ဂျပန်မှာရထားစီးခြင်း
ဟိုတလောက မနွယ်ပင်ရေးတဲ့ ကားစီးရတဲ့ဒုက္ခဆိုတာဖတ်ပြီး ဂျပန်မှာရထားစီးပုံအကြောင်း မျှဝေချင်လို့ရေးလိုက်တာပါ။မြန်မာပြည်မှာနေတုန်းက လိုင်းကစီးရတာ
တော်တော်ဒုက္ခရောက်တယ်။ကားကရပ်တဲ့နေရာကလဲ ပုံမှန်မရှိ၊ရပ်ပြီးရင်လဲ လုတက်ကြလို့မတိုးတက်နိုင်တဲ့လူတွေကကျန်ခဲ့…ဒါတွေကမြန်မာပြည်မှာကားစီးရတဲ့
ဒုက္ခတွေပါ။
ဂျပန်မှာတော့ ရထားဘူတာရဲ ့ပလက်ဖောင်းမှာ ဘယ်ဘူတာသွားချင်ရင် အချိန်ဘယ်လောက်ကျမယ်။နောက်ရထားပြောင်းစီးပြီးသွားမယ့်သူတွေအတွက် ဘယ်အတွဲ
ကစီးရင် ဘူတာရဲ ့ထွက်ပေါက်နဲ့အနီးင်္ဆုးဆိုတာ။လှေကားရှိတဲ့နေရာ၊ ဓာတ်လှေကား၊စက်လှေကားရှိတဲ့နေရာတွေကို စနစ်တကျပြထားတာမို့လို့တော်တော်ကို အဆင်ပြေပါတယ်။အဲတော့ သွားနေကျနေရာမဟုတ်ရင် ပလက်ဖောင်းပေါ်ရောက်တာနဲ့ အဲဒီရေးထားတဲ့ဇယားလေးကြည့်ပြီး။ထွက်ပေါက်နဲ့အနီးဆုံးရှိမယ့် အတွဲမှာ တန်းစီးလိုက်ရုံပဲလေ။တန်းစီတဲ့နေရာမှာ နှစ်ယောက်တတွဲပုံစံမျိုး တန်းစီးကြတယ်။ရထားရပ်တာနဲ့ တံခါးပေါက်ရဲ ့တဖက်စီကပ်လိုက်ကြတော့ ရထားပေါ်ကဆင်းတဲ့လူတွေလဲ လွတ်လွတ်လပ်လပ် ဆင်းလို့ရတာလေ။ဆင်းတဲ့လူကုန်သွားပြီဆိုမှ ့တက်ကြတယ်။တန်းစီထားတာဆိုတော့ လုတက်ဖို့မလိုဘူးလေ။လုပြီးတက်ရမယ်ဆိုမလွယ်ဘူး။ ဂျပန်မှာ ရထားကျပ်တာကတော့ မြန်မာပြည်ထပ်သာတယ်။မနက်ကျောင်းတက်ရင် ရထားပေါ်ရောက်ဖို့ နောက်ပြန်တက်ရတယ်။ ဒါတောင်ခြေတဖျားကျဖို့မနဲဘူး..။ရှေ့ဘူတာရောက်ရင် တံခါးပေါက်ရှေ့ကလူတွေက အရင်ဆင်းပြီး လမ်းဖယ်ပေးရတယ်။ပြီးမှပြန်တက်….တက်လို်က်ဆင်းလိုက်နဲ့ ပဲ ကိုယ့်ဆင်းမယ့်ဘူတာရောက်ပေါ့။ရထားကအချိန်မှန်မှန်လာတာရယ်၊ရပ်တဲ့နေရာပုံသေရှိတာရယ်၊စနစ်တကျတန်းစီစောင့်ကြတာရယ်ကြောင့်…တော်တော်ကို အဆင်ပြေတယ်။နောက်ဂျပန်မှာ ရထားစီးရင် ဖုံးပြောတယ်လူမရှိဘူး။ဖုံးအသံမြည်တာနဲ့ ရထားတတွဲလုံးက ဝိုင်းကြည့်ကြတယ်။တချို့ လူတွေဆို နားမလည်ဘူးလား ဆိုပြီးပြောကြတယ်။ကြည့်လို်က်ရင် အားလုံးကmessage သုံးနေတာနဲ့။စာအုပ်ဖတ်တာနဲ့ပဲ။အဲ.