အများမိုးခါးရေသောက် လိုက်သောက်ဗျို့ Drink Bitter Rain

Let's Drink Bitter Rain
မိုးခါးရေသောက်ကြစို့

‘နောင်တများဖြင့် ဘဝမှာ မနေနှင့်’ လို့ဆိုကြသည်။ ‘အကယ်၍သာ’ ဆိုတဲ့စကားသည် ကမာ္ဘပေါ်တွင် ဝမ်းနည်းဖို့အကောင်းဆုံး စာလုံးများလို့လည်း ပြောကြသည်။ Michael Kosko သာ ကြုံလိုက်ရတဲ့ ‘အကယ်၍သာ’ အချိန်ပိုင်းလေးကို ကြိုတင်သိခဲ့ရင် ကျန်သေးတဲ့ သူ့ဘဝတလျောက် မပူမပင် နေသွားရနိုင်သည်။ ကော့စ်ကိုသည် တနေ့ကဖွင့်သွားသော ဒေါ်လာ၃၁၉သန်း မီဂါမီလျံထီပေါက်သူများနှင့် တရုံးထဲလုပ်သူဖြစ်ပြီး လုပ်ဖေါ်ကိုင်ဖက်များ ၂ဒေါ်လာစီထည့်ပြီး စုပေါင်းစပ်တူထိုးရာတွင် အမြဲတမ်း အရင်အကြိမ်များတွင် ပါဝင်ခဲ့သည်။
သေချင်တဲ့ကျား တောပြောင်းဆိုတဲ့အတိုင်း ပေါက်မဲ့အချီကြမှ သူ့တွင် ငွေအကြွေ အဆင်သင့်မရှိ၍ ဆက်မကစားပဲ နေလိုက်သည်။ လုပ်ဖော်ကိုင်ဖက်တဦးက စိုက်ပေးမယ်ပြောတာ သူတို့တွေ တွတ်လေးတောင် တခါမှ မပေါက်ဖူးလို့ ဆွမ်းတော်ကြီးပွဲ ဝင်မနွှဲရန် ရွေးလိုက်သည်။ ကျနော့်မှာ တဒေါ်လာတန် နှစ်ရွက်မရှိဘူး၊ ထီ ထိုးတာလည်း လနဲ့ချီရှိနေပေမဲ့ ဘာဆိုဘာမှ မပေါက်ခဲ့တော့ အဲဒီနေ့မှာလည်း မကစားဖို့ ဆုံးဖြတ်လိုက်တာလို့ ကော့စ်ကိုကပြောသည်။ သူအလုပ်ကို လမ်းလျောက်လာစဉ်မှာ အေဘီစီ သတင်းဌာနက နောက်ယောင်ခံလိုက်ပြီး ကံဆိုးသူမောင်ရှင်အဖြစ် မေးမြန်းသည်။ ကျနော် စိတ်မပျက်ပါဘူး၊ ပေါက်သွားသူခုနှစ်ဦးအတွက် ဝမ်းသာကြောင်း သူက အခိုင်အမာဆိုသည်။
အရင်ကပုံမှန် ထီစပ်ထိုးခဲ့ကြတဲ့ သူနဲ့အခြားလေးဦးကို အောဘနီဆဲဗင်းလို့ လူသိများနေတဲ့ ထီပေါက်သူ ခုနှစ်ဦးက ဆုကြေးတချို့ ခွဲပေးမယ်ဆိုလို့ သူ့ကိုယ်သူ အလွန်ကံကောင်းတယ်လို့ ထင်ကြောင်းပြောသည်။ သူသည် နွမ်းပါးသော နယူးယောက်ပြည်နယ် အထက်ပိုင်းတွင် ကြီးပြင်းခဲ့ပြီး ယခုအလုပ်ကို နှစ်သက်ပျော်ရွင်နေသူ တဦးဖြစ်သည်။ ကိုယ်နှစ်ခြိုက်တဲ့ ပြည်နယ်အစိုးရအလုပ် ငါ့မှာရှိတယ်၊ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ပြီး နောင်အနှစ်၂ဝ လုံးလုံးဘာကြောင့်ဖြစ်ရသလဲဆိုတာ မေးနေမှာမဟုတ်ဘူး၊ လုပ်စရာရှိတာ ဆက်လုပ်သွားမှာ၊ အားလုံးကောင်းဖို့ပဲ လို့ပြောသည်။
ထီပေါက်သူများက ငွေသားလက်ငင်း တလုံးတခဲထုတ်ကြမှာမို့ ပြည်နယ်နှင့် ပြည်ထောင်စုအခွန် မနှုတ်ခင် တဦးလျင် ဒေါ်လာနှစ်ဆဲ့ရှစ်သန်း ကိုးသိန်းခုနှစ်သောင်းတထောင်ကျော်၊ အခွန်နှုတ်ပြီးပါက ဒေါ်လာတဆဲ့ကိုးသန်း တသိန်းနှစ်သောင်းကိုးထောင်ကျော် ရကြမည်ဖြစ်သည်။
ဒီဇာတ်လမ်းမှာ ထီမထိုးခဲ့လို့ ကော့စ်ကိုတို့လို ကံအကြောင်းမလှသူ နောက်တဦးကတော့ ပေါက်ဂဏန်းထီ ထိုးသူ Mike Barth တန်းစီနေစဉ် ကြားဝင်ဖြတ် ထီထိုးသူဖြစ်သည်။ ထီလက်မှတ် သူဝယ်မယ့် အလှည့်ရောက်တော့ ထီမထိုးခင် ဗန်းထဲက ချိုချဉ်ဘားကို လှမ်းနှိုက်နေတုန်း လူတယောက် ကျော်တက်ပြီး ထီထိုးသွားတယ်။ သူပြောဖို့ စဉ်းစားလိုက်ပြီးမှ မသိကျိုးကျွံ နေလိုက်သည်။ ဒီလိုနဲ့ သူ့အလှည့်မှာ ပေါက်ဂဏန်း ထိုးမိလျက်သား ဖြစ်သွားသည်။
ကံဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲလေ…. (သဂျီးမသိသေးလို့ ပြောလိုက်ကြပါအုံး)

