Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တွေ ့ဆုံပွဲရောက် Member တစ်ဦးအကြောင်း

moonpoemJune 5, 20111min64741

ယနေ ့မနက် တနင်္ဂနွေဖြစ်သည့်အားလျော်စွာ ကျွန်မ အားရပါးရ အိပ်လိုက်သည်မှာ
၁ဝနာရီထိုးမှနိုးသည်။ မန်ဘာတွေ ့ဆုံပွဲချိန်းထားသည့်အချိန်သည် ၁၁နာရီဖြစ်သည်ကို
လည်း သတိရမိသည်။ တွေ ့ဆုံရန်နှိုးဆော်ထားသူက ကိုယ်ဖြစ်ပြီး နောက်ကျနေပါက
မန်ဘာသူငယ်ချင်းများ ဆူမှာ ဆဲမှာ ကြောက်သည့်အတွက် မြန်မြန်ရေချိုးကာ တော်ဝင်စင်တာသို ့သွားသည်။
တော်ဝင်စင်တာအောက်ထပ်တွင် A4 စာရွက်ကိုင်ထားသူများတွေ ့သော်လည်း သူတို ့က အဖြူရောင်အကျင်္ ီဖြင့် မဟုတ်ကြ ။
ထို ့အပြင်ချိန်းထားသည်မှာကလည်း တော်ဝင်စင်တာ အောက်ထပ်တွင် မဟုတ်။ ပထမထပ်ရှိ
မောနင်းစတားဖြစ်သည့်အတွက် သူတို ့မဟုတ်ဟု ထင်သည်။ ထို ့ကြောင့်
အပေါ်ထပ်သို ့ပင်တက်သွားလိုက်သည်။ အပေါ်ထပ်တွင် အကျီင်္ အဖြူရောင်
ဝတ်ထားပြီး ထိုင်နေသည့် စုံတွဲတွေ ကို တွေ ့သည်။ ထို ့နောက် မိသားစုလိုက်
ဝင်လာကြသော သူများကိုလည်း တွေ ့သည်။ မိသားစုဆိုတော့လည်း မဖြစ်နိုင်ဟု ထင်သည်။
ဒီတော ့ အချိန်စောသေးလို ့ပဲ မလာတာ ဟုထင်ပြီး ကော်ဖီမှာသောက်သည်။
၁၅မိနစ်အကြာတွင် ဗိုက်ဆာသဖြင့် ထမင်းမှာစားသည်။ အအေးတစ်ခွက်သောက်သည်။
မောနင်းစတား စားပွဲထို းမန်နေဂျာကို ပင် အဖြူရောင် နှင့် အနက်ရောင် ဝတ်ထားသည့်အတွက်
မန္တလေး ဂေဇက် မန်ဘာ လားဟု မေးလိုက်မိသဖြင့် အနည်းငယ်
အရှက်ကွဲခဲ့ပါသည်။ ဘေးနားမှ ၃ယောက်ထိုင်နေသော ဝိုင်းရှေ့တွင် မြေပုံစာရွက်လိုက်
ချထားသဖြင့်စားပွဲထိုးကို သွားရှိူးပြီး မေးခိုင်းလိုက်သေးသည်။ ဘယ်သူမှ ဟုတ်ပုံမရပါ။
၁၂နာရီထိုးသည့် အချိန်အထိ အရိပ်အရောင် မတွေ ့သဖြင့် ဟိုပတ်ဒီပတ်လုပ်ပြီး
အိမ်ပြန်ခဲ့ပါသည်။ သူငယ်ချင်းတွေ မအားလို့ပဲလား ။လာပြီး မတွေ ့မိကြတာပဲလားတော့
မသိပါ။ ကျွန်မကတော့ တစ်ယောက်ကိုမှ မတွေ ့ခဲ့ပါ။ ကျွန်မကတော့ ကျွန်မကတိ
အတိုင်းရောက်အောင်လာပြီး ခုံနံပါတ်၂ဝတွင် တစ်ယောက်တည်း ထိုင်ကာ
စားပြီး သောက်ပြီး အိမ်ပြန်ခဲ့ပါသည်။ ကံမကြုံလို ့မဆုံဖြစ်ကြသေးတာဟုပဲ ထင်ပါသည်။
နောင်တစ်ချိန်ချိ်န်ပေါ့ သူငယ်ချင်းတို ့ရယ်။

