Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွာသားများ တွေ့ဆုံမိတ်ဆက်ပွဲ

weiweiMay 26, 20111min93547

ရွာသားများ မိတ်ဆုံနှုတ်ဆက်ပွဲ

ရွာသားများအားလုံး ဖိတ်စာရထားတဲ့အတိုင်း တွေ့ဆုံနှုတ်ဆက်ပွဲလေးတစ်ခုကို ရှုံးလူမှ ဦးဆောင်ပြီး သူကြီးရဲ့ စေတနာမေတ္တာနဲ့ ရန်ကုန်မြို့မှ moon bakery မှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပါတယ်။

တစ်ဦးနဲ့တစ်ဦး မမြင်ဖူးကြတဲ့သူတွေဆိုတော့ မြင်တာနဲ့အလွယ်တကူသိနိုင်အောင်၊ တခြားသူတွေလဲ မရိပ်မိစေမယ့် အမှတ်အသားတစ်ခုကို စဉ်းစားထားကြပါတယ်။ ရှုံးလူက ကြိုတင်ရောက်ရှိနေပြီး ၁ဝ ယောက်ထိုင်နိုင်သော စားပွဲတစ်လုံးတွင် ကော်ဖီ 10 ခွက် တင်ထားတာ ထိုင်စောင့်နေမှာဖြစ်ပါတယ်။ ရွာသားတစ်ဦးဝင်လာပါက ရှုံးလူကို အလွယ်တကူမြင်နိုင် သိနိုင်ပြီး ကိုယ်ပိုင်စကားဝှက်ပြောကာ အဲဒီစားပွဲမှာ ဝင်ထိုင်လိုက်ရုံပါပဲ။ ၁ဝ ယောက်ပြည့်ရင် နောက်တစ်ဝိုင်းထပ်လုပ်ပြီး လူစုံအောင် စောင့်ရင်း မိတ်ဆက်ကြမှာဖြစ်ပါတယ်။

ရှုံးလူတစ်ယောက် အလွန်စိတ်လှုပ်ရှားစွာနဲ့ အပေါက်ဝဘက်ကို လှည့်ထိုင်ပြီး စောင့်နေပါတယ်။ ဘယ်လိုပုံစံတွေနဲ့ ဘယ်လိုလူတွေကို တွေ့ရမှာပါလိမ့်ဆိုပြီး စိတ်အားထက်သန်နေတာပေါ့။
အတွေးထဲမှာတော့ ….