Here’s why you should always buy in to your office lottery pool
By Brett Michael Dykes
It’s been said that one shouldn’t live life with regrets. Witness the oft-quoted aphorism from fantasy writer Mercedes Lackey: “If only. Those must be the two saddest words in the world.”
And you can’t help but wonder if Michael Kosko might spend a good part of the rest of his life pondering his own recent “if only” moment.
You see, Kosko is an employee of the New York Homes and Community Renewal agency in Albany, which has lately been the subject of feverish press attention after seven of its employees learned yesterday that they had won a $319 million Mega Millions jackpot. Michael Kosko works in the same office in Albany, and was hit up for a $2 contribution to the pooled lottery funds his coworkers were pulling together. After all, he’d always agreed to join in the office ritual in the past.
This time, though, he balked. Checking his cash reserves, Kosko discovered that he didn’t have any singles on him, and even though one of his co-workers offered to spot him a couple of bucks, he chose not to participate. Besides, as he told the New York Post, they never won anything anyway.
“I didn’t have two singles,” Kosko told the paper. “We had played over the past few months, we never hit anything. And I just decided that on that particular day, I wasn’t going to play.”
And the rest, as they say, is history. ABC News tracked Kosko down as he was walking to work and asked the “colossally unlucky guy” about his misfortunate decision. He insisted he’s “not upset” and that he feels “very happy for the seven who won. I’m very happy for them.”
Kosko also told the Post–which noted that the seven winners who’ve come to be known as “The Albany Seven” may still share some of their winnings with Kosko and four others who regularly contributed to the office lottery pool–that he already considers himself to be extremely fortunate. He grew up poor in upstate New York, and he derives a great deal of satisfaction from his job.
“I have a job with the state doing work I love,” he said. “I’m not going to sit around and ask myself that question for the next 20 years. I’m moving on. It’s all good.”
We wish him the best of luck. Meanwhile, on Thursday his seven luckier co-workers opted for lump sum payouts on their winnings. Each of them will receive a one-time payment of $28,971,029 before state and federal tax withholdings. The after-tax value of each check will total $19,129,571, according to Mega Millions officials.
As it turns out, Kosko and his co-workers who chose not to buy in to the lottery pool aren’t the only unlucky ones in this whole saga. There’s also the guy who cut Mike Barth–the employee assigned to buy the tickets–in the line at Coulsons News Center in Albany.
“I was at the counter. It was my turn to buy a ticket when I reached down to grab a Snickers bar from the candy display and someone reached over me, actually cut in front of me to buy a ticket,” recalled Barth at the announcement ceremony. “I thought about saying something but decided to just let it slide. I bought the next ticket … the winning ticket.”
Karma is a … well, you know what it is.
http://news.yahoo.com/s/yblog_thelookout/20110401/ts_yblog_thelookout/heres-why-you-should-always-buy-in-to-your-office-lottery-pool

