Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နာရီ

z-ZJune 1, 20111min55416

နာရီ..

လူတိုင်းနာရီနဲ့ ထိတွေ့ဆက်ဆံဘူးမှာပါ…နာရီကိုအချိန်ပြကိရိယာ လို့ဘဲကျွန်တော်နားလည်ထားပါတယ်။လူတွေနေ့စဉ် လုပ်ရှားသွားလာနေတာကို နာရီကဘဲထိန်းချုပ်ထားပါတယ်။မနက်မိုးလင်းတာနဲ့ နှိုးစက် နာရီက ” ဟေ့ကောင်ထတော့ မင်းအိပ်ယာထဖို့အချိန်ရောက်ပြီ ….. မင်းအိမ်သာတက်မှာနဲ့ မျက်နှာသစ် ရေချိုးမှာနဲ့ဆို ဒီအချိန်မှမထရင် မင်းအလုပ်နောက်ကျတော့မယ် ” မိုးလင်းတာနဲ့ သူ့အမိန့်ကို စနာခံရတော့တာဘဲ။ နာရီအားကိုးနဲ့ ထရတာကိုး။”အလုပ် သွားဖို့အချိန်ရောက်ပြီ မင်းဒီအချိန်မှ အိမ်ကမထွက်ရင် ကားမမှီဘဲနေလိမ့်မယ်။”အလုပ်ထဲရောက်သွားရင်လည်း မင်းဒီနေ့ ဘယ်နှနာရီမှာ ဘယ်သူနဲ့တွေ့ရမယ်…ဘယ်နှနာရီမှာ အစည်းဝေးရှိတယ်… ပြီးရင်ဘယ်နှနာရီမှာဘာလုပ် ဘယ်အချိန်ကျရင် ထမင်းစား ဆိုပြီ နာရီ ရဲ့အစီအမံအောက်မှာဘဲ လုပ်ရှားနေရပါတယ်။
_______________________________

ဒီလောက်တောင်လူကိုထိန်းချုပ်နေတဲ့ နာရီကို လူတိုင်း အမြတ်တနိုးနဲ့ ဝတ်ဆင်နေသေးတယ်။ ငါ့နာရီက ဘယ်နှသောင်းပေးရတာ။ ဘယ်နှသိန်းပေးရတာ… ဆွစ်မိတ် အစစ်နော် ဘာ brand စသဖြင့်လည်း ဂုဏ်ယူ ဝင့်ကြွားစွာ ပြောနေကျသေးတယ်။….
နာရီဆိုတာမင်းကိုနာအောင်လုပ်ပြီးမှ သူကရီတာပါ…ဒါကြောင့် နာရီ ဆိုတဲ့ ပစ္စည်း ကျွန်တော့တို့ရဲ့ဘဝကို လွမ်းမိုးတာ မခံချင်လည်း ဆက်ခံနေရမှာပါဘဲ……….သူမရှိလို့မှမဖြစ်တာကိုး…..
____________________________ ။

16 comments

  • photwenty

    June 1, 2011 at 5:00 am

    ကျနော်တို.များကျတော. နာရီမသုံးဘူးဗျ
    ဝပ်ချ် ကိုသုံးတယ် အဲ. သူလဲစောင်.ကြည်.နေတာပဲဗျနော်.
    အိမ်မှာဆိုရင်တော. ကလော.ခ် ကိုသုံးတာပေါ.ဗျာ
    သူကတော.ပျော်စေချင်တယ်နဲ.တူတယ်ဗျ

  • zawinaing

    June 1, 2011 at 6:03 am

    ဝပ်ချ် ဘဲဖြစ်ဖြစ် ကလော့ခ် ဘဲဖြစ်ဖြစ် အားလုံးကို မြန်မာလို နာရီလို့ အားလုံးကို ခြုံပြီးပြောလိုက်တာပါ…

    😉

  • king

    June 1, 2011 at 6:48 am

    ကျွန်တော်ကတော့ နာရီကိုဆောင်မထားဘူးးး
    အချိန်ကိုသိချင်ရင် သူများကိုမေးကြည့်တယ်
    အဆင်ပြေရင် ဇာတ်လမ်းလေး ဘာလေး ဖြစ်ပေါ့
    😛 😛

    • mihninlay

      June 1, 2011 at 8:41 am

      ဒါဆိုအဘိုးကြီးတွေကိုသွားမမေးနဲ ့နော် တော်ကြာသူတို ့ကအရှည်ကြီးတွေးတတ်ပါဘိနဲ ့
      မင်းကအချိန်ဘယ်လောက်ရှိလဲလို ့မေးငါကဖြေတော့ရင်းနှီးသွားမင်းကငါ့အိမ်လာလည်ငါ့သမီးကိုမင်းကတွေ ့ပြီးကြိုက်တော့မင်းလိုနာရီတောင်မရှိတဲ့ကောင်နဲ ့မပေးစားနိုင်ဘူးဆိုပြီးအော်လွတ်လိုက်မယ်နော် လူကြည့်မေး… 😛

