ကျောင်းတက်တုန်းက သမိုင်းကြောင်း
တနေ့တနေ့ နွယ်ပင်တို့လဲ အလုပ်သွားလိုက် အိမ်ပြန်ရောက်ရင် အိမ်အလုပ်လုပ်လိုက်နဲ့ အားတဲ့ရက်မှာ သူငယ်ချင်းတွေ တွေ့ရင်တွေ့
မတွေ့ရင် တစ်ပတ်စာ အိမ်အလုပ်ကုန်းလုပ်နဲ့ အချိန်တွေကိုကုန်ဆုံးနေရတယ် ။ ဒီတစ်ပတ်တော့ ကျောင်းတက်တုန်းက သူငယ်ချင်းတစ်ယောက်က လှမ်းချိန်းတယ်
ဆုံကြရအောင်တဲ့ အဲတော့ အိမ်အလုပ်သိပ်မလုပ်ချင်တာနဲ့ အတော်ပဲ ဆိုပြီး “အေး” တွေ့ကြတာပေါ့ ဘယ်သူတွေပါဦးမလဲ ဆိုတော့ ကျောင်းတက်တုန်းက state တက်တုန်းက သူငယ်ချင်းတွေချည်းပဲတဲ့ ။
အခုဒီနေ့က ဗုဒ္ဒဟူးဆိုတော့ ချိန်းထားတာက တနင်္ဂနွေဆိုတော့ တွေ့ဖို့ကကြားထဲမှာ (3) ရက်တောင်လိုနေသေးတာပဲ ။
အဲတာနဲ့ အလုပ်မှာကလဲ အားနေတာနဲ့ ဟိုတွေးဒီတွေးရင်းနဲ့က ကျောင်းတက်တုန်းက အချိန်လေးတွေကို ပြန်တွေကြည့်မိတော့ ……
နွယ်ပင်တို့ ကျောင်းက အထက (၃) မဂင်္လာတောင်ညွန့် အောင်ဆန်းကွင်းရှေ့မှာ ရှိတာပေါ့ တျောင်းတက်တုန်းက အကြောင်းဆိုရင် ခပ်ငယ်ငယ် 4/5/6 တန်းလောက်က
ဒီလောက် မဟုတ်ပဲ အတန်းနည်းနည်းကြီးလာတော့ ကျောင်းမှာ ဆိုးခဲ့ ပေခဲ့ တေခဲ့တာလေးတွေ ပြန်သတိရမိတယ် ။ အဲ့အချိန်တုန်းကတော့ ကိုယ့်ကို ဒီလောက်မဟုတ်ဘူးဆိုပြီးနေခဲ့ပင်မယ့် အခုအချိန်ပြန်စဉ်းကြည့်တော့ တော်တော်လေး ဆရာမတွေကို စိတ်ကသိကအောင့်ဖြစ်အောင်လုပ်ခဲ့တာပဲ ။
နွယ်ပင်တို့ကျောင်းက မိန်းကလေးကျောင်းဆိုတော့ ကျောင်းမှာဆေးချတဲ့ ကိစ္စက နာမယ်ကြီးပဲ နောက် အချစ်တော်ထားတဲ့ကိစ္စလဲရှိတာပေါ့ ဆေးချတာတို့ဘာတို့တော့မလုပ်ပင်မဲ့ အချစ်တော်ကတော့ သူများတွေထားတော့ လိုက်ထားကြည့်မိတယ် အမှန်က မိန်းကလေးချင်းကြီးချစ်ရတာ အခုချိန်မှ ရီစရာကောင်းပင်မဲ့ အဲ့အချိန်ကတော့ ချောကလတ်တွေနဲ့ သကြားလုံးတွေတော့ အတော်စားလိုက်ရသား 🙂