4 comments

  • manawphyulay

    April 3, 2011 at 1:30 pm

    ဖြူစင်တဲ့စိတ်ကလေးနဲ့
    အပူအပင်ဖွဲ့ အရိပ်တွေဖြင့်
    မေတ္တာရည် အလှလွှမ်း
    သစ္စာတည် ဘဝလမ်း
    လျှောက်လှမ်းခဲ့ပေ….။
    ဘယ်သူတွေ ဘယ်လိုကဲ့ရဲ့
    မဲ့ရွဲ့လို့ မြင်ကာ ကြည့်စေ
    လူတကာတွေ မေးငေါ့မှာကြောက်…
    လိပ်ပြာလုံ
    သိက္ခာဂုဏ် ရိုးသားစွာဖြင့်
    ရိက္ခာအစုံ တိုးပွားမလာလဲ
    (တို့ကတော့) မိုးခါးရေမသောက်….။

  • Toungoo Thar

    November 1, 2011 at 11:32 pm

    မြန်မာထီပေါက်လို့ကတော့ တိုက်ခန်းကောင်းကောင်း တစ်ခန်းတောင် မနည်းဝယ်ရမှာ….
    အော် ကွာပါ့..

  • kai

    November 2, 2011 at 3:04 am

    – ကံမကောင်းချင်တော့.. အိမ်ကအထွက်.. ခွေးချေးပုံနင်းမိပြီး.. ဖိနပ်ကို ဘေးကမြက်ခင်းနဲ့သုတ်လိုက်ရတယ်..။
    – ကံကောင်းချင်တော့.. အဲဒီအချိန်လေးနောက်ကျသွားတဲ့အတွက်.. ထီဆိုင်သွားထီထိုးတာမှာ.. လူတယောက်ရှေ့ကထိုးနေတာစောင့်ရပြီးမှ.. ပေါက်မဲ့ထီထိုးမိရက်သား ဖြစ်သွားတယ်..
    – ကံမကောင်းချင်တော့.. ထီပေါက်ပြိးရတဲ့ငွေတွေကို … စီးပွားပျက်ဈေးကွက်ပျက်နေတဲ့ ကားကုမ္ပဏီ စတော့ ရှယ်ယာတွေ ဝယ်မိရက်သားဖြစ်သွားတယ်..။
    – ကံကောင်းချင်တော့.. သမ္မတ အိုဘားမားက ကားကုမ္ပဏီ တွေကို ငွေအတိုးမဲ့နဲ့ထုတ်ချေးလိုက်တယ်..
    – ကံမကောင်းချင်တော့.. ငွေရှိတုံး ချည်းကပ်လာတဲ့ ကောင်မလေး ယူထားတာ.. အင်မတန်အသုံးအဖြုန်းကြီးတဲ့ မိန်းမဖြစ်နေတယ်.။
    – ကံကောင်းချင်တော့.. အဲဒီမိန်းမက ထီပေါက်ပြီးရတဲ့ငွေ ၄ပုံတပုံပေးရင် ကွာပေးမယ်ပြောတယ်..။
    – ကံမကောင်းချင်တော့.. ပန်ကရိယ မှာ ကင်ဆာဖြစ်နေတယ် ဆရာဝန်ကပြောတယ်..
    – ကံကောင်းချင်တော့.. ၁နှစ်နေရာမဲ့ဟာ ၃-၄နှစ်နေနိုင်သေးတယ်ပြောတယ်..
    – ကံမကောင်းချင်တော့.. သေချိန်မှာ သတင်းလာမေးတဲ့သူတောင် မရှိဖူးတဲ့..
    – ကံကောင်းချင်တော့.. အုပ်ဂူလှလှလေးမှာ ကြေးပြားပေါ်ကဗျည်းထိုး သေခွင့်ရလိုက်တယ်..။
    – ကံမကောင်းချင်တော့..
    – ကံကောင်းချင်တော့..
    – ကံမကောင်းချင်တော့..
    – ကံကောင်းချင်တော့..
    – ကံမကောင်းချင်တော့..

