ထမင်းလုံး တစ္ဆေ

etoneMay 27, 20111min34712

ညကဆိတ်ငြိမ်လှသော်လည်း ပူလွန်းသည် …. သန်းခေါင်ယံကျော်ချိန်ပင်
အိပ်၍မရသေးပေ… ။ အိပ်ယာထဲ စောစီးစွာ ဝင်လှဲနေသော်လည်း အချိန်အတော်ကြာ
အိပ်မရနိုင်အောင် ရှိသည် …. ။ မီးကလည်း ပျက်နေသဖြင့် အိပ်ယာ ဘေးမှ
ပြတင်းပေါက်ကို ထဖွင့်ကာ ပြန်လှဲနေလိုက်သည် … ။ ကျမအိပ်ခန်းအပြင်တွင်
သရက်ပင်တစ်ပင်ရှိရာ ပြတင်းပေါက်ဖွင့်ထားစဉ်တွင် သရက်ကိုင်းခြောက်များကာ
ပြတင်းပေါက်တံခါးလက်များသို့ တရှဲရှဲ လေယူတိုင်း ယိမ်းကာ
ရိုက်ခတ်နေကြသည်…. ။ တစ်ခါတစ်ရံ အော်မြည်သော ဇီးကွက်သံလေးများလည်း
ကြားရသည်… ။
လပြည့်ညမဟုတ်သော်လည်း လဧ။် အလင်းရောင်များ ကျမအိပ်ခန်းထဲ ဖြန့်ကျက်နေသည်
…. ။ ကုတင်ခေါင်းရင်တွင် တင်ထားသော နှိုးစက်နာရီလေး တချက်ချက်
လည်ပတ်နေသံနှင့် ကျမဧ။် အသက်ရှူသံမှ လွဲ၍အရာအားလုံး အိပ်မောကျနေကြသည်… ။
တစ်ချက်တစ်ချက် ထအူလိုက်သော ခွေးအူသံကြားတွင် ကျမအိပ်ပျော်သွားရန်
ဆုတောင်းခဲ့မိသည် …. ။
ဂုဏ်တော်များရွတ်ဖတ်ကာ အိပ်ပျော်သွားစေရန် မျက်လုံးမှိတ်ထားသော်လည်း
ကျမအိပ်လို့ မရသေးပေ…။ တစ်မှ တစ်ရာအထိ အမှတ်စဉ်အတိုင်းရွတ်လျှင်
အိပ်ပျော်သည်ဟု သူငယ်ချင်းများပြောပြထားသည်ကို မှတ်မိသဖြင့် ရွတ်သော်လည်း
…တစ်ရာပင်ကျော်သွားသည်….အိပ်မေ

