ထိုင်းနိုင်ငံအတွင်းရှိ window 7 တင်ချင်သူများ သတိထား…
(ထိုင်းနိုင်ငံအတွင်းရှိ မြန်မာများအတွက်သာ)
ဒါကတော့ သတင်းကြားကြားချင်း အသိပေးလိုက်တာပါ .
အခု ဒီနေ့ကစပြီး နောက်ထပ် တစ်လ နှစ်လအတွင်း ထိုင်းနိုင်ငံနေရာအနှံကို microsoft company မှ ဝန်ထမ်းများနှင့် ထိုင်းရဲတပ်ဖွဲ့များ တိတ်တဆိတ် လိုက်လံစစ်ဆေး နေပါတယ် .
window 7 ကို လိုင်စင်မဲ့ တင်မည့်သူများ သတိတော့ထားပါ .
တစ်ချို့ အင်တာနက် ဆိုင်တွေမှာ လုပ်နေကြတဲ့ မြန်မာများ လက်တည့်စမ်းချင်သော အားဖြင့် သွားပြီးတော့ မိမိလုပ်တဲ့ ဆိုင်တွေရဲ့ pc တွေမှာ ဒီ window 7 ကို သွားပြီး မတင်လိုက်ကြပါနဲ့ .
တစ်ခါတည်း ဂိပီး တရားရုံးကိုပါ ရောက်သွားနိုင်ပါသည် .
အစကတည်းက တဆိတ်ရှိ တစ်ခုခုဖြစ် မြန်မာတွေကိုပဲ ထိုးထိုးထည့်ပေး လိုက်တဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အကျင့်တွေကိုလဲ လုံးဝမမေ့ပါနဲ့ .
လတ်တလော ကွန်ပျူတာဆိုင်တွေ ပိတ်ထားပြီး ၂ ဆိုင်လောက်တော့ ပါသွားတယ်လို့ သတင်းကြားပါတယ် .
window 7 ကြီးတင်ပြီးတော့များ wireless free ရတဲ့ big C တို့လို Lotus တို့လို ကုန်တိုက်ကြီးတွေမှာ ကွန်ပျူတာလေးမပြီး သွားကစားလို့ ..
နောက်ကနေ ရောက်နေတာ မသိလိုက်ပဲ ဆန့်ငင်ဆန့်ငင်နဲ့ ပါသွားဦးမယ် . သတိလဲထားပေါ့ . သုံးတာလဲသုံးပေါ့ .
From: Nyi Nay Min
8 comments
မောင်တင့်တယ်
May 4, 2010 at 9:42 am
ubuntu ဘဲသုံးတော့မယ်
susunosuki
May 4, 2010 at 11:30 am
အခုလိုစည်းစည်းလုံးလုံးရှိတော့ ဒုက္ခရောက်မှာကိုကြိုတားနိုင်တာပေါ့
laypyay
May 4, 2010 at 2:51 pm
ဟုတ်တယ် ဗျာ တဆိတ် ရှိ မြန်မာတွေပဲ ထိုးထိုးချနေကြတာ ထိုင်းတွေက .. microsoft က လုပ်တာ လည်းမှန်ပါတယ ်.. သူလဲလုပ်ထားရတာလေ ..။
kopauk mandalay
May 5, 2010 at 2:22 am
မြန်မာ ကို သူများတွေကချောက်ချချင်နေတာဆို တော. ပြည်ပမှာရှိနေတဲ.မြန်မာတွေအချင်းချင်းစည်းလုံးဘို.လိုပါတယ်။
ghost
June 7, 2010 at 7:26 am
big c ကမဖွင့်သေးတော့ thai မှာ wifi အလကားရမဲ့နေရာရှိသေးလာ?
sithuphyo
June 11, 2010 at 11:25 am
ဒီလိုဆိုရင်တော့လိုင်စင်ဝယ်သုံးရမလိုဖြစ်နေပြီပေါ့။ဒီလိုဗျာကျနော်တို့အကြံအဖန်နဲ့ genuine ဖြစ်အောင်လုပ်ပြီးတော့သုံးရင်ဘယ်လိုနေမလဲမသိဘူးနော်။ ဖြစ်မလားတော့မသိဘူး။ဝိုင်းဝန်းဆွေးနွေးပေးကြပါ။ ကျနော့်အသိရှိလို့ပါ။ကျနော်ပြောတဲံအတိုင်းလုပ်ရင်အဆင်ပြေနိုင်ပါသလား။
etone
August 13, 2010 at 4:40 am
အကျင့်ကိုက မကောင်းတဲ့ထိုင်း ။ ခဏခဏ ဆန္ဒပြပွဲတွေဖြစ်ပါစေကွာ ။
Yin Nyine Nway
August 13, 2010 at 6:07 am
ဟုတ်ပါ့
မြန်မာကိုဆို နိုင် ဖို့ပဲချောင်းနေကြတယ်