မနက်ဖက်ဆိုရင်တော့ တော်တော်များများက သတင်းစာဖတ်ကြတယ်။မြန်မာပြည်မှာတော့ ကားစီးရင်ဘာလုပ်တာများလဲဆိုတာတော့ သတိမထားမိဘူး။နောက်ပြီး ရထားစီးရင်း သတိထားမိတဲ့ ဝန်ဆောင်မှုကတော့ မသန်စွမ်းတဲ့သူတွေ တွန်းလှည်းနဲ့ရထားစီးဖို့လာရင် ဘူတာရုံဝန်ထမ်းကနေပြီးတော့ ပလက်ဖောင်းပေါ်ထိလိုက်ပို့တယ်။တွန်းလှည်းက ရထားပေါ်တက်ဖို့ကဒ်ပြားတခုချပေးရတယ်။ စီးတဲ့ အချိန်ကတော့ ဘူတာထဲဝင်လာတာမို့လို့ လုပ်ပေးတယ်ထားတော့ ။ဆင်းမယ့်ဘူတာရောက်ရင်လဲ ကြိုပြီးစောင့်ပြီးလုပ်ပေးတယ်။တော်တော်ကောင်းတဲ့ ဝန်ဆောင်မှုလို့ ထင်တယ်လေ။တခြားနိုင်ငံတွေမှာလဲ ဒီလိုမျိုး စည်းကမ်တကျတန်းစီတာတွေ၊ဝန်ဆောင်မှုတွေ ရှိမှာပဲလေ။ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာလဲ ဒီလိုစနစ်မျိုးလေးတွေရှိစေချင်တယ်လေ။
PS
post တခါမှမရေးဖူးတော့ ဖတ်ရတာအဆင်မပြေရင် ခွင့်လွှတ်ကြပါလို့။
34 comments
eros
June 22, 2011 at 1:41 pm
ကောင်းပါတယ်။ အားပေးပါတယ်။ ဖတ်ရတာ အဆင်ပြေပါတယ်။ နောက်ဒါမျိုး များများရေးပေးစေလိုပါတယ်။ ဓာတ်ပုံပါတင်ပေးရင် ပိုကောင်းမှာပါ။
ဆူး
June 22, 2011 at 1:56 pm
ကောင်းပါတယ်။
ကိုယ်တွေ့လေးတွေ မျှဝေ ပေးတော့ မသိတဲ့ သူတွေ အတွက် ဗဟုသုတ တခု တိုးတာပေါ့။
ကိုယ်တိုင်ရေး စာမူများကို ရွာသားများ ဂရုတစိုက် အားပေး ကြပါကုန်လော။
nature
June 22, 2011 at 2:58 pm
ဖတ်ရတာ အဆင်ပြေပါတယ်။ဒါလေးဖတ်ပြီး မြန်မာပြည်က ရထားစီးတဲ့သူတွေလဲ တချိန်ချိန်မှာ ဒါမျိုးဖြစ်လာနိုင်ပါလားဆိုပြီး အားရှိပါးရှိ မျှော်လို့ရတာပေါ့။ 🙂
Yan Shin
June 22, 2011 at 3:21 pm
မျှော်ပေါ့။
သာဓုခေါ်ပါတယ်။
မှန်းစမ်း ကြေးစည်ထုလိုက်မယ်
အလို…..
ကြေးစည်ကြီးက ကွဲနေပါလား???????????????