နောက် ဆရာမသိအောင် နွယ်ပင်တို့ သူငယ်ချင်းတွေ အတန်းလစ်ပြီး အိမ်သာမှာ သွားထိုင်တော (နွယ်ပင်တို့ကျောင်းက အိမ်သာက အကျယ်ကြီးပဲ စိတ်ပါရင် စိန်ပြေးတန်းတောင် ဆော့လို့ရတယ် ။) အတန်းမှူးက သိပြီးတုတ်နဲ့ လိုက်ရိုက်လို့ အိမ်သာထဲပြေးပုန်းခဲ့တာလဲ အမှတ်တရ့ပဲ ။ နောက်တော့လဲ ဆရာမက မိသွားပြီး အရှက်ရအောင်တဲ့ ဆရာမကြီးရုံးခန်းရှေ့မှာ ဒူးထောက်ခိုင်းတယ်လေ အဲတာလဲ ရှက်သလားဆိုတော့ “ဟင့်အင်း” ပဲ စကားပြောနေလို့ ဒူးထောက်တဲ့အပြင် ခြေသလုံးကို ခပ်စပ်စပ်လေးရိုက်ပြီး နောက်နေ့ အုပ်ထိန်းသူခေါ်လာပါတဲ့ ။ အိမ်ရောက်တော့ အမေ့ကိုပြောသလားဆိုတော့ ဘယ်ပြောမလဲ မနက်ဖြန် ကျောင်းတက်တော့ အတန်းမှူးကို ပတ်ရှောင်နေရတာက အလုပ်တစ်ခုကို ဖြစ်လို့ ။
နောက်တစ်ခါကြတော့ အတန်းထဲမှာ PT ချိန်ကို ဆရာမက စာလုပ်မလား ငြိမ်ငြိမ်လေးနေမလားဆိုပြီးမေးတော့ စာမလုပ်ချင်တာနဲ့ ငြိမ်ငြိမ်လေးနေမယ်ဆိုပြီးရှေဆုံးကအော်ခဲ့ပင်မယ့် တကယ်တမ်းကြတော့ နွယ်ပင်တို့ အုပ်စုက ဘယ်ငြိမ်ငြိမ်နေနိုင်မလဲ စကားများကြပေါ့ အဲတာနဲ့ ဆရာမက အမြင်ကပ်ပြီး နွယ်ပင်တို့ထဲကတစ်ယောက်ကို ခုံပေါ်တပ်ပြီးမတ်တပ်ရပ်ပြီး စကားပြောနေတဲ့ သူကိုရှာခိုင်းတယ် တစ်တန်းလုံးက ငြိမ်သွားပင်မဲ့ ကိုယ်တွေအုပ်စုက ဘယ်ငြိမ်မလဲ ကိုယ့်လူက လူရှာနေရတာပဲ ဆိုပြီးပြောတာပဲ အဲတာနဲ့ ခုံပေါ်ကလူက ညောင်းရင် အုပ်စုထဲက တစ်ယောက်ကို နာမယ်ခေါ်မတ်တပ်ရပ် အဲ့ တစ်ယောက်ညောင်းရင် နောက်တစ်ယောက်ခေါ်မတ်ရပ်နဲ့ နောက်ဆုံးဆရာမကသိသွားပြီး အုပ်စုတစ်စုလုံးကိုခေါ်ပြီး ကြိတ်တော့တာပဲ အရိုက်လဲ ခံရတဲ့အပြင် မိနစ်(30) လောက်ဩဝါဒခြွေပြီး အချိန်ကုန်တော့ ထွက်သွားတယ် ဒါလဲ မှတ်လားဆိုတော့ သိတယ် မဟုတ်လား “ဟင့်အင်း ” ပဲပေါ့ ။
