ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၃) by May Aye Oo

padonmarApril 23, 20113min813

ပွင့်သောပန်းတိုင်း.. လန်းစေချင်.. (၁၃)
by May Aye Oo on Wednesday, March 30, 2011 at 11:37am

စစ်ကိုင်း …. ဆီသို့ .. ….

လာမယ့် သောကြာနေ့ ညနေ (1-Apr-2011) ကား နဲ့ စစ်ကိုင်းကို သွားကြဖို့ ရှိပါတယ်..။ ကလေးယဉ်ကျေးလိမ္မာ သင်တန်း ၂၉/၂၀၁၁ အတွက်ပါ..။

ဒါပေမဲ့ လိုအပ်တဲ့ သတင်း အချက်အလက်တွေ အားလုံးကိုတော့ တိတိကျကျ၊ စုံစုံလင်လင် မရသေးပါဘူး..။ ဘာလို့လဲဆိုတော့..ဆရာတော်နဲ့ အဆက်အသွယ် ပြန် မရသေးလို့ပါ..။

ဒီသင်တန်းလေး လုပ်ဖြစ်တာက ဆရာတော် အရှင်ဉာဏဒီပ ရဲ့ အစီအစဉ်ပါ..။ ဆရာတော်က အိန္ဒိယ မှာ သီတင်းသုံး ပါတယ်..။ ဆရာတော် ရဲ့ Website http://www.ashinnyanadipa.com/ ထဲကို ဝင်ကြည့်မိပြီး ဆရာတော့်ကို facebook account မှာ friend invite လုပ်လိုက်တာ.. ဆရာတော်ကလဲ ကျမ ရဲ့ facebook ထဲက ဓါတ်ပုံတွေ၊ Notes တွေ ဖတ်ပြီး၊ သာသနာ အတွက်၊ ကလေးတွေ အတွက်၊ ပရဟိတ လုပ်ငန်းတွေ အတွက် ဆရာ၊ ဒကာ ဖြစ်ကြပြီး၊ ဆွေးနွေး ဖြစ်ကြပါတယ်..။ နွေရာသီ တိုင်း မှာ ဆရာတော် က မြန်မာပြည်ကို ကြွပြီး ကလေးတရားသင်တန်း နဲ့ မိဘ မဲ့ ကလေး ကိစ္စများကို ဆောင်ရွက်ပေးမြဲ ပါ..။

ဒီနှစ်လဲ ဆရာတော် က မြန်မာပြည်ကို ကြွလာတာမို့ ပထမဦးဆုံး မြိတ်မြို့ နဲ့ ရခိုင် ဘက်ကို ကြွသွားပါတယ်..။ မသွားခင် မှာ ဖုန်း အဆက်အသွယ် ရပြီး စစ်ကိုင်းက မြရတနာရွာက ကလေးတွေ အတွက် သင်တန်းလေး တစ်ခု လုပ်ပေးကြဖို့ ဆွေးနွေးဖြစ်ပါတယ်..။

ဆရာတော့်ကို အပြင်မှာ မဖူး ဘူးပါ..။ မမြင်ဖူးကြပါဘူး..။ ဒါပေမဲ့ facebook ထဲမှာ၊ Internet ထဲမှာ သိကျွမ်း ရပြီး ဒီလို ကောင်းတဲ့ လုပ်ငန်းတွေ ပိုပြီး လုပ်ဖြစ်ဖို့ ဖြစ်လာရတာမို့ ကျမအတွက်တော့ facebook ဟာ.. အသုံးဝင်တဲ့ Media တစ်ခု ပါ။ facebook ထဲမှာ ရှိနေတဲ့ ကျမ ရဲ့ အချိန်တွေဟာ.. Waste မဖြစ်ပါဘူး..။ အကျိုးရှိပါတယ်..။ အကျိုးရှိအောင် လဲ အဲဒီအချိန်တွေကို သုံးပါတယ်..။ facebook နဲ့ Internet ကြောင့် ကျမမှာ တန်ဘိုးရှိတဲ့ မိတ်ဆွေတွေ အများကြီးရခဲ့ ပါတယ်..။

စစ်ကိုင်း က မြရတနာရွာကလေးဟာ.. အနာကြီးရောဂါသည်တွေ စုထားတဲ့ ရွာကလေးပါ..။ မိဘတွေက ရောဂါသည် တွေ ပေမဲ့ ကလေးတွေကတော့ ရောဂါ မရှိပါဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ ကျဉ်ထားတာကို ခံရတဲ့ ကလေး တွေမို့ ဆရာတော်က မေတ္တာ နဲ့ နှစ်စဉ် သွားပြီး ကလေးတွေကို တရားလေးဟော၊ ဘုရားစာတွေ သင်ပေးပြီး၊ စာမေး၊ ဆု ပေး၊ စတာတွေ ကို လုပ်ပေးနေတာပါ..။ ဒီနှစ်တော့ ကျမတို့ ရဲ့ သင်တန်းပုံစံ ကို သိရှိ သဘောကျသွားပြီး၊ ကျန်းမာရေး၊ ဗဟုသုတ နဲ့ ဘက်စုံ ပါတဲ့ သင်တန်းလေးဖြစ်ရင် ပိုကောင်းမယ်. ဆိုပြီး. တိုင်ပင် စီစဉ်ဖြစ်တာပါ..။ ကလေး ၁၅ဝ လောက် ရှိမယ်လို့ တော့ ဆရာတော်က ပြောပါတယ်.. ။

