ရေလှူကြမလား… ရှင့် … ..By May Aye oo

padonmarApril 23, 20112min953

ရေလှူကြမလား… ရှင့် … ..

နွေရာသီရောက်လာပြီမို့ .. မနှစ်က ကြုံခဲ့ကြရတဲ့ အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်း .. များနဲ့ အတူ.. ရေရှားပါးမှု ဒုက္ခတွေ အပြင်၊ ဝမ်းရောဂါ လဲ..ဖြစ်ခဲ့ကြတာကို.. သတိရကြမှာပါ..။ မနှစ်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နဲ့ မွန်ပြည်နယ် က မြို့ပြ၊ ကျေးရွာ တစ်ချို့ရေရှားပါးမှု ပြဿနာ နဲ့ ကြုံခဲ့ကြရလို့… စေတနာရှင်များ၊ လူမှုရေး အဖွဲ့အစည်း များ နဲ့ ဘာသာရေး အဖွဲ့အစည်းများ ကပါ ဝိုင်းဝန်းကြ၊ ကူညီခဲ့ကြတာကို ပြန်သတိရမိပါတယ်..။

အခုလဲ.. နွေရောက်ပြီမို့ .. ရေရှားပါးမှု ပြဿနာ က လာအုံးမှာပါ..။

အဝီစိတွင်းလေး တစ်တွင်းလောက် တူးလှူကြရအောင်လား…? …

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ မြောက်နဝင်းဆည်အကျော်၊ ပဲခူးရိုးမ တောတွင်းရွာ ဖြစ်တဲ့ ကော့မရွာ၊ နဲ့ တောင်နံ့သာရွာ ကလေး ၂ ရွာ ဟာ ချင်းရွာကလေးတွေ ဖြစ်ပါတယ်။ ကော့မရွာ ကလေးကအိမ်ခြေပေါင်း ၉ဝ ရှိပြီး တောင်ခြေ မှာ ရှိပါတယ်..။ တောင်နံ့သာရွာ ကလေး ကတော့ တောင်ခါးပန်းမှာ ရှိပြီး အိမ်ခြေ ၄ဝ ရှိပါတယ်..။ ရွာ ၂ ရွာ ကြားမှာ ဘုန်းကြီးကျောင်းဘဲ ခြားပါတယ်..။ ချောင်းရေကိုဘဲ အားကိုးရတာမို့ နွေရာသီမှာ.. ရေခက်ခဲ တဲ့ အတွက် မနှစ်က ၂၀၁ဝ နွေမှာ ရေရှားပါးမှု ပြဿနာ နဲ့ အတူ ဝမ်းရောဂါ ဖြစ်ခဲ့ပါတယ်..။

သူတို့ရွာကလေးမှာ ရေတွင်းတူးဖို့ကြိုးစားခဲ့ကြပေမဲ့.. ပေ ၁၀ဝ ကို ကျော်အောင် မတူးခဲ့ဖူးကြပါဘူး။ ပေ ၁၅၀၊ ၂၀ဝ လောက်တူးရင်တော့ ရေထွက်မယ်လို့ မှန်းဆကြည့်ရပါတယ်..။ ကုန်ကျ စားရိတ်ကိုတော့ ၄ သိန်း ၊ ၅ သိန်း ကျပ် လောက် ကုန်မယ် .. လို့ ခန့်မှန်းပါတယ်..။

နွေခါမှာ ချောင်းရေခန်းတဲ့ အခါ လက်ယက်တွင်းကလေးတွေနဲ့ ရေရှာကြရပြီး သောက်ရေ အနိုင်နိုင် ရကြပါတယ်..။ သွား လာရေး ဒုက္ခ နဲ့ ခေါင်ပြီး လူသိနည်းတာကြောင့်.. အကူအညီ မရကြရှာပါဘူး..။

အဲဒီရွာကလေးကို သွားမယ်ဆိုရင်..