ပျာ်သေး…. ။ မနက်ကျလျှင် အရေးကြီးသော
မီတင်တစ်ခုရှိသဖြင့် ပြင်ဆင်စရာများ စုံစိအောင် ပြင်ဆင်ပြီးပြီလား
စဉ်းစားသည်… ဒါလည်း အိပ်မပျော်သေး… အိပ်ဆေးအကူညီယူလျှင်လည်း
မနက်အိပ်ယာထချိန် ခေါင်းနောက်မည်စိုးသဖြင့် …ကြိုးစားပြီး အိပ်မည်ဟုသာ
စိတ်ပိုင်းဖြတ်ထားသည်…။ သို့သော်…. အိပ်မပျော်နိုင်… ။
သံချောင်းခေါက်သံ နှစ်ချက်တီး ပြီ ….. ။ အရာအားလုံး တုတ်တုတ်မျှ
မလှုပ်….. အခန်းထဲသို့ မှုန်ပျပျ လရောင်လေးကျနေ၍သာ
အခန်းတွင်းပစ္စည်းများကို မြင်နိုင်သည်…. ။ လူကသာ လှဲလျောင်းနေသော်လည်း
မျက်စိကမူ…. ဖွင့်ထားသော ပြတင်းပေါက်ဆီသို့သာ …  ။ ကျမ ဆိတ်ငြိမ်မှူကို
ကြောက်သလိုလိုဖြစ်လာသောအခါ …. ပြတင်းပေါက်ထပိတ်ရန် စိတ်ကူးမိသည်…
သို့သော် …. ကြောက်စိတ်က ပိုနေသဖြင့် …ပူပူအိုက်အိုက် အနေထားမျိုးမှာပင်
စောင်ခေါင်းမြီးခြုံကာ ပြတင်းပေါက်သို့ အကြည့်မရောက်မိရန်
အာရုံလွှဲလိုက်ရတော့သည်…. ။
♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠ ♠
♠ ♠ ♠ ♠ ♠ ♠ ♠
စောင်ခေါင်းမြီးခြုံထားသော်လည်း …. ပဲ့တင်သံတစ်ခု ကျမနားထဲ ကြားနေမိသလို
ထင်မိသည်…. ။ စောစာကလေးတင် အရာအားလုံးဆိတ်ငြိမ်နေပါလျှက် ….
ကျမနားကြားမှားလေရော့သလား အထင်ဖြင့် အားစိုက်ကာ နားထောင်မိသည်….
သေချာပါသည်… တယောက်ယောကအော်နေတာပါ… ကယ်ကြပါဦး … ကယ်ကြပါဦးတဲ့ … ။ ကျမ
အာရုံထွေပြားတာဖြစ်နိုင်သည်… ထို့ကြောင့် ကြောက်စိတ်ကို ဖယ်ကာ
ခေါင်းမြီးခြုံထားသော ဆောင်ကို လှပ်ပြီး …. ထပ်နားထောင်ကြည့်သည်…. ။
ကယ်ကြပါဦး… ကယ်ကြပါဦးဆိုသော အသံက ပျောက်မသွားပေ… ။ ယောကျာ်းတစ်ဦး
အသံကုန်အော်နေသံဖြစ်သည်… ။
ကျမကြားနေရခြင်းမှာ ထင်ယောင်ထင်မှားဖြစ်ခြင်းမဟုတ်ပဲ… တစ်ယောက်ယောက်ဧ။်
အော်သံသာ ဖြစ်နေတော့သည်… ။ ဒီနေ့မှ ထူးခြားစွာ ပျက်နေသည့် မီးနှင့်
အားမရှိတော့သည့် အင်ဗာတာကို အပြစ်တင်ချင်မိသည်… ။ အော်သံကလည်း နားထဲ
ပဲ့တင်ထပ်နေသည်… ကိုယ်နှင့် မဆိုင်သဖြင့် ပြန်အိပ်ရန် ကြိုးစားသည်…
သို့သော် လူသားချင်း စာနာ ထောက်ထားသော စိတ်က ကြောက်စိတ်ကို
အနိုင်ယူလိုက်သဖြင့် အော်သံလာရာသို့ ကျမထကြည့်ရန် စောင်ကို ဖယ်လိုက်သည်…
။ ထို့နောက် ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ် တစ်ခုခု ရလိုရငြား ထားတတ်သော
နေရာများသို့ သွားကာ လက်ဖြင့် စမ်း၍ရှာလိုက်သည်… ။ လက်တစ်ဆစ် သာသာလောက်
ဖယောင်းတိုင်လေး တွေ့ရာ  ဝမ်းသာသွားမိသည်… ။ ဘာမှ မမြင်ရသော အချိန်တွင်
အလွန်တန်ဖိုးရှိသော ဖယောင်းတိုင် တိုတိုလေးတွေ့သော်လည်း…
မီးခြစ်ရှာမတွေ့သေးပေ… ။  မီးခြစ်သည် မီးဖိုချောင် တွင်
ရှိမည်လောဟု…စမ်းကာ ရှာပြန်တော့ … မတွေ့ပြန်ပေ… ထိုအခါမှ မီးမွှေးကာ
ထမင်းဟင်း မချက်မှန်း သတိပြန်ရလာသည်… ။ နောက်တစ်နေရာ စဉ်းစားရာ
ဘုရားစင်တွင်ရှိမည်ဟု ထင်မိသဖြင့် … တရွှေ့ရွှေ့ အမှောင်ထဲ
မီးခြစ်ရှာပုံတော် ဖွင့် သည်… ။ မမှီတမှီ ဘုရားစင်ပေါ်သို့
