ယောက်ျားလေးတွေ အိမ်မှူကိစ္စ လုပ်ကြသလား?

moonpoemApril 6, 20111min32418

သမီးရေ အလုပ်ကပြန်လာပြီလား
ဟုတ်ကဲ့ ဒေါ်လေး ရာသီဥတု ကလည်း ပူလိုက်တာနော်
ဒါဆို အိုက်နေမှာပေါ့ကွယ်။ အေးသွားအောင် အပေါ်ထပ်တက်ပြီးကြမ်းတိုက်လာပါလား
ဟမ် အမလေး ရင်ထဲကို ဆို ့နင့်သွားတာပဲ သူပြောတာလည်း ဟုတ်တုတ်တုတ်
ရာသီဥတု ပူကြောင်း ပြောမိတဲ့ ကိုယ့်ကိုကိုယ်ပဲ ကျွန်တော်မျိုးကြီး သေသင့်ပါတယ်လို ့ပဲ
ပြောလိုက်ချင်ပါရဲ ့။ ဒီလိုနဲ ့ထမင်းစားပြီးတော့ လျှာရှည်တဲ့ ပါးစပ်ကပဲ ဟွန်းစားကောင်းလို့လား
မသိပါဘူး ဗိုက်လေးလိုက်တာ ဆိုတော့ ဒေါ်လေးက အေးကွယ် ဒါဆိုလည်း လမ်းလျှောက်ပြီးသားလည်းဖြစ် အိမ်လည်းသန့်ရှင်းသွားအောင် တံမြက်စည်းလေး လှည်းလိုက်ပါလားတဲ့။ အင်း ဒီလျှာတစ်ချောင်းကလည်း အငြိမ်မနေမိပါလား။
ပြောချင်တဲ့ဇာတ်လမ်းက အဲဒီမှာ စတာပဲ။ ခဏနေတော့ ကျွန်မအစ်ကိုပြန်ရောက်လာတယ်။
ယောက်ျားလေးတို့ ထုံစံအတိုင်းပေါ့ ညီမလေး ထမင်းခူးပေး ဒေါ်လေး ဟင်းနွေးပေးနဲ ့
စီမံခန် ့ခွဲနေတာများ ဟွန် ့ဘာမှန်းကို မသိဘူး။ သူ့ကိုတော့ ဒေါ်လေးက ဘာမှ မပြောဘူးရှင့်။
အေးအေးဆေးဆေးပဲ ပြောသမျှအကုန်လုပ်ပေးတယ်။ အခု ကျွန်မတို ့မောင်နှမ၃ယောက်လုံးမှာ
ကျွန်မအစ်ကိုလည်း အလုပ်လုပ်ရတယ်။ ကျွန်မအစ်မရော၊ကျွန်မရော အလုပ်လုပ်ရတယ်။ ဝင်ငွေလည်း ရှာရတာချင်းအတူတူပဲ။အဲဒါကို ဘာဖြစ်လို့ သူကျတော့ဘာမှ မလုပ်ရဘဲ ကျွန်မတို့ မိန်းကလေးတွေကျတော့ အိမ်အလုပ်တွေရော လုပ်ရတာလဲ။ ဒီလိုနဲ ့စပ်ဆက်မိပြီး ယောက်ျားလေးတို ့တာဝန်နဲ ့မိ်န်းကလေးတို တာဝန်တွေကိုစဉ်းစားမိသွားတယ်။ ကျွန်မလုပ်ရလို ့ပြောတာတော့ မဟုတ်ပါဘူး။
တခြားအိမ်တွေမှာလဲ အဲလိုပဲ ထင်ပါတယ်နော်။ သားသမီးမွေးထားရင်လည်း သမီးမိန်းကလေးကသာ
လုပ်ရတာ သားယောက်ျားလေးက အိမ်အလုပ်လုပ်ရလေ့ မရှိဘူးနော်။
အရင်ခေတ်တွေတုန်းက ယောက်ျားလေးဆိုတာ ပညာတန်းစေ့အောင် တတ်ရတယ်ပြီးတော့ ဝင်ငွေရှာရတယ်။ မိန်းကလေးဆိုတာ စာကိုသေစာရှင်စာဖတ်တတ်ရုံ အိမ်မှာ အိမ်မှုကိစ္စလုပ်ပေါ့နော်။ ယောက်ျားက ရှာကျွေးတယ်ဆိုရင်တော့ မငြိုငြင်အောင်လည်း နေရတာပေါ့။ ဒါပေမယ့် ဒီခေတ်ကြီးမှာတော့ ယောက်ျားလေးရော၊မိန်းကလေးရော ဒိုးတူဘောင်ဖက် ငွေရှာရတဲ့ခေတ်ကိုရောက်သွားပြီလေ။ ဝင်ငွေကိုလည်း အတူထွက်ရှာရတယ်ဆိုရင်အိမ်မှုကိစ္စမှာရော အတူ မလုပ်သင့်ပေဘူးလား။ လုပ်တဲ့လူ ရှိတယ်ဆိုပေမယ့် ရာခိုင်နှူန်းနည်းမယ်လို ့ထင်ပါတယ်။
ဒါက ကျွန်မအထင်အမြင် ဖြစ်ပါတယ် သူငယ်ချင်းတို ့ရဲ ့
အတွေးအမြင်တွေထဲမှာရော ဘယ်လိုထင်မြင်ကြပါသလဲ။ ဘက်မလိုက်စတမ်း ဆွေးနွေးကြည့်ကြရအောင်။