antimoe
June 22, 2011 at 3:24 pm
seishun 18 kippuဆိုတာရှိပါတယ်။
အခုဆိုရင် ဇူလိုင်၁မှ ဩဂုတ် ၃၁နေ့ထိရောင်းပြီး
ဇူလိုင်၂ဝမှ စက်တင်ဘာ၁ဝထိ သုံးနိုင်ပါတယ်။ (နွေရာသီကျောင်းပိတ်ရက်အတွင်း)
၅စောင်တွဲကို ၁၁၅၀ဝ Yenပါ။
တနေကုန်ကို လက်မှတ်တစ်စောင်ထဲနဲ့ စီးလို့ရတယ်။
ရထားတွေ အမျိုးမျိုးပြောင်းစီးလို့ရတယ်။
Shinkansen နဲ့ အထူးအမြန် (特急၊ 急行)တွေတော့ စီးလို့မရဘူး။
ဈေးကြီးတဲ့ဂျပန်မှာ အနယ်နယ်အရပ်ရပ်ကို သက်သက်သာသာ ခရီးထွက်လို့ရတာပေါ့။
သွားချင်တဲ့ရက်နဲ့ သွားမယ့်နေရာကိုပြောရင်…
ဘယ်ဘူတာတွေမှာပြောင်းစီးရမလဲဆိုတာ အချိန်ဇယားဆွဲပေးပါ့မယ်။
မသိတဲ့သူတွေကို ….ပြောတာပါ။
မင်းပြည့်ရှိန်
June 22, 2011 at 3:34 pm
“ကျွန်တော်တို့ မြန်မာပြည်မယ်.. မိဘတိုင်း…. ကကွယ်.
ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်..”
အဲဒီ သီချင်းလေး.. ကို သတိရမိတယ်..
အားကျတယ်ဗျာ.. ဂျပန် တို့ရဲ့ စိတ်ဓာတ်များကို..
ဗိုလ်အောင်ဆန်းလို သူရဲကောင်းများ မဟုတ်ရင်တောင်…
စည်းကမ်းရှိသော…. သူလေးများ…
များများ မွေးပါစေဗျာ…
nature
June 22, 2011 at 3:34 pm
ဂျပန်သွားခါနီးမှ antimoe ဆီလှမ်းဆက်သွယ်လိုက်မယ်နော်။
antimoe
June 22, 2011 at 3:43 pm
အိုကေ
windtalker
June 22, 2011 at 6:07 pm
အားပေးပါတယ် ဗျို ့ကိုယူကီ ရေ
MaMa
June 23, 2011 at 1:46 am
ဗဟုသုတ ရပါတယ်။ ကိုယ့်အတွေ့အကြုံကို မျှဝေပေးတဲ့ ပိုစ့်လေးမို့လည်း ကြိုဆိုပါတယ်။ နေရာတိုင်းမှာ စည်းကမ်းရှိဖို့၊ စနစ်တကျ တန်းစီဖို့ ဆိုတာတွေကလည်း ဖြစ်သင့်တာပါတယ်။ ကျိုက်ထီးရိုးဘုရားဖူးသွားချင်ပေမယ့် တောင်တက်ကားကို လုတက်ရ၊ ရှေ့ခန်းနေရာရအောင် ပြောရဆိုရတာတွေ စိတ်ညစ်လွန်းလို့ ဒီနှစ်တောင် မသွားဖြစ်တော့ပါ။
Shwe Tike Soe
June 23, 2011 at 3:07 am
စည်းကမ်းကတော့လူတိုင်းရှိချင်ကြပါတယ်… ဒါပေမယ့် လူကစိတ်ကသိတဲ့အတိုင်းပဲ တစ်ယောက်က ဖောက်ရင် အကုန်လိုက်ဖောက်တော့ အုတ်ရောရောကျောက်ရောရောနဲ. ချကြရော..
