Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိခင်မေတ္တာစိတ်ရှိတဲ့ သမီးငယ်လေး

padonmarMay 17, 20111min3197
သူ့အတွက်သူမစားနိုင်သေးဘူး
ညီမလေးကိုခွံ့ပေးရှာတယ်

အငယ်ဆုံးလေးကို အလှူရှင်ထဲကအန်တီကြီးကကျွေးပေးတယ်

ဒီသမီးလေးနာမည်က တွယ်တာအောင်တဲ့။မောင်နှစ်မ ၃ယောက်မှာ အကြီးဆုံးပါ၊အဖေက ပွဲရုံတစ်ခုက အလုပ်သမားပါ၊ သူတို့အမေက အငယ်ဆုံးယောကျင်္ားလေးမွေးပြီး လသားမှာဆုံးသွားပါတယ်။ ကလေးတွေကိုနီးစပ်ရာဆွေမျိုးတွေက တစ်ယောက်စီ ခွဲယူမယ်ဆိုတော့ သူကလေးက သမီးတို့မောင်နှစ်မတွေကို မခွဲပါနဲ့လို့ ငိုရှာသတဲ့၊ဒါနဲ့ သူ့အဖေ မနက် အလုပ်ထွက်လုပ်ရင် သူကလေးက ထမင်းချက်တယ်တဲ့၊ကလေးအငယ်လေးကိုလည်းသူပဲထိန်းရှာတယ်၊ကျောင်းလည်းမနေရ၊ထမင်းလည်းသိုးတဲ့ အခါသိုးနဲ့ပေါ့၊
အောင်ဖေယျာမင်းပရဟိတကျောင်း အကြောင်း ကျွန်မတို့ သူငယ်ချင်းတွေအလှူသွားလုပ်ရင်းသိရတော့ ဆရာတော်ကို ခွင့်တောင်းပြီး ဒီကလေးတွေကို ဆရာတော့်ကျောင်းပို့လိုက်ရတယ်၊ စရောက်ခါစတော့ ငိုမဲ့မဲ့နဲ့ အဖေ့လက်ကိုဆွဲထားကြတာပေါ့၊သူ့အဖေလည်း ၂ရက်၃ရက်တစ်ခါသွားတွေ့ရတယ်၊နောက်တော့ကျောင်းမှာပျော်သွားကြပါတယ်။
သူကလေးလည်း အဲဒီတော့မှ ကျောင်းစတက်ရပါတယ်၊အခု အောင်ဇေယျာမင်းရောက်တာ၁နှစ်ရှိသွားပါပြီ။ဒီပုံတွေက သူတို့ကျောင်းရောက်ပြီးတစ်လလောက်မှာ ကျွန်မတို့ သာကူသွားလှုတုံးကပုံတွေပါ။အငယ်ဆုံးလေးက ထွားသွားပြီး အလတ်မလေးက ညှက်နေရှာပါတယ်။ သူနဲ့ရွယ်တူ ကလေးတွေ ကိုယ့်ဖာသာကိုယ်ပဲစားနေချိန်မှာ တွယ်တာအောင်လေးက သူတောင်မစားနိုင်သေးပဲ အလတ်မလေးကိုကျွေးနေတာတွေ့ရတော့ ရင်ထဲကြင်နာရပါတယ်၊
အလှူရှင်အုပ်စုထဲက အန်တီကြီးက ကလေးတွေကို သာကူတိုက်ပေးတော့မှပဲ သူဝအောင်စားရရှာပါတယ်။ဒါတောင် သမီးမောင်လေးနဲ့ ညီမလေးကို အုန်းသီးဖတ်တွေမကျွေးပါနဲ့နော်တဲ့၊ချောင်းဆိုးနေလို့ပါတဲ့၊
နောက်နှစ်ကျောင်းပိတ်ရင် သူသီလရှင်ဝတ်မယ်တဲ့၊ဘာဖြစ်လို့ ဝတ်မှာလဲမေးတော့ သီလရှင်စာတွေလည်းသင်ချင်တယ်တဲ့၊မေမေလည်း ကုသိုလ်ရအောင်လို့ပါတဲ့၊
အခုသူ့အသက် ခုနစ်နှစ်ရှိပါပြီ၊အောင်ဇေယျာမင်းမှာပဲ ဒီကျောင်းအပိတ်မှာ သီလရှင်ဝတ်ပါတယ်၊သီလရှင်ဝတ်နဲ့ပုံလေးများရရင် တင်ပေးပါအုံးမယ်၊ကျောင်းဖွင့်ရင်လည်း လူမထွက်ပဲ သီလရှင်ဘဝနဲ့ပဲ ကျောင်းဆက်တက်မယ်တဲ့၊

7 comments

  • shwe ni

    May 18, 2011 at 2:38 am

    Dear Ma Padonmar

    I have received the mail from DMAO. The 2000 mail address has been hacked and someone uses that mail for his/her personal . I think we should post it here and/or ask someone how to delete that google account completely .

