အိမ်နောက်ဖေးလမ်းကြား၏ အခြေအနေ
ကျွန်မနေထိုင်သော ၂၈လမ်း(အပေါ်ဘလောက်)နှင့် ၂ရလမ်းနောက်ဖေးလမ်းကြားတွင် စည်းကမ်းမဲ့အမှိုက်ပစ်သူများကြောင့် ညစ်ပတ်နေစော်လျက်ရှိနေပါသည်။ ကြွက်များကလည်း ထိုအမှိုက်ပုံကြီး၏ ကောင်းစားမှူဖြင့် ထွားကျိုင်းသန်မာနေကြပုံများ ကြောင်ပေါက်စတစ်ကောင်ပမာပါပေ။ မြေညီထပ်နေသူများကတော့ အမှိုက်သိမ်းခေါင်းလောင်းသံကြားရင် အပြင်ထွက်ပစ်ကြပေမယ့် အပေါ် ထပ်နေသူများကတော့ စည်းကမ်းမရှိအမှိုက်ပစ်ကြ၏။ စိတ်ပျက်ဖို ့ကောင်းလေသည်။ သို ့သော်တစ်နေ ့ကတော့ စီမံချက်ရှိသည်ဟုဆိုကာ ရပ်ကွက်လူကြီးများမှစည်ပင်သာယာဝန်ထမ်းများကို ခေါ်လာကာ အမှိုက်ရှင်းခိုင်း၏။ နောက်နေ့တွင်တော့ စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို စောင့်ဖမ်းမည်ဟုဆိုကာ နောက်ဖေးလမ်းကြားရှိသန့်ရှင်း သော နေရာတစ်နေရာတွင် ထိုင်ကာ စောင့်ကြည့်နေကြပြန်သည်။ စောင့်ကြည့်ပြီး သိပ်မကြာခင် ပထမထပ်မှ အမှိုက်ပစ်ချ၏ ။ မိသွားသောကြောင့် အမှိုက်ပစ်သောသူကို လော်စပီကာ နှင့် အော်ကာ လမ်းကြားထဲဆင်းလာဖို ့ပြောသည်။ အမှိုက်ပစ်သူဆင်းလာသောအခါ စည်းကမ်းမဲ့အမှိုက်ပစ်သောကြောင့် ဒဏ်ငွေ၅၀၀၀ဝကို ရပ်ကွက်ရုံးတွင်ဆောင်ရမည်ဟု ပြောသည်။ ထုံးစံအတိုင်းပဲပေါ့ ရပ်ကွက်ရုံးကို မသွားချင်ရင်လည်း ရသော နည်းလမ်းများကရှိသည့် အတွက်ကြောင့် ဒဏ်ငွေ၅၀၀၀ဝ အစား အစ်ကိုကြီးကလည်း အချင်းချင်းတွေပဲ ၂၀၀၀ဝ ဟုဆိုကာ ဇာတ်လမ်းပြီးဆုံးသွားပါသည်။ ဒီကနေ ့မနက်စောစောစီးစီး အိမ်နောက်ဖေး ၏ အခြေအနေကိုသွားကြည့်တော့လည်း ထုံးစံအတိုင်းပါပဲ။ အမှိုက်ထုပ်များနှင့် ရှင်ဘုရင်ကြွက်များကို တွေ ့ရှိရသောကြောင့် မင်္ဂလာပါဟု နှုတ်ဆက်လိုက်ရပါသည်။ ဒီတစ်သက်တော့ သန် ့ရှင်းသော ပတ်ဝန်းကျင်တွင်နေရဖို ့လမ်းမမြင်တော့ပါတကား။ [member-invites-form]
33 comments
babymay
May 25, 2011 at 7:08 am
အဆိုးရွားဆုံးပါပဲ။။။ လူတိုင်း တာဝန်သိစိတ်ကိုယ်စီရှိမှ ဖြစ်မှာပါ။။။ မဟုတ်ရင်တော့ —— ပတ်ဝန်းကျင်မသန့်ရှင်းရင် ဘယ်လောက်ကျန်းမာရေးထိခိုက်တယ်ဆိုတာသိကြဖို့ လိုပါတယ်။။ သိသိကြီးနဲ့ လည်းစည်းကမ်းမပျက်ကြဖို့လိုပါတယ်။။။။—စိတ်မကောင်းပါဘူး — moonpoem ရေ—–။။။။။။
good
May 25, 2011 at 7:18 am
ဘာပဲ ေဲပြာပြော ရန်ကုန် မြို့ လယ် နေ ထိုင် သူ များဟာ ဆင်ခြေဖုံး ရပ်ကွက် နေထိုင် သူ များထက် ပစ္စည်းဥစ္စာ၊ ပညာ၊ အသိဉာဏ်၊ ဗဟုသုတ အစစ အရာရာ မှာ ယေဘုယျ အားဖြင့် သာမယ် လို့ ယူ ဆပါတယ်။
သိသိ ကြီး နဲ့ စည်းကမ်း မဲ့ နေ ကြ တာ တော့……….။
zawinaing
May 25, 2011 at 7:21 am
အချင်းချင်းတွေဘဲ………အကိုကြီးကလဲ….ဆရာကြီးကလဲ……..