41 comments

  • nature

    June 5, 2011 at 6:58 am

    တွေ့ချင်လို့ မသိမသာ လာသွားတဲ့သူတွေရှိတယ်။

    • moonpoem

      June 5, 2011 at 7:02 am

      nature ကလာခဲ့တယ်ဆိုရင် ဘာဖြစ်လို ့ ဆိုင်ထဲကို ဝင်မထိုင်တာလဲ။

  • moonpoem

    June 5, 2011 at 6:58 am

    မှတ်ချက်။ ။ လာဖြစ်ပြီး ဆိုင်ထဲမှာ ရှိလျက်နဲ ့လွဲခဲ့ရတယ်ဆိုရင်လည်း ဘယ်နားမှာ ထို်င်ခဲ့တာ ဘယ်လိုပုံစံ ဆိုတာပြောပြပေးပါနော်။ ကျွန်မက ဘယ်သူ ့ကိုမှ မတွေ ့ခဲ့ရပေမယ့် ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေ ပုံစံကိုမှတ်ခဲ့တဲ့ အတွက်ကြောင့် သူငယ်ချင်းတို ့တွေ ပြောပြရင်တော့ မှတ်မိမယ် ထင်တယ်။ အကျင်္ ီအဖြူရောင် ပါတိတ်လုံချည်နဲ ့အစ်မ၊ အကျီ င်္အဖြူ နဲ ့ဘောင်းဘီတို ဝတ်ထားတဲ့ ကောင်မလေး ချောချောလေး နှစ်ယောက်ကို တော့ တွေ ့တယ် ။ သူတို ့က ကောင်လေးတွေ နဲ ့ဆိုတေ့ာ မဟုတ်ဘူးလို ့တော့ ထင်ပါတယ်။

    • PaukPhaw

      June 5, 2011 at 7:50 am

      “အကျီ င်္အဖြူ နဲ ့ဘောင်းဘီတို ဝတ်ထားတဲ့ ကောင်မလေး ချောချောလေး နှစ်ယောက်”
      ဆိုတော့ .. စိတ်ဝင်စားတွားတယ်..
      နောက်တော့မှ
      ” ကောင်လေးတွေနဲ ့ ” ….တဲ့…
      ဂစ်..ဂစ်.ဂစ်..

  • king

    June 5, 2011 at 9:49 am

    ကျွန်တော်တက်ရောက်ဖြစ်မယ်ဆိုပြီး မတက်ရောက်နိုင်အတွက် ခွင့်လွှတ်ပါဈ
    လာချင်ပေမယ့် အကြောင်းမတိုက်ဆိုင်လို့ မလာဖြစ်တာပါ
    အကြောင်းက လူမှုရေးလည်းမဟုတ်
    တာဝန်ဆိုတော့ ငြင်းလို့မရဘူးလေ
    တာဝန်ကျေပွန်လွန်းရင် လူမှုရေးဘက်မှ အားနည်းတတ်တယ်တဲ့
    အဲဒါကြောင့် King (တကယ့်king တော့ မဟုတ်ပါဘူး ခပ်ကင်းကင်းနေကြလွန်းလို့ပါ) ဆိုတဲ့အတိုင်း
    အပေါင်းအသင်းတွေနဲ့ ကင်းကွာနေသူတစ်ယောက်မို့ နားလည်ပေးပါ …
    နောက်တစ်ကြိမ် တွေ့ဆုံပွဲအတွက် ကြိုတင်ခွင့်ရက်ရှည် ယူထားမည်ဖြစ်ကြောင်းပါ
    ပြောကြားရင်းနဲ့ပါ
    အနူးအညွှတ်တောင်းပန်လိုက်ပါတယ်
    😀

  • minhtetthar

    June 5, 2011 at 11:04 am

    ဒါဆိုရင်….မန်းလေးမှာ….မန်ဘာတွေ့ဆုံပွဲလေးတစ်ခုလုပ်မယ်လေ…..သူငယ်ချင်းတို့အားတဲ့ရက်လေးပေါ…
    ကျွန်တော်ကမန်းလေးကပါ…

  • yyin123

    June 5, 2011 at 11:33 am

    ကျမက အဝေးကိုရောက်နေပေမယ့် ဒီမန်ဘာတွေ့ဆုံပွဲ သတင်းလေးကို နားစွင့်နေမိတာ။ အဲဒီလို ကတိမတည်တာကိုတော့ မကြိုက်ဘူး။ သွားရတဲ့သူက ကြောင်တာပေါ့နော်….