ရန်ကုန်ကနေ.. ပြည်ကို မိုင် ၁၈ဝ (အဝေးပြေးကားနဲ့)၊

ပြည် ကနေ ဝက်ထီးကန် ၁၉ မိုင် (ပြည်-ဝက်ထီးကန် လိုင်းပြေးကားနဲ့)၊

ဝက်ထီးကန်ကနေ ကျောက်ကွင်း ကို ၃ မိုင် (ထော်လာဂျီ နဲ့)၊

ကျောက်ကွင်း ကနေ ကော့မ ရွာကို ၁ဝ မိုင် (ဆိုင်ကယ် လမ်းဘဲ ရှိပါတယ်..) ။

ဖုံတသောသော နဲ့ အစာကြေမယ့် လမ်းကလေးပါ.. ။

လမ်းပန်းခက်ခဲ တဲ့ အတွက် အလှူရှင် လည်း မရှိပါဘူး..။ ရေတွင်းကလေး တစ်တွင်းရရင်.. ရွာ ၂ ရွာ လုံးအတွက် အဆင်ပြေမှာမို့ …. …

ကျမ ချစ်ခင် လေးစား ရပါသော .. အလှူရှင်များမှ .. ကူညီနိုင်မည် ဆိုပါက အသိပေးပါရှင်..။

ငွေ ကျပ် ၄၊ ၅ သိန်းဆိုတာ.. ကျမတို့ ဝိုင်းဝန်းပြီး တစ်ယောက် နည်းနည်းစီ စုလိုက်ကြရင်.. ပြည့်သွားမှာပါ.. လို့ လုံးဝ ယုံကြည်ပါတယ်..။

နွေခါမှာ.. ရေ မရှာရခင်.. မြန်မြန် ကလေး .. အကောင်အထည် ဖော်လိုက်ကြရအောင်လို့ .. အော်လိုက်ပါရစေနော် ..

“ဟောဒီက .. ရေလှူကြမလား… ရှင့် … .. “ ….. … လို့ … …

Now is starting time of the summer and we could feel the hot season. As everybody knows, last year summer was very hot and some of the villages and towns of Bago Division, Yangon Division, Aye-ya-waddy Division and Mon State suffer from drought. At that time we help and we also heard well-wishers groups, private groups, social groups and also religious groups gave helping hands to the needy areas.

So, sooner or later we will face about the same problems and prepare to help the needy.

There are villages called Kawt-ma and Taung-Nant-tha which located in Pyay Township, nearby North Na-win Dam, in the Bago Mountain Range forest. We have to go there Ygn-Pyay (180 miles) and Pyay to there about 35 miles with off road. (dusty and bumpy too) and for 10 miles is only motor cycle road. There are 130 housings there. Last year they suffered drought and also suffered from diarrhea.

They do not have well or artesian well in their village. They only depend on the water from stream and in summer, they face the water problem. They cannot get help of sending water to them as their place is far away from Pyay, difficult transportation and not well-known.

If you and your friends are interested, the well cost about 400,000 to 500,000 kyats (USD 600) as we need to dig about 200 ft.

We hope that amount could be reach if we all donate some cash together.

If you are interested to donate, please let me know.

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

3 comments

  • shwe ni

    April 24, 2011 at 6:24 am

    Dear Ma Padonmar

    Would it be possible to know Daw May Aye Oo’s phone number ? I would like to contact Sayarma after arriving to Yangon at the end of May ,2011 .
    Thank in advance.

  • padonmar

    April 24, 2011 at 11:50 am

    Dear Shwe Ni,
    For security purpose,I’m sorry to mention her phone number here.
    Please contact to 2000.donation.group@gmail.com and she will give her phone number directly.She will codially welcome you.
    Thank you so much for interesting our activities.

  • shwe ni

    April 24, 2011 at 12:47 pm

    Dear Ma Padonmar

    Thank you . I have already mailed to Sayarma .
    I was thinking about the security after making comment. Thank you for reminding me .
    May your activities become more successful than ever .

Leave a Reply