SHAKE HAND ……… 🙂
moonpoem
May 25, 2011 at 7:41 am
ကလေးတွေအမှိုက်ပစ်ချတာက ဟောက်လို ့ကောင်းပေမယ့် လူကြီးတွေက
အဖေအမေအဘိုးအဘွားအရွယ်တွေကျတော့ဘယ်နှယ့်နားဝင်အောင်ပြောရပါ့။မသိတဲ့သူတွေကိုနားလည်အောင် ပြောပြရတာ ရှင်းပြရတာ မခက်ခဲပေမယ့် သိသိရက်နဲ ့လုပ်နေတဲ့လူတွေကျတော့ ဘယ်လိုတောင်ပြောရမယ်မသိပါဘူး။
ဆူး
May 25, 2011 at 7:51 am
အမှန်တော့ တိုက်တွေ တိုက်တွေ တိုင်းမှာ အမှိုက်ပစ်ချလို့ ရတဲ့ ပိုက်လုံး အကြိးကြီး တပ်ပေးထားပြီးတော့ အောက်မှာ ကန်တခု လုပ်ပြီး အမှိုက်သမား အချိန်မှန် လာသိမ်းပေးရင် ပို အဆင်ပြေမယ် ထင်တယ်။ မြို့ထဲနေ လူတွေက ဒီလိုပါပဲ။ ကြွက်ဆိုတာ အိမ်မှာ ဘယ်လောက် သန့်သန့် အောက်ထပ် မှာနေတဲ့ အိမ်တွေက ကြွက် တွေရဲ့ ဝင်ချည် ထွက်ချည် အိမ်ဖြစ်နေတော့တာပါပဲ.. စိတ်ပျက်စရာလည်း ကောင်းလှပါတယ်။ ကြွက်တွေ ကြီးလွန်းရင် ကြောင်တွေ မမြင်ချင်ယောင် ဆောင်တတ်ပါသည်။ ဟီးဟီး…
နောက်ဖေး လမ်းကြားကို အမှိုက်ကောက်တဲ့ လူတွေ မလာဘူးလား.. ဟိုဖွ ဒီဖွ လုပ်ပြီး.. ထမိန် ရုတ်တတ်တယ်လို့ ကြားဖူးတယ်။
eros
May 26, 2011 at 4:07 am
ကြွက်တွေ ကြီးလွန်းရင် ကြောင်တွေ မမြင်ချင်ယောင် ဆောင်တတ်ပါသည်။ ဟီးဟီး…
နောက်က ဟီးဟီး ကဘာ အဓိပ္ပာတုံးဗျ ဆူးမမရဲ့။
wakawaka7
May 25, 2011 at 8:43 am
တိုင်းသူပြည်သားတွေခုလို အသိတရားမရှိတာ၊ စည်းကမ်းမဲ့တာတွေရဲ့ တရာခံဟာဘယ်သူလဲးဆိုတာ အလုံးသိပါတယ်နော်။ ခေါင်မိုးကမလုံတော့ အောက်ကစိုပြီပေါ့ဗျာ။
king
May 25, 2011 at 9:16 am
ကဲ ဦးကြောင်ကြီး အမှိုက်ကိစ္စကိုတော့ သက်ဆိုင်ရာက ရှင်းပါလိမ့်မယ်
ကြွက်ကိစ္စကို ဦးကြောင်ကြီး ဘယ်လိုစီမံချက်တွေ ရေးဆွဲပြီး
အကောင်အထည်ဖော်မယ်ဆိုတာ
ရွာသူ/သားတွေသိအောင် သတင်းစာရှင်းလင်းပွဲလေး လုပ်ပေးပါအုန်း
😛
😀
🙂
weiwei
May 25, 2011 at 9:25 am
ကျွန်မနေတဲ့ရပ်ကွက်ရဲ့ အမှိုက်သိမ်းစနစ်ကတော့ သိပ်မဆိုးဘူးပြောရမယ် … တစ်နေကုန် အမှိုက်ပစ်ခွင့်မရှိပေမယ့် ညနေ ၆ နာရီကနေ ၈ နာရီမှာ အမှိုက်ပစ်ချိန်သတ်မှတ်ထားပြီး အမှိုက်တွေအကုန်ကုန်လုံးကို သိမ်းယူသွားပါတယ် …. တစ်ခါတစ်လေ သားငါးတွေလုပ်ပြီး အမှိုက်ပစ်ချိန်နဲ့ဝေးနေသေးရင် ရေခဲသေတ္တာထဲမှာ အမှိုက်တွေကို သိမ်းထားရတယ် …
ဆူး
May 25, 2011 at 11:04 am
တော်သေးတယ် အခုနေတဲ့ ရပ်ကွပ်က အိမ်၂အိမ်တိုင်းရဲ့ ရှေ့မှာ အမှိုက်ပုံးထားပေးထားတယ်။ အမှိုက်ရှိတာနဲ့ ထွက်ပြစ်လိုက်တာပဲ။ အိမ်ထဲမှာ ကြာကြာ ထားရင် ကြောင်ပြသနာ ရှိတယ်။ ရပ်ကွက်ထဲက မွေးထားတဲ့ ကြောင်တွေ ရှိတယ် နေ့လည် ဆို အိမ်ထဲ ဝင်ပြီး လိုက်ဖွတတ်လို့.. အမှိုက်ပြန်သိမ်းရတာ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်။
PinkCandy
May 25, 2011 at 11:12 am
သူငယ်ချင်းတစ်ယောက်တော့ လမ်းလျှောက်ရင်းကြွက်ကိုတက်နင်းမိတာ ကြွက်က ပြန်ကိုက်လိုက်ပါတယ်။
မေးခိုင်ကာကွယ်ဆေးထိုးထားရတယ်ပြောတာပဲ။
မေးခိုင်ကာကွယ်ဆေးနဲ့ ကြွက်ကိုက်တာနဲ့ ဆိုင်လားတော့မသိဘူး။
ဆူး
May 25, 2011 at 11:23 am
ကြွက်က မေးခိုင်ကာကွယ်ဆေး ထိုးရတာတော့ မသိဘူး.. လင်းနို့ကိုက်ရင် ခွေးရူးပြန် ကာကွယ်ဆေး ထိုးရတယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
May 25, 2011 at 1:35 pm
ဒါဟာ မြို့ပြတည်ဆောက်မှု ညံ့ဖျင်းပုံကို ပြနေတာပါပဲ..
ပြောနေကျစကားလိုပဲ မြန်မာတွေ သူများနိုင်ငံတွေကို အနည်းငယ်မျှော်ကြည့်စေလိုပါတယ်.. သူတို့တွေ မြို့ပြတွေကို ဘယ်လိုတည်ဆောက်ထားလဲဆိုတာ… အထပ်မြင့်တိုက်တွေတိုင်းမှာ ကားParking တွေလောက်လောက်ငှငှ စီမံထားပါတယ်။ အမှိုက်ကို အောက်ထိ ဆင်းပစ်စရာမလိုပါဘူး၊ ကိုယ့်အခန်းကနေထွက်၊ အမှိုက်ပစ်တဲ့အပေါက်ကနေ ထည့်လိုက်ရုံပါပဲ။ အောက်ခြေမှာတော့ ရွှေ့ပြောင်းလွယ်တဲ့ အမှိုက်ကန်တစ်ခုလုပ်ထားပြီး အခန်းဖွဲ့၊ အလုံပိတ်ပြီးထားပါတယ်။ နေ့စဉ်အမှိုက်သိမ်းကား လာသိမ်းပါတယ်။ ဒီတော့ကာ နောက်ဖေးလမ်းကြား အမှိုက်ပစ်တယ်ဆိုတာ ဘယ်ရှိနိုင်ပါတော့မလဲ။