ကိုယ်လဲအတူတူပဲ…
ဘယ်သူကိုအပြစ်ပြောရမှန်းမသိတော့ ကိုယ့်ကိုကိုယ်ပဲ ပြောတော့မယ်
ကျွန်တော်ဟာ စည်းကမ်းမရှိ။စနစ်မကျ။အကျင့်မကောင်းတဲ့ ကောင်ပါ….. ဟဟဟဟဟ
etone
June 23, 2011 at 3:13 am
ဂျပန်မှာ ရထားက ဘယ်နှမိနစ်လောက်ရပ်ပါသလဲ … ။ ဒီမှာ ဆိုလျှင်တော့ … ရထားက တမိနစ်တောင်ပြည့်အောင် မရပ်ပဲ ….ဘီးပြန်လှိမ့်တာကြောင့် ရှေ ့က အဘိုးကြီး ၊အဘွားကြီး တလှုပ်လှုပ်နဲ့ ဆင်းနေလျှင် စိတ်မရှည်ပဲ တွန်းချရတဲ့ အထိပါပဲ ….။ ဒါကြောင့်လည်း ရထားကြိတ်တာတို့ … ခြေချော်တာတို့ အဖြစ်များတယ်… ။ ခြေချော်တာတောင် ပြန်မထနိုင်ခင် ရထားက ထွက်တာမို့ ကြိတ်ခံရတဲ့ အဖြစ်တွေ အတော်များပါတယ်။
kai
June 23, 2011 at 10:54 am
ဂျပန်ကလည်း တမိနစ်လောက်ပဲရပ်မယ်ထင်တာပါပဲ..။
ရထားတွဲနောက်ဆုံးကလူက..လူအဝင်အထွက်ကြည့်နေပြီးမှ… ရထားတံခါးပိတ်တယ်..။
တခါးမှာလူညပ်နေရင်.. တခါးက အလိုလိုပြန်ပွင့်တယ်.။ တံခါးပွင့်နေရင် ရထားက ထွက်လို့မရဘူး..။
မြန်မာပြည်နဲ့ မတူတာတခုက.. ရထားကြမ်းခင်နဲ့..ပလက်ဖောင်းနဲ့က ..တပြေးညီပဲ..။
လှေကားအဆင့်မရှိဘူး..။ ကြားထဲလည်း.. တခါတလေ.. တလက်မလောက်ပဲ အလွတ်ရှိတာ…။
ဆိုတော့..
အဲဒီရထားတွေ ရန်ကုန်သွင်း.. ဆွဲခိုင်းလိုက်ရင် မလွယ်လား..။ 🙂
သံလမ်းအကျယ်မတူတဲ့အတွက် .. သံလမ်းတော့ ပြင်ရမယ်..။
မိုက်ကယ်ဂျော်နီအောင်ပု
June 23, 2011 at 12:11 pm
ဓာတ်………..ဘဲ
ဒီလောက်ရှည်တဲ့လမ်းတွေကိုပြင်မဲ့အစား
ရထားရဲ့ ဝင်ရိုးတွေကို ပြင်မှာပေါ
ဒီလောက်ကတော့
မြန်မာတွေက
အေးဆေးပါ
အဲ့သည်ရထားသာ
မြန်မာပြည်ရောက်အောင်ယူလာခဲ့ပါဦး
kai
June 23, 2011 at 5:09 pm
ဖိနပ်မတော်လို့.. ခြေဖဝါးဓါးနဲ့လှီး သဘောမျိုးဖြစ်နေမှာပေါ့…။
မြန်မာပြည်က ..ရာဇဝင်ထဲကျန်ရစ်ခဲ့တာ..။
နောက်ပိုင်းရထားထုတ်လုပ်သူတွေက… သံလမ်းအကျယ်အတွက်ပဲ ထုတ်တာများတော့တယ်..။
သံလမ်းအကျယ်က.. ရထားမောင်းတုံးတည်ငြိမ်တာ.. မခါတာ..စိတ်ချလုံခြုံတာ.. ဝန်ပိုတင်နိုင်တာ..ကစလို့.. ကောင်းတာတွေအများကြီးပဲ..။ အင်ဂျင်နီယာတွေ..သေသေချာချာ..တွက်ပြီး..ဖြည်းဖြည်းချင်းပြင်ယူလာတာ…။
ကားတွေလိုပေါ့..