လက်ဖြင့်စမ်းရှာသည်…. မတွေ့ပြန်ပေ… ထိုနောက် .. ခြေဖျား ထောက်ကာ ဘုရားစင်
အနှံ အမှောင်ထဲ လိုက်စမ်းပါတော့သည ်… ။ ဘုရားစင် ထောင့် တစ်နေရာတွင်
ရှာနေသော မီးခြစ်တွေ့ရကာ အလွန်ဝမ်းသာ သွားတော့သည်… ။
မှောင်မဲနေသော အခန်းထဲတွင် ဖယောင်းတိုင်မီးလေး ထွန်းသော အခါမှ
မှုန်ပြပြသာ မြင်ရလေတော့သည်… ။ ထိုအခါ ..အသံလာရာသို့ တဆဆ
ထွက်ခွာခဲ့တော့သည်… ။ အသံလာသော နေရာမှာ အ ိမ်ဘေးမှ
ရေတွင်းပျက်ကြီးမှဖြစ်သည်… ။ ရေတွင်းမှာ တိမ်လာကာ ရေမထွက်တော့သောကြောင့်
မည်သူမှ မသုံးတော့ပေ… ။ ရေတွင်းပျက်ဖြစ်သဖြင့် ရေများ ခမ်းခြောက်နေပြီး …
အောက်ခြေ သာသာလောက်သာ ရေလက်ကျန်ရှိသည်… ထိုရေမှာတော့
မိုးရေများကျန်သောကြောင့်သာဖြစ်ပြီး ဘာမှ အသုံးမဝင်တော့သော
ရေတွင်းနားသို့ မည်သို့မှ အကြောင်းမရှိပဲ မသွားကြပါ…
အဝတ်လှန်းဖို့လောက်သာ သွားကြသည်… ။
ယခုအော်သံမှာ ရေတွင်းထဲမှ အသံဖြစ်သဖြင့် ရေတွင်းဟောင်းထဲသို့
ကျမခေါင်းငုံ့ကြည့်မိသည်…။ ရေတွင်းထဲတွင် ကလေးတယောက် ငိုနေသည်… ။
ကျမလွန်စွာ စိတ်မကောင်းဖြစ်မိသည် … ကလေးမှာ လေးငါးနှစ်သာသာလေးဖြစ်သည်… ။
ကျမကြံရာမရဖြစ်သွားသည်… ။ ကလေးကို ကျမ ကယ်တင်ရန် ကြိုစားစဉ်တွင်ပင်
ကျမအိပ်ယာထဲမှ ကြားရသော အသံပိုင်ရှင်သည် ယောကျာ်းအရင့်မာအသံဖြစ်သည်ကိုပင်
မေ့လျော့သွားမိသည် … ။ ဖယောင်းတိုင်မီးအား
ရေတွင်းဘောင်ပေါ်တင်ထွန်းပြီးလျှင် … အိမ်နောက်မှ
သရက်သီးခူးရန်အပင်ပေါ်တက်သောအခါ သုံးသော လှေခါးအားသွားမသည်… ။ ထို့နောက်
ရေတွင်းထဲသို့ ချပေးကာ ကလေးကို တက်လာစေသည်… ။ အရွယ်နှင့် မလိုက်အောင်ပင်
ကလေးမှာ လျှင် မြန်ဖျတ်လတ်စွာ လှေခါးမှ တွယ်ပြီး ရေတွင်းထဲမှ
တက်လာခဲ့သည်… ကျမမျက်စိထဲ မျောက်တကောင်နှင့်ပင် တူနေသည်… ။ သူဧ။်
လှုပ်ရှားပုံ လျှင်မြန်လွန်းလှသည်.. ။ထို့နောက် ကျမကို
ကျေးဇူးတင်သည်ဟုဆိုကာ ပြေး၍ဖက်လိုက်သည်…. ။ ကျမလည်း ရုတ်တရက်မို့ ကြောင်
အမ်းအမ်းဖြစ်သွားသည်… ။ ကလေးဧ။် လက်များသည် လွန်စွာ အေးစက်လှသည်… ။
ရေတွင်းထဲ ဘယ်အချိန်ကတည်းက ကျနေမှန်းမသိသဖြင့် အေးစက်နေသည်ဟု ထင်မိကာ
အိမ်ထဲခေါ်ပြီး နွေးထွေးအောင် ထားမည်စိတ်ကူးဖြင့် ကလေးကိုချီပြီး
အိမ်ထဲဝင်ခဲ့ပါသည်… ။ အိမ်ပေါက်ဝရောက်သည်နှင့် ကလေးမှာ ကျမကိုယ်ပေါ်မှ
ကုတ်ဖဲ့ပြီး လျှောဆင်းမည်လုပ်ပြန်သည် …. ။ ကလေးတယောက်ဟုဆိုသော်လည်း
ကျမပင် နောက်ယိုင်သွားသည်အထိ အားကြီးသော ကလေးဖြစ်သည်… ။ အိမ်ထဲ ဝင်ရန်
ငြင်းဆိုကာ ငိုယိုသဖြင့် ကျမလည်း ဆက်မချီထားနိုင်တော့ပဲ မြေပေါ်သို့
ချထားပေးသောအခါ …ပူတယ်ပူတယ်ဟု မြေးမှာ လူးပြီး အော်တော့သည်… ကျမလည်း
ညဘက်အိပ်ချိန် မီးကလည်း မလာသဖြင့် အလွန် စိတ်ညစ်လျှက်ရှိရာ … ကူညီချင်၍
ကြောက်စိတ်ဖယ်ပြီး ရေတွင်းထဲက ဆယ်လာသော ကလေးက ချီထားရာမှ
အောက်လျှောဆင်းသည် ထိုမှတဆင့် အိမ်ရှေ့မှာ ခြေချမိသဖြင့် ပူသည်ဟု ငိုကာ
ကျမကိုယ်ပေါ်သို့ ပြန်ကုတ်တက်သည် … ။
