Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘဝ မှတ်တိုင်

ဆူးMay 27, 20111min84133

ကျောင်းက အပြန် အိမ်မှာ အမေကိုတွေ့တော့ အဖေကော မေးတဲ့ အခါ နေမကောင်းလို့ အိပ်နေတယ်တဲ့.. အခန်းထဲကို အပြေးအလွား သွားကြည့်တဲ့ အခါ အိပ်ယာထဲမှာ လှဲအိပ်နေတယ်။
ဘာဖြစ်တာလဲ အမေ….

ဒီနေ့ အလုပ်ကိစ္စနဲ့ ၃ထပ်တိုက်ကို ၂ခေါက်လောက် တက်လိုက်တာ ဖျားသွားတာပါပဲ။ အသည်းရောဂါ အခံရှိတဲ့ လူတွေက အဲဒီလို အကြမ်းပတမ်း မရဘူး။

ဆရာဝန်ပေးတဲ့ ဆေးကကော မကောင်းဘူးလား။

ဆရာဝန်က အသည်း ပြန်ကောင်းတဲ့ ဆေးမရှိဘူး အသည်းအားဆေးပဲ ရှိတယ် ဆိုပြီး အားဆေးပဲ တိုက်တာပဲ.. ကောင်းသလိုလို ရှိပေမဲ့ အပင်ပန်း လုံးဝ မခံနိုင်ဘူး ဖြစ်နေတယ်။

နေမကောင်းတဲ့ အဖေ ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိတယ်။

အဖေ နေမကောင်းတာကို သတင်းမေးတဲ့ ဆွေမျိုး မိတ်ဆွေတွေကလည်း လာလည်ကြတယ်။ လာကြရင်းနဲ့ သူတို့ သယ်လာတဲ့ သတင်းတခုကတော့ အသည်းရောဂါ ဖြစ်ရင် မိုးကုတ် ဦးကျော်စိန် သွားပြကြည့်ပါလားဆိုတဲ့ သတင်းပါပဲ။ နိုင်ငံခြားဆေးတွေ ဒီလောက် သောက်လာတာ နှစ်နဲ့ ချီပြီး အားကိုးခဲ့ပေမဲ့ အပင်ပန်း မခံနိုင်ပါဘူး ပင်ပန်းတယ် ဆိုတာနဲ့ အိပ်ယာထဲ လဲနေတော့တာပါပဲ။ ယိုးဒယား ဒူးရင်းသီး တလုံးဝယ်ပြီး မိသားစုတွေ စားကြတယ်။ စားပြီးတော့လည်း ဖျားပြီး အသည်းရောဂါ ထဖောက်ပြန်တယ်။ အများပြောကြတဲ့ ဆရာဆိုတော့ အားကိုးချင်စိတ်ဖြစ်မိတယ်။ ဒီလိုနဲ့ မိုးကုတ်ဦးကျော်စိန် ကို သွားပြခဲ့တယ်။

အဖေ ဆေးမှတ်တမ်းကို ဆရာဝန် ပြောကြားချက်အရ အသည်းအနည်းငယ် ခြောက်နေပါတယ်တဲ့။ အသည်းဘာလို့ ခြောက်လဲ လို့ ဇစ်မြစ် ပြန်တွေးကြည့်တဲ့ အခါ ၈၈ ၈၉ ခုနစ်လောက်တုန်းက အသည်းရောင် အသားဝါ ဖြစ်ဖူးခဲ့ပါတယ်။ နေထိုင်တဲ့ မြို့နယ်မှာ ရှိတဲ့ လူတော်တော် များများဖြစ်ခဲ့ကြပါတယ်။ ထိုရောဂါပိုးရဲ့ စနက်ကြောင့် အသည်းခြောက်လို့ ခြောက်မှန်း မသိ ၁ဝနှစ်လောက်နေမှ သိခဲ့ရပါတယ်။ နောက်ပြီး ပြောတာ တခုကတော့ ဆီးချို ရှိတဲ့ အတွက် နှစ်ရှည်လများ အချို ရှောင်လွန်းတဲ့ အတွက် အသည်းခြောက်တယ်လို့လည်း ပြောသံ ကြားဖူးပါတယ်။