ခုတော့ အံဆွဲတွေထဲမှာ နေနေရတဲ့သူတွေအဖို့ အပေါ်ထပ်ကနေ အောက်ရောက်အောင် နည်းပညာအကူအညီမပါဘဲ ဆင်းရတယ်၊ ပြီးရင် ပစ်စရာနေရာ လိုက်ရှာရမယ်၊ အားလုံးပြီးရင် ကိုယ့်အံဆွဲလေးထဲရောက်အောင် မရေမတွက်နိုင်တဲ့ လှေကားထစ်တွေကို တစ်လှမ်းချင်း ပြန်တက်ရဦးမယ်။ ဒါကြောင့် လွယ်လွယ်ရတဲ့ နောက်ဖေးကိုပဲ ပစ်ချကြတာပေါ့။ မြန်မာလူမျိုးထုံးစံအတိုင်း ဟိုလူ့လက်ညှိုးထိုး အပြစ်ပုံချ၊ ဒီလူ့လက်ညှိုးထိုး အပြစ်ပုံချလိုက် ပြီးတာပဲလေ။
ပြောရရင်တော့ မြို့ပြဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲဖို့ လိုပြီလို့ ထင်မိပါကြောင်း
(ပြောသာပြောရတာ ဘယ်သူကမှလဲ ေ-ာက်ဂရုစိုက်ကြတာမဟုတ်ဘူး.. တင်းလာပြီ)
hsu hsu
May 26, 2011 at 9:48 am
ဟီးဟီး
intro
May 25, 2011 at 2:29 pm
အမှိုက်တွေက နောက်ဖေးလမ်းကြားတင်မဟုတ်ဘူးဗျ… ရေမြောင်းထဲမှာလဲ ပိတ်နေတာ၊ မိုးလေးသာ နည်းနည်း ရွာလိုက် လမ်းပေါ် ရေလျှံပြီးသားပဲ…
naywoonni
May 25, 2011 at 3:17 pm
အရင်တုန်းက ရန်ကုန်က အသန့်ရှင်းဆုံးဆို….။ သပ်ယပ်လွန်းလို့ စင်္ကာပူ ကတောင် မြို့ကွက် နမူနာ လာယူဆိုပဲ အဲဒိလိုကြားဖူးတာ….. ။ အဲဒါက တစ်ကယ်ပဲ လား ? ပုံပြင်လားဟင်…။ ယောင်ဝါးဝါးဖြစ်အောင်တော့မလုပ်ကြနဲ့နော်..။
etone
May 26, 2011 at 8:31 am
မယုံလျှင် ပုံပြင်မှတ် အဘနီရဲ့
ကိုပေါက်(မန္တလေး)
May 25, 2011 at 4:17 pm
ဒီနေ့ညနေတုံးကဘဲ အမိူက်တွေ နောက်ဖေးလမ်းကြားကို စည်းမဲ့ကမ်းမဲ့ပစ်ချတဲ့ကိစ္စနဲ့စကားပြောခဲ့ရသေးတယ်။
အပေါ်ထပ်နေတဲ့သူအတော်များများက ညညဆိုအမုူိက်တွေပစ်ချတတ်ကြပါတယ်။
ရပ်ကွက်ကတာဝန်ရှိသူက “အဲလိုပစ်တဲ့လူတွေကို တိတိကျကျသတင်းပေးပါတဲ့ အရေးယူပါမယ်တဲ့”
ပြန်ပြောပေးခဲ့ပါတယ်။
“အဲလို လူတွေကလဲ လူမြင်သူမြင်ပစ်တာမဟုတ်ဘူးလူခြေတိတ်ချိန်သူများအိပ်ချိန်မှာခိုးပစ်တာ
စောင့်ကြည့်ရလောက်အောင် အချိန်မရှိဘူး”လို့။
ခက်တာက ဒီလိုစည်းမဲ့ကမ်းမဲ့ အသိတရားမရှိတဲ့ ကိစ္စက အုပ်ချုပ်သူနဲ့မဆိုင်ဘူး။
လူလိုသိရမယ့်စည်းကမ်း ကို လူလိုမသိတဲ့ လူမဟုတ်တဲ့လူတွေကြောင့်ဒါတွေပေါ်လာတာ။
အဲလိုလုပ်တဲ့လူတွေရဲ့စိတ်ထဲမှာ ကိုယ်ချင်းစားတရားခေါင်းပါးလို့ ဒီလိုဖြစ်နေတာ။
အပေါ်ထပ်က ပစ်ချသမျှအမိူက်အားလုံးရဲ့ ဒါဏ်ကို အောက်ထပ်နေသူတွေခံပေတော့ဘဲ။
အမိူက်သိမ်းတာစနစ်ညံ့ဖျင်းလို့ မှားနေတဲ့အတွက်အောက်ဆင်းမပစ်ဘူး စည်းမဲ့ကမ်းမဲ့ပစ်ချတာပါလို့အကြောင်းပြမယ်ဆိုရင်
အဲဒီအိမ်ကလူတွေ တစ်သက်လုံးအိမ်အောက်ကို မဆင်းဘူးလားလို့ဘဲမေးချင်ပါတယ်။
ကိစ္စတစ်ခုပေါ်တိုင်း နိုင်ငံလိုအပ်ချက်ကြောင့်ချည်းဘဲ တစ်ဖက်သတ်ပြောလို့မရနိုင်ဘူး။
အုပ်ချုပ်သူရော အအုပ်ချုပ်ခံရတဲ့ သူရော နှစ်ဦးနှစ်ဖက်ကောင်းမှ တိုင်းပြည်ကောင်းမှာပါ။
အပွင့်လင်းဆုံးပြောရရင် ကျွန်တော်ကတော့ မြန်မာပြည်အပြင်ကို အလည်တောင်မထွက်ဘူးသူမို့
သူများနိုင်ငံတွေမှာ ဘယ်လိုဆိုတာ စာတွေ့ဘဲရှိပါတယ်။
ငါတွေ့တော့ မရှိပါဘူး။
ဘယ်နိုင်ငံဘယ်လူမျုးိဘဲဖြစ်ဖြစ် အုပ်ချုပ်တဲ့သူကောင်းရုံနဲ့တော့ တိုင်းပြည်ကောင်းမလာတာကတော့ဘယ်သူမှ မငြင်းနိုင်ပါဘူး၊
နှစ်ဖက်စလုံးအချိိုးညီစွာ ကောင်းမှ တိုင်းပြည်ကောင်းမှာပါ။
သူမကောင်းလို့ ကိုယ်ပါညံ့နေရတယ်ဆိုတဲ့ကိစ္စက ဒီပြင့်နေရာမှာ မှန်ချင်မှန်နိုင်ပေမယ့် ကိုယ်ကျင့်တရားတို့ စည်းကမ်းဆိုတာကတော့ သူများကောင်း ကောင်း မကောင်း ကောင်း ကိုယ်ကောင်းရမှာကတော့ အမှန်ပါဘဲ။
အမိူက်ပစ်တာကို စနစ်တကျမပစ်နိုင်တဲ့ ကိစ္စကတော့ အုပ်ချုပ်သူနဲ့မဆိုင်တဲ့ ကိစ္စလို့မြင်ပါတယ်။
သေချာတာတစ်ခုကတော့ ဆင်းရဲ့တဲ့အိမ်မှာမွေးတဲ့ ကလေးနဲ့ချမ်းသာတဲ့အိမ်မှာမွေးတဲ့ကလေး ဘဝပေးအခြေအနေခြင်းကတော့ မတူနိုင်ပါဘူူး။
အဲတော့ မတူတာကို လိုက်ညှိနေ အားကျနေမယ့်အစား ကိုယ်လက်ခံထားရတဲ့အခြေအနေအပေါ်မှာ ဘယ်လိုကောင်းအောင်နေမလဲက အဓိကလို့ ယုံကြည်ထားကြောင်းခံယူထားကြောင်းပါ၊
eros
May 26, 2011 at 4:10 am
