ကျလည်း ကျပ (၂)

Yan ShinJune 20, 20111min1412

ကျလည်းကျပ

ဘာပဲဖြစ်ဖြစ်ပေါ့ ဒလဘက်ကမ်းရောက်တော့ ဖျာပုံကိုု ကားစီးရတယ်။
ဖျာပုံနဲ့ ဒလက မိုင်( ၆ဝ )ခန့်ပဲရှိပြီး MINIBUS လိုင်းကားရှိပါတယ်၊ ကားခက တစ်ဦးကို (၂၀၀ဝ ကျပ်)ပါ။ ဒါပေမဲ့ အနဲဆုံးလေးနာရီလောက်မောင်းရတယ်။
ဗင်ကား TAXI လည်းပြေးဆွဲပေးပါတယ်။ မောင်းသူနံဘေးက တစ်ယောက်တင်တယ် တစ်ယောက် (၆၀၀ဝ ကျပ်)။ အလယ်မှာ သုံးယောက်တင်ပါတယ် တစ်ယာက်(၅၀၀ဝကျပ်)။ နောက်ခန်း(ပစ္စည်းတင်ခန်း)အဖုံးခန်းက သုံးယောက်တင်ပါတယ် တစ်ယာက်(၂၀၀ဝကျပ်)။ ပေးရပါတယ်။ တကယ်လမ်းကောင်းပြီး တကယ်မောင်းရင် တစ်နာရီခွဲလောက်ပဲမောင်းရမှာပါ။ ခုက နှစ်နာရီခွဲ အနဲဆုံးမောင်းရပါတယ်။
ကျွန်တော်တို့ များသောအားဖြင့် သေကြာနေ့ညနေရုံးပိတ်ချိန် (၄း၃၀) (တကယ်ရုံးပိတ်ချိန်က ၅း၃၀) ညနေပြန်
တနင်္လာနေ့မနက် ၅ နာရီလောက်အိမ်ကထွက် ဒလဘက်ကမ်းက (၆)နာရီမနက်ကားစီးမှ ရုံးတက်ချိန် မနက်(၈း၃၀-၉းဝ၀)နာရီမှီမှာပါ။ ဒါကြောင့်ဈေးကြီးပေမဲ့ ဗင်ကားပဲ စီးကြရပါတယ်။
ဈေးကြီးပေမဲ့ သူတို့ကိုတောင်ကျေးဇူးတင်နေကြရပါသေးတယ်။ သူတို့တွေက တန်ဘိုးကြီးကားတွေကို အနာခံ အပျက်အစီးခံပြီးမောင်းပေးနေကြလို့ပါ။ ကျွန်တော်တို့ဟာ စီးပွါးရေးအမြင်ပဲမရှိတာလား။ နှမြောကပ်စည်းနဲတတ်တာလားမသိပါ။ အဲဒီကားမျိုး ဝယ်နိုင်စီးနိုင် ရင်းနိုင်ရင်တောင်မှ အဲဒီလမ်းမှာ ဒီကားမျိုးနဲ့ လိုင်းဆွဲစားဘို့ လုံးဝစိတ်ကူးမိမည်မဟုတ်ပါ။ ဒါကြောင့် သူတို့ကို ကျေးဇူးတင်ရတာပါ။
မိတ်ဆွေ ဒလ ဖျာပုံ လမ်းကို လာကြည့်လှည့်ပါ။
မှန်မှန်မောင်းရပ်ရှောင် ဆိုသလိုလမ်းကျဉ်းပါတယ်။
လမ်းချောသလားဟုတ်စ၊ မင်းကုသမျက်နှာ မမြင်ဘူးပါ။ သူ့ထက်ဆိုးမယ်ထင်ပါတယ်။
လုံးဝ ေရှောင်မရအောင် ချိုင့်တွေ ဗွက်တွေပေါပါတယ်။
အဲဒီချိုင့်တွေ ဘယ်လောက်ကြီးလဲ ဘယ်လောက်နက်လဲမမေးပါနဲ့
ပြောရရင် အဝီစိငရဲကို လှမ်းမြင်နေရတယ်ထင်တာပဲ။
ဗွက်ရှေ့မှာ မဖြတ်မီ ကားဆရာရပ်ပြီး ဘယ်လိုင်းကြောက ဝင်မလဲ၊ အိုင်ထဲ ဘယ်လိုဆင်းမလဲစဉ်းစားတာက သုံးမိနစ်လောက်ကြာတတ်တယ်။
တခါတစ်ခါ အဲဒီကားတွေစီးရတာ ဗင်ကားဆိုတော့ရှေ့ကိုမြင်နေရတော့ စိ်တ်ခံစားရတာ ရင်မောလွန်းလွန်းလို့ (ခရီးဝေးပြီး အချိန်ပိုကုန်ပေမဲ့) လှိုုင်သာယာက လိုင်းကား(MINIBUS)ကို သောကြာနေ့ ညနေ (၂းဝ၀) ကားမှီအောင်သွားပြီး စီးနေရပါပြီ။
မိတ်ဆွေ စိတ်ညစ်သွားပြီလား။
ခုမနဲအဆင်ပြေနေပါပြီ။
အဲဒီလမ်းကြောမှာ အဲဒီဗွက် အိုင် ချိုင့်တွေကို နိုင်ငံတော်ကစေတနာနဲ့ ဖါပေးထားပါတယ်။ ဒါကြောင့် မကောင်းသေးပေမဲ့ ခုခြောက်သွေ့ရာသီမှာ အဲဒီဖို့ထားတဲ့အပေါ်က တဒုန်းဒုန်းနဲ့တော့ ဖြတ်မောင်းလို့ရနေပါသေးတယ်။
ဆရာ—- လမ်းဘယ်လိုပြင်လဲဆက်မေးလေဗျာ..
ကမ္ဘာမှာ ဘယ်အင်ဂျင်နီယာမှ ဘယ်လမ်းမှာမှ မသုံးသေးတဲ့ လမ်းဖါစနစ်ကိုသုံးထားပါတယ်။