တိုင်းရင်းဆေးဆရာ မိုးကုတ်ဦးကျော်စိန် သွားပြတဲ့ အခါ ဆေးမှတ်တမ်း ပြဖို့ မလိုပါဘူး လူနာ ကို ကုတင်ပေါ် လှဲခိုင်းပြီး ဗိုက်ကို စမ်းပါတယ် သွေးခုန်နှုန်းကို စမ်းပါတယ်။ သူရဲ့ ပြောကြားချက်ကလည်း အသည်း အနည်းငယ် ခြောက်နေပါတယ်တဲ့။ ဆေးတွေ ပေးလိုက်ပါတယ် ၁လ စာ ဝယ်ပြီးတော့ ရှောင်ရန် ဆောင်ရန်လေးတွေ ညွန်ကြားလိုက်ပါတယ်။ ဆေးကို နေ့စဉ် မှန်မှန် သောက်လိုက်တဲ့ အခါမှာ ၁၅ရက်လောက်နေတဲ့အခါ တော်တော် ကောင်းမွန်လာခဲ့တယ်။ ၁လ ပြည့်လို့ ဆေးခန်း ထပ်သွားတဲ့ အခါ ဆရာကလည်း အခြေအနေ သဘောကျပါတယ်။ ဒီလိုနဲ့ လပေါင်းများစွာ ဆက်သောက်ရင်း ကျန်းမာလာတဲ့ အဖေ ကြောင့် မိသားစု ပိုပြီး အားတက်ခဲ့ရပါတယ်။ အထပ်မြင့်ကို တက်ရင်တောင် ပင်ပန်းပြီး ဖျားတတ်တဲ့ အဖေ ကျန်းမာပြီး အပင်ပန်း ခံနိုင်လို့ မိသားစု မြန်မာပြည် အနှံ ဘုရားဖူး ထွက်ခဲ့ကြပါသေးတယ်။ လမ်းမှာ ကျန်းမာရေး မကောင်းတာများ ဖြစ်မလားလို့ အရိပ်တကြည့်ကြည့်နဲ့တော့ ကြည့်ခဲ့ပါတယ်။ ဘာမှ မဖြစ်ပဲ ကျန်းမာတဲ့ အတွက် ခရီးစဉ်က ပိုပြီး ပျော်ရွင်ခဲ့ရတယ်။ ၁နှစ်ကျော်လောက် ဆေးသောက်ပြီးတဲ့ အခါ ဆရာက အသည်းခြောက်တာ မရှိတော့ဘူး ဓါတ်မှန် ရိုက်ကြည့်ပါလို့ ပြောတဲ့ အတွက် ရို်က်ကြည့်ခဲ့တာ တကယ်လည်း မရှိတော့ပါဘူး။
ဒီလိုနဲ့ အဆင်ပြေပြေ နေရာကနေ… ၂၀၀၂ မှာ မှတ်မှတ်ရရ ကမာ္ဘဖလား ဘောလုံးပွဲ ရှိပါတယ်။ ထူးခြားချက်ကတော့ အဖေက ဘောလုံးပဲ အရမ်းကြိုက်ပါတယ်။ နေ့မအိပ် ညမအိပ် ဘောလုံးပွဲတွေ တီဗွီ အနားမှာ ထိုင်ခုံလေးနဲ့ အလွတ်ခံအားပေးသလို အအေးကလည်း ကြိုက်တဲ့ အတွက် အဲကွန်းအမြဲ ဖွင့်ထားပါတယ်။ ဆီးချိုရှိတော့ ခြေလက်တွေ ထုံကျဉ်မှုတွေ ဖြစ်ပြီး အေးလို့ အေးမှန်းမသိတာပဲလားတော့ မသိပါဘူး။ အမြဲတမ်း အဲကွန်းနဲ့ တည့်တည့် ထိုင်ပြီး ဘောပွဲ အားပေးနေကျ ပရိတ်သတ်တစ်ဦး ဖြစ်ပါတယ်။
ကမာ္ဘဖလား ဘောလုံးပွဲကတော့ ပြီးသွားပါပြီ… ထိုင်ရာ မထ ထိုင်လွန်းလို့ ခြေထောက်တွေ ချိနေသလားလို့ ထင်နေမိတယ်။ လမ်းလျှောက်ရင်လည်း ယိုင်တိ ယိုင်တိုင် ဆိုတော့ အမေကတော့ ပြောနေတာပေါ့ တချိန်လုံး ထိုင်ရာ မထ ထိုင်လွန်းလို့ ဖြစ်တာ အဲကွန်း အေးလွန်းလို့ လေဖြတ်ချင်လို့လား မသိဘူး ပြောနေပေမဲ့ ဘာတခွန်းမှ မပြောပဲ မသိချင်ယောင်ဆောင်နေပါတယ်။ နောက်ပိုင်း သတိထားမိတာကတော့ ခါးတွေ သိပ်နာလွန်းတာပါပဲ။ တခါတရံ ခြေချော်စရာ မရှိပဲ ခြေထောက် ယိုင်ပြီး ခွေကျကာ ချော်လဲ တတ်ပါသေးတယ်။ ခါးနာတဲ့ ဝေဒနာ ခံစားနေရတော့လည်း ငယ်ငယ် ကတည်းက အဖေက ခါးနာတတ်တာ သတိရမိပြန်ပါတယ်။ ငယ်ငယ်တုန်းက ခါးနာတဲ့ အခါ ပျားဂေဟာက အဖေရဲ့ သူငယ်ချင်းက ပုံးလေးနဲ့ ပျားကလေးတွေ ယူလာပြီး နာနေတဲ့ ခါးအကြော တည့်တည့်မှာ ပျားကလေး ထားပြီး ပျားတုတ် ခိုင်းတာ မြင်မိပါတယ်။ ပျားတုတ်လိုက်ရင် ခါးနာတာ ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ဒီတခါ ခါးနာတာ အဲလို မဟုတ်ခဲ့ပါဘူး မကြာခင် ပျောက်သွားမယ် ထင်တဲ့ ဝေဒနာမျိုး မဟုတ်တော့ ဆရာဝန်ဆီ ပြေးခဲ့ရပါတယ်။ ခါးနာတယ် ဆိုတော့ အရိုးအကြော အထူးကု ဆရာဝန်ဆီ ပြေးရတော့တာပေါ့။
အရိုးအကြော အထူးကု ဆရာဝန် ဦးကျော်မြင့်နိုင် နဲ့ သွားပြခဲ့ပါတယ်။ ထို ဆရာဝန်က ထို အချိန်က အရိုးဆေးရုံရဲ့ ဆေးရုံအုပ်ကြီးပါ။ ဆရာဝန် သွားပြတဲ့ အခါ ဓါတ်မှန် ရိုက်တာ စသဖြင့် လုပ်ခိုင်းပါတယ်။ ခိုင်းတဲ့ အတိုင်း လုပ်ပြီးတော့ ဆရာဝန်ရဲ့ ညွန်ကြားချက်ကို နားထောင်ပါတယ်။ ဆရာဝန်ကတော့ ခါးနာတာ အခြေအနေ မကောင်းဘူး နောက်ထပ် ပိုတိကျတဲ့ နည်းနဲ့ စစ်မယ် ဆိုပြီး MRI ရိုက်ခိုင်းပါတယ်။ ထို စက်က ရန်ကုန်မှာ ၂ခုပဲ ရှိပါတယ်။ စစ်ချင်တဲ့ လူနာတွေ တန်းစီထားရပါတယ် ၁လ နေမှ အလှည့်ကျပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းမာရေးက အဓိက ကျတယ် ကုန်ကျချင်သလောက် ကုန်ပါစေ ဆိုတဲ့ စိတ်နဲ့ အကုန်လုပ်ခဲ့ပါတယ်။ ထို ဆေးစစ်ချက် မှတ်တမ်းသိရတဲ့ အခါ ဆရာဝန်ရဲ့ ကောက်ချက်ကတော့ ခါးရိုး အဆစ် အတွင်းပိုင်း အာရုံကြောတွေ သွားတဲ့ လမ်းကြောင်းဘေးမှာ ကျီးပေါင်းတက်နေပါတယ်လို့ ကောက်ချက် ချပါတယ်။ ရောဂါ ရာဇဝင် အနေနဲ့ ခါးနာဖူးလား မေးပါတယ်။ ခါးနာတာကတော့ အသက် ၃ဝ ဝန်းကျင်လောက်တုန်းက အနိမ့်အမြင့် မညီတာကို နင်းမိပြီး ၁လ လောက် အိပ်ယာထဲ လဲဖူးပါတယ်လို့ ပြောလိုက်ပါတယ်။ ထို့နောက်မှာတော့ ဒီရောဂါ လက္ခဏာ အရကတော့ ခွဲစိတ်ပြီး ကျီးပေါင်း ခြစ်ထုတ်မှ ကောင်းပါလိမ့်မယ်။ အတိတ်က ခါးနာဖူးတဲ့ ဒဏ်တွေက နှစ်ပေါင်း ၂ဝလောက် ဖြစ်တဲ့ အချိန်မှာ ပြန်ထာ လာပြီး ကျီးပေါင်းဖြစ်သွားတာပါလို့ ပြောပါတယ်။ ခွဲစိတ်မှု မလုပ်ရင်တော့ လုံးဝ ခံနိုင်ရည် မရှိပဲ ဒုက္ခိတဖြစ်သွားလိမ့်မယ်။ အမြဲတမ်းလည်း နာနေတဲ့ ဝေဒနာကို ခံစားရလိမ့်မယ်လို့ ပြောပါတယ်။
နီးစပ်ရာ အသိ မိတ်ဆွေ ဆရာဝန်တွေကို ဆေးမှတ်တမ်းတွေ ပြကြည့်တယ် အခြေအနေ ဘယ်လိုလဲ တကယ်ဖြစ်နိုင်လား ခွဲစိတ်သင့်သလား မေးပါတယ်။ အားလုံးကတော့ တညီ တညွတ်တည်း ခေါင်းငြိမ့်ကြပါတယ် ခွဲသင့်ပါတယ်လို့ ပြောပါတယ်။ နောက်တော့ နိုင်ငံခြားမှာ သွားကုရင် ကောင်းမလား စုံစမ်းပါတယ် အချိန်ကလည်း သိပ်မရပါဘူး.. ဆရာဝန် ပြောတဲ့ အတိုင်းပါပဲ ဝေဒနာ ခံစားချက် တော်တော် ဆိုးလာပါတယ်။ မခံနိုင်လောက်အောင်ကို နာလာပါတယ်။ နိုင်ငံခြား သွားကုဖို့ ဆိုရင် ပက်စပိုစ် လုပ်မှာနဲ့ တခြား ဘာရီရ ကိစ္စတွေ နဲ့ဆိုရင် အချိန်တော်တော် ကုန်မှာ ဖြစ်ပါတယ်။ ထိုခေတ်အခါက ပက်စပိုစ်ဆိုတာ နိုင်ငံခြားက တခါ ပြန်လာရင် တခါ အပ်ရပါတယ်။ သွားမယ်ဆို အသစ်လုပ်ရပါတယ်။ အခုနောက်ပိုင်း မအပ်ရတော့ပါဘူး။
ဝေဒနာ ဖိစီးလို့ မခံမရပ်နိုင်အောင် ဖြစ်နေတဲ့ အချိန်မှာ ဆရာဝန် ပြောတာ မှန်နေပြီ လို့ သုံးသပ်မိပါတယ်။ ဆရာဝန် ဒေါက်တာ ဦးကျော်မြင့်နိုင် ညွန်ကြားတဲ့ အတိုင်း အရိုးဆေးရုံမှာ သွားရောက် ခွဲစိတ် ကုသရန် ဆုံးဖြတ်ချက် ချလိုက်ရပါတော့တယ်။ ဆေးရုံကို တက်တဲ့ အခါမှာ နာကျင်မှုတွေ ရှိပေမဲ့ ဒုတ်ကောက်ကလေးနဲ့ ထောက်ပြီး တက်ခဲ့ပါတယ်။ ဆေးရုံမှာလည်း တယောက်ခန်း ရတဲ့ အတွက် ပို အဆင်ပြေခဲ့ပါတယ်။ အဆင်မပြေတာကတော့ အသည်းရောဂါ ရှိတယ် ဆိုတာကို ဆရာဝန် နဲ့ နာစ်တွေ သိတဲ့ အခါမှာ လူနာကို ထိရ ကိုင်ရမှာ အတော် ကြောက်တဲ့ ပုံစံမျိုး ဖြစ်နေတာ တွေ့တော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်။
အစိုးရ ဆေးရုံ ပီပီ အခန်း သန့်ရှင်းရေး လုပ်တဲ့ လူကိုလည်း မုန့်ဖိုး ၂၀ဝ အမြဲ ပေးရတယ်။ မပေးရင်တော့ လာမလုပ်တဲ့ အတွက်ပါပဲ။ တာဝန်ကျ သူနာပြု ရှိပေမဲ့ အသည်းရောဂါပိုး ရှိတဲ့ အတွက် ကူးစက် ခံရမှာ စိုးတဲ့ အတွက် သွေးပေါင် လည်း သူတို့ ဟာနဲ့ မချိန်ပေးချင်ဖြစ်နေတဲ့ အတွက် ကိုယ်ပိုင် သွေးပေါင်ချိန်တိုင်း မာကျူရီ ဝယ်ပြီး သီးသန့် ထားရပါတယ်။ သူနာပြုတွေ ဆရာဝန်တွေ အသုံးပြုဖို့ သီးသန့် လက်အိတ်တွေ တခါသုံး ပစ္စည်းတွေ အဆင်သင့်ဆောင်ပေးထားရပါတယ်။ တာဝန်ကျ သူနာပြု ဆိုတာ ဆရာဝန်ကြီး လာရင် အချက်အလက် ပြဖို့ စာရွက် ကိုင်လို အနေအထားပဲ ရှိပါတယ် တခုခု သွားမေးရင် မကြိုက်ချင်ပါဘူး။ သီးသန့် သူနာပြု ခေါ်မယ် ဆိုတော့ ကူးစက် ရောဂါ ရှိလို့ ပေါက်ဈေး ၂ဆ တောင်းပါတယ်။ လူနာထက် အရေးကြီးတာ ဘာမှ မရှိတဲ့ အတွက် တောင်းသလောက် ပေးခဲ့ပြီး ခေါ်ထားပါတယ်။
ဒီလိုနဲ့ ခွဲစိတ်ဖို့ ရက်က နီးနေပါပြီ။ ဆရာဝန်ကြီးက တခြား ပုဂ္ဂလိက ဆေးရုံတွေမှာ ဆေးခန်း ထိုင်တဲ့ အတွက် တခြား ဆေးရုံတွေမှာ တက်လို့ ရမလား မေးတော့ ဒီဆေးရုံမှာ ပြင်သစ်က လှူထားတဲ့ ဆေးရုံသုံး ပစ္စည်း အသစ်တွေ ရှိပါတယ် ဒီလို ဝေဒနာ မျိုးက ခေတ်မှီ ပစ္စည်းနဲ့ ခွဲစိတ်မှကောင်းမှာ ပြောတဲ့ အတွက် စိတ်ကို အောင့်အီးပြီး နေခဲ့ရပါတယ်။ မျက်နှာ လုပ်တဲ့ အနေနဲ့ တနေ့ တနေ့ တာဝန်ကျ သူနာပြု အတွက် ထမင်းကြော် ခေါက်ဆွဲကြော် ဆိုင်က မှာပြီး ကျွှေးပါတယ်။ စားရတဲ့ အချိန်မှာတော့ အားလုံး ကျေနပ် ပျော်ရွင်ကြပါတယ်။ တာဝန် အလုပ်ချိန်မှာ စေတနာတော့ မပါခဲ့ပါဘူး။