  • တညင်သား

    June 5, 2011 at 2:21 pm

    M G ရဲ့ မန်ဘာအဖွဲဝင်တယောက်အနေနဲ့ လာချင်ပေမဲ့ ဘယ်လိုနည်းနဲ့မှလာလို့ မရသည့်အတွက်..မလာနိုင်တာကိုခွင့်လွတ်ပါ… ချိန်းထားပြီး မလာနိုင်သူများကို အကြာင်းကြာင်းတွေရှိကြပေမဲ့ ဂတိမတည်သောသူများ အပေါ်ယံ ရွှေမှုံ ကျဲ ကြောက်စရာကောင်းသော သရဲဘောကြောင်သော စိတ်ထားပိုင်ရှင်များအဖြစ် သတ်မှတ်ပါတယ်..လာကြည့်ပြီး ပြန်သွားသူများလည်း ရှိကောင်းရှိနိင်ပါတယ် ..နေရာမှားပြီးရောက်သွားတာလဲ ရှိကောင်းရှိနိင်ပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဂတိတည်သူ မန်ဘာအချင်းချင်းခင်မင်ချင်သူအနေနဲ့ moonpoem ကို အထူးပဲ လေးစား ဂုဏ်ယူပါတယ် ခင်ဗျားးးးးးးးးးးး

  • မမလေး

    June 5, 2011 at 4:33 pm

    Nature က … တွေ့ချင်လို့ မသိမသာ လာသွားတဲ့သူဖြစ်မယ် … ကြည့်ရတာ … ဒီကတော့ သိတာ တစ်ရက် နောက်ကျသွားလို့ မဟုတ်ရင် ကိုယ်လည်း အူလည်လည်ဖြစ်မှာသေချာတယ် ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 5, 2011 at 6:59 pm

    ကျုပ်ကတော့ မသွားနိုင်တဲ့အတွက်
    လုံးဝင်ပြီးမဖောလ်းထားဘူးနော်
    ဖောလ်းထားတဲ့သူတွေအနေနဲ့
    moonpoem ကိုတောင်းပန်သင့်တယ်
    moonpoem အနေနဲ့လည်း ငါ့နယ် ညံ့လိုက်တာနော်လို့ဆိုပြီး
    သွားတုန်းက ကိုင်သွားတဲ့ A4 စာရွက်ကို
    ရေစိမ်ပြီးသာက်သင့်တယ် 😀 😀 😀

  • photwenty

    June 6, 2011 at 4:11 am

    အစ်မရေ.
    ကျနောလာတယ်ဗျ
    ၁၁ ခွဲကျော်ကျော်လောက်မှရောက်လာတာဗျာ
    နောက်ကျသွားတော. မမှီတော.ဘူးထင်တာ ဆိုင်ထဲဝင်ထိုင်သေးတယ် လက်ထဲမှာလဲစာရွက်လိပ်ပြီးကိုင်ထားသေးတယ်ဗျာ
    ကျနော်ထိုင်သွားတာက ဆိုင်ထောင်.တည်.တည်လေ ဆိုဖာ ဆက်တီနဲ. ခုံမှာထိုင်သွားတာ အင်္ကျီကတော. အဖြူနဲမဟုတ်ဘူးဗျာ
    ESPRESO ကော်ဖီတစ်ခွက်မှာသောက်ပြီးပြန်သွားရတယ်ဗျာ