ကျောက်ဖြူတုံးကြီးတွေကို လေးစိတ်ရှစ်စိတ်လောက်ခွဲပြီး အဲဒီ ချိုင့်ထဲတည့်
အပေါ်က လမ်းဘေးကမြေကြီးတွေကို တူးပြီးဖို့ထားပါတယ်။(မယုံရင်လာကြည့်လှည့်ပါ)

သူတို့လုပ်ပေးလို့ ခုဆက်မောင်းနေလို့ရနေသေးတယ်၊ ကျေးဇူးကြီးမားပါပေ့။

မောင်မင်းကြီးသားများ ကျန်းမာချမ်းသာ စိတ်ထားကောင်းထားနိုင်ကြပါစေဗျာ။

ခွီးတဲ့မှ
ကျလည်းကျပ
ယ္ခု အဲဒီ ဒလ ဖျာပုံလမ်းပိုင်းကို ပြင်လိုက်နေတာ လမ်းအရှည်ရဲ့ (၅၀%) ကျော်ကတော့ကောင်းနေပါပြီ။

မိတ်ဆွေ အိပ်ငိုက်နေပြီလားဗျ
ဆက်နားထောင်မယ်ဆို တစ်ခုလောက်ပြောခြင်သေးတယ်။ ဖျာပုံမှာပါ
ကျုပ်တို့ အမြဲပဲ ကူးရတဲ့ မိတ္တူဆိုင်(သူကလဲ ဆိုင်ကြီးမို့ပါ)တစ်ဆိုင်ရှိတယ်။
ရှည်ရှည်ဝေးဝေးပြောမနေပါတော့ဘူး လိုရင်းပဲပြောမယ်။
ဟိုနေ့ကပေါ့ အဲဒီဆိုင်မှာ (Print and Copy) ပရင့်က တစ်ရွက်(၂၀ဝ ကျပ်)၊ အဲဒီကောင်ကို ကော်ပီတစ်ရွက်ကူးတာက(၂ဝ ကျပ်)
ပြောပါတယ် သူတို့က (၂၂၀)ကျတယ်တဲ့။
ကျွန်တော် (၂၀ဝတန်) တစ်ရွက်နဲ့ ငါးဆယ်တန်တစ်ရွက် (တမင်ရှာပြီးပေးလိုက်တာ) ပေးလိုက်ပါတယ်။
အဲဒီကလေးက ပိုက်ဆံယူပြီးထွက်သွားပါတယ်၊ ပြန်မလာတော့ပါဘူး။
ကျွန်တော်က လိုက်သွားပြီး ပြန်အမ်းရမဲ့ ပိုက်ဆံ (၃ဝကျပ်)တောင်းတယ်၊
သူဘာပြန်ပြောမယ်ထင်လဲမိတ်ဆွေ…….
ဦးလေးကလည်း ဒီ(၃၀)များ အကြွေမရှိလို့ပါတဲ့။

