Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဘောလုံး

unclegyi1974April 13, 20111min3268

AFC cup ပွဲကြီးပြီးသွားပါပြီ

မြန်မာအသင်းကြီးလည်းထုံးစံအတိုင်းဟုဆိုရမလို

ရှုံသွားပါပြီ ယခုတကြိမ်အရှုံးကနာပါသည်

ကိုယ်တသက်လုံးနိုင်ချင်သလိုနိုင်ခဲ့သောဖီလစ်ပိုင်လို

အသင်းမျိုးကိုပင်နိုင်အောင်မကန်နို်င်သရေကိုမနဲလို်က်ကန်

လို်က်ရသည် ကစားသမားများကန်သွားသည်မှာအများအ

မြင်ပင်  ဘောလုံးသတင်းရေးနေသူများပင်ရေးလည်းမထူး

ယူဆ၍လော ရေးချင်စိတ်ကုန်သွား၍လော မည်သူမှရေး

သည်ကိုမတွေ့ရချေ

မနေနိုင်သောအန်ကယ်ကဝင်ရေးလိုက်ပါပြီ

မြန်မာဘောလုံးလောကတဖြည်းဖြည်းနိမ့်ကျလာသည်မှာ

မြေကြီးထိလုပြီ ရှက်တတ်လျှင်လဲသေဖို့ပင်ကောင်းနေပါပြီ

မြန်မာဘောလုံးလောကအဘယ်ကြောင့်နိမ့်ကျလာသည်

ကိုဂျာနယ်များတွင်ရေးနေကြသောဆောင်းပါများကလည်း

ပလူပျံနေပါပြီ သို့သော်ဘောလုံးလောကနိမ့်ကျခြင်းကိုမှန်မှန်ကန်ကန်

ရှုမြင်ပြီးဝေဖန်ရေးသားသောဆောင်းပါများကနည်းပြီး

နည်းပြကြောင့် နည်းစနစ်ကြောင့် စသဖြင့်ကစားသမား

များဖက်မှဖေးမရေးသားနေကြသည်ကသာများပေသည်

 

မြန်မာဘောလုံးလောက ကဟိုးအရင်ခေတ်များကတည်းက

နိမ့်ကျမှုများနှင့်စတင်ခဲ့လျှင်ဖြေသာသော်လည်း

ဟိုးယခင်ကာလများကအရှေ့တောင်အာရှတွင်မြန်မာ

အသင်းနှင့်ရင်ဆိုင်ရသောအသင်းသည်ကံဆိုးသောအသင်း

ဖြစ်နေလောက်အောင်မည်သည့်အသင်းမှမြန်မာအသင်းက

ဗိုလ်မထားခဲ့ဖူးပေ

နောက်ပိုင်းတဖြည်းဖြည်းနှင့်ယိုးဒယာကမြန်မာကိုကျော်လာ

သည် မြန်မာကိုငယ်နိုင်လိုဖြစ်လာသည်

နောက်တဖြည်းဖြည်းဖြင့်ယနေ့အချိန်ဆိုမြန်မာအသင်းနှင့်

တွေ့ဆုံရလျှင် သူတို့အဖို့ကံကောင်းခြင်းလက်ဆောင်ဖြစ်

နေတော့သည်

မြန်မာဘောလုံးလောကအဘယ်ကြောင့်ယခုလောက်နိမ့်ကျ

လာသည်ကိုကျွန်တော်တဦးတည်းအမြင်တင်ပြကြည့်ပါမည်

အရှေ့တောင်အရှတွင်မကအာရှတွင်ပါမြန်မာအသင်းရွှေထီး

ဆောင်းခဲ့စဉ်ကမြန်မာနိုင်ငံတွင်းဘောလုံးကိုပျိုးထောင်မှုများ

လူစုဆောင်းမှုများအားပေးမှုများအစစအရာရာပြန်ကြည့်သင့်

သည်ဟုထင်ပါသည် ရပ်ကွက်တိုင်းဘောလုံးအသင်းငယ်

များတည်ထောင်ထားရှိကြပါတယ် ကျောင်းပေါင်းစုံလူငယ်

ဘောလုံးပြိုင်ပွဲများတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲများ

တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲများဖြင့်မြန်မာ့လက်ရွေးစဉ်

အသင်းအတွက်လက်ရွေးစဉ်လူသစ်များစဉ်ဆက်မပြတ်ပံ့ပိုး

မှုပေးနိုင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်ပေသည်

 

