သမီးမိန်းခလေးတို့အတွက်

bigbirdApril 15, 20111min21419

ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်….
ဖခင်။ အဖေ.သမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်..
ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျ ီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။
ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။
သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်..
သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁ဝ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁ဝခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။
အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။
အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁ဝ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။
သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။
ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။
၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။
အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့…ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။
အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…
ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး..သမီးတို့ရဲ့ အပျိုစင်ဘဝကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။
ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လားဟင်****ငှက်ကြီး(၁၆.၄.၂၀၁၁)

19 comments

  • sniper2011

    April 16, 2011 at 5:21 am

    ကိုငှက်
    ကျွန်တော့သားကိုဆုံးမရအောင်ဥပမာကောင်းလေးပေးပါဦးဗျာ
    (မတ်စေ့လိုကွက်ကွက်ကွင်းကွင်းလေးပေါ့)

    • bigcat

      April 17, 2011 at 12:22 am

      @ sniper2011
      ယောက်ျားလေးအတွက်လည်း ဥအမညကာင်းရှိူပါတယ် ဒါပေမဲ့ နဲနဲကြမ်းလို့ ဒီဆိုက်အတွက် မသင့်တော်ဘူး…

      • အဟော်… ကျောက်ပြားပေါ် ကြက်ဥကျတာ ဖြစ်မယ်ထင်ပါ့ဗျား
        ကိုငှက်လောက်တော့ ဘာတဲ့ မတ်စေ့လေးဆိုလားပဲ သိပ်ကောင်းတဲ့ ဥမပါ(မှားလို့) ဥပမာ လောက် ပြောင်မြောက်မယ် မထင်ပါဘူးလေ.. 😀

    • bigbird

      April 17, 2011 at 4:32 pm

      ဆူးပေါ်ဖက်ကျရင်ဆူးကျိုး…ဖက်ပေါ်ဆူးကျတော့လဲဆူးပဲကျိုးတဲ့
      အခုလိုခောတ်ကြီးမှာ သမီးမိန်းခလေးတွေကို ထိန်းနိုင်မှတော်ကာကျမယ်။
      အခုခောတ်မိန်းခလေးတွေက ဆူးပေါ်ကျတောင် မပေါက်ဘူးဆိုပဲ…

      • ဆူး

        April 17, 2011 at 4:45 pm

        တဆူးထဲ ဆူး လို့ ဝင်ပြောလိုက်အုန်းမယ်။
        ဆူး ပေါ်ကျလို့ မပေါက်တာ အတုကြီး မို့ နေမှာပေါ့။

      • ဪ မမဆူးရယ်… သံမဏိလိုမာကျောလှတဲ့ ဖက်ရွက်ကြီးပေါ်ကို
        နူးညံ့ပျော့ပျောင်းလှတဲ့ “ဆူး” လှလှလေးက ထိုးဖောက်ဝင်ရောက်နိုင်ပါ့မလားဟင်?
        မယုံရင် ခြင်ပေါင်ပင်က ဆူးလေးကို အင် ဖက်ပေါ်ထိုးကြည့်ပါလားလို့
        😀 😀 😀

  • shwepyithu

    April 16, 2011 at 5:32 am

    ကောင်းလိုက်တဲ့ ဥပမာလေးနော်။ ဒီခေတ်မှာ မိဘတွေလဲ အလုပ်များတော့ ကလေးတွေကိုခုလို ပညာပေးဖို့ ပြောပြဖို့ သိပ်မအားတော့ဘူးထင်တယ်။ အဲလိုစာတွေ များများပေးဖတ်နို်င်ရင် ကောင်းမယ်။ ကလေးတွေဖတ်ချင်မဲ့ ပေါ့ပေါ့ပါးပါးနဲ့ အသိပညာတိုးစေမဲ့ စာလေးတွေဆိုရင်တော့ စာဖတ်ဖို့ စည်းရုံးရလွယ်မယ်ထင်တယ်။

  • dream

    April 16, 2011 at 5:33 am

    ကိုငှက်ကြီးရေ အလွန်ကောင်းတဲ့ဥပမာလေးပါပဲ 🙂

  • Mee2

    April 16, 2011 at 7:25 am

    ကျေးဇူးပါကိုငှက်ကြီးရှင့် သမီးသူငယ်ချင်းတွေကတဆင့်အားလုံးကို အကို ့မေတ္တာစာလေးကိုလက်ဆင့်ကမ်းပေါ့မယ်။နောက်လည်းဒီလိုမျိုးလေးတွေရေးပေးပါဦး။

  • hmee

    April 16, 2011 at 12:12 pm

    ကောင်းလိုက်တဲ့ ဥပမာ။

  • unclegyi1974

    April 16, 2011 at 2:57 pm

    ကိုငှက် ရေးသမျှထဲအကြိုက်ဆုံးဘဲဗျာ
    နောင်ကိုလည်းလူငယ်တွေအတွက်
    ဆက်ရေးဆက်တွေးနိုင်ပါစေလို့

  • bigbird

    April 16, 2011 at 3:20 pm

    အခုလိုအားပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

  • search123

    April 21, 2011 at 8:38 am

    ဒီဥပမာလေးက နားလည်လွယ်တယ်။ရှင်းတယ်။အရမ်းကောင်းပါတယ်။

  • cobra

    April 21, 2011 at 10:37 am

    ကောင်းလိုက်တဲ ့ဥပမာလေးပါ….
    အရမ်းလည်းကျေးဇူးတင်ပါတယ် ကိုငှက်ရာ……….။

  • nature

    April 22, 2011 at 12:14 am

    မရိုးနိုင်တဲ့အရမ်းကောင်းတဲ့ဥပမာလေးပါဘဲ။ချီမွမ်းသံတွေညံသွားတာဘဲ၊ ကိုငှက်ကြီးရောသမီးဘယ်နှစ်ယောက်ရှိလဲ၊အမျိုးတော်ရအောင်။ 🙂 🙂 စတာနော်။

  • etone

    April 22, 2011 at 3:31 am

    လက်သီးထဲ ဖွက်လို့ရတဲ့ ဟာ သေးသေးလေးပဲ ထိုင်ထလည်း မလုပ်ချင်တော့ မကြည့်ချင်တော့ဘူးဆိုလျှင် ဘယ်လို ပြန်ဖြေမှာလဲ ကိုငှက်ကြီး 😀

  • dream

    April 22, 2011 at 3:56 am

    ကိုငှက်ကြီးရဲ့ ဥပမာက ကောင်းလွန်းလို့
    gmail ထဲမှာလဲ ဒီစာတွေပဲဖြန့်နေတယ်
    ဘယ်နှခါတောင်ဖတ်နေရပြီလဲ မသိတော့ပါဘူး

  • rabbit

    April 22, 2011 at 4:06 am

    Very good example for young girls…. Appreciate your idea ….

Leave a Reply