အဲဒီဆိုင်ကအဲလိုလုပ်နေကြပါ။ ဘယ်တော့မှ လျှော့ယူတယ်မရှိ။ တစ်ဆယ်၊ နှစ်ဆယ် ငါးဆယ် တစ်ရာ ဘယ်တုန်းကမှ ဘယ်လိုဖေါက်သယ်မှ ဘယ်လောက်များများလာလုပ်လုပ် လျှော့ယူရိုးထုံးစံ မရှိလို့ပါ။
ဒါကြောင့်ကျွန်တော်ပြောခဲ့တာပါ။ ကျွန်တော်တမင်ရှာပေးလိုက်တာပါလို့။

မိတ်ဆွေစဉ်းစားကြည့်လေ
နှစ်ရာ့ငါးဆယ်ကျွန်တော်ပေးတယ် ကျွန်တော်ပိုတာ (၃၀)
သူက နှစ်ရာ့နှစ်ဆယ် သူနှစ်ရာယူပြီးလျှော့ပေးရရင် (၂၀)
ကျွန်တော်တို့ဆိုတာ သူတို့ဆိုင်အတွက် ဖေါက်သည်ကြီးတွေပါ။
သူ့(၂၀)ကျတော့ မရမကတောင်း သူများ(၃၀)ကျတော့ ပြန်မအမ်း

အို အလို
အမိမြန်မာ

ကျလည်းကျပ

2 comments

  • eros

    June 20, 2011 at 10:30 am

    ဒါပါပဲ ဒါကြောင့် မြန်မာတွေမတိုးတက်တာ။ မြန်မာတွေ တိုးတက်ဖို့ customer service ကို သိရင် တော်တော်ဟုတ်နေပြီ။

  • naywoonni

    June 20, 2011 at 3:28 pm

    အကြွေအမ်းရင် အစုတ်တွေချည့်အမ်းတယ်..။ သူ့ကိုအစုတ်ပေးဝယ်ရင်မကြိုက်တဲ့ဆိုင်တွေရှိသေးတယ်…။
    ပြီတော့ အနှုတ်ပြန်မအမ်းပဲ အခြားပစ္စည်းပဲလိုသည် ဖြစ်ဖြစ် မလိုသည် ဖြစ်ဖြစ် ဇွတ်အတင်အမ်းတဲ့ဆိုင်တွေများလာပြီ…….. တစ်ခါတစ်လေတော့ စိတ်ပေါက်ပေါက်နဲ့ အနှုတ်တွေနဲ့သွားဝယ်လိုက်တယ်………..
    နောက်တစ်ဆိုင်ကျတော့ဒီလို….. ဆေးလိပ် စီ 50 လိပ်တစ်စီး 750 ကို တစ်ထောင်တန်းပေးရင် နှစ်ရာပြန်မပေးချင်ဘူး ငါးဆယ်ကတော့ ဆေးလိပ် နှစ်လိပ်ပဲပေးတယ်…။ တစ်လိပ်မှ 15 ကျပ်ကျတာ သုံးလိပ်ပေးဖို့ပြောတော့ မရဘူးတဲ့ …… ပြန်ချထားခဲ့လိုက်တယ်….. ဟုတ်တယ်လေ………… နိုးမို့ ပြန်အမ်းရမဲ့နှစ်ရာကလည်းဆေးလိပ်တွေ လက်လီဈေးနဲ့ပေးနေမှာကို……..
    သူလည်းရောင်းရမဲ့သူတွေများသလို ကိုယ်လည်း ဝယ်လိုရတဲ့ဆိုင်တွေ အများကြီး အဲဒါမျိုး အားနာရင် ခါးတင်မဟုတ်ဘူး တစ်ကိုယ်လုံးပါသွားလိမ့်မယ်…..

Leave a Reply