အိမ်ထဲဝင်မည် ကြိုးစားတိုင်းကလေးက ငိုယိုနေသဖြင့် ဘေးပတ်ဝန်းကျင်နှင့် အ
ိမ်သားများ နိုးသွားမည် စိုးရိမ်မိသည် … ကျမကိုယ်တိုင်ကလည်း တစ်ညလုံး
မအိပ်ရသေးသဖြင့် ငိုက်ချင်ချင်ဖြစ်လာသည်… ။ တစ်ညလုံး မအိပ်ဖြစ်ပါလျှင်
မနက်ဖြန် မီတင်လုပ်သော အခါ … ခေါင်းကြည်လိမ့်မည် မဟုတ်… ။
စိတ်ပျက်လက်ပျက်ဖြင့်ကလေးကို ခေါ်ကာ သရက်ပင်အောက် သွားထိုင်နေမိပါတော့သည်…
။ ညအမှောင် သည် တိုး၍ မှောင်လာသည်… ထိုအချိန် သတိရသည်က လက်ထဲတွင်
ကိုင်ထားသော ဖယောင်းတိုင် တိုလေး…ဘယ်အချိန်ကတည်းက ဘယ်နားတွင်
ကျသွားခဲ့မှန်းမသိတော့ပြီ… အိမ်ထဲဝင်လျှင်လည်း ဒီကလေးက ငိုယိုနေသဖြင့် …
သရက်ပင်အောက်ရှိ အမှောင်ထဲတွင် ထိုင်နေခြင်းကသာ ကျမအတွက် အမောဖြေရာ
အကောင်းဆုံး အနေထားဖြစ်မည်ဟု ရိပ်စားမိသည်… ။ ကလေးကို
ပေါင်ပေါ်ထိုင်စေပြီး .. သစ်ပင်ကို ကျောမှီကာ ကျမခဏမှေးလိုက်မိသည်… ။
လေပြင်း တချက် ကြမ်းကြမ်းဝှေ့လိုက်သဖြင့် သရက်ရွက်တွေ ၊
ကိုင်းခြောက်လေးတွေ ကျမကိုယ်ပေါ် ကျမှသာ ….. အိပ်ငိုက်သွားမိကြောင်း
သတိပြန်ရသည်… ထိုအခါ … ပေါင်ပေါ်ထိုင်နေသော ကလေးက ဘယ်ရောက်သွားသည် မသိ…. ။
ကျမစိတ်ပူသွားမိသဖြင့် ကဗျာကယာ
အနီးနားပတ်ဝန်းကျင်သို့ကျီးကန်းတောင်းမှောက်ရှာ ကြည့်တော့မှ … ကလေးက
သစ်ပင်ပေါ်ရောက်နေသည်… ။ အသက်ငယ်ငယ်လေးနှင့် သစ်ပင်တက်တက်သည်ကို
ကျမအံ့ဩမိသည်… ။ သစ်ကိုင်း သစ်ရွက်များကို ဖက်တွယ်ထားသော
သူဧ။်လက်ချောင်းလေးများကို အမှတ်မထင်ကြည့်လိုက်မိစဉ် …လျှပ်တပြတ်အတွင်း
ရူးမိုက်စွားဖြင့် ကျမဧ။် ကိုယ်ပေါ်သို့ ခုန်ချလာသည်… ။
ကြောင်တကောင်ကဲ့သို့ လျှင်မြန်ကာ ကျမကို လက်ချောင်းများကို ယူပြီး
ကျလိကျလိဖြင့် သွားပေါက်စလေးများအသုံးပြုကာ ဝါးနေသည်… ။ ကျမလည်း အလွန်
မမျှော်လင့်ထားသော အဖြစ်ပျက်ကြောင့် သွေးပျက် ခြောက်ခြားလာမိသည်… ။
အော်ဟစ် အကူညီတောင်းရန် ကြိုးစားပါသောလည်း ကျမဧ။် အသံမှာ ကြောက်လွန်း၍
လည်ပင်းဝ၌တစ်နေတော့သည်… ။ ကျမလက်ကို ကလေးငယ်လေး ကိုက်စားသည် ဟူသော အသိသည်
ရင်ထဲ ဆူပွက်လာတော့သည်… ကျမဧ။် လက်ချောင်း ထိပ်လေးတွေ တစ်စ တစ်စ
စုတ်ပြဲလာသည်နှင့် အတူ … အားအင်မရှိတော့ပြီဟုခံစားရသည်…ကလေးပိစိဧ။်
အားကိုပင် မတွန်းလှန်နိုင်သော ကျမ ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည်… ။
ကျမအရိုးတွေ ပျော့ခွေလာသည်ဟုပင် ခံစားမိသည်… ခုခံ နိုင်စွမ်းလည်း
မရှိချေ… တကိုယ်လုံးလည်း မောပမ်းနွမ်းနေသလို ခံစားနေရသည်…။
ကျမအင်အားမရှိတော့သော အချိန်တွင် ကလေးငယ်က ကျမကို ဒရွတ်တိုက်ဆွဲကာ
ရေတွင်းပျက်ဘောင်ပေါ်မှ တဆင့် ရေတွင်းပျက်ထဲသို့ အားကုန်တွန်းချလိုက်သည ်…
။ အတွန်းချခံရသည်ဟု အသိဖြင့် ရင်ထဲတလှပ်လှပ်ဖြစ်သွားပြီး မချိမဆန့်
ဝေဒနာတစ်ရပ် ခံစားလိုက်ရကာ လန့်နိုးသွားပါတော့သည်… ။ ကျမ
သဘောပေါက်လိုက်ပါသည်… ထမင်းလုံးတစ္ဆေခြောက်ခြင်းသာ ဖြစ်မည်ဟု
ကောက်ချက်ချလိုက်မိတော့သည်…. ။ ။