ဦးပေါက်ရေ မြန်မာကလူတွေ အကုန်လုံးကို ပြည်သူ့နီတိ မတက်မနေရ သင်တန်းပေးရရင်ကောင်းမယ်။ လောကမှာ နေနည်းထိုင်နည်း life skill သင်တန်းလိုတယ်။
unclegyi1974
May 25, 2011 at 4:34 pm
ဟိုးတုန်းကလမ်းတွေမှာအိမ်တွေက၁ ထပ် ၂ ထပ် ပဲရှိတာပါ
၃ ထပ်ကအများဆုံး နောက်ကိုယ်ပိုင်အိမ်တွေများပါတယ်
ဆိုလိုတာကအိမ်ပေါ်ကအမှိုက်နောက်ဖေးလမ်းကြာပစ်လည်းကိုယ့်
အိမ်နောက်အမှိုက်ပွတာဆိုတော့ဘယ်သူမှနောက်ဖေးလမ်းကြားမပစ်
ကြပါဖူး
နောက်တဖြည်းဖြည်းနဲ့ကန်ထရိုက်တိုက်မြင့်တွေများလာတော့
၆ ထပ်ကလူကလည်းအမှိုက်ပစ်ဖို့အိမ်အောက်ဆင့်ဖို့မလွယ်
အဲတော့နောက်ဖေးလမ်းကြားပစ် အမှိုက်ပွပြီးနံတာကအောက်ထပ်
ဟိုးအပေါ်ကလူကမနံ
မြို့ကတဖြည်းဖြည်းကြီးလာတာကိုစည်ပင်ကအမှတ်မထင်
နဂိုလ်မူနဲ့အမှိုက်လိုက်သိမ်းနေတော့ဘယ်နိုင်တော့မတုန်း
အထပ်မြင့်များလာရင်အမှိုက်သိမ်းပုံဘယ်လိုပြောင်းမယ်
မူမရှိ ကြိုတင်အစီအစည်တွေနဲ့တိုက်တွေဘယ်လိုဆောက်ရမယ်
ညွှန်ကြားမူမရှိ တိုက်ဆောက်ပါမစ်ချပေးဖို့သိတဲ့စည်ပင်တွေနဲ့
အခုရောနောင်ရော….
nature
May 26, 2011 at 3:12 am
နောက်ဖေးလမ်းကြားမှာနိုင်ငံခြားမှာလို အထပ်တိုင်းကအချိန်မရွေး လွယ်လွယ်ပစ်လို့ရအောင် နိုင်ငံခြားမှာလို tube တွေတပ်နိုင်ရင်နဲနဲပိုအဆင်ပြေလာမယ်ထင်တယ်၊ တပ်ဖို့တော့ထက်ခဲပါလိမ့်မယ်။ နောက်ဖေးလမ်းကြားတွေကိုလည်းသူခိုးမဝင်နိုင်အောင် လုံလုံခြုံခြုံ ပိတ်ဘို့လိုပါလိမ့်မယ်၊ ပြီးမှအမှိုက်သိမ်းကားကနောက်ဖေးလမ်းကြားဝင်သိမ်းပေါ့။
အမှိုက်သိမ်းကားတွေရဲ့အားနဲချက်က –
အမှိုက်ပစ်ချင်တဲ့သူကကားလာချိန်စောင့်နေရတော့ အလုပ်လုပ်ရတာမဖြောင့်ဘူး၊ အလုပ်ပျက်တယ်။
တခါတလေ ခေါင်လောင်းတီးလို့ချက်ခြင်းအလုပ်လက်စမပြတ်လို့ မဆင်းနိုင်ရင် ကားကကျော်သွားရော။
နောက်နေ့ကျတော့၂ရက်စာအမှိုက်ကထပ်သွားရော။
အထပ်မြင့်တွေက ဆင်းရတာတခါတလေ ကရိကထများးတော့လူတိုင်းလိုက်နာဘို့ခဲယဉ်းပါတယ်။
လူတွေစည်းကမ်းမရှိတာလဲပါပါတယ်။
ရန်ကုန်တမြို့လုံးက လူတွေရဲ့ပစ်တဲ့အမှိုက်ကို အမှိုက်ကားနဲ့သိမ်းတာက အတိုင်းအတာတခုအထိဖြေရှင်းနိုင်ပေမဲ့ လုံးဝပြေလည်ဖို့မလွယ်ပါ။ ၃နှစ်နဲ့ ပုံလာမဲ့အမှိုက်ကို ၁ဝနှစ်လောက်အထိတော့ဆွဲထားနိုင်မယ်ထင်ပါတယ်။
အချိန်မရွှေးလူတိုင်းပစ်နိုင်အောင် အမှိုက်ကားနောက်တွဲတွေကို အနံ့မနံ့အောင် အဖုံးလေးနဲ့ ရပ်ကွက်အလိုက်ချထားပေးပြီး အမှိုက်ကားပြည့်ခါနီးရင်ရပ်ကွက်ကဖုံးဆက်အကြောင်းကြားပေးရင် သွားသိမ်းပြီးနောက်တတွဲလဲပေးရင်လည်း မဆိုးဘူးထင်မိတာပဲ။
ဆူး
May 26, 2011 at 3:55 am
လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်က နေတဲ့ ရပ်ကွက် တခုဆို တော်တော် ကောင်းတယ် နောက်ဖေး လမ်းကြား သိပ်သန့်တာ.. အရင်က ညစ်ပတ်လို့ လမ်းကလူတွေ တူးဖော် ကွန်ကရစ်ခင်းပြီး သန့်အောင် လုပ်ထားကြတယ် အမှိုက်လည်း မပြစ်ကြဘူး။
ထူးခြားချက်ကတော့ အမှိုက်တွန်းလှည်းလာပါတယ်။ အမှိုက်တွန်းလှည်းက ပစ်နေကျ အိမ်တွေကို အိမ်ရှေ့က ကြိုးဆွဲပြီး ခေါက်တယ်။ အမှိုက် ဆိုတဲ့ အသံနဲ့ ခေါင်းလောင်းသံကြားရင် အိမ်က အမှိုက်ထုတ်ကို ကြိုးမှာ ချိတ်ပေးပြီး အောက်ချပေးလိုက်တယ်။ ကြိုးက အမှိုက်ချိတ်သလို ညှပ်မှာ ၂ဝတန် တရွက် ညှပ်ပေးရပါတယ်။ စည်ပင် ဝန်ထမ်းလည်း ကျေကျေနပ်နပ် နဲ့ ယူသွားပါတယ်။ အမှိုက်လှည်း တစီးက အိမ်ပေါင်းများစွာက အမှိုက်ကို သိမ်းပေးသလို အိမ်တိုင်းကလည်း သေးရင် ၂ဝ ကြီးရင် ၅ဝ ၁၀ဝ စသဖြင့် ပေးတော့ သူလည်း အပိုဝင်ငွေ ဖြောင့် အိမ်တွေ အတွက်လည်း ကုန်ကျစရိတ် သိပ်မသိသာပါဘူး။ နောက်ဖေး လမ်းကြားကို တချို့ဆို အပြင်ထွက်ပြီး ထမီတောင် လှန်းကြတယ်။ ဟင်းအိုး ထမင်းအိုးတွေ ချက်နေတာ အေးဆေးပါပဲ။ သစ်ပင်လေးတွေလည်း စိုက်ထားကြသေးတယ်။ အခုတော့ ဘယ်လို နေမလဲ မသိတော့ဘူးနော်။
moethidasoe
May 26, 2011 at 5:39 am
အဓိက က ရပ်ကွက်နေ လူတွေရဲ့ စိတ်ထားနဲ့ .. စည်ပင်သာယာရဲ့ အမှိုက်ပစ် စနစ် မှန်ကန်ဖို့ပါ ..
