ပညာရွှေအိုး …………..
ရှေးလူကြီးများ ထားခဲ့တာကတော့ ပညာရွှေအိုး … လူမခိုးတဲ့ …..။
ခေတ်တွေအဆက်ဆက်ပြောင်းလာတော့ ….. ပိုပြီးအဓီပ္ပါယ်ကျယ်ပြန့်လာရပါတယ် …။
လူခိုးတာမခိုးတာကနောက်မှ …. လောလောဆယ်တော့ ပညာအတွက် ရွှေအိုးလိုပြီ ….။
ဆယ်တန်းကျောင်းတယောက်အတွက် ………………………..
ဝိုင်းကျူရှင်ကြေး ……………. ၈၅၀၀၀ဝ ကျပ် ( ဘာသာစုံ )
အဲဒီဝိုင်းမှာ ဘာသာတိုင်းဆရာကောင်းတွေ မရှိနိုင်လို့ … ပိုပြီးတော့အမှတ်လဲကောင်းချင်လို့ .. ဘာသာတခုကို double ထပ်ရပါတယ် ..။
မြန်မာစာ ………….. ၃၀၀၀ဝ ကျပ်
အင်္ဂလိပ်စာ …………. ၃၀၀၀ဝ ကျပ် + ၄၀၀၀ဝ ကျပ် ( ဝင်ဝင်ချင်း စာရွက်စာတန်းကြေး )
သချာင်္ ……………… ၃၅၀၀ဝ ကျပ် ( ၉ တန်းကထဲကတက်ထားတဲ့ ကျောင်းသားဟောင်းအတွက်သာ )
ရူပဗေဒ ……………. ၃၀၀၀ဝ ကျပ်
ဓာတုဗေဒ ………………. ၂၅၀၀ဝ ကျပ် ( study guide မလိုဘဲ အပြီး သင်ရင် .. ၁၀၀၀၀ဝ ကျပ် )
ဘိုင်အို ……………. ၆၀၀၀ဝ ကျပ် ( study guide မလို )
အားလုံး အတွက် guide ………….. ၁၂၀၀၀ဝ ကျပ်
study guide ………………….. ၃၀၀၀ဝ ကျပ် ( အခုအခါ ကျောင်းသားများ ကိုယ်တိုင်စာမလုပ်ကြပါ study guide မှ ကူပြီး ကျက်ပေးရပါသည် )
ကျူရှင်အသွားအပြန် မောပြီးစာမလုပ်နိုင်လို့ နေ့စဉ် တက္ကစီခ ၃၀၀ဝ မှ ၅၀၀ဝ ကျပ် အတွင်း …..။
ရန်ကုန်မြို့မှ ကျောင်းသား အတော်များများ၏ ကုန်ကျစားရိတ်မှတ်တမ်းဖြစ်ပါသည် ..။
ဆရာများ အိမ်သို့ လာရောက်သင်သောအခါ ဧည့်ခံစားရိတ် ရှိပါသေးသည် ..။
ကျောင်းသားကို ဖင်မပြီး စားချင်တာကြွေး ဘရင်းကြက်ပေါင်းရေ တိုက် … အစရှိသည့် ကုန်ကျမှုများလည်းရှိပါသည် …။
အထူးမှာလိုသည်မှာ စိတ်ပျက်ပြီး … အပျိုကြီး လူပျို ကြီးများ မလုပ်ကြပါနှင့် …….။
11 comments
Snowy
May 27, 2011 at 4:16 am
အဲဒီလိုတော့လဲမပြောပါနဲ့ …. ဦးဖက်ရယ် နယ်မှာနေပြီးကျောင်းတက် ကျူရှင်မယူ ဂိုက်မရှိပဲ ဘာသာစုံဂုဏ်ထူး ထွက်တဲ့သူတွေ များကြီးပဲနော် 😀
fatty
May 27, 2011 at 6:54 am
နယ်ကနေ ထူးထူးချွန်ချွန် အောင်တဲ့ကျောင်းသားတွေကို တကယ်ချီးကျူးပါတယ်ဗျာ … ။ ကိုယ့်အသိစိတ်နဲ့
ကိုယ် ကြိုးစားကြတာပါ …။ ရန်ကုန်ကကောင်တွေကတော့ ဖင်မနေရတာဘဲဗျို့ …….။
antimoe
May 27, 2011 at 9:10 am
တို့မိဘတွေ..ဒီလိုမလုပ်ပေးနိုင်လို့ဆိုပြီး..အားငယ်တဲ့ကလေးတွေ အများကြီးရှိမှာပဲ။
တကယ်ဖြစ်ချင်တဲ့..ကလေးတစ်ယောက်အတွက်..ဒီလောက်ကုန်ပြီး..