မခွဲစိတ်ခင်မှာ အစိုးရ ဆေးရုံ ထုံးစံ အရ ဆရာဝန်တွေ အချက်အလက် ဆွေးနွေးပြီး လုပ်သင့် မလုပ်သင့် ဘယ်လို လုပ်သင့်လဲ meeting လုပ်ကြပါတယ်။ ထို အချက်အလက် များ ပြန်ကြားချက်ကတော့ ဒီလူနာက ခါးရိုး အဆစ်အကွင်းလေးတွေ ထဲမှာ ကျီးပေါင်းရှိတယ်။ ကျီးပေါင်းကြောင့် အာရုံကြောတွေ ပိပြီး ခါးနာတဲ့ ဝေဒနာ ခံစားရတာ ဖြစ်တယ်။ ခါးအရိုး အဆစ်အကွင်းတွေကို ပဆောက်ပုံစံ ဖြစ်အောင် ဖြတ်ထုတ်ပြီး အတွင်းထဲက ပိနေစေတဲ့ ကျီးပေါင်းကို ခြစ်ထုတ်မယ်။ ပြီးရင်တော့ အာရုံကြောတွေ နေရာ တကျ ပြန်ထားမယ်။ တိုင်ပင်ဆွေးနွေးချက် ကတော့ ကြားရတာ အားတက်စရာပါပဲ။ ဒီလိုနဲ့ ခွဲစိတ်ခန်းထဲ ဝင်သွားပါတယ်။ မခွဲစိတ်ခင်မှာ သတင်းတခု ကြားရတာကတော့ တက်နေတဲ့ ဆေးရုံ ကုတင်မှာ အရင်တခေါက် ခွဲစိတ်သွားတဲ့ လူတယောက် ခွဲစိတ်ပြီး ရရက် အကြာမှာ အသားဝါပြီး သေသွားပါတယ်တဲ့။ အသည်းဆရာဝန်နဲ့ တိုင်ပင်ကြည့်တော့ မေ့ဆေးကြောင့် ဖြစ်တာ ဖြစ်လိမ့်မယ် မေ့ဆေး ဆရာဝန်ကို ကြိုပြီး သွားပြောဖို့ အကြံပေးလို့.. မေ့ဆေး ဆရာဝန်ကို ၁သောင်းခွဲ နှင့် သွားကန်တော့ရင်း အဖေ မှာ အသည်းရောဂါ ရှိလို့ ကောင်းတဲ့ တည့်မဲ့ မေ့ဆေးပေးပါ ကျသလောက် တာဝန်ယူပါ့မယ် ပြောခဲ့ပါတယ်။ ခွဲစိတ်ကုသ ပေးမဲ့ ဆရာဝန်ကြီးကိုလည်း အိမ်သွားပြီး ၁သိန်း ကန်တော့လိုက်ပါတယ်။ ထိုအချိန်က ခွဲစိတ်ကုပေးတဲ့ ဆရာဝန်ကြီးကို ၂သောင်းလောက် ပေးကြတဲ့ ခေတ်ပဲ ရှိပါသေးတယ်။ ဆွေးနွေးတိုင်ပင်တဲ့ ဆရာဝန်ထဲက ဒုတိယ လက်ထောက် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးမြင့်သောင်း ကိုလည်း ၁သောင်း အိမ်တိုင်ရာရောက် သွားကန်တော့လိုက်ပါတယ်။ ဒါပေမဲ့ ဒေါက်တာ ဦးမြင့်သောင်းက ခွဲစိတ်တဲ့ အထဲမှာ မပါခဲ့ပါဘူး။ အားလုံး ချောချော မောမော ဖြစ်ပြီး ခွဲစိတ်နိုင်ပါစေ ဆိုတဲ့ မျှော်လင့်ချက်ပဲ ရှိပါတယ်။ ဆေးရုံက မှာ ထုံစံကတော့ ခွဲစိတ်တဲ့ နေ့မှာ တာဝန်ကျ ဆရာဝန်နဲ့ သူနာပြုတွေကို ထမင်းကျွေးရတယ်လို့ ပြောပါတယ်။ ဒီတော့လည်း လက်မနှေးပါဘူး။ အိမ်မှာ တာဝန်ယူ မချက်နိုင်တော့ သင်အာ စားသောက်ဆိုင် မှ နေပြီး ထမင်းကြော် ခေါက်ဆွဲကြော် ကြာဇံကြော် ပွဲ ၃ဝ ကားပေါ် တင်ပြီး အားလုံးကို ဝေငှပြီး ကျွှေးမွေးလိုက်ပါသေးတယ်။
ခွဲစိတ်ခန်းထဲကတော့ ထွက်လာပါပြီ။ ဆရာဝန်ကြီးကတော့ ခွဲစိတ်ပြီး ၁ဝရက်နေရင် လမ်းပြန်လျှောက်နိုင်ပြီး ဆေးရုံက ဆင်းလို့ရမယ်လို့ ပြောထားတဲ့ အသံများ နားထဲ ကြားယောင်ပြီး မျှော်လင့်တကြီးနဲ့ လူနာ သတိရလာတာ စောင့်နေပါတယ်။ အသည်းရောဂါ အခံရှိလို့ မိုးကုတ်ဦးကျော်စိန် ဆေးကို အမြဲ စွဲသောက်နေခဲ့ပေမဲ့ ဆရာဝန်တွေက မြန်မာဆေး တိုင်းရင်းဆေး ဆိုတာကို သိပ်အထင်သေးတဲ့ အတွက် သူတို့ မညိုညင်ရအောင် ဆေးရုံ စတက်ကတည်းက တိုင်းရင်းဆေးကို ဖြတ်ထားခဲ့ပါတယ်။ အသည်းဆရာဝန် ပေးတဲ့ အားဆေးကိုသာ ပုံမှန် သောက်ပါတယ်။
ခွဲစိတ်ပြီး သတိရလာခဲ့ပါတယ်။ လူနာရဲ့ လိုအပ်ချက်တွေ လုပ်ပေးရင်းနဲ့ ဆရာဝန်ကြီး လာကြည့်မှာကို မျှော်နေပါတယ်။ ခွဲပြီးလို့ ၃ရက်နေတော့ လာကြည့်ပါတယ်။ ကောင်းသွားမှာပါ ချုပ်ရိုးကောင်းတယ် ကြည့်ပြီး ပြန်သွားပါတယ်။ နောက်နေ့များ လာမလား ဘယ်တော့ ကောင်းပြီး လမ်းလျှောက်နိုင်မလဲ ဆိုတဲ့ မေးခွန်းကို မေးချင်လို့ စောင့်နေခဲ့ပေမဲ့ ၁ဝရက်လောက်နေတော့ တခါ လာပါတယ် အနားတင် ကပ်ကျော်သွားလို့ သွားပြီး အတင်းလိုက်ပြောလိုက်ပါတယ် ဆရာဒီမှာ ဆရာလူနာ ကြည့်ပေးပါအုန်းဆိုတော့ အားနာပါးနာနဲ့ လာကြည့်ပါတယ် ဘာစကားမှ မပြောပဲ ပြန်ထွက်သွားပါတယ်။ မျက်နှာ တည်တည် ပုတ်ပုတ်နဲ့ ဖြစ်နေတာတော့ သတိထားမိပါတယ်။
ဒီလိုနဲ့ ပြန်ကောင်းမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခိုင်းထားတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင်း တလပြည့်တဲ့ အချိန် တရက်မှာတော့ ဘာဖြစ်မှန်း မသိပဲ စကားတွေ အယောင်ယောင် အမှားမှား ပြောနေပါတယ်။ အနောက်ပိုင်း ဆေးရုံက ဆရာဝန်မကြီး ဒေါ်ခင်ခင်သက် ကို သွားပင့်ပါတယ်။ ဆရာဝန်ကို ပင့်ဖို့ အကူအညီ တောင်းပေမဲ့ ဆရာဝန် အချိန်မဟုတ်တဲ့ အတွက် သူနာပြုများ မပြောရဲတဲ့ အတွက် သူတို့ဆီက ဆရာဝန် လိပ်စာမေးပြီး ကိုယ်တိုင် သွားပြောရပါတယ်။ ဆရာဝန်မကြီးရဲ့ သဘောမနော ကောင်းချက်တော့ အလိုက်မသိ အချိန်မတော် ဖြစ်လည်း လူနာကို ဦးစားပေးတဲ့ စိတ်ဓါတ်ကိုတော့ လေးစားပါတယ်။ ဆရာဝန်မကြီး ကြည့်ပြီးတဲ့ အခါ အသည်းက ကိုမာ ဖြစ်နေပြီ မဖြစ်တော့ဘူး ဆေးရုံပြောင်းမှ ဖြစ်မယ် ဆိုပြီး အနောက်ပိုင်း ဆေးရုံကို ဆေးရုံကုတင်နဲ့ ပြောင်းလိုက်ရပါတယ်။ လူမမာကတော့ ဆေးရုံပြောင်းသွားတာကို ပြောင်းမှန်း မသိ ပြောင်းသွားခဲ့ရပါတယ်။ ဆေးကုသမှု ခံယူပြီး ၁ဝရက်လောက် ကြာတဲ့ အခါမှာ အသည်းက ပုံမှန် ဖြစ်သွားလို့ ဆေးရုံက ဆင်းခွင့်ရပါပြီ။ သို့သော် ဆေးရုံ ကုတင်နှင့် အိမ်ကို ပက်လက် အနေအထား ဆင်းခွင့်ရတာ ဖြစ်ပါတယ်။ အိမ်ရောက်တော့လည်း ကုတင်မှာ ပက်လက်ပဲ နေရပါတယ်။ ထိုင်မယ် ဆိုလျှင်လည်း အနားက လူတွေက ဖေးကူပြီး ထိုင်ပေးရပါတယ်။ ထိုင်ပေးထားရင်လည်း ခါး အရိုးအဆစ်က ဖြတ်ထုတ် ခံထားရတော့ ခါးမခိုင်တော့ပဲ ယိုင်ယိုင်ကျတတ်လို့ တခုခုကို ကိုင်ထားပြီး ထိုင်ပေးထားရပါတယ်။ အောက်ပိုင်း မလှုပ်နိုင်တော့တာပါပဲ။
အရိုးအကြော ကု ဆေးရုံက ဒုတိယ ဆေးရုံအုပ် ဦးမြင့်သောင်း ကို အိမ်ပင့်ပြီး ပြခဲ့ပါတယ်။ ထိုဆရာလည်း တော်တော် သဘောကောင်းပါတယ်။ အမြဲတမ်း အချိန်ပေးပြီး အိမ်လိုက်ကြည့်ပေးခဲ့တယ်။ ဒီလိုနဲ့ ပြန်မကောင်းပေမဲ့ စိတ်မပျက်ပဲ မိသားစုတွေ နေမကောင်းတဲ့ အဖေကို ဝိုင်းပြုစုပေးကြတယ် လိုအပ်တာကို လိုလေသေး မရှိလုပ်ပေးကြတယ်။ အိပ်ယာထဲမှာ အမြဲ လဲလျောင်းနေတဲ့ လူတွေမှာ အိပ်ယာပူနာ ဖြစ်တတ်ပေမဲ့ လုံးဝ မဖြစ်တဲ့ အတွက် ဆရာဝန်များ ချီးမွမ်းမှုကို ခံရပါတယ်။ အသည်းက ကိုမာ ဖြစ်ပြီး သတိလစ်တာ ၄ခါ ရှိပါတယ် အမြဲ ပြန်ကောင်းသွားပါတယ်။ တခါဖြစ်တာ မြင်ဖူး ပြီးကတည်းက ကိုမာ ဖြစ်တော့မယ် ဆိုတာ သိတာနဲ့ ဆေးရုံတင်ပြီး ကုသမှု ခံယူလိုက်တာနဲ့ ကောင်းသွားလို့ အနောက်ပိုင်း ဆေးရုံက ဆရာဝန် တွေကလည်း ချီးမွမ်းကြတယ်။ အလွန်ပင်ပန်းသော ၂နှစ်ခွဲ အချိန်အခါ ဖြစ်ခဲ့ပါတယ်။

