Telecommunication Business အပိုင်း(၂)

nigimi77April 18, 20111min1295
5556790107
 
 
ဒီလိုနဲ ့ပဲ  သာမန် အရပ်သားတွေကြားထဲမှာ  Mobile Phone ကိုင်ဆောင် အသုံးပြုမှုကို တစတစ တိုးတက်လာတာကို တွေ ့လာရတာဟာ အခုအခါ ကိုင်ဆောင်နိုင်သူ
 
အတော်အသင့် များပြားလာခဲ့ပါတယ်။  လက်ရှိ အနေအထားမှာ  ကနဦးတပ်ဆင်ခ ဈေးနှုံးဟာ အတော်လေး ကြီးမြင့်နေဆဲ ဖြစ်ပေမဲ့လည်း  ယခင်နှစ်များစွာကထက်
 
စာရင်  လွန်စွာသက်သာလာတယ်လို ့ ဆိုနိုင်ပါတယ်။   ဒါဟာလဲ Customer တွေ အတွက် ရွေးချယ်စရာ အခွင့်အလမ်းတွေ ပေါ်ထွက်လာနေတယ်လို ့ ဆိုရပေမဲ့
 
အခု အချိန် အထိ အားနည်းချက်များစွာ ရှိနေပါသေးတယ်။      လက်လှမ်းမှီ သလောက် ပြောပြရရင်   ကိုရီးယားနိုင်ငံမှာ  အဓိက ကြိုးမဲ့ ဆက်သွယ်ရေး လုပ်ငန်းကြီး
 
၃ ခုက ကြီးစိုးထားပါတယ်။
 
(၁)   SK  Telecom
(၂)   KT  Telecom
(၃)   LG  Telecom
 
တို ့ဖြစ်ပါတယ်။
 
ယခင်က  အမေရိကမှာ  CDMA စနစ်ကို အသုံးပြုခဲ့သလို  ကိုရီးယားမှာလည်း CDMA စနစ်ကို အသုံးပြုပေမဲ့  ၂၀၁၈ ခုနှစ် လောက်ဆိုရင်တော့ 
 
ကိုရီးယား နိုင်ငံရဲ  ့ CDMA SYSTEM ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည့် အနေအထား ဖြစ်ပါတယ်။
 
 အမေရိက မှာဆိုရင်  Qualcomm ဆိုတဲ့  Chipset တွေကို အဓိကထား ထုတ်လုပ်တဲ့ လုပ်ငန်းကနေ  CDMA စနစ်ကို စတင် မိတ်ဆက်ပေးခဲ့ပြီး
 
patent right   ကို ရယူထားပါတယ်။   ဒီအပြင် ကျယ်ဝန်းလှတဲ့  အမေရိကန် ပြည်ထောင်စုမှာ  စုံလင်လှတဲ့  အသုံးပြုသူတွေကြားထဲမှာ  GSM SYSTEM 
 
ကိုလည်းပဲ  အသုံးပြုနေကြပြီး  ကိုရီးယား နိုင်ငံမှာ အသုံးပြုတဲ့   U +  2G Service  ဟာ  North America ဖက်မှာ အသုံးပြုတဲ့ စနစ်ဖြစ်ပြီး   3G စနစ်ကတော့ 
  
WCDMA  ဖြစ်ပြီး   ဥရောပရဲ  ့   GSM  Series ဖြစ်ပါတယ်။  သို ့သော်လည်း     LG Telecom ရဲ  ့  3G ကတော့  CDMA  စနစ်ဖြစ်နေပြန်ပါတယ်။

CDMA ဟာ  Synchronous  စနစ်ကို အခြေခံပြီး   GPS နှင့်  မြေပြင်မှာရှိတဲ့ Base Stations  တွေကြား  အချိန်(Time) ကို ချိန်ညှိပေးတာကြောင့်

အမြဲတမ်း  Synchronization ဖြစ်စေပါတယ်။   GSM ကတော့  ဥရောပမှာ  စမ်းသပ်စဉ်ကာလအတွင်း  ဂြိုလ်တုဆက်သွယ်ရေး စနစ်မရှိခဲ့သောကြောင့်