ထိုအချိန်မှလွန်သည်နှင့်လက်ရွေးစဉ်အသင်းတွင်သူ့လူငါ့လူ

ဘယ်ဌါနမှလူဘယ်နှစ်ယောက်ပါရမည်စသဖြင့်စီမံကိန်း

ဖြင့်အားကစားကိုလုပ်ဆောင်သည်မှစ၍မြန်မာ့အားကစားတ

ဖြည်းဖြည်းဆုတ်ယုတ်လာသည်မှာယနေ့အချိန်တိုင်အောင်

ပင်ဖြစ်လေသည်

ပို၍ဆိုးသည်မှာအခြေအနေအကြောင်းကြောင်းကြောင့်

အထက်တန်းအဆင့်ကျောင်းပေါင်းစုံပွဲမကျင်းပနိုင်ခြင်း

တက္ကသိုလ်ပေါင်းစုံပွဲများမကျင်းပနိုင်ခြင်းစာနယ်ဇဉ်းများက

လည်းအနူတောလူချောများကိုပင်မြှောက်ပင့်ရေးသားအမွှမ်း

တင်ရေးသားနေကြခြင်း ကိုယ့်မြန်မာ့လက်ရွေးစဉ်အသင်း

ရှုံလျှင်ပင် နည်းပြကြောင့် နည်းစနစ်ကြောင့် စသဖြင့်

ကစားသမားများဘက်မှဖေးမရေးသားခြင်း လူရွေးချယ်ပွဲများ

တွင်ဘက်လိုက်မှုများရှိနေခြင်းစသဖြင့်ကြောင်းကြောင်းများ

ကိုတွေ့မြင်နေရပေသည်

ထိုသည်မှလွန်၍ MNL ပြိုင်ပွဲများဖြစ်လာသောအချိန်တွင်

လည်းဘောလုံးသမားများလစာငွေများပြားစွာရလာသော်လည်း

ကစားသမားများ၏သက်လုံ ပြေးအား နည်းစနစ် ပိုင်နိုင်ကျွမ်း

ကျင်မှု စိတ်ဓာတ်ပိုင်း စသည်ဖြင့်ကြေးစားအဆင့်မှီရန်များစွာ

လိုနေသည်ကိုဝမ်းနည်းဖွယ်တွေ့နေရပေသည်

မြန်မာကစားသမားများအဆင့်မမှီမှုကို ယခုပြီးသွားသော

AFC cup ကသက်သေပြနေပေသည် စာနယ်ဇင်းများဘက်

လိုက်မှုကိုလည်းအထင်အရှားမြင်နေရပေသည်

နည်းပြက ကစားသမားများနှင့်ကိုက်ညီသောကစားကွက်

မချပေးနိုင်၍ရှုံရပေသည်ဟုရေးလိုရေး

နည်းပြကိုခေါ်ပေးသောအေးဂျင့်ကိုကနာမည်မကောင်းဘယ်

လိုဘယ်ညာထို့ကြောင့်နည်းပြသည်လည်းကောင်းစရာမရှိ

သဘောမျိုးရေးကြသည်ကိုဝမ်းနည်းဖွယ်မြင်ရပေသည်

အမှန်ဖြစ်သင့်သည်မှာကိုယ့်ကစားသမားများအဖက်ဖက်မှ

ပြည့်စုံနေပါကနည်းပြချမှတ်ပေးသောကစားကွက်များကို

လိုက်၍ကစားနိုင်ရပေမည်

မြန်မာဘောလုံးလောကတိုးတက်ရေးအတွက်မရှိမဖြစ်

အရေးကြီးလိုအပ်ချက်တခုမှာဒေသစွဲကြီးစွာဖြင့်အားပေးခြင်း

ကြောင့်ခိုက်ရန်ဖြစ်ပွားမှုကိုမည်ကဲ့သို့ပြုပြင်ထိမ်းသိ်မ်းပေး

နိုင်မည်ကိုအဖြေရှာကြည့်ရန်ဖြစ်ပေသည်

 