တစ်ခါကတော့ တော်တော်ဆိုးတယ် သချာင်္အချိန်မှာ သချာင်္တွက်ရင်း နွယ်ပင့် သူငယ်ချင်းက စာအုပ် တစ်အုပ်ကို လာထိုးပေးတယ် ပြီါ်တော့ဖတ်ကြည့်ဆိုတဲ့ သဘောနဲ့ ခေါင်းဆတ်ပြတော့ စာအုပ်မှာ ရေးထားတာကိုဖတ်ကြည့်မိတယ် အဲဒီစာအုပ်ကလဲ နွယ်ပင်တို့ သူငယ်ချင်းတွေစုပြီး ဆရာမတွေ ကျောင်းသူတွေရဲ့ အတင်းကိုတုပ်ထားတဲ့
အတင်းတုပ်ပေါင်းချုပ်စာအုပ် ၊ အခုလဲ စာအုပ်ထဲမှာ သချာင်္သင်နေတဲ့ တီချယ်ကို အတင်းလှမ်းတုပ်ထားတာ တစ်ယောက်ကလှည့်ဆီ ဖတ်ကြပြီး သူတို့ မှတ်ချက်လေးတွေနဲ့ နွယ်ပင့်အလှည့်ရောက်လာတော့ ကိုယ်ကလဲမှတ်ချက်လေးဝင်ရေးလိုက်တာပေါ့ ပြီးတော့ နောက်တစ်ယောက်ဆီလက်ဆင့်ကမ်း အဲမှာနွယ်ပင်သူငယ်ချင်းကလဲ မှတ်ချက်ရေးနေတုန်း ဆရာမက မြင်သွားပြီးအနားရောက်လာပြီး စာအုပ်ကိုသိမ်းသွားတယ် တီချယ်က အရိုက်ကြမ်းတဲ့သူမို့ အဆော်တော့ ခံရပြီမှတ်တာ ဘာမှမပြောပဲ စာအုပ်ကိုပဲယူပြီးထွက်သွားတယ် နောက်တစ်နေ့ကျတော့မှ တစ်အုပ်စုလုံးကိုခေါ်ပြီးဆူတာပေါ့ ဆူလဲ ဆူ သူကိုယ်တိုင်လဲ မျက်ရည်တွေကျနေတော့ (စာအုပ်တစ်အုပ်လုံးမှာ ကျောင်းသူတွေရဲ့ အတင်းတွေထက် (10) တန်းက စာသင်တဲ့ဆရာမတွေရဲ့ အကြောင်းကအများဆုံးပါနေတယ်လေ)အဲတော့မှ ကိုယ်တွေအရမ်းလွန်သွားမှန်းသိလိုက်ရတယ် ။
တီချယ်ကို နောက်အဲလိုမဖြစ်စေရပါဘူးလို့ ကတိတွေပေးပြီး ထိုင်ကန့်တော့ဖြစ်တယ် ။ နောက်လဲ အဲလို တကယ်မလုပ်ဖြစ်တော့ဘူး စာမေးပွဲတွေနီးလို့ လူစုုကွဲသွားတာလဲ ပါတာပေါ့ …..။
အဲ အတွေးကောင်းကောင်းနဲ့ တွေးလိုက်တာ စာလဲ တော်တော်ရှည်သွားပြီ အလုပ်ကလဲ လုပ်စရာလေးတွေပေါ်လာတော့ လုပ်လိုက်ဦးမယ် နောက်တော့ မှ ဆက်ရန်ရှိလေးတွေကို ဆက်ရေးတာပေါ့ …
18 comments
mihninlay
June 15, 2011 at 7:38 am
နွယ်ပင်ပြောမှကျွန်တော်တို ့ငါးတန်းနှစ်ကအတန်းထဲမှာညနေကျောင်းဆင်းတာနဲ ့ဟိုဘက်ခုံတန်းဒီဘက်ခုံတန်းအဖွဲ ့လိုက်ရန်ဖြစ်ကြတာကိုပြန်တွေးမိတယ်… 😛
etone
June 15, 2011 at 8:42 am