လူတွေရဲ့ စိတ်ထား မမှန်ရင် ကိုယ့်အိမ်ကအမှိုက် ကိုယ့်အိမ်ထဲမှာ မရှိ ပြီးရော ဆိုတဲ့ စိတ်ထား ရှိရင် စည်ပင်သာယာက ဘယ်လို စနစ်တကျ သိမ်းသိမ်း မရဘူး ..
လူတွေရဲ့ စိတ်ထား ကောင်းလို့ အမှိုက် ကို စနစ်တကျ ပစ်ချင်ပါရဲ့ .. အမှိုက်သိမ်းစနစ် မကောင်းရင် တွေ့ရာမှာ ပစ်မှာပဲ .. အဓိက က လူ .. စနစ်ကို အကောင်အထည်ဖော်မယ့် (လူ)
nature
May 26, 2011 at 11:14 am
ဘာပဲဖြစ်ဖြစ် လုပ်ငန်းတခုအဆင်ပြေပြေနဲ့ ပုံမှန်လည်ပတ်နိုင်ဘို့အတွက် ဘတ်ဂျက်ဟာလည်း အရေးကြီးပါတယ်။ ပြည်သူတွေကလည်း တာဝန်သိသိနဲ့ အမှိုက်ခွန်ပေးဆောင်ဘို့လိုပါလိမ့်မယ်၊ တချို့နွမ်းပါးတဲ့ရပ်ကွက်တွေကိုအခွန်ကောက်ဖို့ ခက်ခဲပါလိမ့်မယ်၊ ရလာတဲ့အမှိုက်ခွန်ကို မလေလွင့်စေပဲ နဲ့ အမှိုက်သိမ်းတဲ့ ဝန်ထမ်းတွေ စားဝတ်နေရေးလောက်ငှတဲ့ လစာပေးဘို့လိုပါလိမ့်မယ်။ ရလာတဲ့အခွန်နဲ့ ဝန်ထမ်းတွေစားဝတ်နေရေး ပုံမှန် အဆင်ပြေပြေ လည်ပတ်နိုင်ဘို့လိုပါမယ်။ နေရာတိုင်းမှာသူ့တာဝန်ကြီးပဲလွဲမချပဲ ကိုယ်နိုင်သလောက် တာဝန်သိသိနဲ့ ပူးပေါင်းလုပ်ကိုင်ကြပြီး အဂတိကင်းစွာနဲ့ တာဝန်ခွဲယူနိုင်ရင်ပိုကောင်းပါမယ်။ အမှိုက်ပြစ်တဲ့သူတွေကိုဖမ်း ပြီး အမှိုက်ကြုံးခိုင်းပါ။
အမှိုက်ကိစ္စထက် အရေးကြီးတာကတော့ ပြည်သူတွေရဲ့စားဝတ်နေရေး အတွက် ဝင်ငွေတိုးဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးဘို့ကပိုအဓိကကျတယ်ထင်ပါတယ်။
တလောက ပြည်သူတွေသက်သက်သာသာ ဝယ်စားနိုင်အောင် အခွန်လွတ်ဈေးတွေ ဖွင့်ပေးခဲ့တာတွေ့ခဲ့ရဘူးပါတယ်၊ သွားရောင်းတဲ့သူအချို့ ဟာပေါ်လစီအတွက် အရှုံးခံရောင်းကြရပါတယ်။ ဝင်ငွေ ၁ကျပ်ရှိတဲ့သူတွေကို ၁ဝ ဝင်အောင် အလုပ်အကိုင်တွေဖန်တီးပေးဖို့ သင့်ပါတယ်၊ တပြားမှဝင်ငွေမရှိတဲ့သူတွေဟာ ၁ဝ တန်ကို ၁ ကျပ်နဲ့ ရောင်းလဲဝယ်မစားနိုင်ပါဘူး၊ အဲဒီအခါမှာ ချမ်းသာတဲ့သူတွေကတော့ ၁ကျပ်တန် ၁ဝခုကိုပေါပေါများများဝယ်စားနိုင်ပါတယ်။
သုံးစွဲလို့အဆင်ပြေနေတဲ့ ကျွတ်ကျွတ်အိတ်ကိစ္စ ကလဲ သုံးတဲ့သူတွေကိုဖမ်းမယ်ဆိုတော့ တော်တော်ဒုက္ခရောက်ပါတယ်၊ ခေတ်မှီတဲ့နိုင်ငံခြားတိုင်းပြည်တွေလုပ်တိုင်းလိုက်မလုပ်ပဲ ဘာပဲလုပ်လုပ် ကိုယ့်တိုင်းပြည်ရဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ကိုဦးစားပေး အဓိကထားစဉ်းစားသင့်ပါတယ်၊ ဖက်ရွက်နဲ့ပြန်ထုတ်တဲ့ခေတ်ရောက်တာလဲကောင်းပါတယ်၊ ဒီလိုဖြစ်ဖို့ အိတ်ကျွတ်လုပ်ငန်းတွေကို အချိန်အတိုင်းအတာတခုပေးပြီးအခွန်တိုးကောက်လိုက်ရင်ကောင်းမလား၊ ဖက်ရွက်နဲ့ အိတ်ကျွတ်ဈေးအများကြီးကွာရင် ဖက်ရွက်တွေပြန်သုံးလာမယ်ထင်ပါတယ်။ ထုတ်တဲ့သူတွေကမကိုက်လို့မထုတ်ရင် သုံးစရာမလိုပါ။ ကြားကာလတခုမှာတော့ထုတ်ပိုးမှုကိစ္စ အခက်အခဲရှိနိုင်ပါတယ်။
အဓိကဘာပဲလုပ်လုပ်ရေသောက်မြစ်ဆိုတဲ့ အကြောင်းအရင်းမှန်ကို ရှာပြီးမှန်မှန်ကန်ကန် ဖြေရှင်းနိုင်မှအမြစ်ပြတ်မှာပါ၊တိုးတက်လာမှာပါ၊ ရေသောက်မြစ်ကိုရှာပြီးမှန်မှန်ကန်ကန် မရှင်းနိုင်ရင် side effect တွေတခုပြီးတခုထပ်ပေါ်လာမယ်ထင်ပါတယ်။
