာပြသနာလည်းလို့ မေးတော့မှ ထီပေါက်ကြောင်းသိသည်။ အိမ်မက်မက်နေတယ် ထင်မိကြောင်းပြောသည်။ Kutey က ရုံးသို့သွားကာ Barth၏ စားပွဲမှ ထီလက်မှတ်ကို သွားယူထားပြီး ဘယ်မှာသိမ်းရမလဲ မသိအောင် ဖြစ်ရသည်။ သူ့ကားဂိုထောင်ထဲတွင် ဆားကျောက်ခဲတပုံးနဲ့ ငှက်စာငါးဂါလံပုံး တပုံးရှိသည်။ ဆားကျောက်ခဲပုံးထဲထားရင် မှင်တွေပျက်ကုန်နိုင်လို့ ထီလက်မှတ်ကို ငှက်စာထဲထည့်ပြီး မြေအောက်ခန်းတွင်ဖွက်သည်။
ထီပေါက်သူများ အလုပ်ထွက်မလား၊ ငွေတွေကို ဘယ်လိုသုံးစွဲရမယ်ဆိုတာ မဆုံးဖြတ် ရသေးကြောင်း ပြောသည်။ ထီပေါက်တာ တပတ် မရှိသေးဘူး။ မစဉ်းစားဘူး။ Baldwin က ဘာလုပ်မယ်ဆိုတာကို တကယ် မသိဘူးကြောင်း ပြောသည်။ Mahar ကတော့ ပန်းကန်ဆေးစက်တလုံးတော့ လိုချင်နေသည်။
http://news.yahoo.com/s/ap/20110331/ap_on_re_us/us_mega_millions_winner
$319M jackpot goes to 7 NY state tech workers
By MARY ESCH, Associated Press Mary Esch, Associated Press
SCHENECTADY, N.Y. – An early morning phone call on a Saturday usually means one thing for the IT workers at the New York state Division of Housing and Community Renewal.
“I said, ‘Great, the server’s down,'” said John Kutey, 54, of Green Island.
Nope. Instead, he and six colleagues had hit the jackpot: $319 million in the multistate Mega Millions game’s fifth-largest prize in its history.
“It still seems unreal to us,” Kutey said Thursday at a news conference at state lottery headquarters in Schenectady. “We’re pretty average folks. This really hasn’t sunk in for anybody.”
Each of the seven winners will collect a check for $19.1 million, after taxes.
Some of their colleagues might be kicking themselves. Co-winner John Hilton, 57, of North Greenbush, said there are about a dozen workers in the information technology department who start playing the lottery at $2 per person when the jackpot hits $100 million.
“We keep a checklist of who’s in and who’s out for any particular drawing,” he said. This time, five names were crossed off the list when they declined to play.
A hankering for a Snickers bar and an impatient patron may have provided just the extra bit of luck needed by those who opted in.
Mike Barth, 63, of Bethlehem, said his colleagues designated him to go to the newsstand next door and buy the ticket. Another lottery customer cut in front of him in line when he reached for his favorite candy bar.
The Snickers bar became a payday instead.
“I’m thinking later on, when we found out we won, that this guy who jumped in front of me could have been the one with the winning ticket,” Barth said. “It just goes to show — you never know.”
On Friday night, Barth’s co-worker Gabrielle Mahar, 29, of Colonie, learned that she and her fellow IT workers at the state Division of Housing and Community Renewal had hit the jackpot when she saw the winning numbers scroll across her TV screen during the late-night news.
“I looked at my photocopy of the ticket, then rechecked it and rechecked it and rechecked it,” she said. “I just couldn’t believe it was real.”
After calling her mother and her best friend, Mahar called her boss, Kristin Baldwin of Clifton Park, and left a message on her answering machine saying they had won.
Baldwin, 42, said she got up and listened to her answering machine around midnight. “I was numb. In total disbelief,” Baldwin said. “I’m really not prepared for it. It’s a wonderful thing, but it’s so much to sort out and deal with.”
Several of the winners thought it was going to be bad news from work when the phone rang Saturday morning.
Tracy Sussman, 41, of Colonie, said she took the good news call after initially thinking, “What’s wrong now?”
“When Gabrielle called me at 6:45, I was still in bed,” said Leon Peck, 62, of Johnstown in Fulton County. “I said, ‘What’s the problem?’ She said, ‘We hit the Mega.’ I thought I was still dreaming.”
Kutey went to the office to retrieve the ticket from Barth’s desk.
“I didn’t know where to put it,” he said. “I had a bucket of rock salt and a 5-gallon bucket of bird food in the garage. I thought the rock salt, it might eat the ink off the ticket. So I put the ticket in the bird food and hid it in the basement.”
The winners said they haven’t decided whether to quit working or exactly how to use their new-found wealth.
“I really don’t know what I’ll do,” Baldwin said. “It hasn’t even been a week yet. It hasn’t really hit me.”
“I just want a dishwasher,” Mahar said.