ရှေးက သာမန်ကားတွေက..ကာဗရိုက်တာနဲ…။ ကလပ်ချ်နဲ့..ဂီယာနဲ့..။
နောက်ပိုင်းကားက… နိုဇယ်နဲ့.. အော်တိုဂီယာနဲ့..။
မြန်မာက.. ဒါတွေမကြိုက်ပါဘူး..။ ရှုပ်ရှုပ်ရှက်ရှက်တဲ့..။ ဒီလိုနဲ့… ရာဇဝင်ထဲပဲနေရစ်ခဲ့တယ်..။
ဆူး
June 23, 2011 at 5:19 pm
ရာဇဝင်ထဲ ကျန်ခဲ့ပုံများတော့ ဇုံထုတ် ကား ကိစ္စ ပြောရင် တော်တော် ဓါတ် ပြသနာ သိလာလိမ့်မယ်။
ဇုံ ထုတ်ပါ ဆိုမှ ဂျပန် ကား ဘယ်ဖြစ်မလဲ.. ဒီတော့ အသစ်ကို ဟိုဖောက် ဒီဖောက် ဟိုဟာ ထွင်း ဒီဟာထွင်း.. အသစ် လုပ်ရောင်း
အသစ်စက်စက်ဝယ် မကြာခင် ဟိုဟာ ချောင် ဒီဟာချောင် ဟိုဟာစောင်း ဒီဟာစောင်း ဖြစ်လာတယ်။ ၁နှစ်စီးပြီးရင် အသုံးမကျဘူး လို့ ပြောတာ ကြားတာပဲ။
ရာဇဝင် ထဲက ရာဇဝင် လူစွမ်းကောင်းကြီးများပါပဲ။
weiwei
June 23, 2011 at 4:11 pm
တရုတ်က ရထားတွဲတွေ မြန်မာပြည်ကို ပေးတယ် …. ဒါပေမယ့် သံလမ်းက ကျဉ်းနေတော့ ဒီအတိုင်းဆွဲလို့မရဘူး … ရထားဘော်ဒီတွေကို ပြန်ပြင်ရတယ် …
ဆူး
June 23, 2011 at 3:32 pm
အဲဒီက လူတိုင်းက အမြဲတမ်း နိုးကြား တက်ကြွ နေသလိုပါပဲ အားလုံးက ကိုယ့်အာရုံနဲ့ ကို သုတ်သုတ် သုတ်သုတ် နဲ့ သွားလာ နေကြတာပါ။
စောင့်စိုင်းဖို့ စည်းတားထားတဲ့ နေရာမှာ ရပ်သာ ရပ်နေ ကွက်တိကျကျက ရပ်ပြီး တံခါးပွင့်ပါတယ်။
ရထားအမြင့်နဲ့ လှမ်းတက်မဲ့ နေရာ အနေအထားက ညီပါတယ်။ အကွာ အဝေး သိပ်မရှိလို့ လူပြုတ်မကျနိုင်ပါဘူး။ ရထားလမ်းပေါ် ဆင်းပြီး သတ်သေတယ် ဆိုတာ ရထား မလာခင် ကြို ဆင်းထားမှ ရမယ် ထင်တယ်။
သက်ကြီး ရွယ်အိုတွေ ကို သွားလာနေတာပဲ သိပ်တော့ သတိမထားမိဘူး။
လူတွေ အားလုံးကတော့ စိတ်ဓါတ် သိပ်ကောင်းတယ်။ တန်းစီနေတာ မသိပဲ ကျော်မိရင်တောင် သူတို့ ဝိုင်းကြည့်တဲ့ အကြည့်ကြောင့် တန်းစီနေတာ သိသွားလိမ့်မယ်။ ဘာလုပ်လုပ် အကုန် တန်းစီရတာ.. အိမ်သာ ဆိုလည်း တန်းစီ မုန့် ဝယ်စားလည်း တန်းစီ.. တော်တော် စိတ်ရှည်ကြတယ်။ ဒီမှာတော့ တန်းစီတာထက် ကြားခိုးဖြတ်ပြီး ဈေးသည်က ပေးရင် သဘောကျတယ် အလှည့်ကိုလည်း အတိအကျ မစောင့်နိုင်ဘူး။ စောင့်ရမယ် ဆို တခြား ဈေးဆိုင်မှာ သွားဝယ် စားကြတယ်။
ဂျပန်မှာတော်တော် ထူးဆန်းတယ် ခေါက်ဆွဲ ဆိုင် တဆိုင်ကို ဝယ်စားဖို့ စောင့်နေကြတာ လူတွေ အများကြီးပဲ.. မြန်မာ ပီပီ မစောင့်နိုင်လို့ ဘေးနားက လူမရှိတဲ့ ဆိုင်မှာ ဝယ်စားလိုက်တယ်။ စိတ်ရှည်ရှည်နဲ့ တန်းစီ တဲ့ ဆိုင်အရသာတော့ မသိခဲ့ဘူး။