18 comments

  • myuemyue

    April 6, 2011 at 5:44 am

    နိုင်ငံခြားရောက်နေတဲ့ ယောက်ျားလေးတွေတော့ အိမ်အလုပ်တွေ ကို်ယ်တိုင်ပဲလုပ်ရတာ.. တချို့ဆို အိမ်အလုပ်တွေလုပ်တာများ မိန်းကလေးထက်တောင်သာသေးတယ်.. လုပ်မပေးပဲ ပစ်ထားကြည့်လိုက်.. မလုပ်လို့မရရင် ကိုယ်တိုင်လုပ်ရမှာပါပဲ.. း)

  • dream

    April 6, 2011 at 6:50 am

    အိပ်မက်က ဟင်းကောင်းကောင်းမချက်တတ်ဖူးရှင့်
    ဒါကြောင့် ချစ်သူကိုမေးကြည့်တယ် လက်ထပ်ပြီးရင် သူချက်ကျွေးမှာလားလို့
    သူကပြောတယ် ချက်ကျွေးမယ်တဲ့
    ပျော်သွားတာပေါ့ရှင်
    ဒါပေမယ့် သူက ဆက်ပြောတယ် ၂ လပဲချက်ကျွေးမှာတဲ့
    အဲဒီ၂လအတွင်း တက်အောင်သင်ပေးမယ်တဲ့
    နောက်လတွေ သူ့ကိုချက်ကျွေးပါတဲ့ 🙁

  • eros

    April 6, 2011 at 6:57 am

    ခပ်ရှင်းရှင်းပြောရရင်တော့ ပျင်းတာပဲဗျ။ ကျွန်တော် ဆို အိမ်အလုပ်လုပ်ရမယ်ဆို တယ်ပျင်းတာပဲဗျ။

  • kai

    April 6, 2011 at 7:24 am

    မြန်မာပြည်က မိန်းမအင်မတန်နှိမ်တဲ့ တိုင်းပြည်မို ့ပါ..။
    ရှေးစာတွေဖတ်ကြည့်…ရစရာတောင် မရှိဘူး..။
    လောကနီတိ။ မဃဒေဝ.. အင်မတန်ဆိုးတာတွေချည်းပဲ..။

    ရှေး အိန္ဒိယက အယူတွေ.. မိရိုးဖလာအနေနဲ့ယူထားဆဲမို ့ထင်ပါတယ်..။
    ရှေးခေတ်က … ပါဌိ၊ ဟင်ဒီတွေကနေမြန်မာစာနဲ့ ဘာသာပြန်ရေးသူတွေကလည်း..ငယ်ဖြူဘုန်းတော်ကြိးတွေများတာမို ့.. မိန်းမအကြောင်းကောင်းကောင်းမှ မသိပဲ..နော..။
    ဆိုတော့.. မဟာမိန်းမဝါဒီတွေ ပေါ်လာကြပါစေ တိုက်တွန်းရုံမှတပါး..အခြားမရှိ..။ 🙂