    Why such a people like a crab on earth .
    Best

    • kai

      May 18, 2011 at 8:22 am

      ကိုယ်ပိုင်ဝဘ်ဆိုက်မရှိဘူးလား…။
      အဲဒါနဲ့..gmail( google app) မှာပဲ.. အသင်းအကောင့်သီးသန် ့ဖွင့်လို့ရပါတယ်.။
      ရှိပြီးသားအကောင့်ကို .. ဖျက်လိုက်ဖို့ဆိုတာက… တော်တော့်ကို ခက်တယ်..။

  • hmee

    May 18, 2011 at 7:16 am

    သနားပါတယ်။ အမိမဲ့သား ရေနည်းငါး ဆိုတာ တကယ်မှန်တာ။ အမိမရှိတဲ့ ကလေးတွေဟာ ဘယ်အရွယ်လေးပဲ ဖြစ်ဖြစ် မျက်နှာငယ်လေးတွေနဲ့။

  • zaw min

    May 18, 2011 at 9:24 am

    ကိုခိုင်ပြောသလို အသင်းအဖွဲ့ရဲ့အမည်နဲ့လိပ်စာ လေးပါထဲ့ပေးနိုင်ရင်ပိုကောင်းမယ်လို့ထင်မိပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းမိဘမဲ့ဂေဟာတွေကိုမိမိတတ်နိုင်သလောက်လှူတန်းချင်ပါတယ်။

  • padonmar

    May 18, 2011 at 1:54 pm

    Shwe Ni ပြောသလိုပဲ သတိပေးတဲ့ အနေနဲ့ post တင်ပေးလိုက်ပါမယ်။
    website တော့ မရှိသေးပါ၊ အဲဒီလောက်ထိလည်း မတတ်ပါ၊
    Zaw Min မေးတာ 2000 group လိပ်စာမေးတာလား၊ အောင်ဇေယျာမင်းပရဟိတကျောင်းလား။
    အောင်ဇေယျာမင်းဆိုရင်တော့ ရွှေပြည်သာ တံတားအဆင်း လှိုင်သာယာ ဘက်မှာပါ၊ ငွေပင်လယ်စက်မှုဇုန် ထိပ်မှာပါ၊

  • MaMa

    May 18, 2011 at 3:33 pm

    အဲဒီ ကလေးလေးတွေကို ကျောင်းကို လိုက်ပို့တုန်းက ကလေးအဖေကလည်း စိတ်မကောင်းတော့ စကားမပြောနိုင်။ ကလေးတွေကလည်း ငယ်ပေမယ့် မျက်နှာလေးတွေ ညှိုးနေကြတာ။ အဲဒါနဲ့ စိတ်ပြောင်းသွားအောင်ဆိုပြီး ၅ခုပါတဲ့ မုန့်တစ်ထုပ် ဝယ်ကျွေးတော့ အကြီးမလေးက မစားဘူး။ သူ့မောင်လေးအကြောင်း သူသိတာကိုး။ မုန့်ထုပ်ကို အငယ်ဆုံးမောင်လေးက ယူပြီး သူတစ်ယောက်တည်း စားတယ်။ အလတ်မလေးက တောင်းတော့ သူတို့အဖေက တစ်ခု ယူပေးလိုက်တာကိုတောင် အငယ်ကောင်လေးက အော်တယ်။ အဲဒီ မုန့်တစ်ထုပ်ကို အလတ်မလေးလည်း တစ်ခုပဲစားရတယ်။ အငယ်တွေ စားနေတာကြည့်ပြီး ကလေးပီပီ စားချင်ရှာမှာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်ကြရတယ်။ ကျောင်းရောက်ပြီး နောက်တစ်ပတ်လောက်နေတော့ ကလေးတွေကို သွားတွေ့ရင်း ပျော်လားလို့မေးတော့ အကြီးမလေးက ပျော်တယ်။ ဘာမှလည်း မခိုင်းဘူး။ ကစားလည်း ကစားရတယ်။ စာလည်း သင်ရတယ်တဲ့လေ။ သူ့ခမျာ ဒီအသက်အရွယ်လေးနဲ့ ကစားရမယ်ဆိုတဲ့ အသိမရှိခဲ့ရှာဘူး။

  • nature

    May 18, 2011 at 5:57 pm

    ဒီဘုန်းကြီးကျောင်းနဲ့သာမတွေ့ရင်တော့ ဒီခလေးတွေရှေ့ရေး တကယ့်ကိုရင်လေးစရာပဲ၊ အခုလိုအဆင်ပြေသွားတာကြားရတာ ဝမ်းသာပါတယ်၊ ကူညီထောက်ပံ့ပေးတဲ့သူတွေကတော့ ကူညီထောက်ပံ့ပေးသလောက် တူသောအကျိုးကိုခံစားရမှာပါ။

Leave a Reply