ဆရာဝန်တွေနဲ့ ကုတာ ပြန်မကောင်းလာတဲ့ အတွက် ဗေဒင်မေးရတာနဲ့ ယတြာ ခြေရတာနဲ့ အကြားအမြင် ကုတာနဲ့ တရုတ်နတ်အိမ်ပင့်ပြီး ကုတာ တရုတ်တိုင်းရင်းဆေး ကုနည်း ဗမာတိုင်းရင်းဆေး ကုနည်း သက်တော်ရှည် ရသေ့ ဆိုတဲ့ ရသေ့နဲ့လည်း ကုခဲ့ဖူးပါတယ်။ သူများ ကောင်းတယ် ဆိုတဲ့ ဆရာတွေ လိုက်ပြရတာနဲ့ ဆရာစုံအောင် ဆေးမြီးတို စုံအောင် စသဖြင့် တော်တော် များများ လုပ်ဖူးပါတယ်။ ကောက်ရိုးတမျှင် ဆိုလည်း အားကိုးလို့ရမယ် ဆိုရင် ဘာမဆို အကုန် လုပ်ပေးချင်စိတ်သာ ရှိပါတော့တယ်။
ထူးခြားတာ တခုကတော့ တရုတ်တိုင်းရင်း အရိုးအဆစ် ကုတဲ့ နည်း နှင့် ဗမာ တိုင်းရင်း အကြောပြင် ကုသနည်း ဆရာတွေ ထပ်တူ ထပ်မျှ ပြောတာကတော့ ခါးအရိုးဆစ်က ဟ နေလို့ အကြောတွေ ဟိုထွက် ဒီထွက်ဖြစ်နေတာ ဖြစ်ပြီး ကုဖို့ မဖြစ်နိုင်တော့ဘူး မခွဲခဲ့ရင် သူတို့ ကုနိုင်လိမ့်မယ်လို့ အတိအလင်း ငြင်းတာ ကြုံခဲ့ဖူးပါတယ်။

အိပ်ယာထဲမှာ အမြဲ လှဲနေရတဲ့ သူအဖို့ တခြားသော ဝေဒနာများ တစ တစ ဝင်လာခဲ့ပါတယ်။ နှလုံး သိပ်မကောင်းတာလည်း ဖြစ်လာခဲ့တယ်။ ဆီးချိုကလည်း အသည်း မကျန်းမာတဲ့ အချိန်မှာ ထိန်းမရအောင် တက်နေတတ်ပါတယ်။ အသည်းဝေဒနာ ကလည်း ကိုမာ ဝင်တာ ခဏခဏ ဖြစ်နေတော့ အသည်းကလည်း သိပ်မကောင်းတော့ပါဘူး။ အဓိက ပြသနာကတော့ ခါးအောက်ပိုင်း အာရုံကြော မကောင်းတဲ့ အခါ ဝမ်းချုပ်တဲ့ ဝေဒနာ ခံစားရပါတယ်။ ပုံမှန်လမ်းလျှောက်နိင်သူတွေ အဖို့ကတော့ လေ့ကျင့်ခန်း လုပ်ပေးရင် အဆင်ပြေနိုင်ပေမဲ့ လမ်းမလျှောက်နိုင်တဲ့ လူ ဖို့ကတော့ တော်တော် ခက်ခဲပါတယ်။ အာရုံကြော မကောင်းလို့ ဖြစ်တာ ဆိုတော့ ပိုဆိုးပါတယ်။ ဝမ်းချုပ်တဲ့ အတွက် ဝမ်းပုတ်တွေ အခိုးရိုက်ပြီး အသည်း လုပ်ငန်းစဉ် ထိခိုက်ပြီး ကိုမာ ဖြစ်တယ်လို့ ပြောပါတယ်။
အိပ်ယာက မထ နိုင်တာ ၂နှစ်ကျော် ဖြစ်တဲ့ အချိန်မှာ နိုင်ငံခြား သွားပြီး ဆေးမှတ်တမ်းတွေ ယူပြီး ပြနိုင်ရန် ကြိုးစားခဲ့တာ အဆင်ပြေခဲ့ပါတယ်။ စင်္ကာပူ နိုင်ငံက ဆေးရုံ တခုကို ဆေးမှတ်တမ်းသွားပြပြီး အချက်အလက်တွေ ပြောပြတဲ့ အခါ ဆရာဝန်က သူ စစ်ဆေးချင်တဲ့ ဟာတွေကို စစ်ခိုင်းပါတယ်။ စစ်ဆေးပြီး နောက်တကြိမ် ပြန်ယူသွားတဲ့ အခါ စင်္ကာပူ ဆရာဝန်က ကောက်ချက်ချတာကတော့ ခွဲစိတ်မှု လုံးဝ မှားယွင်းနေတာ ဖြစ်ပါတယ်။ အမှန်က လူနာက ငယ်စဉ်က နေပူထဲမှာ သွားလာမှု များများ လုပ်ခဲ့တဲ့ အတွက် ဦးနှောက်ငယ် အတွင်းပိုင်းမှာ ရှိတဲ့ အရည်အိတ်ရှုံ့သွားတဲ့ အတွက် ခံစားရတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ကုသတဲ့ နေရာ မှားတဲ့ အတွက် တစ်ဘဝလုံး ဆုံးသွားတာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
စိတ်ထဲမှာ မကျေနပ်တာနဲ့ အိမ်ကို အမြဲလာကြည့်ပေးတဲ့ ဒေါက်တာ ဦးမြင့်သောင်းကို သွားမေးခဲ့ပါတယ်။ ထိုအချိန်မှာတော့ သူကလည်း ခေါင်းငြိမ့်ပါတယ်။ မှားယွင်းခွဲစိတ်မှု ကြောင့် လူနာကို သနားလို့ အိမ်ကို အမြဲ လာကြည့်ပေးနေတာ ဖြစ်တာကို သိခဲ့ရပါတယ်။ ခွဲစိတ်မှု ပြုလုပ်တဲ့ အဖွဲ့ထဲမှာတော့ မပါပေမဲ့ ခွဲစိတ်ဖို့ တိုင်ပင် အစည်းအဝေး လုပ်တဲ့ အထဲမှာ ပါပါတယ်။ ဒီကိစ္စ ကောင်းကောင်း သိနေတဲ့ အတွက် သနားဂရုဏာ ဖြစ်ပြီး အမြဲ ကြည့်ရှုပေးတာ ဖြစ်နေပါတယ်။
စင်္ကာပူက ဆရာဝန်ရဲ့ ဆုံးဖြတ်ချက် မှန်နေတယ် ဆိုတော့ ဘာလုပ်ရမလဲ ဘာဆက်လုပ်သင့်သလဲ.. ဒုက္ခိတ ဘဝနဲ့ ဒီလိုပဲ မနေရအောင် တခုခုတော့ လုပ်နိုင်တာ ရှိရင် လုပ်မယ် ဆိုပြီး စင်္ကာပူကို နောက်တခေါက် သွား မစုံစမ်းခင်မှာ အသည်းထ ဖောက်ပါတယ်။ ဒီတခါ အသည်းဖောက်တဲ့ အခါမှာတော့ ခါတိုင်းလို ပြန်ကောင်းမလာတော့ပါဘူး။ ဆေးရုံမှာတင် သတိလစ်နေပြီး သတိကို ပြန်မဝင်တော့ပါဘူး။ ဒီလိုနဲ့ အခြေအနေ စောင့်ကြည့်ရင်းက ဖေဖော်ဝါရီ ၉ရက် ၂၀၀၅ မှာ ဘဝ တပါးကို ပြောင်းသွားပါတော့တယ်။
အချိန်ကာလာ ၂နှစ်ခွဲ ဆိုတဲ့ အတိုင်းအတာက လူနာ အတွက်ကော လူနာ ရှင် အတွက်ပါ အတော်ပင်ပန်းခဲ့ပါတယ်။
စေတနာ ကောင်းတဲ့လူ စေတနာ နည်းတဲ့ လူ စတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဘဝရဲ့ ဖြတ်သန်းခဲ့ရတဲ့ မှတ်တမ်းလေး တခုပဲ ဖြစ်ပါတော့တယ်။

[member-invites-form]

33 comments

  • eros

    May 27, 2011 at 11:54 am

    ဟူး မြန်မာပြည်မှာ ဆရာဝန်တွေရဲ့ ကုသချက်တွေ တော်တော် လွဲချော်နေပါလိမ့်။ ဒါကောင်းတဲ့လက္ခဏာ မဟုတ်တာ။ အဲဒီလိုဖြစ်တိုင်း ဖမ်းထောင်ထဲထည့်ရင် မြန်မာမှာ ဆရာဝန်တော်တော်ရှားသွားမယ်။ မြန်မာဆရာဝန်တွေ ရဲ့ ကုသချက်တွေက ခပ်ရင့်ရင့် ပြောမယ်ဆိုရင် နှာစေး၊ ချောင်းဆိုး ကုတာလောက်ပဲ ရတော့တဲ့ ပုံဖြစ်နေပြီ။ ဒီတော့ အခြေခံလူတန်းစား က ဆရာဝန်ခ အပို မပေးတော့ပဲ ဆိုင်မှာ ဆေးစပ်သောက်။ တောမှာဆိုရင် ရမ်းကုနဲ့ ကုကြ။ တခါတလေ ရမ်းကု က ဆရာဝန်ထက် နာမည်ကျော်နေသေးတယ်။ ဟူး………. စိတ်လေတယ်။