yuki
June 23, 2011 at 4:10 pm
ခေါက်ဆွဲဆိုင်မှာတန်းစီးပြီးစားဘူးတယ်ဆူးရေ။၄၅မိနစ်လောက်ကြာတယ်။မြန်မာပါးစပ်နဲ ့တော်တော်စားလို ့အဆင်ပြေတယ်။Disney land မှာဆိုတခါတခါစီးရဖို ့၁နာရီခွဲလောက်တန်းစီးရတယ်။နောက်နေ ့ကျရင် တန်းစီးလွန်းတဲ့ဂျပန်တွေအကြောင်းထပ်ရေးပါမးအုန်းမယ်။
ဆူး
June 23, 2011 at 5:15 pm
ရန်ကုန်မှာတော့ ဂျပန် ခေါက်ဆွဲ ဆိုင်ဖွင့်ထားတာ ရှိတယ် တရုတ်တန်းမှာ အရသာ တော်တော် စားကောင်းမယ်။ ခေါက်ဆွဲ ချက်တာ ဂျပန်ကြီး တယောက် ဦးစီးပြီး ချက်တာ အရသာ တော်တော် ရှိတယ်။ ရှယ်ယာ ကိစ္စနဲ့ ပြသနာ နည်းနည်း ရှိလို့ အဲဒီ ဆိုင်လည်း ရောင်းကောင်း ရက်သားနဲ့ ပိတ်သွားတယ် ဘယ်နားမှာ ထပ်သွားဖွင့်လဲတော့ မသိဘူး။
fatty
June 23, 2011 at 4:07 am
မြန်မာပြည်အတွက်ကတော့ မျှော်သာမျှော်သည် … မယုံကြည်
နောက်တော့လဲဖြစ်လာမှာပါလေ ကျနော်တို့တစ်သက်တော့မှီမယ်မထင်။
နွယ်ပင်
June 23, 2011 at 4:33 am
ရေးထားတာလေး ကောင်းပါတယ် အခုလိုရေးပေးတဲ့ အတွက် ဟေုသုတ တိုးတာပေါ့
မြန်မာပြည်က ရထားတွေလဲ အဲလိုဘယ်တော့ဖြစ်မလဲ စောင့်မျှော်နေပါတယ် …..
pooch
June 23, 2011 at 8:41 am
ရေးထားတာကောင်းပါတယ် ဗဟုသုတရတာပေါ့ နောက်လည်း ထပ်ရေးတင်အုန်းနော်
ကိုပေါက်(မန္တလေး)
June 23, 2011 at 3:59 pm
ဒီနေ့ကျနော် လိုင်စင်သက်တမ်းတိုးဘို့ ကုန်းလမ်းပို့ဆောင်ရေးကိုရောက်တယ်။
ကောင်တာရှေ့မှလူတွေဝိုင်းအုံနေတယ်။
တန်းစီပါဆိုရင်လဲ ခဏဘဲ။
ကိစ္စပြီးတဲ့သူကလဲ သင့်တော်တဲ့နေရာမှာရပ်မစောင့်ဘူး။
ဖယ်ခို်င်းလဲမရဘူး။
မလုပ်ရသေးတဲ့လူသစ်တွေက သူ့ကိုကျော်ပြီးအလုပ်လုပ်နေရတယ်။
ဟိုနေ့ကဘဏ်သွားငွေသွင်းတော့လဲ အတူတူဘဲ။
ကောင်တာကို မမြင်ရအောင်ရှေ့မှာဝိုင်းအုံနေတယ်။
လူလစ်ရင် ကြားဖြတ်ထိုးထဲ့တယ်။
ကိုယ်ပိုက်ဆံသွင်းပြီးသွားလဲမဖယ်ဘူး။
ပြောတော့ စကားများရတယ်။
သူများနိုင်ငံက စနစ်ကျတာ အဲဒီနိုင်ငံကလူတွေ(ပြည်သူပြည်သားတွေ)ကြောင့်။
ကျနော်တို့နိုင်ငံစနစ်မကျတာကလည်း ကျနော်တို့ခင်ဗျားတို့လို ပြည်သူပြည်သားကြောင့်။
ဲကဲဒါကြောင့်အားရနေရုံနဲ့တင်မကျေနပ်ဘဲ ကျနော်တို့လည်း အဲလိုစည်းကမ်းရှိကြည့်လိုက်ရအောင်။
မင်းပြည့်ရှိန်
June 23, 2011 at 4:11 pm
ထောက်ခံပါတယ်..