    • nozomi

      April 6, 2011 at 9:23 am

      သူကြီး တိုးတိုးပြောပါဗျ သူများတွေကြားရင် တကယ်ထင်နေပါဦးမယ်
      သူကြီးပြောတဲ့အချက်တွေက စာတွေထဲမှာတော့ ဟုတ်ချင်ဟုတ်မယ် အပြင်မှာ ဆန့်ကျင်ဘက်ပဲဆိုတာ သူကြီးကိုယ်တိုင်လဲသိမှာပါ ကြားဖူးထားတာလေးတစ်ခုလို “အိမ်မှာ အရေးကြီးတဲ့ကိစ္စဆို ကျွန်တော်ကဆုံးဖြတ်တယ် အရေးမကြီးတာတွေကတော့ မိန်းမကဆုံးဖြတ်တယ် အင်း ……ဒါပေမဲ့ ကျွန်တော်တို့မိသားစုမှာ အခုချိန်ထိ အရေးကြီးတာ တစ်ခုမှမရှိသေးပါဘူး”ဆိုတာလို (အိမ်ထောင်အများစုမှာ) ပိုက်ဆံကိုင်တာလဲ မိန်းမပဲ၊တကယ်အရေးကြီးတဲ့ကိစ္စတွေကို အရေးမကြီးသလိုလို နဲ့ သူတို့ဘာသာဆုံးဖြတ်ပြီး ခွင့်တောင်းသလိုလိုနဲ့ အသိပေးတာလဲ မိန်းမပဲ၊တစ်ခုခုဆို သနားလို့ ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလျှော့ပေးရတာလဲ ယောင်္ကျားတွေပဲ၊မြန်မာပြည်မှာ မိန်းကလေးကနစ်နာရင် အမျိုးသမီးရေးရာတိုင်လို့ရတယ် ၊ယောကျင်္ာလေးတွေ တိုင်ဘို့ အမျိုးသားရေးရာရှိလို့လား ဆက်ပြောရင် အများကြီးပါဗျာ … ဒီ မန်းထားတာကို ဖတ်မိတဲ့သူ မိန်းမကို သွားပြောရင် အိမ်တွင်းရေးတွေ လျှောက်ပြောပါတယ်ဆိုပြီး အကြိတ်ခံရဦးမယ် ဒါများသူကြီးက “မဟာမိန်းမဝါဒီတွေ ပေါ်လာကြပါစေ…” တဲ့

  • မမလေး

    April 6, 2011 at 7:25 am

    အိပ်မက်ရေ …သူက ခုလို ပွင့်ပွင့်လင်းလင်း နှစ်လပဲလို့ စိတ်ရင်းရှိပြောလို့ တော်သေး … တစ်ချို့ကျတော့ တစ်သက်လုံးချက်ကျွေးမယ်လို့ပြောပြီး ရရင် တစ်ကယ်ရော လုပ်ပေးပါမလား သူတို့ကိုယ်သူတောင် အာမ မခံနိုင်ဘူး … 🙂 ( သမီးလည်း ဟင်းသိပ်မချက်တတ်ဘူး ဟီးဟီး )

  • နွယ်ပင်

    April 6, 2011 at 7:35 am

    နွယ်ပင် အသိတွေထဲမှာ ယောကျာင်္းလေးဟင်းချက်တာ တွေ့ဘူးတယ် သူကတော့ ဟင်းချက်တာကို 0ါသနာပါလွန်းလို့ သူရဲ့ အားရက်တိုင်းမိန်းမကို ဟင်းချက်ကျွေးတယ်တဲ့ နောက် အိမ်အလုပ်လဲ ကူလုပ်ပေးပါတယ်တဲ့ ဒါပေမဲ့ အဲလိုလူက အသိထဲမှာ တစ်ယောက်ပဲရှိပြီး ကျန်တဲ့ သူတွေကတော့ ထုံးစံအတိုင်း မိန်းကလေးကပဲ ချက်ကျွေးရတာပါ …

  • moonpoem

    April 6, 2011 at 8:56 am

    မိမိကိုယ်သာကိုးကွယ်ရာ၏ လို ့မြတ်စွာဘုရားရှင် ကမြွက်ကြားထားခဲ့တဲ့အတိုင်း ဆိုရင်တော့
    ယောက်ျားလေး ဖြစ်စေ မိန်းကလေးဖြစ်စေ ကိုယ့်ဖာသာကိုယ်ချက်စားတာ အကောင်းဆုံးပါပဲ။ကိုယ့်ကိုကိုယ်ခိုင်းရင် သခင် စိတ် သူများကိုခိုင်းတာ ကျွန်စိတ်တဲ့။ ဥူးသုမင်္ဂလ တရားခွေမှာပါတာကိုပြောပြတာပါ။ အားလုံးသော သူငယ်ချင်းတွေ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။