အချုပ်အားဖြင့်မြန်မာဘောလုံးလောကတိုးတက်ရန်

ယခုကျင်းပနေသောဒီလူဒီလူဖြစ်နေသည့်စဉ်ဆက်မပြတ်ပွဲ

များထက်ပြည်သူအများပိုမိုပါဝင်နိုင်သည့်ပြိုင်ပွဲများစဉ်ဆက်

မပြတ်ပြုလုပ်ကျင်းပပေးခြင်းဖြင့်အမှန်တကယ်အရည်အချင်း

ရှိလူငယ်များပေါ်ထွန်းလာရေး  ဘက်လိုက်မှု တနည်း

နီးစပ်ရာလက်သင့်ထိုးခေါ်ဆောင်မှုကင်းသည်းလူရွေး

ချယ်မှုများပြုလုပ်လာနိုင်ရေး  ဘောလုံးအကယ်ဒမီမှလည်း

ဘက်လိုက်မှုကင်းပြီးအမှန်အရည်အချင်းရှိလူငယ်များတက်

ရောက်သင်ယူနိုင်မှုကိုဥိီးစားပေးဆောင်ရွက်ခြင်း

စာနယ်ဇင်းများကလည်းမထောက်မညှာအရှိကိုအရှိအတိုင်း

ဝေဖန်ပေးခြင်းဖြင့်မြန်မာနိုင်ငံဘောလုံးလောကပြန်လည်

တိ်ုုးတက်လာစေရေး  နိုင်ငံတော်ပိုင်းမှလည်းမှန်ကန်သော

စီမံကိန်းများချမှတ်ပြီးဦးဆောင်မှုပေးခြင်း လမ်းညွှန်မှုပေးခြင်း

ပရိတ်သတ် ကစားသမား ဒိုင် အစရှိသည်တို့ကိုသူ့အပိုင်းနှင့်

သူစည်းကမ်းရှိစွာဖြစ်လာစေရေး စသဖြင့်

အဖက်ဖက်မှဆောင်ရွက်နိုင်လျှင်မူ

မြန်မာဘောလုံးလောကအတိတ်ကရွှေထီးဆောင်းမှု

မဟုတ်ပဲယနေ့မျက်မှောက်ခေတ်ရွှေထီးဆောင်းနိုင်မှု

အချိန်မကြာမှီပြန်ရောက်လာမည်ဟုယုံကြည်ပါကြောင်း

 

 

8 comments

  • ငှက်ကြီး

    April 13, 2011 at 4:20 pm

    အန်ကယ်ကြီးနဲ့ အမြင်တစ်ထပ်ထဲပါပဲ ခင်ဗျာ။
    ဗီယက်နမ် ကို ရး၁ နဲ့ ရှူံး တာကိုပဲ ကြည့်အုံးတော့။။။ ရာဇဝင်ရိုင်းလိုက်တာ….

  • timothy

    April 13, 2011 at 10:47 pm

    ဗမာနိုင်ပြီ၊ဒို့ဗမာနိုင်ပြီ၊တိုင်းပြည်ကပေးအပ်ခဲ့တဲ့တာဝန်များ၊ကျေပြွန်ပါပြီ။
    တကယ့်ကိုကြေပြွန်ပြီ။သောင်းသောင်းဖြဖြကြိုဆိုကြသည်။
    အဲဒီသီချင်းဟာတချိန်ကနိုင်ငံ့စိတ်ဓါတ်ကိုတကယ်မြှင့်တင်တာအမှန်ပါဘဲ။
    Burma ဆိုရင်အာရှတတခွင်မှာအသင်းတိုင်းဖိန့်ဖိန့်တုံအောင်ကြောက်ကြတယ်။
    ဗဟာဒူး၊ဘပု၊ရဲညွန့်၊လှရွှေ၊ဂိုးခင်မောင်ထွန်း၊ဆပ်သီး၊အစရှိတဲ့ဘော်လုံးသမားတွေကို
    ဘယ်အသင်းမှမထိန်းနိုင်ဘူး။
    တိုင်းနဲ့ပြည်နယ်နယ်ပွဲတွေမှာလဲ၊
    ရန်ကုန်-မန္ဒလေး၊ရှမ်း-ကချင်၊ကရင်-အေရာဝတီ၊မကွေး-စကိုင်း၊ပွဲအားလုံးအကြိတ်အနယ်ကန်ကြတယ်။
    တိုင်းနဲ့ပြည်နယ်ပွဲတွေပြီးရင်ထင်ပေါ်ကျော်ကြားတဲ့ဘော်လုံးသမားများကို၊
    အကောက်ခွန်၊ဆောက်လုပ်ရေးအသင်းကြီးတွေကခေါ်ယူပြီးအင်တိုက်အားတိုက်လေ့ကျင့်
    ကစားရတယ်။
    လူစုလူဝေးဘော်လုံးပွဲပရိသတ်အင်အားများလာရင်၊ဘော်လုံးပွဲခိုက်ရံဖြစ်ပွါးမှု၊
    အရေးအခင်းအဖြစ်ရောက်မှာကိုလူရိပ်မဲမဲမြင်တိုင်းအသေကြောက်တဲ့စစ်အာဏာရှင်၊
    တိုင်းနဲ့ပြည်နယ်ပွဲတွေကိုရန်သူလို့မြင်တဲ့စစ်အာဏာရှင်ကပိတ်ပင်လာတယ်။
    နောက်ပိုင်းဘော်လုံးပွဲတွေရပ်ကွက်အဆင့်တောင်ပေးမလုပ်ဘူး။
    လူထုကိုကြောက်တာနဲ့ဘော်လုံးပွဲတွေသေကုန်တယ်။
    ရှိတဲ့ဘော်လုံးပွဲဆိုရင်လဲ၊
    မှန်တဲ့လူတွေကျ၊မမှန်တဲ့လူတွေတက်ဆိုတဲ့စစ်အာဏာရှင်ရဲ့အကျင့်ဆိုးကြောင့်၊
    ဘော်လုံးအကြောင်းနားမလည်စိတ်မဝင်စားသူတွေဘော်လုံးလောကလူကြီးတွေဖြစ်လာတယ်။
    ဘော်လုံးမကန်တပ်သူတွေ၊ဆွေမျိုးနီးစပ်တွေကို Burma
    ဆိုပြီးရွေးချယ်ပြီးသွားကန်တော့ရှုံးတာဘာဆန်းလို့လဲ။
    လာဘ်လာဘစားမှုပေါင်းထောင်သောင်းများစွာနဲ့ဘော်လုံးလောက၊အားကစားလောကတခုလုံး၊
    ဗမာတနိုင်ငံလုံးဗျောင်းဆံအောင်ပျက်စီး၊သံဂါစင်ပါမှေက်တဲ့ကိန်းဆိုက်တာဘဲ။
    စစ်အာဏာရှင်မပြုတ်ကျကရွေ့၊ဘော်လုံးလောကမပြောနဲ့၊လူ့လောကတခုလုံးလူလုံးမလှ၊ကြမ်းပြင်ကကိုတက်မဲ့ကိန်းမရှိနိုင်ဘူးဆိုတာပြောရင်း။