    ဆရာဝန်တွေရေ…………. ခင်ဗျားတို့ မှားတာ က လူ့အသက်တွေနော်။

    • eros

      May 28, 2011 at 4:30 am

      ဟဲဟဲ ဘယ်သူလဲတော့ မသိဘူး အနှုတ်တခုပေးသွားတယ်။ ကျွန်တော်ကလဲ ခပ်ရင့်ရင့် ပြောလိုက်တာက လည်း ဒါမျိုးကိစ္စတွေက နားနဲ့ မဆန့်အောင်ကြားနေရတယ်လေ။ ဒါပေမယ့် အမှားလုပ်တဲ့ ဆရာဝန်တွေက ဘာမှ ဖြစ်သွားတဲ့ အသံမကြားရဘူးလေ။ သူတို့ကလည်း တောင်းပန်တာ မကြားရဘူး ခပ်တည်တည်ပဲ။ ဒီတော့ ထပ်ခါထပ်ခါ မှားဖို့ ဝန်မလေးဘူး။ အောက်က ကွန်မန့်တွေ သက်သေရှိပါတယ်။ သူမှားတာ အရေးမကြီးဘူးဗျ တဖက်က လူ့ အသက် ဗျ လူ့ အသက်။ တန်ဖိုးမဖြတ်နိုင်ဘူး။ ဒါကြောင့် ပြင်စေချင်တယ်။ ပြင်စေချင်လို့ ခပ်ရင့်ရင့် ပြောလိုက်တာ။ဒီကိစ္စတွေ များလာလို့ နိုင်ငံခြား ဆေးကောင်စီတွေ အထိ သတင်းပျံ့သွားရင် ကြာကြာနေရင် မြန်မာပြည်က ဆရာဝန်တွေကိုဘယ်နိုင်ငံမှ လက်မခံတာမျိုးဖြစ်လာနိုင်တယ်။ clinical exam တောင် ပေးမဖြေတာတွေ ဖြစ်လာနိုင်တယ်။ registration မပေးတာတွေ ဖြစ်လာနိုင်တယ်။ ကိုယ်ရှုးကိုယ်ပက်မယ် ဆရာဝန်တွေရေ သတိထား။ တိုင်းတပါးမှာ ဘယ်လိုတာဝန်ယူရတယ်ဆိုတာ ကြားဖူးမှာပေါ့။

      သူကြီး……… ဗျိုး သူကြီး………… ဒီလိုပိုစ့်မျိုးမှာ ဘယ်ရောက်နေတာလဲ…… သူကြီးရဲ့ ဗဟုသုတနဲ့ ဝင်ဆွေးနွှေးတာကြားချင်တယ်။ မဒမ်ခိုင်က ဆရာဝန်မို့လို့ မမန်းရဲတာလား ဟဲဟဲဟဲ။ Just joke. pls discuss with us Mr. Kai !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  • eros

    May 27, 2011 at 11:56 am

    ကြားရတာ နားဝမသက်သာ စိတ်မကောင်းပါဘူး။

  • ဆူး

    May 27, 2011 at 12:03 pm

    ဆရာဝန် တွေက အချင်းချင်း အမြဲ သစ္စာရှိပါတယ်။
    မှားမှန်း သိပေမဲ့ သူများ အမှားကို မပြောပဲ ရင်ငုံ နုတ်ပိတ်ပြီး စိတ်မကောင်းစွာနဲ့ သေတဲ့ အထိ သိမ်းဆည်း ထားမလား မသိဘူး။
    တိုင်းရင်းဆေးနည်း မှားလို့ ဆေးမြီးတို မှားလို့.. ဆိုပြီးသာ အလုံပိတ် အခန်းငယ်ထဲမှာ လူနာတွေကို ဟိန်းဟောက် တတ်ကြပါသေးတယ်။

  • Snowy

    May 27, 2011 at 12:14 pm

    ကြားရတာစိတ်မကောင်းဘူး ….
    တစ်ကယ်လို့ လူနာရှင်တွေသာ မတက်နိုင်တဲ့လူဆို ၂ နှစ်ခွဲတောင် မခံနိုင်ပါဘူး။
    ဒီလိုအကြောင်းတွေ ဆရာဝန်တွေရဲ့ ဥပက္ခာပြုတာတွေ တာဝန်မယူတာတွေ
    ကိုယ်တိ်ုင်ရော သူများပြောတာရော နားနဲ့မဆံ့ အမြဲတမ်းကြားနေလဲပြောင်းလဲမသွားပါဘူး။
    ယဉ်ယဉ်ကျေးကျေးပြောရရင် သူတို့က လိုင်စင်ရလူသတ်သမားတွေပါ ….
    သူတို့ရဲ့အမှားတွေကြောင့် လူ့အသက်တစ်ချောင်းမဆုံးရှုံးသင့်ဘဲဆုံးရှုံးသွားရတယ် …..

  • eros

    May 27, 2011 at 12:27 pm

    သေချာတာပေါ့ မဆူးရေ။ သူတို့ အချင်းချင်းမှားတယ် ဝန်မခံဘူး။ မှားနေလို့ ပြောရင် ဟိုလိုဒီလို ဖုံးဖိပေးကြသေးတယ်။
    နောက်ပြီး မြန်မာဆေးဆိုတာနဲ့ နှာခေါင်းရှုံတာ။ မြန်မာဆေးဆိုတာနဲ့ သုံးတဲ့သူကို ပက်ပက်စက်စက်ပြောတယ်။ ကျွန်တော့်အမေ ကျောက်ကပ်ရောင်တာ ဆေးခန်းပြ အခေါက်ခေါက်အခါခါ ကုတာ အဆင်မပြေဘူး။ မြန်မာဆေးနဲ့ကုတာ ငွေကုန်သက်သာပြီး တခါသွားတာ နဲ့ တော်တော်ကြီးကို သက်သာသွားတယ်။ ၃ခါမြောက်မှာ လုံးဝပျောက်သွားတယ်။ တကယ်တန်း သူ့ဟာနဲ့ သူအစွမ်းရှိပါတယ်။ ဆရာဝန်တွေက မြန်မာဆေးဆိုတာနဲ့ ဘာမှ ဆင်ခြင်တွေးတောခြင်းမရှိပဲ နှာခေါင်းရှုံ့ အထင်သေးကြတယ် ပစ်ပစ်ခါခါပြောတယ်။ ဒီတော့ တဖက်ကလည်း သူတို့ စွမ်းတာ ထုတ်ပြပြီး ဘုပြောတယ်။ တကယ်က သူ့ဟာနဲ့ သူအစွမ်းရှိပါတယ် သူ့အမြင် ဗဟုသုတနဲ့ ကိုယ့်ဆီမှာရှိတာကို ဖလှယ်ပြီး ကောင်းမွန်တိုးတက်အောင် လုပ်ဆောင်သင့်ပါတယ်။

  • eros

    May 27, 2011 at 12:34 pm

    ကိုယ်မှားတာကို မှားတယ်လို့ ဝန်ခံရဲတာ သူရဲကောင်းပဲ။ မြင့်မြတ်တဲ့သူပဲ။ ကိုယ်မှားမှားချင်း နစ်နာမယ့်သူတွေကို မှားကြောင်းပြောပြ အမြန်ပြင်နိုင်အောင် အသိပေး၊ တောင်းပန် လုပ်တာဟာမွန်မြတ်တဲ့ လုပ်ရပ်ပဲ။ မြန်မာတွေမှာ ကိုယ်မှားတာကို မှားတယ် ဝန်ခံရဲ၊ တောင်းပန်ရဲတယ့် စိတ်ဓာတ် လုံးဝမရှိဘူး။ ဒါကြောင့် မတိုးတက်တာ။

    • maythakhin

      May 27, 2011 at 6:26 pm

      မြန်မာတွေအားလုံးတော့ မဟုတ်ပါဘူး ။ တချ်ို့ ဝန်ခံရဲတဲ့သူ တွေရှိပါတယ်။ အတ်တ ပေါ်မူတည်တာပါ ။ အတ်တ ကြီးတဲ့သူတွေကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ခက်တာက ကြီးတဲ့အမှားကို မှားတဲ့လူတွေကအတ်တကြီးတဲ့သူတွေဖြစ်နေတာကြောင့်ပါ။
      မြန်မာစကားပုံလေးတစ်ခုတောင်ရှိသေးတယ်လေ။ ကျားကြီးတော့ ခြေရာကြီးတယ်တဲ့။ eros ကို အတိုက်အခံလုပ်ပြောတာမဟုတ်ဘူးနော်။ ဝင်ပြီးဆွေးနွေးတာပါ။

  • Ko Zay

    May 27, 2011 at 12:39 pm

    ကျွန်တော့ အသိတစ်ယောက် ဆီးချိုဖြစ်လို .ဆေးခန်းပြရတာ၊ ချိန်းတဲ့အချိန်က၈နာရီ။ ဆရာဝန်လာတဲ့အချိန်ကည၁၁နာရီ။ ဘာမှထွေထွေထူးထူးစမ်သပ်မနေဘူး။ နဂိုဆေး၂ခေါက်ထိုးနေရာကနေ ၃ခေါက်ထိုးခိုင်းတယ်။ ထိုးပြီးမှအစာစါးတဲ့ ။နောက်မသက်သာလို. ယိုးဒယားကဆေးရုံမှာသွားပြတော့ေ လ့ကျင့်ခန်းလုပ်ပါ။ အစာစါးပြီးမှဆေးထိုးပါ။ ဆီးချိုတက်သလောက်ကို ထိမ်းနိုင်တဲ့ဆေးAmount ကိုဘဲထိုးပါ။ အဲဒီလူကအခုဆိုရင် ပုံမှန်နေထိုင်စားသောက်ရတဲ့ အခြေနေဖြစ်နေပါပြီ။ ကျွန်တော်တို. ဆီကဆရာဝန်တွေတော်တော်များများ ခေတ်နောက်ကျနေပြီဆိုတာ ဆရာဝန်တွေကိုယ်တိုင်လက်ခံတဲ့နေ .ရောက်မှ လူနာတွေသက်သာရာ ရတော့မှာပါဗျာ။

  • MaMa

    May 27, 2011 at 12:43 pm

    ဆူးရေ ကြုံဖူးမှနားလည်ဆိုသလိုပဲ ကိုယ်လည်း ကြုံခဲ့ရတော့ ကိုယ်ချင်းစာမိပါရဲ့။

  • ဆူး

    May 27, 2011 at 12:48 pm

    ဒီပိုစ်ကို ရေးတာ ဆရာဝန်တွေကို မလိုလားတဲ့ စိတ်နဲ့ ရေးတာတော့ မဟုတ်ပါဘူး။ ဘဝ အတွေ့ အကြုံ အရ ချီးမွမ်းအပ်တဲ့ ဆရာဝန်တွေလည်း နာမည် ထည့်ရေးပေးထားပါတယ်။ တကယ်လည်း ကောင်းခဲ့ကြပါတယ်။ မြန်မာနည်းပဲ ဖြစ်ဖြစ် နိုင်ငံခြားနည်းပဲ ဖြစ်ဖြစ်.. အဓိက လိုအပ်ချက်က ရောဂါ ပျောက်ဖို့ပါပဲ။ လူတိုင်းကတော့ အသက်ရှည်ကျန်းမာချင်ကြတာပါပဲ။
    အဖေ နေမကောင်း စဖြစ်ကတည်းက ဆူး လည်း တက္ကသိုလ် အဝေးသင်ပဲ တက်တော့တယ် တခြား သင်တန်းတွေ ထွေထွေ ထူးထူး မတက်တော့ဘူး လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ထားလိုက်မိတယ်။ သူငယ်ချင်းတွေကတော့ သူဟာသူ ပျော်လိုက် ပါးလိုက်နဲ့ သွားလာနေကြပေမဲ့ အိမ်ကနေ မခွာနိုင်လို့ ဘယ်မှ မသွားရဘူး။ မလှုပ်နိုင်တဲ့ လူ အတွက်က အမြဲတမ်း တယောက်က အဆင်သင့် ရှိနိုင်မှ တော်ကာကျမယ်လေ.. ထိုင်မယ်ဆို တယောက်တည်းတောင် မလုပ်ပေးနိုင်ဘူး။