  • noob

    April 6, 2011 at 12:29 pm

    (များသောအားဖြင့်) မိန်းကလေး ကမွေကတည်း က အမေအနားကပ်တော့ အမေလုပ်တာ တွေတက်တယ် ယောကျာ်းကလေ းက မွေကတည်း က အဖေအနားကပ်တော့ ဖေလုပ်တာအကုန်လုပ်တယ် (အကုန်လုံးကိုပြောတာမဟုတ်ဘူးနော်) ပြီးတော့ မိန်းကလေးတော်တော်များများက အလေး အပင်တွေဆို သူတို မလုပ်နိုင်တာများတယ် အားနွဲ ့တယ်လေ(အားကောင်းတဲ့ အန်တီကြီးများမပါ) အဲဒါတွေဆို ကြားကြားယားယား ယောကျာ်း ကလေးပဲ လုပ်တာများ သကို မိန်းကလေးတွေ က အိမ်မှုကိစ္စ အဒီက လုပ်ရလဲ ဆိုတော့ မိန်းကလေးတော်တော်များများ က အိမ်ကပ်တာများတယ် ဧည်သည်တွေလာရင်မိန်းကလေး က မီးဖိုချောင်အထဲဝင်ပုန်းတော့တာပဲ (အပျိုကြီးများကိုမဆိုလို) ရှက်ရှက်နဲ ့ဟိုလုပ်ဒီလုပ်နဲ ့ ယောကျာ်း လေးတော်တော်များများ က အိမ်သိပ်မကပ်ဘူး အဲဒီတော့ အိမ် ကပ်တဲ့ မိန်းကလေးက အိမ်မှုကိစ္စ အမေ နဲ ့တူတူလုပ်ရင် လုပ်တက်တော့ လုပ်တက်တဲ့သူ ပဲခိုင်း တာပေါ့ ပြီးတော့ မိန်းကလေတွေ က လူကြီးပြောရင် နားထောင်တာများ သကို ဒါကြောင့် ယောကျာ်း ကလေတွေကို အိမ်မှုကိစ္စ မလုပ်ကြ (ခိုင်း) တာများတယ်
    (ကိုယ်ပိုင်အမြင်ဖြစ်ပါတယ်)

  • soethuya7

    April 6, 2011 at 12:38 pm

    ယောကျာင်္လေးတွေ အိမ်မှုကိစ္စလုပ်တဲ့သူ လုပ်ကြပါတယ် ကျနော့်သူငယ်ချင်းတစ်ယောက် သူကငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာနေလာတာဆိုတော့ အကုန်လုပ်တတ်တယ်။ သူ့အိမ်မှာဆို အိမ်မှု့ကိစ္စတော်တော် များများသူပဲလုပ်တာများပါတယ် ဒေါင့်စေအောင်လဲ လုပ်တတ်ပါတယ်။ မိန်းကလေးလုပ်တာထက်တောင် ဒေါင့်စေတယ်လို့ထင်ပါတယ်

  • ငှက်ကြီး

    April 6, 2011 at 4:25 pm

    အချောက်တွေကျ ဘယ်နားသွားထား ထားလဲ။
    သူတို့တွေ အိမ်မှုကိစ္စမှာ မိန်းခလေးတွေထက်တောင် ထောင့်စေ့သေးတယ်။
    ကိုငှက်ကြီးတော့ အချောက်မဟုတ်တော့ မကျွမ်းကျင်ဘူး။ဟီး..ဟီး။

  • nature

    April 6, 2011 at 4:34 pm

    မြန်မာပြည်မှာတော့ မိရိုးဖလာပုံစံဖြစ်နေတာဘဲ၊မိဘတွေက သားယောကျင်္ားလေး ကြီးလာရင် အိမ်ထောင်ဦးစီးဖြစ်လာမယ်အားကိုးရမယ်ဆိုပြီး ဦးစားပေးတတ်ကြပါတယ်၊