☺ ♥ ♫ ♣ ☻ ♠ ♪☺ ♥ ♫ ♣ ☻ ♠ ♪

12 comments

  • eros

    May 27, 2011 at 12:03 pm

    ဇာတ်ညွှန်းရေးစားပါလား။

  • ဆူး

    May 27, 2011 at 12:26 pm

    ကလေး တယောက် လက်ကို လာကိုက်တယ်လို့ အိပ်မက် မက်ဖူးတယ်။ အိပ်မက်ထဲမှာတော့ ပါးစပ်ထဲ အတင်းထည့်ပြီး ကိုက်ဖို့ ကြိုးစားတဲ့ ကလေးပါးစပ်ကို လက်သည်းနဲ့ လျှာခင်ကို ဆိတ်လိုက်တာ.. လန့်ပြေးသွားတယ်။

  • maythakhin

    May 27, 2011 at 5:19 pm

    etone တကယ်အိ်မ်မက်မက်တာလား။ စာတိုတစ်ခုအနေနဲ့ ရေးတာလား။ မေသိချင်ပါတယ်။ စာတိုအနေနဲ့ရေးတာဆိုရင်တော့ အရမ်းအရေးအသားကောင်းပါတယ်။တကယ်အိမ်မက်မက်တာဆိုရင်တော့…………….. မေသိချင်ပါတယ်။

    • etone

      May 28, 2011 at 2:24 am

      တကယ်အိပ်မက်မဟုတ်ပါဘူး … စိတ်ကူးယဉ် ဇာတ်လမ်းလေး ဖန်တီးထားတာပါ … ။ ဘာရေးလျှင် ကောင်းမလဲ တွေးလိုက်တော့ အဲ့ဒီလို ဇာတ်လမ်းလေး ဖန်တီးမယ် စိတ်ကူးလိုက်တာ ….. 😛
      ငယ်ငယ်ကတော့ ထမင်းလုံးတစ္ဆေခြောက်တယ်ဆိုတာမျိုး ဖြစ်ဖူးတယ်လေ… ။ အမြင့်ကနေပြုတ်ကျတဲ့ အိပ်မက်မျိုးပါ … ။