    • maythakhin

      May 27, 2011 at 6:19 pm

      မေရဲ့ အဒေါ် ချောင်းအရမ်းဆိုးလို့ဆိုပြီး specialist ကို ပြတော့ တီဗွီခြောက်ဖြစ်လို့ ဆေး(၆)လ သောက်ခိုင်းတယ်။ ဒါပေမဲ့ ချောင်းဆိုးမပြတ်ဘူး။နေ့တိုင်းဆိုးနေတယ်။ (၆)လပြည့်တော့ ထပ်ပြတော့ နောက်ထပ်ဆေး(၆)လ ထပ်သောက်ခိုင်းတယ်။ အဲဒီမှာ အကိုတွေက တီဗွီသေချာလား ကင်ဆာများဖြစ်နေမလား အဆုတ်မှာ sport လေးတွေတွေ့တယ်ဆိုတော့ သေချာရောဂါရှာဖွေပေးပါ။ဆရာဝန်ကြီးက သေချာပါတယ် ဒါတီဗွီဖြစ်တာပါဆိုပြီး ပြောလိုက်တယ်။ဆေးထပ်ပေးလိုက်တယ်။ဒါပေမဲ့ လူနာကလုံးဝကောင်းမလာဘူး။ချောင်းက အိပ်မရအောင်ကိုဆိုးတယ်။ အဲဒီဆရာဝန်ကြီးကလည်း တကယ့်ကို great ဆရာဝန်ကြီး။ ဒါနဲ့ပဲ အဲဒီဆေးရုံကပဲ ရိုးရိုးဆရာဝန်မလေးကို ဓါတ်မှန်ပြပြီး နောက်တကြိမ်သေချာအောင်ထပ်စစ်ခိုင်းတော့မှ ကင်ဆာဖြစ်နေတာ။အဲဒီမှာ အကိုတို့တွေ ယူကြုံးမရဖြစ်ပြီး ဆရာဝန်ကြီးကိုသွားတွေ့တော့ သူကြည့်တုန်းက ကင်ဆာလုံးဝမဟုတ်ပါဘူးလို့ ပေါ်တင်ငြင်းလွှတ်တာ။အကိုတို့တွေကလည်း စိတ်ဆိုးပြီး ပက်ပက်စက်စက်ပြောပစ်ခဲ့ကြတယ်။ (၁)နှစ်ဆိုတဲ့ အချိန်အတောအတွင်းမှာ သူတို့ကြောင့် လူနာအရမ်းနစ်နာသွားရတယ်။ သူတို့က စောစောစီးစီးသိရရင် ဘန်ကောက်မှာသွားကုမှာ။ ဒါပေမဲ့ နိုင်ငံကျော်သမားတော်ကြီးက တီဗွီ ဆိုတော့ ယုံလိုက်မိတာ အမှားကြီးမှားသွားတယ်။နောက်ဆုံးတော့ လူနာရှင်နဲ့ လူနာနဲ့ပဲခံရတာ။မြန်မာနိုင်ငံဆေးလောကမှာ ဒီထက်ကြေကွဲစရာတွေအများကြီးရှိတယ်။မြင်လည်းမြင်နေရတယ်။ကြားလည်းကြားနေရတယ်။ဒါပေမဲ့ ကိုယ်ဘာမှလုပ်မပေးနိုင်ဘူး။တကိုယ်ကောင်းဆန်တာတော့ မဟုတ်ဘူးလုပ်ပေးနိုင်တဲ့ အနေအထားတွေ အရည်အချင်းတွေ ကိုယ့်မှာမရှိတော့ ဒီတိုင်းပဲနားထောင်ပေးနေရတယ်။အရမ်း ကြေကွဲဖို့ကောင်းပါတယ်။ ဘယ်သူ့ကို မှအပြစ်တင်လို့ မရတဲ့ခေတ်ကြီးဖြစ်နေတာကို…….. ပေဖြစ်တုန်းတော့ ခံရဦးမှာပေါ့။

  • weiwei

    May 27, 2011 at 1:11 pm

    တကယ်စိတ်မကောင်းစရာအဖြစ်အပျက်တစ်ခုပါပဲ …
    အဲဒီလိုတွေ အဖြစ်များခဲ့လို့ အခုနောက်ပိုင်း ရောဂါဖြစ်လာရင် ဘန်ကောက်မှာပဲ သွားကုကြတာများတယ်နော် …

  • ဆူး

    May 27, 2011 at 1:32 pm

    ၂၀၀၂ နှစ်ဆန်းပိုင်းလောက်တုန်းက ထင်တယ်.. သူငယ်ချင်း တယောက်က သူ့မှာ သွေးကင်ဆာ ၅၀% ရှိနေပြီ (half blood cancer) ရှိတယ် ဆိုပြီး ဆရာဝန်တွေက ၆လ ပဲ ခံပါတော့မယ် ပြောလို့ တော်တော် စိတ်မကောင်းဖြစ်နေတယ်။ စင်္ကာပူသွားပြီး သွေးလဲတာတွေ လည်း လုပ်ခဲ့တယ်။ သိန်း ၆ဝလောက် ကုန်သွားတယ် ဆိုလား ပြောသံတော့ ကြားမိတယ်။ ဒါတောင် မဟန်ဘူး ခေါင်းခါခံရလို့ သူလည်း စိတ်ဓါတ်တွေ အရမ်းကျနေခဲ့တယ်။ ဆူး လည်း အဖေ နေမကောင်းလို့ အဆက်အသွယ်ပြတ်သွားခဲ့တာ ၂၀၁၁ မှာ သူ့ကို အရှင်လတ်လတ် ပြန်တွေ့တော့ တော်တော် အံ့ဩသွားခဲ့တယ်။ ၆လ နေရင် သေမယ်လို့ အမိန့်ကျပြီးသားလူက အကောင်းကြီးပါလားလို့ မေးတော့… မြန်မာ တိုင်းရင်း သမားတော် တယောက်နဲ့ ကုတယ် ပြောတယ်။ အဲဒီ ကတည်းက ဆေးသောက်ပြီး ကုလိုက်တာ အခုဆို သူ့ကို အရင်က ရောဂါထူပြောတဲ့ မိန်းကလေးလို့ ဘယ်သူ့မှ ထင်မှာ မဟုတ်ဘူး။

  • ဆူးရေ အစကတော့ မန်းအုံးမလို့ဘဲ။
    ဆူးရေးတာဖတ်လို်က်တော့ တပုဒ်သတ်သတ်ရေးချင်စိတ်ပေါက်သွားတယ်။
    အဲတော့ ပိုစ်တပုဒ်တင်လိုက်မယ်နော်။
    သူများနောက်လို်က်လုပ်တယ်တော့ မထင်ပါနဲ့ မန်းရုံနဲ့မလုံလောက်တော့လို့ပါ။

  • leonus007

    May 27, 2011 at 4:05 pm

    ကြက်သီးမွေးညှင်းတွေ ထ သွားရလောက်အောင်တုန်လှုပ်မိပါတယ်။ ကျွန်တော့် ဆရာတစ်ယောက် ပြော တာ ကို ပြန်ပြီး ဝေငှချင်ပါတယ်။ သူ ့အယူအဆကတော့ ဒီနိုင်ငံက ဆေးပညာရှင်လို ့ခေါ် တဲ့ သူ ဘယ်သူ ကို မဆို မယုံ တဲ့အတွက်ကြောင့် အသက်နဲ ့ယှဉ်ပြီး လုပ်ရမဲ့ ခွဲစိပ်မှု ဆိုရင် အတတ်နိုင်ဆုံး မလုပ်ဖို ့။ မတတ် နိုင်လို ့လုပ်ရမယ်ဆိုရင် ရောဂါနဲ ့ကုသနည်းကို အနည်းဆုံး သုံးနေရာမှာ စစ်ဆေးပြီး အဖြေ အားလုံး တူ မှလုပ်ပါတဲ့။ တကယ်လို ့ ဒီလို စစ်ဆေးနေရင်းနဲ ့သေသွားမယ်ဆိုရင်တောင်မှ ဝမ်းမနည်းဘူးလို ့ဆိုတယ်ဗျ။ ဆရာဝန်တွေ လက်တည့်စမ်းတာ ခံရင်း ပိုက်ဆံလဲကုန်၊ လူလဲ နာပြီးသေတာ ထက်စာရင်ပိုကောင်းတယ်တဲ့ဗျာ။ သူ ့အယူအဆလဲ မှန်သလိုလို တော့ ရှိတယ်ထင်တာပဲ။ ကျွန်တော့်အမြင်တော့ ဆရာဝန်တစ်ယောက်ထဲရဲ ့ဆုံးဖြတ်ချက်ကိုယူပြီး မလိုက်လျောတာကောင်းမယ်။ ပြီးခဲ့တဲ့ နှစ်တွေက သတင်းအတိုင်းဆို အူအတက်ရောင် တာနဲ ့၊ သွေးလွန်တုပ်ကွေး တောင် မှားခွဲသေးတာပဲ။

  • တညင်သား

    May 27, 2011 at 6:20 pm

    ကျွန်တော့် ဘကြီး ဦးနှောက်သွေးကြောပေါက်ပြီး သွေးခဲက အာရုံကြောမှာပိနေပါတယ် .. အဲဒါခွဲစိတ်ကုသရမယ်တဲ့ အမတွေက ကျွန်တော့်ကိုတိုင်ပင်ပါတယ်.. ဘာလုပ်ရမလဲပေါ့ ..စဉ်းစားကြတာပေါ့လို့ ပြောလိုက်တယ်..(အမှန်တော့ ကျွန်တော်က ဘာမှနားလည်တာမဟုတ်ဘူး) 🙂 .. ဒါနဲ့ တိုးတိုးတိတ်တိတ် ဆရာမ တယောက်ကို မေးကြည့်တယ်..ဒီလူနာ ပြန်ကောင်းနိင်ပါ့မလားပေါ့..အရင်ခွဲဘူးတဲ့သူတွေတော့ တယောက်မှ အသက်မရှင်ကြဘူးတဲ့….:(