ကျောင်းတတ်တုန်းက ငယ်ဘဝလေးကို လွမ်းပင်မဲ့ etone က ကျောင်းမှာ မပျော်ဘူး … ။ ကျောင်းပျင်းတယ်… ။ အတန်း၊အတော်ကြီးတဲ့ အထိ အဖေက ကျောင်းသွားရင် ကြိမ်လုံးကိုင်ပြီး လိုက်ပို့ခဲ ့ရတာ … ။ ကျောင်းကမိန်းကလေးကျောင်းလေ … စမ်းချောင်း ၂ပါ ။
fatty
June 15, 2011 at 8:59 am
အတင်းပေါင်းချုပ်စာအုပ်ကို သံသယရှိတယ် ဟုတ်ရဲ့လား ……………။
စမ်းချောင်း၂ ဆို ပိုတောင်နာမည်ကြီးသေးတယ် ….။
နွယ်ပင်
June 15, 2011 at 9:05 am
အတင်းပေါင်းချုပ် ဆိုတဲ့စာအုပ်က တကယ်ရှိခဲ့တာပါ အဲ့စာအုပ်တစ်အုပ်လုံးမှ ဆရာမတွေ အတင်းကို နာမည်ဝှက် မျိုးစုံပေးပြီးရေးထားတာပါ (နောက်ကြုံမှ ဆရာမတွေကို နာမယ်ပေးတဲ့ အကြောင်းလေးရေးဦးမယ် ) စာအုပ်ကို မိသွားတဲ့ ဆရာမက တစ်အုပ်လုံးကို အကုန်ဖတ်ကြည့်ပြီး နောက်နေ့ကျမှ နွယ်ပင်တို့ကို ခေါ်ဆူတာလေ . အခုတော့ ဒီလိုလုပ်မိလို့ ပြန်တွေးတိုင်း စိတ်ထဲမကောင်းဘူး…
manawphyulay
June 15, 2011 at 9:25 am
အပူအပင်ကင်းတဲ့ ဘဝငယ်ငယ်တုန်းက ကျောင်းတက်ခဲ့တာလေးတွေက ခုချိန်မှာ လွမ်းဆွတ်စရာလေးတွေ အရမ်းကောင်းနေပါတယ်။ ပြန်လည်သတိရမိတယ်။ ဆရာမတွေကိုလည်း အမြဲသတိရတယ်။ တချို့ဆို မရှိကြတော့ဘူး။
R Ga
June 15, 2011 at 10:20 am
ဪကျောင်းတုန်းက အတော်လေးကဲခဲ့တာပေါ့လေ..။ အခုမှသိတယ်။
နွယ်ပင်
June 15, 2011 at 10:27 am
အော် ဦးအာဂ ကလဲ ဒါကဲတာ မဟုတ်ဘူး အပူအပင်မရှိတဲ့ ဘဝလေးတုန်းက ပျော်ခဲ့တာလေးတွေပါ … နောင်လဲသိရမှာပါ 🙂
Shwe Tike Soe
June 15, 2011 at 10:21 am
ကျွန်တော်တို.မန္တလေးမှာတော့ ကျောင်းပေါင်းစုံပေါင်းပြီး ကျောင်းလစ်ပွဲရှိတယ် .အရမ်းပျော်စရာကောင်းတယ်
ဟေဟေ စက်ဘီးတွေနဲ. စုရပ်မှာ ကျောင်းပေါင်းစုံကကျောင်းသားတွေလာစု ဘယ်သွားမယ်တိုင်ပင်..
ကျောင်းအတန်းထဲက ကောင်းမလေးတွေဆီက ရေးအိုးဖိုး၊ တံမြတ်စည်းဖိုးဆိုပြီးညာတောင်း ..