  • manawphyulay

    June 6, 2011 at 4:12 am

    အမှန်ပြောရရင်တော့ အစကောင်းမှ အနှောင်းသေချာဆိုသလိုပေါ့။ မနော နည်းနည်း ဝင်ပြီး ဆရာလုပ်ကြည့်တာ။ စပြီး တွေ့ဆုံပွဲလုပ်မယ်ဆိုကတည်းက နောက်တာလို့ လူတွေက ထင်သွားတာက တစ်ကြောင်းပေါ့လေ… နောက်တစ်ချက် ဒီမှာက လူငယ်တွေကြီးပဲ စုနေတာမဟုတ်သလို လူကြီးတွေကြီးပဲလည်း ဖတ်မှတ်ရေးသားနေတာ မဟုတ်တော့ လူကြီးလူငယ်အရွယ်စုံရှိတာပေါ့။ ဒါကို တွေ့ဆုံပွဲအတွက် တစ်ယောက်ယောက်က ဦးဆောင်ပြီး နေရာအတိအကျ လူဦးရေ ဘယ်သူတွေလာမယ်ဆိုတာ အရင်စလုပ်ထဲက အတိအကျလုပ်သင့်ပါတယ်။ တွေ့ဆုံပွဲဖတ်မိလိုက်ထဲက ရှုံးနိမ့်သူနှင့် မွန်းပါဝါပဲ တွေ့ဆုံဖို့ အစီအစဉ်ရှိနေတာကို သိထားခဲ့ပါတယ်။ ခုရှုံးနိမ့်သူနဲ့ပါ မတွေ့ဖူးဆိုတော့ တစ်ယောက်ထဲသွားရတဲ့သူအတွက် မကောင်းဖြစ်သွားတာပေါ့။ ဒီလိုမှန်းသိရင် မနောလာခဲ့ပေးပါတယ်။ လေးဖက်ကတော့ လာချင်ပေမယ့် လူငယ်တွေကြားထဲဆိုတဲ့အတွေး ရှိနေတာဟာ နည်းနည်းတော့ ပြင်ပေးပါဦးနော်။ ခုလိုနည်းပညာတိုးတက်နေတဲ့ခေတ်မှာ လူကြီးလူငယ်ရယ်ဆိုတဲ့အတွေးမရှိတော့ပါဘူး။ စိတ်တူရင် လူတူပါတယ်လို့ ဒီနေရာကနေ ပြောလိုက်ပါရစေရှင်…

  • photwenty

    June 6, 2011 at 4:13 am

    နောက်ကျပြီးမှရောက်လာတဲ. အတွက်တော. အစ်မ တို.တွေကို
    လေးလေးနက်နက်ကိုတောင်းပန်ပါတယ်

  • meengelay

    June 6, 2011 at 4:53 am

    သေချာတဲ့တွေ့ဆုံပွဲ တစ်ခုဖြစ်ဖို့အတွက် ဖိတ်စာတွေ ပို့ဖို့ လိုပါတယ်. ဖိတ်စာတွေနဲ့မှ လာလို့ရမယ် . ခုက စနောက်တယ်ထင်ပြီး မလာကြတာပါ.. နောက်တစ်ခေါက် ထပ်ပြီး ဆုံဖို့ချိန်းကြရအောင်နော် အဖွဲ့ဝင်များ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 6, 2011 at 6:31 am

    ဒီလိုလုပ်ကြပါလားဗျ
    တစ်ယောက်ယောက်ကနေပြီး
    နောက်ထပ် ပို့စ်တစ်ခုထပ်တင်လိုက်ပေါ့
    ပြီးရင် တင်တဲ့သူကိုယ်တိုင်က
    E ပေးလိုက်ပေါ့ ပြီးရင်
    E အချင်းချင်းဆက်သွယ်လိုက်
    E ထဲကနေ အတည်ပြု
    E ထဲမှာဘဲ နေရာကိုချိန်လိုက်
    E ထဲကနေဘဲ ကောင်မရေ ငါကတော့ အတွင်းခံဘောင်ဘီဘာအရောင်လေးဝတ်လာမယ်
    E ထဲကနေဘဲ ကောင်မရေ ငါကတော့ ဘုတ်ပဲမကြီးဟ ဆိုပြီးတော့ လုပ်ကြပေါ့
    တွေ့ဆုံပွဲတွက်တော့
    လောလောဆယ် ကြိုက်သလောက်စားပြီး ကျသလောက်ရှင်းထားကြပါ
    လူစုံတဲ့ပွဲလေးဖြစ်လာတစ်ကယ်ဖြစ်သွားရင် ကုန်ကျစရိတ်ကို
    ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု မှ သင့်တော်ရာသူတစ်ဦးသီးထံကို ငွေလွှဲပေးမည်ဖြစ်ပါကြောင်း။
    ကျွန်တော့မှာလည်း ခလေးတွေ အကြွေးတွေနဲ့မို့ ငါးဆယ်ဒေါ်လာထက်ကျော်လျှင်တာဝန်မယူပါ။
    လောလောဆယ်
    E ထဲကနေ သဂျီးမှ အာမခံပေးပါလိမ့်မည်။
    ( ဒါက အရည်ချင်းစစ်တဲ့ပွဲလေးတစ်ပွဲလို့လဲခေါ်တယ်ဗျ ပါးပါးလေးပါ
    လုပ်ငန်းဆောင်တာတစ်ခုကို ခင်ဗျားတို့ဘယ်လောက် စွမ်းစောင်နိုင်သလဲဆိုတာပြတဲ့ပွဲလေးပါဘဲ
    ဒီလောက်ပွဲကလေးကိုမှ ခင်ဗျားတို့မလုပ်နိုင်ဘူးဆိုရင်ဖြင့်
    အဟတ်ဟတ်…)