  • maungmoenyo

    April 14, 2011 at 1:20 am

    ဒါဘာ့ကြောင့်လဲ…သိလား။
    စနစ်ကြောင့်…ပေါ့။
    အစိုးရလုပ်တဲ့သူက နေရာတကာဝင်ပါရင်..အဲ့ဒီကိစ္စက ပျက်စီးတာဘဲ။
    ခုကြည့်ရတာနလံပြန်ထူမဲ့ပုံမပေါ်တော့ဘူး။

  • maungmoenyo

    April 14, 2011 at 1:25 am

    အားကစားဆိုတာ နိုင်ငံတနိုင်ငံ ရဲ့မျက်နှာစာဘဲ….
    နိုင်ငံတနိုင်ငံမှာရှိတဲ့ လူထုရဲ့ကြံ့ခိုင်စွမ်းရည်ရှိမှုကိုပြတာဘဲ။
    နိုင်ငံ ရဲ့ဂုဏ်သိက္ခာဘဲ…။
    နိုင်ငံရေး၊ စီးပွားရေး တင်မကဘူး အားကစားအစရှိတဲ့ လူမှုရေးကိစ္စတွေပါ အဖတ်ဆယ်မရအောင် ဖြစ်နေပြီ။
    အာဇာနည်ခေါင်းဆောင်ကြီးတွေ ခုနေသက်ရှိထင်ရှားရှိပြီးဒီကိစ္စတွေ မြင်ရလို့ကတော့ဗျာ………………………………………………………….

  • wakawaka7

    April 14, 2011 at 2:55 pm

    မြန်မာအသင်းကိုပဲနိင်ချင်ဇောနဲ့အားပေးလာလိုက်ရတာ။ တစ်ခါမှလည်းမပျော်ရပါဘူးဗျား။

  • wakawaka7

    April 14, 2011 at 2:59 pm

    စစ်အဆီုးရလက်ထဲမှာအောင်မြင်တာဘာရှိလဲး။

  • ငှက်ကြီး

    April 14, 2011 at 3:02 pm

    ဗီယက်နမ်နဲ့ မကန်ခင်ညက မြန်မာဘောလုံးသမားတစ်ချို့ ဂိမ်းတွေကစား အရက်တွေသောက်တာကိုမြင်ခဲ့လို့ လိုက်ပါသွားတဲ့ သတင်းထောက်ကရေးတော့ အဲ့ဒီဘောလုံးသမားက သတင်းထောက်ကိုရန်ရှာသေးတယ်။
    မြန်မာ့ဘောလုံးအဖွဲ့ချုပ်က အပြစ်ပေးမယ်လိုဆိုပြီး ဘာသတင်းမှလဲမကြားတော့ဘူး။

  • unclegyi1974

    April 14, 2011 at 5:05 pm

    ဒါပဲလေ နိုင်ငံအတွက်မကစားပေးချင်တဲ့
    အခုမျိုးဆက်ကိုလုံးဝ goodbye လုပ်လိုက်
    တာအကောင်းဆုံးပါ
    timo ရေးသွားတာကျွန်တော့ရေးတဲ့အနှစ်ချုပ်လို့
    ပြောရမှာပါ

Leave a Reply