nature
May 29, 2011 at 10:23 am
မြို့ထဲလိုလူနေထူထပ်တဲ့နေရာတွေမှာ တိုက်၁လုံးကို အဖုံးပါတဲ့ အမှိုက်ပုံး ၁ပုံးနှုန်း (လှေကားရင်းမှာ) ထားပြီး တနေ့ကို၁ကြိမ် လိုက်သိမ်းရင်လည်း မဆိုးဘူးထင်တာပဲ။ ဒါတွေကိုတကယ်လက်တွေ့လုပ်ကြည့်ပြီး တွေ့ရှိလာတဲ့အခက်အခဲ တွေကို အောက်ခြေဝန်ထမ်းတွေရဲ့ အကြံကိုရယူပြီးတဆင့်ချင်းရှင်သွားသင့်တယ်ထင်ပါတယ်။
ဆူး
May 29, 2011 at 10:27 am
ကျောက်မြောင်းဘက် တိုက်တခုမှာ အမှိုက်ပုံးတွေ တိုက်အောက်မှာ ထားတာ တွေ့မိတယ်။
အဆင်ပြေပုံရတယ်။
padonmar
May 29, 2011 at 5:11 pm
အခုဘုရင့်နောင်မှာ ပွဲရုံတစ်ခုရှေ့မှာ အမှိုက်ပုံးတစ်လုံးဝယ်ပြီးထားပေးရတယ်၊အဲဒီအမှိုက်ပုံး လူမခိုးသွားဖို့လည်းလိုသေးတယ်။ပလပ်စတစ်ပုံးဆို ညဖက်ကျ အခိုးခံရတတ်တယ်။
သိသလောက်တော့ US မှာ အိမ်တိုင်းမှာ အဖုံးပါဘီးတပ်အမှိုက်ပုံးအကြီးကြီးတွေ (Bio degradable တွေက သီးသန့်ထည့်ရတယ်)ထားပေးတယ်။တစ်ပတ်တစ်ခါ အမှိုက်ကားလာမယ့်နေ့မှာ အိမ်ရှေ့ထုတ်ပေးတားရတယ်။ ညနေ ကျောင်းတို့ အလုပ်တို့ကပြန်လာရင် အမှိုက်ပုံးလွတ်ကို အိမ်ထဲသွင်းရုံပဲ။
ကြော်ငြာစာရွက်လိုစက္ကူတွေ သီးသန့်Recycle ပုံးဆိုရင် ကိုယ့်အိမ်ရဲ့ account ထဲ ပိုက်ပိုက်တောင်ပြန်ထဲ့ပေးတယ်တဲ့။
ဟုတ်မဟုတ် သဂျီးမေးကြည့်။
အမှိုက်နေရာတကာမပစ်ဖို့ အလွယ်တကူပစ်လို့ရမယ့် အမှိုက်ပုံး အရင်ထားပေးရမယ်။
လမ်းဘေး အညစ်ကြေးမစွန့်အောင် သန့်ရှင်းတဲ့ အခမဲ့/ချိုသာသော နှုန်းနဲ့ အများပြည်သူသုံးအိမ်သာတွေ ပေါပေါများများ နေရာတိုင်းမှာရှိရမယ်။
စံနစ်ကောင်းရင် လူကို ထိန်းကျောင်းဘို့ သိပ်မခက်ပါ။
တိုင်းပြည်ဘဏ္ဍာတွေကို ဒီလိုနေရာတွေမှာ သုံးပေးသင့်ပါတယ်။
kai
May 29, 2011 at 8:31 pm
ယူအက်စ်မှာ .. တမြို့နဲ့တမြို ့… အမှိုက်သိမ်းစံနစ်မတူပါဘူး..။
တိုးတက်ဆုံးမြို ့တွေ.. နယူးယောက်၊ဝါရှင်တန်၊ ဆန်ဖရန်၊လော့စ်အိန်ဂျလိစ်လည်း မတူပါဘူး.။
မြို ့နယ်ချင်းစီတောင် ကွဲသွားပါတယ်..။
အယ်အေ မြန်မာအနေများတဲ့ရပ်ကွက်တခုကို ဥပမာပေးကြည့်ပါမယ်.။. အိမ်ထောင်စုထွက် အမှိုက်တွေပဲထားပါတော့..။
တလ ၄၀-၆ဝ စသဖြင့် အမှိုက်ပစ်ခပေးရပါတယ်.။ တပါတ်တခါလာသိမ်းတာပါ..။
အမှိုက်တွေ(ရီဆိုက်ကယ်..။ မီးမလောင်၊ လောင်)အကုန်ရောထည့်လို့ရပါတယ်..။ အမှိုက်စက်ရုံမှာ အမှိုက်ရွေးသူတွေရှိတာမို ့ပါ..။
အမှိုက်ပုံးတွေက ..ဘီးတပ်ပလပ်စတစ်ပုံးအကြီးစားတွေဆိုပါတော့..။ လစ်ရင်လစ်သလို..တခြားအိမ်က အမှိုက်တွေလာထည့်ထားတာလည်းရှိတတ်ပါတယ်..။ အမှိုက်ပုံးလည်းခိုးတတ်တာပါပဲ..။
ရီဆိုင်ကယ်(ဥပမာ..ပုလင်းခွံ၊ ပလပ်စတစ်ဗူး။ အလူမီနီယံအခွံ)တွေဆိုရင်.. သွားသွင်းရတဲ့နေရာတွေသီးသန့်ရှိပါတယ်..။
အိမ်ကကျောင်းသားနဲ့ကလေးတွေက.. သူတို့မုန့်ဖိုးအတွက်.. သိမ်းထားတတ်ကြအောင်.. ကျောင်းကလေ့ကျင့်ပေးထားတတ်ပါတယ်.။
ဆိုတော့..