ပြီးရင်ကျောင်းလစ် ဟဟဟ
အခုများ ရုံးပေါင်းစုံပေါင်းရုံးလစ်လို.ကတော့ အဖြတ်ခံလိုက်ရမယ့်လစာ.. လစ်ရဲတော့ဘူး
R Ga
June 15, 2011 at 10:39 am
ကျွန်တော်တို့ တုန်းကကျတော့ ကျောင်းပေါင်းစုံ ကျောင်းလစ်ပွဲမဟုတ်ပဲ ။ ကျောင်းပေါင်းစုံ ချိန်းရိုက်ပွဲတွေ တော့ များတယ်။ ဒီကြားထဲ ကျောင်းထဲမှာတောင် နာမည်ပေါင်းစုံနဲ့ ဂိုဏ်းတွေအများကြီးဖွဲထားတာရှိသေးတယ်။ တရုတ်သိုင်းကားတွေ ထဲကလိုပေါ့ ဘာဂိုဏ်းညာဂိုဏ်းစသဖြင့် ပေါ့ ..ချိန်းချိန်းထိုးကြတာ..။ အခုတွေးကြည့်တော့လည်း ရယ်စရာကြီး..။
windtalker
June 17, 2011 at 5:07 am
မန်းတလေး မှာ လည်း အစဉ်အလာ အရ မကြာခဏ ရန်ဖြစ်လေ့ ရှိသော ကျောင်း ၃ ကျောင်း ရှိတယ်ဗျ ။ အထက (၁) ၊ အထက (၉) ရယ် အထက (၁၃) ရယ် ။ ကျွန်တော် တို ့အလယ်တန်း ကျောင်းသား ဘဝ တုန်းက တော့ (၁) နဲ ့(၁၃) နဲ ့ပွဲ က အပြင်းထန်ဆုံးပဲ ။ မကြာခဏ ချိန်းရိုက်ကြတယ် ။ ရင်ဘတ်က ကျောင်းတံဆိပ် ၊ တံဆိပ် အရောင် ကို ကြည့်ပြီး သတိထားနေရတယ် ။ ၉၈-၉၉ ပညာသင်နှစ် က ဆိုရင် (၁) နဲ ့(၁၃) နဲ ့ရန်ဖြစ်ကြရာမှ မြင်းခြံနယ်သား ၁၃ ကျောင်းသား တစ်ဦး အသက်ဆုံးပါး သည် အထိ ပြင်းထန် ခဲ့တာပေါ့ဗျာ ။ ယနေ ့ခေတ် မှာ ဒီလို အဖြစ်လေး တွေ မကြားရတော့ပါဘူး ။ အခုခေတ် ကလေး တွေ က အရမ်း လိမ္မာ လာကြတာပေါ့ ။ မင်္ဂလာ တစ်ပါး ပါပဲ ။
sealion
February 4, 2012 at 5:45 pm
အစ်မ က တောင်ညွန် ့ ၃ အကြောင်းပြောလို ့ ကျောင်းကိုတောင် သတိရသွားပြီ ကျွန်တော် က တောင်ညွန် ့ ၄ က လေ သိပ်ပျော်ဖို ့ကောင်းတာပဲ အဆင် ၁ ကနေ ၃ ဝင်ရင် အားကစားပွဲတွေ ရှိတိုင်း သုဝဏ ကွင်း ကို အမြဲ သွားအားပေးရတယ် ဘစ်စကား အစိမ်းကြီးတွေနဲ ့ အောင်ဆန်းကွင်းလဲ တခါတလေသွားရတယ် တောင်ညွန် ့ ၃ က ကျောင်းစောင့်တဲ ့ အမကြီး ရောင်းတဲ ့မုန် ့ဟင်းကား ကိုလဲ သတိရတယ် ဗျာ လွန်ခဲ ့တဲ ့ ၁ရ နှစ် ကဆို တော ့ ကြာပေါ ့
နွယ်ပင်
February 6, 2012 at 9:30 am
ကိုsealionရေ
တောင်ညွန့် (3) နဲ့ (4) နဲ့က ကပ်ရပ်ပဲနော် ဘေးချင်းကပ် မိတ်ဆွေတွေပေါ့
လေးဖက်ရေ
အဲတာ လေးဖက်မန့်တာ မဟုတ်ဘူးလားဟင်
16.6.11 ကဆိုတော့ ကြာနေပြီနော် ………
ကျောင်းသားဘဝကတော့ အခုချိန်ပြန်တွေးရင် လွမ်းစရာတွေချည်းပါပဲ မောင်သန်းထွဋ်ဦးရေ
ဟုတ်ပ ပိုစ့်မှာ အနီတွေများနေလို့ စိမ်းလို့ရသမျှ လိုက်စိမ်းပေးထားပါတယ် …
အန်တီမမရေ …
နွယ်ပင်ဆိုတာက သူငယ်ချင်းတွေက ရစ်လွန်းလို့ပေးထားတာပဲ
နွယ်ပင်က ရစ်စရာတစ်ခုရပြီဆိုရင် မပြီးနိုင်မစီးနိုင်ကို အရစ်ရှည်တက်လွန်းလို့
ဒီနာမယ်လေး ရထားတာပါ ….