ဦးဖက်တီးဆိုတာ ဦးမိုးဒီကြီးလို ဝဝတုတ်တုတ်ကြီးများလား ??
ကိုပေါက်က စာရေးတာ ရှည်သလောက် စကားပြောတာရော လေရှည်မလားမသိဘူး ?? ကင်မရာကြီးနဲ့များ ရိုက်အုန်းမလားလဲ မသိဘူး ?
အီးရိုးဆိုတဲ့တစ်ယောက်က မြှားနဲ့ချိန်ထားတာဆိုတော့ ငါ့ကိုများ အပျိုလေးတစ်ယောက်နဲ့ ဖူးစာဆုံအောင် လုပ်ပေးနိုင်မလား ??
ဝှိုက်ကနေ နိုဇိုမိပြောင်းသွားတဲ့ တစ်ယောက်က ပိုးဟပ်ဖြူလေးလိုများလား ဒါမှမဟုတ် တစ်ခေါင်းလုံးများ ဖြူနေသလား ??
ကင်းဆိုတဲ့ ခပ်ကင်းကင်းနေတဲ့ကောင်က ရွာထဲမှာစွာကျယ်စွာကျယ်လုပ်နေပေမယ့် ခပ်ကင်းကင်းနေချင်တယ်ဆိုတော့ မလာဘဲနေမလား ??
အင်ထရိုကတော့ ဂိမ်းကစားတဲ့ကောင်ဆိုတော့ မျက်မှန်အထူကြီးနဲ့ ကုတ်ချောင်းချောင်းပုံများ ဖြစ်နေမလား ?
အပျိုကြီးလို့ ကြော်ငြာထားဖူးတဲ့ မနောဖြူက အသက်ဘယ်လောက်များ ရှိနိုင်မလဲ ??
မမဆိုတော့ အသက်ကြီးလို့များလား ? စာအရေးအသားကြည့်ရတာ အသက်တော့မငယ်လောက်ဘူး … ဒါပေမယ့် အပျိုကြီး ဟုတ်မဟုတ်တော့ မသေချာဘူး …
အီးတုံးမကတော့ လာမယ်လို့သေချာပြောထားတာပဲ … ထမီဇောက်ထိုးတော့ မဝတ်လာလောက်ဘူး … သူပြောသလိုဆို ဂျိတ်ထမီနဲ့ဖြစ်လိမ့်မယ် … သူ့ဘဲဘဲကြီးပါ ခေါ်လာရင်တော့ ဒုက© ..
ဆူးမမကိုတော့ အတွေ့ချင်ဆုံးပဲ … မဟုတ်မခံလေးဆိုတော့ နှုတ်ခမ်းလန်လန်နဲ့ ရန်တွေ့ကောင်းမယ့်ပုံလေးလား ?? အသက်တော့မကြီးလောက်သေးဘူး … အပျိုလေးပဲ ဖြစ်လိမ့်မယ် …
အန်တီဝေကတော့ ခန့်မှန်းရသလောက် ၄ဝ ကျော်လောက်ရှိမယ့် အပျိုကြီးထင်တာပဲ … သူကတော့ ဟော့ရှော့မဖြစ်နိုင်ဘူး … ပုံတုံးကြီးပဲ ဖြစ်လိမ့်မယ် …
မင်းသမီးလေး မမလေးကတော့ ၁၉ နှစ်ဆိုတော့ အသက်က အနေတော်ပဲ … ဒါပေမယ့် သူပြောဖူးတယ် ဆံပင်ကဖြူနေပြီတဲ့၊ ဝလည်းဝတယ်ဆိုတော့ …
လကဗျာကတော့ တက်တက်ကြွကြွနဲ့ တကယ်လာမဲ့ပုံပဲ … နံမည်လေးကလှသလို လူလေးလဲလှမယ်ထင်တာပဲ …

နိုင်ငံခြားမှာရောက်နေတဲ့ ရွာသားတွေကတော့ ဒီတစ်ခါမတွေ့နိုင်သေးဘူးဆိုတော့ သူတို့အကြောင်း မစဉ်းစားသေးတာပဲကောင်းတယ် …

ဆိုင်ထဲကို ဝင်လာသမျှ ပုပု ရှည်ရှည် ပိန်ပိန် ဝဝ ကြီးကြီး ငယ်ငယ် ကျား မ မျိုးစုံကိုကြည့်ရင်း ဘယ်သူများဖြစ်မလဲလို့ လည်တဆန့်ဆန့်နဲ့ စောင့်နေလိုက်တာ သတ်မှတ်ထားတဲ့အချိန် ညနေ ၄ နာရီ ကျော်လို့ ၅ နာရီတောင်ဖြစ်နေပြီး တစ်ဦးတစ်ယောက်မှ ပေါ်မလာပါသဖြင့် ကော်ဖီအားလုံး တစ်ယောက်ထဲ ထိုင်သောက်လိုက်ရပါကြောင်းနှင့် ရွာသားများအားလုံးကို စိတ်နာနာနဲ့ ရွာထဲကို ပြန်ဝင်ပြီး မညှာမတာ ဝေဖန်စာများ ရေးသားတော့မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည် ….