Synchronization  မလုပ်နိုင်ပဲ  Base  Station တခုနဲ ့ တခုကြား အချိန်(Time) ကို တူညီအောင် ချိန်ညှိပေးရင်း   Data ကို ပေးပို ့ လက်ခံတဲ့  စနစ်ဖြစ်ပါတယ်။

 ကိုရီးယား ပြည်တွင်း   CDMA  Service  ဟာ  ၂၀၀ဝ ခုနှစ် နောက်ပိုင်းကနေစပြီး     CDMA2000 1X ,  CDMA2000  1X-EVDO ,  CDMA2000  1X  Rev.1

စသဖြင့် ပြောင်းလဲလာခဲ့တယ်။   လက်ရှိမှာ  2000 1X ဟာ  Service ဖျက်သိမ်းလိုက်ပြီး  ကျန်တဲ့ နှစ်ခု ကိုတော့ အသုံးပြုနေဆဲပါ။

 

GSM  စနစ်မှာတော့  လက်ရှိ   WCDMA , HSDPA , HSUPA  စတာတွေကို  အသုံးပြုနေပြီး  2012 ကနေ 2014 ခုနှစ်ကြားလောက်မှာ 

4G Service  ဖြစ်တဲ့  LTE ( Long  Term  Evolution )  စနစ် အနေနဲ ့ ပြောင်းလည်းမယ် လို ့ သိရပါတယ်။

5 comments

  • bigcat

    April 19, 2011 at 2:42 am

    အပိုင်းတစ်ဖတ်ပြီး အပိုင်းနှစ်ကြမှပဲ မန်းမလို့လုပ်ထားတာ တပ်မ၇ရစစ်သားရဲ့ အပိုင်း၂က သိုးဆောင်းစကားနဲ့ နည်းပညာပိုင်းစာလုံးတွေ သိပ်များတော့ အပိုင်းတစ်ကို ပြန်ပြေးပြီဗျို့။ See you there….

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2011 at 3:33 am

    သူတို ့စီမှာ ဘာစနစ်ဘဲသုံစေပေါ့နော
    ကျုပ်တို ့ဗမာပြည်မှာတော့
    ထမင်းစားခါနီး နာမည်အော်ခေါ်တဲ့
    ဟေးးးးးးးးးးးးးးးအောင်ပုရေ
    ထမင်းတုတ်မယ် နင်ဘယ်ကို သဝေလိုက်ထိုးနေလဲ
    ဟင်းကမလောက်ရတဲ့အထဲမှာ
    ဘာညာဘာညာ
    အဲ့သည်လို အခြေနေတွေကမကုန်သေးဘူး
    ကြုံလို ့ပြောရရင်
    မြန်မာနိုင်ငံက ဖုန်းလိုင်းတွေက စောက်ကျိုးနည်းအောင် ဈေးကြီးတယ်ဗျ
    လက်ရှိ ကျုပ်တို ့နေတဲ့ရွာမှာဆိုရင်
    ဖုန်းလိုင်းဆိုတာအလကားရတဲ့သဘောတောင်ရှိတယ်
    ဖုန်းလိုင်းတွေကို လွယ်ကူစွာသုံးစွဲခွင့်မရတဲ့အတွက်
    စီးပွားရေး လူမှုရေး ကျမ္မာရေး ပညာရေးတွေမှာ စောက်ကျိုးနည်းအောင်
    ကိုယ်ကျိုးနည်းနေတာဟာလည်း အားလုံးအသိဘဲ
    တစ်ခြားမကြည့်နဲ ့တောမြို ့လေးတစ်မြို ့မှာ
    အိပ်ချိန်းဖုန်းကနေ အော်တိုဖုံးကိုပြောင်းဘို ့ဒေသခံတွေက
    ကျိုးစားတာကို ဖုံးတာဝန်ခံ မအေဂလွားတွေက အော်တိုဖုံးဖြစ်သွားရင်
    သူတို ့ဝါးကွက်တွေ မရှိတော့မှာကြောက်လို ့လုံးဝ မချပေးဘူး
    ပြောရရင်
    ပြောရရင်
    အော်…
    ခင်ဗျားတို ့ဗမာပြည်မှာ လူတစ်ယောက်တည်း ဖုံးလိုင်းတွေအများဂျီးရှိရင်
    ဆရာဂျီး
    ကျုပ်တို ့ရွာမှာ လူတစ်ယောက်ဟာ တစ်ခုသော ဖုံးလိုင်းထက်ပိုရှိလာရင်
    သံသယသာထားပေတော့
    အဲ့ကောင်မရိုးတော့ဘူး