      • king

        June 1, 2011 at 1:42 pm

        အဲဒီလိုတွေးရင်တော်သေးတာပေါ့
        တော်ကြာ
        ဒီကောင်က နာရီမပတ်ဘူး
        နာရီအချိန်ကို အတိအကျမလုပ်ဘူးဆိုတော့ မြန်မာနိုင်ငံကလူဖြစ်ရမယ်
        ရွှေမြန်မာလည်းဖြစ်ပြန် နာရီအတွက် အပိုငွေမသုံးဘူး စစ်စီတယ်
        အဲဒီအတွက် သမီးကညာလည်း အခါမလင့်ရအောင်
        ကဲ ရွာစားရေ
        လာလေရော့ဆိုပြီး ဆွဲခေါ်သွားရင်တော့
        ရေတိမ်နစ်ရချည်ရဲ့
        😛 😀 🙂 🙁

  • etone

    June 1, 2011 at 8:12 am

    နာရီ မပတ်တာ နှစ်နဲ့ ချီနေပြီ …. အလက်ဂျီဖြစ်လို့ 😛

  • ဆူး

    June 1, 2011 at 1:22 pm

    ဒို့ရွာက ဘဂျီးပု ဆိုရင် နာရီကို လုံးဝ အားမကိုးဘူး။
    နာရီ အမိန့်ပေးတာ မခံဘူး။
    ကြက်ဖကြီး ကိုပဲ အားကိုးနေတာ.. 😛

    • king

      June 1, 2011 at 1:38 pm

      ကြက်ဖကြီးက ရှိတော့ဘူး ကြောင်ကြီးစားသွားလို့
      (မှတ်ချက်။ MG မှ ကိုကြောင်ကြီးနဲ့ သက်ဆိုင်မှုမရှိပါကြောင်း)
      :p

  • nature

    June 1, 2011 at 3:06 pm

    ကြောင်ကြီးလည်းမရှိတော့ဘူး ၊ တနေ့ကပဲသူကြီးချက်စားပြီး အရက်နဲ့ မြည်းလိုက်ပြီ၊ သူကြီးကိုတော့ဦးလာဘမရှိတော့ဘယ်သူချက်လာပြီး ချက်စားဦးမလဲမသိဘူး။

  • ဆူး

    June 1, 2011 at 3:14 pm

    သဂျီး ဘုရား ရွာသား ကောင်းမှု.. ကြားဖူးတယ် မလား..
    သဂျီး အသား ဝိုင်းစားကြစို့ ဆိုတဲ့ ဆောင်ပုဒ် ပြောင်းလိုက်ရင်.. ဘယ်သူတွေ စားကြမယ် ထင်သလဲ..
    ဟိုနားက ထန်းရည်ဝိုင်းက ကိုရင်တွေ ထပြီး အမြည်း လုပ်ကြလိမ့်မယ် ထင်တယ်။

  • noob

    June 1, 2011 at 7:42 pm

    ဟိုမင်းသားလေ ဟိုမင်းသားတွေပေါ့ ဇာတ်ဝင်ခန်းတိုင်း လိုလို နာရီလုံးဝမဝတ်ဘူး ဝတ်ခဲ့ရင်လဲ အဲဒီအခန်း……ရောက်ရင် ချွတ်ပလိုက်တယ်ဂျ အဲဒီမင်းသားတွေကို အားကျတာနဲ ့ နာရီဆိုတာ မဝတ်ဖြစ်တော့တာပါ

  • kai

    June 1, 2011 at 11:06 pm

    အချိန်က..လူကလုပ်ထားတာပါ..
    လူတွေက အသိအမှတ်ပြုထားလို့သာ ဖြစ်တယ်ဆိုပါတော့..။

    ပရိုဂရမ်မာတယောက်ယောက်က …တရက်မှာ ၂၅နာရီရှိတဲ့
    တနာရီမှာ.. မိနစ်၇၀..။ တမိနစ်မှာ… ၁၀ဝစက္ကန့် ပြတဲ့.. နာရီပရိုဂရမ်ရေးပေးပါလား..။
    ပျော်စရာကောင်းမယ်..။ 🙂

    • nature

      June 1, 2011 at 11:43 pm

      အဲဒီပရိုဂရမ်တော့မရေးတတ်ဘူး၊ ရေးတတ်တဲ့ ပရိုဂရမ်လေးတခု မေတ္တာနဲ့ပေးလိုက်မယ်၊ point တွေကို ကျပ်ကနေဒေါ်လာပြောင်တဲ့ program ပဲ။ …တိန်…၊(သူကြီးမှဂဲနှင့်လှမ်းထုသောအသံ).. 🙂

  • bigcat

    June 2, 2011 at 2:59 am

    ကြောင်ကြီး ရှိမရှိတာထက် ရွာထဲမှာ ငှက်ကြီးပျောက်နေတာ ကြာပြီ။ ကြောင်ကြီးနဲ့မဆိုင်ဘူးနော်……

  • ဆူး

    June 2, 2011 at 4:52 am

    ကြက်ပျောက် ငှက်ပျောက် ကြေညာထဲမှာ ငှက်ကြီး ကို ထည့်လိုက်ရမလား။

  • မမလေး

    June 4, 2011 at 4:34 am

    တစ်ခါတစ်လေ ကိုယ်ပျော်နေတဲ့အချိန်ဆို နာရီဆိုတာ ကိုမကြားချင်ဘူး … အချိန်ကုန်မြန်နေလို့
    တစ်ခါတစ်လေ စိတ်လေပြီး ပျင်းနေရင် နာရီဆိုတာ ကိုအမြင်ကတ်တယ် … အချိန်တွေကြာလွန်းလို့

Leave a Reply