(မည်သူ့ကိုမှ မရည်ရွယ်ပါ … နောက်ပြောင်ခြင်း သက်သက်သာဖြစ်ပါသည် …)

47 comments

  • PinkCandy

    May 26, 2011 at 8:19 am

    အဟိ
    အဲဒီညကတော့ ရှုံးလူတော့ အိပ်ပျော်မှာမဟုတ်ဘူး
    ကော်ဖီ ၁ဝခွက်တောင် သောက်ထားတယ်ဆိုတော့လေ 😛

  • king

    May 26, 2011 at 8:20 am

    မောင်ကင်းက ခပ်ကင်းကင်းနေချင်ပေမယ့်
    ရွာထဲက ကွမ်းတောင်ပန်းတောင်ကိုင် အပျိုချောတွေနဲ့ မကင်းနိုင်တော့လည်း …
    ဘယ်လိုသွားရင် ကောင်းမလဲစဉ်းစားနေလိုက်တာ နေ့လည်ကျော်သွားပါလေရော
    ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ဝတ်ပြီးသားအဝတ်ပုံထဲက အဝတ်တွေကိုရှာပြီး နေလှန်းကာ
    ရထားပေါ်မှာ ရောင်းတဲ့ ရေမွှေး(ဒါတောင်သူများဆီက ခဏငှားထားတာ)ကိုဆွတ်ကာ
    ဟန်တစ်လုံး ပန်တစ်လုံးနဲ့ လာခဲ့ပါတယ် ဒါပေမယ့် တစ်ခုမေ့သွားတာက moon bakery ဘယ်နားမှာ
    ရှိသလဲဆိုတာ မသိ၊ သူများကို မေးရမှာလည်း ရှက်တော့ တွေ့သမျှအပျိုချောလေးများကို
    ငမ်းရင်း အဲ ဟုတ်ပါဘူး ဆင်ခြင်သုံးသပ်အကဲဖြတ်ရင်းနဲ့ပဲ နားခိုရာ အိမ်တော်မဟာဆီသို့ ပြန်သွားခဲ့ရကြောင်း ..
    🙂 ( ^ _ * ) 🙂

  • AKKO

    May 26, 2011 at 9:06 am

    ဆိုက်ကို ဖွင့်ဖွင့်ချင်းပဲ တွေ့ဆုံပွဲသတင်းလေး မြင်ရပါလား … ။ ရေးထားတာနဲ့တင် ပျော်စရာကောင်းနေပြီ ။

  • photwenty

    May 26, 2011 at 9:08 am

    အဟုတ်မှတ်တာဗျာ မဟုတ်မဟုတ်ကြီးပဲ

  • etone

    May 26, 2011 at 9:36 am

    မဝေ အတော်ပျော်နေတယ် 😛
    အဲ့ဒီအခါလာတော့မှ ဘယ်သူက မမလဲ ၊ ဘယ်သူက ညီမလေးလဲ ၊ ဘယ်သူက အန်တီအရွယ်လဲ သိရမယ် ဟဲဟဲ 😛

  • eros

    May 26, 2011 at 9:44 am

    ဟဲ့ ပလုတ်တုတ် အီးရိုးမဟုတ်ပါဘူး အယ်ရောစ့် (eros) ပါဗျ။ အဓိပ္ပါယ်ကတော့ အင်တာနက်ပေါ်ရှာကြည့် ဒါမှမဟုတ် စာဖတ်နာတဲ့ သူကြီးကို မေးကြည့် avater မှာလည်း ပြထားတယ်။

    • ဆူး

      May 26, 2011 at 12:29 pm

      မရဘူး.. ဒီက ငပိသံနဲ့ လျှာထောက်တဲ့ အသံ မျိုး လုံးဝ မပေါင်းဘူး.. အီးရိုးမှ အီးရိုးပဲ.. အဟေး.. ဆူးလည်း အီးရိုးလို့ ခေါ်တယ်။ ထွက်လို့ ကောင်းမဲ့ နာမည် တခုခု မြန်မာလို ရေးတင်ပေါ့..