အိမ်ကရီဆိုင်ကယ်..သူတို့လက်ထဲအပ်ရတာပေ့ါ..။ 🙂
ယူအက်စ်က..အမှိုက်သမား. သူတို့အကြောင်းသေချာသိချင်ရင်.. အောက်ကလင့်ကသာကြည့်ပေတော့..။
ဒီခေတ်မြို ့ပြရဲ့.. အမှိုက်နဲ့..ရီဆိုင်ကယ်စံနစ်အင်မတန်ရှုပ်ထွေးပါတယ်..။
http://www.wm.com/residential.jsp
ဂျပန်တိုကျိုကတော့…အမှိုက်ပစ်ရက် သီးသန့်စီထားတယ်..။
မီးလောင်နိုင်တဲ့အမှိုက်..မလောင်နိုင်တဲ့အမှိုက်..။ ရီဆိုင်ကယ်ပစ္စည်း..စသဖြင့်ခွဲပစ်ရတာပါ..။ အိမ်မှာ.. အမှိုက်ပစ်ရက်အလိုက်ပစ်ဖို့..စာတောင်ကပ်ထားရတတ်တယ်လေ..။
တီဗီလို..ရေခဲသေတ္တာလို.. အိမ်သုံးပစ္စည်းကြီးတွေဆိုရင်.. ပစ်ခသီးသန့်ထပ်ပေးရတာပေါ့.။ ဂျပန်က..ရီဆိုင်ကယ်နဲ့ အမှိုက်ပစ်တာမှာ ကမ္ဘာ့အကောင်းဆုံးနိုင်ငံတခုပဲ..။
သူတို့ဆီက..အများကြီးအတုယူစရာတွေရှိမယ်..။
ဆိုတော့..
မြန်မာပြည်မှာ..အမှိုက်နဲ့ရီဆိုက်ကယ်စံနစ်ကို.. ပုဂ္ဂလိကလက်ထဲအပ်.လုပ်ခိုင်းလိုက်ဖို့ကောင်းတယ်..။ မြို့မြူနီစပယ်က… စည်းကမ်းထုတ်..အရေးယူယုံပဲ..။
နောက်ဖေးလမ်းကြားမှာ..အမှိုက်တွေ့ရင်.. အဲဒါနဲ့ အနီးဆုံးအိမ်ကို ဒဏ်ကြေးဆောင်ခိုင်းပေါ့..။
ဘေးအိမ်.ကိုယ့်အိမ်..အလိုလိုထိန်းကြောင်းသွားလိမ့်မယ်..။
ရှူံးနိမ့်မှုများနဲ့.. လူ
May 29, 2011 at 9:38 pm
သူကြီးရေ… ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်မရောက်တာပဲ ကြာလို့လား၊ တစ်ကယ်ပဲ မသိလို့လားဆိုတာ မေးချင်ပါတယ်။ အံဆွဲလေးတွေထဲမှာ နေတဲ့သူတွေတော့ မသိဘူးပေါ့လေ။ ကျွန်တော်ကတော့ မြို့ပြင်ဇနပုဒ်မှာ နေခဲ့တဲ့ တောသားပေမို့ (သူများမေးရင် ရန်ကုန်မှာနေတယ်လို့ပြောလို့ရတဲ့ အစွန်အဖျားမြို့နယ်လေးတစ်ခုပေါ့) Recycle ကိစ္စကို စိုးရိမ်ပူပန်စရာမလိုဘူးလို့ထင်ပါတယ်။ မြို့ထဲသွားလို့ မဖြစ်မနေ ၂၀ဝ တန်ရေသန့်ဗူးဝယ်သောက်ဖြစ်ရင် ဗူးခွံလေးကို အိမ်အထိ မပါ၊ ပါအောင် ယူရတယ်။ သတင်းစာတွေကိုဆိုရင် ဖတ်ပြီးတာနဲ့ ဖောက်စက်နဲ့ဖောက်၊ ကြိုးနဲ့ချီပြီး စုစုစည်းစည်း သိမ်းဆည်းထားတယ်၊ ဂျာနယ်တွေဆိုလဲ အဲလိုပဲ။ (လိုအပ်ရင် အချက်အလက်ပြန်ရှာရအောင်လို့ မထင်စေလိုပါ)။ ပစ္စည်းတစ်ခုခုဝယ်လို့ ကတ္ထူဘူးခွံလေးပါလာရင် မလွှင့်ပြစ်ရက်ပဲ အပြားလေးဖြစ်အောင်လုပ်၊ ကြပ်ခိုးပေါ်က ဆာလာအိတ်လေးထဲ ရိုရိုသေသေထည့်လို့ပေါ့။ ပြီးတော့ ပဲငံပြာရည် အနောက် ပုလင်းလေးတွေ ဝယ်သုံးပြီးရင်လဲ ရေနဲ့သေချာဆေးကြော၊ ကျကျနန ထုပ်ပိုး။ တစ်ခါတစ်လေ ဝယ်ပြီးသောက်တတ်တဲ့ Grand လေးကိုလဲ သောက်နေတုန်းအချိန်မှာ သူလွတ်မကျသွားအောင် ဂရုတစိုက်၊ နုနုရွရွလေးကိုင်ပြီး ပြီးတာနဲ့ ကိုယ့်ဖာသာသတ်မှတ်ထားတဲ့ အိတ်ကလေးထဲကိုထည့်လို့ ဘယ်နေ့မှာများ ဒန်ဝယ်ဒယ်.. ကျီးဝယ်ဒယ်.. ဗလာစာအုပ်တွေ ဝယ်ဒဒဒဒဒဒဒဒဒဒဒဒဒဒယ်..ဟယ်…. ဟယ်ဆိုတဲ့ တွန်းလှည်းသမားလေးကို စောင့်မျှော်နေကြရတဲ့ မြန်မာလူမျိုးတွေရှိတယ်ဆိုရင် ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆုကိုများ ပေးချင်နေမလားမသိနော်။
ဆိုတော့ကာ…
ကျွန်တော်တို့ မြန်မာပြည်မှာ သူများတိုင်းပြည်တွေလို အမှိုက်ပုံးခွဲခြားသတ်မှတ်ပေးထားစရာမလိုဘဲ အမှိုက်ပုံးတစ်ပုံးထဲကို နေရာတိုင်းမှာ လောက်လောက်ငှငှထားပြီး အချိန်မှန်မှန်လာသိမ်းပေးမယ်၊ အမှိုက်ပုံးတွေကို Welding ကျကျနန (6G လောက်ဖြစ်ဖြစ်) ဆော်ထားပေးမယ်ဆိုရင် အမှိုက်လဲကင်း၊ Recycle မှာလဲ ကမ္ဘာမှာ မြန်မာဟေ့ရယ်လို့ ကျော်ကြားစေလိုက်မယ့်ဖြစ်ခြင်း တွေးမိပါဘိ။
ပုဂ္ဂလိကတော့ မအပ်လိုက်ပါနဲ့.. ခမျာ မွဲသွားရှာပါ့မယ်
😀
pisikway
May 30, 2011 at 5:12 am
စနစ်ရော ၊ စိတ်ဓါတ်ရောကောင်းဖို့လိုပါတယ် ။ အခုကျမနေတဲ့အိမ်ယာမှာ အမှိုက်ကား နေ့တိုင်းလာ ပါတယ်။ ဒါပေမယ့်နောက်ဖေးလမ်းကြားမှာလည်း မြင်ချင်စရာမရှိအောင်ညစ်ပတ်နေဆဲပဲ။ ရီလည်းရီချင်တယ်။ တစ်ည ဘယ်သူတွေပစ်ကြတာလည်းသိချင်လို့မီးမှောင်ချပြီး စောင့်ကြည့်တာ နှစ်ဦး သုံးဦး ထွက်လာပြီး ပစ်ကြတာပဲ။ ပစ်တာတောင်ရိုးရိုးပစ်တာမဟုတ်ဘူး သူများအခန်းတွေ ဘက်ကို လွှဲပစ်တာ။ ဟိုဘက်ဒီဘက်လွှဲပစ်နေကြတော့ လမ်းကြားတစ်ခုလုံးကုန်ရောပဲ။ နောက်ပြီးမြေညီထပ်နေ တဲ့သူတွကလည်း အများပိုင် (စည်ပင်)မြေမှာ ရှေ့ ဘေး နောက် အဖီတွေထုတ်ပြီး ကိုယ်တိုင်သုံးတာရော ငှားစားတာတွေရော လုပ်စားနေကြတာ ရပ်ကွက်လူကြီးတွေကလည်း ဘာမှမပြောကြဘူး။ သူများလုပ်ကိုင်စားသောက်တာ အပြစ် မပြောချင်ပေမယ့် လူတွေကလွန်လာကြတော့ လမ်းတွေကကျဉ်း ညစ်ပတ်ပြီး နေချင်စရာတောင်မရှိတော့ဘူး။
kai
June 13, 2011 at 9:48 pm
မြန်မာပြည်ကသတင်းစာထဲ.. အမှိုက်နဲ့ ပါတ်သက်တဲ့.. သတင်းတက်လာလို့..