သူသွားချင်တဲ့ ..နေရာကို ရောက်နိုင်မယ်ဆိုရင်..ကုန်ရ..ကျိုးနပ်တယ်။
ဂျပန်ကအသိ..ပရော်ဖက်ဆာက..သူ့သား..တော်ရဲ့သားနဲ့…၂နှစ်ဆက်တိုက်..ဆေးဝင်ခွင့်မရတာဟာ
တက္ကသိုလ်(နာမယ်မကြီးတကြီး)..ဘုတ်အဖွဲ့ကို..အလှူငွေ..မပေးလို့..ဆိုပြီး..နောင်တရ..ငိုတာ..ကြုံဖူးတယ်။
ပေါက်ဈေးက..သိန်း၂၀၀ဝခန့်..ဖြစ်ပါသတဲ့။
မိဘများတတ်နိုင်ရင်..လုပ်ကြပါ။
မိဘများမတတ်နိုင်ရင်..ကလေးများမိမိဖာသာ..လုပ်ကြပါ။
တောင်ပေါ်ကိုတက်တာ..ဓါတ်လှေကားနဲ့တက်တက်၊ ခြေလျင်တက်တက်
ရောက်ဖို့လိုရင်းပါ။
ရောက်ချင်စိတ်က..အဓိကပါ။
အခုကတည်းက..ဖင်..မ..နေရရင်..နောက်နှစ်တွေမှာ..ပိုဆိုးပါလိမ့်မယ်နော။
phyoshein
May 27, 2011 at 2:54 pm
ပညာရွှေအိုး. လူမခိုး..
ရွှေအိုး.. ရှိမှ ပညာရ..
ဟုတ်လည်း ဟုတ်ပါတယ်…
ဒီနေ့ခေတ်တွေမှာ… ပညာရေး အသုံးစရိတ်တွေ အတော်မြင့်နေခဲ့တယ်..
အစိုးရက သုံးတာ ဟုတ်ဘူးနော်.. ကိုယ့်ဘာသာကိုယ် သုံးရတာ..
မိဘတွေ ခမျာလည်း. သူတို့ သားသမီးတွေ ဘွဲ့လက်မှတ် တစ်ခု ရဖို့အရေး.. ရုန်းရကန်ရ…
အဲဒါတောင်မှ.. အချို့အချို့သော … မောင်မင်းကြီးသား..မယ်မင်းကြီးမများက.. ကျောင်းရောက်ရင်..
ပညာကို သေသေချာချာ မသင်ဘဲ… အချစ်နောက်..တကောက်ကောက်လိုက်သူများ.. နှလုံးသားစေရာ..
သွားသူများ.. အရက်သေစာ သောက်စားပြီး ကိုယ့်ကိုယ်ကို ကျောင်းသား အရေခြုံ…
အိမ်ကို မုန့်ဖိုးတောင်းသူများကလည်း ဒုနဲ့ဒေးရယ်ပါ…
ကိုယ်ကိုယ်တိုင်အပါအဝင်.. မိသားစုအတွက်.. အချိန်တွေ အလကား ဖြစ်သလို..
နိုင်ငံအတွက်ပါ.. နစ်နာစေပါတယ်..
မိဘဆရာ.. ဝိုင်းဝန်းပေး.. ကျောင်းသား ပညာရေးတဲ့.