      • maythakhin

        May 28, 2011 at 4:16 am

        etone တော်တော်နောက်တယ်နော်။ မေ ကတကယ်မက်တယ်ထင်တာ။ အိပ်မက်ဆိုရင် မကောင်းဘူးလေ။ ကိုယ့်လက်ကို မကောင်းတာက ကိုက်တယ်ဆိုတော့။ စိတ်ပူသွားလို့ပါ။

  • တညင်သား

    May 27, 2011 at 7:04 pm

    ကျွန်တော်လဲ ဖြစ်ဘူးတယ် ကုတင်ပေါ်က နေပြုတ်ကျ တာ အောက်ကိုမရောက်နိင်တော့ဘူး…အော်လို့လဲမရ အော်ပြန်ရင်လဲ ဘယ်သူမှ မကြား အမှန်က ကြမ်းပြင်မှာအိပ်နေတာ…. အဲဒါ ထမင်းလုံးတစေ ္ဆခြောက်တာလား.? လူကြီးတွေမေးကြည့်တော့ ဘူရား မရှစ်ခိုးလို့ဖြစ်တာတဲ့ ..မမetone လဲ ဘုရား မရှစ်ခိုးဘူးထင်တယ်..:) အန်တီဆူးက ညအိပ်တဲ့အခါ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးပါ… နောက်ဖြစ်မှာမဟုတ်ဘူး 🙂 🙂

  • etone

    May 28, 2011 at 2:26 am

    ပို့ တင်ထားတုံးက ပုံလေးပါ ပါတယ်… အခု ဘယ်ပျောက်သွားလဲ မသိတော့ဘူး 🙁

  • AKKO

    May 28, 2011 at 2:41 am

    တကယ်တော့ ထမင်းလုံးတစ္ဆေခြောက်တယ်ဆိုတာ လူတွေ သတ်မှတ်ကြတာပါ… ။ မအိပ်ခင် ထမင်းလုံးတက်နင်းမိလို့ လည်း မဟုတ်ပါဘူး ။
    သွေးလေခြောက်ခြားပြီး မအိပ်ခင်စားတဲ့ အစာတွေ ၊ ကြည့်တဲ့ ရုပ်ရှင်တွေ၊ ဝထ္တုတွေထဲက တစိတ်တပိုင်းကို အိပ်မက်ထဲ ထည့်မက်မိတာပါ…. ။
    အမြင့်ကနေ ပြုတ်ကျတဲ့ အိပ်မက်တစ်ခုပါပဲ … ။

  • windtalker

    May 28, 2011 at 6:00 am

    ကောင်းပါတယ် ဗျာ ။ အခု ခေတ် ထွက်နေတဲ့ စုန်း သူရဲ ဝတ္ထု စာအုပ်တွေ ဖတ်ရတာ ထက် စာရင် အများကြီး ကောင်းတယ် ။ အားပေးပါတယ် ဗျို ့မအီးတုံး ။

  • kai

    May 28, 2011 at 6:31 am

    (အိပ်မက်ထဲမှာ.). သရက်ပင်အောက်အမှောင်ထဲထိုင်နေတဲ့.. အမျိုးသမီးတယောက်ကို… (အိပ်မက်ထဲမှာ.. )တခြားတယောက်ယောက်က… လှမ်းမြင်ရင်… ဥစ္စာစောင့်ဇတ်လမ်းတခုထပ်တိုးသွားနိုင်တယ်..။
    ကလေးပါ..ပါတော့… မနှဲလေးဇတ်လမ်းလဲ.. ဖြစ်သွားနိုင်တာပဲ..။ 🙂

  • naywoonni

    May 28, 2011 at 1:50 pm

    ညဘက် အိမ်မပျော်ရင် သကြားရေ ဖြစ်ဖြစ် ထန်းညက်ခဲ လေးငါလုံးစားပြီး ရေသောက်လိုက်ပါ…။ ဒါမှမဟုတ်ရင် အစာ တစ်ခုခုစားလိုက်ပါ..။ ပြန်အိပ်ပျော်သွားပါလိမ့်မယ်…။

    • etone

      May 30, 2011 at 3:53 am

      အဘနီရေ… etone က အိပ်မပျော်တဲ့ည မရှိသလောက်ပါပဲ… ။
      တနေ့လုံး ဇယ်ဆတ်သလို ဖလန်းဖလန်းထအောင် အလုပ်လုပ်ရတော့ ညဘက် အိပ်ချိန်ကျလျှင် ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ … အိပ်ပျော်သွားတာ မိုးလင်းထိတရေးမှ မနိုးဘူး … ။

Leave a Reply