  • ဆူး

    April 6, 2011 at 5:02 pm

    အဒေါ် လင်မယား ကို မျက်စိထဲ ပြေးသွားမြင်တယ်.. တနေ့က ဖုန်းဆက်တော့.. အဒေါ်နဲ့ စကားပြောနေရင်း.. အနောက်က လှမ်းမေးနေတာ ကြားတယ်.. ဆီဘယ်လောက် ထည့်လိုက်ရမလဲ.. တခွက် ထည့်လိုက် လှမ်းအော်နေတယ်။ ဒါနဲ့ အဆင်ပြေရဲ့လား.. သွားလုပ်လေ ဆိုတော့.. အေးဆေးပါ.. ချက်စရာ တွေ ဆီဆား အရသာ တွေကို ထည့်ပေးလိုက်ရင် သူဟာသူ ချက်တာဘဲ.. ဒီလောက် ပြောလိုက်ရင် အဆင်ပြေတယ်တဲ့.. တကယ်လည်း ဟုတ်တယ်.. ရေကိုင်ရင် အဆစ် အမြစ်တွေ ကိုက်တယ် ဆိုလို့.. အဒေါ်ယောကျားက အကျီအဝတ်အစား အကုန် သူဘဲ လျှော်ပေးတယ်တဲ့.. တော်တော် ချစ်တယ်။ ဒါလည်း ကုသိုလ် တမျိုးဘဲ.. အချစ်ခံရတာနဲ့ အချစ်ပေးရတာနဲ့ မတူဘူးလေ။ ယောကျားလေးတွေက သူတို့ ချစ်တဲ့ လူနဲ့ တွေ့ရင် ဟိုက အနိုင်မယူရသေးဘူး အလျော့ပေးပြီး အပိုးကျိုးသွားကျတာဘဲ။

  • akswe

    April 6, 2011 at 7:23 pm

    ကိုခိုင်ကတော.အချွန်နဲ.မပြန်ပီ
    အရှေ.တိုင်းရော အနောက်တိုင်းမှာပါ ဒီလောက် မိန်းမတွေပဲ ကြီးစိုးနေတာ ထပ်ပြီး
    နေစရာမရှိအောင်လုပ်နေတယ်။

  • တညင်သား

    April 7, 2011 at 2:38 am

    အရွယ်ရောက်ပြီ ဆိုကတဲက ကိုယ့်ပုဆိုးကိုလျှော်ရတယ် ညနေဆောင်းပြီဆို မနက်သုံးဖို့ ရေအပြည့် ခတ်ပေးထားရတယ် ဟင်းတွေ စားပွဲပေါ်မှာရှိပေမဲ့ ထမင်းကတော့ ကိုတိုင်ခူးရတယ် ကိုယ့်ပုဂံ ကိုဆေးရတယ် တံပြတ်စီး လဲ ငရုပ်သီးကူထောင်း အားရင်အားသလို လုပ်ရတယ် အဖေ့ရဲ့အမိန့်ပါ ဘယ်နေရာရောက်ရောက် ဘယ်ဘဝရောက်ရောက် မလုပ်တက်ဘူးဆိုတာ မရှိအောင်လုပ်ရပါတယ် …
    လူတိုင်းတော့ မတူကြပါဘူး ကိုယ်တိုင်ချက်ပြုတ်ကျွေး လျှော်ဖွတ်ပေးနေတဲ့ သူကြီးကတော့ ရွာသားတွေ သူလိုလုပ်စေ့ချင်လို့ မဟာမိန်းမဝါဒီ ဖြစ်ဖို့ လှုံ့ဆော်နေတယ်……

  • hnin phyu

    February 11, 2012 at 4:38 pm

    No most of Myanmar boys didn’t work for house work

  • ဟိုခေတ်ကတော့ မသိဘူးဗျာ။
    အခုခေတ်သစ်အိမ်ထောင်ရှင်များကတော့ တကယ့်ကို မောင်တစ်ထမ်းမယ်တစ်ရွက်
    အိမ်မူ့ကိစ္စတွေ အတူလုပ်ကြတာ အသေအချာပါဘဲ။
    ဒါကတော့ မိဘက ငယ်ငယ်လေးကတည်းက ကူအလုပ်ခိုင်းတာ မခိုင်းတာနဲ့လဲ နည်းနည်းတော့
    သက်ဆိုင်ပါတယ်။
    ကျနော်အမြင်ပြောရရင် ယောက်ျားလေးလဲလုပ်သင့်ပါတယ်။

  • pu ma

    February 11, 2012 at 7:41 pm

    လုပ်တတ်ပါတယ်၊ လက်ဘက်သုပ်တစ်ခါသုပ်ကျွေးပါတယ်တော်
    အုံးဆီနဲ့သုပ်မိလို့တစ်ပန်းကန်လုံးလွှင့်ပစ်လိုက်ရပါတယ်
    အဲဒီလောက်တော်တဲ့သူပါ ပြောစမှတ်ပါပဲ ဟီဟီ

Leave a Reply