    • etone

      June 6, 2011 at 10:19 am

      လူဆိုး …တချိန်လုံး E ပဲ အော်နေတယ်…။
      အဲ့လို ခေါ်တဲ့လူ …သူပြီးလျှင် အဘပုက ဒုတိယလူနော် 😛 😛 😛

  • Foreign Resident

    June 6, 2011 at 8:06 am

    feel sad for Moon poem.

  • ကိုင်း… moonpoem ရေ
    ကျွန်တော်ကတော့ အင်တာနက် မသုံးဖြစ်တဲ့အတွက် စာတွေတောင် သိပ်မတင်ဖြစ်တော့ပါဘူး
    ဒါပေမယ့်မနေ့ကတော့ အဲဒီဆိုင်ထဲမှာ ဝင်ပေါက်ကနေ လှမ်းဝင်လိုက်ရင် မြင်နေရတဲ့ ထောင့်ဆုံးက Sofa ခုံမှာ ထိုင်နေတဲ့ (တစ်ယောက်တည်းတော့မဟုတ်ဘူးပေါ့လေ:D)၊ ၁၂းဝဝ ထိရှိနေတဲ့ ဂျင်းဘောင်းဘီနဲ့ ဦးထုပ်အနက်ဆောင်းပြီး ကင်မရာတစ်လုံးနဲ့ အလုပ်များချင်ယောင်ဆောင်နေတာပါ။ ဘာပဲပြောပြော ကျွန်တော်လဲ မှတ်မိလိုက်ပါတယ်ဗျာ.. ဘယ်သူဆိုတာကို.. ရောက်အောင်လာခဲ့တယ်နော်.. ကျေနပ်မယ်ထင်ပါတယ်.. ရန်ကုန်မှာ ဒီလကုန်ထိ ရှိနေပါဦးမယ်.. ဒီအတောအတွင်းမှာတော့ စာတွေရေးဖြစ်မယ် မထင်ပါဘူးခင်ဗျာ 😛

    • char too lan

      June 6, 2011 at 9:33 am

      ဒါဆို ဟိုနေ့က ဓနမင်းနားမှာတွေ ့လိုက်တာ ရှုံးလူ လို့ထင်မိတယ် ဟုတ်နေမလား ???? @_@

  • photwenty

    June 6, 2011 at 9:11 am

    ရယ်တော.ရယ်ရသားဗျ နော်.
    တွေ.ဆုံပွဲမှမဟုတ်ပဲ
    လူချောင်းပွဲဖြစ်နေတာပဲဗျ

  • manawphyulay

    June 6, 2011 at 9:19 am

    တွေ့မယ်လို့ပြောတဲ့ ရှုံးနိမ့်သူက လာတဲ့သူကို ဘာလို့သွားပြီး မခေါ်တာလည်းဆိုတာလည်း သိချင်ပါတယ်…

  • photwenty

    June 6, 2011 at 9:22 am

    တကယ်ဆို ကိုရှုံးလူမကောင်းဘူးဗျာ
    MG ကမှန်းလဲသိရက်နဲ. ပြီးတော. ဒီပွဲကိုစပြီးအကြံပြုခဲ.တဲ.သူတစ်ယောက်အနေနဲ. အစ်မ ကို
    ခေါ်သင်.ပါတယ်(ကျနော်.အမြင်)
    အခုတော.မိန်းခလေးတစ်ယောက်အနေနဲ. မကောင်းဘူးပေါ.ဗျာ

  • rabbit

    June 6, 2011 at 10:24 am

    member တွေ တွေ့ဆုံပွဲရှိတာ ဖတ်လိုက်ရပေမဲ့နောက်နေတာလို့ထင်တာ … တစ်ကယ့် gathering တစ်ခုလို သေချာ ဖိတ်တာ ကြေငြာတာမျိုးလဲ မရှိတော့လေ … ဆုံချင်ပါတယ် .. နောက်တစ်ကယ်စီစဉ်တာဆို လာဖြစ်အောင်ကြိုးစားလာပါ့မယ် ..