    အို.. အသင်လောက.. ကိုကြောင်ကြီးရဲ့.. ကံဆိုသည်မှာ.. ကောင်းတာရယ်.. မကောင်းတာရယ်၂ခုထဲနဲ့ ကပ်ရှုပ်နေတာကြိးပါတကား………….။ 😆

    • ကြောင်ကြီး

      November 2, 2011 at 7:54 am

      ကံကောင်းချင်တော့ မနုတဿ ရခဲတဲ့ လူ့ဘဝကို ဦးခိုင် ရတယ်။
      ကံမကောင်းချင်တော့ မြန်မာပြည်မှာ လူဖြစ်တယ်။
      ကံကောင်းချင်တော့ အမေရိကန်နိုင်ငံကို ရောက်တယ်။
      ကံမကောင်းချင်တော့ ဗုဒ္ဓတရားတော်အစစ်နဲ့ လွဲတယ်။
      ကံကောင်းချင်တော့ ပြည့်ပြည့်စုံစုံ နေရတယ်။
      ကံမကောင်းချင်တော့ ပိုက်ဆံကုန်တဲ့ မန်းဂေဇက်ဆိုက် ထောင်မိတယ်။
      ကံကောင်းချင်တော့ ကမာ္ဘအနှံ့မှ ဝိုင်းရေးဖတ်တယ်။
      ကံမကောင်းချင်တော့ သဂျီးဆိုတဲ့ နာမည်ဝိုင်းပေးပြီး အတွယ်ခံရတယ်။
      ကံကောင်းချင်တော့ ………
      ကံမကောင်းချင်တော့………
      ကံကောင်းချင်တော့ ………
      ကံမကောင်းချင်တော့………
      သဂျီးရယ် ကံဆိုတာ ကောင်း၊ မကောင်း နှစ်မျိုးထဲနဲ့ ကပ်ရှုပ်နေပေမဲ့ လွဲမှားတဲ့ မိစာ္ဆဒိဠိအယူ အဓမ္မဝါဒကို စွန့်လွှတ်လိုက်ရင် ညဏ်ထက်ပြီး ကံပြတ်ပါတယ်ဗျ…။ သဂျီးမိုလို့ ပြောတာနော်၊ လူတိုင်းသိခွင့် မရှိဘူး…။ ဘီယာသောက်၊ ကိုဘေးနွားကင် စားပြီး မောဟဖုံးလွှမ်းနေတဲ့ သဂျီးတယောက် အမြင်မှန်ရ ကံကောင်းပါစေ….။

Leave a Reply