http://myanmargazette.net/wp-content/uploads/2011/05/income.jpg
ဆိုတော့..
ပြုပြင်မှုတွေတော့.. လုပ်နေပုံပေါ်ပါတယ်..။ (ဒါမှမဟုတ်)..လုပ်လိုစိတ်ရှိတယ်…။
နိုင်ငံတကာရောက်နေသူတွေ.. ကိုယ်နေရာမြို့..ဒေသ..ဘယ်လိုတွေလုပ်နေသလဲ.. မြင်သလောက်ရေးပေးကြရင်တောင်..
အမိမြေအတွက်.. လက်တွေ့ဆန်တဲ့..အကျိုးကျေးဇူးရှိမယ် ထင်မိတာပါပဲ..။ 🙂
bigcat
June 14, 2011 at 1:43 am
ဟုတ်တယ် သဂျီးရေ..လူ့အခွင့်အရေးတွေလည်း လေးစားလိုက်နာတော့မယ်၊ မြို့တွေသန့်ရှင်းသပ်ရပ်တော့မယ်၊ တိုင်းပြည်ကြီးလည်း အေးချမ်းသာယာတော့မယ်၊ အဓမ္မလုပ်အားပေးလည်း ပပျောက်တော့မယ်၊ ပေါ်တာဆွဲတာလည်း ရပ်တော့မယ်၊ နိုင်ငံရေးလွတ်လပ်ခွင့် လည်းပေးတော့မယ်။ ဆင်ဆာဆိုတာကြီးလည်း ရပ်တော့မယ်၊ လာဘ်ပေးလာဘ်ယူလည်း ပပျောက်တော့တယ်၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်တော့မယ်၊ ဒီမိုကရေစီလည်း ရတော့မယ်၊ ဆိုတော့ ပြုပြင်မှုတွေ လုပ်နေပုံပေါ်တယ်
…………….ဒါမှမဟုတ်…………………..လုပ်လိုစိတ်ရှိတယ်…….. အခုမှမဟုတ်ဘူးဗျို့ လွန်ခဲ့တဲ့ ၂၃နှစ် (၁၉၈၈ခုနှစ်) ခထဲက၊ တိတိကျကျပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ (၁၉၆၂ခုနှစ်) ခထဲက ပြောနေတာ။ ကြောင်အဘိုးလည်းသေပြီ၊ ကြောင်အဖေလည်းဆုံးပြီ၊ ကြောင်ကြီးလည်းဂန့်တော့မယ်။ ကြောင်မျိုးဆက်သစ်လေးများ မလျော့သော ဇွဲလုံ့လဝီရိယဖြင့် ဇနကမင်းသား ထုံးနှလုံးမူ၍ စောင့်မျှော်ကြပါဗျို့…. 🙁
မှတ်ချက်။ သဂျီးရှောသွားလည်း သဂျီးအသစ် ဂျူနီယာခိုင်က အကျိုးကျေးဇူးရှိတော့မည်ဖြစ်ကြောင်း စဉ်လာမပျက် လက်ဆင့်ကမ်း ပို့ချသွားပါမည်… 😥
မိုက်ကယ်ဂျော်နီအောင်ပု
June 14, 2011 at 2:38 am
ဟုတ်ကဲ့ပါခင်ဗျ
ဒါကတော့
အကြောင်းအရာတစ်ခုဖြစ်လာတိုင်း ရှိလာတိုင်း
ဥပမာ
ဖိုးလမင်းဂဗျာ ရဲ့
သူနေတဲ့ ဘိလပ်မြေနည်းနည်းနဲ့ဆောက်ထားတဲ့
ကန်ထရိုက်တိုက်ရဲ့ အောက်က အမှိုက်ပုံအကြောင်းကို
အခြေနေသုံးသပ်တင်ပြလိုက်တဲ့အခါမှာ
ထုံးစံတိုင်း
ဂေဇက်ထဲမှာရှိတဲ့
ပညာရှိပုဂ္ဂိုလ်များမှ
ဟိုဒါဖြစ်သင့်ပါတယ်
ဒီဒါဖြစ်သင့်ပါတယ်ဆိုတာကို
ဝင်ဖောလ်ကြပြီးနောက်
နောင် ဆယ်နှစ်တိုင်အောင်လည်း
ထိုအကြောင်းအရာဟာ တည်ရှိနေဦးမှာဖြစ်တဲ့အတွက်
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှ
ထိုအမှိုက်ပုံကြီးကို ရှင်းလင်းသွားစေရန်မစွမ်းသာသော်လည်း
ထိုအမှိုက်ပုံကြီးကို မှီတင်းနေထိုင်ကြကုန်သော
ကြောင်နီးနီးကြီးသည့်
ကြွက်များကိုမူ
ထောင်ချောက်ဖြင့်ထောင်ဖမ်းပြီး
လယ်ကြွက်ကင်ဟူ၍ ပြုလုပ်ရောင်းချရန် အဆိုတင်သွင်းပါသည်ခင်ဗျား