  • cobra

    June 6, 2011 at 10:39 am

    ကဲ..
    ကျွန်တော်အလှည့်ရောက်ပါပီ…
    ကျွန်တော်လည်းလာခဲ့ပါတယ်အမ…
    အဝကနေကြည့်ပီးပြန်လှည့်သွားတာပါ….။
    မြင်တဲ့သူတော့မြင်မိမှာပေါ့…
    ကျွန်တော်ကဘောင်းဘီအတိုနဲ ့ခြေသလုံး၂ချောင်းစလုံးမှာtattooတွေထိုးထားပါတယ်။
    ကျောပိုးအိတ်အစိမ်းနဲ့ပါ။
    ဘာလို့ဆိုင်ထဲမဝင်တာလဲဆိုတာကိုလည်းရှင်းပြပါ့မယ်
    ကျွန်တော်တော်လာတာကနောက်ကျတယ်လေ….အမmoonpoem က၁၂နာရီထိစောင့်မယ်လို့ပြောထားတော့
    ကျွန်တော်နောက်ကျပင်မယ့်လာခဲ့ပါတယ်။
    ကျွန်တော်တထင်တာကတော့
    အော်သူများတွေလည်းရောက်နေလောက်ပီပေါ့
    ခုလောက်ဆိုငါတို့ M G ကလူတွေဝိုင်းကတော်တော်များနေပီပေါ့လို့ထင်တာလေ။
    တကယ်လဲရောက်ရော လူအများဆုံးရှိတဲ့ဝိုင်းကိုကြည့်တော့ ၄ယောက် ၃ယောက်
    ဝိုင်းတွေကိုကြည့်တော့လည်းA4စာရွက်တင်ထားတာမတွေ ့ရဘူးလေ….
    ကျွန်တော်ကိုယ်တိုင်ကလည်းA4စာရွက်ကိုကျောပိုးအိတ်ထဲထည့်ထားတာတခြားသူတွေကိုတွေ ့မှ
    စာရွက်ထုတ်မယ်ဆိုပီးတော့ပေါ့….
    အခုတော့အားလုံးလွဲကုန်ရော…
    ဒါပေမယ့်အမmoonpoem ကိုတော့ချီးကျူးပါတယ်လေ….။

  • mayhtet

    June 6, 2011 at 2:15 pm

    မန်းလေးကိုဘယ်တော့ရောက်မလဲ
    မန်ဘာတွေတွေ့ဆုံချင်လို့ဘဲ ညီမကမန်းလေးသူမို့ဘဲ
    ရန်ကုန်မှာလုပ်ပြီးပြီဆိုတော့ လူမှဆုံဘူးတစ်ယောက်ဘဲလာတာဆိုတာ moonpoem ကိုချီးကျူးပါတယ်။
    ကတိတည်တဲ့အတွက်။ ညီမလဲမန်းလေးမှာမန်ဘာတွေ့ဆုံပွဲကျရင် ညီမလဲရောက်အောင်သွားချင်တယ်။
    ညီမတို့မန်းလေးက မန်းသားကြီးဦးပေါက်ကို မန်ဘာတွေ့ဆုံပွဲမှာ အကြီးအမှူး ခန့်ထားလိုက်မယ်လေ။

  • mihninlay

    June 6, 2011 at 2:51 pm

    mayhtet ကမန်းလေးကပဲလား…မိနှင်းလေးလဲမန်းလေးကပဲနောက်ဆယ်ရက်လောက်နေရင်မန်းလေးပြန်ဖြစ်မယ်…အဲမှာလေးပေါက်ကိုပြောပြီးတွေ ့ရအောင်လေ

  • narziparty2009

    June 6, 2011 at 4:14 pm

    အားလုံးအားကြမယ်လို.ထင်တဲ.သီတင်းကျွတ်ပိတ်ရက်တွေမှာလုပ်တာပိုကောင်းမယ်ထင်တယ်။
    အခုဆိုကျွန်တော်တို.လည်းမလာနိုင်ဘူးအလုပ်မနားရတာနဲ.။