7 comments

  • etone

    April 1, 2011 at 1:46 am

    ပျော်စရာကြီးပါလား ဖတ်ပြီး ကိုယ်မရပေမဲ့ သူတို့လိုပဲ ပျော်မိတယ် ။ 😀

  • cherrywine

    April 1, 2011 at 2:52 am

    ကောင်းလိုက်တဲ့ ကုသိုလ်ကံ .. အားကျလိုက်တာ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 1, 2011 at 4:33 am

    အမလေးလေး
    ငွေလေး
    ဆယ့်ကိုးသန်းရတာကိုဘဲ
    အဖြစ်သဲနေလိုက်ကြတာ

  • Gong Zhu

    April 1, 2011 at 5:14 am

    သဲသင့်ရင်တော့ သဲရမှာပဲ … 😛

  • antimoe

    April 1, 2011 at 3:41 pm

    သိန်း၁၈၀၀၀=
    တနေ့၁သိန်း×တလ၃ဝရက်×တနှစ်၁၂လ နှုန်းနဲ့..အနှစ်၅ဝတိတိသုံးနိုင်ကြောင်းပါ။
    နောက်..အနှစ်၅၀..ဆိုရင်တော့…ဆန်၁ပြည်=၁သိန်းများဖြစ်နေပြီလား..။
    ပြောင်းပြန်..ပြန်တွက်ရင်…၁ရက်$100စုရင်…နောင်နှစ်၅ဝကြာရင်..
    သဂျီးတို့လည်း..မီလျံနာတော.မှာပါ။

  • nature

    April 1, 2011 at 4:58 pm

    ကံ၊ဉာက်၊ဝီရိယ ၃မျိုးထဲမှာ သူတို့ကိုမေးကြည့်ရင် ကံသာအဓိကလို့ဖြေလိမ့်မယ်၊ အန်ဒါဆင်ကတော့ဝီရိသာလျှင်အဓိကတဲ့၊
    သို့-သူကြီး ယနေ့မှစပြီး ရ ရက် မြောက်သောနေ့တွင်ထီထိုးပါ၊ သင်ထီပေါက်ကိန်းရှိသည်၊

  • nagargyi

    April 2, 2011 at 3:58 am

    ကံသာအဓိကပါဘဲ။ အားလုံးစုထိုးနေတာကနေ ရမယ့်ကံမပါတဲ့(၅)ယောက်က ပေါက်မယ့်အပတ်ကျမှ မပါဘူး။
    ပေါက်တဲ့သူ(၇)ယောက်အတွက်ကတော့ ဝမ်းသာစရာဘဲ။ သူတို့ဆီမှာက သာမန်သူတစ်ယောက်အတွက် တစ်သိန်းစုမိဖို့တောင်မလွယ်ဘူး။ အတော်ကြိုးစားရတာ။

Leave a Reply