ထောက်ခံပါတယ်..
zoe
June 24, 2011 at 6:20 am
ဘဏ် တွေမှာ တိုကင် ယူစံနစ် ဘာကြောင့် မလုပ်လဲ မသိဘူး ။ ပုဂ္ဂလိက ဘဏ်တွေမှာတော့ ဒီစံနစ် သုံးသလား မသိ ဘူး ။
ဘဏ်ကိုဝင် တာနဲ့တိုကင်ဖြတ်ပိုင်းပေး တဲ့စက်မှာ တိုကင်နံပါတ် ယူရတယ် ။ ပြီးရင်ထိုင်စောင့် နေရုံပဲ ။ အချိန်ကျ ရင် ကောင်တာ က တိုကင် နံပါတ် မီးလင်း ပြီး ဘယ် တိုကင်နံပါတ် ဘယ်ကောင်တာ ကိုကြွပါ ဆိုပြီးကွန်ပြူတာ ကအသံလွှင့်ပေးတာ ပဲ ။ ဆေးရုံတွေလဲ ဒီစံနစ် သုံးကြတာ ပဲ ။ ကောင်တာမှာ လူအုံ မနေဘူး ။ ကြား ဖြတ် စရာလဲမလိုဘူး ။ စာရေး နဲ့နားလည်မှူလဲ ယူစရာ မလို ဘူး ။ မြန်လည်းမြန် တယ် ။
kai
June 24, 2011 at 8:01 am
ယူအက်စ်ရဲ့ ဘဏ်တွေ တိုကင်ယူရတာ မတွေ့မိဘူး..။
လူသိပ်မရှိလို့ထင်တယ်..။
ငွေသွင်းထုတ်..တွေအတွက်.. တန်းစီစောင့်နေကြရတာပဲ တွေ့မိတယ်..။
နည်းနည်း ငွေကြေးကိစ္စတွေတိုင်ပင်ချင်တယ်ဆိုရင်တော့.. ပရိုသမား..ဘဏ်ကာနဲ့တွေ့ဖို့.. လက်ရေးနဲ့ပဲ.. ဖောင်လေးဖြည့်ရတယ်..။ အများအားဖြင့် ..ဘဏ်ဝန်ထမ်းတယောက်က…ဝင်ဝင်လာခြင်းလူကို မေးမြန်းပြီး.. လိုက်လုပ်ပေးတယ်..။
ကိုယ့်အလှည့်ရောက်ရင်..ထသွားပြီး ဆွေးနွေးယုံပဲ..။
–
အစိုးရအလုပ်တွေကတော့ တိုကင် အရမ်းကိုသုံးတာပဲ..။
ဆိုတော့..ကြားဖြတ်တာနဲ့..လာဘ်စားတာ လုပ်ဖို့တော်တော်ခက်သွားတယ်..။
အချိန်က.. မှတ်တမ်းတက်နေတာကိုး..။ အကြံအဖန်ဆို ..တန်းပေါ်မှာ…။
zoe
June 24, 2011 at 8:37 am
ထိုင်ဝမ် ဒေါ်လာ နှစ်သောင်း အောက် တချို့ကိစ္စ ု့ ခရက်ဒစ်ကတ် ကြေး ၊ မီးခရေခ ၊တယ်လိဖုန်းခ၊ ဒဏ်ဆောင်ခ၊အမြတ်ခွန် ခဆိုရင် တပြည်လုံးရှိတဲ့ convenience စတိုးမှာဆောင်ရင်လဲ ရတယ် ။
အမြတ်ခွန်ဆောင် တာဒီနှစ်ကစပြီးပိုအဆင်ပြေ သေးတယ် ။ လခစားဆိုတို့ အလုပ်က ကိုယ့်တနှစ်ဝင် ငွေကို အခွန်ရုံး ပို့ထားပြီးသား အဲ့ဒီကမှ ဖြတ်စရာရှိတာတွေ စာရင်းနဲ့ဆောင်ရမဲ့ ရှင်းတမ်း အိမ်လိပ် စာနဲ့ ပို့ပြီး ဟုတ်တယ်ဆိုရင် လက်မှတ်ထိုး ပြီး စာပြန်ပို့အချိန်တန် ရင် bank account မှာနှုတ်လိုက်တာ ပဲ ။