      • eros

        May 26, 2011 at 12:39 pm

        ဟယ် သူများတကာ pen name ကိ်ု ဘွားဆူးက …………

        အယ်ရောစ့် (eros)ပါဗျ။ ဂရိအချစ်နှင့်အလှအပ နတ်ဘုရားလို့ အဓိပ္ပာယ်ရတယ်။ သူများတကာ နာမည် လှလှလေးကို … မနာလိုဖြစ်ပြီး လိုက်ဖျက်နေပါတယ်ဗျိုး။

    • weiwei

      May 26, 2011 at 1:43 pm

      မသိလို့ မှားသွားတာပါ အယ်ရော့စ်ရယ် .. နောက်ဆို သတိထားပါ့မယ် …

      • eros

        May 27, 2011 at 1:58 am

        ဟဲဟဲ အမှန်ကို သိစေချင်တာလေး တခုပါပဲဗျာ။ ရှဲ့ ရှဲ့။

  • manawphyulay

    May 26, 2011 at 10:16 am

    မနောကတော့ အပျိုကြီးလို့ တစ်ခါမှ ရွာထဲမှာ မကြေငြာခဲ့မိပါဘူး။ အားလုံးထင်မြင်သွားတာဖြစ်ပါကြောင်း….. moon bakery ဆိုင်တွေက ရန်ကုန်မြို့မှာ နေရာအနှံ့ပဲဟာကို… ရှုံးလူတော့ အရှုံးမရှိ ကော်ဖီ ၁ဝ ခွက် သောက်ရတာ အမြတ်ပဲ။

  • king

    May 26, 2011 at 10:25 am

    ထင်တော့ထင်ပါတယ်
    သဘော မနော ကောင်းတဲ့သူတွေက အထီးကျန်မဟုတ်လောက်ဘူးလို့
    😛 😀 🙂

  • eros

    May 26, 2011 at 10:45 am

    အီးရိုးဆိုတဲ့တစ်ယောက်က မြှားနဲ့ချိန်ထားတာဆိုတော့ ငါ့ကိုများ အပျိုလေးတစ်ယောက်နဲ့ ဖူးစာဆုံအောင် လုပ်ပေးနိုင်မလား ??

    ဟဲ့ ပလုတ်တုတ် အီးရိုးမဟုတ်ပါဘူး အယ်ရောစ့် (eros) ပါဗျ။ အဓိပ္ပါယ်ကတော့ အင်တာနက်ပေါ်ရှာကြည့် ဒါမှမဟုတ် စာဖတ်နာတဲ့ သူကြီးကို မေးကြည့် avater မှာလည်း ပြထားတယ် မဝေရေ ။

    • ဆူး

      May 26, 2011 at 12:31 pm

      အီးရိုး.. အီးရိုး.. အီးရိုး.. အိုးရီး.. ဟီးးဟီးးး

      • eros

        May 26, 2011 at 12:40 pm

        ဟယ် သူများတကာ pen name ကိ်ု ဘွားဆူးက …………
        အယ်ရောစ့် (eros)ပါဗျ။ ဂရိအချစ်နှင့်အလှအပ နတ်ဘုရားလို့ အဓိပ္ပာယ်ရတယ်။ သူများတကာ နာမည် လှလှလေးကို … မနာလိုဖြစ်ပြီး လိုက်ဖျက်နေပါတယ်ဗျိုး။

        • ဆူး

          May 26, 2011 at 1:18 pm

          ခင်လို့ စတာပါ.. အီးရိုးရဲ့.. ကြိုက်ဘူး ဆိုလည်း စတော့ပါဘူး.. အီးရိုးလို့ မခေါ်စေချင်လည်း ရွာထဲမှာ အီးရိုးလို့ မခေါ်မိအောင် သတိထားပြီးတော့ ရွာပြင်မှာတော့ အီးရိုးလို့ မခေါ်မိအောင် ဆင်ခြင်နိုင်ပါ့မလားလို့တော့ တွေးမိတယ် အီးရိုးတယ်။ အဲ.. အယ်ရောစ်ခ်…. (အမလေး လေတွေ သွားကြားထဲက ထွက်ကုန်ပြီ။)