  • Shwe Tike Soe

    May 28, 2011 at 3:37 am

    အင်းအဲလို ပါပဲ
    ကျွန်တော် အသိတစ်ယောက်လဲ အူအတက်ပေါက်တာဆိုပြီး မှားခွဲတာ မပေါက်လဲမပေါက်ပဲနဲ. ခွဲတော့ B ပိုးဝင်သွားလို. ကုလိုက်ရတာ…

  • bigcat

    May 28, 2011 at 5:03 am

    အဲဒါသဂျီးအားကိုးတဲ့ အနောက်တိုင်းဆေးပညာ ကောင်းကျိုးလေ…

    • king

      May 28, 2011 at 1:38 pm

      ကိုကြောင်ကြီးကတော့
      နှိပ်ပြီ
      :p ( * _ ^ ) 😛
      ကျွန်တော်ကတော့ ဝင်မဆွဲဘူးနော်
      နှစ်ယောက်လုံးမောကာမှ အအေးတိုက်မယ်ဗျ
      😛 😛

  • ဆူး

    May 28, 2011 at 1:28 pm

    တလောက အသိ အမျိုးသမီး တယောက်ကို ရောဂါ ကြောင့် သားအိမ်ထုတ်ရမယ်လို့ ဆရာဝန်က ပြောတယ် ခွဲစိတ်ခန်းထဲ ဝင်ပြီးတော့ ခွဲနေတုန်း ထွက်လာပြီး အပြင်က လူကို ထွက်မေးတယ် သားအိမ် ထုတ်မလား လာပြန်မေးတယ်။ ဖြေတဲ့ လူကလည်း မိသားစုဝင်မဟုတ်တော့ မဆုံးဖြတ်ရဲဘူး။
    သူဘာပြောထားလဲဟင်.. သူ့ ပြောထားတဲ့ အတိုင်းသာ လုပ်လိုက်ပါ ဆရာရယ်ဆိုတော့ ပြန်ဝင်သွားတယ် ထုတ်လိုက်တယ်။ နောက်တော့ အတွေးပေါ်လာကြတယ်။ ဒီမေးခွန်း ဘာလို့ မေးတာလဲ။ မလိုအပ်ပဲ ပြောထားလို့ ထုတ်ပေးလိုက်တာလားလို့ တွေးနေကြတယ်။ အဖြေမှန်တော့ မသိကြဘူး။

  • padonmar

    May 28, 2011 at 2:21 pm

    (၁)ဒီတိုင်းပြည်မှာ ဆရာဝန်ဦးရေနဲ့ လူနာဦးရေ မမျှပါဘူး၊Brain Drain ဖြစ်သွားပါပြီ၊
    ပြည်ပထွက်ကုန်တဲ့ ဆရာဝန်တွေက များသောအားဖြင့် ဆရာဝန်လူတော်တွေပါ၊batch တစ်ခုရဲ့ roll nmber 10 လောက်က ပြည်ပမှာပါ၊သူတို့တွေပြန်လာချင်အောင် Plan နဲ့လုပ်ပေးသင့်ပါတယ်၊တရုတ်ပြည်က oversea chinese scholar တွေပြန်ခေါ်သလိုပေါ့။
    (၂)ဆရာဝန်တွေကို refresher course ခေါ်တဲ့ ဉာဏ်သစ်လောင်းသင်တန်းတွေ မတက်မနေရ တက်ခိုင်းပြီး update တွေ သင်ပေးရပါမယ်၊များသောအားဖြင့် ဆရာဝန်တွေဟာ အလုပ်တွေပိနေလို့ စာမဖတ်ကြတော့ပါဘူး၊
    (၃)နိုင်ငံခြားက workshop တွေ research paper ဖတ်တဲ့ပွဲတွေ ပေးတက်ရပါမယ်၊
    အခုက sponsor ရှိတာတောင် ex-burma leave ရဖို့ အင်မတန်ခက်ပါတယ်၊
    (၄)patient right law ရှိရပါမယ်။ဒီဥပဒေမရှိလို့ လူကိုလူလို မမြင်ကြတော့တာပါ၊

  • padonmar

    May 28, 2011 at 2:37 pm

    ဆူးရေ။ကိုယ်တိုင်လည်းဒီလို ဘဝမျိုးကြုံခဲ့ရလို့ ကိုယ်ချင်းစာနားလည်ပါတယ်။အရေပြားအထူးကု ဆရာဝန်မကြီးတစ်ယောက်ဆို ဒို့အဖေ့ကိုပြတော့ သူခိုင်းတဲ့နေရာမှာသွေးမစစ်ပဲ အာရှတော်ဝင်မှာစစ်လို့ ဒါကြောင့်မို့ ဆရာဝန်တွေနဲ့ ပတ်သက်တဲ့ လူနာဆို မကုချင်ဘူးလို့ပြောတာဆိုပြီး ရန်တွေ့လွှတ်တာခံခဲ့ရပါတယ်၊နောက်ဆရာကြီးတစ်ယောက်ပြောင်းတော့ ကြင်ကြင်နာနာနဲ့ကို ကုပေးပါတယ်။
    အဆိုးထဲက အကောင်းရှာတွေးရရင် ဆူးမှာ အဖေ့ကိုပြုစုရတဲ့ အတွက် ကုသိုလ်ရလိုက်တယ်လို့ တွေးလိုက်ပါကွယ်၊
    ဆိုးတဲ့ဆရာဝန်တွေရှိသလို ကောင်းတဲ့ဆရာဝန်တွေလည်းအများ
    ကြီးရှိပါတယ်၊

  • ဆူး

    May 28, 2011 at 2:39 pm

    ဆေးရုံ နဲ့ ပတ်သတ်လို့ ပြောရမယ် ဆိုရင် အစိုးရ ဆေးရုံမှာ တက်တဲ့ အချိန်က တော်တော် ပိုက်ဆံ ကုန်တယ်။ နေရာတကာ ပိုက်ဆံ နဲ့ စကားပြောရတယ်။
    အပြင် ဆေးရုံ ရောက်တော့ ဘာမှ အပိုကို သိပ်မကုန်ဘူး။
    အကယ်ဒမီ ဆေးရုံ ဆိုရင် အိမ်ဦးနဲ့ ကြမ်းပြင် ကျနေတာပဲ ခဏခဏ တက်ရတယ်။
    စိတ်ချမ်းသာ စရာ တခုက သီးသန့် သူနာပြု ခေါ်စရာ မလိုသလို သန့်ရှင်းရေး သမားကို မုန့်ဖိုးပေးလည်း မယူရဲဘူး။ ကိစ္စရှိလို့ နိပ်ခေါ်လိုက်ရင် ချက်ချင်း ရောက်လာတယ်။ အချိန်မှန် သောက်ရမဲ့ ဆေးတွေ လာထည့်ပေးတယ်။ ပိုက်ဆံလည်း မပြူးပါဘူး။ အခန်းလည်း ကျယ်တယ်။ ပိုက်ဆံ ကြိုသွင်းထားပြီး ဆေးရုံမှ လုပ်သမျှ အဲဒီ ပိုက်ဆံ ထဲက ဖြတ်ပါတယ်။ အနုတ်တွေ အများကြီး ပြနေလည်း လူနာကို စိတ်ညစ်အောင် မလုပ်သလို အတင်းကြီး မတောင်းပါဘူး။ ဆေးရုံဆင်းတော့ ရှင်းပေးလိုက်ရင် ပြီးတာပါပဲ။
    အာရှတော်ဝင် ဆေးရုံ ကျတော့ ပိုက်ဆံ မပါရင် အခန်းတောင် မပေးဘူး။ ပိုက်ဆံ နဲ့ အရာရာ ချိန်ညှိတယ်။ ဆာကူရာ ပိုဆိုးတယ်.. ဆေးရုံအခန်းတွေက ကျပ်နေတာပဲ သေးကွေးလွန်းလို့ အနံတွေတောင် သိပ်မကောင်းချင်ဘူး။ လူနာနဲ့ လူနာ မေးတဲ့ လူနဲ့ မွှန်ထူနေတာပဲ..

  • kai

    May 28, 2011 at 7:51 pm

    ဒီခေတ်မှာ.. ရောဂါဇစ်မြစ်ကို ရှာတာမှာ.. ဆရာဝန်အလုပ်ချည်းမဟုတ်ဖူး သိစေချင်ပါတယ်..။
    ဆရာဝန်က.. အချက်အလက်တွေကို အာလုံးခြုံကြည့်ပြီး ဆုံးဖြတ်ရတာမျိုးပါ..။
    ဥပမာ… လူနာကင်ဆာဖြစ်မဖြစ်.. ဆရာဝန်က သိတယ်ဆိုတာထက်.. အဲဒီအသားစနမူနာကို.. ဓါတ်ခွဲခန်းပို ့.. အဲဒီက.. ပညာရှင်က.. စံနစ်တကျစစ်ဆေး.. ရလဒ်ထွက်မှ.. သိတာမျိုးပါ..။
    အသည်းရောဂါ။.. တီဘီ.. ၊ ဓါတ်မှန်ရိုက်တာ..။ အဲလ်ထရာဆောင်း..။ အကုန်အဲဒီသဘောတရားပဲ..။

    ဆိုတော့..
    ဓါတ်ခွဲခန်းကစက်တွေအပိုင်း.. အင်မတန်အရေးကြီးလာတယ်..။
    မြန်မာပြည်က.. ဘယ်စက်တွေနဲ့.. ဘယ်လောက်တိတိကျကျ စမ်းသပ်နေနိုင်တယ်.. ထင်ကြလို့လဲ..
    အဲဒီစက်တွေ .. ဈေးဘယ်လောက်ရှိတယ်..။ ပုံမှန်ထိန်းသိမ်းခ ဘယ်လောက်ရှိတယ်.. ထင်ကြသလည်း..။
    တကယ်တော့.. ငွေမရှိရင်.. မဖြစ်တဲ့ခေတ်ပါပဲ..။
    ===============
    ယူအက်စ်မှာ မြန်မာဆရာဝန်တွေ.. ထောင်ချီရှိနေပြီ..။ ပင်စင်ယူကြတဲ့ အရွယ်ရှိသူတွေတောင် ရှိနေပြီ..။
    တချို ့ဆို.. အတွေ့အကြုံတွေအရမ်းများကြတယ်..။
    မြန်မာပြည်အခြေအနေကောင်းရင် ပြန်လုပ်မဲ့သူတွေလည်းရှိတယ်..။ ပြန်ခေါ်နိုင်တဲ့ အခွင့်အလန်းတွေဖွင့်ပေးလိုက်ရင်… မြန်မာတွေ..ထိုင်းနိုင်ငံသွား..ဆေးကုနေဖို့တောင် မလိုဘူး..။
    ===============