ဆူး
June 24, 2011 at 2:41 pm
ဒီမှာ သတိထားမိတဲ့ တုံကင် စနစ်ကတော့ ပုဂံနက် မှာ ပိုက်ဆံ သွားဆောင်ရင်တော့ တုံကင် နဲ့ လုပ်တာ တွေ့မိတယ်။ အဆင်ပြေတယ်။ တချို့ တလေကတော့ စနစ်သစ်ကို အသားမကျပေမဲ့ တုံကင် အယူ နောက်ကျရင် နောက်ကျမယ် ဆိုတာ သိတော့ ချက်ချင်း ယူလိုက်တာပါပဲ။
intro
June 24, 2011 at 2:41 am
ဟုတ်တယ်ဗျ.. စည်းကမ်းရှိဖို့ သိတ်လိုအပ်တယ်…. အရင်ဆုံး ကိုယ့်ကိုယ်ကို စည်းကမ်းရှိအောင်လုပ်၊ တဖြည်းဖြည်းနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းကိုလဲ စည်းကမ်းရှိအောင် စည်းရုံးသိမ်းသွင်း လုပ်နိုင်ဖို့ လိုအပ်တယ်… စည်းကမ်းမဲ့ခြင်းဟာ ရှက်စရာကောင်းတယ်ဆိုကို ကျယ်ကျယ်ပြန့်ပြန့် သိအောင် လုပ်ဖို့ လိုနေပြီ….
MaMa
June 24, 2011 at 8:33 am
အများမိုးခါးရေသောက်နေတဲ့အချိန်မှာ ကိုယ်လည်း လိုက်သောက်ရတာပဲ။ တချို့နေရာတွေမှာ တန်းစီခိုင်းနေရင်း ကြားထဲကပဲ ကြားဖြတ်တိုးနေကြတော့ ကိုယ်လည်းပဲ အများနည်းတူ တိုးရတော့တာပါပဲ။
Big Defender
June 24, 2011 at 11:44 am
ရထားမစီးဖူးတော့သိပ်မသိဘူး
ဒါပေမယ့်ရထားစီးရတာပျော်ဖို့ကောင်းတယ်။(အလုပ်အတွက်မဟုတ်ရင်)
antimoe
June 24, 2011 at 1:13 pm
ရတနာပုံteleportမှာ တုံကင်ယူတဲ့စနစ်သုံးနေပါတယ်။
စူပါမားကက်တွေမှာလည်းတန်းစီစနစ်သုံးနေကြပါပြီ။
ပုဂ္ဂလိကဘဏ်တွေမှာတော့ အစီအစဉ်အတိုင်း အမည်ခေါ်ဆောင်ရွက်ပေးနေပြီ။
စည်းကမ်းအစ…စာသင်ကျောင်းက…လို့ဆိုရပါမယ်။
ကျောင်းမှာ စနစ်တကျ သင်ပေး၊ လေ့ကျင့်ပေးရမှာ။
တန်းစီမယ်။
အမှိုက်မချရ။
ခေါ်မှလာ။
ဖြေမယ့်သူလက်ထောင်။
လက်ထောင်သူတွေထဲက ဆရာရဲ့ ခွင့်ပြုချက်ရမှ ဖြေရန်။
သူများပြောစဉ် လုမပြောရ။
သူများပြောတာကို ကိုယ်ပိုင်မှတ်ချက်ပေးတတ်အောင်လုပ်။
ကူးမချနဲ့။
စသဖြင့်ပေါ့။
ဆူး
June 24, 2011 at 2:43 pm
ကျောင်းစည်းကမ်းက အရင်က သိပ်ကောင်းတယ်။ နောက်တော့ သတိထားမိလာတာက.. အတန်းကြီးလေ စည်းကမ်း လွတ်လေပါပဲ။ အခု ကလေးတွေ လည်း ဘယ်လို နေမလဲ မသိဘူး။