  • mayhtet

    June 6, 2011 at 11:50 pm

    မိနှင်လေးကလဲ မန်းသူလေးလား မေထက်ကလဲ မိနှင်းလေးနဲ့တိုင်ပင်ပြီး ဦးပေါက်နဲ့သွားတွေ့မယ်လေ
    နောက်ထက်ဒီထဲမှာမန်းသူ/သား တွေအများကြီးရှိအုန်းမယ်ထင်တယ်။
    မန်းသူ/မန်းသား မောင်နှမတွေ တွေ့ဆုံကြမယ်လေ
    ဒါပေမဲ့ လူချောင်းပွဲတော့မဖြစ်စေချင်ဘူးနော်

  • တညင်သား

    June 7, 2011 at 3:37 am

    အင်း ဟုတ်တယ် တို့ မန်းသား/မန်းသူ တွေ ဆုံကြမယ် ဘယ်မှာဆုံမလဲပြောကြပါ.. ကျွန်တော်လဲ မန်းသားဗျ ..ဒီရွာထဲ လိုက်လိုက်မန်းနေတာ….:)

  • nigimi77

    June 7, 2011 at 4:33 am

    မနောဖြူ ဝင် ဖော မှပဲ ဝက်ကလေး လကဗျာလဲ မွန်းပါဝါ ဖြစ်တော့တယ်။

    • bigcat

      June 7, 2011 at 4:42 am

      ေဩာ် တပ်မ၇ရ ကလည်း မျက်မှန်တပ် ထားရပါတယ်ဆိုနေမှ…

  • mnoe

    June 7, 2011 at 4:53 am

    သတ္တိရှိရှိနဲ့ ့ ကတိအတိုင်း တစ်ယောက်တည်း လာထိုင်စောင့်သွားရှာတဲ့ Moonpoem ကို လေးစားချီးကျူးပါတယ်။ ကျေးဇူးလည်းတင်မိပါတယ်။ တစ်ယောက်တည်းကြောင်နေမဲ့အဖြစ်ကို မြင်ယောင်မိရလို့ စိတ်မကောင်းလည်းဖြစ်မိပါတယ်။ mnoe ကတော့ ဒီလိုချိန်းကြတာကို နောက်တယ်လို့မထင်ဘဲ တကယ်လာကြမယ်ထင်တာ။ ပြီးတော့ ရွာထဲမှာ ကိုယ်ကပဲသူများတွေကို သိပြီးတစ်ဘက်သက်ရင်းနှီးနေရတာလေ။ သိပ်ဝင်မပြောဖြစ်တော့ ပြောပြရင်တောင် ကိုယ့်ကိုဘယ်သူမှန်း ဘယ်သူမှသိမှာမဟုတ်ဘူး။ ဒါကြောင့်လာမယ်မလာဘူးပြောနေကြတာတွေကို ဝင်မပါဘဲ နားထောင်ရင်း အဲဒီနေ့ တွေ့ဆုံပွဲအကြောင်း စောင့်ဖတ်နေတာ။ လကဗျာရဲ့ စာလေးကိုဖတ်ရတော့ စိတ်မကောင်းဖြစ်သွားပါတယ်။ တိတ်တိတ်လေးဘေးက သွားကြည့်ဖို့စဉ်းစားမိသေးပေမဲ့ နေမကောင်းလို့ အိမ်ထဲမှာပဲရင်ခုန်နေမိပါတယ်။ ဘာဖြစ်ဖြစ် ဘယ်သူမှမလာပေမဲ့ စိတ်တောင်မဆိုးရှာတဲ့ ညီမလေးကို ရန်ကုန်မှာရှိနေတဲ့ ရွာသား အဲ ရွာသူ တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ဆုံခွင့်ရကြပါစေလို့ …။

  • moonpoem

    June 7, 2011 at 7:28 am

    ဲမပြောပါနဲ ့တော့ ငိုချင်တယ် ရွှတ်ဖတ်

    • PinkCandy

      June 7, 2011 at 10:01 am

      မလာဖြစ်ဘူးလို့ email နဲ့ ကြိုတင်အကြောင်းကြားထားပါကြောင်း

  • moonpoem

    June 7, 2011 at 7:29 am

    တွေ းမိတိုင်း ဝမ်းနည်းတယ် ပြောပါနဲ ့တော့

    • king

      June 7, 2011 at 7:51 am

      မပြောမပြီး မတီးမမြည်ဆိုသလို
      ပြောလိုက်အုန်းမယ်
      ကျွန်တော် King မှ လူသိရှင်ကြား
      ” တောင်းပန်ပါ၏ ”
      🙁
      King