    ဒီလိုအဖြစ်မျိုးတွေကို.. ထိမ်းကြောင်းနိုင်တာက… အာမခံစနစ်လို့ ထင်တာပါပဲ..။
    အကုန်မဟုတ်တောင်… တော်တော်များများပေါ့..။
    ဆရာဝန်မှားရင်.. တရားစွဲ.
    တရားနိုင်ရင်.. သူ့အာမခံကလျှော်ပေးမှာပေါ့..။

  • eros

    May 29, 2011 at 3:40 am

    maythakhin says: မေရဲ့ အဒေါ် ချောင်းအရမ်းဆိုးလို့ဆိုပြီး specialist ကို ပြတော့ တီဗွီခြောက်ဖြစ်လို့ ဆေး(၆)လ သောက်ခိုင်းတယ်။ ဒါပေမဲ့ ချောင်းဆိုးမပြတ်ဘူး။နေ့တိုင်းဆိုးနေတယ်။ (၆)လပြည့်တော့ ထပ်ပြတော့ နောက်ထပ်ဆေး(၆)လ ထပ်သောက်ခိုင်းတယ်။ အဲဒီမှာ အကိုတွေက တီဗွီသေချာလား ကင်ဆာများဖြစ်နေမလား အဆုတ်မှာ sport လေးတွေတွေ့တယ်ဆိုတော့ သေချာရောဂါရှာဖွေပေးပါ။ဆရာဝန်ကြီးက သေချာပါတယ် ဒါတီဗွီဖြစ်တာပါဆိုပြီး ပြောလိုက်တယ်။ဆေးထပ်ပေးလိုက်တယ်။ဒါပေမဲ့ လူနာကလုံးဝကောင်းမလာဘူး။ချောင်းက အိပ်မရအောင်ကိုဆိုးတယ်။ အဲဒီဆရာဝန်ကြီးကလည်း တကယ့်ကို great ဆရာဝန်ကြီး။ ဒါနဲ့ပဲ အဲဒီဆေးရုံကပဲ ရိုးရိုးဆရာဝန်မလေးကို ဓါတ်မှန်ပြပြီး နောက်တကြိမ်သေချာအောင်ထပ်စစ်ခိုင်းတော့မှ ကင်ဆာဖြစ်နေတာ။

    Shwe Tike Soe says:အင်းအဲလို ပါပဲကျွန်တော် အသိတစ်ယောက်လဲ အူအတက်ပေါက်တာဆိုပြီး မှားခွဲတာ မပေါက်လဲမပေါက်ပဲနဲ. ခွဲတော့ B ပိုးဝင်သွားလို. ကုလိုက်ရတာ

    ကဲ သူကြီးရေ အပေါ်က ကွန်မန့် တွေကို quote လုပ်တဲ့ သဘောက မြန်မာပြည်က ဆရာဝန်တွေ ဘယ်လောက် တာဝန်မဲ့မဲ့ ပြုမူနေသလဲ ဆိုတာပါ။ ဘယ်လောက် ပညာအရည်အသွေးချို့တဲ့ နေပြီကိုပြောတာပါ။ သူကြီးပြောတဲ့ ရောဂါဇစ်မြစ်ရှာတာ ဆရာဝန်အလုပ်ချည်းပဲ မဟုတ်ဘူးဆိုပါတယ်။ ဒါဆိုရင် မေသခင် ပြောတာဟာ ဘယ်လိုလုပ်ပါမလဲ။ အရင်ကလည်း ဒီစက်တွေမရှိခင်တုန်းက ရောဂါမှားကုတယ် ဆိုတာ ခပ်ရှားရှား ကြားဘူးပါတယ်။ ကိုရွှေတိုက်စိုးပြောတာဟာ ရောဘယ်လိုပါလဲ။ ဒီစက်တွေ တီထွင်လာတယ်ဆိုတာ က ဆုံးဖြတ်ချက် ရာနှုန်းပြည့်ကျော်လွန်တိကျ စေဖို့။ အချိန်ကုန်သက်သာဖို့ပါ။ ဆရာဝန်တွေကို တာဝန်မဲ့စေဖို့ မဟုတ်ပါဘူး။ စက်က စက်ပါပဲ လူကလူပါပဲ။ လူက တာဝန်အရှိဆုံး၊ လူက မှန်ကန်စွာ သုံးသပ် ဆုံးဖြတ်နိုင်ရမှာပါ။

  • fatty

    May 29, 2011 at 3:43 am

    မြန်မာပြည်မှာ ရောဂါကြီးကြီးမားမားဖြစ်လို့ဆရာဝန်ကြီးတွေနဲ့ပြတော့မယ်ဆိုရင် …….
    ဆရာဝန်ကြီးနှစ်ဦးနဲ့ပြကြည့်ပါ ……။
    ပထမဆရာဝန်က ပေးထားတဲ့သောက်ဆေးတွေကို ဒုတိယဆရာဝန်ကိုပြောပြရင် ………
    ဟာဒီဆေးဒီဆေးတွေက မလိုပါဘူးဗျ …. ဘာကြောင့်ပေးတာလဲ .. အဲဒါမသောက်နဲ့တော့ …..
    အဲလိုမျိုး … ဲဖြစ်တတ်ပါတယ် …။ တခါက အဲလိုဘဲ ကျနော်ကိုယ်တိုင်လုပ်ပါတယ် …..
    ဒီတခါကြတော့ ပထမဆရာဝန်ပေးတဲ့ဆေးနာမည်ရွတ်ပြတော့ .. ဒုတိယ ဆရာဝန်ကြီးက လုံ့းဝမကြား
    ဘူးပါဘူး … သူ့ဘေးက လက်ထောက်လေးက ဝင်ရှင်းမှ .. အင်းအင်းနဲ့ဖြစ်ပြီး .. အဲဒီဆေးမသောက်
    နဲ့တော့ဗျာတဲ့ …..။ ဒါနဲ့ ကိုယ့်ဖာသာဘဲ အင်တာနက်အားကိုးပြီး သောက်သင့်မသောက်သင့်ရှာရပါတယ်။ ….။ တခါတခါ ဆရာဝန်ကြီးတွေ အွန်တဲ့ဆေးတွေပြင်းလွန်း
    တယ်လို့လဲ အောက်က ဆရာဝန်လေးတွေက ပြောတတ်ကြပါသေးတယ် ..။

    • eros

      May 29, 2011 at 5:04 am

      ကဲ ဘယ်လိုလုပ်မတုန်း… မြန်မာဆရာဝန်တွေ ရဲ့ ကုသချက်တွေက ခပ်ရင့်ရင့် ပြောမယ်ဆိုရင် နှာစေး၊ ချောင်းဆိုး ကုတာလောက်ပဲ ရတော့တဲ့ ပုံဖြစ်နေပြီ။ လို့ခပ်ရင့်ရင့် ပြောတာ မလွန်ဘူးထင်ပါတယ်။

  • nature

    May 29, 2011 at 5:20 am

    မမှားသောရှေ့နေ မသေသောဆေးသမားဆိုတာမရှိပါ။ တဖြေးဖြေးနဲ့အမှားများလာတာတာကတော့ သင်ကြားရေးအပိုင်းမှာ အားနည်းနေလို့လား ပြီးစလွယ်လုပ်နေကြလို့လားမသိပါ။ လူ့အသက်တချောင်းကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါ။

  • ဆူး

    May 29, 2011 at 6:43 am

    ူထူးခြားတာ တခု ပြောမယ် ဆိုရင်..
    ဆေးခန်း သွားပြီး ကုမဲ့ ဆရာဝန် နာမည် ဆိုင်းဘုတ်ကိုဖတ်…
    ၁. ခွဲစိတ်အထူးကု ပါရဂူ
    ၂. အထူးကု ပါရဂူ

    ခွဲစိတ်မှာ ဝင်ကုမိရင်.. ဒါ ခွဲမှ ဖြစ်မယ်.. ခွဲရမယ်.. နောက်နေ့ ဘယ်နေ့ အဆင်ပြေမလဲ တခါတည်း ပြက္ခဒိန် ကိုင်ပြီး ရက်ရွှေးတယ်။

    အထူးကု သွားပြရင် ဆေးပေးတယ် မလိုပါဘူး.. ခွဲဖို့ မှ မလိုတာ.. ဆေးသောက် ပျောက်တယ်။

    ခွဲမဲ့ ဆရာဝန်က ခွဲမယ်..
    ကုမဲ့ ဆရာဝန်က ကုမယ်။

    သူတို့ ရဲ့ ဘွဲ့နဲ့ အားသာချက် အတိုင်း လုပ်ကြတယ်။

    အသိ တယောက် ဆီးကျင်ပြီး သွေးလေးတွေ ပါတဲ့ ဝေဒနာ ဖြစ်တော့..
    ဆီးနဲ့ ကျောက်ကပ် ပြတယ်.. ကျောက်ရှိတယ်.. မခက်ပါဘူး.. တံကျူတံလေးလို ဟာမျိုးလေး ထိုးသွင်းပြီး ကျောက်ကလေးကို ဆွဲယူလိုက်ယုံပဲ မခက်ဘူး။ မကြောက်နဲ့..
    နောက်ဆရာဝန် ပြတော့ မလိုပါဘူး.. ဆေးပေးတယ်။
    နောက်တော့ ဆေးလည်း သောက်.. ရေအေးကို လက်ဖက်ခြောက် နဲ့ သကြားနဲ့ သောက်တာ ကောင်းသွားတယ်။

  • zaw mon

    August 26, 2014 at 11:55 am

    မိုးကုတ်ဦးကျော်စိန် ရဲ့ လိပ်စာ နှင့် ဖုန်းနံပါတ်လေးလိုချင်ပါတယ်၊ သိရင်အမြန်တင်ပေးစေချင်ပါတယ်

  • ခင် ခ

    August 26, 2014 at 2:36 pm

    မှားယွင်းပြီးခွဲစိတ်မှုတဲ့ ဒီနိုင်ငံမှာမို့ပေါ့လေ အခြားနိုင်ငံတွေဆို ဆရာဝန်တော့ ပြသနာတက်ပြီဘဲ။
    လူ့အသက်တစ်ချောင်းကို အလေးထားသင့်ပါတယ်လေ။

  • alinsett

    August 26, 2014 at 3:47 pm

    အင်းးးး

    ပြန်တူးဖော်တဲ့သူရှိတော့… ပြန်ဖတ်မိတယ် ။
    ကိုယ့်ဘာသာဆို…
    ဒီအင်တာနက်လိုင်းနဲ ့…ပြန်ရှာရခက်ပါဘိ ။

Leave a Reply