အဲ… အုပ်ချုပ်သူ အစိုးရရယ်.. ကျောင်းသားကိုယ်တိုင်ရယ်လည်း. ဝိုင်းပေးဝန်းပေးဖို့ လိုမည်ထင်ပါကြောင်း…
nature
May 27, 2011 at 4:27 pm
ကျနော်နားလည်သလောက် ပညာဆိုတာအမှားအမှန် အကောင်းအဆိုးကို မှန်ကန်စွာ ခွဲခြားနိုင်တာ ပညာပါ။ ပထမအရွယ်မှာပညာရှာဆိုတာ အတန်းပညာတခုတည်းသင်ရုံမက ဘုရားဟောသုတ္တန်တွေ ကိုလည်း လေ့လာဘို့လိုမယ်ထင်ပါတယ်။
ကိုပေါက်(မန္တလေး)
May 27, 2011 at 4:48 pm
ပညာ=ရွှေအိုး=စီးပွားတိုး(အသပြာဆရာများ)
king
May 28, 2011 at 12:28 pm
ကျူရှင်သင်တဲ့ဆရာ
အသပြာ ဆရာများကိုသာ ပြောတာမဟုတ်လား ကိုပေါက်
ဆရာစိတ်ဓာတ်ရှိသူကတော့ အသပြာကိစ္စ စိတ်မဝင်စားတော့(အသပြာမတိုးပါဘူးဗျာ)
ဆရာဆိုတာ အခုခေတ်မှာ နာသုံးနာ (စေတနာ၊ ဝါသနာ၊ အနစ်နာ)အပြင် နမူနာ ဆိုတဲ့ နာတစ်နာလေးပါ
ထပ်တိုး ဆောင်ရွက်သင့်ပါတယ်လို့ …..
😛
Snowy
May 28, 2011 at 4:05 am
ရန်ကုန်မှာရှိတဲ့ ကလေးတွေအတွက်ကတော့ စာတော်လဲ အနောက်ကပိုက်ဆံမလိုက်နိုင်ရင် နေရာကောင်းကောင်းရဘို့လဲ မလွယ်ပါဘူး ….. အကိုဝမ်းကွဲတစ်ယောက် စစ်ဆေးတက်တော့ နောက်ဆုံး final မှာ oral exam ဖြေရတယ် စစ်တဲ့ professor တွေကိုသွားမကန်တော့ထားဘူး နောက် … result fail ဆိုပြီးထွက်လာတယ်.. အဒေါ်ကလဲသူ့သားကိုယုံတယ် … ယုံဆို ဆေးကျောင်းတောက်ရှောက်အမြဲတမ်း ဂုဏ်ထူးထွက်ခဲ့တာကိုး …. အမေရောသားရော result ထွက်တဲ့နေ့ က ငိုလိုက်တာ တစ်နေ့လုံး …. အကိုဆိုစိတ်ဓတ်ကျပြီး တစ်လလုံးအပြင်လဲမထွက် ဘယ်သူနဲ့မှလဲ စကားမပြောဘူး …… စိတ်ပြက်စရာ မြန်မာနိုင်ငံ ပညာရေးလောကပါ …. 🙁
bigcat
May 28, 2011 at 5:06 am
အဲဒီတော့ ပြည်သူကို ဒုက္ခပေးမဲ့ ငစစ်တကောင် လျော့သွားတာပေါ့ဗျာ။ စိတ်မပျက်သေးရင် ထိုင်းနယ်စပ်သွားပြီး ကျောင်းသားတပ်မတော်နဲ့ ဆက်သွယ်ကြည့်ပါလား။ အဲဒီတပ်မှာလည်း စစ်ဗိုလ်ဖြစ်နိုင်ပါသေးတယ်….
nigimi77
May 28, 2011 at 12:31 pm
ဟေ့ဟေ့ ကိုကြောင်ကြီး ခင်ဗျားတော့ ၇ရမမ နဲ ့ အထုခံရတော့မယ် …။ ဟင်း ဟင်း
king
May 28, 2011 at 1:32 pm
ကိုကြောင်ကြီးက
ထုမှာကို မမှုလို့ ပြောတာလေ
😛