      • etone

        June 7, 2011 at 8:51 am

        မပြောမပြီး မတီးမမြည် ဆိုတဲ့ပို့စ်ခေါင်းစဉ်နဲ့ etone ရေးထားတာရှိတယ် မူပိုင်ခွင့်တောင်း 😛 😛 😛

  • zoe

    June 7, 2011 at 8:10 am

    ဒီ ပို့စ ကိုဖတ် ပြီး moonpoem တယောက် ကိုလေးစားမိ တယ် ။ ဖြူစင်ပြီးသတ္တိရှိ တယ် ။ ကျန်သူ တွေကို ဘယ်လိုယုံ ရမှာ လဲ ။ မသွားနိုင် လဲထားပါတော့ ရောက်ရဲ့သား နဲ့ … တကဲ့လူချောင်းပွဲ ပဲ… 🙁

  • pooch

    June 7, 2011 at 4:21 pm

    moonpoem အမ ကြားရတာစိတ်မကောင်းပါဘူး ။ အကယ်၍ များ မန်းလေးကို ရောက်ဖြစ်ခဲ့ ရင် ကျနော့်
    အိမ်ကိုလာလည်ဖို့ ဖိတ်ပါတယ်။ ဘယ်သူတွေနဲ့ တွေ့ တွေ့ မတွေ့ တွေ့ ကျနော်ကိုတော့ သေချာပေါက်တွေ့
    လို့ရပါတယ်။ မန်းလေးမှာ ပွဲမလုပ်ဖြစ်လည်း အမနဲ့ ကျနော် တွေ့လို့ရပါတယ်။ ဒီပုံတိုင်းဆို မန်းလေးပွဲလဲ
    မထင်ပါဘူး။
    အော် အမ ကျနော်က မိန်းကလေးပါ။ မန်းလေးသူ ဆိုတော့ ကျနော်ကျနော်နဲ့ အကျင့်ပါပြီး ရေးလို့ ရွာသား
    ထင်နေတာပါ။ ကျနော်ရွာထဲ ကစာတွေဖတ်ဖြစ်တာတော့ အတော်ကြာပါပြီ။ အသင်းဝင်ထားတာတော့
    သိပ်မကြာသေးပါဘူး။

    မိန်းကလေးတစ်ယောက်ထဲ စောင့်နေရတာ ကိုယ်ချင်းစာတယ်။ စိတ်လည်းမကောင်းဘူး။ အမကတိ တည်တာကို လည်းလေးစားပါတယ်။
    ကတိဆိုတာမျိုးက လူတိုင်းတည်နိုင်တာမျိုးမဟုတ်ပါဘူး။ လွယ်လွယ်ပေးပြီး လွယ်လွယ်ဖျက်တဲ့သူ က
    အများကြီးပါ။ အမရဲ့ သတ္တိ ကိုလည်း ချီးကျူးပါတယ်။

  • mayhtet

    June 7, 2011 at 10:16 am

    ကိုတညင်သားကတော့နော် မန်းသူတွေကို ဘာထင်နေလဲ။
    မန်းဂေဇက် ထဲမှာသာမန်းလို့ရမယ်နော်
    မန်းသူကိုတော့ မန်းမယ်မကြံနဲ့ 😀

  • မန်းလေးသားတွေအားလုံးအိမ်ပြန်ချိန်က မန်းသင်္ကြန်ပါ။
    တကယ်လို့များ မန်းလေးမှာတွေ့ဆုံပွဲလုပ်ချင်တယ်ဆိုရင် သင်္ကြန်နားနီးရင် စီစဉ်မယ်။
    တစ်ယောက်နဲ့တစ်ယောက် မသိစေချင်ရင် အခန်းထဲဝင်ခါနီး ဟော်လိုဝင်းပွဲတော်မှာတပ်တဲ့ မျက်နှာဖုံးတပ်လာမယ်။
    မျက်နှာဖုံးကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ဖန်တီးထားရမယ်။
    အစားအသောက်ကတော့ နောက်မှတိုင်ပင်မယ်။
    အကောင်းဆုံးတွေ့ဘို့နေရာကတော့ မန်းတောင်ခြေက သုဓမ္မာဇရပ်မှာဆုံမယ်။
    ဆက်ပြီး အကြံတွေပေးကြပါ။

Leave a Reply