        • eros

          May 27, 2011 at 1:56 am

          ဟဲ ဟဲ မဆူး (ဝင်နီ) ရဲ့ စိတ်အေးအေးထားပြီး အသံထွက်နော်။ အမှန်ကို သိစေချင်လို့ပါ။ ဘာမှ စိတ်ထဲမထားတက်ပါဘူး။

  • nozomi

    May 26, 2011 at 11:17 am

    မဝေ ကြီး
    ကြားရသလောက် ကတော့ အန်တီဝေ အရွှယ်ဖြစ်အောင် ဟန်ဆောင်နေပေမဲ့ အသက်ကော ရုပ်ကော ဝတ်မှုန်ရွှေရည် တို့ မိုးယုစံတို့နဲ့ မတိမ်းမယိမ်းဆို

  • king

    May 26, 2011 at 11:24 am

    ဝတ်မှုံအသက်က 20 လောက်ပဲထားပါ
    မိုးယုကလည်း 20 လောက်ပဲထားကြည့်
    သူတို့ိနဲ့ မတိမ်းမယိမ်းဆိုတော့
    40 လောက်ပေါ့ ဟုတ်လား
    😛 😀 🙂

  • ဝေမမရေ ကိုပေါက်က စာရေးတာ ရှည်ပေမယ့် အပြင်မှာတော့လေမရှည်တော့ပါဘူးကွယ်။
    တစ်ခါကလ တစ်လထဲ ဖုန်းဘီလ် တစ်သိန်းနီးပါးဆောင်လိုက်ရကတည်းကဆိုပါတော့။

    • king

      May 26, 2011 at 2:36 pm

      ကိုပေါက်မှာ
      ချစ်သူရှိရင်
      သူတော့ သနားစရာပဲနော် …
      😛 ( * _ ^ ) 😛

  • တညင်သား

    May 26, 2011 at 12:38 pm

    ကျွန်တော်လဲ လာချင်တယ် အန်တီဝေ သန်ချင်တံတား အမှတ်(၁)ရောအမှတ်(၂)ရော ကားတွေပိတ်နေမှာ…ငမိုးရိပ် စီးပြီိး လာမလို့ဆိုတော့ သူကြီးက ကြိမ်စင်္ကြာ လုံးဝဖွတ်ထားတယ်..ဘယ်လိုလာရမလဲ အဲဒါ အကြံပေးကြပါအုံး……..

  • ဆူး

    May 26, 2011 at 1:16 pm

    ငါးမိုးရိပ် အတွက် ကြိမ်စင်္ကြာ ရှာမတွေ့လည်း စကားပုံ အတိုင်းလေ.. ကိုယ့်လှေ ကိုထိုး စစ်ကိုင်းရောက်ရောက်တဲ့.. လက်ပစ် ကူးပြီး လာပါလား.. မှတ်မှတ်သားသားဖြစ်တာပေါ့.. ရေစိုကြီးနဲ့ ဆိုရင်.. တခါတည်း တညင်သား ဆိုပြီး တမ်းသိလိမ့်မယ်။

  • weiwei

    May 26, 2011 at 1:47 pm

    ကျွန်မက အဲဒီနေ့က သွားလိုက်ပါသေးတယ် … ဒါပေမယ့် ရှုံးလူက ငယ်ငယ်လေးမဟုတ်ပဲ အဘိုးကြီးဖြစ်နေလို့ တိတ်တိတ်လေး ပြန်လှည့်ပြန်လာခဲ့တာ … 😛

  • king

    May 26, 2011 at 2:31 pm

    ဒါဆိုရင် ပြန်လှည့်လာတာကလည်း အဘွားကြီး တစ်ယောက်ပဲဖြစ်ရမယ်
    😛 ( * _ ^ ) 😛

  • ကြည့်စမ်းပါဦး.. ပြောထားလိုက်ကြတာ ရစရာကို မရှိတော့ဘူး
    အပြင်မှာတွေ့ရင်တော့လား ဟွင်း ဟွင်း..