pu maရေ ….
တစ်ယောက်သောသူနဲ့ အမှတ်တရလေးတွေက ကျောင်းတက်တုန်းက ရှိခဲ့တယ်ထင်နော်
fatty
February 4, 2012 at 5:58 pm
ဟိုက် …..
အပေါ်မှာ fatty တဲ့ ကျနော်လဲမဟုတ်ရပါလား အခုမှရေးမလို့ဖတ်ပြီးကြည့်လိုက်တော့ ဘယ်ကောင်
pass ward သိသွားပြီး ဒါမှမဟုတ်နာမယ်တုနဲ့ဝင်နှိတ်သွားလဲမသိဘူး လုပ်ကြပါအုံးဗျို့ … ။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 4, 2012 at 7:57 pm
မမနွယ်ပင်ရေ ပြန်စဉ်းစားတိုင်းလွမ်းစရာ ကျောင်းသားဘဝပါနော်။
ပြန်လဲမရနိုင်တော့ဘူး။မမနွယ်ပင်ရေ အနီ၊တွေတွေ ့နေရတယ်ဗျာ။
ဘယ်လိုပါလိမ့်နော်။
MaMa
February 4, 2012 at 8:20 pm
အဲဒီကနေ နွယ်ပင် ဆိုတဲ့ နာမည်ပြောင် ရခဲ့ပုံလေး လုပ်ပါဦး 😀
pu ma
February 4, 2012 at 8:46 pm
ကျုပ်လဲတစ်ယောက်သောသူကိုသတိရလိုက်တာ
Pearl May
February 6, 2012 at 11:42 am
ကိုယ်တွေကတော့ အဖေပြောင်းရာနောက် ၂နှစ် ၃ နှစ်တခါလိုက်ပြီး ကျောင်းပြောင်းနေရလို့ အမြဲတမ်း ကျောင်းသူ အသစ်အဖြစ် ပဲ နေခဲ့ရတယ်။ အဲလိုအမှတ်တရတွေမရှိခဲ့ဖူးဘူး။
kyeemite
February 6, 2012 at 1:23 pm
ကျောင်းဆိုလို့..သတိရမိပါတယ်..ကျုပ်ကမြန်မာပြည်အနှံ့ကျောင်းနေခဲ့ရတာ..
သူငယ်တန်းစတက်တော့…ဖြူးမြို့နယ်ညောင်ပင်သာရွာ..
၂တန်းကနေ၄တန်းအောင်ထိက ကျောက်ဖြူမှာ..
၅တန်းကနေရတန်းထိက ပြင်ဦးလွင်(အရင်ကတော့မေမြို့ပေါ့)
ရတန်းကနေ၁ဝတန်းအောင်ထိ (အဲ၁ဝတန်းကသုံးနှစ်ဖြေခဲ့ရတယ်)အမရပူရမှာ
၁ဝတန်းအောင်တဲ့နှစ်မှာရန်ကုန်ရောက်လာတာခုထိဘဲ…
ဆိုတော့ကာမယ်..ဘယ်ကျောင်းကိုလွမ်းရမှန်းတောင်မသိတော့ဘူးဂျာ….တားတားစိတ်ညစ်..