ဆရာတော် က မြိတ်မြို့ နဲ့ ရခိုင် ကနေ ဒီတစ်ပတ်ထဲ ပြန်ကြွလာမှာပါ..။ ဆရာတော့်မှာလဲ.. ဖုန်းမရှိတော့ ကျမ က ဆက်သွယ်လို့ မရပါဘူး..။ ဆရာတော်က ကျမ ဆီကို ဖုန်းဆက်မှဘဲ အဆက်အသွယ် ပြန် ရ မှာပါ..။

အခု လောလောဆယ်တော့ ကျမ က

ကလေးယဉ်ကျေးလိမ္မာ သင်တန်း ၂၉/၂၀၁၁။

ဧပြီလ ၂-၃ ရက်။

ကလေးဦးရေ ၁၅၀။

အဲသလိုဘဲ တွက်ထားပြီး စ စီစဉ်ပါပြီ..။

ကလေးများ အတွက် လှူချင်တာများ ရှိရင်.. ကျမ ကို ဆက်သွယ်ကြပါလို့ မေတ္တာနဲ့ ဖိတ်ခေါ် ပါရစေ.. အုံး.. ရှင်..။

ပွင့်သော ပန်းကလေးများတိုင်း လန်းဆန်း နိုင်ကြပါစေ ….။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com
We already back from Mya Yadana Village for our 29/2011 Children camp. Even the trip has some difficulties and uncomfortable, we made it for the children.

Attached donation list and some photo. Some clothes left from this trip will be donated in Hton-bo village Children Camp 30/2011 in coming week-end (9-10-11 April 2011).

For some more photo;

Camp photo are in the following link

http://www.facebook.com/may.a.oo#!/album.php?fbid=1678396916300&id=1128815099&aid=2080504

We need to provide 8 students from this village who will attend 7th standard this coming education year. The cost for 1 year is ks. 100,000. The students are really ignore and neglect by the community because they are from Leprosy family. But only the people over 50 years of ages are leprosy and there are only 14 people.

Their village has school up to 6th standard and after 6th standard they never schooling anymore. But for this year, Sayadaw U Kovida wants to send them to Sagaing school but they cannot effort. So that sayadaw try to find the donor for them. Even they want to attend the school in Sagaing, the school is not willing to accept them. Nobody wants to join with them in eating and playing. But we will.

We donated for 5 students on that day. I let them know about it they have donor for their education support. But the cash will manage by sayadaw U Kovida (tel: 011290362, 09-2110202), Sagaing Thathana Waiponla Monastery. We gave the education support to the children and 2 students could not arrive on time, so that we passed it to Sayadaw.

Education support photo are also in my facebook but for the time being I cannot open it due to connection. So that I cannot give you a link.

Thanks and best regards,

May Aye Oo @ Mary

free clinic
ဆရာလေးနဲ့တူတူ မေတ္တာပို့

3 comments

  • MaMa

    April 24, 2011 at 3:51 am

    ပိုစ့်တင်တာ နောက်ကျမနေဘူးလား။ အချိန်မှီတင်ပေးနိုင်ရင် လှူဒါန်းချင်သူ၊ ဆက်သွယ်ချင်သူတွေအတွက် အဆင်ပြေနိုင်တာပေါ့။ အဲဒီ အစီအစဉ်လေးရဲ့ နောက်ဆက်တွဲကိုလည်း သိချင်ပါတယ်။ (ဆရာတော်နဲ့ အချိန်မှီ ဆက်သွယ်လို့မှ ရရဲ့လားလို့ စိတ်ပူမိလို့။)

  • padonmar

    April 24, 2011 at 12:03 pm

    facebook connection မရတော့ undate ဖြစ်နေမယ်တော့ ထင်သား ။ဒါပေမယ့် အင်္ဂလိပ်လိုက အဲဒီ ခရီးစဉ်အကြောင်းပါ၊ ဘာသာပြန်ပေးရမှာပျင်းလို့၊

  • padonmar

    April 24, 2011 at 12:21 pm

    facebook connection မရလို့ အချိန်မီမတင်နိုင်တော့ undate ဖြစ်နေမယ်တော့ ထင်သား ။ဒါပေမယ့် အင်္ဂလိပ်လိုက အဲဒီ ခရီးစဉ်အကြောင်းပါ၊ ဘာသာပြန်ပေးရမှာပျင်းလို့၊

Leave a Reply