    စကားမစပ် တွေ့ဆုံပွဲလေးဖြစ်မြောက်ချင်တယ်ဗျာ

  • လင်းဝေကျော်

    May 27, 2011 at 8:16 am

    ကောင်းတာပေါ့။

  • bigcat

    May 31, 2011 at 12:51 am

    ဒီပို့စ်ကို ကိုကျော်သူ http://www.facebook.com/ActorKyawThu မှာ တင်ထားတာ တွေ့တော့ ဆိုက်မှားဝင်မိတယ်တောင် ထင်သွားမိတယ်။ ဘယ်နှယ် အန်တီဝေ့ ပို့စ်က ကိုကျော်သူဆိုက်မှာ သွားရောက်နေရတာတုံး…..

  • weiwei

    May 31, 2011 at 9:02 am

    ဟုတ်လား .. ဘယ်လိုဖြစ်တာတုန်း ..
    အလကားအပျော်ရေးတာတဲ့ဟာကို … ရွာထဲကမဟုတ်တဲ့သူ ဖတ်မိရင် တော်တော်ပေါတာပဲလို့ ထင်တော့မှာပဲ … 🙁

  • ဆူး

    May 31, 2011 at 12:55 pm

    ဦးကြောင်ကြီး နောက်တာ နေမှာပေါ့.. ဆူး ဝင်ကြည့်တာ တူတာ ဘာမှ မတွေ့ဘူး။
    စိတ်မပူနဲ့..

    • king

      May 31, 2011 at 1:04 pm

      တကယ်လုပ်ကြမှာနော်
      တွေ့ဆုံပွဲက
      အတည်ဖြစ်ပြီပေါ့
      ဟုတ်တယ်ဟုတ်

  • moethidasoe

    June 1, 2011 at 4:18 am

    လာတော့ လာချင်ပါရဲ့ တချို့ post တွေမှာ အစိုးရကို ဝေဖန်တာတွေ ရေးထားမိတော့ တော်တော်ကြာ ရွာသားဟန်ဆောင်ထားတဲ့ သူလျှိုတွေ အနီးကပ်စောင့်ကြည့်ပြီး အပြန်မှာ ကုတ်ဆွဲခံရမှာ ကြောက်တယ်

    • etone

      June 1, 2011 at 4:31 am

      ဟုတ်တယ် Drရေ ကျမလည်း ဒါပဲ စိတ်ပူမိပါတယ်….။
      ကျမတို့ ရွေးတဲ့ နေရာကလည်း ရှောပင်းစင်တာဆိုတော့ ဝင်ပေါက်ထွက်ပေါက် ပိတ်လိုက်လျှင်ပဲ အတော်အဆင်မပြေနိုင်တာမျိုးပါ… ။ အခုလည်း အသစ်အနေနဲ့ ရေးတဲ့လူတွေကပါ လာမယ်ဆိုတော့ … ကျမတောင် သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ သံသယဝင်မိပါတယ်… ။ စိတ်ထဲမှာတောင် ဒွိဟဖြစ်နေတယ်…. သွားသင့်မသွားသင့်ကိုပေါ့ … ။ အစားမတော်တလုပ် အသွားမတော် တလှမ်းတဲ့ ရှင် … ။

    • နွယ်ပင်

      June 1, 2011 at 4:35 am

      ဟုတ်တယ် အဲတာကိုလဲ ကြောက်နေရသေးတယ် ကိုယ်တွေက သဘောရိုးနဲ့ တွေ့ချင်လို့ သွားပါရဲ့ ဟိုရောက်တော့ သူတို့က လာကုတ်သွားရင် ဒုက္ခဆိုပြီးတွေးမိနေသေးတယ် .