  • Ko Ko Aung

    April 19, 2011 at 5:21 pm

    မပြီးသေးဘူးထင်တယ်။ စိတ်ဝင်စားလို့စောင့်ဖတ်နေတာပါ။ ရေးရင်းနဲ့ပျင်းလာလို့ ရပ်လိုက်တာတော့ မဟုတ်လောက်ပါဘူးနော်။

  • nigimi77

    April 19, 2011 at 5:27 pm

    ဆက်ရေးမှာပါ။ မိတ်ဆွေပြောသလိုပါပဲ ။ ရေးရမှာပျင်းနေလို ့။

  • kai

    April 19, 2011 at 9:25 pm

    အဲဒီဆဲလ်ဖုံး စံနစ်တွေကြားမှာ… အုပ်ချုပ်တဲ့အစိုးရတွေက ..ပညာမတတ်မအူမလည်တွေဆိုရင်.. အစုတ်ပလုပ်နည်းပညာနဲ့..စံနစ်တွေ ထိုးကြွေးတာခံရတတ်တယ်..။

    မြန်မာပြည်ဟာ .. အုပ်ချုပ်တဲ့သူတွေက .. စစ်တိုက်တာပဲပရိုဖက်ရှင်နယ်ဖြစ်တာမို ့.. သူတို့နဲ့မဆိုင်တဲ့..နိုင်ငံရေးနယ်ထဲဝင်ပါ.. တက်အုပ်ချုပ်မင်းလုပ်တော့… သူတို့မကြွမ်းကျင်တဲ့နယ်ထဲ… အဲဒီလို စီးပွားရေးသမားတွေ.. အကွက်ရိုက်တာ.. ခဏခဏ ခံရတယ်..။
    ဆိုတေ့ာ .. မြန်မာလူထုကြီးခံရတာပေါ့..။
    ဥပမာတခုပေါ့..
    VCD တွေပေါ်လာပြီး မကြာခင်မှာတင်..DVD တွေထပ်ထွက်လာတော့ ..အဲဒီVCD တွေထုတ်တဲ့စက်တွေ ရပ်ရင် ဖျက်ရင်ရှုံးမှာမို ့.. မြန်မာပြည်ကို ထိုးရောင်းတာမှာ ..အခုထိ မြန်မာတွေ VCD နဲ့ ၂ပါးသွားနေကြာတကြည့်ရင် သိသာပါတယ်..။
    ဘယ်လောက်ခံလိုက်ရသလည်း..။ အရွယ်အစားချင်း… အသံထွက်တာချင်း..ရုပ်ထွက်တာချင်းအတူူတူ.. ကွာလတီအညံ့နဲ့.. သုံးကြရတာ..။
    ခေတ်စားခဲ့တဲ့.. တိုယိုတာ.. စူပါရုဖ်၊ ဗင်၊ ဖင်ကောက်တွေလည်း ..ဒီအတိုင်းပဲ..။
    ဂျပန်က.. ရုံးသုံး၊ စက်ရုံသုံး ကားအစုုတ်တွေ.. ထိုးကြွေးရောင်းခဲ့တာ…။

    ဖုံးစံနစ်တွေလည်း ဒီအတိုင်းပါပဲ..။
    မြန်မာပြည်မှာ.. စလုပ်တော့ .. ဘယ်က အစုတ်ပလုပ်တွေမှန်းမသိ.. ဘယ်ယူနစ်၊စံနစ်တွေမှန်းမသိ.. လူတွေကိုအတင်းထိုးရောင်းရင်း စလာခဲ့တာ.. ဘယ်တော့မှ မပြီးနိုင်တဲ့ ကို.. ဘာအနာဂါတ်မှမရှိ..နည်းပညာ Dump ဖြစ်နေတာတွေနဲ့.. ငွေရပြီးရောနဲ သွားကြတာ…

    အင်း..
    ပြောမဆုံးပေါင်..တောသုံးထောင်…။

Leave a Reply