      • nature

        June 1, 2011 at 3:13 pm

        လာကုတ်ရင်ခြင်ကိုက်တဲ့နေရာကိုပြလိုက်လေ။

  • photwenty

    June 1, 2011 at 4:41 am

    ဟဲ.လာကုတ်တာတော.မခံနိုင်ပေါင် ပြန်ဖြဲမှာပေါ.လို.

  • moethidasoe

    June 1, 2011 at 4:42 am

    အီတုန်းရေ .. အတွေးတူတာ ကျေးဇူးပါ .. တော်တော်ကြာ မိတ်ဆုံတွေ့ချင်လို့ လုပ်ကာမှ ဒီလူကြောင့် ပျက်ရတယ်လို့များ အပြစ်တင်ခံရမှာလဲ ကြောက်ပါတယ် .. ကြောက်တတ်တာက သေရာပါ ဖြစ်တော့မယ် ..

    • etone

      June 1, 2011 at 7:02 am

      အာ… အဲ့လို မဟုတ်ပါဘူး Dr ရေ …
      ညကတည်းက ကျမလည်း သေချာ ပြန်စဉ်းစားကြည့်ပါတယ်….. ။
      သူများတွေ စုံကြတာ ပြသနာမရှိပေမဲ့ ကျမတို့ ရွာလေးကို တော်တော်များများ သတိထားမိနေကြတယ်လေ … ဒါကြောင့် တွေ့ချင်လျှင်လည်း ကိုယ့် ဂရုလေးနဲ့ ကိုယ် စုပြီး တွေ့ဖို့ စဉ်းစားတော့မယ်လေ …. ။ နောက်ပြီး တော်ဝင်စင်တာ ဆိုတာကလည်း ကျမတစ်ခါ မန်နေဂျာအကြောင်းရေးဖူးတဲ့နေရာ …အဲ့ဒီလူ အဲ့ဒီမှာ ပြသနာ လာမရှာပါဘူးလို့ ဘယ်သူ တပ်အပ်ပြောနိုင်မလဲ မသိတော့ ….. မသွားတော့ပါဘူး … ။

  • photwenty

    June 1, 2011 at 4:46 am

    မလာတော.ပါဘူး
    အတည်ပြောပါတယ်
    စိတ်နာလို.ပါ

  • moonpoem

    June 1, 2011 at 5:11 am

    သွပ်ပြားတို ့ကတော့ အတည်လာမှာနော်။တကယ်ပြောတာ

  • king

    June 1, 2011 at 5:29 am

    ကဲ ငါလည်း ဘာလုပ်ရမလဲ
    လမ်းကြုံရင် ပြောပြပေးပါ ကျွန်တော့်ရဲ့ စိတ်ကူးတွေမှာ သူ့(MG)ရဲ့ ပုံရိပ်တွေသာ ….
    😛 😛 😛

  • natthamee

    June 1, 2011 at 6:38 am

    ဆူးရေ တွေ့ဆုံပွဲလေးပြီးရင် ဓါတ်ပုံလေးတွေနဲ့ ပို့စ်လေးတစ်ခုတင်ပေးနော်။ စိတ်ကူးကောင်းတဲ့ ဆူးကို မြင်ဖူးချင်လို့။

  • king

    June 1, 2011 at 6:53 am

    ဆူးကို မြင်ဖူးချင်ရင်
    စိတ်မှန်းနဲ့လည်း ရပါတယ်
    ကမ္ဘာမှာ အကြော်ကြားဆုံးလူတွေရဲ့ အစိတ်အပိုင်းတစ်ခုစီကို ဆက်ကြည့်
    အားလုံးဆက်ပြီးရင် ဆူးရဲ့ ပုံကိုတွေ့ပါလိမ့်မယ်
    😛 😛
    ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့
    😀

  • maythakhin

    June 1, 2011 at 4:01 pm

    ဒွမ်……ဆိုတဲ့သူက ကိုပေါက်ကိုယ်စားလား။ ဒါဆို မေကလည်း ဒင်……….ဆိုတာကို လွှတ်လိုက်မယ်လေ။:D

Leave a Reply